CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Yu Maung. Show all posts
Showing posts with label Yu Maung. Show all posts

Friday, September 8, 2017

earthquake load

ကိုအေးလွင်မေးထားတဲ့ earthquake load
ယူတာကိုknowledge အဖြစ် ဖေါ်ပြလိုက်ပါတယ်။



လွန်ခဲ့တဲ့ ၁၅နှစ်ခန့်ကစပြီး Yangon seismic
hazard microzonation လုပ်ဖို့ MES ရဲ့
မြန်မာ မြေငလျင်ကော်မတီမှာ
seminar ဖတ်ခဲ့တဲ့တစ်ချို့နဲ့ရှင်းပြလိုက်ပါတယ်။
Ordinary structure တွေရဲ့ design time
ကိုပုံမှန်အားဖြင့် 50 years ယူပါတယ်။
အဲဒီတော့~~~
2% probability of exceedance in design time
50 years ကို Poisson's model အရ return period
2475 years ဖြစ်ပါတယ် (တွက်နည်းပါတယ်)
10% probability of exceedance in design time
50 years ကို Poisson's model အရ return period
475 years ဖြစ်ပါတယ်။
2% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ဟာတော်တော်များပါတယ်၊
နျူးကလီယား စက်ရုံ စတဲ့ အင်မတန်
အရေးကြီးတဲ့ အဆောက်အဦးတွေအတွက်ပါ။

10% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ကတော့ သာမန် အဆောက်
အဦးတွေအတွက်ပါ။

ဒါကြောင့်လက်ရှိအသုံးပြုရမဲ့ earthquake (seismic)
map ဟာ 10% probability of exceedance in design time 50 years အရတွက်ချက်ထားတဲ့ရလာဒ်ဖြစ်ရပါမယ်။

ဥပမာ- 0.2g ဆိုပါစို့
Design time 50 years မှာ return period
475 years မှာဖြစ်လာမဲ့ design မှာ စဉ်စားတဲ့
seismic load 0.2g ထက်ကျော်နိုင်ခြေ
(probability of exceedance) ဟာ 10%
ရှိတယ်လိုဆိုလိုပါတယ်။
ကိုယ့်ဘက် 90% အာမခံတယ်ဆိုတဲ့သဘောဘဲ။
အဲဒီလိုအာမခံနိုင်တာလဲ 84.1 percentile confidence
level ရှိပါတယ်။ United State Geological
Survey (USGS) အရပါ။
MCE (Maximum Considered Earthquake)
ကတော့ Probabilistic Seismic Hazard Analysis (PSHA) အရ 10% probability of exceedance in
design time 50 years ကတွက်လို့ရတာနဲ့
Deterministic Seismic Hazard Analysis
(DSHA) ကတွက်လို့ရတဲ့ results နှစ်မျိုးကရတဲ့
Maximum Peak Ground Accleleration (PGA)
ကိုစဉ်းစားထားတာပါ။

MCE ကို critical infrastructures (တံတား၊ ဆေးရုံ၊
ဘုရား ကျောင်းကန်၊ dam စတဲ့အရေးကြီးတာ
တွေအတွက် အသုံးပြုကြတယ်။
မြန်မာနိုင်ငံ အနေနဲ့တော့ ကိုယ်ပိုင် response
spectrum မရှိသေးတဲ့အတွက်
strength based design, ground motion
amplification နဲ့ near source effect ပါဝင်
စဉ်းစားထားတဲ့ UBC 97 အခြေခံပါတယ်။
တိတိကျကျ လိုချင်ရင်တော့ Site specific response
spectrum ကိုရအောင် PSHA analysis လုပ်နိုင်ပါတယ်။
ဥပမာ-
အရေးကြီးတဲ့ အဆောက်အဦး၊ တံတား (သို့) Dam site location အရ အဲဒီနေရာမှာရှိတဲ့ 10% probability of
exceedance in required design time အတွက်
PGA ကိုတွက်ရပါမယ်။

လွန်ခဲ့တဲ့ နှစ်များစွာက ကျနော်တို့ကိုယ်ပိုင်
(ရန်ကုန်အတွက်) response spectrum ရအောင်
ကြိုးစားခဲ့ပေမဲ့ ရန်ကုန်မြို့ soil ရဲ့ shear wave
velocity တိုင်းတာဖို့ ငွေအခက်အခဲ
အခြေအနေမပေးတာနဲ့ မပြီးစီးနိုင်ခဲ့ပါ။
ကိုယ်တိုင်တော့မလုပ်နိုင်တော့ပါ၊ အခွင့်အရေးသာခဲ့ရင်
နောင်လာနောက်သားတွေဆက်လုပ်ကြပါစေပေါ့။
ကိုယ်ပိုင် (မြန်မာနိုင်ငံနဲ့အကိုက်ညီဆုံး)
response spectrum ရရင်တော့ Dynamic
analysis လုပ်တဲ့အခါ
ပို၍တိကျသောအဖြေကိုရနိုင်မှာပါ။

