CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Thursday, June 29, 2017
site engineer လက်စွဲ အပိုင်း(၁)
site engineer လက်စွဲ အပိုင်း(၁)
Material strengths အကြောင်းတွေကိုပြောမယ်ဆိုရင် ၂ ခုရှိပါတယ်။ ကွန်ကရစ်နဲ့သံချောင်းပါ ။
ကွန်ကရစ်က compression memeber ဖြစ်လို့ compressive strength ကိုသုံးပါတယ်။ အတိကျပြောရင် f'c ပါ။ fc ဆိုတာ ကွန်ကရစ်ခံစားနေရတဲ့ compressive strength ကိုပြောတာဖြစ်ပြီး f'c ကတော့ ကွန်ကရစ်အမြင့်ဆုံးခံနိုင်တဲ့ ultimate compressive strength ပါ ။
ဒီထက်ရှင်းအောင်ပြောရင် လူတစ်ယောက် ဆန်သုံးအိတ်ထမ်းနိုင်တာ တစ်အိတ်ပဲထမ်းတယ်ဆိုရင် fc ဖြစ်ပြီး သူထမ်းနိုင်တဲ့ ၃ အိတ်ဆိုတာ သူ့အတွက် f'c ပါ။
ဒါကို test လုပ်ဖို့ဆိုရင် Testing material တွေလိုပါတယ်။ concrete making and curing အတွက်ဆိုရင် ASTM ကသတ်မှတ်ထားတဲ့ ASTM C31 ဖြစ်ပြီး slump ကတော့ ASTM C143 ပါ။ တစ်​မျိုးနဲ့တစ်​မျိုးtest လုပ်တာမတူမှာစိုးလို့ တစ်ခုကို စံအဖြစ် ယူလိုက်တဲ့သဘောပါ။ ကိုယ့်သဘောနဲ့ကိုယ် ဘာမှပြင်လို့မရပါဘူး။
ဒီဇိုင်းမှာသုံးမယ့်​ concete တွေကိုလည်း ခံနိုင်အားရှိမရှိဆိုတဲ့ ပမာဏတွေကို standard တစ်ခုထားပြီး test လုပ်ပြီးရလာတဲ့ result တွေနဲ့အခြေခံပါတယ်။ ဆိုလိုတာက material strength ရဲ့  တန်ဖိုးကို standard test result က ရလာတဲ့ဟာပဲ ဒီဇိုင်းမှာသုံးတယ်။ ကိုယ့်သဘောနဲ့ကိုယ် test တွေလျှောက်လုပ်ပြီး ရလာတာတွေမသုံးဘူး။
Concrete နဲ့ပတ်သတ်ရင် မြန်မာပြည်မှာ တော်တော်များများက ACI ပေါ်မှာအခြေခံတာပါ။ ACI ရဲ့  အရှည်ကောက်က American Concrete Institute လို့ခေါ်ပါတယ်။ ကျောင်းသင်ရိုးညွှန်းတန်း​​တွေကစ အကုန်လုံး ဒီအောက်မှာပဲရှိပါတယ်။ နောက်ထပ်ကုတ်တစ်ခုက Eurocode ပါ။ ဒါကို EC 2 လို့လည်းခေါ်ပါတယ်။ သူ့ရဲ့  အားသာချက်က detailing တွေမှာ ရှင်းတယ်။ detailing ဆိုတာကတော့ ဘာတွေကို ဘယ်လိုလုပ်လို့ ရှင်းပြတာပါပဲ။ မြန်မာပြည်ရဲ့  တချို့  project တွေမှာတော့ EC 2 ကိုလက်မခံပါဘူး။
