CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Monday, February 26, 2018

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၅)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၅)
Shielded Metal Arc Welding







Welding အကြောင်း လေ့လာရအောင် (အပိုင်း ၄)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၄)
(Welding Position & Welder Qualification)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးတွေပါ... notes တွေကို ဖုန်းနဲ့ ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...




Sunday, February 18, 2018

Seismic Design မိတ်ဆက် (အပိုင်း ၄)

Seismic Design မိတ်ဆက် (အပိုင်း ၄)

ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)

Equivalent Lateral Static Force Method

ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်ခြင်း) ဖြစ်ပါတယ်။

Concentrated lateral loads တွေဟာ အဆောက်အအုံမှာ mass တွေ အများဆုံးရှိတဲ့ floor/roof level နေရာတွေမှာ သက်ရောက်ပါမယ်။ ဒါ့အပြင် အထပ်မြင့်လာတာနဲ့အမျှ အဲဒီ concentrated lateral force တွေရဲ့ ပမာဏတွေလည်း များလာပါမယ်။ ဒါကြောင့် အထပ်မြင့် အဆောက်အအုံတွေမှာ အများဆုံး lateral displacement နဲ့ အများဆုံး lateral forces တွေကို အဆောက်အအုံရဲ့ အပေါ်ဆုံး level မှာ တွေ့နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီ effects တွေကို Equivalent Lateral Force Procedure မှာ storey level တစ်ခုစီကို အဲဒီ တွက်ချက်လို့ ရလာတဲ့ Lateral Forces တွေပေးပြီး model လုပ်ရပါမယ်။

ဒီတော့ ဒီနည်းစနစ်မှာ ပထမအားဖြင့် Base Shear (V) လို့ခေါ်တဲ့ ground motion ကြောင့် အဆောက်အအုံရဲ့အောက်ခြေမှာ ဖြစ်လာတဲ့ အားတစ်ခုရယ်၊ အဲဒီကမှတဆင့် Fx လို့ခေါ်တဲ့ level တစ်ခုစီမှာ ကျနေတဲ့ lateral force ရယ် ကိုရှာဖို့လိုအပ်ပါတယ်။

ယေဘုယျအားဖြင့် Lateral loads တွေကို အဆောက်အအုံအပေါ် distribute ပြုလုပ်ရာမှာ အဆောက်အအုံကို မြေပေါ်ကနေ အပေါ်ကိုထောင်နေတဲ့ cantilever ပုံစံမျိုး စဉ်းစားပြီး first mode (fundamental mode) အတိုင်းသာ လှုပ်ခါတယ်လို့ ယူဆတာဖြစ်ပါတယ်။ (Fundamental mode ဆိုတာ အဆောက်အအုံဟာ ရိုးရိုး ဘယ်ညာပဲယိမ်းပြီး တွန့်ခါမှု မရှိတာကို.ဆိုလိုပါတယ်)
ဒီနေရာမှာ အဆောက်အအုံအပေါ် သက်ရောက်နေတဲ့ forces တွေ အားလုံးပေါင်းခြင်းဟာ Base Shear (V) ပမာဏနဲ့ တူညီရမှာဖြစ်ပါတယ်။


Base Shear

Base shear တွက်ချက်ရာမှာ အောက်ပါအချက်အလက်တွေအပေါ် မူတည်ပြီး Design Base Shear ကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေက..

၁. ငလျင် ဖြစ်ပေါ်နိုင်တဲ့ နေရာတွေနဲ့ နီးစပ်မှု
၂. ပြင်းထန်တဲ့ ငလျင် လှုပ်နိုင်တဲ့ ဖြစ်တန်စွမ်း ရှိမရှိ
(ဒီ ၂ ချက်ကနေ Ss နဲ့ S1 ဆိုတဲ့ Maximum Considered Earthquake တန်ဖိုးတွေကို Seismic Map ကနေ ရပါမယ်)

၃. Site မှာရှိတဲ့ Soil condition/ Site Class (ဒီအပေါ် မူတည်ပြီးတော့ Site Class Categories တွေ ရမှာဖြစ်ပြီး အဲဒီက ရတဲ့ Factor တွေနဲ့ MCE တန်ဖိုးတွေကို modify လုပ်ပေးရပါမယ်။)

၎. အဆောက်အအုံရဲ့ ပျော့ပြောင်းမှု သို့မဟုတ် Ductility (Response Modification Factor “R” နဲ့ ကိုယ်စားပြုပါတယ်။ အဆောက်အအုံ ပျော့ပြောင်းမှုရှိလေ ငလျင်ဒါဏ် ခံနိုင်ရည် ရှိလေပါပဲ။ အဲဒီအတွက် R တန်ဖိုး များလာတာနဲ့အမျှ Design လုပ်ရာမှာ တွက်ချက်ရမယ့် Base Shear ပမာဏကို လျော့စဉ်းစားလို့ရပါတယ်။)

၅. အဆောက်အအုံရဲ့ အရေးပါမှုနဲ့ ဘယ်အတွက် အသုံးပြုမည်ဆိုခြင်း။ (Important Factor “I”)

၆. အဆောက်အအုံရဲ့ Weight (W)

၇. Dyanmic Loading တွေဖြစ်ပေါ်ပါက အဆောက်အအုံရဲ့ လှုပ်ရှားတဲ့ လွှဲချိန် (Fundamental Period of Vibration) (Sds ရှာတဲ့နေရာမှာ ထည့်သွင်းစဉ်းစားပါတယ်)

အဲဒီ အချက်တွေကို ပေါင်းစပ်ပြီး ညီမျှခြင်းတစ်ခုထဲကို ထည့်သွင်းလိုက်ပါက ASCE 7 အရ Base Shear ကို ရှာတဲ့ အောက်ပါ အခြေခံ ညီမျှခြင်းကို ရရှိပါမယ်။

V = Sds * I / R * W

ကျေးဇူးတင်ပါတယ်။
အောင်ဆုမြတ်
15 May 2016

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၃)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၃)
(Welding Symbols များ)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးပါ... notes တွေကို ဖုန်းနဲ့ ဖတ်မယ်ဆို ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...






