CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Thursday, June 18, 2015

Foundations & Footings


Foundations & Footings
တွေ့မိသ လောက် က လေးတွေက
Footing နဲ့ Foundation ဆိုတာကို
အတူတူထင် နေကြပါတယ် . . ဒါက
Site ထဲမှာ Footing လောင်းတဲ့အခါ
Foundation ချမှာလို့ပြောတတ်တဲ့
အ လေ့အထတစ်ခုကြောင့် ထင် ပါတယ်
တကယ် Technically အရ ဆိုရင်
Footing နဲ့ Foundation က မတူပါဘူး
အ ပေါ်ယံ အလွယ်ပြော ရ ရင် တော့
Ground Level အောက် ပိုင်းမှာပါတဲ့
Member အားလုံး Foundation ပါ
(e.g., Basement, Retaining Wall)
Foundation
The lowest division of a building
or other construction, partly or
wholly below the surface of the ground,
‪#‎designed‬ to support and anchor
the superstructure and transmit
its loads directly to the earth.
Footing ဆိုတာက foundation ဆိုတဲ့
ခေါင်းစဉ်ရဲ့အစိတ်အပိုင်းလေးတစ်ခုပါ
အရင် ခေတ်က စာအုပ်တွေမှာဆိုရင်
Simple Column Baseလို့ခေါ်တယ်
သူက Column ရဲ့အောက်မှာ ရှိပြီး
Column ကထမ်းလာသမျှ Building
Loads တွေကို Resist လုပ်ပေးတယ်
Column bases for transferring
the load from the columns to the
soil are usually square in plan.
အဲ့ဒါကြောင့် Ground Level အောက်
အစိတ်အပိုင်းတွေသည် Foundation
အဲ့ထဲမှာပါတဲ့ Footing ဆိုတာတို့
Pile ဆိုတာတို့သည် Foundation ရဲ့
အစိတ်အပိုင်းလေး တွေဖြစ်ပါသည်
Footing
The part of a foundation bearing
directly upon the supporting soil,
set below the frostline and enlarged
to distribute its load over a greater area.
ပြောလက်စနဲ့ ဆက်ပြောရင်
Footing နှစ်မျိုးရှိပါတယ်
(1)Natural Footings
(2)Artificial Footings
Natural Footings ဆိုတာက Soil.
လူတွေလုပ် ယူထားတာ မဟုတ်ဘူး
သူ့ဟာသူ သဘာဝအတိုင်းရှိနေတာ
သူကလဲ Building Loads တွေကို
ဘယ်သူ့မှမခိုင်းပဲ ထမ်းပေးတယ်လေ
Soil က အမျိုးမျိုးတော့ဖြစ်နိုင် တယ်
Sandy Soil/ Cohesive Soil/ Rock
စသဖြင့် (ဒါက Geotechnical ပိုင်း)
အမျိုးအစားပေါ်မူတည်ပြီး 0.5 tsf to
10 tsf Bearing capacity ရှိနိုင် တယ်
Artificial Footings ဆိုတာက
Man-made လူတွေဖန်တီးယူထားတာ
Footing/Pile caps စသဖြင့် ပေါ့
(square ဖြစ်ဖြစ် . . ဘာဖြစ်ဖြစ်)
အဲ့လိုပဲ Foundation လဲ နှစ်မျိုးရှိတယ်
(1) Shallow Foundation
(2) Deep Foundation
တိမ် ရင် Shallow နက် ရင် Deep
Limitation က ၂ မျိုးဖတ်ဖူးတယ်
BE တန်းတုန်း Foundation မှာ 1 နဲ့
ခွဲခြားတယ် . . အောက်မှာပြထားသလို
D/B < 1 (Shallow Foundation)
Screenshot ရိုက်ပေးထားတဲ့ပုံမှာ
2 နဲ့ခွဲတယ် . .
D/B < 2 (Shallow Foundation)
စာတင် တိုင်း ခဏ ခဏ ပြောပါတယ်
Structural Engineering much
much more than simply crushing numbers!
ဂဏန်းတွေကို ပုံသေ မမှတ်ပါနဲ့ . .
ကျနော်က Shallow နဲ့ Deep ကို
ကြားချပြီး 1.5 နဲ့ခွဲတယ် . . Ok!!
Foundation နဲ့ Footing အ ကြောင်း
ကွဲကွဲပြားပြားလေးသိပြီးမှ Design စပြီး
Calculation လေ့လာလို့ပိုအဆင် ပြေ
ပိုပြီးအဓိပ္ပါယ် ရှိလာမှာပါ . . ဟုတ်ကဲ့
ကြက်ဥနဲ့ကြက်မ မူလအစကိုသိသော
မျိုးဆက်သစ် အင် ဂျင် နီယာများဖြစ်ပါစေ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu
BE-Civil(TU-Taunggyi)
YE-AAE(MES-Tainggyi)
12:40 AM(28.5.2015)Wednesday
Shallow Foundation
A foundation system placed directly
below the lowest part of a sub-structure and transferring building loads directly to the
supporting soil by vertical pressure.
D/B < 1.5 (Shallow Foundation)
Deep Foundation
A foundation system that extends down through unstable soil to transfer buildings load to a more appropriate bearing stratum well below the superstructure.
D/B > 1.5 (Deep Foundation)