ACI ရဲ့  design မှာသုံးတဲ့ strength ဟာ cylinder strength ပါ။ ဒါဘာသဘောလည်းဆိုရင် ကွန်ကရစ်ကို cylinder ပုံစံ စမ်းပြီးမှ ထွက်လာတဲ့ result ။ မြန်မာပြည်မှာက concrete ကို cube strength နဲ့ ရောင်းပါတယ်။ ဒါကြောင့် ဒီဇိုင်းမှာသုံးဖို့ဆိုရင် cube strength ကို cylinder strength ပြောင်းရပါမယ်။
ဒါကြောင့်ကျောင်းစာထဲမှာ တွက်နေတဲ့ f'c = 2500 psi စသဖြင့် တန်ဖိုးတွေဟာ အပြင်မှာ cube test result နဲ့ ရောင်းပြီးရလာတာကိုမှ cylinder strength ပြန်ပြောင်းရမှာပါ။
CQHP guidelines အရဆိုရင် cube နဲ့ cylinder ရဲ့  ခြားနားချက်တွေဟာ concrete grade အပေါ်မှာမူတည်ပြီး အပြောင်းအလဲရှိပါတယ်။ 3500 psi ထက်ငယ်ရင်တမျိုး၊ 3500 နဲ့ 5000 psi ကြားဆိုရင်တမျိုး၊ 5000 နဲ့ 6000 psi ကြားဆိုရင်တမျိုး၊ 6000 psi ထက်ကြီးရင်တမျိုး စသဖြင့် ခြားနားခြင်းတွေကလည် ကွာပါတယ်။
အပြင်မှာ ကွန်ကရစ်မှာရင် G25 G30 G35 စသဖြင့်အမျိုးအမျိုးရှိပါတယ်။ တချို့  တွေကလည်း M နဲ့ရေးကြတယ် ။ G25 ဆိုရင် Grade 25, ကွန်ကရစ်ခံနိုင်အားက 25 MPa ရှိပါတယ်။
ဒါကို MPa ကနေ psi ကိုပြောင်းချင်ရင် 145 နဲ့ မြှောက်ရပါမယ်။ ဒါက စက်ရုံကိုမှာတဲ့ ကွန်ကရစ် grade ဖြစ်ပြီး ဒီဇိုင်းမှာသုံးရမယ့်​ဟာမဟုတ်ဘူး။
ကယ်ကောင်းပါပြီ G25 က f'c (cube) ဖြစ်နေတော့ f'c(cylinder) တော့ပြောင်းလိုက်ပါပြီ ၊ ဒီတော့ ဒါကို ဒီဇိုင်းမှာ တခါထည်း ထည့်တွက်လို့ရပြီလား ဆိုတော့လည်း မရသေးဘူးလို့ပြောရမယ်။
ဟုတ်ပါတယ် ။ ကိုယ်က G25 လို့မှာလိုက်ပေမယ့်​ G25ြွှ့ပည့်မီကြောင်း ဘယ်သူက အာမခံမှာလည်း ။ sample တွေအမျိုးအမျိုးယူ ခန့်မှန်းခြေ အခု ၂၀ ၃၀ လောက်ကိုယူပြီး test လုပ်၊ ၇ ရက်မှာ တခါခွဲ ၊ ၂၈ ရက်မှာတခါခွဲ၊ အားလုံးပြီးရင် standard deviation တွေရှာပါတယ်။ ပြီးမှ ကိုယ်တကယ် actual ရ နိုင်တဲ့ compressive strength ရဲ့  တန်ဖိုးကိုပြန်ယူပြီး designer က နောက်တခါ ပြန် check ရတယ်။ reverse calucation ပါ။
ဒါကြောင့် ဒီအဆင့်တွေမှာ မအောင်ခဲ့ရင် အကုန်ပြသနာတွေ တက်ကုန်မှာစိုးလို့ slump test ဆိုတာဖြစ်လာတာပါ။ slump က မလောင်းခင် စမ်းရတာဆိုတော့ ချက်ချင်းသိတယ်။ slump မအောင်ရင် compessive လည်း အောင်ဖို့ အခွင့်အလမ်းနဲသွားတယ်လို့ ပြောရမယ်ထင်တယ်။ တချို့  တိုက်တွေမှာဆိုရင် အခြေနေသိပ်မကောင်းတော့လို့ ၁၀ ထပ်ကနေ ၇ ထပ်တို့ ၈ ထပ်တို့ ပြောင်းလိုက်ရတာတွေရှိတယ်။
