CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Earthquake. Show all posts
Showing posts with label Earthquake. Show all posts

Wednesday, September 19, 2018

'ငလျင်နှင့်ပတ်သက်၍(၁)''



''ငလျင်နှင့်ပတ်သက်၍(၁)''

ငလျင်ဆိုတာ သူ့ကိုမေ့နေရင်

ပြန်လှုပ်တတ်တယ်တဲ့ . .

တကယ်ပြန်လှုပ်တတ်ပါတယ် . .

ဟိုနေ့က 13rd March, 2017 မှာ

သာယာဝတီ-တိုက်ကြီးကိုဗဟိုပြုပြီး

Richter Scale(R.S) - 5.6 ငလျင်လှုပ်တယ်

လွန်ခဲ့တဲ့ နှစ် ၁၀၀ အတိက

- 1917 - July - 5 မှာ

ပဲခူးမှာ ငလျင်လှုပ်ခဲ့ဖူးတယ် . . R.S - 7.0 နဲ့ ရွှေမော်တော်ဘုရားရဲ့ ထီးတော် မြေခခဲ့ရတယ် . .

(လှုပ်တဲ့ပြတ်ရွေ့နဲ့ လှုပ်စေတဲ့အကြောင်းအရာ

ကွဲပြားနိုင်ပေမယ့် လှုပ်တဲ့နေရာက နီးစပ်ပါတယ် . . ရန်ကုန်ကို အဖျားခပ်တယ်)

ပြောချင်တာက ရန်ကုန်ပါပဲ . .

Sagaing Fault နဲ့စပ်လျက်ပေါ်မှာ တည်ရှိတယ် . .

အနီးမှာ Three Pagodas Fault က အနီးဆုံးရှိတဲ့အပြင် Papun Fault Zone က လဲ မဝေးပြန်ဘူး . .

ငလျင်ကို အတိအကျမပြောနိုင်ပါဘူး

ဒါပေမယ့် Yangon မှာငလျင်အကြီးကြီး လှုပ်နိုင်ပါသေးတယ် . . မပေါ့ကြပါနဲ့

ဒီလိုပြောရင်လဲ Non-engineer တွေဖက်က ပြန်ပြောကြပါသေးတယ် . .

ငလျင်လှုပ်လဲ မပြိုပါဘူး . . ဘာမှမဖြစ်ပါဘူးလို့ . . ဟုတ်ပါသလား

ဒါက ငလျင်အကြောင်း သေချာမသိကြလို့ပါ . .

Hypocenter(မြေအောက်ငလျင်ဗဟိုချက်) နဲ့ Epicenter (မြေပြင်ငလျင်ဗဟိုချက်)ကို နားမလည်ကြလို့ပါ . .

ငလျင်က ဗဟိုချက်နဲ့အကွာအဝေးပေါ်မူတည်ပြီး . .

ထိခိုက်ခံစားရတာချင်း ကွာပါတယ် . .

R.S - 5.6 ကိုပဲ အနီးကပ်ခံစားရတဲ့ သာယာဝတီနဲ့တိုက်ကြီးမှာ ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရပြီး

ဝေးသွားတဲ့ ရန်ကုန်မှာကျတော့ အဖျားခပ်ရုံပဲမို့လို့ ဘာမှကြီးကြီးမားမားမဖြစ်တာပါ . .

(ဒါတောင် ၃လွှာလောက်စပြီး သိသိသာသာ ခံစားလိုက်ကြရတယ်)

ဒီတော့ငလျင်က ရန်ကုန်ကို ဗဟိုမပြုသွားလို့ပါ . . ပြီးတော့ Shallow နဲ့ Deep Earthquake လဲကွာပါတယ် . .

ကျနော် BE တန်းမှာ Project လုပ်ကတည်းက High-rise building တွေ Design လုပ်ရဖို့ အားသန်ပါတယ် . .

အဲ့ဒါရဲ့နောက်ဆက်တွဲက ငလျင် (Earthquake Engineering) ကို သိဖို့လိုလာတာပါပဲ . .

Junior တွေကို Motivation လုပ်ချင်တာက

BE တန်းကတည်းက ဆရာကြီးဦးညီလှငယ်ရဲ့စာအုပ်တွေကို တွဲဖတ်လို့ရတယ်/ ဖတ်သင့်တယ် ဆိုတာပါ . .

ပုံမှာသတိထားကြည့်ရင် လက်ရေးနဲ့ရေးထားတာလေးတွေတွေ့ပါမယ် . .

၁၉၁၂ က North of Taunggyi မှာ ငလျင်ကြီးလှုပ်ခဲ့ဖူးပါတယ် . .

တောင်ကြီးမှာနေတဲ့လူတော်တော်များများကိုယ်တိုင် တောင်ကြီးဟာ ငလျင်ကြောမှာတည်ရှိတာ မသိကြပါဘူး . .

