CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Wednesday, January 31, 2018

Prequalified Moment Connections

Prequalified Moment Connections


Steel Structures တွေကို Seismic Design ပြုလုပ်ရာမှာ တကယ်လို့ Intermediate Moment Frame သို့မဟုတ် Special Moment Frame တွေ အသုံးပြုမယ်ဆိုရင် Beam to Column Connections တွေကို AISC 358 မှာ သတ်မှတ်ထားတဲ့ Prequalified Moment Connections တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တကယ်လို့ အဲဒီ Connections တွေထဲက မဟုတ်ပဲ အခြားသော ကိုယ်စိတ်ကြိုက် Connections အမျိုးအစားတွေ အသုံးပြုချင်တယ်ဆိုရင်တော့ Testing တွေလုပ်ပြီး Connection တွေရဲ့ ခံနိုင်ရည်အားတွေကို စမ်းသပ်အတည်ပြုပြီးမှသာ အသုံးပြုခွင့် ရှိပါတယ်။ ဒါကြောင့် အင်ဂျင်နီယာတွေဟာ အဆောက်အအုံတွေကို Seismic Design ပြုလုပ်ရာမှာ Prequalified Moment Connection တွေထဲက အမျိုးအစားတစ်ခုခုကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ (Prequalified Moment Connection မသုံးချင်ဘူးဆိုရင်တော့ AISC 341 Section K2 မှာ သတ်မှတ်ထားတဲ့ စမ်သပ်စစ်ဆေးမှုတွေအတိုင်း စစ်ဆေးပြီးမှ အသုံးပြုရမှာ ဖြစ်ပါတယ်။)


AISC 358-10 မှာ ပြထားတဲ့ Prequalified Moment Connections တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။


1. Reduced beam section (RBS)


2. Bolted unstiffened extended end plate (BUEEP)


3. Bolted stiffened extended end plate (BSEEP)


4. Bolted flange plate (BFP)


5. Welded unreinforced flange-welded web (WUF-W)


6. Kaiser bolted bracket (KBB)


7. ConXtech ConXL moment connection (ConXL)


အဲဒီ Prequalified Moment Connection တွေကို ပူးတွဲပါ ပုံတွေမှာ ကြည့်နိုင်ပါတယ်။ ဒီပုံတွေမှာ တွေ့ရတဲ့ Protected Zone ဆိုတာကတော့ အဲဒီ zone အတွင်းမှာ ဘာမှ လုပ်ခွင့်မရှိအောင် ကန့်သတ်ထားတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Protected Zone အတွင်းမှာ M&E အတွက် အပေါက်ဖောက်တာတို့ Welding ဆော်တာတို့၊ Secondary Beam လာဆက်တာတို့ အစရှိသည်တို့ကို လုပ်ခွင့် မရှိပါဘူး။


ကျေးဇူးတင်ပါတယ်။


Credit


အောင်ဆုမြတ်


9 May 2017

mmmm









Sunday, January 28, 2018

Load Factors..

ဒီတစ်ခါ Load Factors တွေအကြောင်း ရှုပ်နေတာတွေကို နည်းနည်း ရှင်းကြည့်ပါမယ်။

Load Factor တွေအနေနဲ့
U = 1.4DL + 1.7 LL
U = 1.2DL + 1.6 LL
ဆိုတဲ့ မတူညီတဲ့ အခြေခံ Load Combination Equation နှစ်ခုကို တွေ့ဖူးကြပါမယ်။

1.4DL + 1.7 LL ကို Nilson's ရဲ့ Design of Concrete Structures 12th Edition မှာ အသုံးပြုပြီး Steel r ဆိုတဲ့ စာအုပ်မှာတော့ 1.2DL + 1.6 LL ဆိုတဲ့ Load Combination ကို အသုံးပြုတာ တွေ့ရပါတယ်။

နည်းပညာ ကျောင်းတွေမှာ RC သင်ရိုးအနေနဲ့ သင်ရတဲ့ Nilson's ရဲ့ Design of Concrete Structure 12th Edition စာအုပ်ဟာ 1995 ACI Code ကို အခြေခံထားပြီးတော့ Structures Design and Behavior 4th Edition ရဲ့ Load Combination တွေကိုတော့ ASCE 7-93 ကို အခြေခံထားပါတယ်။ အဲဒါကြောင့်ပဲ ကွဲပြားတဲ့ Load combination တွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ (ASCE 7 ဆိုတာက American Society of Civil Engineers က ထုတ်တဲ့ Minimum Design Loads for Buildings and Other Structures ပဲ ဖြစ်ပါတယ်)

2002 ခုနှစ်မှာ အသစ်ထွက်လာတဲ့ ACI 318-02 မှာ Load Combination တွေကို ASCE 7-98 နဲ့ တူအောင် လုပ်လိုက်တာ တွေ့ရပါတယ်။ ACI 318-02 ရဲ့ Section 9.2 မှာပါ။

အဲဒီလို လုပ်လိုက်တဲ့အတွက် Strength Reduction Factors တွေလဲ ပြောင်းလဲ သွားပါတယ်။ Section 9.3 မှာ အသစ်ပြောင်းလဲသွားတဲ့ Strength reduction factors တွေကို တွေ့ရမှာဖြစ်ပါတယ်။

Nilson's ရဲ့ Design of Concrete Structure 13th Edition ကို ကြည့်ရင် အဲဒီ Factors တွေကို revised လုပ်ထားတာ တွေ့ရပါမယ်။ (U = 1.2DL + 1.6 LL ဖြစ်သွားပါတယ်။ ပြီးတော့ Calculations တွေကိုလဲ Revised လုပ်ထားပါတယ်)

အရင် သုံးနေတဲ့ U = 1.4 DL + 1.6 LL ကိုလဲ ACI 318-02 ရဲ့ Appendix C3 မှာ ဆက်သုံးခွင့်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီအတွက် လိုအပ်တဲ့ Strength reduction factors တွေကိုလဲ Appendix C 3 မှာပဲ ဖေါ်ပြထားပါတယ်။

ဒီနေရာမှာ သတိထားရမှာက သူ့သက်ဆိုင်ရာ Load combination နဲ့ သက်ဆိုင်ရာ Strength reduction factors တွေကို ရွေးချယ် အသုံးပြုဖို့ လိုအပ်ပါတယ်။ ရောပြီး သုံးစွဲလို့မရပါဘူး။

ဒါတွေက Load Combination တွေနဲ့ သက်ဆိုင်ရာ Strength Reduction Factors တွေပါ။


ACI 318-99 and Earlier and Appendix C of Newer ACI Codes

1) For U = 1.4 DL + 1.7 LL

Flexural ............................................................  0.9
Axial Compression_ Spiral Reinforcement ...... 0.75
Axial Compression_ Other Reinforcement ...... 0.70
Shear and Torsion ............................................0.85
Bearing on Concrete ........................................0.70
Post - tensioned Anchorage Zones .................0.85


ACI 318-02 and Later

2) For U = 1.2 DL + 1.6 LL

Flexural ..........................................................  0.9
Axial Compression_ Spiral Reinforcement ..... 0.70
Axial Compression_ Other Reinforcement ...... 0.65
Shear and Torsion ............................................0.75
Bearing on Concrete ........................................0.65
Post - tensioned Anchorage Zones .................0.85

Myanmar National Building Code Drafts မှာ ACI 318-05 ကို Reference လုပ်ဖို့ ညွှန်းဆိုတဲ့အတွက် နောက်ပိုင်းမှာ U = 1.2DL + 1.6LL တွေသုံးတဲ့အခါ မျက်စိမလည်စေဖို့ ရေးသားလိုက်ရပါတယ်။

