CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Monday, January 30, 2017

CE Pro - V 1.1 အသစ်ပါ


CE Pro Version 1.1 ပါ



CE Pro သုံးဖို့ gmail နဲ့ registerလုပ်ရပါတယ်
Version 1 မှာမှတ်ပုံတင်ဖို့ အဆင်မပြေကျတဲ့သူတွေရှိတယ်လို့သိရပါတယ်
ဒါကြောင့် မှတ်ပုံမတင်ပဲ သုံးလို့ရအောင် Skip Button လေးကိုထည့်ပေးထားပါတယ်
Skip>>>> နှိပ်လိုက်ရင် ၀င်လို့ရပါပြီ

ခုလောလောဆယ်တော့ မှတ်ပုံတင်သုံးသူပဲဖြစ်ဖြစ်
ဒီတိုင်း သုံးတဲ့သူပဲဖြစ်ဖြစ် အတူတူပါပဲ
နောက်ပိုင်း online နဲ့ချိတ်ဆက်သုံးရမယ့်
function တွေထည့်ဖို့အစီိအစဉ်ရှိတာကြောင့်
အဲ့ function တွေကိုတော့ မှတ်ပုံမတင်ထားတဲ့သူတွေ သုံးလို့ရမှာမဟုတ်ပါဘူး။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

CE Pro ထဲမှာ Analysis of rates နဲ့ RC design နှစ်ခုကို တွက်လို့ရအောင်လုပ်ထားပေးပါတယ်။

CE Pro ထဲက Analysis of rates အပိုင်းမှာ အခုလောလောဆယ်
ကွန်ကရစ်လုပ်ငန်းများကို FPS နဲ့ SI ယူနစ်နှစ်ခုအတွက် ရေးသားထားပါတယ်။




 RC Structure Design ပိုင်းမှာ
Square footing နဲ့ combined footing ကိုတွက်လို့ရအောင်လုပ်ထားပေးပါတယ်
 Item တွေတဖြည်းဖြည်းနဲ့ များလာအောင်
မကြာခဏ version မြင့်နိုင်အောင် ကြိုးစားရေးပေးပါ့မယ်.။


Square footing မှာ ကျောင်းတုန်းကသင်ခဲ့တဲ့ Question လေးကို Default ပြန်ထည့်ထားပေးပါတယ်


Combined footing မှာ ပုံဆွဲပေးတဲ့ function လေထည့်ထားပေးပါတယ်။
ရလာတဲ့အဖြေအတိုင်း
Shear Force and Bending Moment Diagram ပုံ Auto ထွက်အောင်လုပ်ထားပေးပါတယ်။
Shear ကအပြာလိုင်းဖြစ်ပြီး Moment က အနီလိုင်းနဲ့ပါ


///////////////////////////////////////////

CE နာမည်နဲ့ထုတ်ထားတာ သုံးခုရှိပါပြီ
 သုံးခုလုံးကိုခုတစ်ခါတည်း ပြန်တင်ပေးလိုက်ပါတယ်.
CE Pro တစ်ခုပဲ Version အသစ်ပါ ကျန်တာကအဟောင်းကို နောက်ဆုံးထွက်တင်ပေးလိုက်တာပါ
တစ်ချို့ Download ဆွဲတာအဆင်မပြေဘူးပြောကျလို့ပါ.

1. CE analysis of rates - version 5

2. CE Reader - version 1
 
3. CE Pro - version 1.1





Software ရေးဖို့အကြုံပြုစာများပို့ချင်ရင်
09794614410
 ကို စာပို့ပြီးအကြံပြုနိုင်ပါတယ်..
အားလုံးကိုကျေးဇူးတ်ပါတယ်

ထွန်းအောင်ဖြိုး
TU Meikhtila




Tuesday, January 24, 2017

Auto Cad - Massprop command

Steel structure အနေနှင့် H beam, I beam တွေကို သုံးပါတယ်။
ဘာလို့  အဲလို H beam, I beam လိုပုံစံနှင့် သံချောင်းတွေကို သုံးရတာလဲ။
အဓိကကတော့ stiffness တောင့်တင်းမှုကြောင့်ပါ။
အဲဒါကို AutoCAD ရဲ့ MASSPROP command နှင့် စဉ်းစားကြည့်ပါမယ်။
MASSPROP command က mass properties command ဖြစ်ပါတယ်။
MASSPROP command ဟာ inquiry command ဖြစ်ပါတယ်။
Area တစ်ခု solid တစ်ခုရဲ့ properties တွေ အားလုံးကို သိချင်တဲ့ အချိန်မှာ သုံးရပါတယ်။
Structure member တစ်ခုအပေါ်ကို uniform load "w" သက်ရောက်ကြည့်ပါမယ်။
Simply supported လို့ ပဲ ယူဆပါမယ်။
သူ့ ရဲ့ deflection ကွေးညွတ်မှုက d = (5wL^4)/(384EI) ဖြစ်ပါတယ်။
အဲဒီ equation အရ load w, length L, young modulus E တို့ ဟာ constant တွေဖြစ်ပါမယ်။
I က second moment of area သို့ မဟုတ် moment of inertia ဖြစ်ပါတယ်။
အဲဒီ I က cross section area မတူကွဲပြားသလို I တန်ဖိုးတွေကလဲ မတူနိုင်ပါ။
Solid , area တစ်ခုမှာ centroid ရှိပါတယ်။
သက်ဆိုင်ရာ ၀င်ရိုးအလိုက် centroid ကို ဖြတ်တဲ့ မျဉ်းကို neutral axis N.A. လို့ ခေါ်ပါတယ်။
အဲဒီ centroid ကို ဗဟိုပြုပြီး လည်တဲ့ moment တန်ဖိုးကို second moment of area လို့ ခေါ်ပါတယ်။
လည်တဲ့ area က များလေ၊ centroid နှင့် ဝေးလေ I တန်ဖိုးက များလေ ဖြစ်ပါတယ်။
အဲဒါကို AutoCAD မှာ စမ်းသပ်ကြည့်ပါမယ်။
AutoCAD မှာ area အားဖြင့် 16 ရှိတဲ့ cross section တွေ ဆွဲကြည့်ပါမယ်။
ပထမဦးဆုံး အပြားလိုက်၊ ဒုတိယ စတုရန်း၊ တတိယ အနေနှင့် ဒေါင်လိုက်၊ နောက်ဆုံးမှ I beam ပုံစံ ဖြစ်ပါမယ်။
သူတို့  အားလုံးဟာ cross section area တူပါမယ်။
Tool Menu > Inquiry > Mass Properties သို့ မဟုတ် command line မှာ MASSPROP ရိုက်ထည့်ပြီး mass properties command နှင့် အဲဒီ areas တွေကို ကြည့်တဲ့အခါ moment of inertia တွေကို အောက်ပါအတိုင်းရပါတယ်။
အပြားလိုက် 2335.9282
စတုရန်း 8615.4099
ဒေါင်လိုက် 16304.7464
I section 27607.9375 ဖြစ်ပါတယ်။
ပုံစံလေးပြောင်းသွားတာမှာ moment of inertia အဆပေါင်းများစွာ ပြောင်းသွားတာကို တွေ့ ရပါတယ်။
Deflection equation အရ I များလေ deflection နည်းလေ stiffness များလေ ဖြစ်ပါမယ်။
I နှင့် stiffness က တိုက်ရိုက်အချိုးကျတယ် ပြောရပါမယ်။
အဲဒါကြောင့် area ချင်းတူတူမှာ I second moment of area အများဆုံး deflection အနည်းဆုံး stiffness အများဆုံး အတောင့်တင်းဆုံး section တစ်ခုအနေနှင့် H beam , I beam တွေကို သုံးကြတာ ဖြစ်ပါတယ်။
Area တစ်ခုရဲ့ moment of inertia ကိုရှာတဲ့အခါ သက်ဆိုင်ရာ area ပုံစံအရ formula အမျိုးမျိုးရှိပါတယ်။
Irregular ပုံမှန်မဟုတ်တဲ့ area တွေဆို တော်တော် ခက်ခက်ခဲခဲ တွက်ချက် ရှာဖွေရပါတယ်။
အဲလို ခက်ခဲတဲ့ တွက်ချက်မှုတွေကို AutoCAD ရဲ့ MASSPROP command နှင့် လွယ်ကူစွာ တွက်ချက်နိုင်တယ် ဆိုတာရယ်၊ AutoCAD မှာပါတဲ့ command တွေဟာ တစ်နေရာ မဟုတ် တစ်နေရာမှာ အသုံးချနိုင်တဲ့ ဟာတွေချည်းပဲ ဆိုတာရယ်၊ steel structure တွေမှာ ဘာကြောင့် H beam, I beam လိုပုံစံတွေ သုံးရတာလဲ ဆိုတာရယ်တွေကို ဆက်စပ်စဉ်းစားမိတာ ဖြစ်ပါတယ်။