Wednesday, February 14, 2018

How to Check Soil Test Report

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၂)

Welding အကြောင်း လေ့လာရအောင် (အပိုင်း ၂)
(Types of Welds and Weld Joints)
ကျွန်တော် အရင်က ရေးခဲ့တဲ့ note လေးပါ... note ကို ဖတ်ရ သိပ်အဆင်မပြေတာကြောင့် ဖတ်ရလွယ်အောင် JPEG ပြောင်းပြီး ပြန်တင်ပေးလိုက်ပါတယ်...





Sunday, February 11, 2018

Friday, February 9, 2018

Moment Redistribution in Reinforced Concrete Beam

Reinforced concrete beam တစ်ချောင်းမှာ inelastic အခြေအနေမှာ ဖြစ်ပေါ်တဲ့ Moment Redistribution အကြောင်းကို Junior Engineer ညီညီမတွေကို ပြောပြချင်ပါတယ်။ (Senior Engineer ကြီးတွေအနေနဲ့လဲ ဝေဖန်ထောက်ပြစရာရှိတာများကို အားမနာတန်း ဝေဖန်ထောက်ပြပေးကြပါလို့ ပြောကြားချင်ပါတယ်)


Moment redistribution ဆိုတာဘာလဲဆိုတော့ Reinforced concrete beam တစ်ချောင်းမှာ Negative Moment (Hogging moment) တွေကနေ Beam ရဲ့ Capacity ကြောင့် Positive Moment တွေအဖြစ် Redistribute ဖြစ်သွားတာကို ပြောခြင်းဖြစ်ပါတယ်။


ဒီ အခြေအနေမျိုးဟာ Beam ရဲ့ Negative moment capacity လုံလောက်မှုမရှိတဲ့အခါမျိုးမှာ Beam ရဲ့ End Support တွေမှာ Elastic အခြေအနေမရှိတော့ပဲ Plastic Hinge ဖြစ်ပေါ်ပြီး  အဲဒီ Beam အပေါ်ကျနေတဲ့ Moment တွေကို span တစ်လျှောက် ပြန်လည် ခွဲဝေခံစားရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။




ရှင်းသွားအောင် အောက်က ဥပမာလေးနဲ့ ရှင်းလင်းထားပါတယ်။


ဒီပုံက PTI (Post Tensioning Institute) ကထုတ်တဲ့ Journal ကနေကူးယူ ဖေါ်ပြထားခြင်းပဲ ဖြစ်ပါတယ်။ (http://www.kenbondy.com/images/ProfessionalArticles/MomentRedistributionPTIJournal.pdf)






ဒီပုံကတော့ Span length "L" ရှိပြီး Beam တစ်လျှောက် အများဆုံး Moment ခံနိုင်ရည်အား (For Both Positive Moment and Negative Moment) 4 Unit ရှိတဲ့ Intermediate Span (or Fixed at both ends) Reinforced Concrete Beam တစ်ချောင်းကို အသုံးပြုပြီးတော့ Moment Redistribution ရဲ့ အယူအဆကို သရုပ်ပြတဲ့ ပုံပဲ ဖြစ်ပါတယ်။




Beam တစ်လျှောက်လုံးရဲ့ Moment Capacity က 4 Unit ပဲ ရှိတာကြောင့် Beam ပေါ် UD Load တင်လိုက်တဲ့အခါ UD Load ရဲ့ Value တစ်ခု (w=24/L^2 ) ကိုရောက်ချိန်မှာ Beam ရဲ့ End နှစ်ခုမှာ Load ကြောင့်ဖြစ်လာတဲ့ Negative Moment ဟာ Beam ရဲ့ Capacity နဲ့ တူညီသွားပြီး Plastic Hinge ဖြစ်သွားမှာပါ။ ပုံမှာ Curve (1) ဖြစ်ပါတယ်။


အဲဒီနောက် Load ကို တိုးပြီး ဆက်တင်သွားရင် Beam ရဲ့ End နှစ်ခုမှာ ခံနေရတဲ့ Moment ထပ်မတက်လာနိုင်တော့ပဲ Beam ရဲ့ Mid Span မှာ Positive Moment တဖြည်းဖြည်း တိုးလာတာကို တွေ့ရပါမယ်။နောက်ဆုံး Mid Span မှာဖြစ်ပေါ်လာတဲ့ Moment ဟာ Beam ရဲ့ Capacity အထိ ရောက်ရှိသွားပြီး Plastic Hinge တစ်ခု ထပ်ဖြစ်သွားမှာပါ။ ။ ပုံမှာ ဆိုရင် တော့ Curve (2)  ဖြစ်ပါတယ်။




အဲဒီအခြေအနေမှာ Beam အပေါ် သက်ရောက်နေတဲ့ UD Load ဟာ အဲဒီ Beam ရဲ့ Ultimate Load အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ (တနည်းအားဖြင့်ဆိုသော် Additional Load ကို ထပ်မခံနိုင်တော့ပါ) အဲဒီအခြေအနေမှာ ရှိတဲ့ Ultimate Load က တွက်ချက်မှုအရ (w=64/L^2 ) ဖြစ်ပါတယ်။