Credit

Aung Hsu Myat
17.06.2015

Friday, January 26, 2018

Steel Connection တွေအကြောင်း တစေ့တစောင်း (Part 2. Moment Connection)

ဒီတစ်ခါ Structural Steel Connection တွေထဲက Moment Connection အကြောင်း အင်ဂျင်နီယာ ညီငယ်၊ ညီမငယ်တွေ သတိထားမိအောင် နဲနဲ ပြောပြမှာဖြစ်ပါတယ်။

  
Figure 1. Moment Connections Sample

Moment Connection တွေအကြောင်းမပြောခင် Joint နဲ့ Support တွေအကြောင်း နဲနဲပြောပြချင်ပါတယ်။
Joint ဆိုတာက member နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုပြီး ဆက်နေတယ့် နေရာပါ။ Joints တွေထဲမှာ
1. Rigid Joint
2. Pinned Joint နဲ့
3. Semi-Rigid Joint ဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။

Rigid Joint
Rigid Joint ဆိုတာက Joint ကိုလာဆက်တဲ့ Member တွေဟာ တစ်ခုနဲ့တစ်ခု ခိုင်မြဲစွာ (Rigidly) ဆက်စပ်ထားတဲ့ Joint တစ်ခု ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Connection တွေမှာ Joint Deformation မဖြစ်နိုင်တဲ့ Joint မျိုးဖြစ်ပါတယ်။ Joint Deformation ဆိုတာက Load သက်ရောက်တဲ့အခါ Joint မှာ Yielding ဖြစ်ပြီး Member နှစ်ခုကြားက အတွင်းထောင့်တန်ဖိုး ပြောင်းသွားခြင်း ဖြစ်ပါတယ်။ (ဥပမာ Beam Column Joint တစ်ခုမှာ Load သက်ရောက်ပြီးနောက် Joint Member နှစ်ခုကြားက အတွင်းထောင့်ဟာ 90 Degree အမြဲရှိနေတဲ့ Joint မျိုးဖြစ်ပါတယ်။) ဒါပေမယ့် Load ကြောင့် Joint တစ်ခုလုံးအနေနဲ့ကတော့ as a whole အနေနဲ့ rotation ဖြစ်ပေါ်နိုင်ပါတယ်။ Joint Rotation ဖြစ်ရခြင်းအကြောင်းက လာဆက်တဲ့ Member တွေရဲ့ Relative Stiffness ကို မူတည်ပြီး ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အောက်ကပုံက Rigid Joint တစ်ခုရဲ့ပုံဖြစ်ပါတယ်။

Figure 2. Rigid Joint

Pinned Joint

Pin Joint ဆိုတာကတော့ Member Ends တွေ Freely Rotation ဖြစ်နိုင်တဲ့ Joint မျိုးဖြစ်ပါတယ်။ Joint ကို Pin နဲ့လာဆက်တဲ့ Member တွေ Freely rotate ဖြစ်နိုင်တဲ့ Joint မျိုးပါ။ Member တွေမှာ End Moment မရှိတဲ့ Joint မျိုးဖြစ်ပါတယ်။

Semi Rigid Joint

Semi Rigid Joint ဆိုတာက Pin Joint နဲ့ Rigid Joint အမျိုးအစားနှစ်ခုကြားထဲက Joint ပုံစံမျိုးဖြစ်ပါတယ်။ Joint တစ်ခုလုံးအနေနဲ့ Rotation ဖြစ်နိုင်တဲ့အပြင် Load ကြောင့် ဆက်နေတဲ့ member နှစ်ခုရဲ့ကြားက အတွင်းထောင့် ပြောင်းသွားနိုင်တဲ့ (Joint ရဲ့ Rigidity ကြောင့် Joint Deformation ဖြစ်သွားနိုင်တဲ့) Joint မျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Joint ကိုလာဆက်နေတဲ့ Member တွေကို Connection တွေက ၁၀၀% rotation restrain မလုပ်ပေးနိုင်တဲ့ Joint အမျိုးအစားဖြစ်ပါတယ်။

Figure 3. Semi Rigid Joint

Supports

Support ဆိုတာက Member တွေကို ထောက်မထားတဲ့ နေရာတွေကို ခေါ်ခြင်းဖြစ်ပါတယ်။ Support တွေကို Theoretical အားဖြင့် Roller, Pin နဲ့ Fixed Supports တွေရယ်လို့ဆိုပြီး ခွဲခြားထားပါတယ်။

Pinned Support

Pin Support ဆိုတာက Member ရဲ့ End Moment မရှိတဲ့ Support အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Member တစ်ခုဟာ Joint တစ်ခုကို Simple Connection နဲ့ လာဆက်ရင် အဲဒီ Member အတွက် Pin Support အဖြစ်ယူဆနိုင်ပါတယ်။ (Pin Supports တွေအကြောင်းကို Simple Connection Notes မှာ ကြည့်နိုင်ပါတယ်။)

Fixed Support

Fixed Support ကတော့ Member တွေရဲ့ End rotation ကို Fully restrained လုပ်ထားတဲ့ Support မျိုးဖြစ်ပါတယ်။ အောက်ကပုံက Cantilever Beam တစ်ချောင်းအတွက် End Rotation မရှိတဲ့ Fixed Support တစ်ခုရဲ့ ပုံဖြစ်ပါတယ်။

Figure 4. Fixed Support

Actual Building Frame တွေမှာတော့ Member တွေရဲ့ ဆက်ထားတဲ့ Joints တွေဟာ rotation ဖြစ်နိုင်တာရယ်၊ Joint Deformation ဖြစ်နိုင်တာတွေရယ်ကြောင့် Fixed Action ကို ရနိုင်ဖို့ ခဲယဉ်းပါတယ်။

ဥပမာအားဖြင့် Column တွေကို Effective Length ရှာတဲ့အခါ Column တွေရဲ့ Ends တွေမှာ ဘယ်လောက် Restraint ရှိလဲ (တနည်းအားဖြင့် Fixity ဘယ်လောက်ရှိလဲ) ဆိုတာ ရှာဖို့လိုအပ်ပါတယ်။ အဲဒီ Fixity ရမှသာ Column ရဲ့ Effective Length ကို Code တွေမှာ ဖေါ်ပြထားတဲ့ Graph တွေကနေ ပြန်ရှုာရမှာ ဖြစ်ပါတယ်။
Sample အနေနဲ့ အောက်မှာ ဖေါ်ပြထားတဲ့ BS 5950 က Column Effective Length ရှာတဲ့ Graph ကို လေ့လာနိုင်ပါတယ်။ ဒီပုံကို ကြည့်ခြင်းအားဖြင့် Building Frame ရဲ့ End Condition တွေက အများအားဖြင့် Pinned နဲ့ Fixed အခြေအနေ ၂ ခုကြားမှာ ရှိတာကို တွေ့ရမှာပါ။ Pin နဲ့ Fix က Boundary Condition အခြေအနေ နှစ်ခု ပုံစံမျိုး ဖြစ်နေပါတယ်။ (ဒီ Graph တွေအတွက် Joint တွေကို Rigid Joint အနေနဲ့သာ စဉ်းစားတာ ဖြစ်ပါတယ်)။

 
Figure 5. Effective Length of Column as per BS 5950

အောက်က ပုံကတော့ AISC Code က Braced Frame အတွက် Column Effective Length ရှာတဲ့ပုံပါ။

 
Figure 6. Effective Length of Column as per ANSI/AISC 360-10

Connection
Connection ဆိုတာက Member တစ်ခုကနေ အခြားတစ်ခုကို ခံဆောင်ရတဲ့ အားတွေလွှဲပြောင်းပေးရတဲ့ အဆက်ကို ခေါ်ခြင်းဖြစ်ပါတယ်။
(Connections are used to transfer the forces from one member to another)

