CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Showing posts with label Bo Bo Kyaw. Show all posts
Showing posts with label Bo Bo Kyaw. Show all posts
Friday, February 2, 2018
Causes of Formwork Failures (5)
Causes of Formwork Failures (5)
Pull Man Mandalay Hotel, Mingalar Mandalay Project
မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းတုန်း ထောက်ထားတဲ့ ငြမ်းတွေ (Falsework, Formwork) တွေ ပြိုကြတဲ့အကြောင်းကို ဆက်ရေးပါမယ်။
ဖြစ်ရတဲ့အကြောင်းရင်းကို လက်တွေ့စမ်းသပ်ချက်တွေမပါ visual အမြင်နဲ့ မျက်မြင်တွေ့ရှိချက်တွေကနေပဲ ရေးတာဖြစ်ပါတယ်။ တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေကို မေးမြန်းထားတာတွေလဲ မပါပါ။ နောက် မိမိတစ်ဦးတည်းရဲ့ အမြင်ကိုသာ ဖော်ပြတာ ဖြစ်ပါကြောင်း ကြိုတင်ပြောလိုပါတယ်။
လောလောဆယ်တော့ Powerpoint လုပ်ထားတဲ့ slide ထဲက ပုံတွေကို တင်ပေးလိုက်ပါတယ်။ နောက်အချိန်ရမှ ပုံတွေကို edit လုပ်ပြီးရှင်းလင်းချက်ရေးပေးပါမယ်။ အဲ့ကြရင် တပုံချင်း ထောက်ကြည့်ပြီး ရှင်းလင်းချက်ကို ဖတ်နိုင်ပါမယ်။
credit
(ဗိုလ်ဗိုလ်ကျော်)
 Flat slab ထုက 650mm (2') ပါ။ ပုံမှာ 350mm ဆိုပြီး Typing မှားသွားပါတယ်
 Flat slab ထုက 2' Formwork ထောက်ရမယ့်အမြင့်က 9.25m ပေ30 လောက်ပါ။ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်နေကြ ကြုံနေကြ Structure မဟုတ်ပါ။ ဒါမျိုး case မှာ Formwork design က အရေးပါပါတယ်။
 ဖို့မြေပေါ်ကို 4"x4" တုံးတွေခံပြီးထောက်ထားပါတယ်။ ဒါကို bad practice တခုအနေနဲ့ ဖော်ပြတာသာဖြစ်ပါတယ်။ Settlement ကျွံ့တဲ့အရိပ်အယောင်တော့ မတွေ့မိပါ။
Tuesday, May 16, 2017
Image may contain: 2 people
w/c ratio 0.1 လောက်ကျတဲ့ w/c ratio 0.5 မှာဆိုရင်တောင် ခံနိုင်အား Strength 20% ကျတာတွေ့ရမှာပါ။
4) အဓိကက ကိုယ်လိုတဲ့ Strength နဲ့ workability အခြေအနေ(ကွန်ကရစ်အပျော့အမာ/ Slump) နဲ့ကိုက်ညီတဲ့ mix ratio ကိုသုံးရမှာဖြစ်ပါတယ်။
ဗိုလ်ဗိုလ်ကျော်
Unicode
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ (24)
တိုင်တို့ wall တို့ဆိုတာ ပျော့ပျော့လေးလောင်းရတယ်
(w/c ratio မထိမ်းထားဘဲ လောင်းခြင်း)
ကျွန်တော်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့ column တိုင်တွေလောင်းတဲ့အခါ ပန်းရံဆရာက နောက်လူကို "ဟေ့ တိုင်လောင်းမယ်ဟေ့ ရေများများနဲ့ ပျော့ပျော့လေး" လို့ အော်ပြောတာ ကြုံခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ကဘာလို့ ပျော့ခိုင်းတာလဲဆိုတော့ သူက ပျော့မှ တိုင်မှာအပေါက်တွေ မဖြစ်မှာ သံလုံးမပေါ်မှာလို့ သင်ပေးပါတယ် :-D
ပျော့တယ်ဆိုတာ ရေများများထည့်ခိုင်းတာပါ။ Footing ခွာ လောင်းတုန်းကထက် ရေအများကြီးပိုပါတယ်။ concrete mix အချိုးကတော့ သိတဲ့အတိုင်း ဘာလာလာ ရမ်း တူး ဖိုး တဲ့ 1:2:4 ပါ :-D အရင်ခွာလောင်းတုန်းကလဲ ဒီအချိုးပါပဲ။ ခုက အချိုးတူပေမယ့် ရေပိုထည့်တာပါ။
1) Concrete ကွန်ကရစ်က mix ratio အချိုးအစားတခုထဲကိုမှ ရေပါဝင်မှု အနဲအများပေါ်မူတည်ပြီး သူ့ ခံနိုင်အား Strength က ကွာခြားပါတယ်။ ပုံ 6.2 ကို ကြည့်ပါ။ water:cement ratio w/c 0.4 မှာ 41, 42 MPa ရပေမယ့် ရေပါဝင်မှု ၂ဆတိုးသွားတဲ့ 0.8 မှာဆိုရင် 16, 17 လောက်ပဲရှိတော့တာ % အားဖြင့် 40% ပဲရှိပြီး 60% လောက် ခံနိုင်အား Strength ကျတာ တွေ့ရမှာပါ။
w/c ratio 0.1 လောက်ကျတဲ့ w/c ratio 0.5 မှာဆိုရင်တောင် ခံနိုင်အား Strength 20% ကျတာတွေ့ရမှှာပါ။
2) သူပြောတဲ့ တိုင်မှာအပေါက်ပေါ်တာတို့ဘာတို့ဖြစ်တယ်ဆိုတာ compaction မလုံလောက်တဲ့အခါ ဖြစ်တာပါ။ concrete က w/c ratio နဲလေလေ သူ့ခံနိုင်အား strength က များလေလေဆိုပေမယ့် compaction.မရဘူးဆိုရင်တော့ Strength ကမကောင်းနိုင်ပါဘူး။ အဲ့သဘောကို ပုံ 6.1 မှာ ကြည့်ကြည့်ပါ။ Solid line လေးက compaction အပြည့်ရတဲ့ concrete ရဲ့strength ဖြစ်ပါတယ်။ Dashed line လေးကတော့ compaction မရတာရဲ့ strength ဖြစ်ပါတယ်။ အဲ့မှာ w/c နဲတဲ့အခါ compaction အပြည့်ရရင် solid line အတိုင်း strength ကောင်းနေပေမယ့် compaction မရတော့ရင်တော့ Dashed line အတိုင်း ခံနိုင်အားကျတာကို တွေ့ရမှာပါ။