Monday, January 23, 2017

Wind Load Part 3

UBC-97 နဲ့ Wind pressure ကိုတွက်ထုတ်မယ့် Equations q = Ce Cq qs Iw ကိုအသေးစိတ်လေးရေးမှာပါ ။ Wind အကြောင်းရေးလာလိုက်တာ အခုက Part (3) ပါ။အခုအပိုင်းက နည်းနည်းပို၇ှည်ပါ့မယ်။ ဒါပေမယ့် နောက်ဆုံးပိုင်းပါ။ အခု Part 3 ကိုမဖတ်ခင် အရင်ရေးခဲ့တဲ့ Part 1 and Part 2 ကိုဖတ်စေချင်ပါတယ် ။ပြီးမှ Part (3) ကိုဖတ်ဖို့ အကြံပေးပါရစေ။
Part 1 Link
https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/
Part 2 Link
https://www.facebook.com/kyaw.t.naing.165/posts/1375598512474335
UBC97 ရဲ့ Wind Pressure တွက်ထုတ်တဲ့ Equation မှာ အပိုင်း (၄) ပိုင်းပါပါတယ်။
Ce = combined height , exposure and gust factor coefficient
Cq = Pressure Coefficient
Qs = Wind stagnation pressure
Iw = Building Important Factor ပါ ။
Equation ကိုလေ့လာလိုက်ရင် Directly proportional ဖြစ်နေတဲ့အတွက် တန်ဖိုးများလေ Wind pressure များလေဆိုတာသတိထားမိမယ်ထင်ပါတယ်။
ပထမဆုံး qs = wind stagnation pressure ကိုရှင်းပါရစေ ။ qs ကိုရဖို့အတွက် mass of air with density Rho ရယ် , Velocity v ကိုအခြေခံထားတဲ့ Bernoulli’s Equation ကိုသုံးပါတယ်။ qs = 0.5 Rho V^2 ပါ။ ဒီနေရာမှာ density of air ဟာ 0.0765 pcf ပါ ။ ဘယ်အချိန်ကဟာကိုယူတာလဲဆိုတော့ Standard အနေနဲ့ 59 degree F and barometric pressure (29.92 in of mercury ) ပါ။ ပုံမှန်အားဖြင့် ကျနော်တို့ Wind map တွေမှာပေးလေ့ရှိတာက mile per hour နဲ့ပေးတဲ့အတွက် pcf ကို MPH ပြောင်းလိုက်တဲ့အခါ qs = 0.00256 V^2 ဆိုတဲ့ Equation လေးရပါတယ်။ ဥပမာ wind speed က 80 mph လို့ဆိုရင် qs = 0.00256 x 80^2 = 16.38 psf ရပါတယ်။ ဒါကို ဒသမတိုးပြီး UBC က 16.4 psf လို့ပေးပါတယ် ။ qs table မှာလေ့လာကြည့်ပါ ။ သတိထားရမှာက UBC ဟာ အမြင့်တိုးတဲ့အတွက် လေထုရဲ့သိပ်သည်းဆ (density) ကျသွားတာကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဖူး။ (ပုံမှန်ဆိုအပေါ်ရောက်လေ density ကျလေပါ)
ဒုတိယအနေနဲ့ Ce coefficient အကြောင်းဆွေးနွေးပါရစေ ။ Ce coefficient ဟာ UBC 97 ရဲ့ Master piece လို့ပဲဆိုပါရစေ ။ UBC ကိုရှုပ်၇ှုပ်ထွေးထွေးတွေမဖြစ်စေပဲ လွယ်အောင်လုပ်လိုက်နိုင်တဲ့ coefficient ပါ။ သူက height ၊ Exposure and gust factor တွေကိုပေါင်းပြီး Coefficient Ce တစ်ခုတည်းနဲ့ကိုယ်စားပြုလိုက်ပါတယ်။ အခြားဟာတွေဖြစ်တဲ့ ဥပမာ ASCE 7 တို့လိုမျိုးမှာ ဒီထက်ပို၇ှုပ်ထွေးပါတယ် ။ နားလည်ရလဲခက်ပါတယ် ။ ASCE 7 မှာက Velocity pressure exposure coefficient ( Kz ) , gust response factor (Gh) စတာတွေကို တသီးခြားစီထည့်ပေးထားပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ အဆောက်အဦးတွေမှာ ASCE 7 ကပေးထားတဲ့ Wind pressure ၇ှာတဲ့နည်းက ပိုပြီးသင့်တော်ပါတယ် ။ Ce မှာအဓိကကတော့ height မြင့်လာလို့တက်လာတဲ့ Wind pressure ရယ်၊ ကိုယ့် Structure နားက မြေမျက်နှာသွင်ပြင် အခြေအနေ (Exposure Part 2 မှာအသေးစိတ်၇ှင်းထားတာ၇ှိပါတယ်) ကိုလိုက်ပြီး Coefficient ကိုပေးပါတယ်။ ဒါ့အပြင် gust (၇ုတ်တရက် လေအရမ်းတိုက်လိုက်တာ ) ကြောင့်ဖြစ်လာမယ့် air turbulence and dynamic building behavior ကိုပါထည့်သွင်းစဉ်းစားထားပါတယ်။ Ce တန်ဖိုးတွေကို Height တွေနဲ့ပေးထားလို့ ကိုယ်လိုချင်တဲ့ Height ကိုရဖို့ လိုအပ်ရင် Interpolate လုပ်ယူရပါ့မယ် ။
တတိယအနေနဲ့ Cq factor ကိုဆွေးနွေးပါ့မယ် ။ Cq coefficient က building shape နဲ့ location ကိုပေါ်မူတည်ပါတယ် ။ သူက load ကဖိမလား (Pressure) , ဆွဲထွက်မလား (Suction) ကိုယူတာပါ။ အဲ့မှာ အပိုင်း ၂ ပိုင်းပါပါတယ် ။ 1) Primary Frames Systems ဒါက Building ကြီးတစ်ခုလုံးကိုယူတာပါ ။ 2) က Elements and components of structure ဒါက Building ရဲ့ အကာတွေကို (Cladding) design လုပ်ဖို့ယူတာပါ ။
အဆောက်အဦးနားမှာရှိတဲ့ wind gust က အများဆုံး Pressure ကို အဆောက်အဦးမျက်နှာပြင်တစ်ခုလုံး ရုတ်တရက်ကြီးမဖြစ်စေနိုင်ပါဖူး ။ ဒါကြောင့် Primary frame and system အတွက် design လုပ်တဲ့အခါ average wind pressure and suction ကိုပဲယူပြီး လုပ်ကြပါတယ် ။ ဒါပေမယ့် Cladding ၊ Curtain Wall တွေအတွက်ကတော့ ရုတ်တရက်ဖြစ်လာတဲ့ Peak pressure ကအရေးကြီးပါတယ် ။ သူက area သေးတော့ Suction force ကသေးသေးပဲ၇တယ်။ ဒါကြောင့်မို့ Table မှာပေးထားတဲ့ Pressure coefficient တွေကိုကြည့်ရင် Primary frame and structure ကနည်းနေပြီး Building components လေးတွေအတွက်ပေးထားတဲ့ Pressure ကများနေတာတွေ့ရမှာပါ ။
Wind pressure နဲ့ Suction ဟာ Primary system အတွက်ဆိုရင် အဓိကက Building Height ပါ ။ အဆောက်အဦးပုံစံ ၊ အဆောက်အဦးအပြင်မျက်နာပြင် ကြမ်းတမ်းမှု ၊ အဆောက်အဦးအလျားနဲ့ အနံ အချိုးတွေက သက်ရောက်မှု၇ှိပေမယ့် UBC 97 က ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး ။ ဥပမာ ကျနော်အရင် Telecom Tower design လုပ်တုန်းက ဖတ်ဖူးတဲ့ TIA-222G မှာဆိုရင် Radio antenna တွေရဲ့ Shape ဟာ EPA (Effective Projected Area) ကိုသက်ရောက်မှု၇ှိပါတယ်။ တစ်ကယ်လို့ အ၀ိုင်းပုံစံဖြစ်ခဲ့တယ်ဆိုရင် Shape factor (0.8) နဲ့မြှောက်ပေးရပါတယ်။ ပြောချင်တာက လေးထောင့်ထက်စာရင် အ၀ိုင်းမျက်နှာပြင်က Area နည်းတယ် ။ 80% လောက်ပဲ၇ှိတယ် ။ ဒါ့ကြောင့် shape factor ဆိုပြီး မြှောက်ခိုင်းတယ် ။ ဒါပေမယ့် UBC-97 ကဒါမျိုး လျှော့ချတာကို လက်မခံပါဖူး ။
Primary frame အတွက် UBC 97 မှာ Method 2 ခု၇ှိပါတယ် ။ Method 1 ကို Normal force Method လို့ခေါ်ပြီး သူကို Structure အားလုံးမှာသုံးလို့ရပါတယ် ။ ဒီ Method ဟာ Gable roof building အတွက် သုံးဖို့ရာတစ်ခုတည်းသော method ပါ ။ သူက Wind load တွေက နံရံ နဲ့ ခေါင်မိုးမျက်နှာပြင်တွေကို ထောင့်မှန်ကျပြီးသက်ရောက်တယ်လို့ ယူဆပါတယ် ။ နောက်တစ်ခုက တော့ Method 2 Projected Area Method လို့ခေါ်ပါတယ် ။ သူက Wind pressure and suction ကို တန်ဖိုးတစ်ခုပဲယူခိုင်းပါတယ် ပြီးတော့ အဆောက်အဦးရဲ့ entire projected area တိုင်းကို သက်ရောက်တယ်လို့ယူပါတယ်။ ဒီ Method ၂ ခု၇ဲ့ အဓိက ခြားနားချက်နောက်တစ်ခုက Method 1 မှာ Ce တန်ဖိုးတစ်ခုပဲ၇ှိပြီး roof ရဲ့ အမြင့်ကို mean ယူပြီး Winward and leeward ကိုတွက်ချက်ပါတယ်။ Method 2 ကတော့ Ce တန်ဖိုးဟာ အမြင့်နဲ့ ဆိုင်ပါတယ် အမြင့်ကိုလိုက်ပြီးပြောင်းလဲပါတယ် ။ ဒါကြောင့် Method 2 ဟာ ပိုမြင့်တဲ့ Structure တွေမှာ wind load ကိုလျှော့ယူသလိုဖြစ်သွားပါတယ် ။ ဒါကြောင့်မို့ Method 2 ကို အမြင့် ၂၀၀ ပေနဲ့အောက်မှာပဲယူပါလို့ UBC ကပြောတာပါ ။ Leeward ဖက်မှာလျှော့ယူထားတာကို ကာကွယ်ချင်လို့ဖြစ်ပါတယ် ။
Import factor (Iw) အကြောင်းဆွေးနွေးရအောင်ပါ ။ ဟိုးအရင်က Code တွေမှာ Important factor ဆိုတာမပါပါဖူး ။ နောက်ပိုင်းမှ သဘာဝဘေးအန္တရာယ်ဖြစ်ပြီးတောင်မှ ဆက်ပြီးကျန်ခဲ့ရမယ့် အဆောက်အဦး (ဥပမာ ဆေးရုံ ၊ ရဲစခန်း ၊ ဓာတ်အားပေးစက်ရုံ) စတာတွေရယ် ၊ Failure ဖြစ်ရင် အန္တရာယ်များတဲ့ Structure ( Nuclear Plant , Toxic Plant , Chemical Plant ) စတာတွေကြောင့် Important factor ကိုထပ်ပြီးထည့်သွင်းထားတာပါ။ UBC မှာတော့ Categories 5 မျိုးခွဲလိုက်ပါတယ် ။ အရေးကြီး တဲ့အဆောက်အဦးတွေကို Load ကို 15% တိုးပြီးယူခိုင်းပြီး Failure ဖြစ်မယ့် Probability ကိုလျော့ချပါတယ်။
UBC-97 နဲ့ Wind Load စဉ်းစားတဲ့ အကြောင်းကို အခုတတိယအပိုင်းမှာပဲ အဆုံးသတ်ပါ့မယ် ။
လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။
Ko Tuna (SYE)
18.1.2017
Ref: : UBC – 97 ,
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath






