CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Aung Hla Min Naing. Show all posts
Showing posts with label Aung Hla Min Naing. Show all posts

Monday, February 5, 2018

site engineer လက်စွဲ အပိုင်း(၃)

site engineer လက်စွဲ အပိုင်း(၃)

Development Length

bond force အပြည့်ဝရအောင် သံချောင်းနဲ့ ကွန်ကရစ် အနည်းဆုံးထိစပ်ထားရမယ့် အလျှားကို development length လို့ခေါ်တယ်။ RC မှာက လောင်းပြီးပြီဆိုတာနဲ့ သံချောင်းက ကွန်ကရစ်ထဲအရည်ပျော်သွားပြီ။ working one unit အဖြစ်အလုပ်လုပ်ကြမှာမို့လို့ bond ကအရေးကြီးတယ်။ ဒါကြောင့် development length ကိုတွက်ပေးရတယ်။ မလောက်တော့ hook ထည့်ပေါ့။

development length က သံချောင်းအတွက်စဉ်းစားတာဆိုတော့ compression steel အတွက် ရှိမယ် tension steel အတွက်ရှိမယ်။ ဒါကဘာအပေါ်မူတည်လည်းဆိုရင် ထားတဲ့သဘောဝအပေါ်မှာမူတည်တယ်။ beam ဆိုရင် သံချောင်းက tension member အဖြစ်ရှိပြီး column တိုင်မှာထားတဲ့သံချောင်းကျတော့ compression member ပါ။ seismic ပါရင်တော့ tension ၀င်နိုင်တယ်။

ခွဲပြီးစဉ်းစားပါ development length for tension & development length for compression ...

development length ကိုရှာတဲ့အဓိကအကြောင်းရင်းက ၂ ခုရှိပါတယ်။ hook လိုမလို စစ်ချင်တာရယ် သံချောင်းဘယ်လောက်အရှည်ဆက်ရမလည်းဆိုတာရယ်ပါ။ သံချောင်းဆက်မဲ့အလျှားကလည်း development ကနေသွားပါတယ်။

------------------------------

အပြင်မှာဒီအတိုင်းလောင်းနေကြတဲ့ ကွန်ကရစ်အများစုဟာ 1:2:4 ပါ။ f'c 2500 psi ၀န်းကျင်ရှိကြပြီး မြန်မာပြည်မှာရနိုင်တဲ့သံချောင်းအများစုဟာ fy 40000 psi ရှိကြတယ်။

ဒီလိုအခြေနေမှာဆိုရင်တော့ development length for tension က

20 mm နဲ့ သူ့ထက်ငယ်ရင် bar diameter ရဲ့  ၃၂ ဆ ပါ။ 32db

20 mm နဲ့ သူ့ထက်ကြီးရင် bar diameter ရဲ့  ၄၀ ဆ ပါ။ 40db

top bar ဆိုရင်တော့ 1.3 နဲ့ ထက်မြှောက်ရပါမယ်။ ဥပမာ ။

2500 psi conc , 40000 psi (22 mm top bar) အတွက်ဆိုရင်

40db=40 x 1.3 x 22 mm (mm ကို လက်မပြောင်းချင်ရင် 25.4 နဲ့ စားပါ)

dev for compression အတွက်ဆိုရင်တော့ ဒီလို case မျိုးမှာ 16 db ပါ။

modification factor တွေနဲ့ ထက်လျှော့လို့ရပါသေးတယ်။ As required / As provided ပါ။ ဒါပေမဲ့ structure မတွက်ရင် မသိနိုင်တာကြောင့် ပိုလျှော့သွားမဲ့တူတူ safe ဖြစ်အောင် အကြမ်းတီးလိုက်ပါ။

----------------------------------

Hook အနေနဲ့ပြောမယ်ဆိုရင်တော့ standard အနေနဲ့ ၃ မျိုးရှိပါတယ်။ 180 hook , 90 hook , 135 hook

135 ကတော့ seismic အတွက် သုံးပါတယ်။

180 degree အတွက်ဆိုရင်တော့ ဘယ်သံချောင်းဆိုဒ်မဆို ရှည်ထွက်ရမဲ့ အစွန်းက bar diameter ရဲ့  ၄ ဆ ရှိပါတယ်

90 degree ချိုးတဲ့ hook အတွက်ဆိုရင် အခြေနေ ၂ မျိုးရှိမယ်။ 16 mm အပါအ၀င် သူ့ထက်ငယ်ရင် diameter ရဲ့  ၆ ဆပါ။ သူ့ထက်ကြီးရင်တော့ ၁၂ ဆ ပါ။

90 ချိုးတဲ့ အပြင်ဖက်ဆုံး column တိုင်တွေမှာတော့ hook က အပြင်ဖက်ကနေ clear cover အနည်းဆုံး ၂ လက်မ ရှိရပါမယ်။

ကျတော်က အသုံးများတာတွေကိုပဲ facebook ပေါ်မှာ တင်တာဖြစ်လို့ technical စာအုပ်တစ်အုပ်လိုတော့ ပြည့်ပြည့်စုံစုံမရေးထားပါဘူး။

ကျတော်ပြောတာမမှားပါဘူး ဖတ်ပြိးပြီးတာမျိုးမဟုတ်ပဲ မသိသေးရင် လူရှိန်အောင် အလွတ်ကျတ်ထားကြပါ။

Credit
Aung Hla Min Naing
Lashio Technological University

site engineer လက်စွဲ အပိုင်း(၂)

site engineer လက်စွဲ အပိုင်း(၂)

concrete cover and clear spacing of bars

cover ကိုထားရတဲ့အကြောင်းရင်းက ၃ ခုရှိပါတယ်။ ပထမတစ်ခုက သံချောင်းကို သံချေးမတတ်အောင် ကာကွယ်ပေးချင်လို့ပါ။ ဒုတိယအကြောင်းရင်းက အကယ်လို့ သံချောင်းရဲ့  position လွဲသွားခဲ့ရင် concrete နဲ့ bond force ရအောင်လို့ပါ။ ဟုတ်ပါတယ်။ cover ဆိုတာ သံချောင်း center ကနေတိုင်းတာမဟုတ်ဘူး။ သံချောင်းရဲ့  အပြင်ဖက်ဆုံး လုံးပတ်အနားကနေ တိုင်းတဲ့ distance ပါ။ အကယ်လို့ cover မရှိရင် သံချောင်းတစ်ခုလုံးတော့ ကွန်ကရစ် မြုတ်နေပါရဲ့  ။ သံဆင်တာလွဲသွားလို့ ထိုးထွက်သွားရင် သံချောင်းက အပြင်ဖက်ကို ရောက်ပြီး bond ကျသွားပါလိမ့်မယ်။ တတိယတစ်ချက်က အမြင်အရ ထိန်းချင်တာပါ ။ cover သာ ညီနေရင် ပုံပန်း အမြင်အရလည်း တင့်တယ်တယ်။ cover ကောင်းမကောင်းက durability မှာတော်တော်လေးစကားပြောတယ်။