သက်ဆိုင်ရာ CQHP ရဲ့  cube , cylinder ဆက်သွယ်ချက်ကို ပုံတင်ပေးထားပါတယ်။ အပြည့်စုံရေးရမယ်ဆိုရင်တော့ Concrete Quality Control ပါ ပါရတော့မယ်။ ကျတော်နောက်ပိုင်းရေးမှာဖြစ်လို့ ကွန်ကရစ်ကိုတော့ ချန်ခဲ့ပါမယ်။
သံချောင်းကတော့ရှင်းပါတယ်။ စက်ရုံကနေ တခါထဲ လုပ်ခဲ့တာဖြစ်လို့ test ကို ကွန်ကရစ်လို ပြန်စစ်စရာမလိုတော့ဘူး။ ဈေးကွက်ထဲမှာ ညံ့လို့ ပြန်စစ်တာတွေတော့ ရှိတာပေါ့လေ။
သံချောင်းမှာ fy ကိုသုံးပါတယ်။ fy ဆိုတာ yield strength ပါ။ design မှာသုံးပါတယ်။ တခြားအရေးကြီးတာတွေက f ult (tensile stength) ပါ။ သူက steel elongation တွေတိုင်းတဲ့နေရာတွေမှာ အသုံးများတယ်။ seismic လို လုံးဝ အပြုတ်ချမဲ့ design calucation တွေပေါ့။
ဟိုးအရင်တုန်းကတော့ ကျတော်တို့က plain bar ကိုသုံးကြတာပါပဲ။ သူ့ရဲ့  အားနည်းချက်က အရစ်မပါတော့ ကွန်ကရစ်နဲ့ bond မရှိဘူး။ အစွန်းတွေမှာ anchorage ထားပေးရတယ်။ သိပ်မသုံးတော့ပါဘူး။ အခုသုံးနေကြတာကတော့ deformed bar ပါ။ သူက အရစ်ပါတယ်။ လုံးဝကို အလျှားတိုမှသာ hook ကိုသုံးတာပါ။ ပုံမှန်ဆိုရင်တော့ မလိုဘူး။ ဒါလည်း လိုမလိုဆိုတာကို development length နဲ့ တွက်လို့ရတယ်။ ကိစ္စမရှိဘူး။
ပြသနာက ကျောင်းတွေမှာတုန်းက သင်ခဲ့တာက bar No.8 တို့ No.11 တို့စသဖြင့်ပါ။ အပြင်မှာသုံးတာကျတော့ အကုန် mm တွေဖြစ်ကုန်တော့ မျက်စိတွေလည်ကုန်ပါတယ်။ bar No.8 ရဲ့  diameter ကို လက်မ လိုချင်ရင်တော့ ၈ ကို ၈ နဲ့ စားလိုက်ရုံပဲ။ ဒါကြောင့် bar no.8 ဆိုတာ တစ်ကျပ်လုံးပါ။ တစ်လက်မ dia ပေါ့။
No.4 bar ဆိုရင် ၈ နဲ့စားလိုက်တော့ 0.5 ပါ။ ဒါကြောင့် လက်မ၀က် ငါးမူးလုံး လို့ခေါ်တယ်။ ကျောင်းမှာတုန်းက ကိုယ်က လုပ်ငန်းအတွေ့ ကြုံမရှိတော့ No.8 bar ဆိုတာ ဘယ်လောက်ကြီးမှန်းမသိဘူး။ ဟုတ်ပါတယ်။ ကျောင်းက ပုဒ်စာတွေက တကယ့်ကို super heavy load တွေနဲ့ တွက်ရတဲ့ ပုဒ်စာတွေပါ။ ဆယ်ထပ်တိုက်ရဲ့  အောက်ဆုံးအထပ် column တိုင်တို့ စသဖြင့် တကယ့်ကို heavy load တွေနဲ့ တွက်ခဲ့ရတာပါ။
ကျတော်တို့ရဲ့  Local မှာအများစု ရနိုင်တာက ASTM A615 , Grade 40 ဆိုရင်တော့ fy= 40 ksi fu=60 ksi ရှိပါတယ်။
Aung Hla Min Naing
