CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label တံတား. Show all posts
Showing posts with label တံတား. Show all posts

Saturday, August 16, 2014

တံတားတည်ဆောက်ခြင်းအတတ်ပညာ (၁)

ကမ္ဘာပေါ်တွင်  လူသားရယ်လို့ ပေါ်ပေါက်လာသောကျောက်ခေတ်ကာလမှာပင် ကမ္ဘာဦးလူသားတို့သည် တံတားကိုစတင်တည်ထောင်ခဲ့ကြသည်။ တကယ့်အဖြစ်မှာ - ကမ္ဘာပေါ်တွင် ကျောက်ခေတ်လူသားတို့ အင်ဂျင်နီယာအတတ်ပညာကို စတင် အသုံးပြုခဲ့ကြသည်မှာတံတားဆောက်လုပ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အိမ်ယာ အတတ်ပညာမရှိသေး။ ကျောက်ဂူတွင်နေကြသည်။ မီးကိုမတွေ့ရှိသေး။ အစိမ်းစားသောအချိန်တွင် သားကောင်သည် ချောက်ကမ္ဘား၏ တစ်ဖက်ကမ်းတွင် ရှိသည်ကိုသိသော လူသားများက ချောက်ကမ္ဘားထိပ်ကသစ်ပင်ကိုခုတ်၍ တဖက် ချောက်ကမ္ဘားထိပ်သို့ လဲကျအောင် ဆောင်ရွက်ပြီးထိုသစ်ပင်ပေါ်မှ ဖြတ်ကူး အမဲလိုက်ခဲ့ကြသည်။ ကမ္ဘာ့ပထမဆုံးအင်ဂျင်နီယာအတတ်ပညာ (တံတားထိုးခြင်း) ဖြစ်ပါသည်။






နောက်ပိုင်းလူ့ယဉ်ကျေးမှုများထွန်းကားလာသောအချိန်တွင် တံတားအတတ်ပညာသည်လည်း မြင့်တက်လာခဲ့ပြီးသစ်ဖြင့်တံတားထိုးခြင်း၊ အုတ်ဖြင့် တံတားထိုးခြင်းတို့ကိုဆောင်ရွက်လာကြပါသည်။ ကမ္ဘာပေါ်တွင် ယူဖရေးတီး(စ်)နှင့် တိုက်ဂရစ်မြစ်ဝှမ်းဒေသများတွင် အစောဆုံး မြစ်ချောင်းများကို ဖြတ်၍ တံတားထိုးခဲ့ကြပြီး မြန်မာနိုင်ငံတွင် ဗိဿ      နိုးခေတ်၊ ပျူခေတ်များမှစ၍ အုတ်ဖြင့် တံတားတည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြသည်။
 ရောမခေတ် BC ၇၀ခန့်တွင် သဘာဝပိုလိုဇန်ကို ထုံး၊ ရေတို့ဖြင့်ရောစပ်ပြီးကျောက်တုံးများဖြင့် Arch Bridge များတည်ဆောက်ခဲ့ကြသည်။ ယခုတိုင် Rome တွင် ရှေးဟောင်းတံတား (၆)စင်းကိုထိန်းသိမ်းထားရှိပါသည်။


BC 27 က တည်ဆောက်ခဲ့သော Italy နိုင်ငံ Rimini မြို့ရှိ Ponte de Tiberio Bridg


၁၁၇၆ ခုနှစ်ကတည်ဆောက်ခဲ့သော Old London Bridge


၁၃၃၃ ခုနှစ်ကတည်ဆောက်ခဲ့သောဆွစ်ဇာလန်နိုင်ငံ ၊ လူဇန်မြို့ရှိ Charpel Bridge (204m Long)


