CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label steel. Show all posts
Showing posts with label steel. Show all posts

Friday, January 26, 2018

Steel Connection တွေအကြောင်း တစေ့တစောင်း (Part 2. Moment Connection)

ဒီတစ်ခါ Structural Steel Connection တွေထဲက Moment Connection အကြောင်း အင်ဂျင်နီယာ ညီငယ်၊ ညီမငယ်တွေ သတိထားမိအောင် နဲနဲ ပြောပြမှာဖြစ်ပါတယ်။

  
Figure 1. Moment Connections Sample

Moment Connection တွေအကြောင်းမပြောခင် Joint နဲ့ Support တွေအကြောင်း နဲနဲပြောပြချင်ပါတယ်။
Joint ဆိုတာက member နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုပြီး ဆက်နေတယ့် နေရာပါ။ Joints တွေထဲမှာ
1. Rigid Joint
2. Pinned Joint နဲ့
3. Semi-Rigid Joint ဆိုပြီး ၃ မျိုး ခွဲခြားနိုင်ပါတယ်။

Rigid Joint
Rigid Joint ဆိုတာက Joint ကိုလာဆက်တဲ့ Member တွေဟာ တစ်ခုနဲ့တစ်ခု ခိုင်မြဲစွာ (Rigidly) ဆက်စပ်ထားတဲ့ Joint တစ်ခု ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Connection တွေမှာ Joint Deformation မဖြစ်နိုင်တဲ့ Joint မျိုးဖြစ်ပါတယ်။ Joint Deformation ဆိုတာက Load သက်ရောက်တဲ့အခါ Joint မှာ Yielding ဖြစ်ပြီး Member နှစ်ခုကြားက အတွင်းထောင့်တန်ဖိုး ပြောင်းသွားခြင်း ဖြစ်ပါတယ်။ (ဥပမာ Beam Column Joint တစ်ခုမှာ Load သက်ရောက်ပြီးနောက် Joint Member နှစ်ခုကြားက အတွင်းထောင့်ဟာ 90 Degree အမြဲရှိနေတဲ့ Joint မျိုးဖြစ်ပါတယ်။) ဒါပေမယ့် Load ကြောင့် Joint တစ်ခုလုံးအနေနဲ့ကတော့ as a whole အနေနဲ့ rotation ဖြစ်ပေါ်နိုင်ပါတယ်။ Joint Rotation ဖြစ်ရခြင်းအကြောင်းက လာဆက်တဲ့ Member တွေရဲ့ Relative Stiffness ကို မူတည်ပြီး ဖြစ်ပေါ်တာ ဖြစ်ပါတယ်။ အောက်ကပုံက Rigid Joint တစ်ခုရဲ့ပုံဖြစ်ပါတယ်။

Figure 2. Rigid Joint

Pinned Joint

Pin Joint ဆိုတာကတော့ Member Ends တွေ Freely Rotation ဖြစ်နိုင်တဲ့ Joint မျိုးဖြစ်ပါတယ်။ Joint ကို Pin နဲ့လာဆက်တဲ့ Member တွေ Freely rotate ဖြစ်နိုင်တဲ့ Joint မျိုးပါ။ Member တွေမှာ End Moment မရှိတဲ့ Joint မျိုးဖြစ်ပါတယ်။

Semi Rigid Joint

Semi Rigid Joint ဆိုတာက Pin Joint နဲ့ Rigid Joint အမျိုးအစားနှစ်ခုကြားထဲက Joint ပုံစံမျိုးဖြစ်ပါတယ်။ Joint တစ်ခုလုံးအနေနဲ့ Rotation ဖြစ်နိုင်တဲ့အပြင် Load ကြောင့် ဆက်နေတဲ့ member နှစ်ခုရဲ့ကြားက အတွင်းထောင့် ပြောင်းသွားနိုင်တဲ့ (Joint ရဲ့ Rigidity ကြောင့် Joint Deformation ဖြစ်သွားနိုင်တဲ့) Joint မျိုးဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Joint ကိုလာဆက်နေတဲ့ Member တွေကို Connection တွေက ၁၀၀% rotation restrain မလုပ်ပေးနိုင်တဲ့ Joint အမျိုးအစားဖြစ်ပါတယ်။