Concrete testing လုပ်ရာတွင် အသုံးပြုသော equipment လေးများ။






Concrete testing လုပ်ရာတွင် အသုံးပြုသော equipment လေးများ။
I . Rebound hammer test
သူကိုအဓိက အနေနဲ့ concrete ရဲ့ quality, strength နှင့် hardening ကို စမ်းရာတွင် အသုံးပြုပါတယ်။
ချွန်နေတဲ့ အပိုင်းလေးနှင့် ထောက်၍ စမ်းရပါတယ်။
ရလာတဲ့ Result တွေကိုဖတ်တဲ့အခါ အောက်က အချက်တွေကိုကြည့်၍ conc quality, strength နဲ့ hardening ကောင်းမကောင်း ဆုံးဖြတ်နိုင်ပါတယ်။
1.more than 40 ----- very good hard layer
2. 30 to 40 ----- good layer
3. 20 to 30 ---- fair
4. under 20 ---- poor concrete
5. 0 ----- delaminated
II. Ultrasonic pulse velocity test
သူ့ကို အသုံးပြုရာတွင် conc paste များ uniformity, homogenity ဖြစ်ရဲ့လား။ အတွင်းပိုင်းမှာ voids တွေ cracks တွေ honeycombs တွေရှိနေလား။ quality ကောင်းရဲ့လား။ conc ရဲ့ properties တွေနဲ့ရော ကိုက်ညီရဲ့လား စစ်တဲ့အခါသုံးကြပါတယ်။
သူ့မှာ ပါတာကတော့ အလယ်က အကြီးက meter, ဘေးတဖက်ဆီမှာ နားကြပ်လိုတပ်ထားတာက receiver နဲ့ transmitter ပေါ့နော်။
Testing လုပ်ပြီး ရလာတဲ့ results တွေကို ကြည့်၍ ခွဲခြားနိုင်ပါတယ်။
1. above 4.5----- excellent
2. 3.5 to 4.5------ good
3. 3 to 3.5 ------ medium
4. below 3 ------ doubtful
ဖတ်မိတာလေးတွေထဲက နားလည်မိသလောက်လေးပါ။ တတ်သိနားလည်သူများ ၊ ကိုယ်တိုင် အသုံးပြုနေသူများ ကျနော့်ထဲ အမှားတွေပါရင် ပြင်ကြပါဦး။ ဖြည့်ကြပါဦးနော်။