သံချောင်းကရေထိရင် သံကြေးတက်ပါတယ်။ ဒီတော့မေးစရာရှိတာက ကွန်ကရစ် လောင်းတဲ့အချိန်မှာ သုံးထားတဲ့ရေကကော်သံချေးမတက်ဘူးလားပေါ့ ။ ပမာဏနဲ့တယ်ပြောရမယ်။ ကွန်ကရစ်ကွဲပြီဆိုရင် အက်ကွဲကြောင်းတွေထဲကနေ ရေငွေ့ဝင်ပါမယ်။ ရေနဲ့ အောက်စီဂျင်ပေါင်းပြီး သံချေးတက်စေတာပါ။ ဒါကြောင့် cover က အရေးကြီးပါတယ်။

concrete က မြေနဲ့ တိုက်ရိုက်ထိတွေ့ ရမဲ့နေရာမျိုး ဥပမာ footing အောက်ခြေဆိုရင်တော့ ၃ လက်မ အနည်းဆုံးထားသင့်တယ်။ အကယ်လို့ footing အောက်မှာ 1:3:6 ကိုအကြမ်းလောင်းထားတယ်ဆိုရင်တော့ ဒီထက်နဲနဲပါးပါးလျော့လို့ရတာပေါ့။ ဒါပေမဲ့ ၂ လက်မထက်တော့ မနဲရဘူး။

bar spacing ကိုသတ်မှတ်ထားချက်က အမျိုးအမျိုးဖြစ်နိုင်တယ်။ အရေးကြီးဆုံးကတော့ သံချောင်းကြပ်တာ မဖြစ်အောင်ပါ။ moment အရပြောမယ်ဆိုရင်တော့ သံချောင်းအနည်းအများနဲ့မဆိုင်ဘူး။ steel cross sectional area နဲ့ပဲဆိုင်တယ်။ ဥပမာ ဆိုဒ်ကြီးတာ ၂ လုံးသုံးတာနဲ့ ဆိုဒ်သေးတာ ၄ လုံးသုံးတာက moment အရတော့ ok တယ်ပေါ့။ ဒါပေမဲ့ ကြီးတဲ့ သံလုံးတွေက development လိုအပ်ချက်များတယ်။ နောက်ပြီး bar splice နေရာ၊ သံချောင်းဆက်တဲ့နေရာတွေမှာ နဲနဲပြသနာရှိတယ်။ သူက သံလုံးကြီးတော့ ကွန်ကရစ်က ဆွဲထားရတဲ့ အားက များတယ်။ တနေရာထဲမှာ စုပြီး ကွဲနိုင်တယ်။ သံချောင်းသေးသေးလေးတွေကို နေရာအနှံ ထည့်လိုက်မယ်ဆိုရင်တော့ တစ်ယောက်နဲနဲစီ မျှခံကြမှာပေါ့။ ဒီလိုဆိုရင်တော့ သံချောင်းကြပ်တယ်ဆိုပေမဲ့ bond ကြောင့်ဖြစ်လာတဲ့ stress တွေနဲ့ မျှတယ်။

တစ်လုံးနဲ့တစ်လုံး အနည်းဆုံးတော့ ၁ လက်မ ကျော်ကျော်လောက် ခြားထားရပါမယ်။ ဒါက ကွန်ကရစ်ဝင်ဖို့ ချန်ထားတာပါ ။

မှတ်ရလွယ်အောင် ကျတော် table လေးတွေလုပ်ပေးထားပါတယ်။ ကယ်ဗျာ ... တစ်ပုံချင်းစီကြည့်ရအောင်ပါ ။ အားလုံးပြီးရင်တော့ မုန့်ကျွေးပါ့မယ်။။။

Credit

Aung Hla Min Naing

Lashio Technological University





Wednesday, January 4, 2017

အပိုင်း(၁၉) How To Read RC Books

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၉)
How To Read RC Books

Beam Vs Column

ပထမဆုံးအနေနဲ့ beam နဲ့ column ကိုအရင်ကွဲရပါမယ် beam ဆိုတာက flexure member ပါ flexure ဆိုတာ bending ကိုပြောတာပါပဲ ဒါကြောင့် beam က bending member ပေါ့

Bending ဆိုတာကွေးညွတ်တဲ့သဘောကိုပြောတာ ပေတံတစ်ချောင်းကို ကွေးလိုက်ပါ အောက်ဖက်ခြမ်းမှာ တင်းတဲ့အားလာဖြစ်မယ် အဲ့ဒါ tension ပဲ tension အတွက်ဆိုရင် သံချောင်းကိုထည့်တယ် ဒါကြောင့် beam က သံချောင်းကို အဓိကအားကိုးတယ်

column မှာကျတော့ဒီလိုမဟုတ်ဘူး compression member ပေါ့ compression ကိုအဓိကထမ်းရပြီဆိုတော့ concrete ရဲ့ အရေးပါမှုက ဒီလိုအချိန်မှာရှေ့ရောက်တယ်ပြောရမယ် ဆိုလိုတာက column မှာကျတော့ concrete ကို အဓိကအားကိုးတယ်

concrete ဆိုရင် compression ကိုပဲ ခံနိုင်တယ် steel ဆိုရင် tension ကိုပဲခံနိုင်တယ်ဆိုပြီး လက်ခံနေသေးတယ်ဆိုရင် အခုချိန်မှာ အဲ့ဒီအယူဆကိုပြင်သင့်ပြီ သူတို့နှစ်ခုစလုံးက tension , compression ထမ်းနိုင်တဲ့ ပမာဏ ကိုယ်စီရှိကြပါတယ်

tension ရဲ့ အဓိကအားနည်းချက်က crack ဖြစ်တဲ့အချိန်မှာ void တွေကနေ tension force ကို transmit မလုပ်နိုင်တော့ဘူး ဒါကြောင့်ပြောပါတယ် concrete ဟာ ကွဲပြီဆိုတာနဲ့ သူ့ရဲ့ tension ထမ်းနိုင်တဲ့နုနုးက Zero ပါ

compression ရဲ့ အဓိကအားနည်းချက်က Area ပဲ column တိုင်လို ပစ္စည်းတစ်ခုက ဘယ်လောက်ပဲ ဖိအားကိုခံနိုင်တယ်ပြောပြော သူ့မှာ cross sectional Area များများစားစားမရှိရင် အသုံးမ၀င်ဘူးလို့ပြောနိုင်တယ်

structure မှာ ပိန်သေးအချိုးဆိုတာရှိပါတယ် slenderness ratio ပါ ဒါကိုဘာနဲ့သတ်မှတ်လည်းဆိုရင် L/r ratior OR L/d နဲ့သတ်မှတ်ပါတယ် L က length ပါ d,r က တော့ သူတို့ရဲ့ လုံးပတ်အတိုင်းတာတွေပေါ့

column လိုမျိုးအပေါ်ကနေကျလာတဲ့ ဖိအားတွေကိုခံနိုင်ဖို့ဆိုရင် cross section ကကြီးရမယ် Length က တိုလေလေ structure အရအဆင်ပြေလေလေလို့အကြမ်းဖျင်းပြောနိုင်တယ် slennderness ratio ဆိုတာ နဲလေကောင်းလေပါ