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့က နာမည်ကြီးပါ . . ဘာလို့လဲဆိုတော့ သူက Active fault ဖြစ်တယ် . . အခုကြုံရသလို မကြာမကြာ လှုပ်လေ့ရှိတယ် . . သူ့ကို လူပိုသိကြတယ် . .

သာမန်လူတွေ သိပ်မသိကြတာက 'ကျောက်ကြမ်းပြတ်ရွေ့'ပါ

ပင်းတယ-ရပ်စောက်ကနေ အင်းလေးကန်ကိုဖြတ်သွားပြီး မေမြို့ဖက်ထိ ရှည်လျားတဲ့ Fault ပါ . . သူက North of Taunggyi ဆိုတဲ့ Richter Scale 8.0 ထိကို လှုပ်စေခဲ့ဖူးပါတယ် . . (မေမြို့ငလျင် လို့ပိုသိကြပါတယ်)

ပုံမှာမြင်တဲ့အတိုင်း Richter Magnitude 8.0 ဟာ မြန်မာ့ငလျင်မှာ အပြင်းဆုံးဖြစ်ပါတယ် . . ငလျင်မှာက RS 7.0 နဲ့ 8.0 ဆိုရင် သိပ်မကွာဘူးထင်ရတယ် . . တကယ်က ဒဿမ ၁ လုံး one digit ပဲကွာပေမယ့် ငလျင်ရဲ့ Energy က 10^1.5

(= 32 ဆ လောက် ပိုပြင်းထန်တတ်ပါတယ်)

၁၉၁၂ . .တောင်ကြီးမှာ ငလျင်လှုပ်ပါတယ်

(ကျနော်တို့မမှီခဲ့ပါ . . သက်သေအနေနဲ့ Taunggyi Hotel အရှေ့မြို့ပတ်လမ်းဖက်မှာ ဖောင်တော်ဆိုက်ဘုရား ပြိုခဲ့ဖူးပါတယ်)

၂၀၁၂ . .တောင်ကြီးမှာ ပြန်လှုပ်ပါတယ် . .

ကျနော်တို့မှီလိုက်ပါတယ် . . ကံကောင်းတာက တောင်ကြီးကို ဗဟိုမပြုပါဘူး . .နေပြည်တော်မှာတစ်ခါ ကျိုင်းတုံမှာ တစ်ခါ . . တစ်ညထဲ လှုပ်သွားပါတယ် . .

ဆိုလိုတာ နှစ် ၁၀၀ မှာ ပြန်လှုပ်ပါတယ် . .

ထူးဆန်းတာက ပြန်လှုပ်တဲ့ Richter Scale တွေက မူလထက် လျော့နေတာပါပဲ . .

နှစ် ၁၀၀ ပြည့်မှပဲ ပြန်လှုပ်တတ်တာမဟုတ်ပါဘူး . .

အလားတူ ပုဂံမှာ မနှစ်က ၂၀၁၆ မှာ ပြန်လှုပ်ပါတယ် . . လွန်ခဲ့တဲ့ ၄၂ နှစ်

၁၉၇၅ ဇူလိုင်လက ပုဂံမှာ R.S - 6.8 ထိ လှုပ်ခဲ့ပါသေးတယ် . . ဒါဆို နှစ် ၅၀ အတွင်းပြန်လှုပ်တဲ့ ငလျင်ပါ . .

မြန်မာပြည်မှာငလျင်တွေက လှုပ်နေအုံးမှာပါ . . ပဲခူးနဲ့အနီးတဝိုက် Historic Earthquake တွေဆိုရင် ၈၆၈ ခုနှစ်ကစပြီး Record ရှိပါတယ် . . 868, 874, 1564, 1567, 1582, 1588, 1590, 1757, 1768, 1830, 1888, 1913, 1917, 1920; 1930

စသဖြင့် Interval ခပ်စိတ်စိတ်လေး လှုပ်လေးရှိပါတယ် . .

အဲ့လိုလှုပ်လဲ ဘာမှမဖြစ်ပါဘူးဆိုတာက

အရင်ခေတ်တုန်းက အထပ်မြင့်တွေမရှိလို့ပါ

မြင့်တဲ့ Structure တွေဖြစ်တဲ့ စေတီပုထိုးတွေ အပျက်အစီးဖြစ်ခဲ့ရတာက Structural Failure သာဓကပါပဲ . .

အခုခေတ်မှာလဲ လှုပ်တာပဲ

ရန်ကုန်မှာ မပြိုပါဘူး . .အင်ဂျင်နီယာမပါလဲ

မပြိုပါဘူးဆိုတာတွေက ဗဟိုပြုပြီး ငလျင်တကယ်မလှုပ်သေးလို့ပါ . .

ပြီးတော့ ကျနော်တို့အင်ဂျင်နီယာများ

စိုးရိမ်တာက Ricther Scale 6.0 နဲ့အထက်ကိုပါ . . ဒါကို သိဖို့လိုပါတယ်

R.S 5.5 - 5.9 အထိလောက်ကတော့

အကြမ်းဖျင်းအားဖြင့် slight damage to buildings ဆိုတဲ့ထဲမှာပဲရှိပါတယ် . .