Lashio Technological University
Tuesday, June 13, 2017
CE User Guide 1 - CE Pro မှာ မှတ်စုများ မျှဝေနည်း
CE Pro Version 1.5 မှာပါလာတဲ့ function တစ်ခုပါ
မိမိမှတ်ထားတဲ့ စာတွေကို User အချင်းချင်းမျှဝေနိုင်ပါပြီ
Register လုပ်ထားသူများသာ မျှဝေနိုင် ဖတ်ရှူ့နိုင်မှာဖြစ်ပါတယ်။
အသုံးပြုနည်း
ပုံ ၁
မှတ်စုတွေမျှဝေမယ် ကိုနှိပ်ပါ
ပုံ ၂ Register လုပ်ပြီးသားသူတွေက အရင် မှတ်ပုံတင်ထားတဲ့ အကောင့်နဲ့ စကားဝှက် 
ရိုက်ပြီး ၀င်နိုင်ပါတယ် ။ မှတ်ပုံမတင်ထားရသေးရင် မှတ်ပုံတင်လိုတဲ့ မိမိ gmail account နဲ့
password ( gmail password မသုံးပဲ password အသစ်နဲ့ မှတ်ပုံတင်နိုင်ပါတယ်) ရိုက်ထည့်ပြီး
Sign Up လုပ်ပါ ( အင်တာနက်ဖွင့်ထားရန်လိုသည်)
.
ပုံ ၃ 
ဝင်ပြီးရင်တော့ ခုလိုမြင်ရပါလေ့မယ် ။ တင်ထားတဲ့စာတွေလည်းဖတ်နိုင်သလို
မိမိက မျှဝေချင်ရင်လည်း အောက်ဆုံးက ပုံမှာပြထားတဲ့ ခဲတံပုံလေးနဲက အ၀ါရောင်
လေးကိုနှိပ်ပါ
ပုံ၎
ခေါင်းစဉ် နဲ့ အကြောင်းအရာကို ရေးရန်
အောက်မှာပြထားတဲ့အတိုင်ပေါ်လာပါလေ့မည်။
ပြီးရင် အောက်ဆုံးက အမှန်ခြစ်လေး ကိုနှိပ်ပြီး တင်နိုင်ပါတယ်။
ကျွန်တော်က application ရေးပြီး အသုံးပြုနည်း မရေးပေးသေးတော့
တချို့က သုံးဖို့အခတ်အခဲဖြစ်နိုင်ပါတယ်။
တစ်ခုချင်းရေးပေးသွားပါ့မယ် ။
CE pro မှာ function တွေအများကြီးပါလာမှာပါ 
Version မြင့်လေ ပိုစုံလာလေဖြစ်မှာပါ။ သုံးလက်စလူတွေက သိပြီးသားဆို အဆင်ပြေပေမယ့်
User အသစ်တွေက မျက်စိလည်နိုင်ပါတယ်။ ဒါကြောင့်ရေးပေးလိုက်တာပါ။
Download မဆွဲရသေးသူများက ဒီမှာဆွဲနိုင်ပါတယ်
အားလုံးအဆင်ပြေပါစေ 
ထွန်းအောင်ဖြိုး
Monday, June 12, 2017
Pile Static Load Test တွေ အကြောင်းပါ..
ပုံ ၂ ကို ကြည့်ပါ။
အောက် Landing နဲ့ Flight ဆုံတဲ့နေရာမှာတော့ Closing Joint ဖြစ်တဲ့အတွက် Bottom bar တွေဟာ တစ်ဆက်ထဲ တောက်လျှောက် ရှိနေဖို့ လိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်
Aung Hsu Myat
22 Dec 2016
Unicode
လှေခါးတွေမှာ သံဘယ်လိုဆင်မလဲ?
ကျွန်တော်တို့ လှေခါးတွေမှာ ပုံ ၁ ထဲကလို သံချောင်းဆင်တာ တွေ့ဖူးကြမှာပါ..
ဒီလိုဆင်တာ မှန်ပါလား? ဒါမျိုး ဘာလို့ ဆင်ပါလဲ?