Figure 3. Semi Rigid Joint

Supports

Support ဆိုတာက Member တွေကို ထောက်မထားတဲ့ နေရာတွေကို ခေါ်ခြင်းဖြစ်ပါတယ်။ Support တွေကို Theoretical အားဖြင့် Roller, Pin နဲ့ Fixed Supports တွေရယ်လို့ဆိုပြီး ခွဲခြားထားပါတယ်။

Pinned Support

Pin Support ဆိုတာက Member ရဲ့ End Moment မရှိတဲ့ Support အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Member တစ်ခုဟာ Joint တစ်ခုကို Simple Connection နဲ့ လာဆက်ရင် အဲဒီ Member အတွက် Pin Support အဖြစ်ယူဆနိုင်ပါတယ်။ (Pin Supports တွေအကြောင်းကို Simple Connection Notes မှာ ကြည့်နိုင်ပါတယ်။)

Fixed Support

Fixed Support ကတော့ Member တွေရဲ့ End rotation ကို Fully restrained လုပ်ထားတဲ့ Support မျိုးဖြစ်ပါတယ်။ အောက်ကပုံက Cantilever Beam တစ်ချောင်းအတွက် End Rotation မရှိတဲ့ Fixed Support တစ်ခုရဲ့ ပုံဖြစ်ပါတယ်။

Figure 4. Fixed Support

Actual Building Frame တွေမှာတော့ Member တွေရဲ့ ဆက်ထားတဲ့ Joints တွေဟာ rotation ဖြစ်နိုင်တာရယ်၊ Joint Deformation ဖြစ်နိုင်တာတွေရယ်ကြောင့် Fixed Action ကို ရနိုင်ဖို့ ခဲယဉ်းပါတယ်။

ဥပမာအားဖြင့် Column တွေကို Effective Length ရှာတဲ့အခါ Column တွေရဲ့ Ends တွေမှာ ဘယ်လောက် Restraint ရှိလဲ (တနည်းအားဖြင့် Fixity ဘယ်လောက်ရှိလဲ) ဆိုတာ ရှာဖို့လိုအပ်ပါတယ်။ အဲဒီ Fixity ရမှသာ Column ရဲ့ Effective Length ကို Code တွေမှာ ဖေါ်ပြထားတဲ့ Graph တွေကနေ ပြန်ရှုာရမှာ ဖြစ်ပါတယ်။
Sample အနေနဲ့ အောက်မှာ ဖေါ်ပြထားတဲ့ BS 5950 က Column Effective Length ရှာတဲ့ Graph ကို လေ့လာနိုင်ပါတယ်။ ဒီပုံကို ကြည့်ခြင်းအားဖြင့် Building Frame ရဲ့ End Condition တွေက အများအားဖြင့် Pinned နဲ့ Fixed အခြေအနေ ၂ ခုကြားမှာ ရှိတာကို တွေ့ရမှာပါ။ Pin နဲ့ Fix က Boundary Condition အခြေအနေ နှစ်ခု ပုံစံမျိုး ဖြစ်နေပါတယ်။ (ဒီ Graph တွေအတွက် Joint တွေကို Rigid Joint အနေနဲ့သာ စဉ်းစားတာ ဖြစ်ပါတယ်)။

 
Figure 5. Effective Length of Column as per BS 5950

အောက်က ပုံကတော့ AISC Code က Braced Frame အတွက် Column Effective Length ရှာတဲ့ပုံပါ။

 
Figure 6. Effective Length of Column as per ANSI/AISC 360-10

Connection
Connection ဆိုတာက Member တစ်ခုကနေ အခြားတစ်ခုကို ခံဆောင်ရတဲ့ အားတွေလွှဲပြောင်းပေးရတဲ့ အဆက်ကို ခေါ်ခြင်းဖြစ်ပါတယ်။
(Connections are used to transfer the forces from one member to another)

Steel structure တွေမှာ Connection Types တွေအနေနဲ့
1. Simple connection နဲ့
2. Moment connection ဆိုပြီး နှစ်မျိုးရှိပါတယ်။

Simple connection က shear Force only ကို transfer လုပ်ပြီး Moment Connection က Moment ရော shear Force ရော Bending Moment ပါ transfer လုပ်ပေးတဲ့ Connection မျိုး ဖြစ်ပါတယ်။