ဒါတွေကို ခင်ဗျားတို့ ဖတ်တဲ့ RC စာအုပ်ထဲမှာတော့ အသေးစိတ်ရေးထားမှာမဟုတ်ဘူး MOM ထဲကနေယူထားတာ RC ကိုင်ရင် MOM လေးသိထားတော့ ရှေ့ရောက်အောင်ပါ

...........................................

Steel Vs Concrete

သံချောင်းနဲ့ ကွန်ကရစ် နှစ်မျိုးကို နှိုင်းယှဉ်ကြည့်ရအောင်ပါ

သံချောင်းကို စက်ရုံကနေထုတ်တာ ဒီတော့ သူ့ရဲ့ quality ကို တိတိကျကျ ခန့်မှန်းနိုင်တယ်လို့ပြောလို့ရတယ် concrete က ကျတော့ material တွေအများကြီးပေါင်းထားတာ curing မလုပ်တာပဲဖြစ်ဖြစ် water cement ratio မညီတာပဲဖြစ်ဖြစ် seggratation ဖြစ်တာပဲဖြစ်ဖြစ် viberator မသုံးတာပဲဖြစ်ဖြစ် သဲထဲမှာ impurities တွေပါသွားတာပဲဖြစ်ဖြစ် မှန်းဆလို့မရနိုင်ဘူး

ဒါကြောင့် ACI က သံချောင်းကို အဓိက အားကိုးတဲ့ flexure member beam တွေမှာ safety factor ယူတာနဲသလို ကွန်ကရစ်ကို အဓိက အားကိုးတဲ့ column တွေမှာကျတော့ safety factor ယူတာများပါတယ်

......................................

Beam Vs Column Failure

နောက်တစ်ချက် beam failure ဆိုတာ local failure ပါ ဆိုလိုတာက Beam တစ်ချောင်းကျိုးရင် ကျိုးတဲ့နေရာမှာတင် ပျက်စီးမယ် column မှာကျတော့ ဒီတိုင်းမဟုတ်ဘူး တိုင်တစ်လုံးကျိုးတာနဲ့ တအိမ်လုံးပြိုကျသွားနိုင်တယ် ဒါကြောင့် column က ပိုအရေးကြီးလို့ column အတွက် S.F ယူတာ များပါတယ်

...............

Strength Reduction Factor

ဒီနေရာမှာ ကျောင်းတုန်းကအတည်းက ကျတော်တို့တွေ့ခဲ့တဲ့ factor တွေဖြစ်တဲ့ 0.9 နဲ့ မြှောက်တာ 0.65 နဲ့ မြှောက်တာတွေကို နဲနဲလောက်ပြောချင်ပါတယ်

0.9 နဲ့ မြှောက်တာဆိုတာ 10 ရာခိုင်နုန်းလျှော့တာကိုပြောချင်တာပါ
0.65 နဲ့ မြှောက်တာကတော့ 35 ရာခိုင်နုန်းလျှော့တာပေါ့

....................................

Strength Reduction Factor စုစည်းမှု

Tie Columns - 0.65
Spiral Columns - 0.75
eccentricitic tie column - 0.65 x 0.8
eccentricitic spirally column - 0.75 x 0.85

eccentricitic ဆိုတာကတော့ Load တည့်တည့်မကျပဲ မတော်တဆ column ဆီကို compression သာ မက moment ၀င်သွားနိုင်တဲ့အခြေနေပါ ဒါကြောင့် နဂိုရှိတာထက်ကို 20 ရာခိုင်နုန်း 15 ရာခိုင်နုန်း ပိုလျှော့လိုက်သေးတယ်

Beam တွေကတော့

Flexure Beam - 0.9
Flexure Shear - 0.75

......................................

နောက်ဆုံးတစ်ချက် အရေးကြီးဆုံးက ACI စာအုပ်ထဲက သေင်္ကေတတွေပါ စာအုပ်တစ်အုပ်လုံးမှာ ကြိုက်တဲ့နေရာလှန်လိုက်ပါ ဒါတွေပါတယ်

Pu ဆိုတာက အပြင်ကလာမဲ့အား
Pn ဆိုတာက design က ခံနိုင်တဲ့အား

Mu ဆိုတာက အပြင်ကလာမဲ့ moment
Mn ဆိုတာက design က ခံနိုင်တဲ့ moment

fs steel ခံရတဲ့ stress
fc concrete ခံရတဲ့ stress

Pn တို့ Mn တို့က ခံနိုင်တာပဲရှိသေးတယ် ခွင့်ပြုတာမဟုတ်သေးဘူး ဒါကြောင့် strength reduction factor တွေနဲ့ လျှော့ပြီးခွင့်ပြုရမယ်
OPn - OMn

" Design ကခွင့်ပြုတဲ့ကောင် OPn - OMn က အပြင်ကလာတဲ့ Pu - Mu ထက် ကြီးရင်ကြီး မကြီးရင်ညီရမယ် "

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ခြေလှမ်းများအပိုင်း(၂၀)
Nonsway Vs Sway Frames


အပိုင်း(၁၈) Structure နှင့်ပတ်သပ်သော အမေးအဖြေများ

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁၈)
Structure နှင့်ပတ်သပ်သော အမေးအဖြေများ

စာအုပ်လေးနဲ့ချတွက်ပြီး အဖြေတိုက်ကြည့်ပါ အကျိုးများလိမ့်မယ်

1. The number of independent equations to be satisfied for static equilibrium of a plane structure is
a) 1
b) 2
c) 3
d) 6
Ans: c

2. If there are m unknown member forces, r unknown reaction components and j number of joints, then the degree of static indeterminacy of a pin-jointed plane frame is given by
a) m + r + 2j
b) m – r + 2j
c) m + r – 2j
d) m + r – 3j
Ans: c