အဆောက်အဦတွေ အနည်းငယ်ထိခိုက်မယ်

ပြိုသွားမှာလားဆိုတော့ ဆိုးဆိုးရွားရွားမပြိုဘူး . .

(အပေါ်မှာပြောခဲ့သလို Shallow Equake လား Deep Equake လားတော့ ဆိုင်သေးတယ်)

R.S 6.0 - 6.9 ဆိုရင် အင်ဂျင်နီယာတွေ

စိုးရိမ်တဲ့အဆင့်ကို ရောက်ပြီ . . မိုင် ၁၀၀ ပတ်လည်ကို ဒုက္ခပေးနိုင်တယ် . .

May cauae major damage in populated areas ဆိုတဲ့အဆင့်အတိုင်း တိုက်ပြိုတဲ့အဆင့်ရောက်လာနိုင်ပြီ . .

ဒီမှာလဲ မြန်မာစကားကို ရှင်းစေချင်တယ် . .

စိုးရိမ်တယ်ဆိုတာက အင်ဂျင်နီယာတွေရဲ့ Well-Designed Structure တွေကို မစိုးရိမ်ဘူး . . အင်ဂျင်နီယာ အသိမပါတဲ့

under-designed structure တွေကို စိုးရိမ်တာဖြစ်ပါတယ် . .

Engineer တွေရဲ့ Design ကတော့

RS 6.0 - 6.9 ထိ non-structural element တွေကလွဲလို့ ဆိုးဆိုးရွားရွား မဖြစ်ရဘူး . . ဂျပန်မှာဆို 2011 က ဆူနာမီဖြစ်တဲ့အချိန် Tokyo Sky Tree က တည်ဆောက်နေတုန်းပဲ ရှိသေးတယ် . .

During construction မှာ ဖြစ်တာတောင် Structure က ဘာမှမဖြစ်သွားဘူး . .

Earthquake-proofed Tower လို့ခေါ်တယ်

(Epicenter နဲ့ဝေးတာလဲပါပါတယ်)

မြန်မာ့ငလျင်တွေကိုလဲ ဂျပန်က

စိတ်ဝင်စားကြပါတယ် . . မြန်မာနိုင်ငံရဲ့

ကံမကောင်းတာလို့ပြောရမလားပဲ ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ပဲခူး-တောင်ငူ စသဖြင့် တိုင်းနဲ့ပြည်နယ်မြို့ကြီးတော်တော်များများဟာ ငလျင်ဇုန်တွေမှာချည်း ရောက်နေပါတယ် . .

မန္တလေး-စစ်ကိုင်းဖက်မှာဆိုရင်လဲ

1429; 1467; 1501; 1602; 1696;

1762; 1771; 1776; 1830; 1839 စသဖြင့်

နှစ်တွေ သိပ်မကြာပဲ လှုပ်လေ့ရှိပါတယ်

ဒါကြောင့် ငလျင်ကို သတိပြုကြပါ

ငလျင်ကို မမေ့ပါနဲ့ . . ငလျင်က သူ့ကိုမေ့နေရင် ပြန်လှုပ်တတ်ပါတယ်

ဖြစ်နိုင်ရင် မင်းသားကြီး The Rock ပါဝင်တဲ့

San Andreas ဆိုတဲ့ ငလျင်ရုပ်ရှင်လေး ကြည့်စေချင်ပါတယ် . . Engineer လုပ်ရမှာတောင် တော်တော်ကြောက်သွားမယ် :p

မြန်မာ့ငလျင်သမိုင်းမှာ လှုပ်ခဲ့ဖူးတဲ့

R.S 7.0-8.0 တွေ ပြန်မလှုပ်ပါစေနဲ့လို့

ဆုတောင်းလဲ ရမယ်မထင်ပါဘူး . . ပုဂံဘုရားတွေတောင် ပျက်စီးခဲ့ရပြီးပါပြီ

ကျနော်တို့ အင်ဂျင်နီယာများသာမက

Construction လောကမှ ရောင်းရင်းများအားလုံး အဆောက်အဦတည်ဆောက်ရေးမှာ အသိ-သတိ ရှိဖို့လိုပါတယ် . . Design to Construction အထိစေတနာထားဖို့လိုပါတယ် . .

Engineering Ethic(1)

Engineers shall hold paramount the health, safety and welfare of the public in performing their professional duties.