အဲဒီ Moment connection ထဲမှာ transfer လုပ်နိုင်တဲ့ Moment ပမာဏကိုမူတည်ပြီး rigid နဲ့ semi-rigid ဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ်။ 
Actual Steel Frame Connections တွေမှာ Simple, Rigid နဲ့ Semi-Rigid Connections တွေကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။

 
Figure 7. Types of Connections

ဒီပုံကတော့ Structural Steel Moment Connection တစ်ခုမှာ End Moment ကြောင့် Joint Deformation ဖြစ်ပေါ်တဲ့ ပုံဖြစ်ပါတယ်။ ဒီလို Joint Deformation ဖြစ်ပေါ်တဲ့အခါ Joint ဟာ Rigid မဟုတ်တော့ဘဲ Semi-rigid ဘ၀ကို ရောက်သွားပါတယ်။

Figure 8. Moment Connection: Joint Deformation

Rigid Connection တစ်ခုဖြစ်အောင် Design ပြုလုပ်ရာမှာ ထည့်သွင်း တွက်ချက်ရမယ့် အချက်များစွာ ရှိပါတယ်။ ဒီ Post မှာတော့ Rigid Connection တစ်ခုကို ဘယ်လို Design လုပ်တယ်ဆိုတာထက် Design/Detailing လုပ်ရာမှာ နဲ့ Fabrication လုပ်သတိထားရမယ့် အချက်လေးတွေကို အထူးပြုရေးသားသွားမှာ ဖြစ်ပါတယ်။
Structural Analysis လုပ်ရာမှာ Rigid လို့ ယူဆပြီး လုပ်ထားတဲ့ Joints တွေ Rigid အခြေအနေကနေ လျော့ကျသွားတဲ့အခါ (Semi-Rigid အခြေအနေ ရောက်သွားတဲ့အခါ) Building Frame ရဲ့ Behaviour ကလဲ Initial Assumed လုပ်ထားတဲ့ အခြေအနေနဲ့ တူတော့မှာ မဟုတ်ပါဘူး။ အဲဒီလိုအခြေအနေမျိုးဟာ Structure ရဲ့ Stability ကိုတောင် Affect ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ (ဥပမာအားဖြင့်ဆိုသော် Portal Frame တစ်ခုမှာ Rigid Joint တွေကို Pin အဖြစ်ပြောင်းလိုက်ရင် Stable မဖြစ်တော့သလိုမျိုးပါ။ အောက်က ပုံပါအတိုင်းဖြစ်ပါတယ်)။

Figure 9. Portal Frame Sample

ဒီတော့ Moment Connection တစ်ခု Design လုပ်ရာမှာ ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေကို Extended End Plate Connection တစ်ခုကိုအခြေခံပြီး ပြောပြသွားပါမယ်။

Extended End Plate Connection
အောက်ကပုံကတော့ Extended End Plate Moment Connection တစ်ခုမှာ ဖြစ်ပေါ်တဲ့ Internal Stress တွေကို သရုပ်ဖေါ်ရှင်းလင်းထားတဲ့ ပုံပဲ ဖြစ်ပါတယ်။ Stress Condition တစ်ခု Fail/Yielding ဖြစ်တာနဲ့ Connection မှာ Deformation တွေဖြစ်လာပြီးတော့ Rigid Connection အခြေအနေကနေ လျော့ကျ သွားနိုင်ပါတယ်။

 
Figure 10. Extended End Plate Connection

ဒီ Connection မှာ
"a" က Bolt မှာဖြစ်လာတဲ့ Tension ပါ။ ဒီကနေ No. of Bolt နဲ့ Size of Bolt ကို Design လုပ်ရမှာဖြစ်ပါတယ်။

"b" ကတော့ End Plate ပေါ်မှာဖြစ်လာတဲ့ Bending ကို ပြတာဖြစ်ပါတယ်။ End Plate ရဲ့ Thickness ဘယ်လောက်လိုတယ်ဆိုတာကို ဒီကနေ တွက်ယူရပါမယ်။ ဒါမှမဟုတ် အောက်ကပုံအတိုင်း End Plate ကို Stiffener Plate ထည့်ပေးလို့လဲ ရပါတယ်။

