CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Excavation. Show all posts
Showing posts with label Excavation. Show all posts

Thursday, December 31, 2015

Excavation Work

Excavation Work
မြေကြီးတူးတဲ့အကြောင်းက nothing special ပါ ဒါပင်မဲ့ မြေကြီးတူးရာမှာ မြေကြီးမတည်ငြိမ်မူတွေနဲ့ ကြုံတဲ့အခါမှာဘယ်လိုဖြေရှင်းကြလဲဆိုတဲ့အကြောင်းနဲ့ မြေကြီးကိုတည်ငြိမ်အောင် လုပ်ဆောင်ပြီး ဘယ်လို excavate လုပ်ဆောင်ခဲ့ကြတယ်ဆိုတာတွေနဲ့ မြေကြီးexcavation အတွက်စောင့်ကြည့်တဲ့ instrumentation အကြောင်းကို လေ့လာမှတ်သားမိထားသလောက်different conditions လေးတွေစုပြီး ဒီတလောမှာ share ပေးမှာပါ
1) Shaft (Caisson Ring ) Construction
Jacking pipes တွေ installation လုပ်ဘို့ အတွက် shaft တွေကို ပထမဦးဆုံး ပြုလုပ်ရပါတယ် စလုံးမှာတော့ မြေကြီးတူးရာမှာ temporary အထောက်ကူပြုသော် ERSS ( Earth retaining systems) design မှာ structure types တွေ အမျိုးမျိုးပါဝင်တဲ့ အထဲမှာမှ အလုပ်ထဲမှာတော့ shaft တွေကိုတည်ဆောက်ဘို့အတွက် ERSS systems တခုဖြစ်တဲ့ cast in-situ caisson ring အမျိုးအစားကိုသုံးပါတယ်။
Shaft တွေမှာ lunching နဲ့ receiving shaft ၂မျိုးတွေ့ ရပါတယ် receiving sfaft ကတော့ ပိုက်လိုင်းတွေရှည်တဲ့ အတွက်ကြားမှာ shaft တခုခံတာတို့, transition sump တွေနဲ့တွဲတဲ့နေရာမှာတို့ သုံးကြပါတယ် lunching shaft ကတော့ pipe တွေကို စတင် jack တဲ့ shaft တွေပါ၊ shaft တွေက pipes line invert level တွေပေါ် မူတည်ပြီး တချို့ shafts တွေက shallow ဖြစ်ပင်မဲ့ တချို့ shaft တွေကတော့ တော်တော် ကို deep ဖြစ်ပါတယ် အလုပ်ထဲမှာတော့ 10~30m depth & 7.5~14m dia: shaft တွေကိုမှ cast in- situ caisson ring ~1.2m depth တွေနဲ့ တည်ဆောက်ပါတယ်၊
Shallow shafts တွေတည်ဆောက်ရာမှာ အခက်အခဲ သိတ်မရှိပင်မဲ့ တချို့ shaft တွေမှာတော့ soil condition ကလဲတော်တော်ကိုညံ့ water level ကလဲမြင့်တော့ အနက်တခုကိုရောက်တာနဲ့ အောက်ပိုင်း ring တွေမှာ crack line တွေစတင်ပေါ်လာပါတယ် failure ဖြစ်မဲ့ crack line တွေနဲ့ settlement တွေမြင့်တက်မူ, ring တခုနဲ့ တခုကြား water တွေက စိမ့်ထွက်လာ ခြင်း ring တခုနဲ့ တခုကြား ဟထွက်သွားခြင်းတို့ ဖြစ်တဲ့ condition တွေကြောင့် QP တွေကို အလျင်အမြန်အကြောင်းကြားပြီ stop work order ထုတ်ပြီး shaft တခုလုံးကို backfilling လုပ်ခဲ့ရပါတယ်
Backfillingပြီတဲ့ နောက် ground condition ပေါ် မူတည်ပြီ QP တွေက shaft ရဲ့ အပေါ်ဆုံး ring နဲ့ ဘေးပတ်ဝန်ကျင်တဝိုက်ကို RC slab တွဲ လောင်းသော် shaft strengthing work တွေလုပ်ဘို့ အကြောင်းကြားပါတယ် slab လောင်းပြီ နောက် အခြေအနေကိုထပ် စောင့်ကြည့်ပါတယ် ၊
အခြေအနေစောင့်ကြည့်တဲ့အကြောင်းပြောရင်း instrumentation အကြောင်းကို ကြားဖြတ်ပြောပါစေ jacking pipe ရဲ့ ERSS submission မှာပါဝင်တဲ့ instrumentation တွေအနေနဲ့ inclinometer, piezometer,waterstand pipe, ground settlement makers, prism တို့ပါဝင်ပါတယ် instrumentation တွေ အကြောင်းအသေးစိတ်နဲ့ installation လုပ်ပုံ, reading ရယူပုံကို အောက်မှာ attach တွဲပေးထားပါတယ်၊