****Concrete Mix Design Calculation ( Intermediate Level)

****Concrete Mix Design Calculation ( Intermediate Level)
ဒီတစ်ခါတော့ ကွန်ကရိ နဲ့ ပတ်သတ်တဲ့ Mix Design တွက်ချက်နည်းပါ။ ကျနော်တို့ဟာ အရပ်ထဲမှာဆို သဲ ကျောက် ဘိလပ်မြေ ရေကို ရောပြီး လမ်းတွေနဲ့ အခြား တိုက်တာ အဆောက်အဦးတွေမှာ အသုံးပြုကြပါတယ်။ ထိုသို့ အသုံးပြုရာမှာ လိုအပ်တဲ့ ခံနိုင်ရည်အားတွေပေါ်မူတည်ပြီး အချိုးတွေဟာလည်း ကွာခြားပါတယ်။ (ဥပမာ ၁:၂:၄ တို့ အစရှိသည် အချိုးများစွာ အသုံးပြုကြပါတယ်။) သို့သော် ကျနော်တို့ ကွန်ကရိကို Specialize ထုတ်တဲ့ အခါမှာ ထိုသို့ အသုံးပြုလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ ခံနိုင်ရည်အားများအလိုက် water cement ratio တို့ S/A ratio တို့ သဲ ကျောက် grading တို့ အစရှိသည့် အခြေခံ အချက်များပေါ်တွင် အခြေခံပြီး သဲ ကျောက် ဘိလပ်မြေ ရေ Admixture (ထပ်ပေါင်းထည့်သည့် အရာများ) ထည့်ရမည့် ပမာဏ အလေးချိန်များအား တွက်ချက်ခြင်းကို Concrete Mix Design Calculation လို့ ခေါ်ပါတယ်။ ထိုသို့ တွက်ချက်ရာမှာ သက်ဆိုင်ရာ နိုင်ငံကြီးများမှ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရပါတယ်။ (ဥပမာ နိုင်ငံများအနေဖြင့် အမေရိကန် ဗြိတိလျှ အစရှိသည်။) ကျနော် အခု ရှင်းပြမှာကတော့ အမေရိကန် နိုင်ငံရဲ့ ACI လို့ခေါ်တဲ့ (American Concrete Institute) ACI 211.1-91 အတိုင်း လိုက်နာဆောင်ရွက်ပြီး ကျနော့် ဆရာ များ သင်ကြားပြသသည့်ဗဟုသုတ များအပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည် ဖြစ်ပါသည်။
Mix Design Calculation
Example for American Method
Concrete Mix Design တွက်ချက်ရာတွင် Volume ပေါ်တွင် အခြေခံပြီးတွက်ချက်သည့် နည်းနှင့် Weight ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်း ဟူ၍ နှစ်နည်း ရှိပါသည်။ အမေရိကန် Method သည် Volume ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်းဖြစ်သည်။ ဥပမာ အနေဖြင့် Weight ပေါ်တွင် အခြေခံပြီး တွက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အလေးချိန် အကြမ်းဖျင်းအားဖြင့် ၂၄၀၀ ကီလိုဂရမ် ရှိသည်ဆိုသည့် အချက်တွင် အခြေခံ တွက်ချက်ခြင်း ဖြစ်ပြီး Volume ဖြင့် တွက်ချက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အခြေခံအားဖြင့် ၁၀၀၀ လီတာ ရှိသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။ ကျနော်က အမေရိကန် နည်းဖြင့် တွက်ချက်သည် ဆိုသောကြောင့် Volume Method ပေါ်တွင် အခြေခံတွက်ချက်ပါမည်။ အရာဝတ္ထုတွေဟာ သူ့ရဲ့ အလေးချိန်ကို သူ့ရဲ့ သိပ်သည်းဆနှင့် စားသောအခါ သူ့ရဲ့ ထုထည်(Volume) ရရှိသည်အား သိရှိခဲ့ပြီးဖြစ်တဲ့ အချက်ပေါ်တွင် အခြေခံပါမည်။ ဥပမာ အားဖြင့် အရာဝတ္ထုဟုဆိုရာတွင် ရေအား စံထားကြည့်ပါက ရေ အလေးချိန် ၁ ကီလိုဂရမ်အား သူ့ရဲ့ သိပ်သည်းဆ ၁.၀ ဖြင့် စားပါက သူ့ရဲ့ ထုထည်အားဖြင့် ၁ လီတာ ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေ တစ် ကီလိုဂရမ်ဟု ပြောပါက ထုထည်သည် ၁ လီတာ ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူ့ သိပ်သည်းဆသည် ၁.၀ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဘဲ သဲ ကျောက် ဘိလပ်မြေ အစရှိသည်တို့၏ အလေးချိန်အား သူ၏ သိပ်သည်းဆနှင့် စားပါက သူ့ရဲ့ Volume (ထုသည်) ရရှိမည်ဖြစ်သည်။ထိုအချက်ပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည်။
Concrete Mix Design တွက်ချက်ဖို့ အောက်ပါ အချက်များအား ကြိုတင်စုဆောင်း ရှာဖွေရပါမည်။
Specified Strength = 35 N/mm2 (မိမိလိုချင်သည့် ခံနိုင်ရည်အား)
Required Slump = 50 mm (မိမိလိုချင်သည့် ကွန်ကရိ အပျော့အမာ)
ဓါတ်ခွဲစမ်းသပ်ခန်းမှ ရရှိစုဆောင်းရမည့် ကုန်ကြမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
Size of Coarse Agg: = 20 mm (အသုံးပြုမည့် ကျောက်ဆိုဒ်)
Bulk Density of CA = 1600 kg/m3 ( ကျောက်၏ Bulk Density )
SG of CA = 2.64 (ကျောက်၏ သိပ်သည်းဆ)
SG of FA = 2.58 (သဲ၏ သိပ်သည်းဆ)
SG of Cement = 3.15 (ဘိလပ်မြေ၏ သိပ်သည်းဆ)
FM of FA = 2.6 (အသုံးပြုမည့် သဲ အရွယ်အစား တန်ဖိုးတစ်ခု)
ထိုအချက်တွင် ထည့်သွင်းထားသော ဂဏန်းများသည် နမူနာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။ Mix Design တစ်ခု တွက်ချက်ရာတွင် သတ်မှတ်ထားသည့် ခံနိုင်ရည်အားတွင် အခြေခံတွက်ချက်သည် မဟုတ်ဘဲ ထို့ထက်ပိုပြီး ရရှိနိုင်မည့် (Target Means Strength) ပေါ်တွင် အခြေခံတွက်ချက်ရပါသည်။ ACI318-02 TABLE 5.3.2.1—REQUIRED AVERAGE COMPRESSIVE STRENGTH WHEN DATA ARE AVAILABLE TO ESTABLISH A STANDARD DEVIATION ဆိုတဲ့ ဇယားမှာ ဖေါ်ပြထားသည့် အတိုင်း Target Means Strength အားတွက်ချက်ရမည် ဖြစ်ပါသည်။ အောက်တွင်ကြည့်ပါ။
