CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label MEF. Show all posts
Showing posts with label MEF. Show all posts

Thursday, December 7, 2017

Mohr Coulomb Circle နဲ့Triaxial Test တွေကို ဘာ့ကြောင့်ရှာပြီး ဘယ်နေရာမှာသုံးလဲ

soils တွေရဲ့ shear strength တွေဟာတစ်ခုနဲ့တစ်ခုမတူကြပါဘူး၊ မြေကြီး၏ခံနိုင်ရည်စွမ်းအား shear strength ကိုတွက်ချက်ဖို့အတွက် parameters တွေလိုအပ်ပါတယ်။ အဲဒီ shear strength ကိုတွက်ဖို့အတွက် Mohr-Coulomb failure criteria ရဲ့ formula ပုံသေနည်းနဲ့တွက်ရပါတယ်
shear strength at failure = c΄ + (sigma)΄tan (phi)΄
ကိုအသုံးပြုရမှာပါ။ sigma ကတော့ effective normal stress, phi ကတော့ frictional angle, c ကတော့ cohesion ကိုပြောတာပါ။ c နှင့် phi ကိုတော့ Mohr circles တွေကို failure အမှတ်တွေမှာထိပြီးဖြတ်သွားတဲ့အခါဖြစ်ပေါ်လာသော CSL (critical state line) ဟာ slope line တစ်ခုဖြစ်ပြီး အဲဒီ CSL လိုင်းနဲ့ ရေပြင်ညီ horizontal line တို့အကြား ဖြစ်ပေါ်လာသောထောင့်ကို frictional angle (phi) လို့ခေါ်ပြီး CSL line က Y-axis (shear stress) ကိုဖြတ်လို့ဖြစ်ပေါ်လာသောအမှတ်နဲ့ original point (0,0) တို့အကြား အကွာအဝေးကို c (cohesion=စီးကပ်မှု) လို့ခေါ်ပါတယ်။ sigma ကတော့ shear failure plane ပေါ်ကိုထောင့်မှန်ကျနေပါတယ်၊ sigma'3 = effective normal stress ကတော့ Mohr circles ကို CSL ကဖြတ်သွားသော tangent point ဖြစ်ပါတယ်။ အဲဒီ tangent point (x,y) တန်ဖိုးဟာ failure ရဲ့ တန်ဖိုးတွေဖြစ်ပါတယ်၊ x value ဟာ effective normal stress at failure ရဲ့တန်ဖိုးဖြစ်ပြီး y တန်ဖိုးကတော့ shear stress at failure ရဲ့တန်ဖိုးဖြစ်ပါတယ်။ total normal stress ဆိုရင်တော့ (sigma) ဖြစ်ပြီး၊ sigma အပေါ်က
( ' ) မပါရပါ၊ effective မှာသာ ( ' ) သုံးရပါတယ်။ effective normal stress = total normal stress - excess pore water pressure ။ triaxial tests မှ excess pore water pressure တန်ဖိုးတွေရယ်၊ deviator stress (= sigma'1 - sigma'3) တန်ဖိုးတွေကိုရရှိပြီး axial strain ကို X-axis ထားပြီး graph ဆွဲရင် soil မြေကြီးတွေရဲ့ softening or hardening tendency တွေကိုသိရှိပြီး soil characteristics တွေကိုသိနိုင်မှာဖြစ်ပါတယ်။ sigma'1 ကတော့ axial stress (effective vertical stress) ဖြစ်ပြီး sigma'3 ကတော့ effective confining stress ဖြစ်ပြီး (') မပါရင် total confining stress or total confining pressure လို့ခေါ်ပါတယ်။ sigma3 ကိုလည်း sigma r (radial stress or cell pressure) လို့လည်းခေါ်ကြပါတယ်။
Triaxial compression tests (CU, CD, UU) တွေကနေရလာသော p'-q plot ကနေပြီး CSL line ဆွဲလို့ရပြီး phi တန်ဖိုးရနိုင်ပါတယ်။ Triaxial tests တွေမှာတော့များသောအားဖြင့် triaxial compression test ကိုအသုံးများပြီး triaxial extension test ကိုတော့အသုံးနည်းပါတယ်။