ပုံမှာ Curve (3) က Beam ရဲ့ Elastic Moment Diagram ဖြစ်ပါတယ်။ ထုံးစံအတိုင်း Negative Moment က wl2/12 ဖြစ်ပြီးတော့ Positive Moment က wl2/24 ဖြစ်ပါတယ်။ ဒီဥပမာအတွက် Ultimate load (w=64/L^2) ကို Elastic အခြေအနေမှာ ခံနိုင်ဖို့ လိုအပ်တဲ့ Beam ရဲ့ Moment Capacity တွေက Negative Moment အတွက်  5.33 နဲ့ Positive Moment အတွက် 2.67 တို့ ဖြစ်ပါတယ်။




တနည်းအားဖြင့်ဆိုသော် Beam ရဲ့ Beam ရဲ့ Capacity ကြောင့် End Moment နဲ့ Span Moment တွေ Curve 3 ကနေ Curve 2 ကို Re-adjust ဖြစ်သွားတာဖြစ်ပါတယ်။ အဲဒါကို Moment Redistribution လို့ခေါ်ပြီး အောက်ပါ Formula နဲ့ တွက်ယူနိုင်ပါတယ်။




ဒီဥပမာအတွက် Redistribution က 24.9% ဖြစ်ပါတယ်။




ထိုနည်းလည်းကောင်းပဲ Beam တစ်ခုရဲ့ Negative moment capacity ကို elastic bending moment curve က ရတဲ့ moment အတိုင်း Design မလုပ်ဘဲ Negative moment ကို လျှော့ပြီး Design လုပ်နိုင်ပါတယ်။ အဲဒီအတွက် span positive moment ကို တိုးပေးရပါမယ်။ အဲဒါနဲ့ပတ်သက်ပြီး Portland Cement Association ကထုတ်တဲ့ Moment Redistribution ဥပမာလေး မှာလေ့လာနိုင်ပါတယ်။ အောက်က လင့်မှာပါ။


http://cement.org/buildings/timesaving-momentredistribution-ia.pdf




Moment Redistribution As per Codes




BS Code အရ Maximum ခွင့်ပြုထားတဲ့ Moment Redistribution ratio က 30% ဖြစ်ပါတယ်။ အောက်ကစာပုဒ်ကတော့ BS Code က ထုတ်နှုတ်ထားတာပါ။






Euro Code EC 2 အရ Maximum ခွင့်ပြုထားတဲ့ Redistribution ratio က 30% ဖြစ်ပါတယ်။ အောက်က စာပုဒ်က EC2 ကောက်နှုတ်ချက်ဖြစ်ပါတယ်။






ACI Code က Negative Moment တွေကို အများဆုံး ခွင့်ပြုတဲ့  Moment Redistribution က 20% ဖြစ်ပါတယ်။






(ဒီနေရာမှာ တစ်ခု မှတ်သားရတာက RC Beam ကို Negative moment အတွက် reinforcing bar မထည့် ထားတဲ့အခါမျိုးနဲ့ Crack control only အတွက်ပဲ Reinforcing bar ထည့်ထားတဲ့ အခါမျိုးတွေမှာ Beam ရဲ့ Ends တွေမှာ Plastic Hinge ဆောလျင်စွာဖြစ်ပေါ်ပြီး Beam ရဲ့ Behavior ဟာ simply support beam ပုံမျိုး ဖြစ်သွားပါလိမ့်မယ်။ အောက်က ပုံစံမျိုးဖြစ်မှာပါ)





Credit
Aung Hsu Myat


7 Jan 2015

Monday, February 5, 2018

site engineer လက်စွဲ အပိုင်း(၃)

site engineer လက်စွဲ အပိုင်း(၃)

Development Length

bond force အပြည့်ဝရအောင် သံချောင်းနဲ့ ကွန်ကရစ် အနည်းဆုံးထိစပ်ထားရမယ့် အလျှားကို development length လို့ခေါ်တယ်။ RC မှာက လောင်းပြီးပြီဆိုတာနဲ့ သံချောင်းက ကွန်ကရစ်ထဲအရည်ပျော်သွားပြီ။ working one unit အဖြစ်အလုပ်လုပ်ကြမှာမို့လို့ bond ကအရေးကြီးတယ်။ ဒါကြောင့် development length ကိုတွက်ပေးရတယ်။ မလောက်တော့ hook ထည့်ပေါ့။

development length က သံချောင်းအတွက်စဉ်းစားတာဆိုတော့ compression steel အတွက် ရှိမယ် tension steel အတွက်ရှိမယ်။ ဒါကဘာအပေါ်မူတည်လည်းဆိုရင် ထားတဲ့သဘောဝအပေါ်မှာမူတည်တယ်။ beam ဆိုရင် သံချောင်းက tension member အဖြစ်ရှိပြီး column တိုင်မှာထားတဲ့သံချောင်းကျတော့ compression member ပါ။ seismic ပါရင်တော့ tension ၀င်နိုင်တယ်။

ခွဲပြီးစဉ်းစားပါ development length for tension & development length for compression ...

development length ကိုရှာတဲ့အဓိကအကြောင်းရင်းက ၂ ခုရှိပါတယ်။ hook လိုမလို စစ်ချင်တာရယ် သံချောင်းဘယ်လောက်အရှည်ဆက်ရမလည်းဆိုတာရယ်ပါ။ သံချောင်းဆက်မဲ့အလျှားကလည်း development ကနေသွားပါတယ်။