လှေခါးတွေအကြောင်းမပြောခင် Wall Joints တွေအကြောင်း အရင် စပြောရပါမယ်..
Wall Joint တွေမှာ Opening Joint နဲ့ Closing Joint ဆိုပြီး ရှိပါတယ်..
Opening Joint ဆိုတာ Load တွေ သက်ရောက်မှုကြောင့် wall ရဲ့ Joint ဟာ မူလ ထောင့်ထက် ပိုကျယ်သွားတဲ့ Joint မျိုး ဖြစ်ပါတယ်..
Closing Joint ဆိုတာက Load တွေကျတဲ့အခါ ဖြစ်လာတဲ့ထောင့်ဟာ မူလ ရှိတဲ့ထောင့်ထက် ပိုကျဉ်းသွားတဲ့ joint ကို closing joint လို့ ခေါ်ပါတယ်
ပုံ ၂ ကို ကြည့်ပါ။
Closing Joint တွေမှာ Tension က အပြင်ဘက်မျက်နှာပြင်မှာ ဖြစ်ပေါ်မှာ ဖြစ်ပြီး Opening Joints တွေမှာတော့ Tension က အတွင်းဘက် မျက်နှာပြင်မှာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
Opening Joint အတွက် Rebar detail ကို ပိုမို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
ပုံ ၃ က Opening Joint တစ်ခုမှာ ဖြစ်ပေါ်တဲ့ Crack ပုံတွေပါ။ ဒီတော့ Opening Joint မှာ Tension bar ဟာ crack line ရဲ့ တစ်ဘက်တစ်ချက်စီမှာ လုံလောက်တဲ့ Anchorage ရှိနေဖို့ လိုအပ်ပါတယ်။ ပုံမှာ အပြာရောင်က Tension bar ဖြစ်ပြီး အနီရောင်နဲ့ ပြထားတာက anchorage ဖြစ်ပါတယ်။ (Anchorage သာ မလုံလောက်ပါက Crack ကို ထိန်းနိုင်မှာ မဟုတ်ပါ။
တကယ်လို့သာ Opening Joint မှာ သံချောင်းတွေကို တစ်ခုနှင့်တစ်ခု မဖြတ်ဘဲ ပုံ ၄ အတိုင်း ဆင်ပါက လုံးဝမှားယွင်းတဲ့ သံဆင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီပုံမှာ အတွင်းသံချောင်းတွေမှာ လုံလောက်တဲ့ anchorage မရှိတဲ့အတွက် ထောင့်မှာ ဖြစ်ပေါ်လာမယ့် crack ကို ထိန်းနိုင်မှာ မဟုတ်ပါ။
ပုံ ၅ ကတော့ opening Joint နဲ့ Closing Joint ဘယ်အချိန်မှာ ဖြစ်ပေါ်တယ်ဆိုတာ ပြတဲ့ပုံပါ။ ပုံမှာ အတွင်းဘက်မှ ဖြစ်တဲ့ အားတွေကြောင့် opening Joint ဖြစ်ပေါ်မှာ ဖြစ်ပြီး အပြင်ဘက်က အားတွေကြောင့် Closing Joint ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
ဒီတော့ လှေကားကို ပြန်ကြည့်ရအောင်…
ပုံ ၆ ကို ကြည့်ပါ။ ဒီပုံမှာ အပေါ် Landing နဲ့ Flight ဆုံတဲ့ Joint ဟာ opening joint ဖြစ်တဲ့အတွက် Joint ထဲ ၀င်လာတဲ့ သံချောင်း (bottom bar) တွေကို Anchorage ရအောင် ပြုလုပ်ပေးရပါတယ်။
အောက် Landing နဲ့ Flight ဆုံတဲ့နေရာမှာတော့ Closing Joint ဖြစ်တဲ့အတွက် Bottom bar တွေဟာ တစ်ဆက်ထဲ တောက်လျှောက် ရှှိနေဖို့ လိုအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်
Aung Hsu Myat
22 Dec 2016
CE User များသို့2
စာဖတ်မရသူတွေအတွက် နောက်ပိုင်းတင်တဲ့စာတွေ 
Zawgyi , Unicode နှစ်ခုလုံးထည့်ပေးထားပါတယ်။
အပေါ်မှာဖတ်မရရင် အောက်နားထိဆွဲကြည့်ပါ ။
အရင် ပို့စ်အဟောင်းတွေကိုုလည်း ဖတ်လို့ရအောင်ပြင်သွားပေးပါမယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
အဆင်ပြေပါစေ
ထွန်းအောင်ဖြိုး 
အရင် ပို့စ်အဟောင်းတွေကိုလည်း ဖတ်လို့ရအောင်ပြင်သွားပေးပါမယ်
အဆင်ပြေပါစေ
ထွန်းအောင်ဖြိုး
//////Zawgyi ///////
By Nanda N Moe Pwint
////////Unicode//////////
ကောင်းမွန်တဲ့ နံရံတစ်ခု ပြုလုပ်ခြင်း..