အခြေအနေစောင့်ကြည့်တယ် ဆိုတာ instrumentation တွေကို daily ရယူပြီး QP တွေနဲ့ discussion လုပ်ကြရပါတယ် အခြေအနေတည်ငြိမ်တယ် ဆိုမှ excavation ကို proceed လုပ်နိုင်မှာပါ excavation စဘို့ကို QP တွေက confirm လုပ်ပြီ official Annex C (COS) and Annex D ကိုထုတ်ပေးရပါမယ် BCA ရဲ့ requirement အတိုင်းပါ၊ every ring excavation မစခင်မှာလဲ ထုတ်ပေးရပါတယ် QP တွေဘက်ကလဲ every month BCA ကို report Annex E form submit လုပ်ကြရပါတယ်။
အဲ့ဒီနောက် frist crack line condition ကတည်ငြိမ်တယ်လို့ ထင်ရအပြီးမှာ နောက် ring construction ကိုပြန်တူးဘို့စပါတယ် second time excavation အခြေအနေမှာလဲ cassion ring နဲ့ slab တွဲထားတဲ့ slab ကလဲထိထိရောက်ရောက် ထိန်းမထားနိုင်ခဲ့ပါဘူး အဲဒီမှာဘဲ settlement က working suspension level လောက်ထိကိုမှ တော်တော်ကိုတက်သွားပြီး အပေါ်ပိုင်း slab နဲ့ တွဲring နဲ့ second ring ကြားမှာလဲဟ ထွက်သွားပါတယ် အဲဒီအခြေအနေကိုထပ်ကြုံတွေရပြန်ပါတယ် အခုအခါမှာလဲimmediate action အနေနဲ့ ဘဲ့ shaft တခုလုံးကိုနောက်တကြိမ်ထပ်ပြီ မြေကြီးပြန်ဖို့ရပြန်ပါတယ်၊
second condition အခြေအနေမှာတော့ တော်တော်ကို လုပ်ဘို့ကိုင်ဘို့ခက်ခဲ့လာပါပြီ soil data နဲ့တွက်ထားတဲ့ design တွေကတော့ အဆင်ပြေနေရက်နဲ့ကို on site မှာတကယ်ကိုခက်နေပါတယ် နောက်ထပ်discussion တွေလုပ်ပြီး QP နဲ့ပါမရတော့ဘဲ & AC အဖွဲ့ အထိပါ ထပ်approval ယူကြရပါတယ် နောက်ထပ် proposal ကတော့ shaft ရဲ့ အပြင်ဘက်ကနေ jet grouting ကိုထက်ပြီးလုပ်ဘို့ ဆုံးဖြတ်ကြပါတယ် jet grouting ကို shaft ရဲ့ final level အထိကို groud improvement လုပ်ကြရမှာပါ jet grouting တွေ complete ဖြစ်မှ ဟထွက်သွားတဲ့ ring 2ခုကြားကို ထပ်ပြီ ring beam install ထပ်လုပ်ပါတယ် all of retification work တွေပြီးမှသာ ring အသစ် excavation လုပ်ခွင့်ပြုပါတယ်
third condition အနေနဲ.ဘာထပ်ကြုံရလဲဆိုတော့ အောက်ဘက်ပိုင်းအနက်တခုရောက်နေသော် ring တွေအရောက်မှာတော့ ring တပတ်လုံး excavation လုပ်ပြီး ring rebar တွေ installation လုပ်နေတဲ့ အချိန်မှာ မိုးရွာတဲ့အချိန်နဲ့တိုးတာက တကြောင်း ring နောက်ပိုင်း မြေကြီးက တဖြေးဖြေးပြို လာပြန်တဲ့အတွက် ring ရဲ့ concrete strength quality တွေလျော့လာမှာဖြစ်မှာကို ကြိုတင်ကာကွယ်တဲ့အနေဖြင့် ring တွေကို တခုလုံး excavation လုပ်ခွင့်မပေးတော့ ring တခုကို လေးပိုင်းပိုင်းပြီ Q1,Q2,Q3 &Q4 ဆိုပြီး Q1 casting ပြီးတဲ့ အချိန်မှာမှ Q3 နောက် Q2 ,Q4 ဆိုပြီး တဖြေးဖြေးထိန်းပြီး excavation , casting လုပ်ကြပါတယ် လေးပိုင်းခွဲလောင်းတဲ့ အခါအလုပ်လုပ်ရတာလဲပို မြန်ပြီ ring ရဲ့ quality ကိုလဲ အပြည့်အဝထိန်းနိုင်တာကိုတွေ့ရပါတယ်၊
shaft တည်ဆောက်ပုံ method step by step နဲ့ site photo တချို့ ကို attach တွဲပေးထားပါတယ်
ကျေးဇူးပါ
Yin Wai Aung့




