Target Means Strength= Specified Strength + 2.33 s - 3.5Mpa(≤35 Mpa)
Target Means Strength= Specified Strength x 0.9 + 2.33 s (> 35 Mpa)
s = Standard Deviation (အောက်ပါတွက်ချက်မှု့တွင် s တန်ဖိုးအား 5 ဟု သတ်မှတ်ပါမည်။)
အထက်ပါ အချက်များ ရရှိပါက Mix Design တစ်ခု စတင် တွက်ချက်တော့မည် ဖြစ်ပါသည်။
Target Means Strength= Specified Strength +2.33 s - 3.5Mpa (≤35 Mpa)
(သတ်မှတ်ထားသည့် Specified Strength သည် 35 Mpa ဖြစ်သောကြောင့် နံပါတ်တစ် ဖေါ်မြူလာအား အသုံးပြုခြင်း ဖြစ်သည်။)
Target Means Strength =35 + 2.33 x 5 -3.5
= 43.15 Mpa (45 Mpa)
ထို Target Means Strength 45 Mpa ရရှိရန်အတွက် အရင် Record များမှ 45 Mpa ရရှိစေရန် W/C ဘယ်လောက်တွင် 45 Mpa ရရှိသနည်းဟု ပြန်ကြည့်ရမည် ဖြစ်ပါသည်။ ( ထိုသို့ ရရှိရန် မဖြစ်ပါက ဘိလပ်မြေ ပမာဏ အမျိုးမျိုးတို့ဖြင့် Trial Mix များ ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို Trial Mix Results များပေါ်တွင် အခြေခံပြီး W/C နှင့် Strength Relation များ ဦးစွာ ရှာထားရမည်။ အောက်ပါ တွက်ချက်မှု့တွင် W/C အား 0.48 ဟု ထည့်သွင်း တွက်ချက်ပါမည်။ )
To get 45 Mpa (W/C) = 0.48 (From past Record)
ထိုနောက် ရေထည့်ရမည့် ပမာဏအတွက် ACI 211-1 99 Table 6.3.6 တွင် ဖေါ်ပြထားသည့်အတိုင်း လေအားထည့်သွင်းအသုံးမပြုသည့် ပုံမှန်ကွန်ကရိဆိုသော အပိုဒ်တွင် အသုံးပြုမည့် Slump တန်ဖိုးနှင့် ကျောက် G Maximum Size ဆုံမှတ်တွင် ရေ ပမာဏ ရရှိမည် ဖြစ်သည်။ အောက်ပါ တွက်ချက်မှု့တွင် အသုံးပြုမည့် Slump တန်ဖိုးသည် 50mm နှင့် ကျောက် G Max 19.0 ဖြစ်သောကြောင့် ACI 211-1 99 Table 6.3.3 အရ လေထည့်သွင်း အသုံးမပြုသည့် ပုံမှန်ကွန်ကရိတွင် ထည့်ရမည့် ရေပမာဏသည် အောက်ပါအတိုင်းဖြစ်သည်။
***From ACI 211-1 99 Table 6.3.6 (Water Content) = 190kg/m3
ရေကို ဘိလပ်မြေနှင့် စားသောအခါ W/C အချိုးရသည်။ ထို့အတွက် ယခုအခါ ဘိလပ်မြေပမာဏအား လိုချင်ပါက သင်္ချာနည်းအရ ရေကို W/C ဖြင့် စားရမည်ဖြစ်သည်။
***Cement Content = 190/0.48 =395 kg/m3
ကျောက်ထည့်ရမည့် ပမာဏအားသိရှိရန်အတွက် ACI 211-1 99 အပိုဒ် 6.3.6 တွင် ပြောထားသည့် အတိုင်း ကျောက်၏ Bulk Density အား သူ၏ Bulk Volume နှင့် မြှောက်ပါက အသုံးပြုရမည့်ကျောက်ပမာဏအား ရရှိမည် ဖြစ်သည်။ Bulk Density အား မိမိ ဓါတ်ခွဲခန်းတွင် စမ်းသပ် ရှာဖွေရမည် ဖြစ်ပြီး Bulk Volume အား ရရှိစေရန်အတွက် ACI 211-1 99 Table 6.3.6 တွင် သဲ၏ FM နှင့် ကျောက်ဆိုဒ် ဆုံမှတ်တွင် အသုံးပြုရမည့် Bulk Volume အား ရရှိမည် ဖြစ်သည်။ (အောက်ပါ တွက်ချက်မှု့တွင် သဲ FM 2.6 ကျောက် Size 19.0 ဖြစ်သောကြောင့် Bulk Volume သည် 0.64 ဖြစ်သည်။)
***Coarse Aggregate Content = 0.64x 1600= 1020kg/m3
နောက်ဆုံး သဲ ပမာဏ အားတွက်ချက်ရုံသာ ကျန်တော့သည်။ သဲ တွက်ရန်အတွက် ကျနော် အပေါ်က ပြောသလို အမေရိကန်နည်းသည် Volume ပေါ်တွင် အခြေခံတွက်သောကြောင့် 1000 Litter (@1m3) မှ ဘိလပ်မြေ ရေ ကျောက် လေ ၏ Volume အား နှုတ်ပါက သဲ Volume ရရှိမည် ဖြစ်သည်။ ထို သဲ Volume အား သူ၏ SG ဖြင့် ပြန်မြှောက်ပါက သဲထည့်ရမည့် အလေးချိန်ကို ရရှိမည် ဖြစ်သည်။
***Fine Content = 1000-(Cement/SG+Water/SG+Coarse/SG+Air )
= 1000-(395/3.15+190/1+1020/2.64+20)
= 279X2.58=720kg/m3
Air Content = 2%
မှတ်ချက်။ ။ ကွန်ကရိ Volume တွင် ပုံမှန်အားဖြင့် လေ ၂ ရာခိုင်နှုန်း ပါဝင်သည်ဟု ညွှန်းဆိုထားပါသည်။ ထိုညွှန်းဆိုချက်အား မိမိ ကွန်ကရိ ဖျော်စပ်စဉ် အမှန်တကယ် ရရှိသော Results ပေါ်တွင် အခြေခံပြီးလည်း တွက်ချက်နိုင်ပါသည်။
ထို့နောက် ဖျော်စပ် အသုံးပြုရမည့် ကုန်ကြမ်းများ၏ အလေးချိန်အသီးသီးကို ရရှိမည် ဖြစ်သည်။
Mix Design Formal
Water Cement FA CA
190 395 720 1020
Adjustment of Mix Proportion အား ဆက်လက် ဖော်ပြပါမည်။
Ref : 1. ACI 211.1-91 Standard Practice for Selecting Proportions for Normal Heavyweight, and Mass Concrete
2. ACI 318-02 BUILDING CODE REQUIREMENTS FOR STRUCTURAL CONCRETE
3. ADVANCE CONCRETE TECHNOLOGY TRAINING SYLLABUS
ရကောက်
10 June 2015

