CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Friday, October 31, 2014

မြေအမျိုးအစားများနှင့် အသုံးဝင်ပုံများ

သိရှိထားသင့်သော မြေအမျိုးအစားများနှင့် မြေအမျိုးအစား တစ်ခုချင်းစီ၏ အသုံးဝင်ပုံများ

၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။
(၃) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)
အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၄) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့) အထူး ကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့် ရှိသည်။ မှတ်ချက်(မြေအမည်ပေါက်ထံမှအမွေဆ
က်ခံသူ မသေဆုံးမီနှင့်လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း)။
(၅) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၆) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင်
့ လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၇) မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း ၊တစ်စိတ်တစ်ပိုင်းသော်လည်းကောင်
း ၊မြေဧရိယာတစ်ခု လုံးကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။
(၈) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ၀ယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။

မြေငှားဂရန်မြေ

မြေများကို စည်းကမ်းချက်သတ်မှတ်၍ အနှစ်(၆၀) ၊ အနှစ်(၉၀) ၊ ၂၅ နှစ်အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက်က (၃)လတစ်ကြိမ် မြေခွန်ဆောင်ရသည်။
(၂) အဆောက်အဦးရှိပါက (၃)လတစ်ကြိမ် အဆောက်အဦးခွန် ဆောင်ရသည်။
(၃) မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။
(၄) မြေအမည်ပေါက်သူထံမှ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူက
ရောင်းချခွင့်ရှိသည်။
(၅) မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ် လွှဲစာ(သို့)အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။မှတ်ချက်(မြေအမည်ပေါက်မသေဆုံးမီနှင့် လွှဲစာပြန်လည်မရုမ်သိမ်းမီကာလအတွ
င်း)။
(၆) မြေအမည်ပေါက်၏ အမွေဆက်ခံပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ(သို့)
အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။
(၇) မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။
(၈) မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင်
့ လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့် ရှိသည်။
(၉) မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်း ကောင်း ရောင်းချခွင့်ရှိသည်။မှတ်ချက်(ရောင်းချသည့်အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထားနိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ(၂၀)ရှိရန်နှင့်စတုရန်းပေ(၁၂၀၀)ရှိရန်လိုသ
ည်။
(၁၀) မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအားဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆိုဝယ်ယူနိုင်သည်။

ပါမစ်မြေ

စည်ပင်ဝပြောမှုမရှိသေးသည့်နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာဆေ
ာက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။
(၁) ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။
(၂) ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက ရောင်းချခွင့်ရှိသည်။
(၃) ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ၀ယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။
(၄) မြေငှားဂရန်တွင် လျှောက်ထားသူအမည်ဖြင့်သာ ရရှိပါသည်။

လိုင်စင်မြေ

မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့်မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။
ဥယျာဉ်ခြံမြေ၊ စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများဖြစ်ပါသည်။လယ်ယာမြေတွင် အသုံးမ၀င်ကြောင်း ၀န်ခံချက် လက်မှတ် ရရှိပြီး လန(၃၉)ထွက်ရှိမြေနှင့် အိမ်ယာမြေ သတ်မှတ်သည့် ၃(ခ) ထွက်ရှိ မြေများကို မြေငှား ဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေး ပါသည်။

အိမ်အမျိုးအစားများ

၁။ Hall Type = အခန်းဖွဲ့စည်းထားခြင်း မရှိခြင်းကို ခေါ်သည်။
၂။ BN =အောက်ခြေအုပ်ခံ၍ ပျဉ်ထောင်အိမ် တည်ဆောက်ထားခြင်းကို ခေါ်သည်။
၃။ PT =သစ်သားများဖြင့်သာ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။
၎။ RC =အုပ်၊ ဘိလပ်မြေ၊ သံ၊ ဖွဲ့စည်းတည်ဆောက်ထားခြင်းကို ခေါ်သည်။

Credit - ihomemyanmar မှကူးယူဖော်ပြသည်။

How to learn English?

Ko Nyo Win
Nov 21, 2012 ·
အင်္ဂလိပ်စာဘယ်လိုဖတ်မလဲ?
လျှို့ဝှက်ချက် (၁)

တွေးတောခြင်း မပြုပဲ အင်္ဂလိပ်စကားကို အလိုအလျှောက်ပြောခြင်း စကားလုံးများသည် မိမိ၏ ပါးစပ်အတွင်းမှ အလိုအလျှောက်လွယ်ကူစွာထွက်လာခြင်းတို့သည် ကျွန်တော်တို့ အင်္ဂလိပ်စကားပြောလေ့လာသူတိုင်း၏ ပန်းတိုင်ပင် ဖြစ်ပေသည်။အဖြေမှာ . You understand instantly. ထိုကဲ့သို့ ပြုလုပ်ရန် ကျွန်တော်တို့၏ အင်္ဂလိပ်စာ လေ့လာခြင်းနည်းလမ်းကို ပြောင်းရန် လိုအပ်ပေသည်။ပထမဆုံး လုပ်ရမည့် အချက်မှာ English words တွေကို လေ့လာခြင်း အလုပ်ကို ရပ်တန့်ဖို့ပါပဲ။ဒါဟာ မှန်ကန်တဲ့ အချက်ပါပဲ။ words တွေကို မမှတ်သားသင့်ပါ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရဲ့ ပညာရေး စနစ်ကို စတင်ပြောရပါလိမ့်မယ်။ ကျွန်တော့်တို့ ပညာရေးစနစ်ဟာ factory English learning system ပါပဲ။text book ထဲမှ vocabulary များအားကျက်ခြင်း meaning ကျက်ခြင်းတို့ကို ကျွန်တော် တို့ နှစ်ပေါင်း တော်တော်ကြာကြာ လုပ်ခဲ့ကြပြီးပါပြီး။သို့သော်…ကျွန်တော်တို့သည် ဒီလောက်များပြားလှသော words တွေကို တကယ့်အပြင် လက်တွေ့ဘ၀တွင် အသုံးမပြုနိုင်ပေ။ထိုများပြားလှသော စကားလုံးမျာသည် ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲတွင် လွယ်ကူစွာ ပျက်ပြယ်သွားသောကြောင့်ပင်ဖြစ်သည်။ဘာကြောင့် လွယ်ကူစွာ ပျက်ပြယ်သွားရသလဲ ဆိုတာကတော့ ကျွန်တော်တို့တွေသည် text book English ထဲက individual words တွေရဲ့ meaning တွေကိုပဲ လေ့လာခဲ့ကြလို့ပါပဲ။ native speaker တွေဟာ words တွေကို မှတ်မိခြင်းအားဖြင့် မလေ့လာကြပါ။သူတို့ဟာ phrases တွေကို လေ့လာကြပါတယ်။ what is a phrase? Phrases ဆိုတာ သဘာဝအတိုင်း အလိုလို တွဲထားသော words အစုတွေပင် ဖြစ်ပါတယ်။phrases တွေကို လေ့လာခြင်းအားဖြင့်တခြားအကျိုးသက်ေ၇ာက်မှုကတော့ vocabulary နဲ့ grammar ကိုပါ လွယ်ကူစွာ သူ့အလိုလို လေ့လာသွားတာပါပဲ။ phrases လေ့လာတဲ့ သူသည် grammar လေ့လာတဲ့သူထက် အင်္ဂလိပ်စကားကို ပိုပြောနိုင်ပါတယ်။ ထိုကြောင့် စာပိုဒ်တစ်ပိုဒ် ဒါမှမဟုတ် Newspaper တွင် ကျွန်တော်တို့ မသိသော word တစ်ခု တွေ့တိုင်းတွေ့တိုင်း သူ့ဘေးတွင် ကပ်လျှက်ရှိသော စာလုံးများ ဒါမှမဟုတ်..sentence တစ်ခုလုံးကို မိမိ၏ note book ထဲတွင် မှတ်သားထားသင့်ပေသည်။ထိုကဲ့သို့ ပြုလုပ်ရန် phrases များ စုဆောင်းရန်အတွက် note book သီးသန့် တစ်အုပ် ထားရှိသင့်ပေသည်။ကျွန်တော်တို့ အရင်လေ့လာတဲ့စနစ်က word တစ်ခုခြင်းစီရဲ့ meaning ကိုပဲ လေ့လာခဲ့ကြတဲ့ စနစ်ပါ။ အခုလေ့လာတဲ့စနစ်က phrases ( groups of words ) တွေရဲ့ meaning ဒါမှမဟုတ် sentence တစ်ခုလုံးရဲ့ meaning ကို လေ့လာတဲ့စနစ်ပါပဲ။ဒါဟာ အင်္ဂလိပ်စကားကို second language အနေနဲ့ သင်ယူနေတဲ့ သူတွေအတွက်တော့ natural learning system ပါပဲ။အဓိက အချက်ကတော့ မှတ်သားထားသော phrases တွေကို အကြိမ်ကြိမ် review လုပ်ပေးဖို့ပါပဲ။
(၁) သင့်အတွက် အသစ်ဖြစ်သော phrases များကို မိမိ၏ note book တွင် မှတ်သားသော အကျင့်ကို ပြုလုပ်ပါ။( phrases နဲ့ clauses များကို ထွေထွေထူးထူး ခွဲခြားနေစရာမလိုပါ။ဥပမာ…the person on the mountain, The book on the bathroom floor, The sweet potatoes in the vegetable bin တို့သည် prepositional phrase ဖြစ်ပါတယ်။in a rude manner,without care,in those days, in all places, in that place,once upon a time စသည်တို့ဟာ adverb phrases များ ဖြစ်ကြပါတယ်။
the history book
the American history book
the illustrated American history book
the recent illustrated American history book
the recent controversial illustrated American history book
the recent controversial illustrated leather bound American history book စသည်တို့ဟာ noun phrases များ ဖြစ်ကြပါတယ်။ noun phrases ဟာ စာလုံးတော်တော် များများ ကို ပေါင်းထည့်နိုင်ပါတယ်။ I love baking cake မှာ baking caking ဟာ gerund phrase ဖြစ်ပါတယ်။I love to bake cake မှာ to bake cake ဟာ infinitive phrase ဖြစ်ပါတယ်။My cake finally baking in the oven , I was free to rest for 30 minutes.မှာ my cake finally baking in the oven ဟာ absolute phrase ဖြစ်ပါတယ်။ Phrases ၁၀ မျိုးရှိပါတယ်။ အထက်ပါ phrases များကို ဥပမာအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။ သင် မသိသေးသော အသစ်ဖြစ်သော အသုံးဝင်မယ်ထင်သော phrases များကို သင့်note book မှာ မှတ်သားရာတွင် ဒီ phrases က ဘာအမျိုးအစား ဟော့ဒီ phrases က ဘာအမျိုးအစား လိုက်မှတ်သားစရာမလိုအပ်ပါ။အဲ့လိုမှတ်သားခြင်းအားဖြင့် သင့်ကို ပိုရှုပ်ထွေးစေပါတယ်။ နောက်ပြီး ကျွန်တော်တို့အဲ့လို လိုက်ပြီး မှတ်သားနေဖို့ အချိန်လည်း မရှိလို့ဖြစ်ပါတယ်။တစ်လုံးထက်ပိုသောword group များကို အစုလိုက် အစုလိုက် လိုက်မှတ်ရုံပါပဲ။
(၂) အထက်ပါဖော်ပြခဲ့သော phrases များကို ကျွန်တော်တို့ က stories , newspaper,articles ,easy novels စသည်တို့ကနေ မှတ်သားရမှာပါ။ phrases တော်တော်များများနှင့် ရင်းနှီးနေပြီဆိုလျှင် နောက်တဆင့်အနေနဲ့ audio ကနေတဆင့် မှတ်သားနိုင်ပါတယ်။ ဥပမာ- BBC,CNN,Audio book,Movies, songs စသည့်တို့မှတဆင့် မိမိတို့ အတွက် အသုံးဝင်မည့် စကားလုံးအစုများကို မှတ်သားနိုင်ပါတယ်။ ဒါဟာ super easy English learning system ပါပဲ။ လပိုင်း အနည်းငယ်အတွင်း သင်အင်္ဂလိပ်စကားပြော ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကို သင်ဂရုပြုမိမှာပါ။
အောက်ပါ link မှာ ကျွန်တော်တို့ သိထားပြီး ဖြစ်သော အရိုးရှင်းဆုံးသော phrases ၁၀၀၀ ခန့် ကို ဥပမာ အနေနဲ့ သွားရောက် လေ့လာနိုင်ပါတယ်။ pronunciation ပါ ပါဝင်သောကြောင့် လွယ်ကူစွာလေ့လာနိုင်ပါတယ်။
http://www.englishspeak.com/english-phrases.cfm?newCategoryShowed=1...