အင်ဂျင်နီယာတို့၏ကျင့်ဝတ်နံပါတ်(၁)

အင်ဂျင်နီယာများသည် မိမိ၏လုပ်ငန်းများ

ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့် အသက်အိုးအိမ် စည်းစိမ် ဘေးကင်းလုံခြုံရေးတို့ကို ဦးထိပ်ပန်ဆင်၍ ဆောင်ရွက်ရမည်

Myanmar Earthquake Committee မှာ

ဆရာဦးတင့်ဆွေ တင်ပေးထားတဲ့ slide ပါ

https://earthquakemyanmar.wordpress.com/earthquake-risk-of…/



မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ

အင်ဂျင်နီယာကျင့်ဝတ်ကို လိုက်နာတာ မင်္ဂလာတစ်ပါးပါ

အများပြည်သူဘေးကင်းလုံခြုံရေးအတွက် စဉ်းစားတာ မင်္ဂလာတစ်ပါးပါ

ပေါင်းလိုက်တော့ ဒီနေ့မင်္ဂလာ ၃ ပါးပါခင်ဗျာ

Aung Myat Thu

Millimetre - Training & Design Group

Technological University (Taunggyi)

Yangon Technological University

Young Engineer Committee(Taunggyi)

မှတ်ချက်။

Engineering ရှုထောင့်သာဖြစ်ပါတယ်

Seismic နဲ့ပတ်သက်ပြီး ယူဆချက်များမှာ အမှားပါရင် ပြင်ဖို့ဝန်မလေးပါဘူးခင်ဗျာ . . လမ်းညွှန်သင်ပြပေးပါလို့ . .

Reference :

Ch(13) Seismic Design of Reinforced Concrete Structures, U Nyi Hla Nge

(စာနဲ့ ၁ ပုံချင်းတွဲကြည့်ပါ)

Credit - Aung Myat Thu

 ''ငလျင်နှင့်ပတ်သက်၍''

ငလျင်ဆိုတာ သူ့ကိုမေ့နေရင် 
ပြန်လှုပ်တတ်တယ်တဲ့ . . 

တကယ်ပြန်လှုပ်တတ်ပါတယ် . . ဟိုနေ့က
13rd March, 2017 မှာ
သာယာဝတီ-တိုက်ကြီးကိုဗဟိုပြုပြီး
Richter Scale(R.S) - 5.6 ငလျင်လှုပ်တယ်

လွန်ခဲ့တဲ့ နှစ် ၁၀၀ အတိက - 1917 - July - 5 မှာ
ပဲခူးမှာ ငလျင်လှုပ်ခဲ့ဖူးတယ် . . R.S - 7.0 နဲ့ ရွှေမော်တော်ဘုရားရဲ့ ထီးတော် မြေခခဲ့ရတယ် . .

(လှုပ်တဲ့ပြတ်ရွေ့နဲ့ လှုပ်စေတဲ့အကြောင်းအရာ
ကွဲပြားနိုင်ပေမယ့် လှုပ်တဲ့နေရာက နီးစပ်ပါတယ် . . ရန်ကုန်ကို အဖျားခပ်တယ်)

 ပြောချင်တာက ရန်ကုန်ပါပဲ . . 
Sagaing Fault နဲ့စပ်လျက်ပေါ်မှာ တည်ရှိတယ် . . 
အနီးမှာ Three Pagodas Fault က အနီးဆုံးရှိတဲ့အပြင် Papun Fault Zone က လဲ မဝေးပြန်ဘူး . . 

ငလျင်ကို အတိအကျမပြောနိုင်ပါဘူး
ဒါပေမယ့် Yangon မှာငလျင်အကြီးကြီး လှုပ်နိုင်ပါသေးတယ် . . မပေါ့ကြပါနဲ့
ဒီလိုပြောရင်လဲ Non-engineer တွေဖက်က ပြန်ပြောကြပါသေးတယ် . .
ငလျင်လှုပ်လဲ မပြိုပါဘူး . . ဘာမှမဖြစ်ပါဘူးလို့ . . ဟုတ်ပါသလား

ဒါက ငလျင်အကြောင်း သေချာမသိကြလို့ပါ . .
Hypocenter(မြေအောက်ငလျင်ဗဟိုချက်) နဲ့ Epicenter (မြေပြင်ငလျင်ဗဟိုချက်)ကို နားမလည်ကြလို့ပါ . .

 ငလျင်က ဗဟိုချက်နဲ့အကွာအဝေးပေါ်မူတည်ပြီး . . 
ထိခိုက်ခံစားရတာချင်း ကွာပါတယ် . . 
R.S - 5.6 ကိုပဲ အနီးကပ်ခံစားရတဲ့ သာယာဝတီနဲ့တိုက်ကြီးမှာ ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရပြီး 
ဝေးသွားတဲ့ ရန်ကုန်မှာကျတော့ အဖျားခပ်ရုံပဲမို့လို့ ဘာမှကြီးကြီးမားမားမဖြစ်တာပါ . .
 (ဒါတောင် ၃လွှာလောက်စပြီး သိသိသာသာ ခံစားလိုက်ကြရတယ်) 

ဒီတော့ငလျင်က ရန်ကုန်ကို ဗဟိုမပြုသွားလို့ပါ . . ပြီးတော့ Shallow နဲ့ Deep Earthquake လဲကွာပါတယ် . .