စင်ကာပူ HDB Projects တွေမှာ အသုံးပြုနေတဲ့ နံရံပြုလုပ် အချောကိုင်ခြင်း Sequence လေးဖြစ်ပါတယ်။
ပုံတွေမှာ အဆင့်လိုက် ရေးသားဖေါ်ပြသွားပါမယ်။
(Additional Info from Comments:
By Nanda N Moe Pwint
experience sharing ပါခင်ဗျ
1. RC wall မှာ redoxide တွေ formwork removal ဆီ cleaning
2. Lanko 162 1: water: 3 cement : 6-8 ရောဖျော်ပြီး spatta dash coat အကြမ်းလုပ်ပြီး ၁ရက်စောင့်ပါ
3. Lanko 162 1: water 2 ရောဖျော်ပြီး plaster တင်မည့်နေရာတွင် brush နှင့်သုတ်လိမ်းပါ
4. စစသုတ်ခြင်း bonding agent မှာအဖြူရောင်ဖြစ်နေပြီးခရမ်းရောင်သမ်းလာသောအချိန်တွင် plaster စပေါက်ပါ။ မြန်မာမှ ပန်းရံဆရာများမှာ လက်ပွတ်ဖြင့် plaster တင်တတ်သူမရှိသလောက်ရှားပါသည်။ plaster အထူသည် 40-100mm ခန့်ထူချင်လျင်ထူပါသည်ခင်ဗျ။ bonding agent လုံးဝချောက်သွားလျင်လည်း မဆွဲတော့ပါ။)
Credit
https://web.facebook.com/aunghsu.myat
Aung Hsu Myat
Sunday, June 4, 2017
CE pro Version 1.5
ဘာတွေထူးခြားလာလဲ
ထွန်းအောင်ဖြိုး
btech civil
Unicode
CE Pro version 1.5 တင်ပေးလိုက်ပါတယ်
ဘာတွေထူးခြားလာလဲ
1.Ebooks တွေထက်ဖြည့်ပေးထားပါတယ်
2.အပေါ်ဆုံးမှာ ခဲတံလေးပါပါတယ် အဲဒါလေးနှိပ်ပြီး ပုံဆွဲနိုင်ပါတယ်
   စာအုပ်ဘောပင် မပါတဲ့အခါ အလွယ်တကူသုံးနိုင်တာပေါ့ ။
3.Facebook မှာ status တွေတင်သလို Register လုပ်ထားတဲ့ CE User တွေကိုယ်တိုင် CE         
    application ထဲမှာ ဗဟုသုတတွေမျှဝေနိုင်ပါတယ် ။
ဖြေးဖြေးချင်း ပိုပိုပြီး ပြည့်စုံလာပါလေ့မယ်
CE application ထဲမှာ Storage လုပ်တာ
လောလောဆယ် ကျွန်တော် Free ရတဲ့ plan တွေနဲ့ချိတ်ထားပါတယ်
ဒေတာများလို့ မနိုင်တဲ့အခါ Premium Account ၀ယ်ဖို့လိုပါမယ်
အဲအတွက် အလှူခံတဲ့အစီအစဉ်ကို နောက် Version မှာ ထည့်သွားပါ့မယ်
User တွေအနေနဲ့ ပါ၀င်ကူညီဖို့မျှော်လင့်ပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
ထွန်းအောင်ဖြိုး
btech civil
2.1 Driven piles -
Unicode
Pile foundation အကြောင်း၊ သိကောင်းစရာ။
(1) အလုပ်လုပ်ပုံပေါ်မူတည်ပြီး၊ ခွဲခြားထားသော၊ Pile (၅)မျိုးရှိပါသည်။ ၄င်းတိုမှာ_
1.1 end bearing pile - အောက်ထောက်ပိုင်
1.2 friction pile - ဘေးပွတ်ပိုင်
1.3 compaction pile - မြေသိပ်ပိုင်
1.4 tension pile - ဆွဲပိုင်