Figure 11 Extended End Plate Stiffener

"c" ကတော့ Tensile force ကြောင့် Column ရဲ့ Flange မှာ Bending ဖြစ်ပေါ်တာဖြစ်ပါတယ်။ ဒီအတွက် Tension Stiffener ကို ထည့်ပေးနိုင်ပါတယ်။

"d"  Tensile Force ကြောင့် Beam ရဲ့ Web မှာ ဖြစ်ပေါ်တဲ့ Tension stress ဖြစ်ပါတယ်။

"e" က Column ရဲ့ Web မှာဖြစ်ပေါ်တဲ့ Tension Stress ဖြစ်ပါတယ်။ Column ရဲ့ Web မှာ Tension Stiffener ထည့်ပေးနိုင်ပါတယ်။ အောက်ကပုံက Tension Stiffener ထည့်ပုံဖြစ်ပါတယ်။

Figure 12 Tension Stiffeners

"f" ကတော့ Flange နဲ့ End Plate ကို ဆက်ထားတဲ့ Weld ပါ။ Flange မှာ ဖြစ်ပေါ်နေတဲ့ Tension Force ကို ခံနိုင်ရည်ရှိအောင် Weld ကို Design လုပ်ရမှာ ဖြစ်ပါတယ်။

"g" ကတော့ Beam ရဲ့ Web နဲ့ End Plate နဲ့ ဆက်ထားတဲ့ Weld ဖြစ်ပါတယ်။ Beam ရဲ့ Shear Force ကို ထမ်းဆောင်နိုင်ဖို့ Design လုပ်ရမှာ ဖြစ်ပါတယ်။

"h" ကတော့ Connection က Moment (Tension at top flange and Compression at bottom flange) ကြောင့် Column ရဲ့ Web မှာ ခံဆောင်ရတဲ့ Shear ဖြစ်ပါတယ်။

"j" ကတော့ Beam ရဲ့ Flange က ခံဆောင်ရတဲ့ Compression ပါ။

"k" က Beam ရဲ့ Flange နဲ့ End Plate ကို ဆက်ထားတဲ့ Weld ဖြစ်ပါတယ်။ ဒီ Connection မှာ Compression ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

"l"  က Column ရဲ့ Web မှာ ခံဆောင်ရတဲ့ Compressive Force ဖြစ်ပါတယ်။ Column ရဲ့ Web က Beam ကနေ သက်ရောက်တဲ့ Compressive Force ကို မခံနိုင်ဘူးဆိုရင် Column ရဲ့ Web မှာ Compression Stiffener ထည့်ပေးရမှာ ဖြစ်ပါတယ်။

Figure 13. Compression Stiffeners

"n" ကတော့ Bolts တွေမှာ ခံဆောင်ရတဲ့ Shear Force ဖြစ်ပါတယ်။

"p" ကတော့ Bolts တွေရဲ့ Bearing Capacity ပါ။ End Plate နဲ့ Column ရဲ့ Flange တွေက Bolt တွေအတွက် Bearing Capacity ကို ခံနိုင်ရည်ရှိမရှိ တွက်ချက်ယူရမှာ ဖြစ်ပါတယ်။

အောက်ကပုံက Stiffener တွေထည့်ထားတဲ့ Rigid Joint တစ်ခုပုံပဲ ဖြစ်ပါတယ်။

Figure 14 Rigid Connection With Stiffener Plates

ထို့အတူပါပဲ Beam က Column ရဲ့ Web ကို ဆက်မယ်ဆိုရင်လဲ Beam ဆီက Moment တွေကို Column ဆီကို ရောက်အောင် Transfer လုပ်ရမှာ ဖြစ်ပါတယ်။ ဒီ Case မှာလဲ Minor Axis မှာ Column ရဲ့ Flange ကသာ Moment ကို Resist လုပ်တာမို့ Column ရဲ့ Beam Connection ကို Column ရဲ့ Flange နဲ့ ချိတ်ဆက်ထားဖို့ လိုအပ်ပါတယ်။ (Column ရဲ့ Flange ကို မဆက်မိပါက Moment တွေကို Transfer လုပ်နိုင်မှာ မဟုတ်ပါဘူး။)