လျှို့ဝှက်ချက် (၂)

အင်္ဂလိပ် grammar လေ့လာခြင်းကို ကျွန်တော်တို့ ရပ်တန့်ရပါလိမ့်မယ်။ဒါဟာ အံသြစရာကောင်းတဲ့ အချက်ပါ။အင်္ဂလိပ်စာ လေ့လာတဲ့သူ အများအပြားကတော့ ဒါဟာ ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်း ထင်ကြပါလိမ့်မယ်။ဘာကြောင့်မို့လဲ ဆိုတာကို နည်းနည်း ရှင်းပြချင်ပါတယ်။ ကျွန်တော်တို့ဟာ အင်္ဂလိပ် grammar တော်တော်များများကို မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ် နဲ့ အခုအချိန်ထိ ပါ နှစ်ပေါင်းများစွာလေ့လာခဲကြပြီးပါပြီ။ ကျွန်တော်တို့ ကိုယ်ကို ကျွန်တော်တို့ မေးခွန်း ပြန်မေးသင့်ပါတယ်။ ဒါဟာ အလုပ်ဖြစ်ခဲ့ပါသလား။ ကျွန်တော်တို့ အင်္ဂလိပ်စကား ကို လွယ်ကူစွာ ပြောတတ်ပြီလား။အလိုအလျှောက်ပြောတတ်ပြီလား။ ကျွမ်းကျင်စွာပြောတတ်ပြီလား။အင်္ဂလိပ် grammar rules တွေ တော်တော်များများ လေ့လာခဲ့ကြသော ကျွန်တော်တို့ဟာ စကားပြောရာတွင် ကျွန်တော်တို့ရဲ့ စကားများဟာ grammar ကော မှန်ရဲ့လား။ကျွန်တော်တို့ဟာ အခုအချိန်အထိ နှေးဆဲ မှားဆဲပါ။Native speaker တွေဟာ အင်္ဂလိပ် grammar ကို မလေ့လာကြပါဘူး။နောက်ပြီး ကျွန်တော်တို့ မိခင်ဘာသာစကားပြောရာတွင် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မိခင်ဘာသာစကားရဲ့ grammar ကို စဉ်းစားပြီး ပြောလေ့ရှိပါသလား။English grammar ကို လေ့လာခြင်းသည် ကျွန်တော်တို့သည် English language ကို study လုပ်နေခြင်းမဟုတ်။ English language ကို analyze လုပ်နေခြင်းပင်ဖြစ်တယ်။အင်္ဂလိပ်စာရေးသားရာတွင်တော့ grammar ဟာ အသုံးတည့်ချင် တည့်ပါလိမ့်မယ်။နောက်ပြီးတော့ အင်္ဂလိပ်စာ ရေးသားရာတွင် ကျွန်တော်တို့မှာ ရေးသားမည့်အကြောင်းအရာကို စဉ်းစားနေဖို့ အချိန်ရှိပါတယ်။ မှားသွားရင်လည်း ပြန်ဖျက်ပြီး ပြန်လည် ရေးသားနိုင်ပါတယ်။ စကားပြောရာတွင် ပြောမည့်အကြောင်းအရာကို စဉ်းစားနေဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။ ကျွန်တော်တို့က တဖက်လူ စကားပြောတာကို မစဉ်းစားပဲနဲ့ ပြန်ပြောတတ်ချင်တာပါ။ ဥပမာ..တဖက်လူက မေးခွန်းတစ်ခု မေးပြီဆိုပါဆို့။ ကျွန်တော်တို့ က အဲ့မေးခွန်းကို active voice နဲ့ ပြန်ပြောလိုက်ရမလား။ passive voice နဲ့ ပြန်ပြောလိုက်ရမလား။future tense သုံးလိုက်ရင် ကောင်းမလား။ဘယ် article ကို သုံးလိုက်ရမလဲ။ ဒီ preposition ကို ဒီလိုထည့်လိုက်ရမလား။adverb ပါ ထည့်လိုက်ရင် ကောင်းမလား။ ဒီ grammar rules တွေကို စဉ်းစားနေဖို့ ကျွန်တော်တို့မှာ အချိန်မရှိပါဘူး။အင်္ဂလိပ် grammar rules တွေကို တွေးပြီး ပြောခြင်းသည် ကျွန်တော်တို့ရဲ့ speaking abilities ကို အလွန်းနှေးကွေးစေပါတယ်။အရေးအတွက် grammar ကို သီးခြားလေ့လာတာတော့ ကောင်းပါတယ်။ grammar is a key. ဆိုတာ စာမေးပွဲအောင်ချင်ကြသော သူတွေအတွက် မှန်ပါလိမ့်မယ်။

လျှို့ဝှက်ချက် (၃)
ဒီအချက်ဟာ အင်္ဂလိပ်စကားပြောလေ့လာရာတွင် central key လို့ဆိုနိုင်ပါတယ်။ဒါကတော့ နားထောင်ခြင်းပါပဲ။ learn with your ears, not with your eyes.စကားကောင်းမွန်စွားပြောနိုင်ဖို့ ကျွန်တော်တို့မှာ လုံလောက်ပြီး ကောင်းမွန်တဲ့ listening practice ရှိရပါမယ်။ ကျွန်တော်တို့ ပြောမည့် natural speechတွေဟာ နားမှ တဆင့်လာသောကြောင့်ပင်ဖြစ်ပါတယ်။အဲ့ဒီမှာ ကျွန်တော်က ပြသနာ စတက်တော့တာပါပဲ။ပြီးခဲ့သော ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံးမှာ ကျွန်တော်တို့ဟာ ဖတ်ခြင်းနဲ့ အချိန်ကုန်ခဲ့ပြီးပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေသည် text book တွေ ဖတ်တယ်။ grammar rules တွေဖတ်တယ်။ စကားပြောတတ်ဖို့ English dialogue တွေဖတ်တယ်။ ကျွန်တော်တို့ဟာ listening skills တော်တော်ကို နည်းခဲ့တာပါ။အခုအချိန်ကနေစပြီး ကျွန်တော်တို့ဟာစကားပြောတတ်ဖို့ listening skills ကို အတော် လေ့လာရတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့ဟာ English listening skills ကို ကလေးတစ်ယောက်လို သင်ယူရပါလိမ့်မယ်။ ဥပမာ တစ်ခု ပြောချင်ပါတယ်။ US က baby တစ်ယောက်။ သူလည်း အင်္ဂလိပ်စကားကို ပြောတတ်ဖို့သင်ယူရပါလိမ့်မယ်။သူကို အင်္ဂလိပ် text book ပြပြီး သင်ယူခိုင်းလို့ ရနိုင်ပါ့မလား။ grammar ထဲက rules တွေကို ပြပြီးတော့ကော။ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။သူဟာ စကားပြောတတ်ဖို့ ၆ လကနေ တစ်နှစ်အတွင်း နားထောင်ရပါလိမ့်မယ်။နားထောင်ပါ များပြီးသွားရင် သူဟာ word တွေကို တစ်လုံးချင်းစီ စတင်ပြောလာပါပြီ။ နောက်ပြီး groups of words ( phrases ) တွေကိုပါ ပြောတတ်လာမည် ဖြစ်ပါတယ်။ အခုလိုပြောတတ်လာနိုင်တာဟာ listening မှတဆင့်ပါ။
၁ နှစ်ကျော်ပြီး သွားရင် သူဟာ စကားလုံးအတော်များများကို သိနေပြီ ဖြစ်ပါတယ်။ သိုသော် သူသည် စကားကို နည်းနည်ပါးပါးပဲ ပြောနိုင်ပါလိမ့်မယ်။ အဘယ်ကြောင့်ဆိုတော့ listening level is higher than speaking level ဖြစ်လို့ပါပဲ။ ဒါဟာ ကျွန်တော်တို့ မှတ်သားထားရမည့်အချက်ပါ။ကျွန်တော်တို့က ကလေးတွေလို လေ့လာရမှာပါ။ပထမဆုံး နားလည်လွယ်တဲ့ audio တွေကို နားထောင်ရမှာဖြစ်ပါတယ်။ simple audio book, simple audio stories,dialogue audio စသည်တွေပါပဲ။easy listening is a key ပါ။ကျွန်တော်တို့အဲ့လိုနားထောင်ပါ များလေ listening skill တက်လေဖြစ်ပါတယ်။ဥပမာ…ကျွန်တော်တို့ simple audio story တစ်ပုဒ်ကို ၁၀ ခေါက် အခေါက် ၂၀ လောက် နားထောင်ပြီးပြီဆိုပါစို့။ simple story လည်း ဖြစ် အခေါက်ပေါင်းများစွာလည်း နားထောင်ပြီးပြီ ဖြစ်သည်ဆိုတော့ ကျွန်တော်တို့ဟာ အဲ့ဒီ simple story ရဲ့ ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက် နားလည်နေလောက်ပြီဖြစ်ပါတယ်။ ကျန်ရှိတဲ့ ရာခိုင်နှုန်းတွေဟာ vocabulary အသစ်တွေဖြစ်ပါလိမ့်မယ်။ရာနှုန်းပြည့်နားလည်ဖို့ ဒါဟာ ပြသနာ မဟုတ်ပါဘူး။ storyတစ်ခုလုံး ရဲ့ ၉၀ ရာခိုင်နှုန်းလောက် နားလည်ပြီးပြီ ဖြစ်သော ကျွန်တော်တို့ဟာ ကျန်ရှိတဲ့ မသိသေးသော vocabulary တွေကို ခန့်မှန်းလို့  ရနိုင်နေပြီ ဖြစ်ပါတယ်။ဒီနည်းနဲ့ ကျွန်တော်တို့ဟာ vocabulary တွေကို စုဆောင်းရမှာဖြစ်ပါတယ်။ဒီနည်းအားဖြင့်နားလည်သော vocabulary များသည် dictionary ကိုကြည့်ပြီးမှ နားလည်သော vocabulary တွေထက် မှတ်မိလွယ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ listening ကို focus လုပ်ရပါလိမ့်မယ်။ နေ့တိုင်း နားထောင်ရမှာဖြစ်ပါတယ်။ အခေါက်ပေါင်းများစွားနားထောင်ရမှာဖြစ်ပါတယ်။ပိုနားထောင်ဖြစ်တဲ့သူက ပိုပြောနိုင်ပါတယ်။၁၀ လ ဒါမှမဟုတ် ၁ နှစ်လောက် ပုံမှန်နားထောင်ခြင်းကို လေ့ကျင့်ခြင်း ပြီးပြီ ဆိုလျှင်တော့ ကျွန်တော်တို့ဟာ အလိုအလျှောက်စကားပြောတတ်နေပြီ ဖြစ်ပါတယ်၊