 1912 . . North of Taunggyi (also known as May Myo Equake)
ကျနော် BE တန်းမှာ Project လုပ်ကတည်းက High-rise building တွေ Design လုပ်ရဖို့ အားသန်ပါတယ် . . 
အဲ့ဒါရဲ့နောက်ဆက်တွဲက ငလျင် (Earthquake Engineering) ကို သိဖို့လိုလာတာပါပဲ . . 

Junior တွေကို Motivation လုပ်ချင်တာက
BE တန်းကတည်းက ဆရာကြီးဦးညီလှငယ်ရဲ့စာအုပ်တွေကို တွဲဖတ်လို့ရတယ်/ ဖတ်သင့်တယ် ဆိုတာပါ . .
ပုံမှာသတိထားကြည့်ရင် လက်ရေးနဲ့ရေးထားတာလေးတွေတွေ့ပါမယ် . .
၁၉၁၂ က North of Taunggyi မှာ ငလျင်ကြီးလှုပ်ခဲ့ဖူးပါတယ် . .

တောင်ကြီးမှာနေတဲ့လူတော်တော်များများကိုယ်တိုင် တောင်ကြီးဟာ ငလျင်ကြောမှာတည်ရှိတာ မသိကြပါဘူး . .

မြန်မာနိုင်ငံမှာ စစ်ကိုင်းပြတ်ရွေ့က နာမည်ကြီးပါ . . ဘာလို့လဲဆိုတော့ သူက Active fault ဖြစ်တယ် . . အခုကြုံရသလို မကြာမကြာ လှုပ်လေ့ရှိတယ် . . သူ့ကို လူပိုသိကြတယ် . 

 ပီးတော့ ကျနော်တို့အင်ဂျင်နီယာများ 

စိုးရိမ်တာက Ricther Scale 6.0 နဲ့အထက်ကိုပါ . . ဒါကို သိဖို့လိုပါတယ်

R.S 5.5 - 5.9 အထိလောက်ကတော့
အကြမ်းဖျင်းအားဖြင့် slight damage to buildings ဆိုတဲ့ထဲမှာပဲရှိပါတယ် . . 
အဆောက်အဦတွေ အနည်းငယ်ထိခိုက်မယ်
ပြိုသွားမှာလားဆိုတော့ ဆိုးဆိုးရွားရွားမပြိုဘူး . .
(အပေါ်မှာပြောခဲ့သလို Shallow Equake လား Deep Equake လားတော့ ဆိုင်သေးတယ်)

R.S 6.0 - 6.9 ဆိုရင် အင်ဂျင်နီယာတွေ
စိုးရိမ်တဲ့အဆင့်ကို ရောက်ပြီ . . မိုင် ၁၀၀ ပတ်လည်ကို ဒုက္ခပေးနိုင်တယ် . .
May cauae major damage in populated areas ဆိုတဲ့အဆင့်အတိုင်း တိုက်ပြိုတဲ့အဆင့်ရောက်လာနိုင်ပြီ . .

ဒီမှာလဲ မြန်မာစကားကို ရှင်းစေချင်တယ် . .
စိုးရိမ်တယ်ဆိုတာက အင်ဂျင်နီယာတွေရဲ့ Well-Designed Structure တွေကို မစိုးရိမ်ဘူး . . အင်ဂျင်နီယာ အသိမပါတဲ့
under-designed structure တွေကို စိုးရိမ်တာဖြစ်ပါတယ် . .

Engineer တွေရဲ့ Design ကတော့
RS 6.0 - 6.9 ထိ non-structural element တွေကလွဲလို့ ဆိုးဆိုးရွားရွား မဖြစ်ရဘူး . . ဂျပန်မှာဆို 2011 က ဆူနာမီဖြစ်တဲ့အချိန် Tokyo Sky Tree က တည်ဆောက်နေတုန်းပဲ ရှိသေးတယ် . .
During construction မှာ ဖြစ်တာတောင် Structure က ဘာမှမဖြစ်သွားဘူး . .
Earthquake-proofed Tower လို့ခေါ်တယ်



 မြန်မာ့ငလျင်တွေကိုလဲ ဂျပန်က

စိတ်ဝင်စားကြပါတယ် . . မြန်မာနိုင်ငံရဲ့
ကံမကောင်းတာလို့ပြောရမလားပဲ ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ပဲခူး-တောင်ငူ စသဖြင့် တိုင်းနဲ့ပြည်နယ်မြို့ကြီးတော်တော်များများဟာ ငလျင်ဇုန်တွေမှာချည်း ရောက်နေပါတယ် . .