Wind Load part 2


ဟိုတစ်လောကရေးထားတဲ့ Wind Load အကြောင်းရဲ့ အဆက်ဒုတိယပိုင်းပါ။ ပထမပိုင်းကို ဖတ်ပြီးမှ အခုဒုတိယပိုင်းကို ဖတ်တာပိုပြီးကောင်းပါတယ်။
ပထမပိုင်းကို ဒီ Link ကနေ၀င်ရောက်ဖတ်၇ှုနိုင်ပါတယ်။

https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/

ကျနော် UBC 97 ကိုသုံးပြီး Wind pressure ကိုတွက်ထုတ်တဲ့အကြောင်းလေးရေးမှာပါ ။ UBC 97 ကို Reference လုပ်ရတာက ကျနော်တို့နိုင်ငံမှာ အများဆုံး Lateral load နဲ့ပတ်သတ်ရင် Reference လုပ်ပြီးတွက်ကြလို့ပါ။

Uniform Building Code 1997 (UBC 97 လို့ပဲအတိုကောက်ရေးပါ့မယ်) က American Society of Civil Engineer 7 – 88 (ASCE 7 – 88 ) ကိုအခြေခံပြီး တွက်ရတာလွယ်အောင်လုပ်ထားတဲ့ Code ပါ။ ASCE မှာ 7 ဆိုတာက “Minimum Design loads for Buildings and Other Strucutres” ကိုဆိုလိုတာပါ ။ design လုပ်ရမယ့် Wind speed ကို အမြန်ဆုံးလေတိုက်နှုန်းရယ် 3 sec gust ရယ်ကို နှိုင်ယှဉ်ပြီးယူထားတာပါ ။ Gust ဆိုတာက ရုတ်တရက် လေက တသတ်မတ်တည်းတိုက်ရာကနေ ပိုပြီးပြင်းပြင်းထန်ထန်တိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 3 sec အတွင်းအပြင်းဆုံးပြောင်းသွားတဲ့လေကို ယူပါတယ်။ Gust က 3 sec to 8 sec ထိရှိနိုင်ပါတယ်။UBC 97 မှာအနီးအနားမှာ၇ှိတဲ့ အဆောက်အဦးရဲ့ မိမိအဆောက်အဦးကို ကာကွယ်တဲ့ shielding effect ကိုမယူရပါဖူး။ ကိုယ့်အနီးအနားမှာ၇ှိတဲ့ အဆောက်အဦးက တစ်ကယ်မှာတော့ Funneling effect (ကျဉ်းမြောင်းတဲ့ တောင်ကြား အပေါက်ကနေလေပိုတိုက်တဲ့ Effect) ဒါမှမဟုတ် Turbulence ကိုတိုးစေပါတယ်။ Turbulence ဆိုတာက ကျနော်တို့လေယာဉ်စီးတဲ့အခါ ပုံမှန်မဟုတ်တဲ့လေစီးကြောင်းနဲ့တွေ့လို့လေယာဉ်တုန်ခါနေတယ် ခါးပတ်ပတ်ထားကြပါဆိုတာမျိုးပြောတာကြားဖူးပါလိမ့်မယ်။ တူတူပါပဲ။ ပုံမှန်မဟုတ်ပဲ Pressure ပိုပြင်းတဲ့လေစီးကြောင်းတွေဖန်တီးနိုင်လို့ပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကျနော်တို့စဉ်းစားနေတဲ့ Building ဘေးမှာရှိတဲ့အဆောက်အဦးက ကျနော်တို့building design life မှာ ဖယ်ရှားလိုက်တာမျိုး (building design life ကိုပုံမှန်က နှစ်၅၀ သတ်မှတ်ပါတယ် ။ လွှတ်တော်လိုအဆောက်အဦးကိုတော့ Century building (100 yrs) လို့ Design Life သတ်မှတ်ပါတယ်။) ဖြစ်နိုင်လို့ပါ။

UBC 97 က တွက်ချက်ရတာမြန်ဆန်အောင်လို့ ရိုးရှင်းတဲ့ ယူဆချက်တွေဖန်တီးပါတယ်။ ဒါကြောင့် ဒီလို ယူဆချက်တွေကြောင့် Flexible building တွေမှာသုံးခွင့် UBC97 ကခွင့်မပြုပါဖူး။ Flexible building ဆိုတာက သူ၇ဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ ၅ ဆထက်ကြီးတာ ၊ အဆောက်အဦး၇ဲ့ အမြင့်ဟာ ပေ ၄၀၀ ထက်မြင့်တဲ့ အဆောက်အဦးတွေကိုဆိုလိုပါတယ်။

UBC 97 မှာဖော်ပြထားတဲ့ provision တွေဟာ Normal force method (Method 1) အတွက် အမြင့် ၄၀၀ ပေ ကျော်တဲ့အဆောက်အဦးတွေ ။ Projected area method (Method 2) အတွက် ပေ ၂၀၀ ကျော်တဲ့အဆောက်အဦးတွေအတွက် မသုံးရပါဖူး ။ UBC 97 နဲ့ Cover မဖြစ်တဲ့အဆောက်အဦးတွေက ပေ ၄၀၀ ( Method 1) , ပေ ၂၀၀ (Method 2) ထက်ကျော်တဲ့ အဆောက်အဦးတွေပါ ။ အဲ့လိုအဆောက်အဦးတွေကိုတော့ Wind Tunnel Test result ကရတဲ့ result တွေနဲ့ Design လုပ်ရပါ့မယ်။