လျှို့ဝှက်ချက် ( ၄ )

ဒီအချက်ကတော့ အရေးအကြီးဆုံးအချက်ပဲ ဖြစ်ပါတယ်။ ဒါကတော့ လေးနက်စွာလေ့လာခြင်းပါပဲ။ Deep learning is a key to automatic speaking ပါပဲ။Automatic speaking ဆိုတာကတော့ မစဉ်းစားပဲ ပြောခြင်း..ဘာသာမပြန်ပဲ ပြောခြင်း…grammer rules တွေကို မစဉ်းစားပဲ ပြောခြင်း…စကားလုံးများလွယ်ကူစွာ ထွက်လာခြင်း တို့ပါပဲ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ ပြောမည့်စကားလုံးများကို ထွေထွေထူးထူး ကြိုးစားစရာမလိုအပ်ပဲ ပြောခြင်းပင်ဖြစ်တယ်။ထို့ကြောင့် လေးနက်စွာ လေ့လာမှုပြုပါ။ deep learning =speak easily ပါပဲ။ကျွန်တော်တို့ ကျောင်းနေဘ၀တွင် deep learning ဆိုတာကို သိပ်မလုပ်ဖြစ်ခဲ့ကြပါ။ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်တို့ ပညာရေး စနစ်ကြောင့်ပါပဲ။ ဥပမာ-ယနေ့ chapter 1 ဆိုပါစို့။ ဆရာက paragraph တွေ ကို ရှင်းပြတယ်။ ဒါက ဒီလို..ဟိုဟာက ဟိုလို။ မြန်မာလို ဘာသာပြန်ပြီး သေသေချာချာရှင်းပြပါတယ်။နောက်နေ့ အဲ့ဒီ chapter 1 နဲ့ပတ်သက်ပြီး exercise တွေလုပ်တယ်။ နောက်နေ့ grammer ဆရာက အဲ့ chapter 1 နဲ့ ပတ်သက်ပြီးတော့ exercise တွေထပ်လုပ်တယ်။နောက်အပတ်ရောက်တော့ chapter 2 ကို ထပ်သွားတယ်……ဒီလိုပဲ ထပ်လုပ်တယ်။ ဒီလိုနဲ့ပဲ စာမေးပွဲ ဖြေကြတယ်။ စာမေးပွဲအောင်တော့ နောက်တစ်တန်း ထပ်တက်တယ်။ ဒီလိုနဲ့ ပဲ ကျွန်တော်တို့တွေ တစ်တန်းပြီး တစ်တန်း တက်ခဲ့ကြတယ်။ကျွန်တော်တို့တွေ ရပ်ကွက်ထဲမှာ ကြားကြရမှာပါ။၁၀တန်းသင်ရိုးကို ဘယ်ဆရာက ဘယ်နှစ်လပြတ်နဲ့ အပြတ်သင်တာ။ဆရာတွေကလည်း အပြိုင်အဆိုင်ပေါ့။အမြန်သင် ပြိုင်ကြတာ။ နောက်တော့ ကျွန်တော်တို့ပဲ အဲ့ဒီဒဏ်တွေ ခံကြရတော့တာပဲ။ ပြီတော့ တက္ကသိုလ် ရောက်တယ်။ တက္ကသိုလ်ကျပြန်တော့လည်း ထိုနည်းအတိုင်းပဲ …..ဘွဲ့ရပြီးတဲ့နောက် သင်ကြားခဲ့သော lesson များဟာ ရေးရေးပဲ မှတ်မိနေတော့ပါတယ်။ အပြင်လောကတွေ အဲ့ဒါတွေ ကို အသုံးပြုဖို့ အတော်ကို အလှမ်းဝေးပါတယ်။ကျွန်တော်တို့ဟာ ဘွဲရဖို့အတွက် ကျောင်းနေခဲ့ကြရတာပါ။ဒါက ကျွန်တော်တို့ ခေတ်အကြောင်းပါ။ အရင်ခေတ်ကတော့ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာ ကို အင်္ဂလိပ်လို သင်တဲ့ခေတ်ပါ။ဒါကြောင့် ကျွန်တော်တို့ဟာ deep learning ဆိုတာနဲ့ အလှမ်းဝေးခဲ့ကြရပါတယ်။လေးနက်စွာ လေ့လာမှုကို ဘယ်လိုလေ့ကျင့်ရမလဲ ဆိုတာကတော့ …မိမိလေ့လာသော phrases ဒါမှ မဟုတ် audio story တွေကို repeating လုပ်ဖို့ပါပဲ။မှန်ကန်သော အပြင်လက်တွေ့ဘ၀တွင် အမှန်တတကယ် အသုံးတည့်သော material တွေကိုသာ repeating လုပ်ဖို့ပါပဲ။ Reapting ကို ဘယ်လောက် လုပ်ရမလဲ..ဆိုတော့ အကြိမ်ပေါင်းများစွာ လုပ်ရပါလိမ့်မယ်။အထပ်ထပ် လုပ်ရပါလိမ့်မယ်။သင်ပြောသော နေ့စဉ်စကားများထဲတွင် ထည့်သွင်းအသုံးပြုနိုင်လာတဲ့အထိ လုပ်ရပါမယ်။ အင်္ဂလိပ်စကားပြော ကို နားလည်တတ်ကျွမ်းသော လူအများကြားထဲ စကားပြောဆိုရာတွင် မိမိ repeating လုပ်ထားသော စကားလုံးများ ထည့်သွင်းအသုံးပြုနိုင်လာတဲ့အထိ လုပ်ရပါလိမ့်မယ်။ယုံကြည့်မှု ထားရှိပါ။ အမှားများ ပြုလုပ်ရန်ကြောက်စရာမလိုသင့်ပေ။လူတွေကသာ သင်အမှားပြုလုပ်သည်ကို အမှန်အဖြစ် ပြုပြင်ပေးနိုင်လို့ပါပဲ။ သင်မှတ်သားမည့် pharases ဒါမှ မဟုတ် simple story တစ်ခုခုကို repeating သုံးလေးခေါက်လောက် လုပ်ပြီး ငါ့တိုးတက်မှု တော်တော်မြန်ဆန်နေပါလား။ငါတော်တော်ဟုတ်နေပါလားဟု မယူဆသင့်ပေ။ ကျွန်တော်တို့ ဦးနှောက်ထဲတွင် စွဲမြဲလာတဲ့အထိ လုပ်ရမှာပါ။IT’S CALLED DEEP LEARNING.ငါ reapting ဒီလောက်လုပ်တာတောင် ပြန်ပြန်ပြီး မေ့နေပါလား တိုးတက်မှုမရှိပါလား တစ်ခုခုများ မှားနေပြီးလားဆိုပြီး စိတ်ဓါတ်မကျသင့်ပါ။ ကျွန်တော်ပြောချင်တာကတော့ NOTHING IS WRONG ပါ။ ဘာကြောင့်မို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ English language ကို second language အနေနဲ့ လေ့လာနေကြလို့ပါပဲ။





နောက်ဆုံးအချက်ကတော့ ယုံကြည်မှုပါပဲ။ကျွန်တ်ာတို့ရဲ့ ယုံကြည်မှုဟာ ကျွန်တော်တို့ရဲ့ အကျိုးရလဒ်ကို အတော်လေး လွမ်းမိုးပါတယ်။လူတွေဟာ အောင်မြင်တဲ့ ယုံကြည်မှုရှိရင် အောင်မြင်လေ့ရှိကြပြီး..ဇဝေဇ၀ါဖြစ်နေရင်တော့ ကျရှုံးတတ်ကြပါတယ်။အတိုချုပ်ပြောရရင်တော့ ကျွန်တော်တို့ရဲ့ ယုံကြည်မှုစိတ်သည် ကျွန်တော်တို့ရဲ့ learning ability ကို လွှမ်းမိုးတာပါပဲ။သင်အချိန်တိုတိုနဲ့ အောင်မြင်ချင်ရင် positive beliefs ထားရှိရပါလိမ့်မယ်။

ဒါတွေကတော့ negative belief တွေပါပဲ။

English speaking is difficult

* Iʼm not good at English

* Iʼm nervous when I speak English

* I must speak English perfectly every time

* I canʼt make mistakes

* There is only one right answer

* I must memorize and follow all grammar rules

* People from my country canʼt speak English well

* Itʼs impossible to speak English easily and quickly.

အဲ့ဒီ negative belief တွေ ဘယ်ကနေ လာပါသလဲ။လူအများစုအတွက်ကတော့ ဒီ negative belief တွေဟာ ကျွန်တော်တို့ စာသင်ကျောင်းကနေ ဖန်တီးခြင်းခံရပါတယ်။



Teachers force us to memorize grammar rules and take tests. We learn to believe that there is only one right answer for every question. We learn to fear mistakes. In school, We are embarrassed to make mistakes-- and thus We fear speaking.



ဒီလို negative belief တွေနဲ့ ကျွန်တော်တို့တွေ အရွယ်ရောက်လာတာပါ။ဒီ negative belief တွေက ကျွန်တော်တို့ ယုံကြည်မှုတွေကို ဖျက်ဆီးလိုက်တာပါပဲ။အင်္ဂလိပ်စကားကို လွယ်လွယ်ပြောတတ်ဖို့ ဒီ negative belief တွေကို ဖျက်ဆီးရပါလိမ့်မယ်။ကျွန်တော်တို့တွေဟာ These beliefs are wrong! လို့ နေ့စဉ်နေ့တိုင်း အော်ပြောရမှာပါ။ဒီ negative belief တွေကို positive belief တွေနဲ့ အစားထိုးဖို့အတွက် “English speaking is easy!”, “Iʼm a great English speaker!”, and “Perfection equals death!” လို့ မနက်တိုင်း မနက်တိုင်း အော်ပြောသင့်ပေသည်။ယခုလို small action လေးက သင့်ကို နောက်ဆုံးမှာ positive belief ရှိသူအဖြစ် လုံးဝပြောင်းလဲပေးစေပါတယ်။

နောက်ထပ်ယုံကြည်မှုတစ်ခု ရှိပါသေးတယ်။ဒါကတော့ သင့်ရဲ့ လေ့လာမှုကို လုံးဝပြောင်းလဲစေမှာပါ။ အဲ့တာကိုတော့ CANI လို့ခေါ်ပါတယ်။ CANI = CONSTANT AND NEVER-ENDING IMPROVEMENT ( အမြဲတမ်းနဲ့ အဆုံးမရှိသော တိုးတက်မှု ). CANI means that you will speak English very easily by focusing on small improvements every day. Thatʼs right-- SMALL improvements. With CANI, Our goal is to make a very tiny improvement each day.

