Wednesday, January 4, 2017

အပိုင်း(၁၉) How To Read RC Books

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၉)
How To Read RC Books

Beam Vs Column

ပထမဆုံးအနေနဲ့ beam နဲ့ column ကိုအရင်ကွဲရပါမယ် beam ဆိုတာက flexure member ပါ flexure ဆိုတာ bending ကိုပြောတာပါပဲ ဒါကြောင့် beam က bending member ပေါ့

Bending ဆိုတာကွေးညွတ်တဲ့သဘောကိုပြောတာ ပေတံတစ်ချောင်းကို ကွေးလိုက်ပါ အောက်ဖက်ခြမ်းမှာ တင်းတဲ့အားလာဖြစ်မယ် အဲ့ဒါ tension ပဲ tension အတွက်ဆိုရင် သံချောင်းကိုထည့်တယ် ဒါကြောင့် beam က သံချောင်းကို အဓိကအားကိုးတယ်

column မှာကျတော့ဒီလိုမဟုတ်ဘူး compression member ပေါ့ compression ကိုအဓိကထမ်းရပြီဆိုတော့ concrete ရဲ့ အရေးပါမှုက ဒီလိုအချိန်မှာရှေ့ရောက်တယ်ပြောရမယ် ဆိုလိုတာက column မှာကျတော့ concrete ကို အဓိကအားကိုးတယ်

concrete ဆိုရင် compression ကိုပဲ ခံနိုင်တယ် steel ဆိုရင် tension ကိုပဲခံနိုင်တယ်ဆိုပြီး လက်ခံနေသေးတယ်ဆိုရင် အခုချိန်မှာ အဲ့ဒီအယူဆကိုပြင်သင့်ပြီ သူတို့နှစ်ခုစလုံးက tension , compression ထမ်းနိုင်တဲ့ ပမာဏ ကိုယ်စီရှိကြပါတယ်

tension ရဲ့ အဓိကအားနည်းချက်က crack ဖြစ်တဲ့အချိန်မှာ void တွေကနေ tension force ကို transmit မလုပ်နိုင်တော့ဘူး ဒါကြောင့်ပြောပါတယ် concrete ဟာ ကွဲပြီဆိုတာနဲ့ သူ့ရဲ့ tension ထမ်းနိုင်တဲ့နုနုးက Zero ပါ

compression ရဲ့ အဓိကအားနည်းချက်က Area ပဲ column တိုင်လို ပစ္စည်းတစ်ခုက ဘယ်လောက်ပဲ ဖိအားကိုခံနိုင်တယ်ပြောပြော သူ့မှာ cross sectional Area များများစားစားမရှိရင် အသုံးမ၀င်ဘူးလို့ပြောနိုင်တယ်

structure မှာ ပိန်သေးအချိုးဆိုတာရှိပါတယ် slenderness ratio ပါ ဒါကိုဘာနဲ့သတ်မှတ်လည်းဆိုရင် L/r ratior OR L/d နဲ့သတ်မှတ်ပါတယ် L က length ပါ d,r က တော့ သူတို့ရဲ့ လုံးပတ်အတိုင်းတာတွေပေါ့

column လိုမျိုးအပေါ်ကနေကျလာတဲ့ ဖိအားတွေကိုခံနိုင်ဖို့ဆိုရင် cross section ကကြီးရမယ် Length က တိုလေလေ structure အရအဆင်ပြေလေလေလို့အကြမ်းဖျင်းပြောနိုင်တယ် slennderness ratio ဆိုတာ နဲလေကောင်းလေပါ

ဒါတွေကို ခင်ဗျားတို့ ဖတ်တဲ့ RC စာအုပ်ထဲမှာတော့ အသေးစိတ်ရေးထားမှာမဟုတ်ဘူး MOM ထဲကနေယူထားတာ RC ကိုင်ရင် MOM လေးသိထားတော့ ရှေ့ရောက်အောင်ပါ

...........................................