3) ဒါကြောင့် လောင်းမယ့် နေရာနဲ့ အခြေအနေ လိုအပ်ချက်ပေါ်မူတည်ပြီး w/c အနဲဆုံးနဲ့ workability ကောင်းကောင်းနဲ့ compaction အပြည့်ရအောင် ဖန်တီးပေးရပါမယ်။
4) အဓိကက ကိုယ်လိုတဲ့ Strength နဲ့ workability အခြေအနေ(ကွန်ကရစ်အပျော့အမာ/ Slump) နဲ့ကိုက်ညီတဲ့ mix ratio ကိုသုံံးရမှာဖြစ်ပါတယ်။
5) အကြမ်းအားဖြင့်တော့ ရေပိုထည့်မယ်ဆိုရင်တော့ Strength မကျဖို့ water/cement ratio ကို ထိန်းရမှာဖြစ်တဲ့အတွက် cement ကို ပိုထည့်ဖို့ လိုအပ်ပါမယ်။
အရင်တုန်းကအဖြစ်အပျက်ကို ပြန်ပြောတယ်ဆိုပေမယ့် အခုလဲပဲ Project မကြီးတဲ့ Site တော်တော်များများမှာ Floor တွေကို Ready-mixed concrete လောင်းကြပေမယ့် columns တိုင်တွေကိုတော့ site mixed ပဲ ဆိုဒ်မှာတင် ဖျော်လောင်းတတ်ကြပါတယ်။ အဲ့ဒီမှာမှ တချို့ တွေက ခုလိုပဲ Column တို့ wall တို့ကို w/c ratio မထိန်းဘဲ ရေပိုထည့်ပြီးလောင်းကြတုန်းပါပဲ။
Photos : from Properties of Concrete by A.M. Neville
ဗိုလ်ဗို်လ်ကျော်
No automatic alt text available.
Zawgyi one
Pipe Hole at Beam
ဗိုလ်ဗိုလ်ကျော်
Unicode
Civil နဲ့ ပတ်သက်တဲ့အမေးအဖြေ ၂၁
Pipe Hole at Beam
မေး - Beam တွေမှာ M&E အတွက် အပေါက်တွေဖေါက်တဲ့အခါ ရွေးချယ်စရာရှိမယ်ဆို ဘယ်နေရာဖောက်တာ အကောင်းဆုံးပါလဲ ခင်ဗျာ
ဖြေ - Shear Force အနဲဆုံးနေရာမှာ ဖောက်တာ ကောင်းပါတယ်။ အဲ့လို Shear Foece နဲတဲ့နေရာမှာမှ Bending Stress Zero ဖြစ်မယ့် Neutral Axis မှာ ဖောက်တာအကောင်းဆုံးပါပဲ။
ဥပမာအားဖြင့် ပုံကလို UD load ရှိတဲ့ Simple Beam တစ်ချောင်းမှာဆိုရင်တော့ Shear Force အနဲဆုံးနေရာက Beam Span အလယ်တည့်တည့်ဖြစ်ပြီးတော့ Bending Stress Zero ဖြစ်တဲ့နေရာ ကတော့ Beam အလယ်တည့်တည့်ဖြစ်ပါတယ်။
Ref : Structure in Architecture by C. G. Schierle
ဗို်လ်ဗို်လ်ကျော်
. Image may contain: text
Saturday, February 18, 2017
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
Torsion အတွက် steel ဆိုတာ Beam ရဲ့ အလယ်မှာထည့်ပေးရပါတယ်။
တော်တော်များများက Torsion အတွက် steel ကို Beam ရဲ့ အလယ်မှာပဲထည့်ပေးရတယ်လို့ပဲ အောက်မေ့တတ်ကြပါတယ်။
Torsion ဆိုတာ member တခုမှာ သူ့ရဲ့ အလျားလိုက် (longitudinal) direction ကို လှည့်ပြီးလည်တဲ့ moment ကို ခေါ်တာပါ။ Torsion ကြောင့်လိုအပ်တဲ့ reinforcement ကို Shear, Bending moment ကြောင့်လိုအပ်တဲ့ reinforcement ကိုသွားပေါင်းပေးရပါတယ်။
အဲ့မှာ Torsion ကြောင့်လိုတဲ့ longitudinal reinforcement တွေကို closed stirrups ကွင်းဘေး (perimeter) တလျောက် ဖြန့်ဝေထည့်ပေးရပါတယ်။ Beam ရဲ့အလယ်မှာပဲ စုပုံထည့်ရတာမဟုတ်ပါ။ အဲ့လို ထည့်ပေးရတဲ့ rebar spacing က maximum အများဆုံး 12" ထက်ပိုဝေးလို့မရပါဘူးလို့ ACI က ကန့်သက်ချက်ပေးထားပါတယ်။
အဲ့တော့ 15" beam depth ရှိတဲ့ beam တစ်ချောင်းရဲ့ Top နဲ့ Bottom rebars တွေက အပေါ် အောက် cover 1.5" လောက်စီလောက်နဲ့ stirrups ထုတွေနဲ့ သူတို့ရဲ့ bar diameter တစ်ဝက်စီလျော့ပြီး တစ်ခုနဲ့တစ်ခု 12" အောက်ပဲကွာဝေးပါတော့တယ်။
အဲ့လို 12" အောက်ပဲကွာတော့တဲ့အတွက် Torsion အတွက်လိုအပ်တဲ့ steel ကို Bending moment အတွက်လိုအပ်တဲ့ Top နဲ့ Bottom reinforcement တွေမှာပဲ သွားပေါင်းပေးပြီး Stirrups ရဲ့ corner ထောင့်ဆုံမှာပဲ ထည့်ပေးမယ်ဆိုလဲ ရပါတယ်။ Beam အလယ်ပိုင်းကို မထည့်လဲရပါတယ်။
12" ထက်ပိုဝေးရင်တော့ Beam အလယ်ပိုင်းပါဖြန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။Stirrups တွေရဲ့ ထောင့် corner မှာရှိတဲ့ Rebar တွေကတော့ Torsion အတွက်မဖြစ်မနေ ထည့်ပေးရမှာဖြစ်ပြီးတော့ ဒီ bars တွေက torsion ခံနိုင်ရည်ကိုကောင်းစေပြီး cracks ဖြစ်ပေါ်မှုတွေကိုလဲ ကာကွယ်ပေးပါတယ်.