Note; phi, sigma, shear strength, deviator stress, normal stress
တွေကိုသင်္ကေတဖြင့်ဒီနေရာမှာရေးလို့မရလို့စာလုံးပေါင်းဖြင့်ဖော်ပြပါတယ်။


Credit


Tri-Axial Test ကို အတိုဆုံးပြောရရင် Soil ရဲ့  C and Phi (Cohesion and friction angle)်ကို သိချင် လို့  လုပ်တာ လို့ ပြော လို့  ရ နိုင်ပါတယ်။ Direct Shear ကနေ C and Phi်ကို ရနိုင်ပေမဲ့  Biaxial (tri-axial) က တော့ consolidation and drain condition အမျိုးမျိုးနဲ့  run လို့ ရနိုင်ပါတယ်။ condition အမျိုးမျိုး ကတော့  Unconsolidated-Undrained UU, consolidated-Undrained CU and consolidated-drained CD တို့ ဖြစ်ပါတယ်။ UU က အမြန်ဆုံးနဲ့  ဈေးအနည်းဆုံး ဖြစ်ပြီး CDက အကြာဆုံးနဲ့ ဈေးအကြီးဆုံးဖြစ်ပါတယ်။
Tri-Axial Test ကို Soil ရဲ့  Stress-strain behavior ကို သိချင် တဲ့ အခါမှာလည်း သုံးပါတယ်။
Shear Strength and Normal Stress relation ကို ပြတဲ့ Mohr Coulomb နဲ့ ပါတ်သက်လို့ ကတော့ အတိုအားဖြင့်  quadrant လေးခု (1. Both Shear Strength and Normal Stress are positive, 2. Normal Stress is positive and Shear Strength is negative, 3. Both Shear Strength and Normal Stress are negative and 4. Normal Stress is negative and Shear Strength is positive) ဆို ပြီး ရှိပါတယ်။ 

Credit
http://www.myanmarengineer.org
 

Geotextiles ဆိုတာ..


Geotextiles ကအသုံးပြုပုံပေါ်မူတည်ပြီးတော့ အမျိုးမျိုးရှိတယ်ဗျ ။ လက်ရှိမှာတော့ civil engineering အလုပ်တွေဖြစ်တဲ့ roads, airfields, railroads, embankments, retaining structures, reservoirs, canals, dams, bank protection, coastal engineering နှင့် construction site silt fences တွေမှာ အသုံးများပါတယ်။ ပုံမှန်အားဖြင့် Geotextiles တွေဟာမြေသားရဲ့ tension surface ပေါ်မှာတင်ခြင်းဖြင့်မြေသားရဲ့အားကိုမြှင့်ပေးခြင်း အားဖြင့်အသုံးပြုပါတယ်။ Geotextiles ကိုပင်လယ်ကမ်းခြေ sand bund တွေကို ရေလွှမ်းခြင်း၊ ဒီရေတိုက်စားခြင်း ၊ လှိုင်းပုတ်ခြင်း နှင့် လေတိုက်စားခြင်းတွေက ကာကွယ်ဖို့အတွက်လဲ အသုံးပြုပါသေးတယ်။ Geotextiles အသုံးပြုခြင်းရဲ့ အားသာချက်ကတော့ မြေသားရဲ့ strength ကို improve ဖြစ်အောင်လုပ်တဲ့ နေရာမှာ soil nailing ပြုလုပ်ခြင်းထက် စရိတ်ပိုမိုသက်သာခြင်းပါပဲ။ ဒီအပြင် Geotextiles ခင်းထားတဲ့ မြေသားပေါ်မှာလဲသဘာဝအတိုင်း သစ်ပင်ပန်းမန် တွေကို စိုက်ပျိုးနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး building demolition လုပ်တဲ့နေရာမှာလဲအသုံးပြုနိုင်ပါသေးတယ်။ အသုံးပြုပုံကတော့ demolition လုပ်မဲ့အဆောက်အဦး ရဲ့ column တိုင်တွေမှာ Geotextiles တွေကို steel wire နှင့် chain link တွေအသုံးပြုပြီး တွဲချည်ထားပါတယ်။ demolition လုပ်မဲ့အဆောက်အဦးကို explode လုပ်တဲ့အခါ explosive debris တွေကို Geotextiles ဖန်းထားပေးပါတယ်။ ဘာကြောင့် Geotextiles ကိုဒီနေရာမှာအသုံးပြုသလဲဆိုတာက Geotextiles ရဲ့ကောင်းမွန်တဲ့ tensile strength ရှိလို့ပါပဲ။ ကြီးမားတဲ့အရာဝတ္ထုတွေ ကို chain link တွေကဖမ်းထားနိုင်ပြီးတော့ လွင့်ထွတ်လာတဲ့ အပိုင်းအစအားလုံးကို Geotextiles ကဖမ်းထားပေးပါတယ်။
Geotextiles အမျိုးမျိုးရှိတဲ့အနက် erosion control အတွက်အသုံးအများဆုံးနှင့် popular အဖြစ်ဆုံးကတော့ Coir (coconut fiber) geotextiles ပါပဲ။ အကြောင်းကတော့ ကောင်းမွန်တဲ့ mechanical strength ရှိခြင်း၊ ၃ နှစ် ကနေ ၅ နှစ်ကြာတဲ့အခါ Coir geotextiles တွေဟာ humus အဖြစ်ပြောင်းလဲသွားပြီးတော့ မြေဆီလွှာကိုအကျိုးပြုစေလို့ပဲဖြစ်ပါတယ်။

