CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Site Mistake. Show all posts
Showing posts with label Site Mistake. Show all posts

Tuesday, November 14, 2017

Site Mistake (13)

Site Mistake (13)

Field Bending or Straightening (Column Splice)
ပုံမှာဆိုရင် column size သေးသွားတာကို Floor လောင်းပြီးမှ site မှာ crank (တွန့်) နေတာဖြစ်ပါတယ်။ တကယ်ဆို သံချောင်းလုံးကို 3" အောက် ကျုံ့ရမှာဆိုရင် Floor မလောင်းခင် Beam ထဲမှာတင် 1H:6V ratio ထက်မများစေဘဲ crank (တွန့်)ခဲ့ရမှာ ဖြစ်ပါတယ်။ တကယ်လို့ သံချောင်းလုံးကို 3" နဲ့အထက် ကျုံ့ရမှာဆိုရင် crank (တွန့်) ခွင့်မရှိပါဘူး။ Dowel bars စိုက်ရမှာဖြစ်ပါတယ်။(ACI 318 အရ) (ဆရာကြီးဦးညီလှငယ်ရေးသားတဲ့ Field Reference Maunal စာအုပ်ကနေ ကောက်နုတ်ထားတဲ့ပုံမှာ လေ့လာနိုင်ပါတယ်။)
နောက်ပြီး ဆိုဒ်ထဲမှာ ကွန်ကရစ်ထဲတစိတ်တပိုင်းမြှပ်နေတဲ့ သံချောင်းလုံးတွေကို ကွေးတာဆန့်တာ လုပ်နိုင်ခွင့်ကို ACI 301 က 16mm (5/8") အထိပဲ ကွေးနိုင်တယ်လို့ပြောပါတယ်။ 16mm (5/8")ထက်ကြီးတာတွေကိုတော့ အပူပေးပြီးတော့မှ ကွေးတာဆန့်တာ ခွင့်ပြုပါတယ်။(comment က ACI 301 ထဲကကောက်နုတ်ထားတဲ့ပုံမှာ လေ့လာနိုင်ပါတယ်။)
ခုလို လောင်းပြီးမှ crank တော့ တိုင်ခြေနားမှာ rebar တွေပေါ်နေတာ cover နဲတာမျိုးတွေဖြစ်ပါမယ်။ ပြီး အပူမပေးဘဲ field bend လုပ်ခွင့်မရှိတဲ့ 16mm အထက်သံချောင်းတွေကို အပူမပေးဘဲ ဒီအတိုင်းကွေးမိရင် သံချောင်းနဲ့ ကွန်ကရစ်နာတာတွေ ဖြစ်ပါမယ်။
မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Civil Engineering Knowledge

Thursday, July 14, 2016

INTERESTING CIVIL ENGINEERING MISTAKES AND FAULTS

Civil Engineering is ranked among the top highly earned professions throughout the world i.e. ranked at 6th highly ranked profession in United States of America. The delicacy and importance of decisions in this profession can be judged by the consequences a nation has to bear after the decision would be made.
Civil Engineering mistakes and faults
 Despite of the knowledge and checks in this field mistakes are obvious as one can’t be perfect.  In this post I am sharing with you some very interesting, funny and different mistakes you can’t imagine civil engineers to commit. These mistakes will bring smile on your face and will make you feel that sometimes the most sophisticated engineers can sometimes make very horrible mistakes.

#1

Bridge alignment mistake

The picture shown above is taken from a bridge construction the bridge slab deck are not properly aligned and the mistake of surveyor is the main culprit the coordinates of the bridge alignment are not properly followed and thus when the piers and abutments are placed their orientation is not properly monitored.

#2

Public Health Mistake

Now this will make you laugh. This mistake is not very common the manhole built for a sewerage system is located on the edge of the footpath and even the worst is done when the cover of the manhole is being blocked by the curb stones laid over it.  
China Apartment Mistake


The next mistake is a very professional one that might have made authorities to look for the planning department. The picture shown above is an aerial view of apartments from China where mistakenly the half portion of the edge is being placed within the center of the motorway and thus 6 lanes are reduced to 3 at the concerned point. 

#3

Door Construction Mistake

 

This mistake is again a very funny one. The sill-level is not properly managed in this case. 

#5

Stair case construction mistake
This picture is showing a column that is being mistakenly placed on the stair case that leads path to the upper floors.

 #6


This mistake will make you feel horrible as well what if you open such a door and you step a head and nothing but a downfall of more than 20 feet is there. Your life is surely at a risk. 