Steel structure တွေမှာ Connection Types တွေအနေနဲ့
1. Simple connection နဲ့
2. Moment connection ဆိုပြီး နှစ်မျိုးရှိပါတယ်။

Simple connection က shear Force only ကို transfer လုပ်ပြီး Moment Connection က Moment ရော shear Force ရော Bending Moment ပါ transfer လုပ်ပေးတဲ့ Connection မျိုး ဖြစ်ပါတယ်။

အဲဒီ Moment connection ထဲမှာ transfer လုပ်နိုင်တဲ့ Moment ပမာဏကိုမူတည်ပြီး rigid နဲ့ semi-rigid ဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ်။ 
Actual Steel Frame Connections တွေမှာ Simple, Rigid နဲ့ Semi-Rigid Connections တွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

 
Figure 7. Types of Connections

ဒီပုံကတော့ Structural Steel Moment Connection တစ်ခုမှာ End Moment ကြောင့် Joint Deformation ဖြစ်ပေါ်တဲ့ ပုံဖြစ်ပါတယ်။ ဒီလို Joint Deformation ဖြစ်ပေါ်တဲ့အခါ Joint ဟာ Rigid မဟုတ်တော့ဘဲ Semi-rigid ဘ၀ကို ရောက်သွားပါတယ်။

Figure 8. Moment Connection: Joint Deformation

Rigid Connection တစ်ခုဖြစ်အောင် Design ပြုလုပ်ရာမှာ ထည့်သွင်း တွက်ချက်ရမယ့် အချက်များစွာ ရှိပါတယ်။ ဒီ Post မှာတော့ Rigid Connection တစ်ခုကို ဘယ်လို Design လုပ်တယ်ဆိုတာထက် Design/Detailing လုပ်ရာမှာ နဲ့ Fabrication လုပ်သတိထားရမယ့် အချက်လေးတွေကို အထူးပြုရေးသားသွားမှာ ဖြစ်ပါတယ်။
Structural Analysis လုပ်ရာမှာ Rigid လို့ ယူဆပြီး လုပ်ထားတဲ့ Joints တွေ Rigid အခြေအနေကနေ လျော့ကျသွားတဲ့အခါ (Semi-Rigid အခြေအနေ ရောက်သွားတဲ့အခါ) Building Frame ရဲ့ Behaviour ကလဲ Initial Assumed လုပ်ထားတဲ့ အခြေအနေနဲ့ တူတော့မှာ မဟုတ်ပါဘူး။ အဲဒီလိုအခြေအနေမျိုးဟာ Structure ရဲ့ Stability ကိုတောင် Affect ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ (ဥပမာအားဖြင့်ဆိုသော် Portal Frame တစ်ခုမှာ Rigid Joint တွေကို Pin အဖြစ်ပြောင်းလိုက်ရင် Stable မဖြစ်တော့သလိုမျိုးပါ။ အောက်က ပုံပါအတိုင်းဖြစ်ပါတယ်)။

Figure 9. Portal Frame Sample

ဒီတော့ Moment Connection တစ်ခု Design လုပ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေကို Extended End Plate Connection တစ်ခုကိုအခြေခံပြီး ပြောပြသွားပါမယ်။

Extended End Plate Connection
အောက်ကပုံကတော့ Extended End Plate Moment Connection တစ်ခုမှာ ဖြစ်ပေါ်တဲ့ Internal Stress တွေကို သရုပ်ဖေါ်ရှင်းလင်းထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ Stress Condition တစ်ခု Fail/Yielding ဖြစ်တာနဲ့ Connection မှာ Deformation တွေဖြစ်လာပြီးတော့ Rigid Connection အခြေအနေကနေ လျော့ကျ သွားနိုင်ပါတယ်။

 
Figure 10. Extended End Plate Connection

ဒီ Connection မှာ
"a" က Bolt မှာဖြစ်လာတဲ့ Tension ပါ။ ဒီကနေ No. of Bolt နဲ့ Size of Bolt ကို Design လုပ်ရမှာဖြစ်ပါတယ်။

"b" ကတော့ End Plate ပေါ်မှာဖြစ်လာတဲ့ Bending ကို ပြတာဖြစ်ပါတယ်။ End Plate ရဲ့ Thickness ဘယ်လောက်လိုတယ်ဆိုတာကို ဒီကနေ တွက်ယူရပါမယ်။ ဒါမှမဟုတ် အောက်ကပုံအတိုင်း End Plate ကို Stiffener Plate ထည့်ပေးလို့လဲ ရပါတယ်။

Figure 11 Extended End Plate Stiffener

"c" ကတော့ Tensile force ကြောင့် Column ရဲ့ Flange မှာ Bending ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒီအတွက် Tension Stiffener ကို ထည့်ပေးနိုင်ပါတယ်။

"d"  Tensile Force ကြောင့် Beam ရဲ့ Web မှာ ဖြစ်ပေါ်တဲ့ Tension stress ဖြစ်ပါတယ်။

"e" က Column ရဲ့ Web မှာဖြစ်ပေါ်တဲ့ Tension Stress ဖြစ်ပါတယ်။ Column ရဲ့ Web မှာ Tension Stiffener ထည့်ပေးနိုင်ပါတယ်။ အောက်ကပုံက Tension Stiffener ထည့်ပုံဖြစ်ပါတယ်။

Figure 12 Tension Stiffeners

"f" ကတော့ Flange နဲ့ End Plate ကို ဆက်ထားတဲ့ Weld ပါ။ Flange မှာ ဖြစ်ပေါ်နေတဲ့ Tension Force ကို ခံနိုင်ရည်ရှိအောင် Weld ကို Design လုပ်ရမှာ ဖြစ်ပါတယ်။

"g" ကတော့ Beam ရဲ့ Web နဲ့ End Plate နဲ့ ဆက်ထားတဲ့ Weld ဖြစ်ပါတယ်။ Beam ရဲ့ Shear Force ကို ထမ်းဆောင်နိုင်ဖို့ Design လုပ်ရမှာ ဖြစ်ပါတယ်။

"h" ကတော့ Connection က Moment (Tension at top flange and Compression at bottom flange) ကြောင့် Column ရဲ့ Web မှာ ခံဆောင်ရတဲ့ Shear ဖြစ်ပါတယ်။

"j" ကတော့ Beam ရဲ့ Flange က ခံဆောင်ရတဲ့ Compression ပါ။

"k" က Beam ရဲ့ Flange နဲ့ End Plate ကို ဆက်ထားတဲ့ Weld ဖြစ်ပါတယ်။ ဒီ Connection မှာ Compression ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

"l"  က Column ရဲ့ Web မှာ ခံဆောင်ရတဲ့ Compressive Force ဖြစ်ပါတယ်။ Column ရဲ့ Web က Beam ကနေ သက်ရောက်တဲ့ Compressive Force ကို မခံနိုင်ဘူးဆိုရင် Column ရဲ့ Web မှာ Compression Stiffener ထည့်ပေးရမှာ ဖြစ်ပါတယ်။

Figure 13. Compression Stiffeners

"n" ကတော့ Bolts တွေမှာ ခံဆောင်ရတဲ့ Shear Force ဖြစ်ပါတယ်။

"p" ကတော့ Bolts တွေရဲ့ Bearing Capacity ပါ။ End Plate နဲ့ Column ရဲ့ Flange တွေက Bolt တွေအတွက် Bearing Capacity ကို ခံနိုင်ရည်ရှိမရှိ တွက်ချက်ယူရမှာ ဖြစ်ပါတယ်။