အမြဲတမ်းနဲ့ အဆုံးမရှိသော တိုးတက်မှု ( CANI) ရချင်ရင်တော့ ကျွန်တော်တို့ဟာ နေ့စဉ်လေ့လာမှုကို ပြုကြရမှာဖြစ်ပါတယ်။







Don’t be afraid to make mistakes. Be confident. People can only correct your mistakes when they hear you make them.

Surround yourself in English. Put yourself in an all English speaking environment where you can learn passively. The best way to learn is through speaking.

Practice every day. Make yourself a study plan. Decide how much time a week you are going to spend studying and stick to it. Establish a routine.

Don’t translate into English from your own language. Think in English to improve your fluency. Talk to yourself…but not on the bus otherwise people will think you have gone crazy!

Nobody likes to hear their own voice, but be brave and try it! Record your voice and listen to your pronunciation and intonation. It will help you to identify your problem areas.

Don’t become too reliant on your dictionary. Your dictionary should be an aid, not your main teacher. Try to guess the meaning of words rather than going straight for your dictionary.

If you get nervous when speaking, take two deep breaths before you say something. You’ll speak better when you feel relaxed.

Learn English with a friend. You’ll have someone you can practice with and you can motivate each other to study.

Idioms can be difficult to memorize, but they are great fun to use and they’ll make your English more colourful.

Site Engineer's Note (2)

III Specification

1. Sanitary
(a) လိုအပ်တဲ့ရေအသုံး (water demand) ကို Table 1 Population Equivalent မှာကြည့်ပြီး တွက်ချက်နိုင်ပါတယ်။
(b) ရေဖြန့်ဝေမှုကို စနစ်နှစ်မျိုးသုံးနိုင်ပါတယ်။ ပထမတစ်ခုက မြေအောက်(သို့)မြေပေါ်ကန်ထားပြီး အဲဒီကနေ ရေဖြန့်တဲ့ Up Feed Distribution System ။ နောက်တစ်ခုက မြေအောက်(သို့)မြေပေါ်ကန် (Ground Tank) ကနေ အပေါ်ကန် (roof tank) ၊ အပေါ်ကန်ကနေမှပြန်ဖြန့်တဲ့ Down Feed Distribution System
(c) Ground Tank က Table 1 ကတွက်ချက်လို့ရတာရဲ့ နှစ်ရက်စာရေပမာဏကို သိုလှောင်နိုင်ရမယ်။ အနဲဆုံးဆိုရင်တော့ တစ်ရက်စာရေပမာဏကို သိုလှောင်နိုင်ရမယ်။
(d) Roof Tank က   တစ်ရက်စာရေပမာဏရဲ့ ၅၀%ကို သိုလှောင်နိုင်ရမယ်။ အနဲဆုံးဆိုရင်တော့ တစ်ရက်စာရေပမာဏရဲ့ ၃၅%ကို သိုလှောင်နိုင်ရမယ်။ တစ်ကန်ထက်ပိုသုံးမယ်ဆိုရင် အနဲဆုံး ဂါလံ ၁၆၀၀ ရှိရမယ်။ (အနဲဆုံး ဂါလံ ၁၆၀၀ဆိုတာ အထပ်မြင့်အဆောက်အဦတွေအတွက် ကန့်သက်ချက်ပါ၊ အထပ်မြင့်မဟုတ်တာတွေ အတွက် မလိုအပ်ဟု ယူဆပါသည်)
(e) Public Buildings အတွက် Fire Protection System တွေပါလာရင်တော့ fire protection အတွက်လိုအပ်တဲ့ရေပမာဏကို ထပ်ပေါင်းထည့်ပေးရပါမယ်။ လိုအပ်တဲ့ရေပမာဏကို Table 3,4 မှာကြည့်နိုင်ပါတယ်။
(f) Septic Tank ကိုတော့ လူတစ်ဦး ၂၅ ဂါလံနှုန်းနဲ့ ဒီဆိုင်းလုပ်ခိုင်းပါတယ်။
(g) ကန်အတိုင်းအတာ ရှာနိုင်ဖို့အတွက် 1cft = 6.24 gal ရှိပါတယ်။
Reference (for a to e) : Guidelines for High-Rise Building Construction Projects (Sanitary) - CQHP
Reference (for f) : Basic Civil Engineering & Building Construction

Table 1. Population EquivalentTable 1. Population Equivalent

Table 3 & Table 4Table 3 & Table 4

2. Standard Bar Hooks
Stirrups or ties အတွက် hooks တွေကို Earthquake အတွက်ဆို 135 hook ဖြစ်ရပါမယ်။ ကွင်း hooks တွေကို column မှာဆို ၃၆၅ deg တပတ်လည်လှည့်ချီပေးရပါမယ်။ Beam မှာတော့ hook ကို အပေါ်မှာပဲထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။ Hooks ကို အောက်မှာမထားသင့်ပါဘူး။ Cantilever beam ဆိုရင်တော့ Hooks ကို အောက်မှာထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။ 

 

3. Splice Locations and Lengths for Beams & Columns
Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား coln face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။
Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။




4. Cutoff or Bend Points  for Beams and One-Way Slabs



5. Concrete Covers

Site Engineer's Note (1)

I Building Materials
1. Steel
Unit weight = 490 lb/ft3
သံချောင်းဆိုဒ်များ၏ တစ်မီတာတွင်ရှိသော အလေးချိန် ပုံသေနည်း
d2/162 (kg/m), where d=diameter in mm

၁၂မီတာ(၄၀ပေ) အရှည်ရှိသံချောင်းဆိုဒ်များ၏ (၁)တန်တွင်ရှိသော အချောင်းရေ
25mm = 21 no
22mm =  27 no
20mm = 33 no
18mm = 41 no
16mm = 53 no
12mm = 88 no
10mm = 135 no

Ties & Stirrups အတွက်သုံးတဲ့ 6.5mm, 8mm စတာတွေက အချောင်းရေနဲ့မလာဘဲ coil နဲ့လာပါတယ်
8mm   =  0.395 kg/m, 1ton=2531m, 1 viss = 13.35 = 13'4"
6.5mm = 0.26 kg/m, 1ton=3834m, 1 viss = 20.22 = 20'3"

2. Cement
1 bag = 50 kg = 112 lb (Including bag) = 1.2 cft

3. Brick
Brick wt = 6 lb>8lb

အုတ်ကောင်းအရည်အသွေးများ
> အုတ်အရွယ်အစား နှင့် ပုံစံ ညီနေရမည်
> အုတ်ချပ်ချင်း တီးခပ်လျှင် ကြည်လင်သော အသံလွင်ရမည်
> ကျိုးနေသော အုတ်သားကိုကြည့်လျှင် ညီညာပြီး သမသော အသား ပေါ်နေရမည်
> အုတ်များ အားကောင်းပြီး ဖိအားဒဏ်ကို 35MPa အထက် ခံနိုင်ရည်ရှိရမည်
> အုတ်များသည် ကောင်းစွာမာကျောပြီး လက်သည်းဖြင့်ခြစ်ကြည့်လျှင် အုတ်၏မျက်နှာပြင်တွင် လက်သည်းရာ ထင်ကျန်ခြင်း မရှိစေရ။
> အုတ်ကို ၂၄နာရီ ရေစိမ်ထားရင် ၄င်းအလေးချိန် ၂၀% ထက်ပိုသောရေကို မစုပ်ရပါ
> အုတ်ချပ်တွင် အရည်ပျော်ဆား ပါဝင်စေခြင်းမရှိစေရ။ ဆားများပါဝင်ခဲ့လျှင် မျက်နှာပြင်ပေါ်တွင် မီးခိုးရောင် (သို့) အဖြူရောင် အဖတ်များကျန်နေမည်။

4. Sand & Stone
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

5. Wood
1 ton = 50 cft
အသား  ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။




II Ready mixed concrete grade
Ready mixed concrete မှာ M20, M25, M30 စသဖြင့်ရှိပါတယ်။ အဲဒီမှာ ဥပမာ M20 ဆိုရာမှာ M က mix ကို ဆိုလိုပါတယ် 25 ကတော့ 28 days cube strength 25 MPa (N/mm2) လို့  ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။ (M အစား G ကို သုံးတာကိုလည်း တွေ့ရပါတယ်)
G 20 = 20 MPa = 2900 psi
G 25 = 25 MPa =  3625 psi
G 30 = 30 MPa = 4350 psi
G 35 = 35 MPa = 5075 psi
ဒီမှာသတိပြုရမှာက Structural Designer က 28 days မှာ ရှိတဲ့ concrete ရဲ့ cylinder strength (f'c )ကို ပြောပါတယ်။ Concrete ရောင်းတဲ့သူတွေကတော့  28 days cube strength (f'c cube) ကို ပြောပါတယ်။ ဒီနှစ်ခုရဲ့ ဆက်သွယ်ချက်ကတော့
    CQHP guidelines အရ
    f'c ~ 0.78 f'c cube (f'c
    f'c ~ 0.8 f'c cube (3500<f psi="">
    f'c ~ 0.81 f'c cube (5000<f psi="">
    f'c ~ 0.83 f'c cube (f'c >6000 psi) ဖြစ်ပါတယ်။
ဒါကြောင့် concrete မှာရာမှာ  Structural Designer ကပေးတဲ့ f'c တန်ဖိုးကို  f'c cube ပြောင်းကြည့်ပြီးမှ ကိုက်ညီတဲ့ grade ကို မှာရမှာပါ။

Grade နဲ့ concrete အရည်အသွေး သတ်မှတ်ချက်တွေကတော့
    Ordinary concrete - M10, M15, M20
    Standard Concrete - M25, M30, M35, M40, M45. M50, M55
    High strength concrete - M60, M65, M70, M75, M80 ဖြစ်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
</f>
</f>

အယူအဆအလွဲများ(၁၆)

ကပ်နေသော Isolated Footing (Column Footing) ၂ခုကို သံချီရာတွင် တွဲချီပြီးလောင်းခြင်း

တခါတလေကြ ဆိုဒ်မှာ ကပ်နေတဲ့ Isolated Footing 2ခု ဥပမာ 6' span (အခန်းဖွဲ့) ရှိပြီး 5'6"x5'6" Footing Size စီရှိတဲ့  Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတာမျိုး လုပ်တတ်ကြတယ်။ Footing 2ခုက 6"ကွာရမှာကို မြေတူးတော့လည်း ဆက်နေတာနဲ့ တွဲလောင်းမိသွားတတ်တယ်။ 5'6"x5'6" ရှိနေမဲ့ Footing 2ခုက တွဲလောင်းတော့ ပိုတောင့်တယ် 5'6"x11'6"ဖြစ်ပြီး Footing Area တောင်ပိုပြီး  ပိုတောင့်ပိုကောင်းတယ် အောင်းမေ့တတ်ပါတယ်။ ဒါပေမယ့်........