------------------------------

အပြင်မှာဒီအတိုင်းလောင်းနေကြတဲ့ ကွန်ကရစ်အများစုဟာ 1:2:4 ပါ။ f'c 2500 psi ၀န်းကျင်ရှိကြပြီး မြန်မာပြည်မှာရနိုင်တဲ့သံချောင်းအများစုဟာ fy 40000 psi ရှိကြတယ်။

ဒီလိုအခြေနေမှာဆိုရင်တော့ development length for tension က

20 mm နဲ့ သူ့ထက်ငယ်ရင် bar diameter ရဲ့  ၃၂ ဆ ပါ။ 32db

20 mm နဲ့ သူ့ထက်ကြီးရင် bar diameter ရဲ့  ၄၀ ဆ ပါ။ 40db

top bar ဆိုရင်တော့ 1.3 နဲ့ ထက်မြှောက်ရပါမယ်။ ဥပမာ ။

2500 psi conc , 40000 psi (22 mm top bar) အတွက်ဆိုရင်

40db=40 x 1.3 x 22 mm (mm ကို လက်မပြောင်းချင်ရင် 25.4 နဲ့ စားပါ)

dev for compression အတွက်ဆိုရင်တော့ ဒီလို case မျိုးမှာ 16 db ပါ။

modification factor တွေနဲ့ ထက်လျှော့လို့ရပါသေးတယ်။ As required / As provided ပါ။ ဒါပေမဲ့ structure မတွက်ရင် မသိနိုင်တာကြောင့် ပိုလျှော့သွားမဲ့တူတူ safe ဖြစ်အောင် အကြမ်းတီးလိုက်ပါ။

----------------------------------

Hook အနေနဲ့ပြောမယ်ဆိုရင်တော့ standard အနေနဲ့ ၃ မျိုးရှိပါတယ်။ 180 hook , 90 hook , 135 hook

135 ကတော့ seismic အတွက် သုံးပါတယ်။

180 degree အတွက်ဆိုရင်တော့ ဘယ်သံချောင်းဆိုဒ်မဆို ရှည်ထွက်ရမဲ့ အစွန်းက bar diameter ရဲ့  ၄ ဆ ရှိပါတယ်

90 degree ချိုးတဲ့ hook အတွက်ဆိုရင် အခြေနေ ၂ မျိုးရှိမယ်။ 16 mm အပါအ၀င် သူ့ထက်ငယ်ရင် diameter ရဲ့  ၆ ဆပါ။ သူ့ထက်ကြီးရင်တော့ ၁၂ ဆ ပါ။

90 ချိုးတဲ့ အပြင်ဖက်ဆုံး column တိုင်တွေမှာတော့ hook က အပြင်ဖက်ကနေ clear cover အနည်းဆုံး ၂ လက်မ ရှိရပါမယ်။

ကျတော်က အသုံးများတာတွေကိုပဲ facebook ပေါ်မှာ တင်တာဖြစ်လို့ technical စာအုပ်တစ်အုပ်လိုတော့ ပြည့်ပြည့်စုံစုံမရေးထားပါဘူး။

ကျတော်ပြောတာမမှားပါဘူး ဖတ်ပြိးပြီးတာမျိုးမဟုတ်ပဲ မသိသေးရင် လူရှိန်အောင် အလွတ်ကျတ်ထားကြပါ။

Credit
Aung Hla Min Naing
Lashio Technological University

site engineer လက်စွဲ အပိုင်း(၂)

site engineer လက်စွဲ အပိုင်း(၂)

concrete cover and clear spacing of bars

cover ကိုထားရတဲ့အကြောင်းရင်းက ၃ ခုရှိပါတယ်။ ပထမတစ်ခုက သံချောင်းကို သံချေးမတတ်အောင် ကာကွယ်ပေးချင်လို့ပါ။ ဒုတိယအကြောင်းရင်းက အကယ်လို့ သံချောင်းရဲ့  position လွဲသွားခဲ့ရင် concrete နဲ့ bond force ရအောင်လို့ပါ။ ဟုတ်ပါတယ်။ cover ဆိုတာ သံချောင်း center ကနေတိုင်းတာမဟုတ်ဘူး။ သံချောင်းရဲ့  အပြင်ဖက်ဆုံး လုံးပတ်အနားကနေ တိုင်းတဲ့ distance ပါ။ အကယ်လို့ cover မရှိရင် သံချောင်းတစ်ခုလုံးတော့ ကွန်ကရစ် မြုတ်နေပါရဲ့  ။ သံဆင်တာလွဲသွားလို့ ထိုးထွက်သွားရင် သံချောင်းက အပြင်ဖက်ကို ရောက်ပြီး bond ကျသွားပါလိမ့်မယ်။ တတိယတစ်ချက်က အမြင်အရ ထိန်းချင်တာပါ ။ cover သာ ညီနေရင် ပုံပန်း အမြင်အရလည်း တင့်တယ်တယ်။ cover ကောင်းမကောင်းက durability မှာတော်တော်လေးစကားပြောတယ်။