Yin Wai Aung   
 Credit https://web.facebook.com/photo.php?fbid=496652233875541&set=pcb.496659233874841&type=3

 

Friday, November 28, 2014

Excavation လုပ်ငန်းတွေမှာ Ground settlement monitoring ကို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခုကို အကြံပြု ခြင်း ..။


Excavation လုပ်ငန်းတွေမှာ Ground settlement monitoring ကို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခုကို အကြံပြု ခြင်း ..။

သည်ပို့စ်ကို အပိုင်း ၃ ပိုင်း ရေးပါမယ်။

အပိုင်း ၁။ မြန်မာကုဒ်မှာပါတဲ့ Geotechnical Instrumentation အပိုင်းအပေါ် တဦးတည်း အမြင်

အပိုင်း ၂။ Ground Settlement monitoring လိုအပ်ရသည့် အကြောင်းရင်းအချို့

အပိုင်း ၃။ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ရိုးရှင်းသော ground monitoring system တခုကို အကြံပြု ခြင်း

xxxxxxxxxxxxxxxxxxxxxx

အပိုင်း ၁။ မြန်မာကုဒ်မှာပါတဲ့ Geotechnical Instrumentation အပိုင်းအပေါ် တဦးတည်း အမြင်

Myanmar National Building Code 2012 (Draft) ရဲ့ PART 4 ၊ SOILS AND FOUNDATIONS အခန်းရဲ့ APPENDIX E ၊ Geotechnical Instrumentation အပေါ် တဦးတည်း အမြင်ကို တင်ပြပါရစေ။

မြန်မာကုဒ်မှာ သည်အခန်းကို စာမျက်နှာ ၂ ခုနဲ့ Ground instrumentation နဲ့ဆိုင်တာလေး ပါတယ်ဆိုရုံ ထည့်ထားတယ်လို့ မြင်ပါတယ်။ မြန်မာကုဒ်မှာ Ground Instrumentation အခန်းကို ဖော်ပြထားမှု အရမ်းကို နည်းလွန်းပါတယ်။ နောက်ပြီး အသုံးပြုဖို့ ညွှန်းထားတဲ့ နည်းလမ်းအချို့က ၁၉၇၃ ခုနှစ်လောက်က ထုတ်ခဲ့တဲ့ စာအုပ်က ဖြစ်တဲ့အတွက် ခေတ်မှီ ground instrumentation တွေ ထွက်ပေါ်နေတဲ့ အခုလို ချိန်မျိုးနဲ့ ယှဉ်ကြည့်ရင် ခေတ်နောက်ကျနေပါပြီ။