ပုံအချို့တင်ပေးလိုက်ပါတယ် ။
 Credit

Testing for the strength of Geotextiles in sand under static and dynamic loading 





 



geotextile ဆိုတာ ဘာကိုခေါ်တာပါလဲ?
Geo မြေကြီးပတ်သက်တဲ့နေ၇ာတွေမှာသုံးတဲ့ Textile ပိတ်စ လိုမျိုးပေါ့နော်။
ဘယ်မှာ သုံးတာလဲ? ဘယ်လိုမျိုးသုံးတာလဲ?
* မြေသားရဲ့ stability ကိုလိုချင်တဲ့ အခါမှာသုံးပါတယ်။ Slope ကို Geotextile နဲ့ cover လုပ်ပြီး slope ၇ဲ့ stability ရအောင်လုပ်တာမျိုး။
* Ground Improvement လုပ်တဲ့ နေ၇ာတွေမှာလဲသုံးပါတယ်။ Reclamation (မြေသားအသစ်ဖို့ခြင်း) လုပ်ငန်းတွေမှာ ရွှံ့မြေတစ်ထပ် သဲတစ်ထပ် ဖို့တဲ့အခါ ရွှံ့ထဲကို သဲတွေနစ်ဝင်မသွားအောင် အတားအဆီး အဖြစ်သုးံပါတယ်။
* သူကိုဖြတ်ပြီးေ၇စီးဆင်းနိုင်တဲ့ ဂုဏ်သတိရှိတာကြောင့် ရွှံ့ထဲမှေ၇များထွက်သွားနှုန်း (Consolidation rate) ပိုမိုမြန်စေ၇န်အတွက်လဲသုံးပါတယ်။ Prefabricated Vertical Drain (PVD) ကိုပတ်တဲ့အခါမှာလဲ သုံးပါတယ်။

အမျိုးအစားတွေ ကွဲပြားသေးလား?
ကွဲပြားပါတယ်။ Geotextile ကို ယက်လုပ်ပုံကို အခြေခံပြီး ၂ မျိုးကွဲပါတယ်။
Woven Geotextile
Nonwoven Geotextile

Credit chitsuelay

http://www.myanmarengineer.org/

Disqus Shortname

Comments system