၁၃၀၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံမှ Pont Valentreတံတား


၁၅၉၁ ခုနှစ်ကတည်ဆောက်ခဲ့သောအီတလီနိုင်ငံဗင်းနစ်မြို့ရှိ Rialto Bridge


၁၅၇၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ Pont Neufတံတား


၁၇၅၀တွင် တည်ဆောက်ခဲ့သောလန်ဒန်မြို့ရှိ Westminster Bridge
(သံမဏိများစတင်၍ ထည့်သွင်းအသုံးပြုခဲ့သောတံတား)


၁၈၄၅ ခုနှစ်၊ ဂျာမဏီနိုင်ငံGottash Valley တွင် တည်ဆောက်ထားသော Arch Bridge
(reinforcing bar ကို စတင်၍ ထည့်သွင်းထားပါသည်)

လူတို့၏ ယဉ်ကျေးမှုများမြင့်တက်လာသည်နှင့်အမျှ တံတားအတတ်ပညာ တို့သည်လည်း မြင့်မားလာခဲ့ပါသည် ။ ထို့ပြင် ………

Credit https://web.facebook.com/notes/kyaw-linn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC-%E1%81%81/250336238507597/

တံတားတည်ဆောက်ခြင်းအတတ်ပညာ (၂)


        ထို့ပြင် တံတားတည်ဆောက်ရာတွင်လည်း အခက်အခဲအတားအဆီး (Hazard)ကို ကျော်ဖြတ်ရန် ရည်ရွယ်သည်သာမက အမြင်လှပတင့်တယ်ခန့်ညားရန် ဦးစားပေး တည်ဆောက်လာကြပါသည်။ သက်ဆိုင်ရာမြို့တော်ဝန်များက မိမိမြို့ဖွံ့ဖြိုးတိုးတက် လှပရေးအတွက် ခေတ်မှီလှပသော တံတားများဖြင့် တန်ဆာဆင်ကြသကဲ့သို့ မြို့လူထု ကလည်း အဆိုပါ တ့တားကြီးများဖြင့် ဂုဏ်ယူလေ့ရှိပါသည်။ ဥပမာ ။ Sanfransisco မြို့မှ Golden Gate တံတား၊ အိုဆာကာမြို့အနီးမှ Akashi Kaikyo တံတား၊ လန်ဒန်မြို့၏ သိမ်းမြစ်တံတား၊ မြန်မာပြည်မှ စစ်ကိုင်းတံတား၊ မော်လမြိုင်တံတား၊ ကလေးဝတံတား၊ ပခုက္ကူတံတားအစရှိသည့်တံတားများကိုလည်း မြို့လူထုကနှစ်သစ်မြတ်နိုးကြသလို တံတားတည်ဆောက်ခဲ့သော အင်ဂျင်နီယာများကိုလည်း သူရဲကောင်းသဖွယ် သဘောထားဂုဏ်ပြုကြပါသည်။
        မြို့တော်ဝန်များက သူ့ထက်ငါအပြိုင်တံတားများဖြင့် အလှဆင်ကြရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တံတား Design များသည် တံတားဗိသုကာ လက်ရာများနှင့် အပြိုင် ပုံစံထုတ်လာခဲ့ကြပါသည်။



























မြို့ခံလူထုတို့သည် မိမိတို့၏မြို့တော်အမှတ်လက္ခဏာ (Landmark) ဖြစ်သော တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိပါသည်။

https://www.facebook.com/notes/md-kyawlinn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC-%E1%81%82/252041198337101

“တံတားတည်ဆောက်မှု အတတ်ပညာ (၃)”

“တံတားတည်ဆောက်မှု အတတ်ပညာ (၃)”