3. Number of unknown internal forces in each member of a rigid jointed plane frame is
a) 1
b) 2
c) 3
d) 6
Ans: c

4. Degree of static indeterminacy of a rigid-jointed plane frame having 15 members, 3 reaction components and 14 joints is
a) 2
b) 3
c) 6
d) 8
Ans: c

5. Degree of kinematic indeterminacy of a pin-jointed plane frame is given by
a) 2j – r
b) j – 2r
c) 3j – r
d) 2j + r
Ans: a

6. Independent displacement components at each joint of a rigid-jointed plane frame are
a) three linear movements
b) two linear movements and one rotation
c) one linear movement and two rotations
d) three rotations
Ans: b

7. If in a pin-jointed plane frame (m + r) > 2j, then the frame is
a) stable and statically determinate
b) stable and statically indeterminate
c) unstable
d) none of the above
where m is number of members, r is reaction components and j is number of joints
Ans: b

8. A pin-jointed plane frame is unstable if
a) (m + r)<2j
b) m + r = 2j
c) (m + r)>2j
d) none of the above
where m is number of members, r is reaction components and j is number of joints
Ans: a

9. A rigid-jointed plane frame is stable and statically determinate if
a) (m + r) = 2j
b) (m + r) = 3j
c) (3m + r) = 3j
d) (m + 3r) = 3j
where m is number of members, r is reaction components and j is number of joints
Ans: c

10. The number of independent equations to be satisfied for static equilibrium in a space structure is
a) 2
b) 3
c) 4
d) 6
Ans: d

11. The degree of static indeterminacy of a pin-jointed space frame is given by
a) m + r – 2j
b) m + r – 3j
c) 3m + r – 3j
d) m + r + 3j
where m is number of unknown member forces, r is unknown reaction components and j is number of joints
Ans: b

12. The degree of static indeterminacy of a rigid-jointed space frame is
a) m + r – 2j
b) m + r – 3j
c) 3m + r – 3j
d) 6m + r – 6j
where m, r and j have their usual meanings
Ans: d

13. The degree of kinematic indeterminacy of a pin-jointed space frame is
a) 2j-r
b) 3j-r
c) j-2r
d) j-3r
where j is number of joints and r is reaction components
Ans: b

14. The number of independent displacement components at each joint of a rigid-jointed space frame is
a) 1
b) 2
c) 3
d) 6
Ans: d

15. If in a rigid-jointed space frame, (6m + r) < 6j, then the frame is
a) unstable
b) stable and statically determinate
c) stable and statically indeterminate
d) none of the above
Ans: a

16. The principle of virtual work can be applied to elastic system by considering the virtual work of
a) internal forces only
b) external forces only
c) internal as well as external forces
d) none of the above
Ans: c

17. Castigliano’s first theorem is applicable
a) for statically determinate structures only
b) when the system behaves elastically
c) only when principle of superposition is valid
d) none of the above
Ans: c

18. Principle of superposition is applicable when
a) deflections are linear functions of applied forces
b) material obeys Hooke’s law
c) the action of applied forces will be affected by small deformations of the structure
d) none of the above
Ans: a

19. In moment distribution method, the sum of distribution factors of all the members meeting at any joint is always
a) zero
b) less than 1
c) 1
d) greater than 1
Ans: c

20. The carryover factor in a prismatic member whose far end is fixed is
a) 0
b) 1/2
c) 3/4
d) 1
Ans: b

21. In column analogy method, the area of an analogous column for a fixed beam of span L and flexural rigidity El is taken as
a) L/EI
b) L/2EI
c) L/3EI
d) L/4EI
Ans: a

22. The degree of static indeterminacy up to which column analogy method can be used is
a) 2
b) 3
c) 4
d) unrestricted
Ans: b

23. The deflection at any point of a perfect frame can be obtained by applying a unit load at the joint in
a) vertical direction
b) horizontal direction
c) inclined direction
d) the direction in which the deflection is required
Ans: d

24. In the slope deflection equations, the deformations are considered to be caused by
i) bending moment
ii) shear force
iii) axial force
The correct answer is
a) only (i)
b) (i)and(ii)
c) (ii) and (iii)
d) (i), (ii) and (iii)
Ans: a

25. The three moments equation is applicable only when
a) the beam is prismatic
b) there is no settlement of supports
c) there is no discontinuity such as hinges within the span
d) the spans are equal
Ans: c

26. While using three moments equation, a fixed end of a continuous beam is replaced by an additional span of
a) zero length
b) infinite length
c) zero moment of inertia
d) none of the above
Ans: a

27. The Castigliano’s second theorem can be used to compute deflections
a) in statically determinate structures only
b) for any type of structure
c) at the point under the load only
d) for beams and frames only
Ans: b

28. Bending moment at any section in a conjugate beam gives in the actual beam
a) slope
b) curvature
c) deflection
d) bending moment
Ans: c

29. For a two-hinged arch, if one of the supports settles down vertically, then the horizontal thrust
a) is increased
b) is decreased
c) remains unchanged
d) becomes zero
Ans: c

30. For a symmetrical two hinged parabolic arch, if one of the supports settles horizontally, then the horizontal thrust
a) is increased
b) is decreased
c) remains unchanged
d) becomes zero
Ans: b
Structural Analysis Interview Questions

31. A single rolling load of 8 kN rolls along a girder of 15 m span. The absolute maximum bending moment will be
a) 8 kN.m
b) 15 kN.m
c) 30 kN.m
d) 60 kN.m
Ans: c

32. The maximum bending moment due to a train of wheel loads on a simply supported girder
a) always occurs at centre of span
b) always occurs under a wheel load
c) never occurs under a wheel load
d) none of the above
Ans: b

33. When a uniformly distributed load, longer than the span of the girder, moves from left to right, then the maximum bending moment at mid section of span occurs when the uniformly distributed load occupies
a) less than the left half span
b) whole of left half span
c) more than the left half span
d) whole span
Ans: d

34. When a uniformly distributed load, shorter than the span of the girder, moves from left to right, then the conditions for maximum bending moment at a section is that
a) the head of the load reaches the section
b) the tail of the load reaches the section
c) the load position should be such that the section divides it equally on both sides
d) the load position should be such that the section divides the load in the same ratio as it divides the span
Ans: d

35. When a series of wheel loads crosses a simply supported girder, the maximum bending moment under any given wheel
load occurs when
a) the centre of gravity of the load system is midway between the centre of span and wheel load under consi-deration
b) the centre of span is midway between the centre of gravity of the load system and the wheel load under consideration
c) the wheel load under consideration is midway between the centre of span and the centre of gravity of the load system
d) none of the above
Ans: b

36. Which of the following is not the displacement method ?
a) Equilibrium method
b) Column analogy method
c) Moment distribution method
d) Kani’s method
Ans: b