Monday, June 15, 2015

Lateral Torsional Buckling

ဒီတစ်ခါ Lateral Torsional Buckling အကြောင်း ဂျူနီယာ အင်ယာ ညီ ညီမလေးတွေ နားလည်သဘောပေါက်စေဖို့ နဲနဲပြောပြချင်ပါတယ်။

Figure 1. Lateral Torsional Buckling of Steel Beam



ဒီတော့ Lateral Torsional Buckling အကြောင်းမပြောခင် Lateral Torsional Buckling ဆိုတဲ့ စကားလုံးမှာ ပါဝင်တဲ့ Torsion ဆိုတာဘာလဲနဲ့ Buckling ဆိုတာဘာလဲ ဆိုတာကို အရင်ပြောပြပါမယ်။

Torsion
Torsion ဆိုတာက Torque ဆိုတဲ့ လိမ်အားကြောင့် လည်သွားတာ (Twist ဖြစ်သွားတာ) ကိုပြောတာဖြစ်ပါတယ်။ (Torsion is the twisting of an object due to an applied torque)

Figure 2. Torsion


ဒီမှာမေးစရာရှိလာတာက Moment နဲ့ Torsion နဲ့ ဘာကွာသလဲဆိုတာပါ။ Moment လဲလည်တာပဲ၊ Torsion လဲလည်တာပါပဲ။ Unit ကလဲ Moment နဲ့ Torsion အတွက်ကအတူတူပဲ။ (Force x Distance, eg. N m)။ ဒီတော့ ဘာကွာပါလဲ?
Torsion ကို ဖြစ်စေတဲ့ Torque ဆိုတာလဲ တကယ်တော့ Moment ပါပဲ။ (Moment ဆိုတာ အားတစ်ခုနဲ့ အကွာအဝေး တစ်ခု မြှောက်တာဖြစ်ပါတယ်)။ အောက်ကပုံကိုကြည့်ပါ။ Beam တစ်ချောင်းကို X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ Moment ပေးတဲ့အခါ Z ၀င်ရိုးတစ်လျောက် Bending Moment ပေါ်စေပြီးတော့ Z ၀င်ရိုးကနေ Moment ပေးတဲ့အခါ Z ၀င်ရိုးတစ်လျောက် Torsion ပေါ်စေတာတွေ့ရမှာပါ။

