Showing posts with label San Nwe. Show all posts

Sunday, January 22, 2017
Wednesday, June 29, 2016
Concrete Admixtures- အပိုင်း (2) Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (2) - Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ
Fly ash ကို ကွန်ကရိဖျော်စပ်ရာတွင် အသုံးပြုရန်အတွက် ကိုက်ညီရမည့် စံချိန်စံညွှန်းများကို ASTM C618 ဖြင့်သတ်မှတ်ထားပါသည်။ Fly ash ရရှိသည့် မူလနေရာ၊ ပါဝင်သည့်သတ္တုပစ္စည်းများ ပေါင်းစပ်ဖွဲ့စည်းမှု (composition)၊ လိုအပ်သည့် ကွန်ကရိလုပ်ဆောင်ပုံ (performane) ပေါ်မူတည်၍ Fly ash ရောနှောသည့် ပမာဏမှာ cementitious material စုစုပေါင်းပမာဏ (by mass) ၏ ၅% မှ ၆၅% ထိရှိနိုင်ပါသည်။
Fly ash ၏လက္ခဏာသည် မူလကျောက်မီးသွေးပေါ် မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်၊ မည်သို့ဆိုစေ Fly ash အားလုံးတွင် အဓိကပါဝင်သည့် ဓါတ်သတ္တုများမှာ ဆီလီကွန်ဒိုင်အောက်ဆိုဒ် (SiO2 ) နှင့် ကယ်လ်စီယမ်အောက်ဆိုဒ် (CaO) တို့ ဖြစ်ပါသည်။
Fly ash ၏ ရေချိန်သပ်သည်းဆမှာ 2.35 ဖြစ်သည့်အတွက် ဘိလပ်မြေ၏ ရေချိန်သပ်သည်းဆ 3.15 ထက်ပေါ့ပါးသည်၊ အကျိုးဆက် အနေဖြင့် ကွန်ကရိ density ပိုနည်းပါသည်။
Fly ash ကို ASTM C618 တွင် Class C နှင့် Class F ဟူ၍ ၂ မျိုး ထပ်မံ ခွဲခြားထားပါသည်။
* Class F ကို anthracite ကျောက်မီးသွေး (သို့) ကတ္တရာ ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ် ပါဝင်မှုနည်းပြီး ပိုဇိုလန်သတ္တိများ ပါဝင်ပါသည်။
* Class C ကို ကတ္တရာ ပါဝင်မှုမပြည့်ဝသည့် (subbitumenous) ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ်ပါဝင်မှု များကာ ဘိလပ်မြေကဲ့သို့ သတ္တိရှိသည့် သတ္တုပစ္စည်းများနှင့် ပိုဇိုလန်သတ္တိများပါဝင်ပါသည်။
Fly Ash သုံးစွဲရခြင်း၏ ရည်ရွယ်ချက်
• ဘိလပ်မြေသုံးစွဲမှုလျှော့ချ ရန်
• ထုတည်ကြီးမားသော ကွန်ကရိလုပ်ငန်း (mass concrete/ thick concrete) တွင် အပူချိန်လျှောါချနိုင်ရန်
• တာရှည်ခိုင်ခံ့မှု (durability) ပိုမိုကောင်းမွန်စေရန်
ဘိလပ်မြေအစားထိုး သုံးစွဲရာမှ အကျိုးသက်ရောက်မှု
• Fly ash သည် လုံးချောပုံ ရှိသဖြင့် workability ပိုမိုကောင်းမွန်စေခြင်း
• ကွန်ကရိစိုနေစဉ် ရေစိမ့်ထွက်ခြင်း (bleeding) သက်သာစေခြင်း
• ကွန်ကရိရာစာများ တစ်ခုစီကွဲထွက်ခြင်း (segregation) ဖြစ်နိုင်ခြေနည်းခြင်း
• အိပ်ချိန် (setting time) နှင့် သက်တမ်းနု ခံနိုင်အား (early age strength)နှေးကွေးစေခြင်း
• Fly ash ပါဝင်မှု 20% အောက်သုံးစွဲပါက သက်တမ်းရင့်ကွန်ကရိခံနိုင်အား ( later age strength) ပိုမိုကောင်းမွန်ခြင်း စသည်တို့ ဖြစ်ပါသည်။
သတိပြုရန် အချက်များ၊
Fly Ash ပါဝင်သော ကွန်ကရိသည် setting time နှေးသည့်အတွက်
- curing လုပ်ရန် အချိန်ပိုလိုသည်၊
- ရိုးရိုးဘိလပ်မြေ သုံးသော ကွန်ကရိထက် form work ပေါ်တွင် ဖိအားသက်ရောက်မှု ပိုများသည်၊
အပိုင်း (၃) တွင် ပိုဇိုလန်များ အကြောင်း ဆွေးနွေးပါမည်။
-------------------------- -
San Nwe 23-Jun-2016
Revision 1 . 28-Jun- 2016
-------------------------- --
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (1) ကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
https://web.facebook.com/ groups/ myanmarprofessionalcivileng ineers/permalink/ 1817286905159135/
အပိုင်း (2) - Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စ
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ
Fly ash ကို ကွန်ကရိဖျော်စပ်ရာတွင် အသုံးပြုရန်အတွက် ကိုက်ညီရမည့် စံချိန်စံညွှန်းများကို ASTM C618 ဖြင့်သတ်မှတ်ထားပါသည်။ Fly ash ရရှိသည့် မူလနေရာ၊ ပါဝင်သည့်သတ္တုပစ္စည်းများ ပေါင်းစပ်ဖွဲ့စည်းမှု (composition)၊ လိုအပ်သည့် ကွန်ကရိလုပ်ဆောင်ပုံ (performane) ပေါ်မူတည်၍ Fly ash ရောနှောသည့် ပမာဏမှာ cementitious material စုစုပေါင်းပမာဏ (by mass) ၏ ၅% မှ ၆၅% ထိရှိနိုင်ပါသည်။