Steel Vs Concrete

သံချောင်းနဲ့ ကွန်ကရစ် နှစ်မျိုးကို နှိုင်းယှဉ်ကြည့်ရအောင်ပါ

သံချောင်းကို စက်ရုံကနေထုတ်တာ ဒီတော့ သူ့ရဲ့ quality ကို တိတိကျကျ ခန့်မှန်းနိုင်တယ်လို့ပြောလို့ရတယ် concrete က ကျတော့ material တွေအများကြီးပေါင်းထားတာ curing မလုပ်တာပဲဖြစ်ဖြစ် water cement ratio မညီတာပဲဖြစ်ဖြစ် seggratation ဖြစ်တာပဲဖြစ်ဖြစ် viberator မသုံးတာပဲဖြစ်ဖြစ် သဲထဲမှာ impurities တွေပါသွားတာပဲဖြစ်ဖြစ် မှန်းဆလို့မရနိုင်ဘူး

ဒါကြောင့် ACI က သံချောင်းကို အဓိက အားကိုးတဲ့ flexure member beam တွေမှာ safety factor ယူတာနဲသလို ကွန်ကရစ်ကို အဓိက အားကိုးတဲ့ column တွေမှာကျတော့ safety factor ယူတာများပါတယ်

......................................

Beam Vs Column Failure

နောက်တစ်ချက် beam failure ဆိုတာ local failure ပါ ဆိုလိုတာက Beam တစ်ချောင်းကျိုးရင် ကျိုးတဲ့နေရာမှာတင် ပျက်စီးမယ် column မှာကျတော့ ဒီတိုင်းမဟုတ်ဘူး တိုင်တစ်လုံးကျိုးတာနဲ့ တအိမ်လုံးပြိုကျသွားနိုင်တယ် ဒါကြောင့် column က ပိုအရေးကြီးလို့ column အတွက် S.F ယူတာ များပါတယ်

...............

Strength Reduction Factor

ဒီနေရာမှာ ကျောင်းတုန်းကအတည်းက ကျတော်တို့တွေ့ခဲ့တဲ့ factor တွေဖြစ်တဲ့ 0.9 နဲ့ မြှောက်တာ 0.65 နဲ့ မြှောက်တာတွေကို နဲနဲလောက်ပြောချင်ပါတယ်

0.9 နဲ့ မြှောက်တာဆိုတာ 10 ရာခိုင်နုန်းလျှော့တာကိုပြောချင်တာပါ
0.65 နဲ့ မြှောက်တာကတော့ 35 ရာခိုင်နုန်းလျှော့တာပေါ့

....................................

Strength Reduction Factor စုစည်းမှု

Tie Columns - 0.65
Spiral Columns - 0.75
eccentricitic tie column - 0.65 x 0.8
eccentricitic spirally column - 0.75 x 0.85

eccentricitic ဆိုတာကတော့ Load တည့်တည့်မကျပဲ မတော်တဆ column ဆီကို compression သာ မက moment ၀င်သွားနိုင်တဲ့အခြေနေပါ ဒါကြောင့် နဂိုရှိတာထက်ကို 20 ရာခိုင်နုန်း 15 ရာခိုင်နုန်း ပိုလျှော့လိုက်သေးတယ်

Beam တွေကတော့

Flexure Beam - 0.9
Flexure Shear - 0.75

......................................

နောက်ဆုံးတစ်ချက် အရေးကြီးဆုံးက ACI စာအုပ်ထဲက သေင်္ကေတတွေပါ စာအုပ်တစ်အုပ်လုံးမှာ ကြိုက်တဲ့နေရာလှန်လိုက်ပါ ဒါတွေပါတယ်

Pu ဆိုတာက အပြင်ကလာမဲ့အား
Pn ဆိုတာက design က ခံနိုင်တဲ့အား

Mu ဆိုတာက အပြင်ကလာမဲ့ moment
Mn ဆိုတာက design က ခံနိုင်တဲ့ moment

fs steel ခံရတဲ့ stress
fc concrete ခံရတဲ့ stress

Pn တို့ Mn တို့က ခံနိုင်တာပဲရှိသေးတယ် ခွင့်ပြုတာမဟုတ်သေးဘူး ဒါကြောင့် strength reduction factor တွေနဲ့ လျှော့ပြီးခွင့်ပြုရမယ်
OPn - OMn

" Design ကခွင့်ပြုတဲ့ကောင် OPn - OMn က အပြင်ကလာတဲ့ Pu - Mu ထက် ကြီးရင်ကြီး မကြီးရင်ညီရမယ် "

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ခြေလှမ်းများအပိုင်း(၂၀)
Nonsway Vs Sway Frames


0 comments:

Post a Comment

Disqus Shortname

Comments system