ကမ္ဘာပေါ်တွင် တည်ဆောက်ထားသောတံတားများမှာ-
  1. သစ်သားတံတား (Timber Bridge)
  2. သံကူကွန်ကရိတံတား (Reinforced Concrete Bridge)
  3. ကြိုတင်အားဖြည့်သံကူကွန်ကရိတံတား (Prestressed Concrete Bridge)
  4. သံမဏိသံပေါင်တံတား (Steel Truss Bridge)
  5. ကြိုးဆိုင်းတံတား (Cable Stay Bridge)
  6. ကြိုးဆွဲတံတား (Suspension Bridge)
  7. သံမဏိဂုံးတံတား (Arch Bridge)
  8. ယာယီတံတားများ (Bailey Bridge, C.H Bridge, R.P.T Bridge, R.S .JBridge)
မြန်မာနိုင်ငံတွင်သံမဏိ ဂုံးတံတားအမျိုးအစားတံတားမှလွဲ၍ ကျန်တံတားများအားလုံး တည်ဆောက်နိုင်ခဲ့ပါသည်။ သံမဏိဂုံးတံတားအမျိုးအစားကိုလည်းယခုဆောက်လုပ်မည့် မော်လမြိုင်မှ (ဘီလူးကျွန်း) ချောင်းဆုံ သို့ဆက်သွယ်သောတံတားတွင် ထည့်သွင်းဆောက်လုပ်ရန် စီစဉ်ထားရှိပါသည်။



ယာယီတံတားများမှာတီထွင်သူလူအမည်ကိုအစွဲပြု၍ခေါ်ဝေါ်သည်ကများပါသည်။ Mr. Donald Bailey က (1941) ခုနှစ်တွင် စတင်တီထွင်ခဲ့၍ Bailey Bridge (ဘေလီတံတား) ဟုအမည်တွင်ခဲ့ပါသည်။ Mr. Callender နှင့် Mr. Helmintonအင်ဂျင်နီယာ(၂)ဦးတီထွင်ခဲ့၍ C.H (Callender Hamilton – Structural Steel Fabricating Company)တံတားဟုအမည်တွင်ခဲ့ပါသည်။ Mr. Rendel, Mr. Parlmar နှင့်Mr. Trittonတို့ တီထွင်ခဲ့သောတံတားကို R.P.T (Rendel, Palmer and Tritton – Consulting Engineers) တံတားဟုခေါ်ပါသည်။ R.S.J Bridgeသည်Rolled Steel Joist တံတားဖြစ်ပါသည်။
ထိုသို့ ယာယီတံတားများစွာရှိရာတွင် မြန်မာနိုင်ငံတွင် အသုံးအများဆုံးနှင့် အသုံးအဝင်ဆုံးတည်ဆောက်ရန် အလွယ်ကူဆုံးတံတားမှာဘေလီတံတား ဖြစ်ပါသည်။ ဘေလီတံတား၏ ခံနိုင်ဝန် Loading ကို -

Credit - https://www.facebook.com/notes/md-kyawlinn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC-%E1%81%83/261209740753580

တံတားတည်ဆောက်မှုအတတ်ပညာ(၅)