37. Study the following statements.
i) The displacement method is more useful when degree of kinematic indeterminacy is greater than the degree of static indeterminacy.
ii) The displacement method is more useful when degree of kinematic indeterminacy is less than the degree of static indeterminacy.
iii) The force method is more useful when degree of static indeterminacy is greater than the degree of kinematic indeterminacy.
iv) The force method is more useful when degree of static indeterminacy is less than the degree of kinematic indeterminacy.
The correct answer is
a) (i) and (iii)
b) (ii) and (iii)
c) (i) and (iv)
d) (ii) and (iv)
Ans: d

38. Select the correct statement
a) Flexibility matrix is a square symmetrical matrix
b) Stiffness matrix is a square symmetrical matrix
c) both (a) and (b)
d) none of the above
Ans: c

39. To generate the j th column of the flexibility matrix
a) a unit force is applied at coordinate j and the displacements are calculated at all coordinates
b) a unit displacement is applied at co-ordinate j and the forces are calculated at all coordinates
c) a unit force is applied at coordinate j and the forces are calculated at all coordinates
d) a unit displacement is applied at co-ordinate j and the displacements are calculated at all co-ordinates
Ans: a

40. For stable structures, one of the important properties of flexibility and stiffness matrices is that the elements on the main diagonal
i) of a stiffness matrix must be positive
ii) of a stiffness matrix must be negative
iii) of a flexibility matrix must be positive
iv) of a flexibility matrix must be nega¬tive
The correct answer is
a) (i) and (iii)
b) (ii) and (iii)
c) (i) and (iv)
d) (ii) and (iv)
Ans: a

41. Effects of shear force and axial force on plastic moment capacity of a structure are respectively to
a) increase and decrease
b) increase and increase
c) decrease and increase
d) decrease and decrease
Ans: d

42. Which of the following methods of structural analysis is a force method ?
a) slope deflection method
b) column analogy method
c) moment distribution method
d) none of the above
Ans: b

43. Which of the following methods of structural analysis is a displacement method ?
a) moment distribution method
b) column analogy method
c) three moment equation
d) none of the above
Ans: a

44. In the displacement method of structural analysis,


အပိုင်း(၁၇) Development Length ဆိုတာ

Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၇)
Development Length ဆိုတာ ...

****************
development length ဆိုတာ  ကွန်ကရစ်နဲ့သံချောင်းဟာ bond force အပြည့်ဝရအောင် အနည်းဆုံးထိစပ်ထားရမဲ့အလျှားလေးပါ။ development length အကြောင်းကတော့ နည်းနည်းကျယ်ပြန့်ပါတယ်။ RC မှာ ကွန်ကရစ်နဲ့ သံချောင်း အလုပ်တူတူတွဲလုပ် ချင်ရင် အရင်ဆုံး သံချောင်းကို ကွန်က၇စ်ထဲမှာမြှတ်ထားရပါမယ်။ မြှတ်ထားမယ် ကိုယ်သုံးမဲ့သံချောင်းကလည်း ချောမနေဘူးအရစ်ပါတယ်ဆိုရင် RC ဟာ bond force ကိုရသင့်သလောက်ရနေပါပြီ ။

ဒါပေမဲ့ မေးစရာ ရှိတာက bond force ဟာ ဘယ်လောက်ထိရမှ လုံလောက်မှာလည်းဆိုတာပါ။ ဒီနေရာမှာ ACI ကစဉ်းစားထားတာ နည်းနည်းအဆင့်မြင့်ပါတယ်။

RC ရဲ့ basic assumption မှာ Newton Law အရ RC ပေါ်ကျရောက်မဲ့ external force နဲ့ internal force ဟာ ညီပါတယ်။ external force ကြောင့် internal အနေနဲ့ moment လာဖြစ်ပါတယ်။ ဖြစ်လာတဲ့ moment ဟာ stress အနေနဲ့ ကွန်ကရစ်ကိုပေးလိုက်ပါတယ်။ ကွန်ကရစ်ကနေမှတဆင့် bond force အနေနဲ့ သံချောင်းကိုဆက်ပေးပါတယ်။

ကွန်ကရစ်ထဲမှာ သံချောင်းဟာ အားအပြည့်မထမ်းဘူးဆိုရင် ရေသာခိုနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ACI ကသံချောင်းကို လုံးဝ ရေသာခိုခွင့်မပြုဘူး။ ဒါကြောင့် သံချောင်းဆီရောက်လာမဲ့ bond stress ဟာ သံချောင်းရဲ့ အမြင့်ဆုံးထမ်းနိုင်တဲ့ Ultimate strength အထိရှိရပါမယ်။

အချုပ်ပြောရရင် development length ဆိုတာ သံချောင်းအားအပြည့်ဝထမ်းနိုင်ဖို့ လိုအပ်တဲ့ ကွန်ကရစ်နဲ့ သံချောင်း ထိစပ်နေရမဲ့ အလျှားလေးဖြစ်ပါတယ်။

Development Length မလုံလောက်ရင် bond failure ဖြစ်ပါတယ်

နေရာအရ ထပ်ရှည်ပေးလို့မရရင် hook ထည့်ပါတယ်

Hook ဟာ Bond Failure ဖြစ်တဲ့အချိန်မှာတောင် Tied -Arch Action နဲ့ သံချောင်းကို အားဆက်ထမ်းခိုင်းစေပါတယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၈)
Structure နှင့်ပတ်သတ်သော အမေးအဖြေများ


အပိုင်း(၁၆) Column တိုင်သာ compression နဲ့ bending တပြိုင်ထဲ ခံရမယ်ဆိုရင်

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁၆)
Column တိုင်သာ compression နဲ့ bending တပြိုင်ထဲ ခံရမယ်ဆိုရင်

column ပေါ်မှာ ကျတဲ့ Load အခြေနေတော်တော်များများကတော့ axial အတိုင်းတည့်တည့်ကျမှာပဲ ဒါပေမဲ့ တချို့အခြေနေတွေမှာ တည့်တည့်မကျပဲ distance တစ်ခုအနေနဲ့ ကျပြီး moment ၀င်သွားတာလည်းရှိနိင်တယ်

design အရတွက်ချက်ပြီး လုံးဝ axial load ပဲထွက်မယ်ဆိုရင်တောင် ဒီအတိုင်းတော့လက်ခံလို့မရဘူး site အမှားကြောင့် eccentricities ၀င်သွားပြီး moment လေးတွေရှိနိုင်တယ်

column ထဲမှာသာ load တွေက moment အနေနဲ့ ၀င်လာရင် bending လည်းဝင်ပြီပဲ compression member ကနေ bending member လည်းဖြစ်သွားနိုင်တယ်

ဒါကြောင့် column design လုပ်မယ်ဆိုရင် အများစုက compression နဲ့ bending တွဲပြီး စဉ်းစားပေးရတယ်