Photo from REINFORCED CONCRETE Mechanics and DesignPhoto from REINFORCED CONCRETE Mechanics and Design

၁) Isolated Footing ရဲ့ သဘောက ပုံမှာပြထားပါတယ်။ Column က Point Load လာမယ်။ ဒါကို Footing အောက်က မြေကြီးက ပြန်တွန်းကန်မယ် အဲဒီမှာ Footing ရဲ့ deformed shape ကို ကြည့်ကြည့်ပါ။ အဲဒီအတွက် Reinforcement(သံချောင်း) ထည့်တဲ့အခါ အောက်မှာ cover 3" ထားပြီး One Layer ပဲထည့်ရပါတယ်။ Bottom Layer ပဲထည့်ရပြီး Top Layer မလိုပါဘူး။

Photo from InternetPhoto from Internet

၂) Combined Footing ရဲ့ သဘောကို ပုံမှာကြည့်နိုင်ပါတယ်။ Column 2ခုကို Footing တစ်ခုတည်းနဲ့တွဲထားတာဖြစ်ပြီး Column load တွေကို Footing အောက်က မြေကြီးက ပြန်တွန်းတဲ့အခါ ဖြစ်သွားတဲ့ deformed shape ကို ပုံမှာကြည့်ကြည့်ပါ။ လိုအပ်တဲ့ Reinforcement ကိုလည်း ပန်းရောင်လိုင်းနဲ့ထည့်ထားတာ Bottom ရယ် Top ရယ် 2လွှာဖြစ်နေတာကို တွေ့မှာပါ။
၃) အဲတော့ Isolated Footing မှာ  Reinforcement ကို Bottom layer တစ်လွှာပဲလိုပြီး Combined Footing မှာ နှစ်လွှာလိုပါတယ်။
၎) ဒီတော့ တစ်တိုင်တစ်ခွာစီရှိနေတဲ့ Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတဲ့အခါ Combined Footing ဖြစ်သွားပါတယ်။ ဒီမှာ နဂို Isolated Footing Design ကလို  Reinforcement ကို တစ်လွှာနဲ့မရပါ။ ဒါကြောင့် Reinforcement ကို တစ်လွှာပဲဆိုရင် တွဲလောင်းလို့မရပါ။ တွဲလောင်းမယ်ဆိုရင် Combined Footing Action ၀င်မှာဖြစ်တဲ့အတွက် 2လွှာချီဖို့လိုပါလိမ့်မယ်။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၇)

One way slab ကို သံတစ်လွှာတည်းချီသော slab   နှင့် Two way slab ကို သံနှစ်လွှာချီသည့် slab ဟု အမှတ်မှားနေခြင်း

ဒီဟာကလည်း ကျောင်းပြီးခါစအင်/ယာ တွေတင်မကဘူး အတွေ့အကြုံများတဲ့ အင်/ယာတချို့ပါ One way, two way slab ဆိုတာ သံကို one layer, two layer ချီတဲ့ slab ဆိုပြီး အမှတ်မှားကြပါတယ်။

၁) အကြမ်းအားဖြင့်တော့ Loading ကြောင့် slab defelction ဖြစ်ရာမှာ direction တစ်ဖက်တည်း deflection ဖြစ်တဲ့ slab ကို One-way slab လို့ခေါ်ပြီးတော့ direction (၂) ဖက် deflection ဖြစ်တဲ့ slab ကိုတော့ Two-way slab လို့ခေါ်ပါတယ်။

ဒါကတော့ One way slab deflection ဖြစ်တဲ့ပုံပါ



ဒါကတော့ Two way slab deflection ဖြစ်တဲ့ပုံပါ


၂) One way slab မှာ slab က load ကို တိုတဲ့ direction အတိုင်း transfer လုပ်ပြီး ရှည်တဲ့ beam က ထမ်းရပါတယ်။ (Theory မှာ 100% ယူပြီး လက်တွေ့မှာတော့ 95% အထက်ရှိတယ်လို့ဆိုပါတယ်။) Two way slab ကတော့  load ကို တိုတဲ့ direction ရော ရှည်တဲ့ direction ပါ သူ့အချိုးနဲ့သူ transfer လုပ်ပါတယ်။

၃) ရှည်တဲ့အနား(la) ကို တိုတဲ့အနား(lb) နဲ့စားလို့ ၂ နဲ့ ၂ထက်ကြီးရင် one way slab လို့ သတ်မှတ်ပြီးတော့ ၂အောက်ငယ်တယ်ဆိုရင် two way slab လို့သတ်မှတ်ပါတယ်။

ပုံမှာ One way slab ရဲ့ load transfer လုပ်တဲ့ပုံနဲ့ two way slab ရဲ့ load transfer လုပ်ပုံကို Yield line analysis method နဲ့ ခွဲပြီး Arrow နဲ့ဝေထားတာကို တွေ့ရပါမယ်။


၎) အပေါ်လွှာသံချောင်းက -ve moment အတွက် ထည့်တာပါ။ အောက်လွှာသံချောင်းက  +ve moment အတွက် ထည့်တာပါ။  one way ဖြစ်ဖြစ်  two way ဖြစ်ဖြစ် support condition ပေါ်မူတည်ပြီး  -ve နဲ့  +ve moment ရှိရင် ရှိတဲ့ moment အတွက် လိုအပ်တဲ့ Rebar(သံချောင်း) လွှာကို ထည့်ရမှာပါ။

ဒါကတော့ Typical One way slab ပုံပါ။ Rebar သံချောင်း(၂)လွှာပါတာ တွေ့နိုင်ပါတယ်။


၅) ဒီလို One way ကို one layer ထဲချီတဲ့ slab,  two way ကို two layer ချီတဲ့ slab လို့ခေါ်ကြတာ ကန်ထရိုက်တိုက် ဆောက်တဲ့သူတွေ ဆီကစ အမှတ်မှားလာကြတာ ထင်ပါတယ်။ သူတို့တွေက slab ကို one way, two way ဘာလာလာ one layer ပဲ ချီလေ့ရှိပါတယ်။ အဲ့တော့ ထူးပြီးတော့ two layers ချီရတော့မယ်ဆိုရင် two way slab လို့မှားခေါ်ကြရော။

ဒီပုံကတော့ ကန်ထရိုက်တိုက်တစ်ခုမှာ one way slab ရော two way slab ရော one layer ပဲ ချီထားတဲ့ပုံပါ။


(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၅)

Slab သံချီရာတွင် မှားယွင်းနေခြင်း
Slab တစ်ခုမှာ Support မှာ Top steel လိုပြီးတော့ Span မှာကြတော့ Bottom steel လိုပါတယ်။ ဒါကြောင့် သံချီရာမှာ support နားမှာ ဟိုဘက်ဒီဘက် L/4 - L/3 လောက်စီ Top bar ကို Cutoff bar (ကုပ်စီးဘား) အနေနဲ့ ထည့်ကြလေ့ရှိပါတယ်။


ဒါပေမယ့် ဒီနေရာမှာ မှားနေကြတာက Slab တစ်ခု (သို့) တစ်ကွက်ကို စဉ်းစားကြရာမှာ ပုံကလို Column ကို 20' လောက်စီရှိပြီး Main beam တွေအလယ်မှာ Secondary beam ထပ်ကွက်ထားတဲ့အခါ Slab ကို တိုင်နဲ့ကြည့်ပြီး Main Beam ပတ်လည် 20'ကျော်လောက်ကို Slab တကွက်အနေနဲ့ ယူဆပြီး Cutoff bar (ကုပ်စီးဘား) ကို Main beam ပတ်ပတ်လည်ကနေပဲ ထည့်ပြီး လုပ်နေတာတွေပါ။


အမှန်က main beam ဖြစ်စေ Secondary beam ဖြစ်စေ ပတ်လည်ရှိနေတဲ့ 10' လောက်ရှိတဲ့ slab အကွက်တွေကို တစ်ခုချင်း စဉ်းစားရမှာပါ။ ဒါကြောင့် Beam (Main or Secondary) ပတ်လည်မှာ  Cutoff bar (ကုပ်စီးဘား) တွေထည့်ရမှာဖြစ်ပါတယ်။
ပုံမှာ အပြာနဲ့ဝိုင်းပြထားတာတွေမှာပဲ Cutoff bar (ကုပ်စီးဘား) တွေထည့်ထားပြီး အနီနဲ့ဝိုင်းပြထားတဲ့နေရာတွေမှာ မပါတာကို တွေ့ရပါလိမ့်မယ်။
ဒီအမှားတွေကို တော်တော်များများ မှားနေကြတာကို တွေ့နေရပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၄)

အုတ်မြစ်ချခြင်းနှင့် Structure အမြင်

အုတ်မြစ်ချတိုင်ထူမင်္ဂလာတွေ လုပ်တဲ့အခါမှာ ရွှေအုတ်၊ ငွေအုတ် ဆိုပြီး အုတ်ခဲတွေ ထည့်လေ့ရှိပါတယ်။ ဟိုးအရင်ကလို အုတ်တိုက်တွေလိုမျိုးမှာ ဘာမှမဖြစ်ပေမယ့် RC အဆောက်အဦတွေမှာတော့ ဇယားတော့ ရှိလာပါတယ်။ အုတ်က ကွန်ကရစ်ထက်စာရင် Compressive strength (ဖိအားခံနိုင်ရည်) နည်းတဲ့အတွက် Foundation (ဖောင်ဒေးရှင်း) ကို Weak ဖြစ်(အားနည်း) စေပါတယ်။ နောက်ထည့်တဲ့အုတ်အရေအတွက်များလေလေ သူတို့က ကွန်ကရစ်နေရာအစား အုတ်ဝင်ရောက်မှုများလေလေ ဖြစ်တာမို့ weak ဖြစ်လေလေပါပဲ။
ဒါပေမယ့် ဒါတွေက ရိုးရာအယူတွေ ဖြစ်တဲ့အတွက် ရှောင်လွဲလို့တော့ မရနိုင်ပါဘူး။ အဲ့တော့ Structure ကို မထိခိုက်အောင် ဘယ်လိုမျိုး ဆောင်ရွက်သင့်တယ်ဆိုတာကိုပဲ ရှာကြံရတော့မှာပါ။



(၁) ပုံမှာပြထားသလို lean concrete လောင်းတဲ့အခါ အုတ်တွေထည့်ဖို့ ချိုင့်လေးထားခဲ့မယ်ဆိုရင်တော့ Foundation အတွက် Footing ထုကို အုတ်အစားထိုးဝင်ရောက်မှု မရှိဘဲ ကွန်ကရစ်ချည်း ရရှိမှာ ဖြစ်ပါတယ်။
(၂) ဒါပေမယ့် တခါတရံ ရွှေအုတ်၊ ငွေအုတ် ထည့်မှာကို ကြိုမသိတဲ့အခါမျိုး lean လောင်းပြီးမှ ရွှေအုတ်၊ ငွေအုတ် ထည့်မယ်လို့ ဖြစ်သွားတဲ့အခါမျိုးလည်း ရှိပါတယ်။
အဲ့အခါကြရင် အုတ်မြှုပ်တဲ့အထိကို lean လို့ယူဆပြီး အုတ်အပေါ် clear cover 3" မှာမှ သံခွာထည့်ပြီး ဖြေရှင်းနိုင်ပါတယ်။ Lean စာကတော့ နှစ်ခါကုန်သွားတာပေါ့။


