Tuesday, January 24, 2017

Auto Cad - Massprop command

Steel structure အနေနှင့် H beam, I beam တွေကို သုံးပါတယ်။
ဘာလို့  အဲလို H beam, I beam လိုပုံစံနှင့် သံချောင်းတွေကို သုံးရတာလဲ။
အဓိကကတော့ stiffness တောင့်တင်းမှုကြောင့်ပါ။
အဲဒါကို AutoCAD ရဲ့ MASSPROP command နှင့် စဉ်းစားကြည့်ပါမယ်။
MASSPROP command က mass properties command ဖြစ်ပါတယ်။
MASSPROP command ဟာ inquiry command ဖြစ်ပါတယ်။
Area တစ်ခု solid တစ်ခုရဲ့ properties တွေ အားလုံးကို သိချင်တဲ့ အချိန်မှာ သုံးရပါတယ်။
Structure member တစ်ခုအပေါ်ကို uniform load "w" သက်ရောက်ကြည့်ပါမယ်။
Simply supported လို့ ပဲ ယူဆပါမယ်။
သူ့ ရဲ့ deflection ကွေးညွတ်မှုက d = (5wL^4)/(384EI) ဖြစ်ပါတယ်။
အဲဒီ equation အရ load w, length L, young modulus E တို့ ဟာ constant တွေဖြစ်ပါမယ်။
I က second moment of area သို့ မဟုတ် moment of inertia ဖြစ်ပါတယ်။
အဲဒီ I က cross section area မတူကွဲပြားသလို I တန်ဖိုးတွေကလဲ မတူနိုင်ပါ။
Solid , area တစ်ခုမှာ centroid ရှိပါတယ်။
သက်ဆိုင်ရာ ၀င်ရိုးအလိုက် centroid ကို ဖြတ်တဲ့ မျဉ်းကို neutral axis N.A. လို့ ခေါ်ပါတယ်။
အဲဒီ centroid ကို ဗဟိုပြုပြီး လည်တဲ့ moment တန်ဖိုးကို second moment of area လို့ ခေါ်ပါတယ်။
လည်တဲ့ area က များလေ၊ centroid နှင့် ဝေးလေ I တန်ဖိုးက များလေ ဖြစ်ပါတယ်။
အဲဒါကို AutoCAD မှာ စမ်းသပ်ကြည့်ပါမယ်။
AutoCAD မှာ area အားဖြင့် 16 ရှိတဲ့ cross section တွေ ဆွဲကြည့်ပါမယ်။
ပထမဦးဆုံး အပြားလိုက်၊ ဒုတိယ စတုရန်း၊ တတိယ အနေနှင့် ဒေါင်လိုက်၊ နောက်ဆုံးမှ I beam ပုံစံ ဖြစ်ပါမယ်။
သူတို့  အားလုံးဟာ cross section area တူပါမယ်။
Tool Menu > Inquiry > Mass Properties သို့ မဟုတ် command line မှာ MASSPROP ရိုက်ထည့်ပြီး mass properties command နှင့် အဲဒီ areas တွေကို ကြည့်တဲ့အခါ moment of inertia တွေကို အောက်ပါအတိုင်းရပါတယ်။
အပြားလိုက် 2335.9282
စတုရန်း 8615.4099
ဒေါင်လိုက် 16304.7464
I section 27607.9375 ဖြစ်ပါတယ်။
ပုံစံလေးပြောင်းသွားတာမှာ moment of inertia အဆပေါင်းများစွာ ပြောင်းသွားတာကို တွေ့ ရပါတယ်။
Deflection equation အရ I များလေ deflection နည်းလေ stiffness များလေ ဖြစ်ပါမယ်။
I နှင့် stiffness က တိုက်ရိုက်အချိုးကျတယ် ပြောရပါမယ်။
အဲဒါကြောင့် area ချင်းတူတူမှာ I second moment of area အများဆုံး deflection အနည်းဆုံး stiffness အများဆုံး အတောင့်တင်းဆုံး section တစ်ခုအနေနှင့် H beam , I beam တွေကို သုံးကြတာ ဖြစ်ပါတယ်။
Area တစ်ခုရဲ့ moment of inertia ကိုရှာတဲ့အခါ သက်ဆိုင်ရာ area ပုံစံအရ formula အမျိုးမျိုးရှိပါတယ်။
Irregular ပုံမှန်မဟုတ်တဲ့ area တွေဆို တော်တော် ခက်ခက်ခဲခဲ တွက်ချက် ရှာဖွေရပါတယ်။
အဲလို ခက်ခဲတဲ့ တွက်ချက်မှုတွေကို AutoCAD ရဲ့ MASSPROP command နှင့် လွယ်ကူစွာ တွက်ချက်နိုင်တယ် ဆိုတာရယ်၊ AutoCAD မှာပါတဲ့ command တွေဟာ တစ်နေရာ မဟုတ် တစ်နေရာမှာ အသုံးချနိုင်တဲ့ ဟာတွေချည်းပဲ ဆိုတာရယ်၊ steel structure တွေမှာ ဘာကြောင့် H beam, I beam လိုပုံစံတွေ သုံးရတာလဲ ဆိုတာရယ်တွေကို ဆက်စပ်စဉ်းစားမိတာ ဖြစ်ပါတယ်။



0 comments:

Post a Comment

Disqus Shortname

Comments system