ပထမဆုံးကျနော်တို့ Design လုပ်မယ့်အဆောက်အဦးရဲ့ တည်နေရာကိုလိုက်ပြီး Basic Wind Speed ကိုယူရပါ့မယ်။ အခြားနိုင်ငံတွေမှာတော့ Wind speed map ဆိုပြီးရှိပါတယ် ။ကျနော်တို့နိုင်ငံမှာတော့ Myanmar National Building Code(MNBC) မှာ Wind Speed တွေကို မြို့တွေနဲ့တွဲပေးထားတာ၇ှိပါတယ်။ အောက်မှာလေ့လာကြည့်ပါ။ UBC 97 မှာပေးထားတဲ့ Wind speed ကတော့ Exposure C terrain ကို ၃၃ ပေအမြင့်မှာတိုင်းထားတဲ့ အမြန်ဆုံး Wind speed ကိုယူထားတာပါ။ နှစ် ၅၀ စာအတွက် recurrene interval စဉ်းစားထားတာပါ။ ဆိုလိုတာက နှစ် ၅၀ အတွင်းအများဆုံးဖြစ်နိုင်ချေ၇ှိတဲ့ Wind speed ကိုဆိုလိုတာပါ ။ 2% လောက်တိုးသွားနိုင်တယ်လို့ဆိုလိုပါတယ်။

Exposure Effect အကြောင်းလေးပြောပါ့မယ်။Exposure ဆိုတာဟာ အဆောက်အဦးနားမှာ၇ှိတဲ့ မြေမျက်နှာသွင်ပြင် အခြေအနေကိုဆိုလိုတာပါ။ အဆောက်အဦးတိုင်းက တခြားဘယ်အဆောက်အဦးနဲ့မှမတူတဲ့ မြေမျက်နှာသွင်ပြင်အနေအထား၇ှိပါတယ် ။ အခုလို ၇ိုး၇ှင်းအောင်လုပ်ထားတဲ့ Code တွေက အားလုံးအတွက် ခြုံငုံမိအောင် မလုပ်ထားနိုင်ပါဖူး ။ (ဒီနေရာကြုံလို့ တစ်ခုလောက်ပြောပြချင်ပါတယ်။ ACI Code ကပထမဆုံး Chapter 1.2.5 မှာအတိအလင်းပြောထားတာက ACI code ဟာ Minimum requirement တွေကိုသာရေးထားတာဖြစ်ပါတယ်တဲ့ ။ တစ်ကယ်လို့ ရေးထားတဲ့ Minimum requirement တွေထက်ပိုပြီးယူမယ်ဆိုရင် Code ကိုဆန့်ကျင်သလိုမဖြစ်ဖူးလို့ဆိုလိုပါတယ်။ တစ်ကယ်လို့ Local Building Code က ACI ထက်ပိုပြီးလွှမ်းမိုးမယ်ဆိုရင်လဲ Local Building Code ကိုယူပါလို့ဆိုပါတယ်။ ဥပမာ Residential building အတွက် live load 40 psf ယူရမယ်လို့ဆိုပါတယ် ။ ဒါပေမယ့် 50 psf လို့ယူလဲ Code ကိုဆန့်ကျင်တယ်လို့မပြောနိုင်ပါဖူး။ ကိုယ့်အဆောက်အဦးအကြောင်း ကိုယ်အသိဆုံးလို့ယူဆလို့ပါ။Designer မှာအဲ့လို ဆုံးဖြတ်ပိုင်ခွင့်၇ှိပါတယ်။ Code ဆိုတာက Designer တွေကို ကိုယ့်ဘာသာစဉ်းစားတတ်တာကို အားနည်းအောင်လုပ်တာမဟုတ်ပါဖူး ။ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှဆိုးလို့ ကာကွယ်ထားတာသူဖြစ်ပါတယ်။ ပေးထားတဲ့ Minimum standard တွေထက်နည်းလို့မရဖူးလို့ဆိုလိုချင်တာပါ။ )

Exposure ကိုဆက်ပါ့မယ် ။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် Exposure Categories တွေကိုခွဲပစ်လိုက်ပါတယ်။ UBC method မှာ Exposure 3 ခုခွဲပါတယ်။ ( B,C & D ပါ ). D ကအပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး B ကအနည်းဆုံးသက်ရောက်နိုင်တဲ့အခြေအနေပါ ။ အဲဒီမှာမေးစရာ၇ှိတာက B,C,D ပဲပါပြီး A မပါဖူးလားလို့မေးစရာ၇ှိပါတယ်။ အင်္ဂလိပ်အက္ခရာက A ကနေစတာကိုး ။ ပါပါတယ် :D ။ A ဆိုတဲ့ Exposure က မြို့ကြီးတွေရဲ့ အလယ်လိုနေရာ ကိုယ့်ဘေးနားမှာ၇ှိတဲ့ အဆောက်အဦးတွေကလဲ အမြင့်ပေ ၇၀ ကျော်တဲ့ အခြေအနေကိုဆိုလိုပါတယ်။ ဒါပေမယ့် UBC ကဒါကို အသိအမှတ်မပြုပါဖူး ။ အဲ့လိုအခြေအနေကို Exposure B လို့ပဲယူဆခိုင်းပါတယ်။ ဒါကြောင့် A ဆိုတာမပါတာပါ။

Exposure B ဆိုတာကို ဒီလိုဆိုပါတယ်။ Exposure B မှာ မြေမျက်နှာသွင်ပြင်အနေနဲ့ အဆောက်အဦး ၊ သစ်တော ဒါမှမဟုတ် မညီညာတဲ့ မျက်နှာပြင်တွေဟာ ၁ မိုင် ဒါမှမဟုတ် ၁ မိုင်ထက်ပိုတဲ့အကွာအဝေးမှာ ၂၀ ရာခိုင်နှုန်းအနည်းဆုံး၇ှိနေတယ်လို့ဆိုလိုပါတယ် ။အလွယ်ဆိုတစ်မိုင်အတွင်း အနည်းဆုံး ၂၀ ၇ာခိုင်နှုန်းသော အကျယ်အ၀န်းကို အဆောက်အဦးတွေ ၊ သစ်တောတွေနဲ့ မညီညာတဲ့မျက်နှာပြင်တွေနဲ့ ပြည့်နေတယ်ဆိုလိုတာပါ။
(Exposure B has terrain with buildings, forest, or surface irregularities, covering at
least 20% of the ground level area extending 1 mile (1.61 km) or more from the site.)

Exposure C ကိုတော့ မြေမျက်နှာသွင်ပြင်အနေနဲပ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ အနည်းဆုံး ၁ မိုင်ခွဲ ဒါမှမဟုတ် ပိုသောအကွာအဝေးထိ၇ှိတယ်လို့ဆိုပါတယ်။ Building ကိုစက်ဝိုင်းအလယ်မှာထားကြည့်ပြီး လေးစိတ်စိတ်လိုက်ပြီး တစိတ်အပြည့်အခြမ်းတစ်ခုလုံးကို ယူရမယ်လို့ဆိုလိုပါတယ်။ ပြောချင်တာက တစ်ခါတလေမှာ ကိုယ်က ပင်လယ်ဖက်ကို မျက်နှာမူပြီး အဆောက်အဦးတစ်ခုဆောက်တယ်ပေါ့ ။ မျက်နှာမူရာဖက်က ပင်လယ်ဖက်ဆိုတော့ Exposure D (အောက်မှာအကျယ်ဖတ်ပါ) ၊ နောက်ဖက်ခြမ်းက Exposure C ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးကို လေးပိုင်းပိုင်းပြီး One quadrant (90 degree) အပြည့်ယူရမယ်လို့ဆိုတာပါ။
အဲ့လိုတစ်ဖက်နဲ့တစ်ဖက်မတူရင် အဆိုးဆုံးအခြေအနေကိုယူရမယ်ဆိုပါတယ်။ Exposure D ကို Design Exposure အဖြစ်ယူရမှာပါ။
(Exposure C has terrain that is flat and generally open, extending one-half mile
(0.81 km) or more from the site in any full quadrant.)

