CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Basement. Show all posts
Showing posts with label Basement. Show all posts

Monday, September 11, 2017

"ရန်ကုန်မိုးနဲ့ Basement ဆောက်လုပ်ရေးလုပ်ငန်း"



 "ရန်ကုန်မိုးနဲ့ Basement ဆောက်လုပ်ရေးလုပ်ငန်း"






ရန်ကုန်မြို့မှာ basement ဆောက်လုပ်ရေးလုပ်ငန်းလုပ်
ကြတော့ ကိုယ်တိုင်ဒီဇိုင်းလုပ်သလို နိုင်ငံတကာဒီဇိုင်းတွေလဲ
စစ်ဆေးခဲ့ရတယ်။
အများဆုံးသုံးကြတဲ့ basement support types
တွေကတော့>>>
1- Diaphragm wall
2- secant pile bored pile wall
3- Contiguous bored pile wall
4- Soldier pile and timber lagging
5- Ground anchor and bored pile wall
6- Soil nail
>>> ဘယ် support type သုံးသင့်သလဲ
ရွှေးချယ်ရင်တော့ အခြေခံတဲ့အချက်
(ကုန်ကျမှုကအစပေါ့) အများကြီးထဲက geotechnical condition ကိုအခြေခံပြောရမယ်ဆိုရင်~~~~

နိုင်ငံခြားဒီဇိုင်နာတွေကလဲသူ့အတွေ့အကြုံအရ ပြောမှာဘဲ
အကောင်းအဆိုး သင့်တော်မှုတွေကိုဆုံးဖြတ်ကြလိမ့်မယ်။
ဒီလိုဆုံးဖြတ်တဲ့အခါ soil ရဲ့ properties တစ်ခုထဲသာမက soil ရဲ့ behavior ဟာ အင်မတန်အရေးကြီးပါတယ်။
soil behavior ကတော့ ရေရှည်ရေတိုအချိန်ကာလမှာ
သို့မဟုတ် နွေရာသီ မိုးရာသီမှာ soil nature ပြောင်း
လဲမှုတွေပါ။
တိုးတက်ပြီးနိုင်ငံတွေမှာ urban drainage system
ကောင်းနေရင် ဒါတောင် basement သို့မဟုတ်
underground တည်ဆောက်ရေးအတွက် 30 years,
50 years အရေးကြီးအဆောက်အဦးတွေအတွက်ဆိုရင် 100 year flood cycle အတွက်စဉ်းစားရပါတယ်။
ကျနော်တို့ရန်ကုန်အနေနဲ့ proper drainage system
မရှိသေးတဲ့အတွက် တည်ဆောက်မဲ့နေရာပတ်ဝန်းကျင်
ကလဲစဉ်းစားရမဲ့အချက်တစ်ခုပါ။
ရန်ကုန်မိုးက မိုးတွင်းကာလမှာရွှာရင် မိုးရေချိန်များပါတယ်
surface water သာမက underground water ကြောင့် soil behavior ဟာ နွေကာလနဲ့နှိုင်းရင်
များစွာပြောင်းလဲစေပါတယ်။
မိုးများလာရင်လက်ရှိအဖြစ်များနေကြတဲ့ပြဿနာက~~~
- Contiguous bored pile wall သုံးပြီး skin wall မပါတာ
- Secant bored pile wall သုံးပြီး မတိကျသော piling work ကြောင့် water seepage protection အတွက် soft pile or hard pile ပျက်စီးနေတာ
- အဲဒီလိုဖြစ်ရင် very soft or soft soil တွေ sequeezing ဖြစ်ပါတယ်
- very loose to loose soil တွေမှာ soil washing out and falling စသဖြင့်အဖြစ်များနေကြပါတယ်။
ဒါဆို ground lost ဖြစ်လာမှာပါ။
- groung lost မဖြစ်ဖို့ soil behavior နဲ့သင့်တော်တဲ့ support type ရွှေးချယ်ဖို့ပါ။ လိုအပ်တဲ့ specifications ရအောင် QA/QC လုပ်သင့်ပါတယ်။
ကလေးသဘာဝ ငယ်ငယ်ကမိုးရွှာရင်ပျော်တယ်၊
မိုးများလေပိုပျော်လေ။
အခုတော့ ရွှာတော့ရွှာပါ
သီချင်းထဲကလိုပေါ့
"ဆည်မြောင်း ချောင်းကန် ပြည့်လျှံဖြိုးအောင်
မိုးလုံးတွေမျှ မရွှာစေချင်ပါလေ"
"ဆည်မြောင်း ချောင်းကန် သီးနှံတိုးအောင်
ပုလဲလုံးတွေမျှ ရွှာစေချင်ပါပေ"
မိုးသံကြားလို့တွေးမိ။




/

Friday, September 8, 2017

"ကြုံရဆုံရအတွေ့အကြုံ"






"ကြုံရဆုံရအတွေ့အကြုံ"
Basement support system အတွက်
Presentation လုပ်ရင်၊ အကြံပေးရင် Temporary
support ဆိုပြီး Technical လိုအပ်ချက်တွေကို
အလေးမထားချင်တာတွေ့ရတယ်။
ကျနော်တိုနိုင်ငံမှာက basement floor
အလွှာနည်းပါသေးတယ်။
များလာရင် အဲဒီပြဿနာကမသေးဘူး။
ကိုယ့်အတွက်သာမက ပတ်ဝန်းကျင်မှာရှိတဲ့
permanent structures ကိုထိခိုက်စေပါတယ်။
ကြုံခဲ့ရတာများလို့အကြံပေးတာပါ။
အကုန်အကျနည်းစေချင်လို့ မလုပ်လိုက်ပါနဲ့။
ဆုံရှုံးမှုဖြစ်လာရင် ပိုလို့ကုန်ကျမှုအပြင်
safety ပါထိခိုက်လာပါတယ်။
အစမကောင်း နှောင်ဆက်တိုက်ဖြစ်နေတဲ့ပြဿနာ။

မကြာမီက Project တစ်ခုpresentation မှာ
Contiguous bored piles သုံးမယ် stiff soil ဖြစ်လို့
ရပါတယ်တဲ့၊ ဒီတော့ မိုးရာသီမရောက်မီ
ပြီးအောင်တူးနိုင်မလား၊ substructure
မပြီးနိုင်ရင် လက္ခံလို့မရဘူးဆိုတော့
အပိုပြောတယ်ထင်ကြတယ်။ (အတွေ့အကြုံရှိပါတယ်တဲ့)
သို့ပေမဲ့ ရန်ကုန်မိုးနဲ့ကတော့~~~~~
ပုံထဲကလိုဖြစ်သွားမယ်။
SPT value အရ very stiff soil ပါဘဲ။ dry season မှာ 2m လောက် vertical တူးနိုင်ပေမဲ့ Saturated လဲ ဖြစ်ရော
Silty clay, sandy clay ဖြစ်တော့
လုံးဝ stable မဖြစ်ဘဲ တူးမရတော့၊
အဲဒါထက်အရေးကြီးတဲ့ပြဿနာက
pile တွေကြားက soil washing out and soil falling ဖြစ်လို့ settlement ဖြစ်သွားစေတယ်။
ground loss ဖြစ်စေပါတယ်
အောက်ဆုံးနှစ်ပုံမှာလို dry season တော့အဆင်ပြေမှာပါ။
စေတနာဖြင့်။
21-7-2017
12:10 am

Credit Dr Yu Maung

/

Disqus Shortname

Comments system