ဖြစ်နိုင်ရင် Myanmar National Building Code 2012 (Draft) ရဲ့ PART 4 ၊ APPENDIX E ၊ Geotechnical Instrumentation အပိုင်းကို ပိုပြီး ပြည့်ပြည့်စုံစုံ ၊ ခေတ်နဲ့ လျော်ညီအောင် ပြန်ပြင်သင့်တယ်လို့ မြင်ပါတယ်။

xxxxxxxxxxxxxxxxxxxxxx

အပိုင်း ၂။ Ground Settlement monitoring လိုအပ်ရသည့် အကြောင်းရင်းအချို့

အဆောက်အဦ မြေအောက်ထပ် basement များအတွက် မြေကြီးတူးဖော်တဲ့အခါ (မြေကာနံရံ ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ) မြေကြီးရဲ့ stress release သဘောအရ ဘေးပတ်ဝန်းကျင်မှာ မြေနိမ့်ကျတဲ့ ပြသာနာ settlement problem ဖြစ်တတ်ပါတယ်။

လူနေထူထပ်တဲ့ မြို့ပြထဲမှာ မြေတူးတဲ့အခါ ဘေးပတ်လည်မှာလည်း အဆောက်အဦတွေ ရှိတာကြောင့် မြေကာနံရံ retaining wall နဲ့ မြေမပြိုအောင် ထိန်းပြီးမှ မြေတူးတတ်ကြသလို ၊ လူနေ မထူထပ်တဲ့ နေရာမှာ မြေကာနံရံ မပါဘဲ slope cut ပုံစံနဲ့လည်း တူးဖော်တတ်ကြပါတယ်။

မြန်မာပြည်က ဆောက်လုပ်ရေး လုပ်ငန်းတွေကို ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်တဲအခါ..

အချို့ မြေတူး လုပ်ငန်းတွေမှာ retaining wall ပါသလို ၊ တချို့ လုပ်ငန်းတွေမှာ retaining wall မပါဘဲ မြေကို တည့်အတိ ဖြတ်ထားကြတာကို မြင်ရပါတယ်။ မြေကောင်းရင် မြေကာနံရံမပါဘဲ တည့်အတိ ပုံစံနဲ့ တူးဖော်လို့ ရပါတယ်။

ဒါပေမယ့် မြေကောင်းရင် တည့်အတိ တူးထားတဲ့မြေ မပြိုကျပေမယ့် ဘေးပတ်လည်ဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ မြေနိမ့်ကျတတ်ပါတယ်။ ကြာလေလေ ပိုနိမ့်ကျလေလေ ဖြစ်နိုင်ပါတယ်။

Retaining wall နဲ့ မြေတူးရင်လည်း ဘေးဝန်းကျင်က နိမ့်ကျနိုင်တာပါပဲ။ retaining wall ဒီဇိုင်းလုပ်တဲ့အခါ wall movement ကို zero ထားပြီး ဒီဇိုင်းလုပ်တဲ့ rigid wall design ဆိုတာ မရှိသလောက် နည်းပါတယ်။ wall movement ကို zero ထားနိုင်စေဦးတော့ ၊ Installation effect ကြောင့် ဘေးပတ်ဝန်းကျင်မြေက နိမ့်ကျနိုင်တာပါပဲ။

ဒါကြောင့် ကိုယ့်ဆိုဒ်က မြေတူးတာကြောင့် ဘေးဝန်းကျင်က မြေနိမ့်ကျပြီး shallow foundation နဲ့ ဆောက်ထားတဲ့ ဘေးအိမ်တွေမှာ differential settlement ဖြစ်ကာ နံရံများ အက်လာခြင်း ၊ ကြမ်းခင်းများ နိမ့်ကျခြင်း စတာတွေ ဖြစ်လာနိုင်ပြီး ၊ တဘက်နဲ့ တဘက် အငြင်းပွားမှုတွေ တရားရုံးမှာ စကားပြောရတာတွေ ဖြစ်လာနိုင်ပါတယ်။

စင်ကာပူမှာ project တခု ဆောက်ဖို့ ခွင့်ပြုမိန့် တောင်းတဲ့အခါ excavation ပါမယ်ဆိုရင် ground monitoring အစီအစဉ်ပါ တခါတည်း တင်ပြရပါမယ်။ ကိုယ်မြေတူးလို့ ဘေးပတ်ဝန်းကျင်မြေ နိမ့်ကျမှာကို ဘယ်လို စောင့်ကြည့်ပါမယ် ဆိုတဲ့ အစီအစဉ်ပါပဲ။