Exposure D ကတော့ အဆိုးဆုံးအခြေအနေလို့ဆိုလိုနိုင်ပြီး Basic Wind speed 80 mph နှင့်အထက်၇ှိ၇ပ့ါမယ် ။ သူမှာ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ ရေပြင်ကြီးက အနည်းဆုံး ၁ မိုင် ဒါမှမဟုတ် ဒီ့ထက်ပိုရမယ်အခြေအနေပါ ။ Exposure D ကို ကုန်းတွင်းမှာ ¼ mile ဒါမှမဟုတ် အဆောက်အဦး အမြင့်ရဲ့ ဆယ်ဆမှာ ကြီးတဲ့တန်ဖိုးအထိယူရမယ်လို့ ပြောပါတယ်။ ဆိုလိုချင်တာက ကိုယ့်အဆောက်အဦးက ရေပြင်ကနေ ဘယ်အကွာထိ Exposure D အဖြစ်သတ်မှတ်ရမလဲဆိုတာကို UBC ကသတ်မှတ်နေတာပါ ။ အခုအတိုင်းဆို ပေ ၁၃၂၀ ( 0.25 x 5280) ဒါမှမဟုတ် အဆောက်အဦး အမြင့်ဆယ်ဆ ထိ Exposure D ထဲပါတယ်လို့ပြောချင်တာပါ။
(Exposure D represents the most severe exposure in areas of basic wind speeds of
80 mph (129 km/h) or greater, and has terrain that is flat and unobstructed facing large Minimum basic wind speeds in miles per hour ( × 1.61 for km/h). Bodies of water over one mile (1.61 km) or more in width relative to any quadrant of the
building site. Exposure D extends inland from shoreline one-fourth mile (0.4 km) or 10 times the building height, whichever is greater.)

Exposure ယူတဲ့အခါ D ကအလွယ်ဆုံးပါပဲ ။ေ၇ပြင်နားဆို D လို့သာယူလိုက် မမှားဖူးရယ် ။ ဒါပေမယ့် C နဲ့ D ကတော့ ယူရတာခက်ခဲပါတယ်။Code ထဲမှာဖော်ပြထားတာတွေက တူသလိုလိုဖြစ်နေတာကိုး ။ တခါတစ်လေမှာ ကိုယ့်အဆောက်အဦးနားက မြေမျက်နှာသွင်ပြင်က တသတ်မတ်တည်းမဖြစ်ပဲ ပြောင်းနေတတ်ပါတယ်။ အဲတော့ကိုယ်က B လို့ယူဆလိုက်တဲ့အချိန်မှာ သူများက C လို့ယူဆနိုင်ပါတယ် ။ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ပိုပြီးပြင်းထန်တဲ့အခြေအနေကိုယူရပါ့မယ် ။ UBC က Exposure C ကို အကာအကွယ်မဲ့ ပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်ကို 90 degree အတွင်းမှာ မိုင်ဝက်အတွင်း၇ှိရမယ်လို့ ဆိုထားပါတယ်။ (ကြိုက်တဲ့နေရာကနေ 0 to 90 degree quadrant ဆွဲလိုက်ပါ) ။ ဒါကြောင့် 90 degree ထက်နည်းမယ် ၊ မိုင်ဝက်ထက်နည်းမယ်ဆိုရင် B လို့ယူလိုက်ပါ ။ Exposure B နဲ့ C ကိုယူတာဟာ သင့်တော်တဲ့အခြေအနေကို ယူမိဖို့ ကျနော်တို့အေ၇းကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုကြားမှာ ကွာခြားချက်က 65 % ရှိပါတယ်။ ဆိုလိုတာက C ကိုရွေးသင့်တာကို ကျနော်က B လို့ရွေးရင် force 100 သက်ရောက်ရမယ့်နေရာမှာ 35 ပဲသက်ရောက်မိသလိုဖြစ်နိုင်ပါတယ် ။ တစ်ကယ်လို့ ကိုယ့် site ဟာ တောင်ကုန်းပေါ် ၊ အငူပေါ်ရောက်နေတဲ့အခါ Exposure C ကနေ D ကိုပြောင်းယူလိုက်ခြင်းအားဖြင့် ပိုပြင်းတဲ့ Wind ကိုရစေနိုင်ပါတယ်။ Designer အနေနဲ့ မသေချာမှတွေကိုကာကွယ်ဖို့အတွက် ပြောင်းယူလို့လဲရတဲ့ ဆုံးဖြတ်ချက်ကို ချနိင်ပါတယ်။ Designer က Building တစ်ခုလုံး Safe ဖြစ်ဖို့အတွက် တာဝန်အရှိဆုံးကိုး ။

အခုစာလဲ၇ှည်သွားပြီမို့ ဒုတိယပိုင်းကို ဒီနားမှာ ရပ်ခွင့်ပြုပါ ။ တတိယပိုင်းအနေနဲ့တော့ UBC 97 မှာပေးထားတဲ့ Wind pressure တွက်တဲ့ Equation က P = Ce Cq qs Iw ကို တစ်ခုချင်းစီအသေးစိတ်ရှင်းပြပါ့မယ်။

လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။

Ko Tuna (SYE)
14.1.2017
Ref: : UBC – 97 , MNBC
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath


Wind Load Part 1



ကျနော် Lateral Load အကြောင်းရေးဖို့စဉ်းစားနေတာကြာပါပြီ ဒါပေမယ့် အခုမှပဲ ရေးဖြစ်ပါတယ်။ Lateral Load ဆိုရင်တော့ Earthquake and Wind အကြောင်းပါ။ Wind အကြောင်းလေး အရင်ဆုံးရေးပါရစေ။

အရင်ဆုံးလေဘာလို့တိုက်လဲဆိုတာ စဉ်းစားကြည့်ရအောင်။ Pressure မတူလို့လေတိုက်ပါတယ်။

ဘာနဲ့တူလဲဆိုတော့ ဆပ်ကပ်မှာ လူတွေတစ်ဆင့်ပြီးတစ်ဆင့်တက်ပြီးပြတဲ့ ပြကွက်လိုပဲ အောက်ဆုံးမှာရှိတဲ့သူက pressure အများဆုံးခံရပါတယ်။ ဒါကြောင့်မို့ မြေပြင်နဲ့နီးလေလေ Pressure များလေလေပါ ။ လေဟာ Pressure များရာကနေ နဲရာကိုတိုက်ပါတယ်။ လေတိုက်တာ ပြင်းတယ်ဆိုတာဟာ အဲဒီနေရာနှစ်ခုမှာ Pressure difference သိပ်များလွန်းလို့ပါ။ လေပြေလေညင်း (Breeze) ဆိုရင်တော့ Pressure သိပ်မကွာဖူးလို့သိနိုင်ပါတယ်။

ကျနော်တို့ စမ်းသပ်ချက်တစ်ခုလုပ်လို့ရပါတယ် ။ ကိုယ့်ပါးစပ်ေ၇ှ့မှာ လက်ကိုကာပြီး လေမှုတ်ကြည့်လိုက်ပါ။ မမှုတ်ခင်လေးမှာ ကျနော်တို့အဆုတ်ကနေလေကို Area နဲအောင် ကျဉ်းပစ်လိုက်တာ(အမှန်တော့ အဆုတ်အတွင်းကလေကို Pressure များသွားအောင်) တွေ့ရမှာပါ။ ကျနော်တို့မှုတ်လိုက်တဲ့လေနဲ့ ပေါ့တဲ့အရာဝတ္ထုတွေကိုေ၇ွ့အောင်လုပ်လို့ရတာတွေ့ရမှာပါ။ ဒါဆိုရင် လေကို Force တစ်ခုအနေနဲ့ စဉ်းစားပေးရမယ်ဆိုတာ တွေးလို့ရမယ်ထင်ပါတယ်။

နောက်တစ်ခါ စက်ဘီးတာယာထဲက လေထွက်တဲ့အခါ ရှုးခနဲထွက်သွားတာဟာ တာယာလေထဲလေက Pressure အရမ်းများပြီး ပြင်ပကလေက Pressure နဲလို့ လေအရမ်းတိုက်သွားတာပါ ။ နောက်လေထုဖိအားက မနည်းပါဖူး။ ကျနော်တို့ကို လေထုက တစ်လက်မပတ်လည်ကို ၁၄.၇ ပေါင် (14.7 psi) နဲ့ဖိနေတာပါ။ ဥပမာ ၄ ပေပတ်လည်၇ှိတဲ့ စားပွဲတစ်လုံးဟာ 48x48x14.7 = 33868.8 lbs (15.12 ton) လောက်အဖိခံနေရတာပါ။ စားပွဲကဘာလို့ ပြိုမသွားတာပါလိမ့် ။ အကြောင်းက အောက်ကနေပြန်ပြီး တွန်းတင်ပေးတဲ့ Pressure ကလဲ ညီတူညီမျှနီးပါ၇ှိနေလို့ပါတဲ့ ။ ကျနော်တို့ခန္ဓာကိုယ်ကိုလဲ ဖိနေတဲ့ Air pressure ကလည်းမနည်းပါဘူး ။ သို့သော်လည်း ကျနော်တို့ကိုယ်တွင်းမှာ၇ှိတဲ့ သွေးရဲ့ဖိအားက ညီတူနီးပါ၇ှိတဲ့အတွက် ကျနော်တို့က လေထုရဲ့ Pressure ကိုမခံရတာပါ ။ ဒါကြောင့် သွေးပေါင်ကျတဲ့အခါမှာ လေထုဖိအားကိုခံရပြီး မူးဝေနေတာပါ။