(Bending Moment မှာ Action Moment နဲ့ Reaction Moment က Plane တစ်ခုထဲမှာ ရှိပြီးတော့ Torsion မှာတော့ Action Moment နဲ့ Reaction Moment တို့ဟာ မတူညီတဲ့ Plane တွေမှာ ရှိတာကို တွေ့ရမှာပါ။)

Figure 3. Moment vs Torsion


Buckling
နောက်တစ်ခုက Buckling ပါ။ Bucklingဆိုတာက Compression ကြောင့် Compressive member ဟာရုတ်တရက် ဘေးကို ကန်ထွက် ကွေးညွှတ်သွားပြီး Failure ဖြစ်သွားခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

Steel ဟာ Material အနေနဲ့ Compression ကိုအတော်လေးခံနိုင်ပေမယ့် Structural Member တွေအနေနဲ့ကတော့ သေးသွယ်ပါးလွှာမှုကြောင့် Tension နဲ့ယှဉ်လိုက်လျင် Compression ကိုခံနိုင်ရည် အတော်ကိုနည်းပါးလှပါတယ်။ ဥပမာ wire တစ်ချောင်းဟာ Tension အားဖြင့် အလေးဝန်တစ်ခုကို အပေါ်ကနေ ချိတ်ဆွဲခံနိုင်ပေမယ့် compression အားဖြင့် အောကကနေ ထောက်မထားခြင်းကိုတော့ ခံနိုင်မှာမဟုတ်ပါဘူး။ အလေးဝန်တင်လိုက်တာနဲ့ Wire ဟာကွေးညွတ်သွားပြီး ပြိုလဲကျသွားမှာ ဖြစ်ပါတယ်။ အဲဒီလို Straight Line ကနေအပြင်ဘက်ကို ကန်ထွက် ကွေးညွှတ်သွားတာကို Buckling လို့ခေါ်ခြင်းပဲ ဖြစ်ပါတယ်။

Figure 4. Buckling Example of Wire

အောက်ကပုံတွေက Column Buckling ဖြစ်တဲ့ ပုံအချို့ပဲ ဖြစ်ပါတယ်။

Figure 5. Buckling of Steel Columns

Steel beam တစ်ခုမှာ failure ဖြစ်နိုင်ခြေ နည်းလမ်း ၂ ခု ရှိပါတယ်။ အဲဒါတွေက yielding failure ရယ် buckling failure ရယ် ဖြစ်ပါတယ်။ yielding failure က compression side ရော tension side ရော yielding ဖြစ်လာပြီး ဖြစ်တဲ့ Failure ပါ။ buckling ကတော့ compression force ကြောင့် compression side မှာဖြစ်တဲ့ failure ဖြစ်ပါတယ်။

Buckling failure မှာ Local buckling failure နဲ့ Lateral Torsional buckling ဆိုပြီးတော့ ထပ်ပြီးရှိပါသေးတယ်။ Local buckling က steel member တွေရဲ့ thickness မလုံလောက်တဲ့အခါ ဖြစ်တဲ့ failure မျိုးဖြစ်ပါတယ်။ (rolled steel U Beam တွေနဲ့ W Section တွေက အများအားဖြင့် Local Buckling Failure မဖြစ်အောင် ထုတ်လုပ်ထားကြပါတယ်။

Custom made section တွေနဲ့ Built up section တွေမှာဆိုရင်တော့ Local Buckling ကို စစ်ရမှာဖြစ်ပါတယ်။
အောက်က ပုံတွေက Local Buckling ဖြစ်တဲ့ ဥပမာ တစ်ချို့ ဖြစ်ပါတယ်။

Figure 6. Local Buckling


Lateral Torsional Buckling ဆိုတာ ဘာလဲ?
Lateral Torsional Buckling ဆိုတာကတော့ Beam တစ်ချောင်းရဲ့ Flange ဟာ Compression Force ကိုခံရတဲ့အခါ အဲဒီ Compression ကြောင့် ဘေးဘက်ကိုကန်ထွက်သွားတဲ့ (Buckling ဖြစ်သွားတဲ့) အခြေအနေကိုခေါ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ဘေးကို ကန်ထွက်သွားချိန်မှာ Tension Flange က ပြန်ဆွဲထားတဲ့အတွက် Section အနေနဲ့ Rotation ဖြစ်ပေါ်လာပါတယ်။

 
Figure. 7 Lateral Torsional Buckling Failure of Steel Beam


အောက်ကပုံမှာ Simply Supported I beam တစ်ချောင်းမှာLoad ကျတဲ့အခါ Neutral Axis ရဲ့ အပေါ်ဘက်ခြမ်းက Compressive ခံရပြီးတော့ အောက်ဘက်ခြမ်းက Tension ကိုခံရပါတယ်။ အဲဒီ Compressive Force ခံရတဲ့ Top Flange ကိုဘေးဘက်ကနေမချုပ်ထားခဲ့ရင် Compressive Force ကြောင့် ဘေးဘက်ကိုကန်ထွက်သွားနိုင်ပါတယ်။ သို့သော်လည်းပဲ Tension Flange ကနေ ပြန်ချုပ်ထားတဲ့အတွက် ကန်ထွက်ချင်တိုင်းကန်ထွက်ခွင့်မရပဲ Section မှာ Rotation ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Lateral Torsional Buckling လို့ခေါ်ရခြင်းဖြစ်ပါတယ်။