မန္တလေး-စစ်ကိုင်းဖက်မှာဆိုရင်လဲ 
1429; 1467; 1501; 1602; 1696;
1762; 1771; 1776; 1830; 1839 စသဖြင့်
နှစ်တွေ သိပ်မကြာပဲ လှုပ်လေ့ရှိပါတယ်



 ဒါကြောင့် ငလျင်ကို သတိပြုကြပါ 

ငလျင်ကို မမေ့ပါနဲ့ . . ငလျင်က သူ့ကိုမေ့နေရင် ပြန်လှုပ်တတ်ပါတယ်

ဖြစ်နိုင်ရင် မင်းသားကြီး The Rock ပါဝင်တဲ့
San Andreas ဆိုတဲ့ ငလျင်ရုပ်ရှင်လေး ကြည့်စေချင်ပါတယ် . . Engineer လုပ်ရမှာတောင် တော်တော်ကြောက်သွားမယ် 

မြန်မာ့ငလျင်သမိုင်းမှာ လှုပ်ခဲ့ဖူးတဲ့
R.S 7.0-8.0 တွေ ပြန်မလှုပ်ပါစေနဲ့လို့
ဆုတောင်းလဲ ရမယ်မထင်ပါဘူး . . ပုဂံဘုရားတွေတောင် ပျက်စီးခဲ့ရပြီးပါပြီ

ကျနော်တို့ အင်ဂျင်နီယာများသာမက
Construction လောကမှ ရောင်းရင်းများအားလုံး အဆောက်အဦတည်ဆောက်ရေးမှာ အသိ-သတိ ရှိဖို့လိုပါတယ် . . Design to Construction အထိစေတနာထားဖို့လိုပါတယ် . .










Saturday, January 6, 2018

Northridge Earthquake

Northridge Earthquake

Northridge Earthquake 1994 ဟာ အမေရိကန် အင်ဂျင်နီယာတွေ၊ အထူးသဖြင့် Structural Steel Engineers လောကမှာ အလွန်ထင်ရှားခဲ့တဲ့ ငလျင်တစ်ခုဖြစ်ပါတယ်။

ဒီငလျင်ဟာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လစ် ဒေသ၊ ဆန်ဖာနန်ဒို တောင်ကြားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

Moment magnitude scale အနေနဲ့ 6.7 ရှိပြီး

Ground acceleration ကတော့ 1.8g အထိ ရှိခဲ့ပါတယ်။

Northridge Earthquake ဟာ ဘာကြောင့် အင်ဂျင်နီယာတွေကြား ထင်ရှားခဲ့ပါသလဲ?

Northridge ငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒေသဟာ တကယ်တော့ လူနေထူထပ်တဲ့ ဒေသမဟုတ်ပါဘူး၊ ဒါပေမယ့် ဒေသတွင်း ၃ ထပ် ၄ ထပ် steel structures commercial အဆောက်အအုံတွေရှိကြပါတယ်။ (အထပ်မြင့်တွေ များရင်တော့ ပိုဆိုးမှာပါ)

အဲဒီ အချိန်ကာလတုန်းက Steel Structures တွေကို moment frame တွေနဲ့ တည်ဆောက်ကြပြီး ငလျင်မကြာခဏ ဖြစ်ပေါ်သည့်တိုင် ဒီ steel moment frame structures တွေမှာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်ခဲ့တဲ့အတွက် အင်ဂျင်နီယာတွေဟာ steel moment frame structures တွေသည် ငလျင်ဒဏ် ကောင်းစွာခံနိုင်သည် ဟု ထင်ခဲ့ကြ၊ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Northridge ငလျင် ဖြစ်သွားပြီးတဲ့နောက် steel structures တွေရဲ့ ပျက်စီးမှုတွေကို လေ့လာကြည့်ကြပါတယ်။ steel moment frame အဆောက်အအုံတစ်လုံးကို စစ်ဆေးတဲ့နေရာမှာ အပြင်ပန်းအားဖြင့် ပျက်စီးမှုအနည်းငယ်သာတွေ့ခဲ့ရပြီး အချို့အဆောက်အအုံတွေက အနည်းငယ် တိမ်းစောင်းနေတာကို တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ cladding တွေ၊ ceiling တွေကို ဖယ်ရှားပြီး အတွင်းဘက် structures တွေရဲ့ အခြေအနေကို ဆက်လက်လေ့လာကြပါတယ်။

အဲဒီလို လေ့လာတဲ့အခါ Moment Connections တွေမှာ ဆိုးရွားစွာ ပျက်စီးနေတာတွေ တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ bram to column moment connections တွေကို ဆက်လက်လေ့လာတဲ့အခါ အခြားသော Moment connections တွေမှာလဲ crack တွေ ဖြစ်ပေါ်နေတာ တွေ့ကြရပါတော့တယ်။

အဲဒီအဆောက်အအုံမှာ သုံးစွဲထားတဲ့ Moment connections တွေက Building Code က ခွင့်ပြုထားတဲ့အတိုင်းပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဒါနဲ့ အင်ဂျင်နီယာတွေဟာ အခြားသော steel moment frame အဆောက်အအုံတွေက moment connections တွေကိုလဲ ဆက်လက်လေ့လာကြပါတယ်။ ဒီနေရာမှာ steel structures တွေကို fire proofing တွေ သုတ်လိမ်းထားကြတဲ့အတွက် connections တွေရဲ့အခြေအနေကို လေ့လာရာမှာ အဲဒီ fire proofing တွေကို အရင် ဖယ်ရှားရတာဖြစ်ပြီး အဆောက်အအုံ တစ်လုံးစီမှာ moment connections တွေ များစွာရှိကြတဲ့အတွက် ဒီ fire proofing တွေကို ဖယ်ရှားရတဲ့ ကုန်ကျစရိတ် မသေးလှပါဘူး။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြတဲ့အခါ အဆောက်အအုံတိုင်းရဲ့ moment connections အများစုဟာ failure ဖြစ်ပေါ်နေတာ တွေ့ခဲ့ကြရပါတယ်။