Photo from Structural Concrete Theory and Design 6th edition by Nadim Hassoun
(ဗိုလ်ဗိုလ်ကျော်)
Sunday, January 8, 2017
ASTM နဲ့ JIS H-Section Steel
ASTM နဲ့ JIS H-Section Steel
ဒီ Post က MPE(Mdy) မှာရေးခဲ့တာကို Ko  Phyo Aye ပေးခဲ့တဲ့ comment နဲ့အတူ ဒီမှာထပ်ဖော်ပြပေးတာပါ။ နောက် JIS Standard H-Beam Properties တွေကို Table နဲ့ ပုံတွေကို ထပ်ဖြည့်ပေးလိုက်ပါတယ်။
H-Beam တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကျောင်းမှာ သင်ခဲ့ရတာက ASTM (American Society for Testing and Materials) Standards တွေပါ။ မြန်မာပြည်မှာ တကယ်ရှိတာက (တင်သွင်းတာက) JIS (Japanese Industrical Standards) Standards တွေပါ။ ဘာဖြစ်လို့ ဒါကိုပြောရသလဲဆို ASTM  W-ဘယ်လောက်ဘယ်လောက် ဆိုပြီး Structure designer က ပေးထားတာ တွေ့ဖူးလို့ပါ။ ဒီ ASTM နဲ့ JIS က Section တွေက မတူပါဘူး။ တစ်ခုကနေ တစ်ခု ပြောင်း (convert) လို့လည်း မရပါဘူး။
Section တွေကိုဖော်ပြရာမှာ
(ASTM) W 40x328 ဆိုရာမှာ Depth = 40 in, Weight = 328 lb/ft ပါ။
(JIS) H 300x150x6.5/9 ဆိုရာမှာ Depth=300mm, Flange Width=150mm, Web thickness=6.5mm, Flange thickness=9mm ပါ။
Etabs ယခင် version တွေမှာ AISC section တွေဘဲ သုံးလို့ရပြီး နောက်ပိုင်း version တွေမှာတော့ အခြား Standards တွေပါ သုံးလို့ရလာပြီး JIS section တွေပါ အသုံးပြုလာနိုင်ပါတယ်။ (Default ကတော့ AISC section တွေပါ၊ Etabs မှာ Chinese section ဆိုပြီးပါပါတယ် JIS နဲ့ အတူတူပါပဲ။)
Steel grade တွေကိုဖော်ပြရာမှာ
(ASTM) A36, A53, A242,.... လို့ရှိပါတယ်
(JIS) SS 330, SS 400, SS 540 ဆိုပြီး သုံးမျိုးရှိပါတယ်။ ကိန်းဂဏန်းတွေက (330,400,540) Tensile strength ကိုဆိုလိုပါတယ်
JIS SS 400 ဟာ ASTM A36 နဲ့ တူညီပါတယ်။
Wai Phyo >  FPC နဲ့ Mill Certificate အကြောင်းသိရင်လည်း ရှင်းပြစေလိုပါတယ်
Phyo Aye > FPC ဆိုတာ Factory Production Certificate ကိုဆိုလိုတာထင်တယ်။ Factory Production Control လို့လဲတွေ့ရတယ်။ ဒါက ယေဘူယအားဖြင့် စက်ရုံကထုတ်လိုက်တဲ့ material တွေက သက်မှတ်ထားတဲ့ Design Criteria တွေနဲ့ ကိုက်ညီမှုရှိမရှိကို control လုပ်တာပါပဲ။ Third Party တွေက စစ်ဆေးရပါတယ်။ ဒါက QA/QC control ပါ။ Singapore မှာတော့ ဘယ်လို construction ကိုမဆို BCA က control လုပ်ပါတယ်။ စက်ရုံတွေက BCA မှာ FPC ( Factory Production Certificate) လျောက်ရတယ်။ စက်ရုံတွေက သူတို့ ထုတ်တဲ့ material တွေကို Quality အာမခံပေးရတယ်။ Contractor တွေက သူတို့ အသုံးပြုချင်တဲ့ material တွေကို အဆိုပါ FPC ရှိတဲ့ supplier တွေဆီက ၀ယ်ယူရပါတယ်။ ဒါက FPC အကြောင်း အကြမ်းဖျင်းပါ။ တကယ်လို့ SPC မပြနိုင်ရင် အဆိုပါ material ကို Laboratory မှာ စမ်းသပ်ပြီး result အရ အသုံးပြုပါတယ်။
Mill Certificate ကတော့ စက်ရုံတွေက မိမိထုတ်တဲ့ material တွေကို ဘယ်လောက် strength ရှိတယ်ဆိုတာကို အာမခံတာပါပဲ။ အဲဒီမှာ စက်ရုံတွေက မိမိတို့ရဲ့ ထုတ်ကုန်ကို သူတပါးက အတုလုပ်မှာကို ကာကွယ်တဲ့အနေနဲ့ Heat Number နဲ့ မိမိတို့၏ ထုတ်ကုန် material တွေကို record လုပ်ထားပါတယ်။ အဲဒီ heat number က အရေးကြီးပါတယ်။ မိမိ၏ ထုတ်ကုန်ပစည်း ဟုတ်မဟုတ်ကို ပစည်း sample ကို Lab မှာစစ်ဆေးခြင်းအားဖြစ် ခွဲခြားနိုင်ပါတယ်။
အပေါ်က ဓါတ်ပုံမှာ ပြထားတဲ့ Heat No. P29834. ဆိုတာပါ။ အဲဒီမှာ SS400 ဆိုတာက Tensile strength 400N/mm2 တနည်း Minimum Yield strength 245 N/mm2 ကိုဆိုလိုတာပါ။ Singapore မှတော့ Yield Strength ကို Grade အနေနဲ့ သတ်မှတ်တယ်။ Grade S275 နဲ့ S355 ကို အသုံးများပါတယ်။ S275 နဲ့ S355 ဆိုတာ minimum yield strength ပါ။ N/mm2 ပါ။
(ဗိုလ်ဗိုလ်ကျော်)
Wednesday, November 16, 2016