(၃) ဒီလိုမှမဟုတ် Lean စာကတော့ နှစ်ခါမကုန်ချင်ဘူးဆိုရင် အုတ်တွေကလည်း ပုံထဲကလို သိပ်မများဘူးဆိုရင်တော့ အုတ်တွေကို နေရာခွဲထားပါ။


 Punching Shear ဖြစ်နိုင်မယ့်နေရာ (ပုံမှာ dotted line နဲ့ပြထားပြီး critical section လို့စာတန်းထိုးထားတဲ့နေရာ (Column ကနေ distance (effective depth) d/2  ရှိတဲ့နေရာ) ကို ရှောင်ပါ။ နောက် One way shaear (Column ကနေ distance (effective depth) d ရှိတဲ့နေရာ) ကို ရှောင်ပါ။


(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၃)

အဆောက်အဦတစ်ခု ဆောက်ဖို့ structure ဆိုတာ တွက်စရာ မလိုပါဘူး။  အတွေ့အကြုံနဲ့ မှန်းဆောက်လို့ရပါတယ်။

ဒီနေ့တော့ စော်ကားတာမဟုတ်ဘူးဆိုပြီး စော်ကားတော့ ခံလိုက်ရတယ်။
ဖြစ်တာက Structure တစ်ခုကို company တစ်ခုက တွက်ခိုင်းတာ တွက်ပြီး design ပြန်ပေးပြီးမှ Basement ထည့်မယ်ဆိုပြီး ပြန်ရောက်လာပါတယ်။ ဒီတခါလာတဲ့သူက construction ကို တာဝန်ခံဆောက်လုပ်မယ့်  Company က sub ပြန်ခိုင်းထားပုံရတဲ့ Engineer ပါ။ အရင်တွက်ပေးထားတဲ့ combined footing ကနေ mat foundation ပြန်တွက်ပေးရုံပါပဲ။ အဲဒီမှာ ကိုယ်က စေတနာတွေပိုပြီး  design မှာ coln size တွေကို 15x15 ကနေ အပေါ်ထပ်တွေမှာ 12x15 ပြောင်းထားတာတွေ ရှိတယ်။ Construction မှာ အဆင်မပြေလို့ size မလျော့ချင်ရင် ပြန်ပြောပါ။ Size မလျော့ရင် steel area လျော့ပေးလို့ရပါတယ်။ Design ပြန်ပေးပါမယ် လို့ ပြောလိုက်ပါတယ်။ အဲဒီမှာ သူပြန်ပြောတာက "သူတို့က အကိုကို ယုံကြည်လို့ အကို့design အတိုင်းတသွေမတိမ်း လုပ်ပါမယ်။ စော်ကားတာတော့ မဟုတ်ဘူးနော် ကျွန်တော် ဆောက်လာတာ ကြာပြီဆိုတော့ ကျွန်တော်ကို တာဝန်ပေးလိုက်ရင် ကိုယ့်ဘာသာ ကြည့်လုပ်လိုက်လို့ရပါတယ်။ အခုဟာက အကိုကို ယုံကြည်လို့ အကိုနဲ့ တည်ထားတာဆိုတော့ လေးစားသမှုနဲ့ အကိုdesign အတိုင်းလုပ်မှာပါ " လို့ပြန်ပြောတယ်။
ဒါမျိုးက အတွေ့အကြုံများတယ်ဆိုတဲ့ အင်ဂျင်နီယာပညာနည်းတဲ့ အင်ဂျင်နီယာတွေမှာ အများဆုံးတွေ့ရပါတယ်။ သူတို့က Structure design လိုတယ်လို့ မထင်ပါဘူး။ အပိုအလုပ်လို့တောင် ခံယူထားတတ်ပါတယ်။ ကျွန်တော် construction အတွေ့အကြုံအနေနဲ့ ဆယ်စုနှစ်တခု ကျော်ခဲ့ပါပြီ။ Structure project ပေါင်းလည်း ရာချီပြီး run ခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီနေ့အထိ အဆောက်အဦတစ်ခုကို modelling မှာမှန်းထားတာနဲ့ design results ၁၀၀ ရာနှုန်း မတူညီပါဘူး (ဂိုထောင်လိုမျိုး အခန်းဖွဲ့ညီ pre-engineering လုပ်လို့ရတဲ့ အဆောက်အဦများ မပါပါ)။ construction ရော structure deign ရော နှစ်မျိုးလုံးမှာ အတွေ့အကြူံရှိတဲ့သူတွေတောင်မှ မခန့်မှန်းနိုင်ကြတာ သူတို့က အတွေ့အကြူံနဲ့ ဆောက်တယ်ဆိုတာ လက်ခံဖို့ ခက်ပါတယ်။ ကျွန်တော်တို့ မလွှဲမရှောင်သာလို့ ခန့်မှန်းပေးရမယ် ဆိုရင်တောင် ပုံမှန်မှန်းရင် ကွက်တိဝင်တာတွေ ပါပေမယ့် ပိုသွားတာလေးတွေ လိုတာလေးတွေလဲပါတတ်လို့ ပိုပိုသာသာလေး ခန့်မှန်းပေးရပါတယ်။ အဲလို စိတ်ချရအောင် မှန်းရတဲ့အခါမျိုးမှာ economical တော့ မဖြစ်တော့ဘူးပေါ့။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၂)

ရေကန်ကို စသုံးမယ်ဆိုရင် တခါတည်း ရေအပြည့်မထည့်ရဘူး ရေနည်းနည်းချင်းထည့်ပြီးကျင့်ပေးရတယ်။
ရေကန်ပြီးလို့ ရေမထည့်ထားရင် ကန်ကွဲတတ်တယ်။

ဒါတွေကတော့ site ထဲမှာ ပန်းရန်ဆရာတော်တော်များများနဲ့ အင်ဂျင်နီယာအချို့ ပြောတတ်ကြပါတယ်။
တကယ်တော့ ရေကန်တခုကို စတင်သုံးမယ်ဆိုရင် သူ့ရဲ့သတ်မှတ်ထားတဲ့ အား(strength) ပြည့်ရင် ကျင့်ပေးစရာမလို ရေအပြည့် ထည့်နိုင်ပါတယ်။ (loading အပြည့် ခံနိုင်ပါတယ်)။
RC ရေကန်တစ်ခုကို ဘယ်နှယ်ရက်မြောက်မှာ ရေစတင်သုံးချင်သလဲဆိုတာကြည့်ရပါမယ်။ အဲဒီ စသုံးမယ့်ရက်မှာ အားအပြည့်မရသေးရင် ဘယ်နှယ်ရာခိုင်နှုန်းရပြီလဲ ကြည့်ရပါမယ်။ အဲဒီ ရာခိုင်နှုန်းအထိသာ ရေကိုထည့်သုံးသင့်ပါတယ်။
ဥပမာ (၇)မြောက်နေ့မှာ သုံးချင်တယ်ဆိုရင် concrete strength က ၇ ရက်မှာ 28 days strength ရဲ့ ၇၁% ရှိတဲ့အတွက် ရေကိုလည်း ၇၁% ထိသာ ထည့်သုံးသင့်ပါတယ်။
(ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete strength ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာ  https://www.facebook.com/notes/bobo-kyaw/civil-%E1%80%94%E1%80%B2%E1%82%95%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%B1%E1%80%99%E1%80%B8%E1%80%A1%E1%80%B1%E1%80%BB%E1%80%96-%E1%81%84/10200800213828228 မှာ ကြည့်နိုင်ပါတယ်။
"ရေကန်ပြီးလို့ ရေမထည့်ထားရင် ကန်ကွဲတတ်တယ်" ဆိုတာမှာ concrete တွေမကွဲဖို့ဆိုရင် concrete လောင်းပြီးနောက် curing ပေးတဲ့အချက်မှာ အဓိကမူတည်ပါတယ်။ ရေထည့်ထားခြင်း၊ မထားခြင်းက အဓိကမကျပါ။
(ဗိုလ်ဗိုလ်ကျော်)

Friday, October 24, 2014

အင်္ဂလိပ်စာ လေ့လာနည်း


အင်္ဂလိပ်စာ လေ့လာနည်း

 

(အင်္ဂလိပ်စာ လေ့လာနေကြတဲ့ သူငယ်ချင်းတို့အတွက် ဒီဆောင်ပါးလေးဟာ အလွန်အကျိုးရှိစေမယ်လို့ မျှော်လင့်မိပါတယ်။ ဦးတင်ညွှန်ရေးသားထားတာပါ၊ အရင်တုန်းကလဲ ဦးတင်ညွှန်ရဲ့ ဆောင်းပါးတွေတင်ပေးခဲ့ဖူးပါတယ်။ ကဲ... ဒီဆောင်ပါးလေးထဲအတိုင်း သူငယ်ချင်းတို့လဲ လေ့လာကျင့်ကြံအားထုတ်ရင်း အင်္ဂလိပ်စာထူးချွန်သူတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်......)
အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။ စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့)
၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ
ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။

၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ
ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင် လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။

၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ
အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

၎။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ
ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် http://www.englishclub.com/ ကို ၀င်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ
New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။

၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ
စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။

၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ
အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။

ဘယ်ကနေစကြမလဲ၊ ဘာကြောင့်အင်္ဂလိပ်စာကို လေ့လာချင်ရတာလဲ?
အင်္ဂလိပ်စာမလေ့လာမီ ကိုယ့်ကိုယ်ကို မေးခွန်းလေးတစ်ခုလောက် ပြန်မေးကြည့်ပါ။ “ငါ ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်ရာတာလဲ” လို့ပေါ့။ ကိုယ်တိုင်ကတတ်ချင်လို့လား၊ သူများက လေ့လာခိုင်းလို့လား။ ဘ၀မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နိုင်မှ ခိုင်မြဲတာ။ ဒီလိုမျိုးပဲ အင်္ဂလိပ်စာကိုလည်း ကိုယ်တိုင်က မဖြစ်မနေ သင်မှရမယ်၊ တတ်မှဖြစ်မယ်ဆို တဲ့ စိတ်ဓာတ်မျိုးနဲ့ လေ့လာသင်ယူကြည့်ပါလား။

ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ
ကိုယ်တိုင်က လေ့လာချင်တာသေချာရင် ပန်းတိုင်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရတော့မယ်ဆိုပါတော့ တကယ့်အခွင့်ကောင်းပဲ။ ကိုယ့်ပန်းတိုင်က အင်္ဂလိပ်လိုတတ်မှဖြစ် တော့မယ်။ ဒါကြောင့် သေရေးရှင်ရေး အင်္ဂလိပ်စာကို လေ့လာရတော့မယ်။ အသုံးများတဲ့ စာလုံး အတော်များများ၊ စကားစုအတော်များများကို သိရတော့မယ်။ ပြန်မပြောတတ်ရင်တောင် သူများပြောတာကို သိအောင် အရင်လေ့လာသွားရမယ်။ အသံထွက်တွေ လေ့လာရတော့မယ်။ ကိုယ်ရည်မှန်းထားတာတွေ အားလုံးကို ချရေးထားလိုက်။