ပုံမှာပြထားတာကတော့ column တိုင်တစ်လုံးက compression P နဲ့ moment M တစ်ပြုင်ထဲ ခံနေရတဲ့ပုံပါ

ဒါပေမဲ့ ဒီလိုအခြေနေမှာ သိပ်ပြီး ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး ကျလာတဲ့ moment ကို Load အဖြစ်ပြောင်းပြီး distance တစ်ခုကနေ လွဲပြီးကျခိုင်းလိုက်ရုံပဲ

ဆိုလိုတာက moment ကို Load နဲ့စားလိုက်မယ် distance တစ်ခုထွက်လာမယ် ရလာတဲ့ distance ကနေ load,P သက်ရောက်နေတယ်လို့ ယူဆလိုက်မယ်

ဒါကို equivalent eccentricity လို့ခေါ်ပါတယ် column တွေအကုန်လုံးကို ဒီနည်းနဲ့ပဲ classified လုပ်ကြပါတယ်

M/P = e , e ဆိုတာက လွှဲပြီးကျလာမဲ့ eccentricity distance ပါ.

အကယ်လို့ e တန်ဖိုးကသာ ငယ်မယ်ဆိုရင် အပေါ်ကနေကျလာတဲ့ load များလို့ failure ဖြစ်မယ်ဆိုရင် bending အနေနဲ့တော့ မဖြစ်ပါဘူး သွေဖက်ပြီး အားသက်ရောက်နေတဲ့ဖက်ခြမ်းကတော့ သံချောင်း yield ဖြစ်ပြီး ကွန်ကရစ်တွေ တဖက်စောင်းနှင်း ကွဲသွားနိုင်တယ် ပုံ c မှာပြထားပါတယ်

e တန်ဖိုးများရင်တော့ ပေတံတစ်ချောင်းကို ထိပ်ကနေ လိမ်ချိုးလိုက်သလိုမျိုး tension ၀င်ပြီး failure ဖြစ်ပါမယ်

ပုံထဲမှာတော့ eccentricity နဲရင် eccentricity ဖြစ်တဲ့ဖက်ခြမ်းမှာ သံချောင်း yield  ဖြစ်မယ်

များရင်တော့ သူနဲ့ ဆန့်ကျင်ဖက်ခြမ်းမှာ သံချောင်း yield ဖြစ်မယ်

e တန်ဖိုးများတာကို ပုံထဲမှာ large ecc.e လို့ရေးထားပါတယ်

column ပေါ်မှာ ကျတဲ့အလေးချိန်က column ရဲ့ ခံနိုင်အားထက်နဲနေရင်တော့ ပြသနာမရှိပါဘူး ကျတော်တို့က design စဉ်းစားကတည်းကကို factor လုပ်ပြီးသား load တွေနဲ့ စဉ်းစားခဲ့တာပါ ဒါပေမဲ့ အပြင်မှာ တကယ်လက်တွေ့ကျမှာက service load အဆင့်လောက်ပဲရှိပါတယ်

service load နဲ့ factor load ကို နဲနဲလေးခွဲပြီးပြောချင်ပါတယ်

Service load ဆိုတာက တကယ်အလုပ်လုပ်မဲ့ load ပါ ... ဆိုလိုတာက အိမ်ဆောက်ပြီးပြီဆိုရင် အဲ့ဒီအိမ်ထဲမှာ တကယ်ရှိနေမဲ့လူတွေရဲ့ Load

Factor load  ဆိုတာကတော့ design လုပ်ဖို့အတွက် safe ဖြစ်အောင်တိုးယူထားတာပါ

ကျတော်တို့လုပ်တဲ့ design တွေက factor load ပေါ်မှာအခြေခံထားတာပါ မှတ်ရလွယ်အောင်ပြောမယ်ဆိုရင်တော့ ဒီဇိုင်းခံနိုင်အားက အပြင်ကသက်ရောက်တာထက် ကြီးရင်ကြီး မကြီးရင် ညီရမယ်

အပြင်မှာရှိလာမှာထက်ကို နဲနဲပိုယူထားတဲ့အပြင် ပစ္စည်းရဲ့ ခံနိင်အားကိုလည်း လျှော့ပြီးခွင့်ပြုပါတယ်

ကျတော်ဒီအပိုင်းမှာ အဓိကပြောချင်တာကတော့ column ရဲ့ ထိပ်မှာ တည့်တည့်ကျလာမဲ့ compression ရှိမယ် beam တွေကနေ လာတဲ့ moment လည်းရှိမယ် ဒါကို ပုံ B မှာပြထားသလို moment တန်ဖိုးကို load နဲ့စားပြီး အကွာအဝေးတစ်ကနေ load ကျနေတယ်လို့ ယူဆပြီး compression plus bending ကို design လုပ်တာပါ

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း(၁၇)
Development length ဆိုတာ


အပိုင်း(၁၅) Spiral ၏ size နှင့် spacing ကို design လုပ်ခြင်း

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း(၁၅)
Spiral ၏ size နှင့် spacing ကို design လုပ်ခြင်း

ရှေ့မှာပြောခဲ့သလို ties ဖြစ်ဖြစ် spiral ဖြစ်ဖြစ် ၂ ချက်ပဲရှိပါတယ်

Size နဲ့ spacing ပါ

Size ကို steel ratio ကနေရပါမယ်

Spacing ကို equation ကနေရပါမယ် ဒါပေမဲ့ ထွက်လာတဲ့ spacing ကို ACI code အရ min max ကြားမှာ ရှိမရှိ တချက်ပြန်စစ်ပေးရပါမယ်

ဒါလည်းမခက်ပါဘူး ဒီအတိုင်းဆိုရင် ခဏလေးနဲ့ပြီးသွားမှာဖြစ်လို့ ACI က equation ရအောင် ဘယ်လို စဉ်းစားခဲ့လည်းဆိုတာကို လက်လှမ်းမှီသလောက်ရေးပါမယ်

တပုံချင်းစီ ကြည့်ကြပါ

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း (၁၆)
Column တိုင်သာ compression နဲ့ bending ကို တပြိုင်ထဲ ခံရမယ်ဆိုရင်






အပိုင်း (၁၄) Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း (၁၄)
Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ

Failure ဖြစ်တဲ့ tie column တွေကိုကြည့်လိုက်ရင် အားလုံးလိုလိုက တိုင်ပတ်ပတ်လည်က concrete တွေကွဲထွက်ကုန်ပြီး အပြင်ဖက်ကို ကွာကျကုန်တာ အတွင်းထဲမှာရှိတဲ့ သံချောင်းတွေကိုလည်းမြင်နေရမယ်