သံချောင်းကရေထိရင် သံကြေးတက်ပါတယ်။ ဒီတော့မေးစရာရှိတာက ကွန်ကရစ် လောင်းတဲ့အချိန်မှာ သုံးထားတဲ့ရေကကော်သံချေးမတက်ဘူးလားပေါ့ ။ ပမာဏနဲ့တယ်ပြောရမယ်။ ကွန်ကရစ်ကွဲပြီဆိုရင် အက်ကွဲကြောင်းတွေထဲကနေ ရေငွေ့ဝင်ပါမယ်။ ရေနဲ့ အောက်စီဂျင်ပေါင်းပြီး သံချေးတက်စေတာပါ။ ဒါကြောင့် cover က အရေးကြီးပါတယ်။

concrete က မြေနဲ့ တိုက်ရိုက်ထိတွေ့ ရမဲ့နေရာမျိုး ဥပမာ footing အောက်ခြေဆိုရင်တော့ ၃ လက်မ အနည်းဆုံးထားသင့်တယ်။ အကယ်လို့ footing အောက်မှာ 1:3:6 ကိုအကြမ်းလောင်းထားတယ်ဆိုရင်တော့ ဒီထက်နဲနဲပါးပါးလျော့လို့ရတာပေါ့။ ဒါပေမဲ့ ၂ လက်မထက်တော့ မနဲရဘူး။

bar spacing ကိုသတ်မှတ်ထားချက်က အမျိုးအမျိုးဖြစ်နိုင်တယ်။ အရေးကြီးဆုံးကတော့ သံချောင်းကြပ်တာ မဖြစ်အောင်ပါ။ moment အရပြောမယ်ဆိုရင်တော့ သံချောင်းအနည်းအများနဲ့မဆိုင်ဘူး။ steel cross sectional area နဲ့ပဲဆိုင်တယ်။ ဥပမာ ဆိုဒ်ကြီးတာ ၂ လုံးသုံးတာနဲ့ ဆိုဒ်သေးတာ ၄ လုံးသုံးတာက moment အရတော့ ok တယ်ပေါ့။ ဒါပေမဲ့ ကြီးတဲ့ သံလုံးတွေက development လိုအပ်ချက်များတယ်။ နောက်ပြီး bar splice နေရာ၊ သံချောင်းဆက်တဲ့နေရာတွေမှာ နဲနဲပြသနာရှိတယ်။ သူက သံလုံးကြီးတော့ ကွန်ကရစ်က ဆွဲထားရတဲ့ အားက များတယ်။ တနေရာထဲမှာ စုပြီး ကွဲနိုင်တယ်။ သံချောင်းသေးသေးလေးတွေကို နေရာအနှံ ထည့်လိုက်မယ်ဆိုရင်တော့ တစ်ယောက်နဲနဲစီ မျှခံကြမှာပေါ့။ ဒီလိုဆိုရင်တော့ သံချောင်းကြပ်တယ်ဆိုပေမဲ့ bond ကြောင့်ဖြစ်လာတဲ့ stress တွေနဲ့ မျှတယ်။

တစ်လုံးနဲ့တစ်လုံး အနည်းဆုံးတော့ ၁ လက်မ ကျော်ကျော်လောက် ခြားထားရပါမယ်။ ဒါက ကွန်ကရစ်ဝင်ဖို့ ချန်ထားတာပါ ။

မှတ်ရလွယ်အောင် ကျတော် table လေးတွေလုပ်ပေးထားပါတယ်။ ကယ်ဗျာ ... တစ်ပုံချင်းစီကြည့်ရအောင်ပါ ။ အားလုံးပြီးရင်တော့ မုန့်ကျွေးပါ့မယ်။။။

Credit

Aung Hla Min Naing

Lashio Technological University





Sunday, February 4, 2018

COLUMN ANALOGY METHOD



Download PDF


Friday, February 2, 2018

Fire Protection for Steel Structures (2)

Building Regulations တွေအရ အဆောက်အအုံတွေ design လုပ်တဲ့အခါ မီးလောင်ပါက အချိန်ကာလ တစ်ခုအတွင်း မပြိုနိုင်အောင်နဲ့ အဆောက်အအုံမှာ နေထိုင်သူတွေအတွက် အန္တရာယ်မှ လွတ်မြောက်အောင် ထွက်ပြေးဖို့ လုံလောက်တဲ့ အချိန်ရစေဖို့ ထည့်သွင်း စဉ်းစားကြရပါမယ်။
အဆောက်အအုံ တစ်ခု မီးလောင်ကျွမ်းတဲ့အခါ မြင့်မားတဲ့ အပူချိန်ကို (၁၀၀၀ ဒီဂရီ စင်တီဂရိတ်ခန့်) အချိန်တိုအတွင်း (မိနစ် ၃၀ မှ မိနစ် ၆၀ အတွင်း) ရောက်ရှိနိုင်ပါတယ်။ စမ်းသပ်မှုတွေအရ Heavy Loads တွေ ခံဆောင်ထားတဲ့ Steel Structural Members တွေဟာ မီးလောင်တဲ့အချိန်မှာ အပူချိန် ၅၅၀ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိချိန်မှာ ခံနိုင်ရည်အား ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပြီး အပူချိန် ဆက်လက် မြင့်တက်လာတဲ့အခါ ပိုမိုလျှင်မြန်စွာပဲ ခံနိုင်ရည် လျော့နည်းဆုံးရှုံးသွားနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ (တကယ်လို့သာ သင့်တော်တဲ့ Fire proofing မပြုလုပ်ထားခဲ့ပါက Steel Structural building တစ်ခုဟာ မီးလောင်တဲ့အခါ အချိန်တိုအတွင်း ပြိုကျ ပျက်စီးသွားနိုင်ပါတယ်) အောက်က ပုံကို ကြည့်ပါ။ 
 