လေရဲ့ Force ကိုကျနော်တို့ Civil Engineering မှာဘယ်လိုစဉ်းစားသလဲဆိုတော့ ကျနော်တို့အဆောက်အဦးကို ဘေးတိုက်ရွေ့အောင်တွန်းတယ်လို့စဉ်းစားပါတယ် ။ Building Code တွေကလည်း Structure တွအပေါ်သက်ရောက်တဲ့ Wind Load ကိုတွက်ချက်ဖို့ အမျိုးမျိုးသော Formula တွေပေးပါတယ်။ကျနော်တို့ကတော့ လေက Pressure တစ်ခု (Pressure ဆိုတာ unit area ပေါ်သက်ရောက်တဲ့ Load ) အဖြစ်ယူပါတယ်။ ကျနော်တို့ Structure မှာ EPA( Effective Projected Area) ယူပြီး လေကသက်ရောက်တဲ့ Pressure ကို Area နဲ့မြှောက်ပြီး Force အဖြစ်ပြောင်းယူပါတယ်။

ဥပမာ ကျနော်က မြစ်ကမ်းဘေးမှာရပ်နေမယ် အဲ့အချိန်မှာ နာဂစ်လိုမုန်တိုင်းတိုက်နေမယ်ဆိုပါစို့ ။ ဒါဆိုရင် နာဂစ်က 120 miles per hour ဆိုရင် Pressure ကခန့်မှန်း 40 psf လောက်၇ှိပါတယ်။ ကျနော့ရဲ့ Body က Area 10 psf ရှိတယ်ဆိုရင် ပေါင် ၄၀၀ နဲ့ ကျနော့ကိုတွန်းနေမှာပါ။ ကျနော့ Body နေရာမှာ အလျား ပေ ၆၀ x အမြင့် ပေ ၁၀၀ ရှိတဲ့ အဆောက်အဦးကြီးလို့စဉ်းစားကြည့်ပါ ။ 100 x 60 x 40 = 240000 lbs ( 107.14 tons) လောက်နဲ့ တွန်းနေတာပါ။ ဒါကို ကျနော်တို့ Structure က ခံနိုင်ရပါမယ် ။ခံနိုင်အောင် Design လုပ်တာကို Lateral Load (Wind) ကိုခံနိုင်အောင် ထည့်သွင်းစဉ်းစားတယ်လို့ ပြောကြပါတယ်။

ကျနော်တို့က လေတိုက်တာကို ကာကွယ်လို့မရပေမယ့် EPA (Effective Projected Area) နဲအောင်တော့ ကာကွယ်လို့ရပါတယ်။ ဥပမာ တစ်ခါတစ်လေ Sign Board တွေမှာ တြိဂံပုံစံအကွက်လေးတွေ ဖြဲထားတာတွေ့ရမှာပါ ။ ဒါဟာ EPA နဲအောင်လုပ်ပြီး Force ကိုလျှော့ပစ်တာပါ။ Nargis တုန်းက ကျနော်တို့ အဒေါ်အိမ်က တစ်အိမ်လုံးကိုပိတ်ထားတာပါ ။ ဒါကိုဦးလေးကလေတိုးတာနဲအောင်ဆိုပြီး ပြတင်းသွားဖွင့်လိုက်တော့ လေက ခေါင်မိုး (EPA များ) ကိုတွန်းပြီး အမိုးကြီးတစ်ခုလုံးပါသွားဖူးပါတယ်။ Sign Board တွေမှာတော့ Wind ကြောင့်ဖြစ်တဲ့ Sliding အရွေ့အပြင် Sign Board အောက်ခြေကနေ Moment Arm ယူပြီး Overturning Moment ကိုပါစဉ်းစားရပါတယ် ။ Telecom tower တွေလဲအဲလိုပါပဲ ။ Overturning Moment ကြီးများလွန်းတော့ အဲ့ Moment ကိုပြေလည်အောင်လုပ်နိုင်ရင် ကျန်တာအတော်များများ အဆင်ပြေတာပါပဲ။

နောက် Post မှာတော့ Uniform Building Code 97 အရ Wind pressure တွက်ထုတ်ပုံ အဆင့်ဆင့်ကို ၇ှင်းပြပါ့မယ့်။

Ko Tuna (SYE)
9.12.2016

Sunday, January 22, 2017

Saturday, January 21, 2017

Short Notes on Civil Engineering (Volume 3)

Short Notes on Civil Engineering (Volume 3)

အားလုံးအတွက် နှစ်သစ်ကူး လက်ဆောင်လေးပါ။

ကျွန်တော် Facebook ပေါ်မှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို ပြန်လည် စုစည်းတည်းဖြတ်ပြင်ဆင်ပြီး PDF File လုပ်ခဲ့တာ အခုဆိုလျင် Volume 3 ကို ရောက်ရှိခဲ့ပါပြီ။ (ဒါဟာလဲ ကျွန်တော်အတွက် milestone တစ်ခုပါပဲ)

ဒီ Volume 3 မှာ အောက်ပါ အကြောင်းအရာတို့ ပါဝင်ပါတယ်။

1. Construction Joint 
2. Contraction Joint (Part 1)
3. Contraction Joint (Part 2)
4. Expansion Joint
5. Portal Frame (Part 1)
6. Portal Frame (Part 2)
7. Introduction to Earthquake Engineering
8. Seismic Design Brief (Part 1 to 7)
9. Seismic Design for Concrete Moment Frame (Part 1)
10. Seismic Design for Concrete Moment Frame (Part 2)

PDF File ကို ဒီ လင့်မှာ ဒေါင်းလုဒ် လုပ်နိုင်ပါတယ်။
http://www.mediafire.com/file/f495zucwh9uq6jf/Short_Notes_on_Civil_Engineering_Vol3.pdf

ဝေဖန် အကြံပြုချက်များ ရှိပါကလည်း ပြောပေးကြစေလိုပါတယ်။

အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ ကြပါစေ။

Aung Hsu Myat
22 Jan 2017

အရင် Volume တွေဖြစ်တဲ့ Vol 1 နဲ့ Vol 2 တွေကိုတော့ အောက်က လင့်တွေမှာ ကြည့်နိုင်ပါတယ်။

Vol 1 https://www.facebook.com/aunghsu.myat/posts/10201237282889431

Vol 2 https://www.facebook.com/aunghsu.myat/posts/10201603543045706



Thursday, January 19, 2017

The Role of #Inspectors in Tall Building Projects


မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(လွိုင်ကော်) မှာ
ပြုလုပ်ခဲ့တဲ့ Knowledge Sharing ပွဲက
SYE အဖွဲ့ဝင် ကျနော့်ရဲ့ Video File တွေပါ .
တခြား SYE တွေလဲ တင်ပေးကြပါလိမ့်မယ် . .

The Role of #Inspectors
in Tall Building Projects

Inspector တစ်ယောက်အနေနဲ့ သိသင့်တဲ့
Structure basis များ ကိုပြောပြထားတာပါ

မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း(ပုသိမ်)မှာ
မနေ့ကထပ်ပြီး Sharing လုပ်ခဲ့ပါသေးတယ်

ပုသိမ်မှာရိုက်တာက သိပ်မမြင်ရလို့ လွိုင်ကော်ကတစ်ခုပဲတင်လိုက်ပါတယ်

Loikaw - 15
https://m.youtube.com/watch?v=FxXObWl5FKs

Loikaw - 14
https://m.youtube.com/watch?v=LQ1Z0cdw8-o

Loikaw - 13
https://m.youtube.com/watch?v=ir_cMDNhNrs

Loikaw - 12
https://m.youtube.com/watch?v=-wWnO6srFrA

Loikaw - 11
https://m.youtube.com/watch?v=RrYrd372lJ8

Loikaw - 10
https://m.youtube.com/watch?v=RF0nAEHCWs8

Loikaw - 9
https://m.youtube.com/watch?v=qQtL0KMSj2Y

Loikaw - 8
https://m.youtube.com/watch?v=lUfJpoCpnEg

Loikaw - 7
https://m.youtube.com/watch?v=KBdx0QXvCTs

Loikaw - 6
https://m.youtube.com/watch?v=krqg8a-nc-g

Loikaw - 5
https://m.youtube.com/watch?v=B4_4bR_NaAI

Loikaw - 4
https://m.youtube.com/watch?v=Ias0gT5YgOM

Loikaw - 3
https://m.youtube.com/watch?v=eEVgKP0zONU

Loikaw - 2
https://m.youtube.com/watch?v=cnB5dvAzloA

Loikaw - 1
https://m.youtube.com/watch?v=g-zXohnE-M4

ဒီ link ကနေ ဆက်ရှာလိုက်ပါ
ကျနော့် account က millimetretaunggyi ပါ

Aung Myat Thu
Millimetre-Training & Design Group
SYE - Structural Young Engineers Group
Young Engineer Committee(Taunggyi)