#7

 

This mistake will make you laugh the most. What if you use such a toilet? The door doesn’t serve the purpose. Yeah! i.e. to hide you from others so that others can’t see what you are doing inside.  :D


Credit http://www.iamcivilengineer.com/2014/07/interesting-civil-engineering-mistakes.html

Site Mistake (9)

Site Mistake (9)
Discontinuity of Rebar

အခါအားလျော်စွာ အပေါ်ဘယ်အစွန်ပုံထဲကလို Rear တွေဆက်ဖို့ မပါလာခဲ့တာတွေ ခဏခဏကြုံရပါတယ်။ ပုံကအတိုင်း လှေကားအတွက် မျှော်ဖို့သံ လှေကားနေရာပြောင်းလို့ဖြစ်ဖြစ် မေ့ကျန်ခဲ့တာကြောင့်ဖြစ်ဖြစ် အစွန်သံချောင်းတွေအတွက် ကျန်ခဲ့တာမျိုးလဲ ကြုံရပါတယ်။
နောက်ပြီး Coupler နဲ့ဆက်သုံးဖို့ထားခဲ့တာတွေမှာလဲ Coupler အရစ်ပြုံးလို့ သုံးမရတာမျိုး နောက် အောက်ဆုံးပုံလို Column တိုင် rebar အပေါ်ဆက်သွားဖို့ ကျန်ခဲ့တာမျိုးလိုမျိုးတွေ ကြူံခဲ့ရပါတယ်။

အဲ့အခါမျိုးတွေမှာ Rebar ကို 90deg hook နဲ့ Anchorage ယူပြီး ပြင်ဆင်ဖို့ကြိုးစားတဲ့ အမှားမျိုးတွေ တွေ့ရပါတယ်။ အဲ့လိုလုပ်ယူလို့မသင့်ပါ။
လူ့သွားနဲ့ ဥပမာပေးရရင် ကျိုးတဲ့သွားကို ဘေးကသွားကို ကူခိုင်းတဲ့ Bridge နဲ့သွားတူပါတယ်။ ဘေးက max stress ကို မထမ်းရရင်တော့ ကူကောင်းကူနိုင်ပေမယ့် သူကိုယ်တိုင်က max stress ကို ထမ်းရတော့မယ်ဆိုရင်တော့ မကူနိုင်တော့ပဲ failure ဖြစ်မှာပါ။
ဒါကြောင့် သွားစိုက်တာမှာ Implant စိုက်သလိုမျိုး Rebar ကို Plant စိုက်ဖို့ chemical သုံးပြီး ပြင်သင့်ပါတယ်။

မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

BoBo Kyaw's Profile Photo


Site Mistake (8)


Site Mistake (8)
Bond, Anchorage and Development Length
ပုံမှာ Beam Rebar က Column Rebar ကို ချိပ်ဆွဲထားတယ်လို့ ယူဆပြီး လုပ်ထားပုံရပါတယ်။
တကယ်တော့ Beam က Moment/ Stress ကြောင့်ဖြစ်တဲ့ Rebar ရဲ့ Tensile Strength ကို Concrete နဲ့ Rebar ရဲ့ Bond ဖြစ်တဲ့ Bond Strength လေးက ထိန်းထားတာပါ။ 
အဲ့လို Bar ရဲ့ Tensile Strength ကိုရအောင် Concrete ထဲထည့်ထားရတဲ့ length ကို Development length လို့ခေါ်ပါတယ်။
Rebar ကို အဖြောင့်အတိုင်း ထည့်ရုံနဲ့ အဲ့ length လေးမလုံလောက်ရင်တော့ Hoook လုပ်ပေးရပါတယ်။
ပုံမှန်တော့90deg, 180deg Standard Hook တွေသုံးပြီး ထည့်နိုင်ပါတယ်။
အဲ့တော့ ပုံထဲကလို တိုင် rebar ကိုသွားမချိပ်ဘဲ တိုင်ထဲ လိုအပ်တဲ့ development length နဲ့ ဝင်ပြီး Standard Hook နဲ့ အဆုံးသတ်သင့်ပါတယ်။

(ဗိုလ်ဗိုလ်ကျော်)

Site Mistake 7

Site Mistake 7
Concrete block တွေကို ထောင့်စုံတွေမှာ မထားပါနဲ့။


Site Mistake (6)

Site Mistake (6)
Uncompacted concrete at columns after concrete placing for columns

တိုင်တွေကို concrete လောင်းတဲ့အခါ concrete ပိုလို့ပဲဖြစ်ဖြစ် formwork နိမ့်လို့ပဲဖြစ်ဖြစ် formwork အထက်ကို ပိုလောင်းမိရင် အခုလိုမျိုး ပုံထဲကလို ဖြစ်တော့တာပါပဲ။ အပေါ်ယံ concrete တွေဟာ compaction မရဘဲ မွစိမွစိနဲ့ ကျန်နေခဲ့တော့တာပါပဲ
(ဗိုလ်ဗိုလ်ကျော်)
 Credit - https://web.facebook.com/photo.php?fbid=10204046664627469&set=a.3724889001352.2143779.1249693310&type=1&theater

