==========================
ပူးတွဲဖော်ပြထားတဲ့ ပုံထဲကအတိုင်းပါပဲ။
ပေဗူးရဲ့ တစ်ခြမ်းမှာ ပေတွေ၊ လက်မတွေ ရှိပြီးတော့ ကျန်တစ်ခြမ်းမှာ စင်တီမီတာနဲ့ မီတာတွေ ရှိပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အလုပ်သမားတွေက ကိုယ့်ကို ပေတွေ၊ လက်မတွေနဲ့
လာပြောတုန်းတော့ အေးဆေးပေါ့။
မူးတွေ၊ မတ်တွေ လာပြောတဲ့အခါ ရူးချင်သလိုလို၊ ထွက်ပြေးချင်သလိုလို ဖြစ်လာတတ်ပါတယ်။
အဲ့လို မဖြစ်ရအောင် လက်သမားတွေ၊ သံသမားတွေ၊ ပန်းရန်တွေ ပေဗူးကို ဘယ်လိုဖတ်ကြသလဲ ဆိုတာ ဖတ်ထား၊ မှတ်ထားကြပါခင်ဗျ။
•••••••••••••••••••
၂ ပဲ = ၁ မူး
၂ မူး = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
•••••••••••••••••••
**(1/16)"********= ၁ ပဲ
**(2/16)" = (1/8)" = ၁ မူး
**(3/16)"********= ၃ ပဲ
**(4/16)" = (1/4)" = ၁ မတ်
**(5/16)"********= ၅ ပဲ
**(6/16)" = (3/8)" = ၃ မူး
**(7/16)"********= ၇ ပဲ (၃ မူး၊ ၁ ပဲ)
**(8/16)" = (1/2)" = ၅ မူး
**(9/16)"********= ၉ ပဲ (၅ မူး၊ ၁ ပဲ)
*(10/16)" = (5/8)" = ၆ မူး
*(11/16)"********= ၁၁ ပဲ (၆ မူး၊ ၁ ပဲ)
*(12/16)" = (3/4)" = ၃ မတ် (မတ်တင်း)
*(13/16)"********= ၁၃ ပဲ (၃ ပဲတင်း)
*(14/16)" = (7/8)" = မူးတင်း
*(15/16)"********= ၁၅ ပဲ (ပဲတင်း)
*(16/16)" = (1)" = ၁ လက်မ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဲ့ဒီအတိုင်းပါပဲဗျာ။
စင်တီမီတာ၊ မီတာတွေ ရှိတဲ့ဘက်ခြမ်း မှာဆိုရင် ...
သူတို့ပြောတဲ့ ၁၀၊ ၁၀၀၊ ၁၁၀၀ ဆိုတာတွေက မီလီမီတာယူနစ်နဲ့ ဆက်သွယ်ပြီး ပြောဆိုနေကြတာပါ။
ပေဗူးထဲကအတိုင်း ၁ စင်တီမီတာ၊ ၂ စင်တီမီတာ၊ ၁ မီတာ၊ ၂ မီတာ လို့သွားပြီး မပြောမိပါစေနဲ့။
၁၀၊ ၂၀၊ ၁၀၀၀၊ ၂၀၀၀ လို့ပြောမှ လေပေးဖြောင့်ပြီး အဆင်ပြေနိုင်မှာပါ။ (မီလီမီတာ)
ပေဗူးပေါ်မှာ မြင်ရတဲ့ ဂဏန်းကို သုညတစ်လုံး တိုးပြီးပြောရုံပါပဲ။
(ဥပမာ။ ။၁၀ စင်တီမီတာ ဆိုတာ ၁၀၀ မီလီမီတာ ပေါ့)
မီတာအတိအကျဆိုရင်တော့ မီတာနဲ့လည်း ပြောတတ်ကြပါတယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Practical ပေဗူး အခေါ်အဝေါ်များ ~ Civil Engineering Knowledge >>>>> Download Now
ReplyDelete>>>>> Download Full
Practical ပေဗူး အခေါ်အဝေါ်များ ~ Civil Engineering Knowledge >>>>> Download LINK
>>>>> Download Now
Practical ပေဗူး အခေါ်အဝေါ်များ ~ Civil Engineering Knowledge >>>>> Download Full
>>>>> Download LINK