Figure 8. Lateral Torsional Buckling


ဒီတော့ Lateral Torsional Buckling မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

Steel Beam တစ်ချောင်းကို Lateral Torsional Buckling မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့ Compressive Flange ကိုဘေးဘက်ကနေ Laterally Support လုပ်ပေးဖို့လိုပါတယ်။

ANSI/AISC 360-10 Design Requirement အရဆိုရင် Lateral Torsional Buckling လုံးဝမပေါ်စေချင်ရင် (Lb) ဆိုတဲ့ Lateral Support တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးဟာ LP  ဆိုတဲ့ တန်ဖိုးတစ်ခုထက် နည်းဖို့ လိုအပ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ Steel Beam ဟာသူ့ရဲ့ Moment Capacity အပြည့်ကိုထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ Compression Flange ရဲ့ support တစ်ခုနဲ့တစ်ခုအကြားအကွာအဝေး Lb ဟာLp ထက်ကို ကြီးသွားတဲ့အခါ Beam မှာ Lateral Torsional Buckling ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအခါ Beam ဟာသူ့ရဲ့ Full Moment Capacity ကိုခံနိုင်ရည် ရှိတော့မှာမဟုတ်ပါဘူး။

တကယ်လို့ Unbraced Length Lb ဟာ Limit တစ်ခု ဖြစ်တဲ့ Lr ထက် ပိုများသွားရင် Beam ဟာ Elastic Failure ဖြစ်သွားမှာ ဖြစ်ပါတယ်။ Elastic Failure ဆိုတာက Steel ၏ခံနိုင်ရည်အား မည်မျှပင် ကောင်းစေကာမူ Beam အပေါ် သက်ရောက်တဲ့ Load တစ်ခုမှာ Failure ဖြစ်တာဖြစ်ပါတယ်။ (Steel ရဲ့ Yield Strength နဲ့ သက်ဆိုင်မှု မရှိတော့ပါ။ ဆိုလိုသည်မှာ Grade ပိုမြင့်တဲ့ Steel သုံးလဲ ခံနိုင်ရည်အား တက်လာတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် LbဟာLrထက်ကိုပိုများတဲ့ Beam တွေရဲ့ ခံနိုင်ရည်အားကိုတွက်ထုတ်တဲ့ Formula မှာ Fy တန်ဖိုးမပါတော့တာကိုတွေ့ရမှာပါ) Lp နဲ့ Lr ကို အောက်ပါအတိုင်း ရှာနိုင်ပါတယ်။


အောက်ကပုံကဒီအကြောင်းလေးကိုရှင်းလင်းသရုပ်ပြထားတဲ့ Graph တစ်ခုဖြစ်ပါတယ်။


Figure 9. Graph for Lateral torsional Buckling

AISC Formulas for Lateral Torsional Buckling



အချုပ်အားဖြင့်ဆိုသော် Steel I beam တွေကို Full Moment Capacity ရရှိစေဖို့ Compressive Flange ကို လုံလောက်တဲ့ Restraint တွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ Simple beam တွေမှာ Compressive flange က အပေါ်ဘက်မှာ ရှိတဲ့အတွက် Slab က Lateral Restraint အနေနဲ့ ထမ်းဆောင်နိုင်ပေမယ့် Cantilever Beam တွေဆိုရင် Compressive Flange က အောက်ဘက်ကိုရောက်သွားချိန်မှာ အဲဒီ Flange တွေအတွက် လုံလောက်တဲ့ Lateral Restraint တွေလုပ်ပေးဖို့လိုအပ်ပါတယ်။

Aung Hsu Myat
15 March 2015


ANSI/AISC 360-2005 ကိုတော့ ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

ANSI/AISC 360-2010 ကိုတော့ ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ


ဘဝအတွက် ကြိုးစားနေချိန် ဒါတွေ ရှောင်ပါ
.............................................................................