အောက်ကပုံက Stiffener တွေထည့်ထားတဲ့ Rigid Joint တစ်ခုပုံပဲ ဖြစ်ပါတယ်။

Figure 14 Rigid Connection With Stiffener Plates

ထို့အတူပါပဲ Beam က Column ရဲ့ Web ကို ဆက်မယ်ဆိုရင်လဲ Beam ဆီက Moment တွေကို Column ဆီကို ရောက်အောင် Transfer လုပ်ရမှာ ဖြစ်ပါတယ်။ ဒီ Case မှာလဲ Minor Axis မှာ Column ရဲ့ Flange ကသာ Moment ကို Resist လုပ်တာမို့ Column ရဲ့ Beam Connection ကို Column ရဲ့ Flange နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ (Column ရဲ့ Flange ကို မဆက်မိပါက Moment တွေကို Transfer လုပ်နိုင်မှာ မဟုတ်ပါဘူး။)

Figure 15. Beam to Column Web Moment Connection

အချုပ်အားဖြင့်ဆိုသော် Rigid Joints တွေအတွက် သူ့Function ကို ထမ်းဆောင်နိုင်စေဖို့ Detailing တွေ Stiffener Plate တွေဟာ အရမ်းကို အရေးကြီးပါတယ်။ Connection တွေကို သေချာ Design မလုပ်ခဲ့ရင်၊ သို့မဟုတ် Stiffener Plate တွေထည့်ရမယ့်နေရာတွေမှာ မထည့်မိခဲ့ရင်၊ သို့မဟုတ် connection ကို သေချာစွာ မလုပ်ထားခဲ့ရင် Joint ရဲ့ Capacity လျော့ကျသွားနိုင်ပြီးတော့ Structure ရဲ့ Stability ကို များစွာ ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။ Steel Structure တွေမှာ အရေးကြီးလှတဲ့ Connection တွေရဲ့ Detailing ပိုင်းတွေကို အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေကို အလေးအနက်ထားစေလိုတဲ့ ဆန္ဒနဲ့ ရေးသားလိုက်ရပါတယ်။
 Credit
Aung Hsu Myat
03 March 2015

BS Code and Euro Code တွေနဲ့ Design တွက်ချက်နည်းတွေကို အောက်ပါလင့်တွေမှာ လေ့လာနိုင်ပါတယ်။

Joints in Moment Connection (BS Code)

P398: Joints in Steel Construction: Moment-Resisting Joints (Euro Code) 

Steel Connection တွေအကြောင်း တစေ့တစောင်း (Part 1. Simple Connection)

ကျွန်တော် Structural Steel Connection တွေထဲက Simple Connection နဲ့ Moment Connection အကြောင်း အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေ ဗဟုသုတရအောင် နည်းနည်း ဆွေးနွေး ပြောပြချင်ပါတယ်။ (ဝေဖန်ဆွေးနွေးစရာရှိတာ တွေကိုလဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးနိုင်ပါတယ်)

ကျွန်တော်တို့ Structural Analysis လုပ်တဲ့အခါမှာ Ideal Support Condition အခြေအနေ ၃ မျိုးရှိပါတယ်။ အဲဒါတွေက Roller, Pin နဲ့ Fixed Connection တို့ပဲ ဖြစ်ကြပါတယ်။ အောက်ကပုံတွေက Connection တွေရဲ့ သင်္ကေတတွေဖြစ်ကြပါတယ်။
Figure 1 Joints and Symbols

ပုံ (a) အရဆိုရင် Roller Support ဆိုတာက X direction မှာ ချုပ်ထားတဲ့ အားမရှိတဲ့အတွက် လွတ်လပ်စွာ ရွေ့လျားနိုင်တယ်။ Y Direction မှာက Vertical Reaction တစ်ခုရှိတယ်။ ပြီးတော့ လွတ်လပ်စွာ rotation ဖြစ်နိုင်ပါတယ်။ (တနည်းဆိုသော် Resisting Moment မရှိပါ)။ Actual Structural တွေအနေနဲ့ဆိုရင် အပူချိန်ကြောင့် Span အရှည် အပြောင်းအလဲ ဖြစ်နိုင်တဲ့ တံတားလို Structure မျိုးနဲ့ Long Span Truss တွေမှာ အသုံးပြုကြပါတယ်။

ပုံ (b) မှာတော့ Hinge Support ဖြစ်ပါတယ်။ X Direction အတိုင်းပါ မရွေ့နိုင်အောင် ချုပ်ထားပါတယ်။ အဲဒါကြောင့် X နဲ့ Y Direction တွေမှာ Reaction တွေရှိနေတာကို တွေ့ရမှာပါ။ Resistant Moment မရှိတဲ့အတွက် roller လိုပဲ လွတ်လပ်စွာ rotation ဖြစ်နိုင်ပါတယ်။

ပုံ (c) မှာတော့ Fixed Support ပါ။ ဘယ်လိုမှ လှုပ်လို့မရအောင် ချုပ်ထားတာကို တွေ့ရမှာပါ။ သူ့အတွက် X Direction ရော Y Direction မှာပါ Resistance Force တွေရှိတဲ့အပြင် rotation မဖြစ်နိုင်အောင် ချုပ်ထားတဲ့ Resisting Moment တစ်ခုကိုပါ တွေ့ရမှာပါ။

ဒီ ပို့စ်မှာ Structural Steel Connection တွေထဲက Simple Connection တွေအကြောင်းကို ကျွန်တော် နားလည်သလောက် ပြောပြသွားမှာပါ။

What is Simple Connection?

Simple Connection ဆိုတာက Moment ခံနိုင်ရည်မရှိတဲ့ Connection တွေပါ။ Analysis လုပ်တဲ့အခါ Pin Support လို့လဲ ယူဆတဲ့ Connection တွေဖြစ်ပါတယ်။ အောက်ကပုံတွေက Pin စစ်စစ်တွေ ပါတဲ့ Pure Pin Connection တွေဖြစ်ပါတယ်။

Figure 2 Pure Pin Connections

တကယ်တန်းတော့ Simple Connection စာရင်းထဲမှာ Pin စစ်စစ်တွေသာမက အခြားသော Connection ပုံစံမျိုးတွေပါ ပါဝင်ပါတယ်။ Simple Connection တွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
Figure 3 Definition of Simple Connection

ဒီတော့ Simple Connection ဆိုတာ ဘာလဲဆိုတော့ Member တစ်ခုရဲ့ Moment ကို သူဆက်မယ့် Member ဆီကို Transfer မလုပ်နိုင်တဲ့ Connection အမျိုးအစားပဲ ဖြစ်ပါတယ်။ အောက်ကပုံက Steel I Beam တစ်ချောင်းကို Steel Column တစ်ခုနဲ့ ဆက်ထားတဲ့ပုံပါ။ I Beam မှာ Flange တွေက Moment ကို Resist လုပ်ပြီးတော့ Web က Shear ကို Resist လုပ်ပါတယ်။ ဒီ Connection မှာ I Beam ရဲ့ Web ကိုသာ Steel Column နဲ့ ဆက်ထားတဲ့အတွက် I Beam ဆီက Shear ကိုပဲ Column ဆီကို Transfer လုပ်နိုင်တာ တွေ့ရပါတယ်။ တနည်းအားဖြင့်ဆိုသော် Flange တွေကို Column နဲ့ မဆက်ထားတဲ့အတွက် Flanges တွေမှာ Moment ကြောင့်ဖြစ်ပေါ်တဲ့ Tension နဲ့ Compression Force တွေကို Column ဆီကို Transfer မလုပ်နိုင်ပါဘူး။ ဒီတော့ ဒီ Connection ဟာ Horizontal Reaction နဲ့ Vertical Reaction တွေသာရှိတဲ့ Pin Support ဖြစ်ပါတယ်။ Beam အတွက်ကတော့ End Moment = 0 ဖြစ်ပါမယ်။