Ground monitoring အစီအစဉ်မှာ အသုံးပြုတဲ့ monitoring instrumentations တွေ အများကြီး ရှိပါတယ်။ ဥပမာ .. inclinometer, piezometer, extensometer, tilt meter စသဖြင့် အမျိုးမျိုး ရှိပါတယ်။ instruementation တွေကို အသုံးပြုမယ်ဆိုရင် နည်းပညာ ၊ ကျွမ်းကျင်မှု နဲ့ ငွေကုန်ကျမှုတို့ လိုအပ်ပါမယ်။

Instruementation တွေအကြောင်းကို နောက်ထပ် ပို့စ်တခုမှာ အကျယ် ဖော်ပြမှာ ဖြစ်ပြီး သည်ပိုစ့်မှာတော့ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ground monitoring system တခုကို အကြံပြု တင်ပြလိုပါတယ်။ နည်းပညာ ၊ ကျွမ်းကျင်မှု နဲ့ ငွေ အပို ကုန်ကျမှုလည်း မရှိဘဲ မည်သည့် ဆိုဒ်အင်ဂျင်နီယာ မဆို ဆောင်ရွက်နိုင်မယ့် ရိုးရှင်းသော နည်းလမ်းတခု ဖြစ်ပါမယ်။

xxxxxxxxxxxxxxxxx

အပိုင်း ၃။ ပြည်တွင်းက ဆိုဒ်တွေမှာ အသုံးပြုနိုင်မယ့် ရိုးရှင်းသော ground monitoring system တခုကို အကြံပြုခြင်း

မြန်မာပြည်မှာ မြေအောက်ထပ် အတွက် မြေတူး excavation တဲ့အခါ ငွေအပို ကုန်ကျမှု မရှိဘဲ monitoring ဆောင်ရွက်နိုင်မည့် နည်းလမ်းက auto level instrument နဲ့ ကြိုတင်သတ်မှတ်ထားတဲ့ settlement marker တွေကို အမြဲ စောင့်ကြည့်မယ့် နည်းလမ်းပါ။

သည်နည်းလမ်းအတွက် လိုအပ်မှာက

၁။ auto level - ဆောက်လုပ်ရေး ဆိုဒ်တွေမှာ မြေအနိမ့်အမြင့် တိုင်းတဲ့ auto level စက်ကလေးတွေ ရှိနိုင်မယ် ထင်ပါတယ်။ ဆိုဒ်တခုမှာ auto level တခု မရှိလည်း နေ့စဉ် တိုင်းတာမှာ မဟုတ်တဲ့အတွက် တခြားဆိုဒ်တွေနဲ့ မျှသုံးနိုင်ပါတယ်။

၂။ တိုင်းတာမည့် အစီအစဉ် (Frequency) - ကိုယ့်ဆိုဒ်ဘေးမှာ မြေနိမ့်ကျနေသလား ဆိုတာကို နေ့စဉ် တိုင်းတာဖို့ ယေဘုယျ မလိုပါဘူး။ တပတ်တခါလောက် ပုံမှန်တိုင်းနေပြီး ၊ သာမန်မဟုတ်တဲ့ အခြေအနေမှ နေ့စဉ်တိုင်းနိုင်ပါတယ်။

၃။ settlement markers - မြေနိမ့်ကျမှုကို တိုင်းတာဖို့ ကြိုတင်နေရာ သတ်မှတ်ပြီး ၊ reduced level ကို တိုင်းတာတွက်ချက်ထားတဲ့ settlement markers များ လိုအပ်ပါတယ်။ Building settlement marker နဲ့ Ground settlement markers တွေလို့ ခွဲပြီး သတ်မှတ်နိုင်ပါတယ်။

Building settlement marker - ပုံ ၁ နဲ့ ၂ ကို ကြည့်ရင် လမ်းပေါ် နဲ့ အုတ်နံရံပေါ်က settlement marker တွေကို မြင်နိုင်ပါမယ်။ လမ်းနိမ့်ကျသလား ၊ အုတ်နံရံ နိမ့်ကျသလားဆိုတာ တိုင်းတာနိုင်ပါမယ်။