ပညာရပ်ဆိုင်ရာဆက်လက်တိုးတက်နိုင်ပါစေ။

9:40 pm
10 August 2017
Credit Dr Yu Maung













/

Pile design consideration for deep foundation

"Pile design consideration for deep foundation"

ဒီနေ့စာသင်ရင်း သတိရခဲ့တဲ့
လက်ရှိအခြေအနေပြောပြချင်ပါတယ်။
ကျနော်တို့ site investigation လုပ်ရင်အရင်က SPT, N
50 ကျော်ခဲ့ရင်ရပ်လိုက်ကြတယ်။
Highrise building မဟုတ်တော့
လိုအပ်တဲ့ foundation design ရပြီပေါ့။
နောက်ပိုင်းမှာ အထပ်မြင့်များလာတော့ SPT N 100 ထိ
တူးဖေါ်စမ်းသပ်လာတယ်။
အခုဆိုရင် ရန်ကုန်မှာတောင်လိုအပ်တဲ့ capacity
ရအောင် သင့်လျှော်တဲ့ design pile အရေအတွက် ဖြစ်ဖို့
pile depth ဟာ 70 m ရှိနေပြီ။
ဒီမှာပြဿနာတစ်ခုက SPT, N value နဲ့ pile capacity တွက်တဲ့အခါမှာ SPT 50 ကျော်ရင် relationship အရ
တွက်ဖို့ အဆင်မပြေပါ။
SPT value ဟာ physical property ဖြစ်လို့ SPT N 50 ကျော်တဲ့အခါ Mechanical properties တွက်ဖို့ ရှိပြီး empirical relationship သုံးလို့မရပါ။
(မှတ်ချက်- တချို့ lab results အရတွက်ချက်ကြပါတယ်)
တစ်ခါတစ်ရံ SPT N 50 ကရတဲ့ capacity ကိုယူလိုက်ကြတယ်။ SPT N value များရင် ပိုကောင်းတယ်ဆိုတဲ့အယူအဆနဲ့ပါ။
ဒီနေ့ပြောချင်တာအခုလာပါပြီ။
Terzaghi ပြောခဲ့သလိုဘဲ~~~
"From the Engineering point of view, knowledge of the type and intensity of soil or rock defects may be much more important than the type of soil or rock"
ဆိုချင်တာက physical properties
ကိုကြည့်ုပြီး SPT များတိုင်း လိုချင်တဲ့
mechanical capacity များလာမှုမရှိပါ။
ဘာဖြစ်လို့လဲ?????
ယနေ့ deep foundation design မှာ soil
သတ်မှတ်ချက်ကိုကြည့်ရင်
SPT N < 50 ကို soil
50 < SPT N < 100 ကို IGMs (Intermediate GeoMaterials)
SPT N > 100 ကို engineering bed rock လို့ခေါ်ပါတယ်။
IGMs နဲ့ engineering bed rock ထဲမှာမို့ pile capacity တွက်ရင် ပိုများလာမယ်လို့သေချာပြောမရပါ။
strain softening behavior ရှိတဲ့ shale stone siltstone တွေမှာဆိုရင် SPT N < 50 မှာရှိတဲ့ soil capacity ထက်တောင်နည်းသွားမှာပါ။ နိုင်ငံတကာ research တွေ test results တွေအရသိနိုင်ပါတယ်။
တစ်ချို့ဖေါ်ပြလိုက်ပါတယ်။

အတိအကျသိဖို့ရာ Geotechnical for deep
foundation: text books, articles, research တွေမှာ
လေ့လာနိုင်ပါတယ်။
Foundation design မှာ ရန်ကုန်လို deep foundation
မဟုတ်ဘဲ တောင်ပေါ်ဒေသ shallow foundation မှာလဲ
IGMs နဲ့ rock အပေါ် Foundation design
လုပ်မယ်ဆိုရင်သတိထားရမဲ့အချက်ပါ။

ဆိုလိုတာက Terzaghi ပြောခဲ့သလိုဘဲ
အပေါ်ယံ phyical nature ကိုမကြည့်ဘဲ
current geotechnical knowledge
နဲ့ကြည့်ဖို့တင်ပြခြင်းပါ။

ပညာရပ်တိုးတက်နိုင်ပါစေ။

9:15 pm
22-8-2017
Tuesday
Credit Dr Yu Maung







/

Disqus Shortname

Comments system