စာအုပ်ထဲမှာတော့ ဒီစာကို concrete column fails by crushing and shearing outward along inclined plans လို့ရေးထားပါတယ်

သူပြောချင်တဲ့ inclined plan က shear plan ကိုဆိုလိုတာပါ MOM ထဲက Mohr's circule ဆွဲတဲ့အခန်းမှာ ဒီအကြောင်းပါပါတယ်

သံချောင်းအနေနဲ့ဆိုရင်တော့ အပြင်ဖက်ကို တွန့်လိမ်ကောက်ကွေးသွားလိမ့်မယ်

ဒါကို and the longitudinal steel by buckling outward between ties ဆိုပြီးစာအုပ်ထဲမှာ ရေထားပါတယ်

ကျတော်တွဲပြီးဘာသာပြန်ပေးတာက ခင်ဗျားတို့ original စာအုပ်ကိုင်ရင် ဖတ်ရတာ လွယ်အောင်လို့ပါ

Failure ဖြစ်တဲ့ spirally concrete column တိုင်တွေမှာတော့ Longitudinal သံချောင်းတွေနဲ့ concrete တွေကို spiral တွေက စပလိန်ကွင်းထဲမှာ ပစ္စည်းတွေ စုထည့်ထားသလို ချုပ်ထားပေးပါတယ်

ဆိုလိုတာက spiral ကွင်းတွေရဲ့ အပြင်ဖက်ကို concrete နဲ့ သံချောင်းတွေက ရုပ်ပျက်ဆင်းပျက် တိုးထွက်မထွားတော့ဘူးပေါ့

ဒါကိုစာထဲမှာ ဘယ်လိုရေးထားလည်းဆိုတော့ the longitudinal steel and the concrete within the core are prevented from moving outward by the spiral လို့ရေးပါတယ် ကျတော်မြန်မာလိုပြောထားတာနဲ့ တွဲပြီးတိုက်ကြည့်ပါ

ဒါပေမဲ့ cover အပြင်ဖက်မှာ ရှိတဲ့ ကွန်ကရစ်တွေကတော့ သူ့ကိုပတ်ထားတာဘာမှမရှိတော့ spiral တွေရဲ့ ကာကွယ်ချင်းကိုခံရမှာမဟုတ်ဘူး ဒါကြောင့် အရေခွံကျွတ်သွားသလို အတွင်းမှာရှိတဲ့ သံချောင်းတွေကိုမြင်နေရတာ

ဒီအတိုင်းဆိုရင် ကျတော်တို့ရဲ့ အရင် tie ကွင်းပတ်ထားတာတွေနဲ့  နှိုင်းယှဉ်လိုက်မယ်ဆိုရင် spiral တွေရဲ့ အားသားချက်တွေ ထွက်လာပါပြီ tie column တွေက failure ဖြစ်ရင် ကွန်ကရစ်ကော် သံချောင်းကော် အပြင်ဖက်ကို ရုပ်ပျက်ဆင်းပျက် ကွာကျကုန်တယ် သံချောင်းကလည်း ရုပ်ပျက်ဆင်းပျက် အပြင်ဖက်ကို ထိုးထွက်မယ် ကွန်ကရစ်ကလည်း အတွင်းမှာရှိတာအကုန်မြင်ရနိုင်အောင်လောက်အောင်ကို ဘာမှမကျန်တော့ဘူး spiral တွေမှာတော့ ဒီလိုအခြေနေ နဲမယ်လို့ပြောလို့ရတယ်

failure ဖြစ်ပြီဆိုရင်တော့ ဘာမှဆက်ပြီးသုံးလို့မရတော့ပါဘူး ကျတော်တို့က ဘာလို့ failure ဖြစ်တာကြီးကိုဦးစားပေးပြောနေလည်းဆိုတော့ အကြောင်းရှိပါတယ် spiral တိုင်က failure ဖြစ်ရင် သူ့ရဲ့ stability ကိုဆက်ပြီးထမ်းထားနိုင်လို့ပါ ဆိုလိုတာက load လေးတော့ နဲနဲပါးပါးထမ်းနေသေးတယ်ပေါ့

tied column တွေလို ရုပ်တရက် ၀ိုင်းဒိုင်းဆိုပြီး ပြိုမကျဘူး ငလျှင်လုပ်ပြီးတဲ့အချိန်မှာ column တိုင်တွေ failure ဖြစ်သွားရင်တောင် spiral column တွေက အဆောက်ဦးထဲမှာရှိတဲ့ လူတွေ အပြင်ဖက်ကို ဆင်းနိုင်အောင် နဲနဲပါးပါးလေး စောင့်ပေးတယ်ပေါ့

ဒါကို ACI ကနေ သူတို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ငလျှင်လုပ်လို့ ပျက်စီးသွားတဲ့ အဆောက်ဦးတွေကို သုတေသနလုပ်ရင်း အတည်ပြုထားတာပါ

သူ့ရဲ့အားသာချက်က ထပ်ရှိပါသေးတယ် spiral တွေမှာသုံးထားတဲ့ bar တွေလည်း yielding ဖြစ်တာတွေ fracture ဖြစ်တာတွေဖြစ်ပြီး ပျက်စီးသွားနိုင်ပါတယ် ဒါပေမဲ့ column failure ဖြစ်သွားတာထက်တော့ အရင်ဖြစ်မှာမဟုတ်ဘူး

column ties နဲ့ spiral ties တွေရဲ့  သူတို့ နှစ်မျိုးရဲ့ ခံနိုင်အားကတော့ သိပ်မကွာပါဘူး ဒါပေမဲ့ spiral တိုင်တွေက failure ဖြစ်နေတဲ့အချိန်မှာ ပိုစိတ်ချရလို့ safety factor ယူတာနဲတယ် ဥပမာ ခံနိုင်အားကို နဂိုရှိတာထက် tie column တွေမှာ ၂၀ ရာခိုင်နုန်းလျှော့ပြီးခွင့်ပြု မှာဆိုရင် spiral တိုင်တွေမှာတော့ ၁၅ ရာခိုင်နုန်းပဲ လျှော့ပြိးခွင့်ပြုမယ် ဘာလို့လည်းဆိုတော့ သူက ပိုစိတ်ချရလို့ပါ

--------------------

အောက်မှာပြထားတဲ့ပုံရဲ့ ဘယ်ဖက်ခြမ်းက ငလျှင်လုပ်ပြီးတဲ့အချိန်မှာ tied column ပျက်စီးသွားပုံပါ

ညာဖက်ခြမ်းကတော့ spiral column ပါပဲ ဘေးကို 50 cm ရွေ့ပြီး ပျက်စီးသွားတာတောင်မှ အားဆက်ထမ်းနေသေးတယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း (၁၅)
Spiral ၏ size နှင့် spacing ကို design လုပ်ခြင်း