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၂)
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၂)
အထပ်မြင့်အဆောက်အဦများသည် အထပ်နိမ့်ထက် ငလျှင်လှုပ်ရင် ပိုခံရတယ်
အများစုထင်တာက အထပ်မြင့်အဆောက်အဦတွေက ငလျှင်လှုပ်ရင် အထပ်နိမ့်တွေထက် ငလျှင်ဒဏ်ကို ပိုခံစားရလွယ်တယ်။ ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်တတ်ပါတယ်။  တကယ်တော့ အထပ်မြင့်တွေက အထပ်နိမ့်ထက် ငလျှင်လှုပ်ရင် ပိုလုံခြုံစိတ်ချရပါတယ်။ (ငလျှင်ဒဏ်ခံအောင်တော့ DESIGN လုပ်ထားဖို့တော့ လိုမှာပေါ့ :-)  )
1) ငလျှင်လှုပ်တဲ့ အခါ အဆောက်အဦမြေနေရာမှာ လွှမ်းမိုးတဲ့ Site Period ဆိုတာ ရှိပါတယ်။ Site က ကျောက်သား (Rock) တွေနဲ့ ဖွဲ့စည်းထားရင် Fundamental frequency of shaking က တိုပြီး မြေပျော့ (soft soil) တွေနဲ့ ဖွဲ့စည်းထားရင်တော့ Fundamental frequency of shaking က ရှည်ပါမယ်။ ဒီလို site ရဲ့ Ground အခြေအနေပေါ်မူတည်တဲ့ Site Period က 0.5s (Rock) ကနေ 2.5s (soft soil) အထိ ရှိပါတယ်။
2) Building (အဆောက်အဦ) မှာလဲ သူ့ရဲ့ Fundamental Period (T) ဆိုတာရှိပါတယ်။ T ကို ခန့်မှန်းတဲ့ Formulas တွေ အများကြီး ရှိပါတယ်။ အကြမ်းအားဖြင့်တော့ အထပ်အရေအတွက် (N) ကို 0.1s နဲ့ မြှောက်ပြီး ခန့်မှန်းနိုင်ပါတယ်။ ဥပမာအားဖြင့် 5 ထပ်ဆို 0.5s နဲ့ 25 ထပ်ဆို 2.5s ပါ။ (ဒါက အကြမ်း ခန့်မှန်းတာပါ။)
3) အဆောက်အဦ ပျက်စီးမှုက Site နဲ့ Building Period ထပ်တူကျတဲ့အခါ (ဒါကို Resonance လို့ခေါ်ပါတယ်။) ပိုမိုဆိုးရွားစေပါတယ်။
4) Ground က Period က 0.5s (Rock) ကနေ 2.5s (soft soil) အတွင်းရှိနိုင်တဲ့အတွက် 5ထပ်ကနေ 25ထပ်ကြား အဆောက်အဦတွေက ပိုမိုအန္တရယ်ရှိပါတယ်။ 25 ထပ်ထက်မြင့်တဲ့ အဆောက်အဦတွေကတော့ ဒီ Resonance range ရဲ့အပြင်မှာ ကျနေတဲ့အတွက် ဒီိုအန္တရယ်ကနေတော့ ပိုပြီး သက်သာရာရစေပါတယ်။
5) (Comment က ပုံကို ကြည့်နိုင်ပါတယ်.) Very Short Period ဖြစ်တာတစ်ခုကို စဉ်းစားကြည့်ပါမယ်။ (T<0.7s ဆိုရင် short period လို့ခေါ်ပြီး T>0.7s ကို Long Period လို့ခေါ်ပါတယ်။) Very Short Period  ဖြစ်လို့ Rigid လဲဖြစ်ပါတယ်။ ငလျှင်လှုပ်ရင် Ground ရွေ့သလို သူက လိုက်ရွေ့နေပါမယ်။
Very Long Period ဖြစ်တာတစ်ခုကို စဉ်းစားကြည့်ပါမယ်။( ဥပမာ T=10s အထပ်100 လောက်) သူကတော့ Flexible ဖြစ်ပါတယ်။ Ground ကရွှေ့နေပေမယ့် ထိပ်မှာတော့ ငြိမ်နေတယ်လို့ ယူဆနိုင်ပါတယ်။
ဒီသဘောတရားကို လက်တွေ့သိနိုင်အောင် ချိန်သီးတစ်ခုကို ကြိုးတိုတိုထားပြီး ရမ်းကြည့်ပါ။ ချိန်သီးရမ်းခါနေတာကို တွေ့ရမှာဖြစ်ပြီး ကြိုးကို တဖြေးဖြေးရှည်ပြီး စမ်းကြည့်တဲ့ အခါ ကြိုးရှည်လာတာနဲ့အမျှ ချိန်သီးက သိပ်မရမ်းတော့တာ တွေ့ရပါလိမ့်မယ်။ (ဒါကို Seminar တစ်ခုမှာ ဆရာဦးစောထွေးဇော် လက်တွေ့ လုပ်ပြသွားတာကို ကြည့်ခဲ့ရပါတယ်။)
6) အထပ်မြင့်တွေက ငလျင်ပြင်းအားမများတဲ့နေရာမှာဆိုရင် Wind ကို စဉ်းစားပြီး Lateral Load ခံနိုင်အောင် Design လုပ်ထားတာက Earthquake ထက်များနေနိုင်ပါတယ်။ အဲ့အတွက်လဲ ငလျှင်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည် ရစေပါတယ်။ ငလျှင်ပြင်းအားများတဲ့နေရာ ဆိုရင်လဲ နံပတ်(၅) အချက်မှာပြောထားသလို Flexibel ဖြစ်တဲ့အတွက် ငလျှင်ဒဏ်ကို ပြင်းပြင်းမခံရစေပါဘူး။
Photo Credit : Internet
(ဗိုလ်ဗိုလ်ကျော်)
Secondary, distribution, shrinkage or temperature reinforcement
မေး - One-way Slab မှာ Slab ပေါ်ကျရောက်တဲ့ loads မှန်သမျှကို Short Direction က ထမ်းတယ်လို့ ယူဆပြီး Shorter span မှာ rebar သံချောင်းတွေ ထည့်ပါတယ်။ Long span မှာကြ load ထမ်းစရာမလိုဘဲ ဘာလို့ သံချောင်းထည့်ရတာပါလဲ Temperature & shrinkage အတွက် ထည့်တာပါလား။ နောက် Long span မှာ ထည့်တဲ့ သံချောင်းကို Distribution steel လို့ ဘာလို့ခေါ်တာပါလဲ…