Fly ash ၏လက္ခဏာသည် မူလကျောက်မီးသွေးပေါ် မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်၊ မည်သို့ဆိုစေ Fly ash အားလုံးတွင် အဓိကပါဝင်သည့် ဓါတ်သတ္တုများမှာ ဆီလီကွန်ဒိုင်အောက်ဆိုဒ် (SiO2 ) နှင့် ကယ်လ်စီယမ်အောက်ဆိုဒ် (CaO) တို့ ဖြစ်ပါသည်။
Fly ash ၏ ရေချိန်သပ်သည်းဆမှာ 2.35 ဖြစ်သည့်အတွက် ဘိလပ်မြေ၏ ရေချိန်သပ်သည်းဆ 3.15 ထက်ပေါ့ပါးသည်၊ အကျိုးဆက် အနေဖြင့် ကွန်ကရိ density ပိုနည်းပါသည်။
Fly ash ကို ASTM C618 တွင် Class C နှင့် Class F ဟူ၍ ၂ မျိုး ထပ်မံ ခွဲခြားထားပါသည်။
* Class F ကို anthracite ကျောက်မီးသွေး (သို့) ကတ္တရာ ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ် ပါဝင်မှုနည်းပြီး ပိုဇိုလန်သတ္တိများ ပါဝင်ပါသည်။
* Class C ကို ကတ္တရာ ပါဝင်မှုမပြည့်ဝသည့် (subbitumenous) ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ်ပါဝင်မှု များကာ ဘိလပ်မြေကဲ့သို့ သတ္တိရှိသည့် သတ္တုပစ္စည်းများနှင့် ပိုဇိုလန်သတ္တိများပါဝင်ပါသည
Fly Ash သုံးစွဲရခြင်း၏ ရည်ရွယ်ချက်
• ဘိလပ်မြေသုံးစွဲမှုလျှော့ချ
• ထုတည်ကြီးမားသော ကွန်ကရိလုပ်ငန်း (mass concrete/ thick concrete) တွင် အပူချိန်လျှောါချနိုင်ရန်
• တာရှည်ခိုင်ခံ့မှု (durability) ပိုမိုကောင်းမွန်စေရန်
ဘိလပ်မြေအစားထိုး သုံးစွဲရာမှ အကျိုးသက်ရောက်မှု
• Fly ash သည် လုံးချောပုံ ရှိသဖြင့် workability ပိုမိုကောင်းမွန်စေခြင်း
• ကွန်ကရိစိုနေစဉ် ရေစိမ့်ထွက်ခြင်း (bleeding) သက်သာစေခြင်း
• ကွန်ကရိရာစာများ တစ်ခုစီကွဲထွက်ခြင်း (segregation) ဖြစ်နိုင်ခြေနည်းခြင်း
• အိပ်ချိန် (setting time) နှင့် သက်တမ်းနု ခံနိုင်အား (early age strength)နှေးကွေးစေခြင်း
• Fly ash ပါဝင်မှု 20% အောက်သုံးစွဲပါက သက်တမ်းရင့်ကွန်ကရိခံနိုင်အ
သတိပြုရန် အချက်များ၊
Fly Ash ပါဝင်သော ကွန်ကရိသည် setting time နှေးသည့်အတွက်
- curing လုပ်ရန် အချိန်ပိုလိုသည်၊
- ရိုးရိုးဘိလပ်မြေ သုံးသော ကွန်ကရိထက် form work ပေါ်တွင် ဖိအားသက်ရောက်မှု ပိုများသည်၊
အပိုင်း (၃) တွင် ပိုဇိုလန်များ အကြောင်း ဆွေးနွေးပါမည်။
--------------------------
San Nwe 23-Jun-2016
Revision 1 . 28-Jun- 2016
--------------------------
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (1) ကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
https://web.facebook.com/
Concrete Admixtures - အပိုင်း (၁)
ကျွန်တော် post မတင်နိုင်တာတော့ အတော်ကြာသွားပါပြီ။ ခုတော့ ရတဲ့အချိန်လေးထဲကနေ Concrete Admixture တွေအကြောင်း ဆွေးနွေးချင်ပါတယ်။
*********************
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (၁)

(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။

ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။

Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ

ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။
Type A: Water-reducing admixtures
Type B: Retarding admixtures
Type C: Accelerating admixtures
Type D: Water-reducing and retarding admixtures
Type E: Water-reducing and accelerating admixtures
Type F: Water-reducing, high range admixtures
Type G: Water-reducing, high range, and retarding admixtures
Type S: Specific performance admixtures

ပုံ(၃) တွင်ပြထားသည့် Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) အကြောင်း တစ်ခုချင်းစီကို အပိုင်းများခွဲ၍ ဆက်လက်ဆွေးနွေးသွားပါမည်။

အပိုင်း (၂) တွင် Mineral Admixtures များမှ Fly Ash အကြောင်း ဖတ်ရန် အောက်ပါ Link ကို နှိပ်ပါ။
+++++++++++++++++++
San Nwe 22/Jun/2016
+++++++++++++++++++
San Nwe 22/Jun/2016
+++++++++++++++++++