Figure 4 Beam Column Joint for Simple Connection

ဒီလို Connection မျိုးမှာ Beam ရဲ့ End Moment ကို "0" အနေနဲ့ ယူလို့ရပေမယ့် Column ကို Design လုပ်တဲ့အခါ Connection ရဲ့ Eccentricity ကြောင့် ဖြစ်လာတဲ့ Moment ကို ထည့်သွင်း စဉ်းစားပေးဖို့ လိုပါတယ်။ Eurocode အရဆိုရင် Beam ရဲ့ Vertical Reaction ကို Column Face ကနေ 100mm အကွာမှာ ပေးပြီး ဖြစ်လာတဲ့ Moment ကို Column Design လုပ်ရာမှာ ထည့်သွင်း စဉ်းစားပေးရပါတယ်။ အောက်က ပုံတွေမှာ ကြည့်နိုင်ပါတယ်။

Figure 5 Column Moment due to Eccentricity of Loading

Column Base Plate

နောက် ဥပမာတစ်ခု ပြောပြချင်တာက Column Base Plate ပါ။ Column Base Plate အနေနဲ့ Axial Force နဲ့ Shear ကိုသာ Transfer လုပ်နိုင်မယ်ဆိုရင် Simple Connection ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Pin Connection အနေနဲ့ ယူဆနိုင်ပါတယ်။

Figure 6 Column Base Plate

Column Base Plate connection တွေမှာ Moment ခံနိုင်ရည်အား လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ Plate ရဲ့ အထူအပါး၊ Anchor Bolt တွေရဲ့ Capacity၊ Bolt Spacing စသည်တို့အပေါ်မူတည်ပြီး Moment ခံနိုင်ရည် အထိုက်အလျောက်တော့ ရှိပါတယ်။ Base Plate တွေပါးတဲ့အခါ Column ရဲ့ Moment ဟာ Base Plate မှာ Bending Action ဖြစ်စေနိုင်ပါတယ်။ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

Figure 7 Bending of Column Base Plate Due to Moment


အဲဒီအခါကျတော့ Base Plate Connection ရဲ့ Moment ခံနိုင်ရည်အားဟာ Base Plate ရဲ့ Bending ခံနိုင်ရည်အားအပေါ် မူတည်သွားပါမယ်။ ဒါ့အပြင် Base Plate က Flexible ဖြစ်တဲ့အတွက် Base Material အပေါ်မှာ Localized High Compression Zone တွေလဲ ဖြစ်စေပြီး Joint Rotation ကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လွယ်လွယ်ကူကူအနေနဲ့ Moment Capacity ကို ထည့်သွင်းမစဉ်းစားပဲ Pin Joint အနေနဲ့ ယူဆတာပါ။ (Moment Connection အဖြစ်ပြောင်းချင်ရင်တော့ Stiffener Plate တွေ ထည့်ပေးဖို့လိုပါတယ်)

အောက်က ပုံတွေက Typical Simple Connections တွေရဲ့ ပုံတွေပဲဖြစ်ပါတယ်။


Figure 8 Typical Simple Connections

Simple Connection တွေအကြောင်း အသေးစိတ်ကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်။


နောက်အပိုင်းမှာတော့ Structural Steel Moment Connection အကြောင်းတွေ ဆွေးနွေးပြောပြပါမယ်။

Credit
Aung Hsu Myat
22 Feb 2015

စင်ကာပူမြို့ရဲ့ လမ်းစနစ်အချို့အကြောင်း

သွားရင်းလာရင်း တွေမြင်ခဲ့ရတဲ့ အတုယူသင့်တဲ့ စင်ကာပူရဲ့ လမ်းစနစ်လေးအချို့ကို နည်းနည်း ပြောပြချင်ပါတယ်။

စင်ကာပူ နိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပြီးတော့ area အနေနဲ့ 276.5 စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြ ဧရိယာက 231.2 စတုရန်းမိုင်ရှိတဲ့အတွက် ရန်ကုန်မြို့နဲ့ မတိမ်းမယိမ်း အကျယ်အ၀န်းရှိတယ်လို့ ဆိုရမှာပါ။ 2014 စာရင်းဇယားတွေအရ စင်ကာပူမှာ လူဦးရေ 5.47 သန်းရှိပြီးတော့ LTA စာရင်းဇယားတွေအရ မော်တော်ဆိုင်ကယ် ၁ သိန်းခွဲ ခန့် အပါအ၀င် စုစုပေါင်း မော်တော်ယာဉ် အရေအတွက် တစ်သန်းနီးပါး (971,871 as of June 2014) ရှိပါတယ်။ ဒါ့အပြင် Malaysia Registered Car များလဲ နေ့စဉ် ၀င်ရောက်လျက် ရှိပါတယ်။ (အဲ ရန်ကုန်မှာတော့ registered မော်တော်ယာဉ် အရေအတွက်က ၄ သိန်းကျော်လို့ သိရပါတယ်။ သို့သော် အဲဒီ မော်တော်ယာဉ် အားလုံးတော့ ရန်ကုန်မှာ ရှိတာမဟုတ်ပါ။) သို့သော်လည်းပဲ တစ်ခါတစ်ရံ Accident ဖြစ်လို့ ဖြစ်တဲ့ လမ်းပိတ်ဆို့မှုမျိုးမှအပ ဆိုးရွားလှတဲ့ ကားကြပ်မှုမျိုးကို စင်ကာပူမှာ မတွေ့မြင်ရပါ။ ကုန်းမြေ ဧရိယာ ရှားပါးပေမယ့် လမ်းတွေအတွက် လုံလောက်တဲ့ ဧရိယာ ပမာဏ စီမံပေးထားတာကို တွေ့ရပါတယ်။ နောက်ပြီး ကားပါကင်လဲ လုံလောက်စွာ စီမံပေးထားတာ တွေ့ရပါတယ်။

Expressway များ

ဒီပုံက စင်ကာပူမြို့ရဲ့ Expressway Map ဖြစ်ပါတယ်။ Expressway တွေ တစ်မြို့လုံးကို လွှမ်းခြုံထားတာ တွေ့ရပါတယ်။ 2014 LTA စာရင်းဇယားတွေအရ စင်ကာပူနိုင်ငံမှာ Expressway 164km အပါအ၀င် စုစုပေါင်း လမ်းအရှည် 3452 km ရှိပါတယ်။

figure 1

ဒီဓါတ်ပုံက Expressway ပေါ် Bus ကားနဲ့ ဖြတ်သန်းသွားလာခဲ့ချိန်မှာ ရိုက်ထားတာပါ။ ဒီပုံမှာ လမ်းရဲ့ ဘယ်ဘက်မှာ ကျယ်ဝန်းတဲ့ road shoulder တွေတွှေ့ရသလို လမ်းခွဲတဲ့နေရာမှာလဲ အ၀ါရောင် ရောင်ပြန်နဲ့ပြထားတဲ့ Crush Cushion ဆင်ထားတာ တွေ့ရမှာပါ။ Crush Barrier များကိုလဲ လမ်းဘေးဝဲယာနဲ့ လမ်းလယ်ကျွန်းတောက်လျှောက်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ လမ်း ယောင်ယောင်လေးကွေ့သွားတဲ့ နေရာမှာလဲ အချက်ပြ ရောင်ပြန်ဆိုင်းဘုတ်များ တပ်ဆင်ထားတာ တွေ့ရပါတယ်။