လုပ်ငန်းစဉ်ရေးဆွဲထားပါ
ပန်းတိုင်ရောက်ဖို့ ဘယ်နှနှစ်လောက်လျှောက်မှာလဲ။ ဒီမေးခွန်းကတော့ ဖြေဖို့ခက်မယ်ထင်တယ်။ အရေးကြီး တာက လက်တွေ့ကျကျ လုပ်နိုင်ဖို့ပဲလိုတယ်။ တစ်ပတ်မှာ နာရီ ၆၀ အလုပ်လုပ်မယ်လို့ စိတ်ကူးထားသူတစ် ယောက်ဟာ နာရီ ၄၀ အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး စီမံချက်ရေးထားလို့မရဘူး။ ဖြည်းဖြည်းချင်းစမယ်။ ပုံမှန်လေ့လာနိုင်အောင် စပြီးကြိုးစားမယ်။ အလုပ်အဖြစ်နိုင်ဆုံးကို စပြီးလုပ်မယ်။ ခက်ခက်ခဲခဲတွေကို စပြီးမကိုင်မိစေနဲ့။ တစ်ပတ်လောက် လေ့လာပြီး ကိုယ့်အနေအထားကို ပြန်သုံးသပ်မယ်။ လိုအပ်ရင် လေ့လာမှုကို အတိုးအလျှော့ပြန်ညှိမယ်။ ညဘက် လေ့လာရတာပိုကြိုက်သလား၊ ဘတ်စ်ကားစီးရင်း လေ့လာ သွားရတာကို ကြိုက်သလား၊ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းလေ့လာရတာကို ကြိုက်သလား၊ သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာကို ကြိုက်သလား၊ စာဖတ်ရင် သီချင်းဖွင့်ထားတာ ကို သဘောကျသလား ကိုယ့်စိတ်ကြိုက် လုပ်ငန်းစဉ်ဇယားကို ရေးဆွဲထားဖို့ လိုလိမ့်မယ်။

ဇွဲရှိရှိ ကြိုးစားကြည့်ပါ
အင်္ဂလိပ်စာလေ့လာတယ်ဆိုတာ တွန်းအားတွေ အများကြီးလိုတယ်။ ကိုယ်တိုင်လုပ်ရတဲ့ကိစ္စဖြစ်နေတာကြောင့် ဘယ်သူကမှ ကိုယ့်နေရာကို ၀င်လုပ်ပေးလို့မရဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်မှရမယ်။ ဇွဲမရှိရင် တတ်မှာမဟုတ်ဘူး။

ပျော်ရွှင်စွာသင်ယူပါ
ဘ၀မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေဟာ၊ စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တာတွေကြောင့် များတယ်။ အင်္ဂလိပ်စာ သင်တော့သင်နေတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ဆိုနိုင်တယ်။ နည်းစနစ် မှားနေသလား၊ လမ်းကြောင်းလွဲနေသလား ပြန်ပြီးသုံးသပ်ကြည့်ရမယ်။ သင်လို့ ပျော်နေတုန်း စိတ်ပျက်တာတွေလည်းရှိနိုင်တယ်။ ကိုယ့်ကိုယ်ကို အားပေးနေဖို့လည်းလိုတယ်။

ရေး၊ ဖတ်၊ ပြော၊ ကြား လေးနားညီအောင်လုပ်မယ်
တကယ်တော့ ရေး ဖတ် ပြော ကြားဆိုတာ အင်္ဂလိပ်လို 4 key skills ကိုပြောတာ။ အင်္ဂလိပ်လိုကတော့ ကြား၊ ပြော၊ ဖတ်၊ ရေး (Listening, Speakingb, Reading, Writing) လို့ဆိုထားတယ်။ အချို့ကျောင်းသားတွေက အင်္ဂလိပ်လိုကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ကြတယ်။ အဲဒီလိုပြောနိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် LSRW ကို မျှတအောင် လေ့လာဖို့လိုတယ်။ ဒီလေးမျိုးက အရေးလည်းကြီးတယ်။ ဘယ်ဘာသာပဲသင်သင် ဒီလေးမျိုး ပိုင်နိုင်မှရတယ်။ တစ်မျိုးတည်းမှာ ထူးချွန်နေလို့မရဘူး။ စာတော့ ကောင်းကောင်းဖတ်နိုင်ပါရဲ့ မရေး တတ်ဘူးဆိုရင်လည်း လိုသေးတာပဲ။ မပြောခင် နားထောင်တတ်အောင်လုပ်ရမယ်။ ဒီ 4 skills ကို အုပ်စုနှစ်စု ခွဲလိုက်လို့ရတယ်။

          INput            /p>

                   နားထောင်ခြင်း (နားဖြင့်)

                   ဖတ်ခြင်း (မျက်လုံးဖြင့်)

           OUTput         >>>>>      

                   ပြောခြင်း (ပါးစပ်ဖြင့်)

                   ရေးခြင်း (လက်ဖြင့်)

အထက်ကနည်းအတိုင်းသွားကြည့်ပါ။ လွယ်သွားပါလိမ့်မယ်။ ပထမဦးဆုံး Input ကို အရင်လုပ်မယ်။ ပြီးမှ Output ကိုသွားမယ်။ ပထမဦးဆုံး မေးခွန်းတွေ မေးတာကို နားထောင်ကြည့်မယ်။ ပြီးရင် မေးတာတွေကို ပြန်ဖြေကြည့်မယ်။ တစ်ယောက်ယောက်က အင်္ဂလိပ်လို ရေးပေးတဲ့စာကို ဖတ်ကြည့်မယ်။ ပြီးရင် ပြန်စာကို ရေးကြည့်မယ်။ ဒါဟာ ဆက်သွယ်နည်းပုံစံပဲ။
Input နဲ့ Output ကို အစီအစဉ်တကျ သွားစရာမလိုဘူး။ တစ်ခါတလေ ပြောတာကို အရင် လုပ်ချင်လည်းလုပ်မယ်။ နားထောင်တာကို ဒုတိယနေရာမှာ ထားချင်လည်းထားမယ်။ ကြားတာကို နောက်မှ ပြန်ရေးတာကိုလည်း လုပ်ချင်လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တယ်ဆိုတာ နားလည်ဖို့ပဲ။ ကိုယ်နဲ့ ဆက်သွယ်ပြောဆိုတဲ့လူကလည်း အစီအစဉ်အတိုင်း သင်ယူခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။
တချို့ကျောင်းသားတွေဟာ ဘယ်အပိုင်းက ပိုပြီးအရေးကြီးသလဲလို့ သိချင်ကြတယ်။ အားလုံး အရေးကြီးတယ်။ တစ်ခုအပေါ်တစ်ခု မှီနေကြတာကြောင့်ပေါ့။ တစ်ခုခုမှာ ကိုယ်က အားသာချင်သာမယ်၊ ပိုပြီး အရေးပါတယ်ဆို တာကတော့ မရှိဘူး။ ဥပမာ အချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို နားထောင်တဲ့ အလုပ်လုပ်ကြတယ်။ ပြောတာကို ၃၅ ရာခိုင်နှုန်းလောက်လုပ်တယ်။ ၁၆ ရာခိုင်နှုန်းလောက်က စာဖတ်ကြတယ်။ အရေးကတော့ ၉ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ဒီနှုန်းဟာ အင်္ဂလိပ်စာနဲ့ ဆက်သွယ်ပြောဆိုနိုင်သူတွေကို လေ့လာကြည့်ရာမှာ အမှန်တကယ်ရလဒ်တွေပဲ။ ကိုယ့်အလုပ်အကိုင် အခြေ အနေအရ ကွဲပြားမှုတွေရှိနိုင်တယ်။
ပြောခဲ့တဲ့ 4 skills မှာ သူ့သက်ဆိုင်ရာအပိုင်းကို ကျွမ်းကျင်အောင် နည်းနည်းချင်းတော့ထည့်သွားရမယ်။ ဥပမာ အင်္ဂလိပ်စကားပြောမှာ အသံထွက်အရေးကြီးတယ်။ အသံထွက်နဲ့ လေယူလေသိမ်းမှန်ဖို့ဆိုတာ လေ့ကျင့်မှရ တယ်။ စာရေးရင်လည်း စာလုံးပေါင်း အရေးကြီးတာပဲ။ စာလုံးပေါင်းသတ်ပုံမှန်မှ စာရေးမှန်မယ်။ သဒ္ဒါနဲ့ ဝေါဟာရကြွယ်ဝမှုကလည်း လိုသေးတယ်။ ဒီနေရာမှာ လိုအပ်ချက်တွေကို အကုန်ဖြည့်ရမယ်၊ တစ်ခုပြည့်မှ တစ်ခုကို တက်ရမယ်လို့ မဆိုလိုဘူး။ သူ့အပိုင်းနဲ့သူ လိုအပ်ချက်တွေကို နည်းနည်းချင်းဖြည့်သွားနိုင်ရမယ်လို့ ပြောချင်တာ။
ကိုယ်တိုင်က ဘာကို ဘယ်လို ဘယ်အချိန်မှာ ဘယ်လောက်ဆိုပြီး အစီအစဉ်ဆွဲသွားနိုင်ရင် ပိုကောင်းတာပေါ့။ ပြီးတော့မှ အားလုံးကိုပေါင်းစပ်ရမှာလေ။ ဥပမာ ပုံပြင် သို့မဟုတ် ဇာတ်လမ်းတစ်ခုကို အရင်ဖတ်မယ်။ ပြီးရင် အဲဒီဇာတ်ကြောင်းကို သူငယ်ချင်းတစ်ယောက်ယောက်ကို ပြန်ပြောပြကြည့်မယ်။ ရုပ်ရှင်ကြည့်မယ်။ ကြည့်ပြီးရင် အဲဒီရုပ်ရှင်အကြောင်းလေးကို ပြန်ချရေးကြည့်မယ်။ ဒါတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေတာပဲ။ ဆရာက သင်ရင်လည်း ဒီအတိုင်းပဲ ငါ့ကိုသင်မှာပါလားလို့ သဘောပေါက်ထားစေချင်တယ်။

၁။ Listening Skill ကို ဘယ်လိုလေ့လာမလဲ
# ရေဒီယိုနားထောင်မယ်
လက်ထဲမှာရေးဖို့ ဘော့ပင်ကို အမြဲမကိုင်ထားနဲ့။ နားယဉ်အောင် နားထောင်ကြည့်မယ်။

# အင်္ဂလိပ်ပိုင်းအစီအစဉ် ရုပ်သံ TV ကိုကြည့်မယ်
နိုင်ငံခြားဘာသာသင်သူတွေအနေနဲ့ ကလေးအစီအစဉ်တွေကိုကြည့်သင့်တယ်။
ကိုယ်ကြိုက်တဲ့ပရိုဂရမ်ကို ကိုယ်ရွေးမယ်။ အင်္ဂလိပ်လိုပဲဖြစ်သင့်တယ်။
ရုပ်သံမှာ ဗန်းစကားတွေ ဘယ်လိုပြောတတ်သလဲဆိုတာ မှတ်သားထားမယ်။ (စိတ်ထဲကမှတ်ဖို့ပြောတာ)