 
ဒီတော့ မီးလောင်တဲ့အခါ Structural Steel Members တွေခံဆောင်နိုင်ရည် မလျော့နည်းသွားစေဖိှု့Steel တွေမှာ အပူချိန် မြင့်တက်လာမှုကနေ အကာအကွယ် ပေးထားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Steel member တွေကို Concrete လောင်းပေးခြင်းဖြင့် ၎င်း၊ Fire boards များဖြင့် အကာအကွယ် ပေးခြင်းအားဖြင့် ၎င်း၊ မီးဒါဏ် ကာကွယ်နိုင်တဲ့ vermiculite, Intumescent Paint စတဲ့ဆေးများ သုတ်လိမ်းပေးခြင်းအားဖြင့်၎င်း၊ မီးအပူချိန်နဲ့ တိုက်ရိုက်ထိတွေ့မှုမှ အကာအကွယ်ပေးခြင်းကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဒီပုံတွေက Fire Protection လုပ်ထားတဲ့ နည်းစနစ် ပုံတွေ ဖြစ်ပါတယ်။
 
Structural Steel members တွေကို Vermiculite သို့မဟုတ် Intumescent Paint တွေနဲ့ Fire proofing ပြုလုပ်ပေးရာမှာ Steel member ရဲ့ Section factor အကျိုးသက်ရောက်မှုကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ Section Factor ဆိုတာက မီးအပူချိန် ခံရတဲ့ မျက်နှာပြင် ဧရိယာ စုစုပေါင်းကို တစ်ယူနစ် အလျားမှာရှိတဲ့ ထုထည်ဖြင့် စားခြင်းဖြင့် ရရှိပါမယ်။
တနည်းအားဖြင့်ဆိုသော် Section Factor = A / V ဖြစ်ပြီး unit က m-1 ဖြစ်ပါတယ်။
(အရင် BS Code မှာ Section Factor ကို Heated Perimeter ကို Area ဖြင့် စားခြင်းဖြင့် တွက်ယူပါတယ်။ Section Factor = Hp / A ဖြစ်ပါတယ်။ ဘယ်နည်းနဲ့တွက်တွက် အဖြေတူတူသာ ရရှိပါမယ်)
ဥပမာအားဖြင့်ဆိုသော် Thickness ထူတဲ့ steel member နဲ့ ပါးတဲ့ Steel member တို့ မီးအပူချိန် ခံရတဲ့အခါ ပါးတဲ့ Steel member က ပျက်စီးမှု ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Thickness ပါးတဲ့ Steel member ကို Fire proofing coating သုတ်တဲ့အခါ ပိုပြီး ထူထူ သုတ်လိမ်းဖို့ လိုအပ်ပါတယ်။ အောက်ကပုံက Section Factor ကို သရုပ်ပြတဲ့ ပုံဖြစ်ပါတယ်။ 
 
အောက်ကပုံက Section Factor ကို ဘယ်လို တွက်ရမလဲဆိုတာ ရှင်းလင်းပြထားတဲ့ပုံပါ။
 
Fire proofing သုတ်ဆေးတွေကို Fire rating (ဘယ်လောက်ကြာကြာ မီးလောင်ဒါဏ် ခံနိုင်မှု လိုအပ်သလဲဆိုတာ) နဲ့ Section Factor ကို လိုက်ပြီး ဘယ်လောက်အထူ သုတ်လိမ်းရမယ်ဆိုတာ ထုတ်လုပ်သူက လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြီး Technical Data sheet တွေမှာ ဖေါ်ပြလေ့ ရှိကြပါတယ်။ Fire proofing paint တွေ သုံးတဲ့အခါ ဒီ information တွေ လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။ အောက်က ပုံက Vermiculite Spray Fire proofing အမျိုးအစား တစ်ခုအတွက် သက်ဆိုင်ရာ Fire-resistance rating တွေနဲ့ Section Factor တွေအလိုက် သုတ်လိမ်းရမယ့် ဆေးရဲ့ thickness ကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်။ 
 
ဒီ မှတ်စုတိုမှာ ပါဝင်တဲ့ data တွေကို Association for Specialist Fire Protection အဖွဲ့အစည်းက ထုတ်ဝေတဲ့ Fire protection for structural steel in building (yellow book) ဆိုတဲ့ handbook ကနေ ရယူပါတယ်။ ဒီစာအုပ်ကို လေ့လာချင်ရင် ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
ဒါက ကျွန်တော် အရင်က ရေးခဲ့ဖူးတဲ့ Steel Structure တွေရဲ့ Fire Protection နဲ့ ပတ်သက်တဲ့ မှတ်စုတိုတစ်ခုဖြစ်ပါတယ်။ https://www.facebook.com/notes/aung...
ကျေးဇူးတင်ပါတယ်
Credit
အောင်ဆုမြတ်
8 Dec 2015
 

Fire Protection for Steel Structures

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ယခုအခါ Steel Structure တွေ အသုံးပြုမှု တဖြည်းဖြည်း ကျယ်ပြန့် များပြားလာတာကို တွေ့ရပါတယ်။ Steel Structure တွေ တည်ဆောက်ရာမှာ အရေးပါပြီး ထည့်သွင်းစဉ်းစားသင့်တဲ့ Fire Protection/ Fire Proofing နဲ့ ပတ်သက်ပြီး ဂျူနီယာ အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေ ဗဟုသုတရစေဖို့ တင်ပြ ရေးသားလိုက်ပါတယ်။