1.5 anchor pile - ဘေးတွန်းဘေးထောက်ပိုင်တို့၊ ဖြစ်ကြပါသည်။
1.1 end bearing pile - ထောက်ပိုင်
ဝန်ထမ်းအားကောင်းသောမြေ၊ သို့မဟုတ်၊ ကျောက်လွှာကိုထောက်၍၊ column တချောင်းကဲ့သို့၊ အပေါ်မှ၊ အဆောက် အအုံ၏၊ အလေးဝန်ချိန်ကို၊ ထမ်းသော pile ကို၊ "end bearing pile - ထောက်ပိုင်" ဟု၊ ခေါ်ပါ သည်။
In end bearing piles, the bottom end of the pile rests on a layer of especially strong soil or rock. The load of the building is transferred through the pile onto the strong layer. In a sense, this pile acts like a column.
1.2 friction pile - ပွတ်ပိုင်
Pile ၏၊ မျက်နှာပြင်နှင့်၊ ၄င်းနှင့်ထိတွေ့သော၊ မြေသားတို့၏၊ ပွတ်အားက၊ အလေးဝန်ချိန်ကို၊ ထမ်းဆောင်လျ င်၊ "friction pile - ပွတ်ပိုင်"ဟု၊ ခေါ်ပါသည်။
A load-bearing pile that receives its principal vertical support from skin friction between the surface of the buried pile and the surrounding soil.
1.3 compaction pile - မြေသိပ်ပိုင်
မြေကြီးကိုသိပ်သည်းစေပြီး၊ ထိုမြေ၏၊ bearing capacity ကို၊ တိုးပွားစေအောင်၊ ရိုက်သွင်းသော pile ကို "compaction pile - မြေသိပ်ပိုင်"ဟု၊ ခေါ်ပါသည်။
A pile driven into the ground to compact soil and increase its bearing capacity is compaction pile.
1.4 tension pile - ဆွဲပိုင်
မြေငလျှင်လှုပ်သည့်အခါ၊ footing foundations များကို၊ uplift ခေါ်၊ အပေါ်သို့ကြွတက်မလာအောင်နှင့်၊ overturning ခေါ်၊ တိမ်းစောင်းမသွားစေရန်အတွက်၊ ကာကွယ်ထားသော pile ကို၊ "tension pile - ဆွဲပိုင်" ဟု၊ ခေါ်ပါသည်။
Tension Piles are used, in general, to address uplift concerns in seismic zones and for seismic retrofitting of existing footing foundations where uplift and overturning must be prevented.
1.5 anchor pile - တွန်းထောက်ပိုင်
lateral load -ဘေးတိုက်တွန်းအားကို၊ ခုခံကာကွယ်ရန်၊ တည်ဆောက်ထားသော၊ pile ကို၊ "anchor pile - တွန်းထောက်ပိုင်"ဟု၊ ခေါ်ပါသည်။
Anchor Piles are required to resist lateral loads with or without being braced depending on circumstances and an ordinary or standard house pile is required to carry a vertical load.