ဖြေ - One-way Slab မှာ Main flexural reinforcement (moment အတွက်ထည့်တဲ့ rebar) ကို Short span မှာ ထည့်ရပါတယ်။ သူနဲ့ ထောင့်မှန်ကျ Long span မှာထည့်ရတဲ့ reinforcement ကိုကြ secondary, distribution, shrinkage or temperature reinforcement စသဖြင့်ခေါ်ပါတယ်။
Long span မှာ ထည့်တဲ့ rebar က flexural reinforcement အတွက် ထည့်တာမဟုတ်ပါ။ သူ့ကိုထည့်ရတဲ့ ရည်ရွယ်ချက်က အဓိက နှစ်ချက်ရှိပါတယ်။
1) concrete ကလောင်းပြီး မာလာပြီဆိုရင် ကျုံ့ပါတယ်။ အဲ့လိုကျုံ့တာကို လွတ်လွတ်လွပ်လွပ် ကျုံ့ခွင့်ရမယ်ဆို ပြဿ နာသိပ်ရှိချင်မှ ရှိမှာပါ။ အဲ့လိုမှမဟုတ်ဘဲ (သူ့အစွန်တွေမှာသူနဲ့တွဲလောင်းထားတဲ့ beams တွေ walls တွေက) ချုပ်နှောင်ထားမယ်ဆိုရင် အဲ့လို ကျုံ့တဲ့အခါ concrete ထဲမှာ tension stress (shrinkage stress) တွေပေါ်လာပြီး hairline cracks တွေ ဖြစ်လာနိုင်ပါတယ်။ concrete က tension ကို ခံနိုင်ရည်နဲတဲ့အတွက် rebar ထည့်ရတာဖြစ်ပါတယ်။ အဲ့လိုကျုံ့တာက Direction ၂ဖက်စလုံးမှာ ဖြစ်မှာပါ။
နောက်ပြီး Concrete မာပြီး နောက်ပိုင်းလဲ ကြုံရနိုင်တဲ့ Temperature changes ကြောင့်ဖြစ်မယ့် volume changes တွေ ခံနိုင်ရည်ရှိအောင်လဲ long span rebar ကိုထည့်တာပါ။ ဒါကြောင့် လဲ temperature & shrinkage steel လို့ခေါ်တာပါ။
2) One-way slab မှာ Short span ကသာ loads တွေကို ထမ်းတာပါ။ ဒါပေမယ့် အဲ့လို short span က ထမ်းတာမှာ load ကို distributuon ကောင်းအောင် လုပ်ပေးဖို့အတွက် အလုပ်ကို long span rebar က လုပ်ပေးပါတယ်။ ဒါကြောင့်လဲ distribution steel လို့ခေါ်တာ ဖြစ်ပါတယ်။
ဒီလိုရည်ရွယ်ချက်တွေနဲ့ ထည့်တဲ့ rebar ကို %အနေနဲ့ (rho) Grade 40 နဲ 50 အတွက် 0.2% နဲ့ Grade 60 အတွက် 0.18%ထည့်ရပါတယ်။ Grade 60 အထက်ကိုတော့ ပုံမှာကြည့်နိုင်ပါတယ်။
Maximum spacing အနေနဲ့တော့ slab အထူရဲ့ 5 ဆနဲ့ 18" ထဲက ငယ်တာကို ယူသုံးရပါမယ်။
ပုံကတော့ ACI 318 က ယူပါတယ်
Credit
(ဗိုလ်ဗိုလ်ကျော်)
Friday, July 22, 2016
Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၈)
FQA 18.pdf
No. of Boreholes & Depth of Boring for Soil Test
မေး - Soil Test လုပ်ဖို့အတွက် ဘယ်နှယ့်ကျင်း စမ်းရမယ်ဆိုတာနဲ့ ဘယ်လောက်အနက်ထိ တူးပြီးစမ်းရမလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ - CQHP Guidelines အရဆိုရင်တော့
No. of Boreholes ကို ပုံမှန်မြေနဲ့ မြေမျက်နှာပြင်အခြေအနေအတွက်ဆိုပြီး
၁) 10000 sft အထိကို 2500 sft ကို တစ်ကျင်းနှုန်းနဲ့ အနဲဆုံး နှစ်ကျင်း
၂) 10000 sft ကျော်ရင်တော့ ပထမ 10000 sft ကို ၁) အတိုင်းတွက် (ဆိုလိုတာက လေးကျင်း)၊ ပိုတဲ့ sft ကိုတော့ 5000 sft ကို တစ်ကျင်းနှုန်း ဆိုပြီး ရှိပါတယ်။
Depth of Boring ကိုတော့
၁) Shallow Foundation အတွက်ကို 1.5 B (lesser dimension of foundation) နဲ့ အနဲဆုံး 30 ft
၂) Deep Foundation အတွက်ကို Z = 15 S^0.7 (ft), where S is the no of storeys including basement, ဒါပေမယ့် နောက်ဆုံး ဆက်တိုက် SPT တန်ဖိုး၃ခုကအနဲဆုံး 40 မရဘဲ Boring ကို မရပ်သင့် ဆိုပြီး ပေးပါတယ်။
စာရှည်ရှည်မဖတ်လိုတဲ့သူတွေ ဒီလောက်ဆိုရပါပြီ :-D
Braja M. Das ရဲ့ Principles of Geotechnical Engineering 7th Edition စာအုပ်မှာတော့ တူးသင့်တဲ့နေရာကို ထောင့်တွေနဲ့ အလယ်ကို စရွေးတူးသင့်ပါတယ်လို့ ဆိုပါတယ်။ အဲ့နောက်မှ လိုအပ်မယ်ဆိုရင် Bore တွေဆက်တူးသင့်ပါတယ်လို့ ပြောပါတယ်။ ကနဦး Borehole spacing ကိုလဲ အောက်က Table အတိုင်းပေးထားပါတယ်။
တူးသင့်တဲ့အနက်ကိုတော့ Sowers and Sowers (1970) က Multistory Buildings တွေအတွက်
Light steel or narrow concrete buildings: Z = 10 S^0.7 (ft)
Heavy steel or wide concrete buildings: Z = 20 S^0.7 (ft) ဆိုပြီး ပေးပါတယ်။