Figure 2

Crush Cushion ဆိုတာကတော့ တကယ်လို့ ယာဉ်တိုက်မှု ဖြစ်ခဲ့ရင် အပျက်အစီး သက်သာစေဖို့ တပ်ဆင်ပေးတဲ့ အရာဖြစ်ပါတယ်။ အောက်က ပုံတွေက စင်ကာပူက Expressway ပေါ်မှာ တပ်ဆင် အသုံးပြုတဲ့ Crush Cushion ပုံတွေဖြစ်ပါတယ်။ (ရန်ကုန်မှာတော့ ကွန်ကရစ်တုံးတွေ ပြီးစလွယ်ချထားပြီး လူကြီးမင်းတွေကလဲ လူ့အသက်တွေထက် သူတို့ရဲ့ ကွန်ကရစ်တုံးတွေကို ပိုတန်ဖိုးထားတာကို ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။)


Figure 4

Road Junction များ

နောက်တစ်ခု ပြောချင်တာက Road Junction တွေအကြောင်းပါ။ အောက်ကပုံကတော့ Road Junction တစ်ခုရဲ့ ပုံပါ။ LTA ကထုတ်တဲ့ Code of Practice on Street Work Proposal ထဲကနေ ထုတ်နှုတ်ယူထားခြင်းဖြစ်ပါတယ်။ (အသေးစိတ်သိချင်ရင်တော့ ဒီလင့်မှာ ရယူနိုင်ပါတယ်။http://www.lta.gov.sg/content/dam/ltaweb/corp/Industry/files/COP-Appendices/RT-COP-V1.1.pdf)

Figure 5

Road Junction တွေမှာ ကွေ့ကြောအတွက် လမ်းသီးသန့် ထားပေးတာ တွေ့ရပါတယ်။ ပုံအရ 2 lane road တွေမှာ Junction ရောက်ခါနီး ကွေ့ကြောအတွက် အပို Lane နှစ်ခု ထပ်ထားထားတဲ့အတွက် 4 Lane road ဖြစ်သွားပါတယ်။ ဒီလိုစီမံထားခြင်းအားဖြင့် တည့်တည့်သွားမယ့် ကားတွေနဲ့ ကွေ့ကြောကိုသွားမယ့်ကားတွေ လမ်းသီးခြားစီ နေရာယူကြလို့ မလိုလားအပ်တဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေပါတယ်။

အောက်ကဓါတ်ပုံက ကျနော့် ဆိုဒ်နားက Road Junction တစ်ခုပုံပါ။

Figure 6

Bus Stop and Bus Bay

နောက်တစ် ချက် ပြောချင်တာပ Bus ကား မှတ်တိုင်တွေပါ။ Bus ကားမှတ်တိုင်တွေမှာ Bus ကားတွေရပ်ဖို့ (Bus Bay လို့ခေါ်တဲ့)နေရာသီးသန့် လုပ်ထား ပေးထားပါတယ်။ အဲဒီလို လုပ်ထားခြင်းကြောင့် Bus Stop မှာ Bus ကား ရပ်တဲ့အခါ လမ်းပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေတော့ပါ။ အောက်ကပုံကတော့ Bus မှတ်တိုင် (Bus Bay) တစ်ခု ပုံဖြစ်ပါတယ်။


Figure 8

ဒီဓါတ်ပုံမှာ တစ်ခုတွေ့ရတာက ကားလမ်းမှာ Lane တစ်ခုစီသာ ရှိပေမယ့် လမ်းလယ်မှာ (လမ်းလယ်ကျွန်း) Median Kerb ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။ (ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းလို ၆ လမ်းသွား လမ်းမှာတောင် လမ်းလယ် Median Kerb မလုပ်ထားတာ တွေ့ခဲ့ရပါတယ်။)

လမ်းပန်း ဆက်သွယ်ရေးဟာ လူမှုရေး စီးပွားရေးတွေကို များစွာ အကျိုးသက်ရောက်စေပါတယ်။ အခုလဲ ရန်ကုန်မှာ ပြည်သူပြည်သား များစွာဟာ စနစ်မကျတဲ့ လမ်းစနစ်တွေပေါ်မှာ အချိန်ပေါင်းများစွာ မလိုလားအပ်ပဲ ဆုံးရှုံးနေတဲ့အပြင် များပြားလှတဲ့ Accident တွေကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကိုလည်း ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။လမ်းပေါ်မှာ အချိန်မကုန်စေဖို့နဲ့ အသက်အန္တရာယ်ကင်းစေဖို့ စနစ်ကျတဲ့ လမ်းစနစ်တခု အမြန်ပြောင်းလဲဖို့လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

LTA ရဲ့ Standard Detail of Road Elements တွေကို ဒီလင့်မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။

Credit 
Aung Hsu Myat
16 Jan 2015

Saturday, January 6, 2018

Construction Joints

Construction Joints

Construction Joint ဆိုတာ ဘာလဲ?

ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)

Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?

Construction Joint တွေ ပြုလုပ်ရာမှာ ကွန်ကရစ် အဟောင်းနဲ့ အသစ် ကောင်းစွာ မြဲမြံစေဖို့နဲ့ ရေလုံဖို့အတွက် သတိထားရမယ့် အချက်တချို့ ရှိပါတယ်။ အဲဒါတွေက ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ဟာ သန့်ရှင်းဖို့ လိုပြီး Laitance လို့ခေါ်တဲ့ ကွန်ကရစ်အနှစ်ရေကြောင့် ဖြစ်လာတဲ့ အလွှာတွေ မရှိနေဖို့ လိုအပ်ပါတယ် (ACI311.1R)။ တကယ်လို့သာ ကွန်ကရစ် အဟောင်းနဲ့ အသစ် လောင်းချိန် အနည်းငယ်သာ ကွာခြားမယ်ဆိုပါက (ကွန်ကရစ် အဟောင်းသည် မခဲမာသေးပါက) loose particles တွေ၊ ဖုန်တွေသဲတွေနဲ့ အဲဒီ အနှစ်ရည်အလွှာတွေ ဖယ်ထုတ်ပေးရပါမယ်။ ပြီးရင် ကွန်ကရစ် အသစ်ကို ထပ်လောင်းတဲ့အခါ သေချာစွာ Vibrate လုပ်ပေးပါက ကွန်ကရစ် အသစ်တွေဟာ ကောင်းစွာ ဆက်စပ်သွားမှာ ဖြစ်ပါတယ်။
ကွန်ကရစ်အဟောင်း လောင်းပြီး အချိန်အတန်ကြာပြီးမှပဲ ကွန်ကရစ်အသစ်လောင်းမယ်ဆိုပါက Joint ရဲ့ မျက်နှာပြင်ကို လိုအပ်တဲ့ preparation တွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကွန်ကရစ်က ပျော့သေးတယ်ဆိုပါက Air-Water Jet ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ wire brush ကို အသုံးပြုခြင်းဖြင့်လည်းကောင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ကွန်ကရစ် မာသွားပြီဆိုရင်တော့ အားပြင်းတဲ့ high pressure water Jet တွေကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးရပါမယ်။ (တခါတလေမှာ မကောင်းတဲ့ ကွန်ကရစ်သားတွေကို hacking ထိုးပြီး ဖယ်ထုတ်ပေးရပါတယ်။)

ACI 318 အရ ကွန်ကရစ် အသစ် မလောင်းခင်မှာ ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ကို စိုစွတ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီ Joint နေရာမှာ ရေအများအပြား အိုင်နေလို့တော့ မရပါဘူး။ အနည်းငယ် စိုစွတ်ရုံသာ လုပ်ပေးရပါမယ်။

Joints တွေ ဘယ်နေရာမှာ ထားမလဲ?