ဘေလီတံတား

ဒုတိယကမ္ဘာစစ်ကာလ ဗြိတိသျှစစ်ရုံးတွင် အမှုထမ်းစဉ်ကာလမှာ Mr.Donald Bailey ဟာ ဆန်းသစ်တဲ့တံတားအသစ်တည်ဆောက်ဖို့ စိတ်ကူးရခဲ့တယ်။ သူ့ရဲ့ဒီဇိုင်းက မော်ဂျူလာပုံစံနဲ့ ပေါ့ပါး၍ ခိုင်မာပြီး ဖြုတ်လို့တပ်လို့ရသော အလွန်အသုံးဝင်သော သံပေါင်တံတားဖြစ်လို့ စစ်ကာလမှာ အကြီးမားဆုံး တီထွင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ မဟာမိတ်တွေရဲ့ အောင်မြင်မှုတွင် ထူးခြားသောအစိတ်အပိုင်းအဖြစ် အဓိကကျခဲ့ပါတယ်။
မစ္စတာဘေလီဟာ သူ့ရဲ့စိတ်ကူးကို အထက်ကို တင်ပြခဲ့တယ်။ အင်္ဂလိပ်အစိုးရအနေနဲ့ သူ့ရဲ့ ဆန်းသစ်တဲ့တံတားပုံစံကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်။ ဘေလီတံတားကို ၁၉၄၁ထဲမှ အဆင့်မြင့်စစ်သုံးတံတားအဖြစ် အသုံးပြုခဲ့ပြီး ဥရောပတစ်ခွင်မှာ ကျယ်ကျယ်ပြန့်ပြန့်ကို အသုံးပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဘေလီတံတား အစင်း ၂၀၀၀ လောက်တည်ဆောက်ခဲ့ပြီး အနောက်မြောက်ဥရောပတစ်ခုတည်းပင်လျှင် ဘေလီတံတားပေါင်း ၁၅၀၀ကျော် တည်ဆောက်ပေးခဲ့ပါတယ်။ဗြိတိသျှစစ်တပ်ဟာ နောက်(၄)နှစ်အတွင်း အာဖရိက မြောက်ပိုင်းမှာ ဘေလီ panel ပေါင်း တစ်သန်းထုတ်လုပ်ခဲ့တယ်။
မစ္စတာဒေါ်နယ်ဘေလီဟာ ၁၉၄၃ ခုနှစ်မှာ OBE ဘွဲ့ချီးမြှင့်ခြင်းခံရပြီး ၁၉၄၆ ခုနှစ်တွင် သူ့ရဲ့ ထူးချွန်စွာ ဆောင်ရွက်နိုင်မှုများကြောင့် ဆာ ဘွဲ့ ချီးမြှင့်ခြင်းခံရတယ်။

ဘေလီတံတားတစ်ခု၏အခေါ်အဝေါ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



ဘေလီတံတားများကို Single Lane , Extra wide နှင့် Double lane ၃မျိုးဆောင်ရွက်နိုင် ပါသည်။



ဘေလီတံတားများ၏ အရွယ်အစားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



ဘေလီ Panel များကိုမူတည်၍ တစ်လွှာတစ်ထပ်ဘေလီ၊ နှစ်လွှာတစ်ထပ်ဘေလီ၊ သုံးလွှာတစ်ထပ်ဘေလီ၊ နှစ်လွှာနှစ်ထပ်ဘေလီ၊ သုံးလွှာနှစ်ထပ်ဘေလီ ၊ သုံးလွှာသုံးထပ် အစရှိသည်ဖြင့် ခံနိုင်ရည်လိုအပ်သော ၀န်တန်ချိန်အလိုက် တံတားများကို တည်ဆောက် ကြပါသည်။
        SS    =      Single Single
        SSR  =      Single  Single Reinforcement
        DS    =      Double Single
        DSR  =      Double Single Reinforcement
        TS    =      Triple Single
        TD    =      Triple Double
        TT    =      Triple Triple စသည်ဖြင့် မျိုးစုံတည်ဆောက်နိုင်ပါသည်။



ဘေလီတံတား၏ခံနိုင်ရည်ဝန်လည်း တံတား၏ Panel အလွှာ အထပ်ပေါ်မူတည်၍ ခံနိုင်ရည်တိုးသွားပါသည်။


အထက်ပါခံနိုင်ဝန်သည် ပြီးပြည့်စုံအောင် တပ်ဆင်ထားသော ဘေလီတံတား တစ်စင်းအတွက် ခံနိုင်ဝန်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် လက်ရှိဘေလီတံတားများမှာ Top Chord မရှိခြင်း Sway Brace မရှိခြင်း အစရှိသည်ဖြင့် လိုအပ်ချက်များရှိရာ အထက်ဇယားပါ ခံနိုင်ဝန်၏ ၆၀% လောက်သာ Max Loading ယူသင့်ပါသည်။

Credit - https://www.facebook.com/notes/md-kyawlinn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%82%88%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC%E1%81%85/263064553901432

Disqus Shortname

Comments system