Figure 15. Beam to Column Web Moment Connection

အချုပ်အားဖြင့်ဆိုသော် Rigid Joints တွေအတွက် သူ့Function ကို ထမ်းဆောင်နိုင်စေဖို့ Detailing တွေ Stiffener Plate တွေဟာ အရမ်းကို အရေးကြီးပါတယ်။ Connection တွေကို သေချာ Design မလုပ်ခဲ့ရင်၊ သို့မဟုတ် Stiffener Plate တွေထည့်ရမယ့်နေရာတွေမှာ မထည့်မိခဲ့ရင်၊ သို့မဟုတ် connection ကို သေချာစွာ မလုပ်ထားခဲ့ရင် Joint ရဲ့ Capacity လျော့ကျသွားနိုင်ပြီးတော့ Structure ရဲ့ Stability ကို များစွာ ထိခိုက်စေနိုင်မှာ ဖြစ်ပါတယ်။ Steel Structure တွေမှာ အရေးကြီးလှတဲ့ Connection တွေရဲ့ Detailing ပိုင်းတွေကို အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေကို အလေးအနက်ထားစေလိုတဲ့ ဆန္ဒနဲ့ ရေးသားလိုက်ရပါတယ်။
 Credit
Aung Hsu Myat
03 March 2015

BS Code and Euro Code တွေနဲ့ Design တွက်ချက်နည်းတွေကို အောက်ပါလင့်တွေမှာ လေ့လာနိုင်ပါတယ်။

Joints in Moment Connection (BS Code)

P398: Joints in Steel Construction: Moment-Resisting Joints (Euro Code) 

Friday, August 18, 2017

Steel connection
















Saturday, July 23, 2016

Preparation of Bar Bending Schedule

Preparation of Bar Bending Schedule
Bar bending schedule (or schedule of bars) is a list of reinforcement bars, vis-à-vis, a given RCC work item, and is presented in a tabular form for easy visual reference. This table summarizes all the needed particulars of bars – diameter, shape of bending, length of each bent and straight portions, angles of bending, total length of each bar, and number of each type of bar. This information is a great help in preparing an estimate of quantities.


Figure 1 depicts the shape and proportions of hooks and bends in the reinforcement bars – these are standard proportions that are adhered to:

(a) Length of one hook = (4d ) + [(4d+ d )] – where, (4d+ d ) refers to the curved portion = 9d.
(b) The additional length (la) that is introduced in the simple, straight end-to-end length of a reinforcement bar due to being bent up at  say 30o to 60o, but it is generally 45o) = l1 – l2 = la
Where,

Fig: Hooks and bends in Reinforcement

Giving different values to,respectively), 
we get different values of la, as tabulated below:

Figure 2 presents the procedure to arrive at the length of hooks and the total length of a given steel reinforcement.