ဆိုတော့ CQHP ရဲ့ Deep Foundation အတွက် Z = 15 S^0.7 (ft) ဆိုတာက ဒီ၂ခုကြားထဲမှာရှိနေတာ တွေ့ရပါတယ်။
All in One Civil Engineering Breadth and Depth by Indranil Goswami မှာတော့
Shallow အတွက်ကို
2B where L<2B
4B where L>2B
Deep အတွက်ကိုတော့ pile tip ရဲ့အောက် 20ft နဲ့ maximum pile group dimension ရဲ့ ၂ဆထဲက ကိုများတာ ဆိုပြီး ပေးပါတယ်။
တကယ်တော့ Borehole depth ဘယ်လောက်ထားရမယ်ဆိုတာ Foundation Bearing Pressure က ဘယ်လောက်အနက်ထိသက်ရောက်တယ်ဆိုတာနဲ့ သက်ရောက်ပုံပေါ် မူတည်ပါတယ်။ Boussinesq's influence contours ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
တော်တော်များများကတော့ Rule-of-thumb အနေနဲ့ Footing အောက် 1.5B အနေနဲ့ပေးကြပါတယ်။ 1.5B depth မှာ Square footing အတွက်ဆို 20% လောက်နဲ့ Infinitely long foundation အတွက်ဆို 40% နီးပါးလောက်ရှိနေပါသေးတယ်။ ဒါကြောင့် ဒီ 1.5B ကို တော့ သတိနဲ့ထားလုပ်သင့်ပါတယ်။ CQHP ကပေးတဲ့ 1.5B ကကျ Footing အောက်လို့ မရည်ညွှန်းထားပဲ မြေကြီးပေါ်ကစတူးတဲ့ depth အနေနဲ့ဖြစ်တဲ့အတွက် ပိုပြီး သတိထားသင့်တဲ့ Borehole depth ပါ။ ဒါပေမယ့် minimum 30' ဆိုတာလေးနဲ့တော့ ပြန်ထေမိနေတယ် လို့ မြင်ပါတယ်။
Boring Depth နဲ့ ပတ်သက်ပြီး Foundation Design and Construction by Tomlinson ကပေးထားတာလေး သဘောကျပါတယ်။ အောက်ကပုံမှာ ဖော်ပြပေးထားပါတယ်။
ပုံ(a) တခုနဲ့တခု အလှမ်းကွာတဲ့ Pad Footing တွေအတွက်ကို Footing အောက် 1-3B
ပုံ(b) Large Raft Foundation တွေအတွက်ကို Footing အောက် 1B
ပုံ(c) Strip or Pad Footing တွေစိပ်တဲ့အခါ သူတို့ရဲ့ pressure zones တွေ overlap ဖြစ်တဲ့အတွက် loaded area တစ်ခုလုံးက raft foundation effect မျိုးဖြစ်သွားပါတယ်။
ပုံ(d) Pile Foundation မှာတော့ Pile ကနေ soil ကို load transmit ကူးပြောင်းတာသက်ရောက်မယ့် အနက်ထိ ဖြစ်ရပါမယ်။ ဒါကို EC7 က Pile shaft diameter ရဲ့ 5ဆ Toe level အောက်ကို ရှိသင့်တယ်ပြောပါတယ်။ Pile length ရဲ့ 2/3 နေရာမှာ Pile Areas ကြီးတစ်ခုလုံးကို Raft Foundation ပုံစံမျိုး effect ရှိနေတဲ့အတွက် အဲ့နေရာကနေ Boring depth က 15B အနဲဆုံးရှိသင့်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၇)
FQA17.pdf
 Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၇)
Civil Engineering Books for Begineers
မေး - အခုမှကျောင်းပြီးပြီး လုပ်ငန်းခွင်စဝင်ကာစပါ။ ဘာစာအုပ်တွေ စဖတ်ရမလဲ သိချင်ပါတယ်။
ဖြေ - Civil Engineering စာအုပ်တွေ စဖတ်ကာစ လူတွေအတွက် ဖတ်ရလွယ်တာနဲ့ မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တွေကို ပြောပေးပါမယ်။
၁) CQHP Inspector Guideline (Civil Work)
CQHP က Civil, MEP, Architecure နဲ့ ပတ်သက်တဲ့ Guidelines စာအုပ် ၁၃ အုပ် ထုတ်ထားပါတယ်။ တတ်နိုင်ရင်တော့ အားလုံးလေ့လာထားသင့်ပါတယ်။
Civil ပိုင်းသီးသန့်ဆိုရင်တော့
a) Inspector
Construction ပိုင်းလုပ်နေတဲ့သူတွေ မဖတ်မဖြစ်ဖတ်သင့်ပါတယ်။
b) Structure + Annex
Structure ပိုင်းပါ။ Construction သမားလည်း ဖတ်သင့်ပါတယ်။
c) Safety
အခုချိန်မှာတော့ Safety လည်း မဖြစ်မနေသိထားသင့်နေပါပြီ။
၂) Essentials of Concrete Inspection and Concrete Mix Designs by U Nyi Hla Nge
ဆရာကြီးဦးညီလှငယ် ပြုစုထားတာပါ။ မြန်မာ, English နှစ်ဘာသာနဲ့ပါ။ Pioneer နဲ့ MES မှာ ဝယ်နိုင်ပါမယ်။
၃) Field Reference Manual by U Nyi Hla Nge
ဆရာကြီးဦးညီလှငယ် ပြုစုထားတာပါပဲ။ ဒီစာအုပ် က English လိုပါ။ Structure ကော Construction သမားများပါ အိတ်ဆောင်သဘောမျိုး ဆောင်ထားရမှာမျိုးပါ။ Pioneer, MES နဲ့ စာအုပ်ဆိုင်တွေ မှာ ဝယ်နိုင်ပါမယ်။
၎) Construction Safety Handbook U Aye Nyein