မပျင်းနဲ့

ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး။ ပြောတုန်းကတော့ စီမံကိန်း ချတုန်း ကတော့ မိုးလားကဲလားနဲ့တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်၊ မိုးရွာတယ်၊ ဇာတ်ကျောတတ်တယ်၊ ခေါင်းကိုက်တယ်၊ဖျားတယ်နဲ့ဆို တော်တော်နဲ့ ခရီး မရောက်တော့ဘူးလေ။ ဒီတော့ မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့

လောကီလူသားပေးပဲ။ တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာ ပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက် ဘာထူးလာမှာလဲ။ အဲ့ထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေး ပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေ သွားတတ်ပါတယ်။ ဒီတော့ တွေဝေရင် ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့

ဖြစ်တောင်မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလား။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကော ရှိရဲ့  လား။ လုပ်လိုက်တာတော့ ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား အစရှိသဖြင့် စိုးရိမ်စိတ် ဝင်တတ် ကြပါတယ်။ ဒါတွေက မလုပ်ခင် မလျှောက်ခင်ကတည်းက Plan ချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့

ငါ့ဘော်ဒါတွေများ၊ သူတို့တွေများ ဘာတွေဖြစ်ကုန်ပြီ၊ ညာတွေဖြစ်ကုန်ပြီ၊ ငါ့ကျတော့ ဘာမှ ဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်း ထမင်းစား၊ တို့လည်း ထမင်းစားပေမယ့် ဘဝပေး ကုသိုလ်၊ ကံကြမ္မာကြောင့် သူတို့မြန်မြန် ဖြစ်သွားကြတာပဲ။(ဘာဖြစ်တာလဲတော့ မသိဘူး) ကိုယ်က ဘဝရဲ့ အဓိပ္ပါယ် ကို သူတို့ စောစော စီးစီး ရှာမှီးခွင့် ရတယ်လို့ သဘော ထားလိုက်။ ဘာကြီးဖြစ်မှ၊ ညာကြီးဖြစ်မှ အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့အခြေအနေထဲမှာစိတ်အကျေနပ်ဆုံး အကောင်းဆုံး ဖန်တီးလိုက်နိုင်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပဲ။ ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့။ ဒီတော့ တွေးပြီး အားငယ်နေမယ့်အစား သူတို့ထက် ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျ တယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။ လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့

ထူးဆန်းတယ်ဟုတ်။ မထူးဆန်းပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေက ကြိုးစားနေရင်းနဲ့ အရမ်း Romantic ဆန်သွားရင် ရောင့်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုးမဟုတ်တောင် တိုက်ခန်းလေးတစ်လုံး နဲ့ နေရရင်ပြီးပါပြီဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက် တွေကို အတိုက်စားခံလိုက်ကြတယ်။ စိတ်ညစ်နေတုန်း အားပေးဖော်လေးရှိ၊ ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိ တာက ကောင်းပေမယ့် ဘယ်သွားသွား ခြေတောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ် နည်းဖို့အတွက် ပေးဆပ် တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့် အလုပ်လုပ်နေလည်း ဖုန်းတွေဆက်၊ ညအိပ်လည်းဆက်၊ မအိပ်လည်းဆက်၊ တစ်ပတ်မှာ ၇ ရက်တွေ့၊ တွေ့တော့ ၂၄ နာရီ၊ ၈ နာရီက အပြင်မှာ ၈ နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညက အိပ်မက်ဆိုး မက်လို့ ကိုကို့ကို သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲ သွားကြမှာ အမှန်ပါပဲ။ ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် ကာလမှာ အဆိပ်တော့ မတတ်ပါနဲ့။ ဖြေဆေးမရှိပါဘူး။ ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှံးစေမယ့် အကြောင်းပြချက် တစ်ခု ဖြစ်ပါတယ်။

အပျော်မမက်နဲ့

စိတ်ထွက်ပေါက်၊ စိတ်ထွက်ပေါက်ဆိုပြီး ဘော်ဒါတွေနဲ့ သောက်လိုက်မယ်။ စားလိုက်မယ်။ ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ ထားလေ။ ကိုယ်လက်ရှိ လုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေ ကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။ ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလားဟ ဆိုပြီး နောင်တတွေ ရနေလိမ့်မယ်။ အချို့ က ကိုယ့် အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကိုအချိုသတ်ပြီး ဆီစမ်း ပဲဆီနံလေး မွေးလိုက်တာလို့ ရေရွတ်နေရင်း ဘဝပျက်သွားပါမယ်။ အချို့ ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်း ရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့။ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ ဘဝရဲ့  အရသာဆိုတာဟာလည်း ပန်းတိုင်ရောက်မှခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်။အသီးမသီးသေးပေမယ့် အရွက်တွေ ခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။ တစ်ခါတစ်လေကျ ကြိုးစားနေရင်းနဲ့ အချို့ က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှုအတွက် ပန်းတိုင်ကို ထားရှိပေမယ့် ပျော်ရွှင်မှုအတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ။

အားလုံး ကြိုးစားရကျိုးနှပ်တဲ့ ပန်းတိုင်တစ်ခုသို့ ရောက်ရှိနိုင်ကြပါစေ။

copy by အာင်ခမ်း (ရိုးရာလေး)

Disqus Shortname

Comments system