-Thanks
video ရိုက်ပေးတဲ့ TU-Taunggyi က
ညီလေး Khunaung Htwe
you tube ပေါ်တင်ပေးတဲ့ TU-Sagaing က
ညီ Dolphin Ko တို့ကို seminar မတက်ဖြစ်တဲ့ 
အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်

Download ဆွဲရလွယ်အောင် 15 - 30 min တစ်ဖိုင် ခွဲရိုက်ပေးထားပါတယ် . . Total = 15 Files ပါ


Safe ထဲတွင် Single Footing(Square) တစ်ခုကို design result ဖတ်ယူခြင်း (Part 2)



Safe ထဲတွင် Single Footing(Square) တစ်ခုကို design result ဖတ်ယူခြင်း (Part 2)

Settlement Checking အရင်လုပ်ပါမယ်

Settlement တန်းဖိုးက approximately 1" ဖြစ်ရပါမယ်
1" ကျော်ခဲ့ရင် Footing width ကို ကြီးပေးရပါမယ်
Analysis လုပ်ပီးတဲ့အခါ Show Deformed Shape(F6)-->
Load နေရာမှာ COMB1(or)Unfactored COMBO ကိုရွေးပါ
Settlement ဖြစ်မယ့် value တွေကို Safe က colour တွေနဲ့ခွဲပြပါတယ်
အဲ့မှာ colour တွေမျိုးစုံဖြစ်နေရင်တော့ တစ်ခုခုမှားခဲ့လို့ပါ
load တင်တဲ့အခါဖြစ်ဖြစ် section define လုပ်တုန်းက unit မှားခဲ့တာတွေပြန်စစ်ရပါမယ်
Settlement Check တဲ့အခါ Unit က (in) ဖြစ်ရပါမယ်
Settlement ဖြစ်တဲ့အတွက် safe က value တွေကို minus(-) နဲ့ပေးပါတယ်
အကြီးဆုံးတန်ဖိုးက ဘယ်ဘက်အစွန်က ခရမ်းရောင်အ၇င့်ဖြစ်ပါတယ်
ပုံမှာက (-990)လို့ပြထားပါတယ် ညာဘက်အစွန်မှာပြထားတဲ့ E-3 က
10 power (-3) ပါ  ဆိုတော့ value က 0.99 ဖြစ်ပါတယ်
0.99"~1" ဆိုတော့ ok ပါတယ် အဲ့ဒါက footing အားလုံးအတွက်ပါ

Footing တစ်ခုချင်းကို ကြည့်ချင်ရင်တော့ footing ပေါ်မှာ mouse pointer တင်ကြည့်လိုက်ရင် ဘယ်ဘက်အောင်ထောင့်မှာ value is = ??? ဆိုပီးပြပါတယ် 1.01 လောက်ဆို မကြီးပေးလည်းရပါတယ်

Soil Pressure Checking
Unit (Ft) ဖြစ်ရပါမယ်

Display-->Show Reaction Forces-->Load နေရာမှာ
COMB 1 or Unafactored COMB
Type of Load မှာ Soil Pressure ကို ရွေး -->ok
Soil Pressure ကိုတော့ ကာလာအစုံနဲ့ပြပါတယ်
value ကြည့်တဲ့အခါ ညာဘက်အစွန်က အဖြူရောင်ကိုကြည့်ရပါမယ်
Spring ပေးခဲ့တုန်းက 1tsf of 2.24ksf ဆိုရင်
2.24 ထက်မကျော်ရပါဘူး
ဒါပေမယ့် 10% ထိကျော်ခွင့်ရှိတယ်လို့ သင်ဖူးပါတယ် မကျော်ရင်တော့ပိုကောင်းတာပေါ့
ပုံမှာက 2.45<2.24+(2.24x10%) ဆိုတော့ ok ပါတယ်

Design ဆက်လုပ်ပါမယ်
Design --> Select Design Combo--> Combo 2 (1.4DL+1.7LL)
နဲ့လုပ်ပါမယ် Earthquake တို့ Wind တို့ပါရင်တော့ Combo ပြောင်းမှာပါ
Design--> Start Design 
Design လုပ်ပီးရင် Checking တစ်ခုကျန်ပါတယ်
Punching Shear Check ပါ
Design--> Display Punching Shear Ratio
Punching Shear Value က 1 ထက်ကြီးလို့မရပါဘူး
ကြီးခဲ့ရင် thickness တိုးပေးရပါမယ်

Checking 3 ခုလုံး OK ရင်တော့ result ဖတ်လို့ရပါပီ

Design --> Display Slab Design Info-->
Choose Strip Direction မှာ X direction ကိုရွေးပါ

Rebar Location Shown နေရမှာက အားလုံးသိတဲ့အတိုင်း
square footing မှာ top bar ထည့်စရာမလိုတဲ့အတွက်
Show Bottom Rebar ကို check ပါတယ်-->ok
ဘယ် footing ပဲဖြစ်ဖြစ် col strip မှာ positive bending moment (bott steel) ပေါ်ပါတယ် etab တို့ safe တို့ က +moment ကို အောက်ဘက်မှာဆွဲပါတယ် moment ပေါ်တဲ့နေရာမှာ steel ထည့် ဆိုတော့ မှတ်ရပိုလွယ်ပါတယ်

Bar area 9.037 ပေးထားတဲ့ footing ကိုဖတ်ပါမယ်
အပေါ်မှာပြထားတဲ့ 0.449 ကိုတော့ ဟိုဘက် တစ်ဝက်
ဒီဘက် တစ်ဝက်ပေါင်းပေးရပါမယ်
ဒီတော့ 9.037+(0.449/2)=9.26 sqin ရပါတယ်

Y dir ကိုဆက်ဖတ်ပါမယ်
8.232 +(0.96+1.496)/2=9.46 sqin ရပါတယ်

Column ဖြစ်ဖြစ် beam ဖြစ်ဖြစ်footing ဖြစ်ဖြစ် design လုပ်ပီး steel area
ရွေးတဲ့အခါ ACI ကသတ်မှတ်ထားတဲ့ Min Steel Area နဲ့ နှီုင်းယှဉ်ပေးရပါတယ် Min Steel area ထက်နည်းပီးထည့်လို့မရပါဘူး

square footing ရဲ့ Asmin = 200/fy bd (beam ရဲ့ Asmin နဲ့တူပါတယ်)
fy= အသုံးပြုမယ့် steel ရဲ့ yield strength
b= footing ရဲ့steel စီမယ့် width
d= effective depth
ပုံမှာသုံးထားတဲ့ footing size က 11.5'x11.5'x23"

Asmin = 200/40000 x(11.5x12)x(23-3.5)=13.46sqin>9.46sqin

ဒါကြောင့် Asmin ကပိုများတဲ့အတွက် Min steel control ဖြစ်တယ်လို့ပြောပါတယ်

အများအားဖြင့် sq footing တွေမှာ min steel က ctrl ဖြစ်လေ့ရှိပါတယ်

Bar Size ရွေးပါမယ် 6" spacing နဲ့မှန်းပါတယ်
11.5' = 13.46 sqin
1' = 1.17 sqin
6" = 0.58 sqin

22mm ရဲက bar area က 0.589sqin ဆိုတော့ 22mm ကိုရွေးပါတယ်
no of bar = 13.46/0.589 =22.85 ~ 23 nos
ဆိုတော့ 23-22mm bothway ဆိုပီးပေးလိုက်ယုံပါပဲ

အများအားဖြင့်တော့ single footing ဆို safe ထဲတွက်မနေတော့ပါဘူး
hand calc; or spreadsheet နဲ့ပဲတွက်လိုက်တာများပါတယ်

Etabs ထဲကနေ reaction result ထုတ်ပီး spreadsheet ထဲ ထည့်လိုက်ရင် ခဏလေးနဲ့ပီးပါတယ်

HTET AUNG KHANT (BE-CIVIL)
TU(DAWEI)










HOW TO GENERATE BEAM DESIGN RESULT FROM ETABS PART-2

HOW TO GENERATE BEAM DESIGN RESULT FROM ETABS
PART-2

Longitudinal Steel ကိုအရင်စထည့်ပါမယ် Steel ထည့်မယ်ဆိုအရင်ဆုံး
Beam ရဲ့ minimum steel ကို အရင်တွက်ထားရပါမယ်
အခုကျနော်ထည့်ပြမယ့် Beam က 12"x18" , 20' Span Beam ပါ
အဲ့တော့ သူ့ရဲ့ min steel က 200/40000x12x(18-2.5) = 0.93 sq-in
ဖြစ်ပါတယ်

Etabs ကပေးတဲ့ longitudinal steel နဲ့ Torsion Steel (1/3) နဲ့ပေါင်းတော့
Top Steel       = 3.23    1.011    2.902
Bottom Steel  = 1.265   1.93     1.365   ရပါတယ်