Construction Joint တွေကို ဘယ်နေရာမှာ ထားမလဲဆိုတာ သေချာ စဉ်းစား ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Construction Joints တွေဟာ Structure ရဲ့ Integrity ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်မယ့် နေရာမျိုးမှာပဲ ရွေးချယ်သတ်မှတ်သင့်ပါတယ်။

Beam and Slab

Beam and Slab တွေအတွက်ဆိုရင် Construction Joints တွေဟာ Main Reinforcement တွေနဲ့ ထောင့်မှန်အနေအထားအတိုင်း ရှိရမှာ ဖြစ်ပြီး ထားသင့်တဲ့ နေရာတွေက Shear Force အနည်းဆုံး ဖြစ်တဲ့နေရာ သို့မဟုတ် Point of Contraflexure လို့ခေါ်တဲ့ Negative moment ကနေ Positive Moment ပြောင်းတဲ့ အမှတ်နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် Joints တွေကို mid span သို့မဟုတ် Middle third of the Span (Span ကို သုံးပိုင်းပိုင်းရင် span ရဲ့ အလယ်ဘက်ကျတဲ့ သုံးပုံတစ်ပုံ အစိတ်အပိုင်းအတွင်း) ထားပေးလေ့ ရှိကြပါတယ်။ Beam နဲ့ Girder ဆုံတဲ့ နေရာတွေမှာ ဆိုရင်တော့ ACI 318 အရ Girder ပေါ်က Construction Joint ဟာ Beam ကနေ Beam အကျယ် ၂ ဆ အကွာအဝေးမှာ ထားပေးဖို့ လိုအပ်ပါတယ်။

Beam နဲ့ Slab တွေမှာ Horizontal Construction Joint တွေထားဖို့ကတော့ recommend မပေးကြပါဘူး။ ပုံမှန်အားဖြင့် Beam နဲ့ Slab တွေကို တစ်ဆက်ထဲ monolithically လောင်းကြတာ များပါတယ်။ ဒါပေမယ့် Beam တွေ Girder တွေ ရဲ့ Depth အလွန်များတဲ့အခါမျိုးမှာ Beam တွေကို Slab Soffit level အထိ အရင်လောင်းပြီး အဲဒီအပေါ်မှာ Slab ကို Separate operation အနေနဲ့ လောင်းနိုင်ပါတယ်။ (Hunter 1953 က recommends ပေးထားတာ ဖြစ်ပါတယ်)။ ဒီလိုအခြေအနေမျိုးမှာ Surface ၂ ခုရဲ့ကြားမှာ Horizontal Shear ကြောင့် slip ဖြစ်နိုင်တဲ့အတွက် ACI 318 အရ လုံလောက်တဲ့ Shear transfer ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ Shear Transfer ကိုတော့ ကွန်ကရစ် အဟောင်းနဲ့ အသစ်ကြားက friction (ပွတ်တိုက်မှု) နဲ့ ဒီ Joint ကို ဖြတ်သွားတဲ့ Reinforcement တွေရဲ့ Dowel Action တွေကနေ ရရှိပါမယ်။ Shear key တွေကိုတော့ spalling ဖြစ်နိုင်တဲ့အတွက် ထားဖို့ မသင့်တော်ပါဘူး။ (Fintel 1974) တကယ်လို့သာ ကွန်ကရစ်လောင်းတာကို သေချာစွာ လုပ်ခဲ့မယ်ဆိုပါက ကွန်ကရစ်အဟောင်းနဲ့ အသစ်အကြားဖြစ်ပေါ်တဲ့ တွဲဆက်မှု (Bond) နဲ့ Cross Reinforcements တွေရဲ့ Dowel Actions တွေဟာ လိုအပ်တဲ့ Shear Transfer ကို ဖြစ်ပေါ်စေဖို့ လုံလောက်မှာ ဖြစ်ပါတယ်။

Column and Wall

Column နဲ့ Wall တွေမှာ ဆိုရင် Construciton Joint တွေကို Beam နဲ့ Slab ရဲ့ အောက်ခြေနေရာ Soffit level မှာ ထားလေ့ရှိပါတယ်။ ပြီးရင် Beam နဲ့ Slab လောင်းပြီးပါက သူ့ရဲ့ အပေါ်မှာ Column အတွက် Construction Joint လုပ်ပေးရမှာ ဖြစ်ပါတယ်။

Reference ACI 224.3R-95 (Reapproved 2001)

Aung Hsu Myat
.

11 June 2016


Northridge Earthquake

Northridge Earthquake

Northridge Earthquake 1994 ဟာ အမေရိကန် အင်ဂျင်နီယာတွေ၊ အထူးသဖြင့် Structural Steel Engineers လောကမှာ အလွန်ထင်ရှားခဲ့တဲ့ ငလျင်တစ်ခုဖြစ်ပါတယ်။

ဒီငလျင်ဟာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လစ် ဒေသ၊ ဆန်ဖာနန်ဒို တောင်ကြားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

Moment magnitude scale အနေနဲ့ 6.7 ရှိပြီး

Ground acceleration ကတော့ 1.8g အထိ ရှိခဲ့ပါတယ်။

Northridge Earthquake ဟာ ဘာကြောင့် အင်ဂျင်နီယာတွေကြား ထင်ရှားခဲ့ပါသလဲ?

Northridge ငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒေသဟာ တကယ်တော့ လူနေထူထပ်တဲ့ ဒေသမဟုတ်ပါဘူး၊ ဒါပေမယ့် ဒေသတွင်း ၃ ထပ် ၄ ထပ် steel structures commercial အဆောက်အအုံတွေရှိကြပါတယ်။ (အထပ်မြင့်တွေ များရင်တော့ ပိုဆိုးမှာပါ)

အဲဒီ အချိန်ကာလတုန်းက Steel Structures တွေကို moment frame တွေနဲ့ တည်ဆောက်ကြပြီး ငလျင်မကြာခဏ ဖြစ်ပေါ်သည့်တိုင် ဒီ steel moment frame structures တွေမှာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်ခဲ့တဲ့အတွက် အင်ဂျင်နီယာတွေဟာ steel moment frame structures တွေသည် ငလျင်ဒဏ် ကောင်းစွာခံနိုင်သည် ဟု ထင်ခဲ့ကြ၊ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Northridge ငလျင် ဖြစ်သွားပြီးတဲ့နောက် steel structures တွေရဲ့ ပျက်စီးမှုတွေကို လေ့လာကြည့်ကြပါတယ်။ steel moment frame အဆောက်အအုံတစ်လုံးကို စစ်ဆေးတဲ့နေရာမှာ အပြင်ပန်းအားဖြင့် ပျက်စီးမှုအနည်းငယ်သာတွေ့ခဲ့ရပြီး အချို့အဆောက်အအုံတွေက အနည်းငယ် တိမ်းစောင်းနေတာကို တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ cladding တွေ၊ ceiling တွေကို ဖယ်ရှားပြီး အတွင်းဘက် structures တွေရဲ့ အခြေအနေကို ဆက်လက်လေ့လာကြပါတယ်။

အဲဒီလို လေ့လာတဲ့အခါ Moment Connections တွေမှာ ဆိုးရွားစွာ ပျက်စီးနေတာတွေ တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ bram to column moment connections တွေကို ဆက်လက်လေ့လာတဲ့အခါ အခြားသော Moment connections တွေမှာလဲ crack တွေ ဖြစ်ပေါ်နေတာ တွေ့ကြရပါတော့တယ်။