Figure 1

Steel Structure တစ်ခု အတွက် မီးဘေးကာကွယ်ရေးစနစ် (Fire Protection) ဆိုတာကတော့ မီးဘေးအန္တရာယ်ကြောင့် Steel Structure တစ်ခု Structural Failure မဖြစ်စေဖို့ ကြိုတင်လုပ်ဆောင်ပေးရမယ့် ကာကွယ်ရေးစနစ်များပဲ ဖြစ်ပါတယ်။ Steel ဆိုတာက သာမန် အခန်းအပူချိန်မှာ အလွန်မာကျောပေမယ့် မြင့်မားတဲ့ အပူချိန်ကို ခံရတဲ့အခါ အလွန်ကို ပျော့ပြောင်းသွားပါတယ်။ အဲဒါကြောင့်ပဲ သံချောင်းတစ်ချောင်းကို အပူပေးပြီး လွယ်ကူစွာနဲ့ ကွေးလို့ဆန့်လို့ ရတာပါ။ ထို့နည်းတူစွာပဲ Steel Structure Building တစ်ခုမှာလဲ မီးလောင်တဲ့အခါ Steel နဲ့လုပ်ထားတဲ့ Beam, Column စတဲ့ Structural Elements တွေဟာ ပြင်းထန်တဲ့ အပူချိန်ကို ခံစားရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ အပူရှိန်ခံစားရတဲ့အခါ Material Properties တွေပြောင်းသွားပြီး ပျော့ပြောင်းသွားတဲ့အတွက် သူခံဆောင်နေရတဲ့ Load တွေကို ခံဆောင်နိုင်ခြင်းမရှိတော့ပဲ အဆောက်အအုံ ပျက်စီးပြိုကျမှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ Steel နဲ့ လုပ်ထားတဲ့ အထပ်မြင့် အဆောက်အဦတွေရဲ့ အောက်ဘက်အထပ်တွေမှာ မီးလောင်မှုဖြစ်ပွားပြီး Steel Column တိုင်တွေမှာ ပြင်းထန်တဲ့ အပူချိန်ဖြစ်လာခဲ့ရင် အဲဒီ Steel Column တွေဟာ ပျော့ပြောင်းသွားပြီး သူထမ်းဆောင်နေရတဲ့ အပေါ်ပိုင်း အထပ်တွေရဲ့ အလေးဝန်ကို မထမ်းဆောင်နိုင်တော့တဲ့အခါ အဆောက်အဦ ပြိုကျပျက်စီးမှု ဖြစ်လာနိုင်ပါတယ်။

အောက်ကပုံက အပူနဲ့ ထိတွေ့တဲ့အခါ ဖြစ်ပေါ်လာတဲ့ Column တစ်ချောင်းရဲ့ Behavior ပုံ ဖြစ်ပါတယ်။

Figure 2 Column Under Fire

မီးလောင်မှုကြောင့် Structural Failure ဖြစ်ပေါ်ခဲ့ပြီး ပြိုကျခဲ့ရတဲ့ အဆောက်အအုံတစ်ခုကတော့ WTC 7 အဆောက်အအုံပါ။

Figure 3 WTC 7 Before and After

47 ထပ်မြင့်တဲ့ အဲဒီ အဆောက်အအုံဟာ 2001 ခုနှစ် World Trade Centre တိုက်ခိုက်ခံခဲ့ရတဲ့ အချိန်မှာ ဖြစ်လာခဲ့တဲ့ နောက်ဆက်တွဲ မီးလောင်မှုတစ်ခုထဲကြောင့် ပြိုကျ ပျက်စီးခဲ့ရပါတယ်။

Figure 4a WTC 7 Structural Failure Due to Fire


Figure 4b Structural Failure Due to Fire

WTC7 ရဲ့ ပြိုကျရမှု အကြောင်းအရင်း အပြည့်အစုံ Report ကို ဒီလင့်မှာ ဒေါင်းလုဒ်ယူပြီး လေ့လာနိုင်ပါတယ်။ http://www.nist.gov/customcf/get_pdf.cfm?pub_id=861610

Steel Structure တွေရဲ့ Fire Protection နဲ့ ပတ်သက်ပြီး နိုင်ငံတကာ Building Code တွေမှာ Fire Code တွေထည့်သွင်းရေးဆွဲထားသလို လိုက်နာဆောင်ရွက်ကြရပါတယ်။ Steel Structure တွေအတွက် Fire Protection Method တွေလဲ များစွာရှိသလို အဆင်ပြေရာကို ရွေးချယ် အသုံးပြုရပါတယ်။ အောက်ကပုံကတော့ Steel Structural Elements (Beams & Columns) တွေရဲ့ တည်ဆောက်ပုံအခြေအနေအရ မီးဒါဏ် ခံနိုင်ရည်ကို ဖေါ်ပြထားတဲ့ ဇယား ဖြစ်ပါတယ်။

Figure 5 Fire Resistance of Structural Elements

ဒီပုံအရဆိုရင် Steel Column နဲ့ Steel Beam တွေကို မည်သည့်နည်းလမ်းနှင့်မျှ Protection မလုပ်ထားပါက ခံနိုင်ရည် ၁၅ မိနစ်သာ ရှိတာကို တွေ့ရမှာပါ။
အောက်ကပုံက စင်ကာပူ Fire Code က ထုတ်နှုတ်ထားတဲ့ Minimum Period of Fire Resistance ဇယား ဖြစ်ပါတယ်။

