Saturday, February 18, 2017

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
Torsion အတွက် steel ဆိုတာ Beam ရဲ့ အလယ်မှာထည့်ပေးရပါတယ်။

တော်တော်များများက Torsion အတွက် steel ကို Beam ရဲ့ အလယ်မှာပဲထည့်ပေးရတယ်လို့ပဲ အောက်မေ့တတ်ကြပါတယ်။

Torsion ဆိုတာ member တခုမှာ သူ့ရဲ့ အလျားလိုက် (longitudinal) direction ကို လှည့်ပြီးလည်တဲ့ moment ကို ခေါ်တာပါ။ Torsion ကြောင့်လိုအပ်တဲ့ reinforcement ကို Shear, Bending moment ကြောင့်လိုအပ်တဲ့ reinforcement ကိုသွားပေါင်းပေးရပါတယ်။

အဲ့မှာ Torsion ကြောင့်လိုတဲ့ longitudinal reinforcement တွေကို closed stirrups ကွင်းဘေး (perimeter) တလျောက် ဖြန့်ဝေထည့်ပေးရပါတယ်။ Beam ရဲ့အလယ်မှာပဲ စုပုံထည့်ရတာမဟုတ်ပါ။ အဲ့လို ထည့်ပေးရတဲ့ rebar spacing က maximum အများဆုံး 12" ထက်ပိုဝေးလို့မရပါဘူးလို့ ACI က ကန့်သက်ချက်ပေးထားပါတယ်။

အဲ့တော့ 15" beam depth ရှိတဲ့ beam တစ်ချောင်းရဲ့ Top နဲ့ Bottom rebars တွေက အပေါ် အောက် cover 1.5" လောက်စီလောက်နဲ့ stirrups ထုတွေနဲ့ သူတို့ရဲ့ bar diameter တစ်ဝက်စီလျော့ပြီး တစ်ခုနဲ့တစ်ခု 12" အောက်ပဲကွာဝေးပါတော့တယ်။

အဲ့လို 12" အောက်ပဲကွာတော့တဲ့အတွက် Torsion အတွက်လိုအပ်တဲ့ steel ကို Bending moment အတွက်လိုအပ်တဲ့ Top နဲ့ Bottom reinforcement တွေမှာပဲ သွားပေါင်းပေးပြီး Stirrups ရဲ့ corner ထောင့်ဆုံမှာပဲ ထည့်ပေးမယ်ဆိုလဲ ရပါတယ်။ Beam အလယ်ပိုင်းကို မထည့်လဲရပါတယ်။

12" ထက်ပိုဝေးရင်တော့ Beam အလယ်ပိုင်းပါဖြန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။Stirrups တွေရဲ့ ထောင့် corner မှာရှိတဲ့ Rebar တွေကတော့ Torsion အတွက်မဖြစ်မနေ ထည့်ပေးရမှာဖြစ်ပြီးတော့ ဒီ bars တွေက torsion ခံနိုင်ရည်ကိုကောင်းစေပြီး cracks ဖြစ်ပေါ်မှုတွေကိုလဲ ကာကွယ်ပေးပါတယ်.

Photo from Structural Concrete Theory and Design 6th edition by Nadim Hassoun

(ဗိုလ်ဗိုလ်ကျော်)


0 comments:

Post a Comment

Disqus Shortname

Comments system