ှSafety ပိုင်းကို အလေးပြုဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒီစာအုပ်ကို မြန်မာလိုရေးထားတာပါ။ စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါမယ်။
၅) CONCRETE BASICS - A Guide to Concrete Practice
ရိုးရိုးရှင်းရှင်း တိုတိုတုတ်တုတ်နဲ့ ပုံလေးတွေနဲ့မို့ အလွယ်တကူ နားလည်လွယ်ပါလိမ့်မယ်။ စာမျက်နှာလဲ ဘာမှမရှိဘူးဆိုတော့ ခဏနဲ့ ပြီးအောင်ဖတ်နိုင်ပါလိမ့်မယ်။
Begineer တွေအတွက်မို့ ဒီလောက်ပဲ ဖော်ပြပေးလိုက်ပါတယ်။ ဒီစာအုပ်တွေနဲ့ စာဖတ်ကျင့်ကို အစပြုသင့်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Civil နဲ့ ပတ်သက်တဲ့ အမေးအဖြေ (၁၆)
Download as PDF
မေး - Two way slab မှာ short direction moment factor က ဘာ့ကြောင့်များရတာပါလဲ။ Footing slab မှာတော့ long direction moment က များတယ် ဖြစ်ပြန်ရော။
ဖြေ - Moment ဖြစ်တည်မှုပုံစံမတူညီလို့ပါ။ ရှင်းအောင် Rectangular Footing နဲ့ Two way slab ရဲ့ သဘောဘာဝကို တခုချင်းစီ လေ့လာပေးပါ။
Rectangular Footing လို Column Footing တွေမှာ (Rigid method မှာ) အပေါ်က Column load ကို အောက်ခံမြေကြီးက Footing တလျောက်လုံး ညီညီညာညာ (Uniformly) ပြန်တွန်းတယ်လို့ ယူဆပါတယ်။ အဲ့ဒီမှာမှ Rc ဆိုရင် Critical Moment က Column Face မှာရှိပါတယ်။ အဲ့ Moment က Column Face ကနေ Cantilever ဖြစ်တဲ့ Cantilever moment ပါ။
အဲ့လို Cantilever ဖြစ်တဲ့အတွက် Long Direction က Short ထက် length ပိုလို့ သူ့ moment က ပိုများတာ ဖြစ်ပါတယ်။ ဒါက longer က moment ပိုများတယ်လို့ ပြောတာပါ။ အဲ့အတွက် အမြဲတမ်း longer direction က main ဖြစ်မယ်လို့ ပြောမရသေးပါဘူး။
ဘာလို့ဆိုတော့ Long Direction မှာ လိုအပ်တဲ့ Bars အရေအတွက်ကို Footing တလျောက် ညီညီညာညာ (Uniformly) ထည့်ပေးရပါတယ်။ ဒါပေမယ့် Short Direction မှာတော့ လိုအပ်တဲ့ Bars ရဲ့ ရာခိုင်နှုန်းအများစုကို Footing Short length (B) နဲ့အညီ ရှိတဲ့ length (ဒါကို Band width, b လို့ခေါ်ပါတယ် ပုံမှာပြထားပါတယ်။) အတွင်း ထည့်ပေးရပါတယ်။ အဲ့လိုထည့်ပေးရမယ့်အချိုးက 2/ (footing long length / footing short length + 1) ပါ။ ကျန်အချိုးကိုတော့ ကျန်ဘေးအစွန်နှစ်ဘက်ကိုအညီအမျှထည့်ပေးရမှာပါ။
အဲ့လို Shor Direction မှာ Band Width အတွင်း ဝေစုပိုထည့်ပေးရတဲ့အတွက် အရမ်း slender ဖြစ်တဲ့ case မျိုးမှာ Short Direction က Band Width အတွင်း ထည့်ရတဲ့ Bar က Uniformly ထည့်တဲ့ Long Direction Bar ထက် Main ကျလာနိုင်ပါတယ်။
Two Way Slab မှာ Shor span ကော Long span ကိုပါ 1 unit ရှိတဲ့ beam တချောင်းရှိတယ်လို့ မြင်ကြည့်ပါ။ သူ့ရဲ့ support က အစွန်းနှစ်ဖက်မှာရှိပါတယ်။ Rectangular လို Cantilever မဟုတ်ပါ။ နောက် Load အများစုကလဲ Short direction က ယူပါတယ်။ ဒါကြောင့် Short က Main ကျလေ့ရှိတာပါ။
ရိုးရိုးလေးစဉ်းစားမယ်ဆိုလဲ support က အစွန်းနှစ်ဖက်ဖြစ်တဲ့အတွက် ပိုထမ်းနိုင်တဲ့ short က main ဖြစ်ရခြင်းပါ။
End support ရဲ့ Restaint condition ပေါ် မူတည်ပြီးလို့တော့ mian ဖြစ်တဲ့ condition ပြောင်းလဲနိုင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Learning ETABS (5)
How to learn ETABS
ကျွန်တော် ETABS လေ့လာတာမှာ သင်တန်းတစ်ခုအနေနဲ့ မသင်ခဲ့ဖူးပါဘူး။ စာအုပ်တွေဖတ်၊ watch & learn video file တွေကြည့်ပြီး ဆရာသမားတွေနဲ့တွေ့တဲ့အခါ မေးတာတို့နဲ့ လေ့လာပါတယ်။ အခု Note မှာ ဘယ်လို Seft study လုပ်မယ်ဆိုတာလေး တင်ပြချင်ပါတယ်။
ပထမဆုံးအနေနဲ့ Software နဲ့ပါလာတဲ့ Tutorials တွေကို လိုက်ဖတ်ပြီးလုပ်ကြည့်ပါတယ်။ Menu က Help > Documentations and Tutorials  မှာ ဖတ်နိုင်ပါတယ်။
မသိတာရှိရင် Help file မှာရှာဖတ်ပါတယ် (Help > Search for Help on..)။
အဲဒီမှာမှ တစ်ခုခုလုပ်ရင်းတန်းလန်း ပေါ်လာတဲ့ meun bar တွေဘာတွေကို နားမလည်ဘူးဆိုရင် F1 ကိုနှိပ်လိုက်ပါ။ အဲတာနဲ့ပတ်သက်လို့ ရှင်းထားတဲ့ Help file ကျလာပါလိမ့်မယ်။
