CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label version6. Show all posts
Showing posts with label version6. Show all posts

Saturday, December 9, 2017

Versionအသစ် မှာပါလာမယ့် function အသစ် (၁) (မျှားတန်ုး သို့မဟုတ် သံချောင်းတွက်မယ် )

မကြာခင်ထုတ်မည့် CE version 6 မှာပါလာမယ့် function အသစ်များအကြောင်း(၁)
 မျှားတန်းတွေတွက်ချင်လို့ပဲဖြစ်ဖြစ်

အခုလိုမျိုး သံချောင်းကိုပဲတွက်ချင်လို့ဖြစ်ဖြစ် တွက်နည်းကအတူတူပါပဲ။


အရင် version 5 မှာလည်း ပါပါတယ် ။ အခုက အရင်ကထက်ပိုပြီး result တွေပိုကောင်းအောင်
ထုတ်ပေးထားတယ် ။ version 5 မှာ total length တစ်ခုတည်းကိုသာ ရှာနိုင်ပါတယ်။ ခုက
တစ်ချောင်းခြင်းစီရဲ့အလျားတွေပါ တွက်ထုတ်ပေးနိုင်ပါပြီ ။



ဥပမာ ဒီပုံမှာရှိတဲ့ မျှားတန်းတွေကိုတွက်မယ် ဆိုပါစို့


အောက်ကပုံမှာ အတိုင်းအတာတွေကြည့်ပါ။
အတိုဆုံးက 6000 mm(No1) ၊ အရှည်ဆုံးက 14400 mm(No5) နဲ့ အချောင်းအရေအတွက်က ၅
ဒီသုံးမျိုးကို application ထဲထည့်လိုက်တာနဲ့ ကြားမှာရှိတဲ့ မျှားတန်း(No.2,3,4)တွေ ဘယ်လောက် အရှည်ရှိတယ်ဆိုတာ အဖြေထွက်ပေးပါတယ် ။ နောက်ပြီး စုစုပေါင်း အလျားကိုလည်း တခါတည်းတွက်ပေးပါတယ် ။

အတိုဆုံး = 6000 mm
အရှည်ဆုံး = 14400 mm
အချောင်းအရေတွက် = 5
အဖြေမှာ u1, u2 ,u3,u4,u5 စသဖြင့် အဖြေထုတ်ပေးပါတယ်။
မန်ဘာ ၅ချောင်းရဲ့ တစ်ချောင်းစီအလျားတန်ဖိုးပါ ။
မျှားတန်းတွေ သံချောင်းတွေမှ မဟုတ်ဘဲ သဘောတရားတူတဲ့ တွက်ချက်မူတွေမှာ အကုန်သုံးနိုင်ပါတယ် ။


တွက်နည်း
U1(အတိုဆုံးအလျား) = 6000 ,
Un (အရှည်ဆုံးအလျား)= 14400 ,
အချောင်းအရေအတွက် (n) = 5

Commom difference (d) ရှာရန်
d = (Un-U1)/(n-1)

Member တစ်ချောင်းချင်းစီရဲ့ အလျားတွက်ရန်
Un =U1+(n-1)d
U1 =U1+(1-1)d=U1
U2 =U1+(2-1)d=U1+d
U3 =U1+(3-1)d=U1+2d
U4 =U1+(4-1)d=U1+3d
U5 =U1+(5-1)d=U1+4d

စုစုပေါင်းအလျားတွက်ရန်
Sn = n/2*(U1+Un)





မိမိ တို့လုပ်ငန်းမှာ မကြာခဏတွက်ချက်နေရတာတွေကို
Application ရေးပေးဖို့ တောင်းဆိုချင်ရင် 
Viber  : 09760840106 ကို စာပို့ပြီးတောင်းဆိုနိုင်ပါတယ် ။
တောင်းဆိုတဲ့ တွက်ချက်မူတွေကို
version အသစ်တွေမှာ ပြန်ပြီးထည့်ပေးသွားပါ့မယ် ။

အားလုံးအဆင်ပြေပါစေ ။
ထွန်းအောင်ဖြိုး
TU Meikhtila

Hot News - Application ရေးတာဝါသနာပါသူများလေ့လာနိုင်ရန်
 CE analysis of rates ရေးသားနည်းကို
ဖော်ပြပေးသွားပါမည် ။


Disqus Shortname

Comments system