အပိုင်း(၁၃) ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၃)
ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Ties အကြောင်းကိုအရင်ပြောပါမယ် Ties အတွက်လိုအပ်ချက်က ၂ ခုပဲရှိပါတယ် ဘယ်လိုထားရမလည်းဆိုတဲ့ပုံစံရယ် ဘယ်လောက်အကွာထားရမလည်းဆိုတဲ့ spacing ရယ်ပါ

Ties ရဲ့ တစ်ကွင်းနဲ့တစ်ကွင်းအကွာဝေးဟာ ထိုက်သင့်သလောက်စိတ်ရပါမယ် ဘယ်ထိလည်းဆိုရင် ရှေ့ပိုင်းမှာပြောခဲ့သလို အပေါ်ကနေ Load ကျလို့ တိုင်ထဲက သံချောင်းတွေက ဘေးဖက်ကို concrete cover ကိုဖောက်ပြီး အပြင်ဖက်ကို ကျော်မသွားအောင်ပါ

column တိုင်ထဲမှာ cross tie ကွင်းတွေအများကြီး ကန့်လက်ဖြတ်ထားမယ်ဆိုရင်လည်း concrete လောင်းတဲအချိန်မှာ ပြသနာနဲနဲရှိနိုင်ပါတယ် ဒါကြောင့် သတ်မှတ်ထားတဲ့ code တွေရှိပါတယ်

-------------------------

ACI Code 7.10.5 ( For Ties )

All bars of tied columns shall be enclosed by lateral ties, at least No.3(#10) in size for longitudinal bar up to No.10(#36,#43,#57) and bundle longitudianl bars. The spacing of the ties shall not exceed 16 diameters of longitudinal bars, 48 diameters of tie bar, not the least dimension of the column.

သူဘာရေးထားသလည်းဆိုရင် column ထဲမှာရှိတဲ့ သံချောင်းတိုင်းကို ties ကွင်းတွေနဲ့ဝန်းရံထားရမယ်

ties ကွင်းအတွက်သုံးတဲ့သံချောင်းရဲ့ diameter က အနည်းဆုံး 10 mm bar ကနေ 36mm,43mm,57mm ထိရှိမယ်

tie ကွင်းတစ်ခုနဲ့တစ်ခု အဝေးဆုံးအကွာဝေးက main bar dia ရဲ့ ၁၆ ဆထက်မပိုရဘူး , tie bar dia ရဲ့ ၄၈ ဆထက်မပိုရဘူး , column ရဲ့ အနည်းဆုံး dimension ထက်မပိုရဘူး ဥပမာ ၉x၁၂ တိုင်ဆိုရင် ၉" ထက်မပိုရဘူး

The ties shall be so arranged that every corner and alternate longitudinal bar shall have lateral support provided by the corner of tie having an included angle of not more than 135' , and no unsupported bar shall be father than 6 in. clear on either side from such a laterally supported bar.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတာ ပုံကိုကြည့်ပြီးမှပဲရှင်းသွားပါလိမ့်မယ် column တိုင်ရဲ့ ဒေါင့်တိုင်းမှာ ties ကွင်းတွေနဲ့ချိုးထားရမယ် သူဆိုလိုချင်တာက longitudinal bar တွေကို ဘေးကိုမရွေ့သွားအောင်ထိန်းထားဖို့ပါ အဲ့လို ဒေါင့်ချိုးချိုးတဲ့နေရာမှာ ၁၃၅ ဒီဂရီထက်မပိုရဘူး

သူရေးထားတာ unsupported bar နဲ့ laterally supported bar ဆိုပြီး နှစ်မျိုးရေးထားပါတယ် ဒီနှစ်ခုကိုသေချာကွဲရပါမယ် ပုံထဲမှာလည်းမြှားတော့ထိုးထားတယ် tie ကွင်းရဲ့ ဒေါင့်မှာ ချိတ်မိနေတဲ့ bar ဆိုရင် laterally supported bar ပါ ဒေါင့်မှာ မချိတ်မိနေဘူးဆိုရင်တော့ laterally unsupported bar ပါ သူကို tie ကွင်းက ထိရုံလေးတင်ထိသွားတာ အကယ်လို့ သူတို့နှစ်ခုရဲ့ အကွာဝေးက ၆ လက်မထက်ပိုသွားခဲ့ရင် cross ties ဆိုတဲ့ ties ကွင်းအဆန်းကြီးတွေကို သုံးပေးရပါမယ်

Ties တွေနေရာမှာ rebar တွေမသုံးချင်ဘူးဆိုရင် deformed wire ဒါမှမဟုတ် welded wire fabric တွေနဲ့အစားသုံးလို့ရပါတယ် ဒါပေမဲ့ equivalent area တော့ဖြစ်ရမယ် အကယ်လို့ column တိုင်အနေထားအရ သံချောင်းတွေက စက်ဝိုင်းပုံစံရှိနေခဲ့မယ်ဆိုရင် circular ties သုံးချင်လည်းသုံးကြပေါ့ ဒါက ACI ကပြောတဲ့ code ပါ

---------------------------

ACI Code 7.10.4 ( For Spirals )

Spirals shall consist of a continuous bar or wire not less than 3/8 in. in diameter and the clear spacing between turns of spiral must not exceed 3 in. nor be less than 1 in.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတော့ ကျတော်ရှေ့မှာပြောခဲ့သလိုပဲ မြွေတစ်ကောင်က တိုင်ပေါ်ပတ်ပြီးတက်သွားသလို spirals တွေကလည်း continuous bar တွေနဲ့ တိုင်ရဲ့ အပေါ်ကို တစ်လျှောက်လုံးပတ်ပြီး တက်သွားရပါတယ် bar နေရာမှာ WIRE သုံးချင်လည်းသုံးပေါ့ ဒါက ACI Code ကပြောထားတာပါ ဒါပေမဲ့ သူ့ရဲ့ dia က 3/8 လက်မထက် မငယ်ရဘူး သူတို့ရဲ့ စပလိန်လို အ၀ိုင်းတစ်ခုနဲ့တစ်ခုကြားအကွာဝေးက ၃ လက်မထက်မကြီးရဘူး အနည်းဆုံးရှိထားသင့်တာကတော့ ၁ လက်မပေါ့

spiral ရဲ့ အလုပ်လုပ်ပုံကို ကျတော်ရှေ့မှာရေးခဲ့ပြီးပါပြီ နောက်လာမဲ့အပိုင်းမှာ spiral ပတ်တာနဲ့ circular tie သုံးတာနဲ့ failure ဖြစ်ပုံခြင်းကွာခြားပုံကို ဆက်ရေးပါမယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၄)
Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ


Disqus Shortname

Comments system