(2) တည်ဆောက်ပုံပေါ်မူတည်ပြီး၊ ခွဲခြားထားသော၊ Pile (၃)မျိုးရှိပါသည်။ ၄င်းတိုမှာ_
2.1 Driven piles -
2.2 Cast-in-situ piles, and
2.3 Driven and cast-in-situ piles
2.1 Driven pile ဆိုသည်မှာ_
အသင့်သွန်းလောင်းထားသော၊ ကွန်ကရစ်တိုင်များ၊ ပုံသဏ္ဍာန်အမျိုးမျိုးရှိသော၊ steel များ၊ သစ်လုံးတိုင်များ ကို၊ မြေကြီးထဲသို့၊ တူဖြင့်ရိုက်သွင်းခြင်း၊ ဝန်ဖြင့်ဖိသွင်းခြင်းဖြင့်၊ တည်ဆောက်အပ်သော၊ pile များကို၊ "Driven pile" ဟု၊ ခေါ်ပါသည်။
2.2 Cast-in-situ piles ဆိုသည်မှာ_
မြေကြီးကို၊ အပေါက်ဖောက်ပြီး၊ သံဆင်ကာ၊ ကွန်ကရစ်သွန်းလောင်းသောpile ကို၊ "Cast-in-situ pile"ဟု၊ ခေါ်ပါသည်။ (bore pile)
2.3 Driven and cast-in-situ pile ဆိုသည်မှာ_
မြေကြီးထဲသို့၊ steel pipe လုံးကြီးများရိုက်သွင်းပြီး၊ ပိုက်လုံးကြီးများအတွင်းမှ၊ မြေနှင့်ရေများဖယ်ရှားကာ၊ သံဆင်ပြီး၊ကွန်ကရစ်သွန်းလောင်းသော၊ pile အမျိုးအစားဖြစ်ပါသည်။ ပင်လယ်ကမ်းစပ်၊ ရေနှင့်ရွှံ့နွံရှိသော နေရာများတွင်၊ ဤနည်းကို၊ အသုံးပြုကြသည်။
(2) There are three types of pile foundations according to their construction methods:
2.1 Driven piles,
2.2 Cast-in-situ piles, and
2.3 Driven and cast-in-situ piles.
2.1 Driven Pile Foundations:
Driven pile foundations can be made from concrete, steel or timber. These piles are prefabricated before placing at the construction site. When driven piles are made of concrete, they are precast. These piles are driven using a pile hammer.
When these piles are driven into the granular soils, they displace the equal volume of soil. This helps in compaction of soil around the sides of piles and results in the densification of soil. The piles which compact the soil adjacent to it is also called as compaction pile. This compaction of soil increases its bearing capacity.
Saturated silty soils and cohesive soils have poor drainage capability. Thus these soils are not compacted when driven piles are drilled through it. The water have to be drained for the soil to be compacted. Thus stresses are developed adjacent to the piles have to be borne by pore water only. This results in increase in pore water pressure and decrease in bearing capacity of the soil.
2.2 Cast-in-situ Pile Foundations:
Cast-in-situ piles are concrete pile. These piles are constructed by drilling holes in the ground to the required depth and then filling the hole with concrete. Reinforcements are also used in the concrete as per the requirements. These piles are of small diameter compared to drilled piers.
Cast-in-situ piles are straight bored piles or with one or more bulbs at intervals are casted. The piles with one or more bulbs are called as under-reamed piles.
2.3 Driven and Cast-in-situ Piles
Driven and cast-in-situ piles have the advantages of both driven and cast-in-situ piles. The procedure of installing a driven and cast-in-situ pile is as follows:
A steel shell of diameter of pile is driven into the ground with the aid of a mandrel inserted into the shell. After driving the shell, the mandrel is removed and concrete is poured in the shell.
The shell is made of corrugated and reinforced thin sheet steel (mono-tube piles) or pipes (Armco welded pipes or common seamless pipes). The piles of this type are called a shell type piles.
The shell-less type is formed by withdrawing the shell while the concrete is being placed. In both the types of piles the bottom of the shell is closed with a conical tip which can be separated from the shell. By driving the concrete out of the shell an enlarged bulb may be formed in both the types of piles. Franki piles are of this type. In some cases the shell will be left in place and the tube is concreted. This type of pile is very much used in piling over water.
credit Sirkyawlwintun<<<
Disqus Shortname
Comments system