ရလာတဲ့ Steel Area တွေက မျိုးစုံဖြစ်နေပါတယ် construction မှာလုပ်ရလွယ်ဖို့အတွက်  Adjust လုပ်ရပါမယ်
Top Steel မှာ Tension steel ဖြစ်တဲ့ Left နဲ့ Right 2 ခုမှာ များတာယူပါမယ် Comp Steel (mid) မှာက တစ်ခုတည်းဆိုတော့ ဒီအတိုင်းထားပါမယ် (Tension steel , comp steel ခွဲဖို့ moment diagram ပြန်ကြည့်ပါ)

Bottom Steel မှာဆို Top နဲ့ပြောင်းပြန်ပါ။ Adjust လုပ်ပြီးတဲ့အခါ

Top Steel       = 3.23    1.011    3.23
Bottom Steel  = 1.365   1.93     1.365   ရပါတယ်
Top မှာ Comp steel ကိုစထည့်ပါမယ် 1.011 ဆိုတော့ min ထက်များပါတယ် အကယ်လို့ Min ထက်နည်းခဲ့ရင် min ကိုယူ၇ပါမယ်
22mm - 2 nos = 1.178 တောက်လျှောက်ထည့်ပါမယ် mid အတွက်လိုအပ်တာထည့်ပီးပါပီ Left ,Right အတွက် မပြည့်သေးတဲ့အတွက် extra bar အနေနဲ့ထပ်ထည့်ပေးရပါမယ်
3.23-1.178 = 2.025 ထပ်ထည့်ရပါမယ် extra bar ဖြစ်တဲ့အတွက် col face ကနေ (span lengthx1/4) အထိပဲထည့်ရပါမယ်
22mm -4 nos = 2.356 ထပ်ထည့်ပေး လိုက်ရင်ရပါပီ
အခုက နမူနာထည့်ပြတာဖြစ်လို့ လိုအပ်တာထက်ပိုများနေပါတယ်
ပိုပီးနီးစပ်အောင် bar size တွေပြောင်းပီးထည့်ကြည့်ပါ
အခုလောက်ဆို bottom အတွက်လည်းထည့်လို့ရမယ်ထင်ပါတယ်

Torsion Steel ထည့်ပါမယ် etabs ကပေးတဲ့ အောက်က ၃ ခုရဲ့ (1/3) ပါ
part 1 မှာရေးထားပီးပါပီ ပြန်ဖတ်ကြည့်ပါ
(၃) ခုမှာ များတာယူရပါမယ် 0.435 ရပါတယ် torsion steel ထည့်တဲ့အခါ
တစ်ဖက်တည်းမထည့်ရပါ symmetric ဖြစ်ဖို့ ဘယ်ညာ ထည့်ပေး၇ပါမယ်
ဆိုလိုတာက အနဲဆုံး (၂) ချောင်းထည့်၇မယ်လို့ပြောတာပါ
16mm-2nos = 0.624 တောက်လျှောက်ထည့်ပေးရပါမယ်

နောက်ဆုံး Shear Reinforcement (Stirrup) ထည့်တာက ပုံ(၅) က
table မှာကြည့်လိုက်ရင်ရှင်းပါတယ်
spacing ရှာတာက 2Ab/As ပါ
Ab က ကိုယ်ေ၇ွးတဲ့ bar area
As က လိုအပ်တဲ့ Steel area ဖြစ်ပါတယ်
ထွက်လာတဲ့ spacing က max spacing ထက်မများရပါဘူး
များခဲ့ရင် အောက်က (၃) ခုမှာ အနဲဆုံးကိုယူရပါမယ်

Max Spacing (For gravaty load only)
1. 2Ab x Fy/50bw
2. d/2
3. 24"

စလေ့လာတဲ့ Junior  များ အဆင်ပြေကြပါစေ

HTET AUNG KHANT
BE-CIVIL
TU- DAWEI


HOW TO GENERATE BEAM DESIGN RESULT FROM ETABS (FOR BEGINNER LEVEL)

HOW TO GENERATE BEAM DESIGN RESULT FROM ETABS
(FOR BEGINNER LEVEL)

Etabs ထဲမှာ Design တွက်ပြီးတဲ့အခါ Etabs က steel area တွေပေးပါတယ် ထွက်လာတဲ့ area တွေကိုကြည့်ပီး Bar size, Bar nos တွေထည့်ပေးရပါတယ် Result ဖတ်တဲ့အခါ
Moment အတွက် Lognitudinal Reinforcing (Main Steel)
Shear အတွက် Shear Reinforcing (Stirrup)
Torsion အတွက် Torsion Reinforcing ( Torsion Steel at Beam Middle Depth)   ဆိုပီး ၃ ခါဖတ်ပီးထည့်ပေးရပါတယ်

နမူနာအနေနဲ့ Beam တစ်ချောင်းကိုဖတ်ပြပါမယ်
Etabs က Beam (Longitudinal Reinforcing) အတွက်ဆို Steel Area (၆)ခု ပေးပါတယ် (ပုံ - ၁)
(Reinforcing Steel ခေါ်ကြည့်တာကိုတော့ သိပြီးသားဖြစ်မယ်ထင်လို့ မရေးတော့ပါ)

Top Bar အတွက် Left  Mid  Right
Bottom Bar အတွက်  Left  Mid  Right  ဆိုပီးပေးပါတယ်
Moment Diagram ကိုကြည့် ရင် သိသာပါတယ်
Etabs ကပေးတဲ့ Moment Diagram က ကျောင်းမှာသင်ရတာနဲ့ပြောင်းပြန်ပါ
သူက Positive Moment ကို အောက်မှာဆွဲပါတယ်
Moment များရင် Steel Area များမယ်ပေါ့ မှတ်ရပိုလွယ်ပါတယ်

Shear Reinforcing အတွက်ဆို ၃ ခုပေးပါတယ် (ပုံ - ၃)
Stirrup တစ်ကွင်းပတ်ရင် ၂ဖက်ရတဲ့အတွက် 2Legs စာ ဧရိယာဖြစ်ပါတယ်

Torsion Reinforcing အတွက်ဆို ၆ ခုပေးပါတယ် (ပုံ - ၄)
အပေါ် (၃) ခုက Torsion အတွက် ထည့်ရမယ့် Stirrup area ဖြစ်ပါတယ်
ဆိုလိုတာက အပေါ်က (၃) ခု ကို Shear Reinforcing မှာ သွားပေါင်းပေးရမယ်ပေါ့ တစ်ခုရှိတာက Torsion အတွက်ပေးတာက
1Leg စာပဲဖြစ်တဲ့အတွက် 2legs စာဖြစ်အောင်  2 နဲ့ မြှောက်ပီးမှ သွားပေါင်းရမှာပါ

အောက်မှာပေးထားတဲ့ (၃) ခုက Torsion အတွက်ထည့်ရမယ့် Main Steel ဖြစ်ပါတယ်
ဒီနေရာမှာ တစ်ခုရှိတာက ကိုယ် Design လုပ်နေတဲ့ Beam Depth
က 18" နဲ့ 18" ထက်များရင် အဲ့ Steel area (၃) ခုကို (၃) နဲ့ စားပီး
longitudinal reinforcing ရဲ့ top မှာ (1/3) ပေါင်း
Bottom မှာ (1/3) ပေါင်း
ကျန်တဲ့ (1/3) က Beam middle depth မှာ  ထည့်ရမယ့် Torsion Steel ပဲဖြစ်ပါတယ်

Beam Depth 18" အောက်ဆိုရင်တော့ 2 နဲ့ပဲစားပီး top နဲ့ bot မှာပေါင်းပေးယုံပါပဲ Middle depth မှာ ထည့်စ၇ာမလိုပါဘူး

အခုမှစသုံးမဲ့သူတွေကတော့ ရှုပ်နေပါလိမ့်မယ် အဲ့လို မရှုပ်အောင် ကျနော်ကတော့ Excel ထဲမှာ Spreadsheet လေးရေးထားလိုက်တယ်
( IF,Vlookup Function သုံးပီးတော့ပါ လွယ်ပါတယ်) ပုံ (၅)
Table Ref ကတော့ ဆရာဦးညီလှငယ် RC Design စာအုပ်
Part (B) , Chapter (16) ,page (35) မှာရှိပါတယ်
Etab ကပေးတဲ့ result တွေနဲ့ ကိုယ်ထည့်ချင်တဲ့ bar sizeေ၇ွးလိုက်တာ့
သူ့ဟာသူထည့်ပေးသွားမှာပါ
ကျွမ်းကျင်လာရင်တော့ calculator လေးနဲ့တွက်ပီးထည့်ပေးလိုက်ယုံပါ
spreadsheet တွေလုပ်နေစရာမလိုပါဘူး

စာရှည်သွားလို့ အပိုင်း(၂) ဆက်ရေးပါဦးမည်

Htet Aung Khant
BE-Civil
TU-DAWEI












Disqus Shortname

Comments system