အဲဒီအဆောက်အအုံမှာ သုံးစွဲထားတဲ့ Moment connections တွေက Building Code က ခွင့်ပြုထားတဲ့အတိုင်းပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါနဲ့ အင်ဂျင်နီယာတွေဟာ အခြားသော steel moment frame အဆောက်အအုံတွေက moment connections တွေကိုလဲ ဆက်လက်လေ့လာကြပါတယ်။ ဒီနေရာမှာ steel structures တွေကို fire proofing တွေ သုတ်လိမ်းထားကြတဲ့အတွက် connections တွေရဲ့အခြေအနေကို လေ့လာရာမှာ အဲဒီ fire proofing တွေကို အရင် ဖယ်ရှားရတာဖြစ်ပြီး အဆောက်အအုံ တစ်လုံးစီမှာ moment connections တွေ များစွာရှိကြတဲ့အတွက် ဒီ fire proofing တွေကို ဖယ်ရှားရတဲ့ ကုန်ကျစရိတ် မသေးလှပါဘူး။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြတဲ့အခါ အဆောက်အအုံတိုင်းရဲ့ moment connections အများစုဟာ failure ဖြစ်ပေါ်နေတာ တွေ့ခဲ့ကြရပါတယ်။

ဒီနေရာမှာ Northridge Earthquake မတိုင်မီက Moment connection တွေရဲ့အကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ Building Code မှာ ပုံ ၁ မှာ ပြထားတဲ့ Beam to column connection ပုံစံကို အသုံးပြုဖို့ သတိမှတ်ထားပါတယ်။ ဒီ moment connection အမျိုးအစားမှာ beam ရဲ့ web ကို column နဲ့ bolts တွေအသုံးပြု ဆက်ထားပြီး Beam ရဲ့ flange ကိုတော့ column နဲ့ CJP weld နဲ့ ဆက်ထားပါတယ်။ CJP weld တွေ ပြုလုပ်ဖို့အတွက် Flange ရဲ့ အောက်မှာ backing bar တွေ ခံရပြီး beam ရဲ့ web မှာလဲ welding ဆော်လို့ရအောင် weld access hole တွေ ပြုလုပ်ပေးရပါတယ်။

Building code မှာဒီ connection အမျိုးအစားကို seismic design အတွက် အသုံးပြုနိုင်တယ်လို့ ပြောထားပြီး တကယ်လို့ အခြားသော connections design တွေကို အသုံးပြုမယ်ဆိုပါက capacity ကို ၂၅ ရာခိုင်နှုန်း ပိုတွက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အင်ဂျင်နီယာအများစုဟာ moment frames တွေကို တည်ဆောက်ရာမှာ ဒီ connection ကိုပဲ အလွယ်တကူ ယူသုံးကြပါတယ်။

Northridge earthquake လဲ ပြီးရော ဒီ connections အများစု failure ဖြစ်တာကို တွေ့ရတာပါပဲ။ တကယ်တော့ ဒါဟာ Building Code failure သို့မဟုတ်၊ Engineering failure လို့ သတ်မှတ်လို့ရတဲ့ အခြေအနေပါပဲ။

အကျိုးဆက်အနေနဲ့ Northridge Earthquake ကြောင့် Emergency Building Code Changes တွေ ပြုလုပ်ခဲ့ရပြီး SAC ဆိုတဲ့ programme ကို ဒေါ်လာ ၁၂ သန်း အကုန်အကျခံကာ ၆ နှစ်တိုင် ပြုလုပ်လေ့လာခဲ့ကြပါတယ်။ SAC ဆိုတာက အဲဒီ Programme မှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း ၃ ခုရဲ့ အစ စကားလုံးလေးတွေဖြစ်ပါတယ်။

အဲဒီနောက်တော့ special နဲ့ intermediate moment frame တွေမှာ အသုံးပြုနိုင်တဲ့ prequalified Moment Connections တွေကို သတ်မှတ်ပြဌာန်း ခဲ့ကြပါတယ်။ AISC 358-10 မှာဖြစ်ပါတယ်။ (AISC 358 ဆိုတာ Northridge Earthquake ကြောင့် ပေါ်ပေါက်လာတာပါ။

သင်ခန်းစာယူစရာအနေနဲ့....

ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ပြီးတာနဲ့ အဲဒီလို ဖြစ်ရပ်ဆိုးမျိုး နောက်တစ်ခါ ထပ်မံ မကြုံတွေ့စေဖို့ ပညာရှင်တွေကို အချိန်ကုန်ငွေကုန်ခံ လေ့လာစေကာ ဥပဒေပြဌာန်းချက်များကို ပြောင်းလဲကြရတာ ဖြစ်ပါတယ်...

အဲ... မြန်မာနိုင်ငံမှာတော့ MNBC ဆိုတဲ့ Building Code ကို ၂၀၁၂ ခုနှစ်ထဲက ကော်ပီကူး.. အဲလေ .. ယောင်လို့... ရေးဆွဲခဲ့ကြပေမယ့်

ခုချိန်ထိ...

ဘယ်ဆီကို ရောက်လို့နေတယ် မသိတော့ပါဘူး....

လက်တွေ့မှာတော့ အများစု မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဘာ standard မှ မရှိ လုပ်ချင်ရာ လုပ်နေကြဆဲ....

Catastrophe waiting to happen လို့ပဲ ခေါ်ရလေမလား Wating for Catastrophe to happen လို့ပဲ ဆိုရလေမလားပါပဲ....



Credit

Aung Hsu Myat
.





Prequalified Moment Connections

Steel Structures တွေကို Seismic Design ပြုလုပ်ရာမှာ တကယ်လို့ Intermediate Moment Frame သို့မဟုတ် Special Moment Frame တွေ အသုံးပြုမယ်ဆိုရင် Beam to Column Connections တွေကို AISC 358 မှာ သတ်မှတ်ထားတဲ့ Prequalified Moment Connections တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တကယ်လို့ အဲဒီ Connections တွေထဲက မဟုတ်ပဲ အခြားသော ကိုယ်စိတ်ကြိုက် Connections အမျိုးအစားတွေ အသုံးပြုချင်တယ်ဆိုရင်တော့ Testing တွေလုပ်ပြီး Connection တွေရဲ့ ခံနိုင်ရည်အားတွေကို စမ်းသပ်အတည်ပြုပြီးမှသာ အသုံးပြုခွင့် ရှိပါတယ်။ ဒါကြောင့် အင်ဂျင်နီယာတွေဟာ အဆောက်အအုံတွေကို Seismic Design ပြုလုပ်ရာမှာ Prequalified Moment Connection တွေထဲက အမျိုးအစားတစ်ခုခုကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ (Prequalified Moment Connection မသုံးချင်ဘူးဆိုရင်တော့ AISC 341 Section K2 မှာ သတ်မှတ်ထားတဲ့ စမ်သပ်စစ်ဆေးမှုတွေအတိုင်း စစ်ဆေးပြီးမှ အသုံးပြုရမှာ ဖြစ်ပါတယ်။)

AISC 358-10 မှာ ပြထားတဲ့ Prequalified Moment Connections တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

1. Reduced beam section (RBS)

2. Bolted unstiffened extended end plate (BUEEP)

3. Bolted stiffened extended end plate (BSEEP)

4. Bolted flange plate (BFP)

5. Welded unreinforced flange-welded web (WUF-W)

6. Kaiser bolted bracket (KBB)

7. ConXtech ConXL moment connection (ConXL)

အဲဒီ Prequalified Moment Connection တွေကို ပူးတွဲပါ ပုံတွေမှာ ကြည့်နိုင်ပါတယ်။ ဒီပုံတွေမှာ တွေ့ရတဲ့ Protected Zone ဆိုတာကတော့ အဲဒီ zone အတွင်းမှာ ဘာမှ လုပ်ခွင့်မရှိအောင် ကန့်သတ်ထားတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Protected Zone အတွင်းမှာ M&E အတွက် အပေါက်ဖောက်တာတို့ Welding ဆော်တာတို့၊ Secondary Beam လာဆက်တာတို့ အစရှိသည်တို့ကို လုပ်ခွင့် မရှိပါဘူး။

ကျေးဇူးတင်ပါတယ်။

အောင်ဆုမြတ်

9 May 2017
.










Disqus Shortname

Comments system