Site Mistake (5)



Site Mistake (5)
Uncompacted concrete at columns and shear walls after floor concrete placing

Floor လောင်းတဲ့အခါ coln တွေ shear wall တွေ နေရာမှာ concrete တွေကို compaction မပေးနိုင်ဘဲ ကျန်နေတတ်ပါတယ်။ ဒါကို ကြိုတင်ပြောထားပြီး ဂရုစိုက်ခိုင်းဖို့ လိုပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

Site Mistake (4)

Site Mistake (4)
Maximum number of bars as a single layer in beam

Beams တွေမှာ layer တခုမှာ သံချောင်းတွေကို ပြွတ်သိပ်ထည့်လို့ မရပါ။ ကျောက်ဝင်သာအောင် သံချောင်းတခုနဲ့တခု အနဲဆုံး 1" တော့ရှိရပါမယ်။ 
ဒီပုံက Cut off ဘားတို 2 ချောင်းက အောက်အလွှာက (3) လုံး အပေါ်လွှာ အဖြစ် clear cover 1"ထားပြီး ဘေး stirrup ကိုကပ်ထားရပါမယ်။
(ဗိုလ်ဗိုလ်ကျော်)





Thursday, March 12, 2015

Site Mistake (3)

Site Mistake (3)
Column & Beam
Wide Beam (coln ထက် beam width ကကြီးတဲ့ beam မျိုး) တွေကလွဲလို့ Beam သံချောင်းတွေက coln သံချောင်းအပြင် ရှိမနေရပါဘူး။
(ပုံက lap splice လုပ်ဖို့ column သံချောင်းကို crank (တွန့်) ထားပုံ ရပါတယ်။ Coln နဲ့ beam width တူတဲ့ case မျိုးမှာ coln bottom bars ကို crank လုပ်တာ အခုလိုပြဿနာမျိုးကို ဖြစ်စေပါတယ်။ Coln splice အတွက် bottom bar crank လုပ်တာနဲ့ top bar crank လုပ်တဲ့ အကြောင်းကိုသီးသန့်ရေးပါဦးမယ်)
(ဗိုလ်ဗိုလ်ကျော်)

Thursday, March 5, 2015

Site Mistake (2)

Site Mistake (2)
Rc Column & Retaining Wall
Retaining wall အုတ်ရိုးက Rc column ထဲက ဝင်မနေရပါဘူး။ နောက် အုတ်ရိုးစီတဲ့ မဆလာတွေလည်း တိုင်ထဲမှာရှိမနေရပါဘူး။ သံချောင်းမှာ ပေကျန်နေတဲ့ အင်ဂတေချိုးတွေကိုလည်း ဖယ်ရှားရပါမယ်။
(ဗိုလ်ဗိုလ်ကျော်)

Site Mistake (1)

ဆိုဒ်ထဲကအလွဲတွေကို သင်ခန်းစာသဘော ပုံနဲ့တကွတင်ပေးပါမယ်။ လုပ်ငန်းခွင်ဝင်ကာစ ဆိုဒ်အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ။ ဘယ်မှာဆိုတာ ဘယ်သူ့ဆိုဒ်ဆိုတာတွေတော့ မမေးဖို့ မေတ္တာရပ်ခံပါတယ်။ ပုံတွေကတော့ အင်တာနက်ကဖြစ်ချင်ဖြစ်မယ်၊ သူများဆိုဒ်ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ပိုင်ဆိုဒ်ဖြစ်ချင်ဖြစ်မယ်။ ဘယ်မှာ၊ ဘယ်သူ့ဟာဆိုတာထက် လိုက်နာရမယ့်ဟာလေးတွေကို အလွယ်ကူ ပေါ့ပေါ့ပါးပါး ပုံတွေကတဆင့် သိစေချင်လို့တင်ပေးတာပါ။ ဆက်တိုက်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
Site Mistake (1)
Crank
Beam သံချောင်းအချင်းချင်း ဆုံတဲ့အခါ၊ Column နဲ့ Beam သံချောင်းတွေဆုံတဲ့အခါ၊ သံချောင်းတွေ ထိတ်တိုက်မတွေ့အောင် ရှောင်ရပါတယ်။
အဲ့ဒါကို မြန်မာလို သံချောင်းတွန့်တယ်၊ ပုလင်းခေါင်းချိုးတယ် ပြောကြပါတယ်။ Eng လိုတော့ Crank လို့ဆိုပါတယ်။
နောက် Column တွေ Beam တွေ Size ပြောင်းသွားတဲ့အခါမျိုးတွေ Lap Splice လုပ်တဲ့အခါမျိုးတွေမှာလည်း Crank (တွန့်) ရပါတယ်။
အဲ့လို Crank လုပ်တဲ့အခါ Slope က ACI အရ Max 1:6 ထက်မပိုရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

Disqus Shortname

Comments system