ဒီနေရာမှာ Northridge Earthquake မတိုင်မီက Moment connection တွေရဲ့အကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ Building Code မှာ ပုံ ၁ မှာ ပြထားတဲ့ Beam to column connection ပုံစံကို အသုံးပြုဖို့ သတိမှတ်ထားပါတယ်။ ဒီ moment connection အမျိုးအစားမှာ beam ရဲ့ web ကို column နဲ့ bolts တွေအသုံးပြု ဆက်ထားပြီး Beam ရဲ့ flange ကိုတော့ column နဲ့ CJP weld နဲ့ ဆက်ထားပါတယ်။ CJP weld တွေ ပြုလုပ်ဖို့အတွက် Flange ရဲ့ အောက်မှာ backing bar တွေ ခံရပြီး beam ရဲ့ web မှာလဲ welding ဆော်လို့ရအောင် weld access hole တွေ ပြုလုပ်ပေးရပါတယ်။

Building code မှာဒီ connection အမျိုးအစားကို seismic design အတွက် အသုံးပြုနိုင်တယ်လို့ ပြောထားပြီး တကယ်လို့ အခြားသော connections design တွေကို အသုံးပြုမယ်ဆိုပါက capacity ကို ၂၅ ရာခိုင်နှုန်း ပိုတွက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အင်ဂျင်နီယာအများစုဟာ moment frames တွေကို တည်ဆောက်ရာမှာ ဒီ connection ကိုပဲ အလွယ်တကူ ယူသုံးကြပါတယ်။

Northridge earthquake လဲ ပြီးရော ဒီ connections အများစု failure ဖြစ်တာကို တွေ့ရတာပါပဲ။ တကယ်တော့ ဒါဟာ Building Code failure သို့မဟုတ်၊ Engineering failure လို့ သတ်မှတ်လို့ရတဲ့ အခြေအနေပါပဲ။

အကျိုးဆက်အနေနဲ့ Northridge Earthquake ကြောင့် Emergency Building Code Changes တွေ ပြုလုပ်ခဲ့ရပြီး SAC ဆိုတဲ့ programme ကို ဒေါ်လာ ၁၂ သန်း အကုန်အကျခံကာ ၆ နှစ်တိုင် ပြုလုပ်လေ့လာခဲ့ကြပါတယ်။ SAC ဆိုတာက အဲဒီ Programme မှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း ၃ ခုရဲ့ အစ စကားလုံးလေးတွေဖြစ်ပါတယ်။

အဲဒီနောက်တော့ special နဲ့ intermediate moment frame တွေမှာ အသုံးပြုနိုင်တဲ့ prequalified Moment Connections တွေကို သတ်မှတ်ပြဌာန်း ခဲ့ကြပါတယ်။ AISC 358-10 မှာဖြစ်ပါတယ်။ (AISC 358 ဆိုတာ Northridge Earthquake ကြောင့် ပေါ်ပေါက်လာတာပါ။

သင်ခန်းစာယူစရာအနေနဲ့....

ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ပြီးတာနဲ့ အဲဒီလို ဖြစ်ရပ်ဆိုးမျိုး နောက်တစ်ခါ ထပ်မံ မကြုံတွေ့စေဖို့ ပညာရှင်တွေကို အချိန်ကုန်ငွေကုန်ခံ လေ့လာစေကာ ဥပဒေပြဌာန်းချက်များကို ပြောင်းလဲကြရတာ ဖြစ်ပါတယ်...

အဲ... မြန်မာနိုင်ငံမှာတော့ MNBC ဆိုတဲ့ Building Code ကို ၂၀၁၂ ခုနှစ်ထဲက ကော်ပီကူး.. အဲလေ .. ယောင်လို့... ရေးဆွဲခဲ့ကြပေမယ့်

ခုချိန်ထိ...

ဘယ်ဆီကို ရောက်လို့နေတယ် မသိတော့ပါဘူး....

လက်တွေ့မှာတော့ အများစု မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဘာ standard မှ မရှိ လုပ်ချင်ရာ လုပ်နေကြဆဲ....

Catastrophe waiting to happen လို့ပဲ ခေါ်ရလေမလား Wating for Catastrophe to happen လို့ပဲ ဆိုရလေမလားပါပဲ....



Credit

Aung Hsu Myat
.