Fig: Typical Bar Bending Schedule

Thursday, December 31, 2015

သံချောင်း grade (or Yield Strength) ဘယ်လောက်သုံးခိုင်းထာားလဲ



အဆောက်အဦတစ်ခုကို Structure Design တွက်ချက်မှုတွေနဲ့ဆောက်တဲ့အခါမှပေါ့။ တော်တော်များများကပေါ့ သံချောင်းဆိုဒ်ဘယ်နှယ်လုံးသုံးထားတယ်။ ဘယ်ဆိုဒ်သုံးထားတယ်ဆိုတာကိုပဲ အာရုံစိုက်ကြလေ့ရှိပါတယ်။
Designer က သံချောင်း grade (or Yield Strength) ဘယ်လောက်ကို သုံးထားခိုင်းသလဲဆိုတာကိုတော့ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။
နောက် concrete ဆိုလည်း Concrete grade ဘယ်လောက်သုံးခိုင်းသလဲဆိုတာထက် ထိုင်းဆင်တွေ၊ Crown တွေ၊ AAA တွေစသဖြင့် ဘိလပ်မြေတံဆိပ်တွေပေါ်ပဲ အာရုံရောက်နေတတ်ပါတယ်။ Concrete အကြောင်းကတော့ ရေးဖူးပြီးသားဆိုတော့ Steel အကြောင်းပဲ ဆက်ပြောချင်ပါတယ်။
အထပ်မြင့်အဆောက်အဦတွေဖြစ်လာရင် Steel နဲ့ Concrete ကို grade မြှင့်သုံးမှ အဆင်ပြေမယ့်အနေအထားတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်သုံးနေကြ grade တွေ Market က အလွယ်တကူရတဲ့ Steel တွေသုံးနေတဲ့အလေ့အထကနေ Designer နဲ့တိုင်ပင်ပြီး သူပေးတဲ့ grade အတိုင်းသုံးရပါမယ်။ ဒါမှသာ တွက်တာနဲ့ ဆောက်တာနဲ့ တူညီတဲ့ grade တွေဖြစ်ပြီး တွက်ချက်ထားတဲ့အတိုင်း ခိုင်ခံ့မှုရရှိမှာ ဖြစ်ပါတယ်။
ဒီမှာ Market မှာ ဝင်တာက အများစုက china တွေပဲဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ သူတို့က HRB400, HRB460, HRB500 စသဖြင့် Grade ကိုဖော်ပြထားကြပါတယ်။ သံအစည်းတွေမှာ ပုံမှာပြထားတဲ့ Label card လေးတွေပါလာပါတယ်။ တချို့လည်း ဆိုင်တွေက လက်လီပြန်ဖြန့်တော့ ပါမလာတော့ တွေ့ဖူးချင်မှ တွေ့ဖူးပါမယ်။ (ဘာမှမပြောဘဲဝယ်ရင်တော့ HRB400 တွေပဲဖြစ်ပါမယ်။ သူက Market မှာအသုံးအများဆုံးဖြစ်ပါတယ်။)
အဲ့ဒီမှာ HRB400 က Yield strength 400MPa, HRB460 က Yield strength 460MPa, HRB500 က Yield strength 500MPa စသဖြင့်ရှိပါတယ်လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။
(Grade တွေကတော့ ပြည့်တာများပါတယ်။ ဆိုဒ်(Diameter) တွေကတော့ တံဆိပ်မျိုးစုံ နဲတာနဲ့ များတာပဲကွာမယ်။ အကုန်လျော့မယ်ထင်ပါတယ် smile emoticon )
အဲ့ဒီမှာမှ HRB400E, HRB500E ဆိုပြီးတော့လည်းရှိပါသေးတယ်။ E က Earthquake ကိုဆိုလိုတာလို့ Internet မှာရှာဖတ်ကြည့်တော့ သိရပါတယ်။
ဒီ China Standard တွေနဲ့ပတ်သက်လို့ ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါတွနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ဝေမျှပေးကြပါဦး။
(ဗိုလ်ဗိုလ်ကျော်)

Saturday, December 19, 2015

Steel percentage of RC members


Steel percentage of RC members
1. Foundation
Foundation က များသောအားဖြင့် minimum steel ပဲ control ဖြစ်လေ့ရှိပါတယ်။ Minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Steel percentage က 0.5%-2% ပါ။
2. Column
Column အတွက် steel percentage က 1%-8% ပါ။ များသောအားဖြင့်တော့ 1%-4% ပါ (ACI)။ (ဒါပေမယ့် ကျွန်တော်ကတော့ 3% အထိပဲ ကြိုက်ပါတယ်။3% ထက်ပိုရင် သံချောင်းကြပ် (steel congestion) ပါတယ်။)
3. Beam
Beam ရဲ့ minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Steel percentage က 0.5%-2% ပါ။
4. Slab
Slab ရဲ့ minimum steel ratio က temperature & shrinkage အတွက် 0.2% ပါ။ Steel percentage က 0.2%-2% ပါ။
5. Stair
Stair မှာ main steel အတွက် minimum steel ratio က 200/fy ပါ။ Fy 40000 psi အတွက်ဆို minimum steel ratio က 0.5% ပါ။ Distribution bars အတွက် minimum steel ratio က temperature & shrinkage အတွက် 0.2% ပါ။
(Photo from internet)
(ဗိုလ်ဗိုလ်ကျော်)


https://web.facebook.com/photo.php?fbid=10202923271463342&set=a.3625294391549.2141050.1249693310&type=3&theater

Disqus Shortname

Comments system