Ground settlement marker - မြေကြီးထဲကို ၄ - ၅ ပေလောက် ရှည်မယ့် deformed bar သံချောင်းရိုက်သွင်းပြီး မြေပေါ် ၅-၆ လက်မလောက် ဖော်ထားရင် ဖြစ်ပါတယ်။ နံဘေးမှာ ရေတိုက်စားမှု မရှိအောင် ကွန်ကရစ် ဖို့ထားပြီး ၊ အလွယ်မပျက်စီးအောင် ကာရံထားရပါမယ်။ မြေပေါ် ပေါ်နေတဲ့ သံချောင်းထိပ်ရဲ့ reduced level ကို တိုင်းတာထားရပါမယ်။ မြေနိမ့်ကျတာနဲ့ အမျှ သံချောင်းလည်း နိမ့်ဝင်သွားမှာမို့ ဘယ်လောက် နိမ့်ဝင်သွားတယ်ဆိုတာကို သိရှိနိုင်ပါမယ်။

Settlement markers တွေကို မြေတူးတဲ့ ဆိုဒ်ဘေးတလျှောက် ပတ်ပတ်လည်မှာ မပျက်စီးအောင် သင့်တော်သလို နေရာ သတ်မှတ်ထားနိုင်ပါတယ်။

ပုံ ၃ ကို ကြည့်ရင် စင်ကာပူမှာ သုံးတဲ့ ground settlement marker နေရာချတဲ့ သဘောကို မြင်နိုင်ပါတယ်။

ပုံ ၄ မှာ ground settlement markers ၂ ခုရဲ့ ၁၁ လအတွင်း တဖြည်းဖြည်း နိမ့်ကျလာတဲ့ settlement profile နမူနာကို မြင်နိုင်ပါမယ်။ စင်ကာပူ ဆိုဒ်တခုက တကယ့် profile တခုပါ။

ပုံကိုကြည့်ရင် ၂၀၁၃ ဒီဇင်ဘာလောက်က zero မှာ ရှိနေပြီး ၊ ၂၀၁၄ နိုဝင်ဘာရောက်တော့ ၆၅ မီလီမီတာလောက် နိမ့်ကျလာတာကို မြင်နိုင်ပါတယ်။ မြေမတူးလုပ်ငန်းစပြီး ရက်ပိုင်းအတွင်းမှာ မြေနိမ့်ကျမှု မသိသာပေမယ့် ၊ အချိန် ကြာလာတော့ သိသာလာပါတယ်။

မြေမတူးခင်ကတည်းက မတိုင်းထားဘူးဆိုရင် ၆၅ မီလီမီတာ (၂.၅ လက်မ) လောက် နိမ့်ကျနေတာကို ဆိုဒ်မှာ သွားကြည့်ရင် မြင်နိုင်ဖို့ ခဲယဉ်းပါတယ်။

နိဂုံး ...

ကိုယ့်ဆိုဒ်မှာ မြေတူးလုပ်ငန်းပါတဲ့အခါ ၊ အထက်မှာ ညွှန်းထားတဲ့ နည်းလမ်းလို ရိုးရှင်းပြီး ငွေကုန်ကျမှု မရှိပဲ ၊ ဆိုဒ်ထဲက အင်ဂျင်နီယာတွေ ကိုယ်တိုင် ဆောင်ရွက်နိုင်မယ့် Settlement marker များကို အသုံးပြုတဲ့ ground monitoring system ကို ပူးတွဲ အသုံးပြုသင့်တယ်လို့ အကြံပြုလိုပါတယ်။

markers တွေရဲ့ မြေမတူးခင် reduced level နဲ့ မြေတူးနေဆဲ ၊ မြေတူးပြီး reduced level တွေကို ခြားနားပေးခြင်းဖြင့် ကိုယ့်ဆိုဒ်ဘေးဝန်းကျင်မှာ မြေနိမ့်ကျနေတယ် ၊ မြေမနိမ့်ကျနေဘူး ဆိုတာကို အင်ဂျင်နီယာ တဦးအနေနဲ့ အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။ (၂၃-၁၁-၁၄)

Disqus Shortname

Comments system