Friday, September 8, 2017

earthquake load

ကိုအေးလွင်မေးထားတဲ့ earthquake load
ယူတာကိုknowledge အဖြစ် ဖေါ်ပြလိုက်ပါတယ်။



လွန်ခဲ့တဲ့ ၁၅နှစ်ခန့်ကစပြီး Yangon seismic
hazard microzonation လုပ်ဖို့ MES ရဲ့
မြန်မာ မြေငလျင်ကော်မတီမှာ
seminar ဖတ်ခဲ့တဲ့တစ်ချို့နဲ့ရှင်းပြလိုက်ပါတယ်။
Ordinary structure တွေရဲ့ design time
ကိုပုံမှန်အားဖြင့် 50 years ယူပါတယ်။
အဲဒီတော့~~~
2% probability of exceedance in design time
50 years ကို Poisson's model အရ return period
2475 years ဖြစ်ပါတယ် (တွက်နည်းပါတယ်)
10% probability of exceedance in design time
50 years ကို Poisson's model အရ return period
475 years ဖြစ်ပါတယ်။
2% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ဟာတော်တော်များပါတယ်၊
နျူးကလီယား စက်ရုံ စတဲ့ အင်မတန်
အရေးကြီးတဲ့ အဆောက်အဦးတွေအတွက်ပါ။

10% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ကတော့ သာမန် အဆောက်
အဦးတွေအတွက်ပါ။

ဒါကြောင့်လက်ရှိအသုံးပြုရမဲ့ earthquake (seismic)
map ဟာ 10% probability of exceedance in design time 50 years အရတွက်ချက်ထားတဲ့ရလာဒ်ဖြစ်ရပါမယ်။

ဥပမာ- 0.2g ဆိုပါစို့
Design time 50 years မှာ return period
475 years မှာဖြစ်လာမဲ့ design မှာ စဉ်စားတဲ့
seismic load 0.2g ထက်ကျော်နိုင်ခြေ
(probability of exceedance) ဟာ 10%
ရှိတယ်လိုဆိုလိုပါတယ်။
ကိုယ့်ဘက် 90% အာမခံတယ်ဆိုတဲ့သဘောဘဲ။
အဲဒီလိုအာမခံနိုင်တာလဲ 84.1 percentile confidence
level ရှိပါတယ်။ United State Geological
Survey (USGS) အရပါ။
MCE (Maximum Considered Earthquake)
ကတော့ Probabilistic Seismic Hazard Analysis (PSHA) အရ 10% probability of exceedance in
design time 50 years ကတွက်လို့ရတာနဲ့
Deterministic Seismic Hazard Analysis
(DSHA) ကတွက်လို့ရတဲ့ results နှစ်မျိုးကရတဲ့
Maximum Peak Ground Accleleration (PGA)
ကိုစဉ်းစားထားတာပါ။

MCE ကို critical infrastructures (တံတား၊ ဆေးရုံ၊
ဘုရား ကျောင်းကန်၊ dam စတဲ့အရေးကြီးတာ
တွေအတွက် အသုံးပြုကြတယ်။
မြန်မာနိုင်ငံ အနေနဲ့တော့ ကိုယ်ပိုင် response
spectrum မရှိသေးတဲ့အတွက်
strength based design, ground motion
amplification နဲ့ near source effect ပါဝင်
စဉ်းစားထားတဲ့ UBC 97 အခြေခံပါတယ်။
တိတိကျကျ လိုချင်ရင်တော့ Site specific response
spectrum ကိုရအောင် PSHA analysis လုပ်နိုင်ပါတယ်။
ဥပမာ-
အရေးကြီးတဲ့ အဆောက်အဦး၊ တံတား (သို့) Dam site location အရ အဲဒီနေရာမှာရှိတဲ့ 10% probability of
exceedance in required design time အတွက်
PGA ကိုတွက်ရပါမယ်။

လွန်ခဲ့တဲ့ နှစ်များစွာက ကျနော်တို့ကိုယ်ပိုင်
(ရန်ကုန်အတွက်) response spectrum ရအောင်
ကြိုးစားခဲ့ပေမဲ့ ရန်ကုန်မြို့ soil ရဲ့ shear wave
velocity တိုင်းတာဖို့ ငွေအခက်အခဲ
အခြေအနေမပေးတာနဲ့ မပြီးစီးနိုင်ခဲ့ပါ။
ကိုယ်တိုင်တော့မလုပ်နိုင်တော့ပါ၊ အခွင့်အရေးသာခဲ့ရင်
နောင်လာနောက်သားတွေဆက်လုပ်ကြပါစေပေါ့။
ကိုယ်ပိုင် (မြန်မာနိုင်ငံနဲ့အကိုက်ညီဆုံး)
response spectrum ရရင်တော့ Dynamic
analysis လုပ်တဲ့အခါ
ပို၍တိကျသောအဖြေကိုရနိုင်မှာပါ။

ပညာရပ်ဆိုင်ရာဆက်လက်တိုးတက်နိုင်ပါစေ။

9:40 pm
10 August 2017
Credit Dr Yu Maung













/

Disqus Shortname

Comments system