Figure 6 Minimum Period of Fire Resistance

Code သတ်မှတ်ချက်အတိုင်း Minimum Period of Fire Resistance ရစေဖို့ Steel Structural Elements တွေကို Fire Proofing လုပ်ပေးဖို့ လိုအပ်ပါတယ်။
Fire Proofing Methods တွေအနေနဲ့ Column တွေကို Concrete Encasement (ကွန်ကရစ်လောင်းပေးခြင်း)၊ Column နဲ့ Beam တွေကို Fire Board တွေကပ်ပေးခြင်း၊ Fire Proofing Material များသုတ်လိမ်းပေးခြင်း စတဲ့ နည်းလမ်းတွေ အသုံးပြုပြီး လိုအပ်တဲ့ Fire Resistance ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။
ဒီပုံက Fire Board တွေကပ်ထားတဲ့ပုံပါ။

Figure 7 Fire Boards

Ceiling တွေထဲမှာ ပျောက်သွားမယ့် Beam စတဲ့ Structural Members တွေကို Vermiculite သုတ်လိမ်းပေးလို့ရပါတယ်။ အောက်ကပုံက Vermiculite သုတ်လိမ်းနေတဲ့ပုံတွေပါ။

Figure 8 Spraying Vermiculite Fire Proofing


Figure 9 Steel Members Cover with Vermiculite

Exposed Structural Elements တွေအတွက်တော့ Fire Proofing Paint ဖြစ်တဲ့ intumescent Paint ကိုအသုံးပြုနိုင်ပါတယ်။ Intusement Paint ဆိုတာက အပူနဲ့ ထိတွေ့တဲ့အခါ ပွလာပြီး Base Material ဆီကို အပူမကူးပြောင်းအောင် ကာကွယ်ပေးတဲ့ သုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ Vermiculite ထက် ကုန်ကျစရိတ် ပိုများပါတယ်။

Figure 10 Fire Proofing Paint


Figure 11 Intumescent Paint Exposed to Heat

အချုပ်အားဖြင့်ဆိုသော် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Steel Structure တွေ အသုံးများလာပေမယ့်လည်း Structural Fire Protection အတွက် အလေးထားမှု အားနည်းနေသေးတာတွေ့ရပါတယ်။ ကျွန်တော်တို့လို အင်ဂျင်နီယာ လောကသားတွေအနေနဲ့ လူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေအတွက် အရေးပါတဲ့ Steel Structure တွေရဲ့ Structural Fire Protections တွေကို အလေးထားဆောင်ရွက် နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။
 Credit

Aung Hsu Myat
20 Feb 2015

ဒါက စင်ကာပူက Fire Code ပါ https://www.scdf.gov.sg/content/scdf_internet/en/building-professionals/publications_and_circulars/fire-code-2013.html
Structural Fire Precaution Measures တွေနဲ့ Fire Fighting System တွေရဲ့ requirements တွေကို လေ့လာနိုင်ပါတယ်။
Auto Sprinkler system တွေတပ်ဆင်ဖို့အတွက်ဆိုရင် Pipe line တွေ, Pump တွေနဲ့ Water Storage Tank တွေလိုအပ်ပါတယ်။ စင်ကာပူမှာ Commercial Building တွေမှာပဲ တပ်ဆင်တာ တွေ့ရပါတယ်။

Causes of Formwork Failures (5)

Causes of Formwork Failures (5)
Pull Man Mandalay Hotel, Mingalar Mandalay Project
မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းတုန်း ထောက်ထားတဲ့ ငြမ်းတွေ (Falsework, Formwork) တွေ ပြိုကြတဲ့အကြောင်းကို ဆက်ရေးပါမယ်။
ဖြစ်ရတဲ့အကြောင်းရင်းကို လက်တွေ့စမ်းသပ်ချက်တွေမပါ visual အမြင်နဲ့ မျက်မြင်တွေ့ရှိချက်တွေကနေပဲ ရေးတာဖြစ်ပါတယ်။ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေကို မေးမြန်းထားတာတွေလဲ မပါပါ။ နောက် မိမိတစ်ဦးတည်းရဲ့ အမြင်ကိုသာ ဖော်ပြတာ ဖြစ်ပါကြောင်း ကြိုတင်ပြောလိုပါတယ်။
လောလောဆယ်တော့ Powerpoint လုပ်ထားတဲ့ slide ထဲက ပုံတွေကို တင်ပေးလိုက်ပါတယ်။ နောက်အချိန်ရမှ ပုံတွေကို edit လုပ်ပြီးရှင်းလင်းချက်ရေးပေးပါမယ်။ အဲ့ကြရင် တပုံချင်း ထောက်ကြည့်ပြီး ရှင်းလင်းချက်ကို ဖတ်နိုင်ပါမယ်။
credit
(ဗိုလ်ဗိုလ်ကျော်)



 Flat slab ထုက 650mm (2') ပါ။ ပုံမှာ 350mm ဆိုပြီး Typing မှားသွားပါတယ်


 Flat slab ထုက 2' Formwork ထောက်ရမယ့်အမြင့်က 9.25m ပေ30 လောက်ပါ။ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်နေကြ ကြုံနေကြ Structure မဟုတ်ပါ။ ဒါမျိုး case မှာ Formwork design က အရေးပါပါတယ်။

 ဖို့မြေပေါ်ကို 4"x4" တုံးတွေခံပြီးထောက်ထားပါတယ်။ ဒါကို bad practice တခုအနေနဲ့ ဖော်ပြတာသာဖြစ်ပါတယ်။ Settlement ကျွံ့တဲ့အရိပ်အယောင်တော့ မတွေ့မိပါ။















Disqus Shortname

Comments system