ဥပမာ ပုံမှာပြထားတဲ့အတိုင်း "Define Static Load Case .." ဆိုတာနဲ့ပတ်သက်လို့ မရှင်းဘူးဆိုပါစို့။ F1 ကို နှိပ်လိုက်ပါ။
ပုံမှာပြထားတဲ့အတိုင်း ဒါကို ရှင်းထားတဲ့ Help file ပေါ်လာပါလိမ့်မယ်။
နောက် watch & learn video file တွေကတော့ YouTube မှာ CSI web site မှာတွေ download ပြီးလေ့လာပါတယ်။ E books တွေလည်း ရှာဖွေဖတ်ရှူပါတယ်။ ETABS နဲ့ပတ်သက်တာတွေတင်တဲ့ ပြောကြဆိုကြတဲ့ Pages တွေ like ထားမယ် Group တွေဝင်ထားမယ်။ အစရှိသဖြင့်လေ့လာပါတယ်။
ဒီ http://www.csiamerica.com မှာလည်းဝင်လေ့လာပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Learning ETABS (4)
Concrete Frame Design
Etabs မှာ concrete frame design ကို ဘယ် code နဲ့ လုပ်မလဲဆိုတာကို Options > Preferences > Concrete Frame Design က Design Code မှာ ၀င်ရောက်ရွေးချယ်နိုင်ပါတယ်။
Etabs Design Results တွေကို Design > Concrete Frame Design > Display Design Info က Design Output မှာ ရွေးချယ်ကြည့်ရှူနိုင်ပါတယ်။
Reinforcement ကို beam အတွက် (၃)နေရာ (stations) ပြပြီး column အတွက် (၁) နေရာပြပေးပါတယ်။
Longitudinal reinforcement ကို Beam အတွက် ဘယ်၊ အလယ်၊ ညာ ဆိုပြီး (၃) နေရာကို beam line အပေါ်မှာရော အောက်မှာပါပြပေးပါတယ်။ အပေါ်မှာပြထားတာက top steel အတွက်ဖြစ်ပြီး အောက်မှာပြထားတာက bottom steel အတွက်ဖြစ်ပါတယ်။
Shear reinforcement အတွက် (Unit ကို kip-in မှာထားရင်) ပေးထားတဲ့ တန်ဖိုးက (in2/in) ပါ။ ဥပမာ shear reinforcing = 0.03 ဖြစ်ပြီး stirrups ကို 8mm သုံးမယ်ဆိုရင် 8mm ရဲ့ steel area က (0.0779 in2) ဖြစ်ပြီး spacing = 0.0779x2/0.03 = 5.19 in ရပါမယ်။
Torsion reinforcement အတွက် line အပေါ်၊ အောက် ပေးထားရာမှာ အပေါ်က shear အတွက်ဖြစ်ပြီး အောက်က side reinforcement အတွက်ဖြစ်ပါတယ်။ Torsion က ရတဲ့ shear ကို shear reinforcement မှာ သွားပေါင်းရမှာဖြစ်ပြီး side reinforcement က longitudinal reinforcement နဲ့ သွားပေါင်းပေးရမှာဖြစ်ပါတယ်။
Etabs ရဲ့ design output တွေက envelope design ပါ။
Design လုပ်ရာမှာ load combinations တွေအများကြီးရှိတဲ့အထဲကမှ အများဆုံးဖြစ်တဲ့ control ဖြစ်တဲ့ တန်ဖိုးနဲ့ လုပ်ရပါတယ်။
ပုံမှာ line အပေါ် အောက် မှာ အစိမ်းရောင်နဲ့ ဖော်ပြထားတဲ့ steel areas တွေက (Lateral loading ထည့်ထားရင်) load combination တခုတည်းက အဖြေတွေဖြစ်ချင်မှ ဖြစ်မှာပါ။
ဘယ်ဘက်အစွန် အပေါ်က 2.00 ဆိုတာ load combination 7 ဖြစ်တဲ့ DCON7 ရဲ့ result ဖြစ်ပြီး ဘယ်ဘက်အစွန်အောက်က 1.13 ဆိုတာ load combination 6 ဖြစ်တဲ့ DCON6 ရဲ့ result ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ဘယ်ဘက်အစွန် အပေါ်အတွက် DCON7 က control ဖြစ်ပြီး ဘယ်ဘက်အစွန်အောက်အတွက်တော့ DCON7 က 0.94 ဖြစ်လို့ သူ့ထက်ပိုများတဲ့ DCON6 က တန်ဖိုးဖြစ်တဲ့ 1.13 က control ဖြစ်သွားတာပါ။
အဲဒီလို stations နေရာပေါင်းစုံမှာ  load combination တစ်ခုတည်းမစဉ်းစားပဲ တစ်ခုချည်းစီအတွက် control ဖြစ်တဲ့ load combination နဲ့ design လုပ်တာကို envelope design လို့ခေါ်ပါတယ်။
Analysis results တွေဖြစ်တဲ့ moment, shear တွေကနေ manual design လုပ်မယ်ဆိုရင် တစ်ခုချည်းစီအတွက် control ဖြစ်တဲ့ load combination တွေကိုလိုက်ရှာပြီး design လုပ်နိုင်ဖို့အရေးကြီးပါတယ်။
DCON7က  mid မှာ (+360.53) နဲ့ load combinations အားလုံးမှာ အများဆုံးဖြစ်ပေမယ် ဘယ်အစွန်က -ve mement တန်ဖိုး (-893.64), ဖြစ်နေပြီး +ve moment မပေါ်ပါ။
DCON6 အတွက် ဘယ်အစွန်က  +ve moment (+534.75) ဖြစ်နေတာကို သတိပြုပါ။
(ဗိုလ်ဗိုလ်ကျော်)
Disqus Shortname
Comments system