# ကက်ဆက်နားထောင်မယ်
အင်္ဂလိပ်လိုအသံသွင်းထားတဲ့ ဇာတ်လမ်းတွေ၊ ဖတ်စာတွေ၊ ၀တ္ထုတွေ အများကြီးပေါ်နေပြီ။ ကက်ဆက်ခေတ် မဟုတ်ဘူး၊ မရှိတော့ဘူးဆိုရင်တောင် MP3, MP4 တွေနဲ့ နားကြပ်တပ်ပြီး နားထောင်နိုင်တယ်။

# ရုပ်ရှင်ကြည့်မယ်
ဒီခေတ်မှာ ဗီဒီယိုကားတွေကလည်း ဈေးသက်သာ၊ စာတန်းထိုးတွေကလည်းပါလာပြီ။ အင်္ဂလိပ်စာတန်းထိုးပါ တဲ့ဇာတ်လမ်းမျိုးတွေဝယ်ကြည့်နိုင်အောင် ကြိုးစားပါ။

# အင်တာနက်မှာရှာကြည့်ပါ
အင်္ဂလိပ်စာကို အွန်လိုင်းမှာဝင်ပြီး နားထောင်၊ လေ့လာနိုင်ခွင့်တွေ ဒီခေတ်များ အများကြီးရနေပါပြီ။

# အသုံးတည့်တဲ့ အွန်လိုင်း Link တွေကိုမှတ်ထားပါ
ဥပမာ http://www.englishclub.com/listening/index.htm လိုနေရာမျိုးတွေကို ၀င်ကြည့်ပါ။

၂။ Speaking နဲ့ Pronunciation Skill တွေကို ဘယ်လိုလေ့လာမလဲ
# တစ်ယောက်တည်းအပြောကျင့်ပါ
ကြိုက်တာကို ပြောကြည့်ပါ။ ပြောချင်တာကိုပြောကြည့်ပါ။ လူမြင်ကွင်းမှာတော့ မလုပ်နဲ့ပေါ့။ အရူးလို့ အပြောခံ နေရဦးမယ်။ ပြောရင်လည်း ကိုယ့်အသံကိုယ်ပြန်ကြားရအောင် ပြောကြည့်။ တတ်နိုင်ရင် အော်ပြောကြည့်မယ်။

# ကိုယ့်အသံကို အသံသွင်းထားကြည့်မယ်
ဒါကတော့ သိပ်ပြီးမလွယ်ဘူးထင်ရပေမယ့် အသံထွက်အားနည်းချက်ကိုသိပြီး အမြန်ဆုံးပြင်နိုင်တဲ့နည်းလို့ သိထားပါ။ စာပဲဖတ်ဖတ်၊ တစ်ခုခုကိုပဲပြောပြော ကိုယ့် အသံကို ပြန်နားထောင်ကြည့်မယ်။ မူရင်း သူများထွက်တဲ့ အသံနဲ့ တိုက်ဆိုင်ကြည့်မယ်။ ဒီခေတ်မှာ ဒါကလည်း မခဲယဉ်းဘူး။ အသံထွက် အဘိဓာန်တွေရှိနေပြီ။

# အတန်းတွေထဲမှာ သူများတွေပြောရင် ကိုယ်လည်းလိုက်ပြောနိုင်အောင် ကြိုးစားမယ်။

# အများသုံး idioms တွေကို လေ့လာမယ်။

# ကိုယ့်ဘာသာစကားမှာ မပါတဲ့ အသံထွက်တွေကို အထူးလေ့ကျင့်မယ်။
ဥပမာ ဘာသာစကားအတော်များများမှာ အင်္ဂလိပ်စာလုံး R နဲ့တူတဲ့ အသံထွက်မျိုးရှားတယ်။ အထူးလေ့ကျင့် သင့်တယ်။

# ဆရာပြောတာဂရုစိုက်ပါ
ဆရာနဲ့သင်နေတာဆိုရင် လိုချင်တဲ့စိတ်နဲ့ နားစိုက်ထောင်ပါ။ သူကချည်းပြောနေတဲ့ဆရာထက် ကိုယ့်ကိုပြော ခွင့်ပေးပြီး အပြန်အလှန်သင်တတ်တဲ့ဆရာမျိုးကိုရွေးချယ်ပါ။

# စာလုံးတွေ စာကြောင်းတွေရဲ့ stress တွေကို လေ့လာပါ။
 လေယူလေသိမ်း၊ အသံအတိုအရှည်၊ အတိမ် အနက် အသံထွက်တတ်ဖို့ အရေးကြီးပါတယ်။

# လျှာခလုပ်တိုက်နိုင်လောက်တဲ့ tongue twister စာလုံးမျိုးတွေနဲ့ လေ့ကျင့်ကြည့်ပါ။

# အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြောလိုင်းတွေရဲ့ link တွေကို ပေးလိုက်ပါတယ်။

၃။ Reading နဲ့ Vocabulary Skill တွေအတွက် ဘယ်လိုလေ့လာမလဲ
# တစ်ခုခုကို နေ့တိုင်းဖတ်ပါ
ကလေးစာအုပ်၊ လွယ်ကူလေ့လာ အင်္ဂလိပ်စာဖတ်စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ အင်တာနက်ဆိုက်၊ ၀တ္ထု တွေကို အင်္ဂလိပ်လို နေ့စဉ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။

# စိတ်ပါတာကိုပဲဖတ်ပါ
ကိုယ်စိတ်ပါတဲ့စာကိုဖတ်တာ ပိုကောင်းပါတယ်။ စိတ်မပါတဲ့၊ မဖတ်ချင်တဲ့စာတွေကို ဇွတ်ဖတ်နေရတာ စိတ်ဖိစီးပါတယ်။

# ကိုယ်နဲ့ကိုက်ညီတဲ့ level ကိုပဲဖတ်ပါ
ဖတ်လို့များများနားလည်ရင်ကောင်းပါတယ်။ ခက်လွန်းတာတွေဖတ်နေရင် နားမလည်တော့ စိတ်ပျက်သွားလိမ့် မယ်။ အင်္ဂလိပ်စာမှာ level အလိုက်ခွဲထားသလို၊ level အလိုက်တက်တာပဲကောင်းတယ်။ ဥပမာ 500 level, 1000 level, 1500, 2000, 3000, 4000 ဆိုပြီးတော့ level အလိုက်မြင့်သွားလိမ့်မယ်။ နိမ့်ရာကနေစပြီးလေ့ လာသင့်တယ်။

# ဇာတ်လမ်းတွေဖတ်ရင် W ငါးလုံးကို ပြန်တွေးတတ်ရမယ်
W ငါးလုံးဆိုတာက (Who, What, Where, When, Why) ဆိုတာကိုပြောတာ။ ဘယ်သူ့အကြောင်းကိုပြောနေ တာလဲ။ ဘာတွေဖြစ်သွားသလဲ။ ဘာကြောင့်အဲဒီလိုဖြစ်သွားတာလဲ။ ဘယ်နေရာမှာဖြစ်သွားတာလဲ။ ဘယ် အချိန်မှာ ဖြစ်သွားတာလဲ စတာတွေကို ပြန်ပြီးသုံးသပ်နားလည်နိုင်ရမယ်။ မြန်မာလိုပြောရင်တော့ “ဘ” ငါးလုံး ပေါ့။ ဒါတွေကို နားလည်ရင် ပြန်ပြောပြဖို့ သို့မဟုတ် ပြန်ဖြေဖို့ အများကြီးအထောက်အကူဖြစ်လိမ့်မယ်။

# အနားမှာ English-English Dictionary ကိုထားပါ
ကိုယ့်ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ dictionary တွေကို အားကိုးအားထားပြုရင် မှားတတ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ရှင်းပါတယ်။ နားလည်လွယ်တာကြောင့် အင်္ဂလိပ်ကို အင်္ဂလိပ်လိုရှင်းထားတဲ့ အဘိဓာန်ကိုပဲ သုံးသင့်ပါတယ်။ အင်တာနက်သုံးသူတွေဆိုရင် အွန်လိုင်း ပေါ်က အင်တာနက် dictionary တွေကို အသုံးပြုနိုင်ပါတယ်။

# ကိုယ်ပိုင် dictionary လေးတစ်ခုလုပ်ထားပါ
-       မှတ်စုစာအုပ်လေးတစ်အုပ် သီးခြားထားပါ
-       အက္ခရာစဉ်လိုက် စာမျက်နှာထိုးပြီး ဝေါဟာရတွေကို မှတ်ထားပါ
-       အသုံးများ ပြောစကားတွေကို မှတ်ထားပါ
-       အသုံးများစာကြောင်းတွေ၊ ကိုယ်ကြိုက်တဲ့စာကြောင်းတွေ ရေးမှတ်ထားပါ
-       ညတိုင်း အိပ်ယာမ၀င်မီ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ

# Reading Skill အတွက်လေ့ကျင့်ဖို့ link တွေကိုဖော်ပြပေးလိုက်ပါတယ်

၎။ Writing Skill အတွက် ဘယ်လိုလေ့လာမလဲ
# ဒိုင်ယာရီရေးပါ
ဂရမ်မာတွေ စနစ်တွေ ဂရုစိုက်မနေပါနဲ့။ လွတ်လပ်စွာ ရေးချင်သလိုရေးပါ။ ပျော်စရာကောင်းပါလိမ့်မယ်။ ပျော်သွားရင် ပိုရေးချင်လိမ့်မယ်။

# အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးပါ
ဘယ်သူနဲ့ဆက်သွယ်သည်ဖြစ်စေ အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးနိုင်အောင်လုပ်ပါ

# ပြည်တွင်းထုတ်သတင်းစာကို အင်္ဂလိပ်လိုပြန်ရေးကြည့်ပါ
ဒါကနေ့တိုင်းလေ့ကျင့်နိုင်တဲ့ အကောင်းဆုံးနည်းပဲ။ တတ်နိုင်ရင် ပြည်တွင်းထုတ် အင်္ဂလိပ်၊ မြန်မာနှစ်စောင်ဝယ် ပြီး ပြန်တိုက်ဆိုင်ကြည့်ပါ။ အကျိုးများပါတယ်။

# စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါ
အင်္ဂလိပ်စာမှာ စာလုံးပေါင်း spelling စနစ်တွေရှိပါတယ်။ ကွန်ပျူတာမှာ စာလုံးပေါင်းမှားတာတွေကို spelling-checking လုပ်ခိုင်းနိုင်ပေမယ့်၊ ကိုယ်တိုင်ရေးနေတာဆိုရင်တော့ ဂရုစိုက်ပြီး စာလုံးပေါင်းမမှားအောင် လုပ်ပါ။

# မှားတတ်သော စာလုံးပေါင်းတွေကို လေ့လာပါ

# မှားတတ်တဲ့ အင်္ဂလိပ်စာကိုလေ့လာပါ

# အပြန်အလှန်ပေးစာတွေကို အင်္ဂလိပ်လိုပေးနိုင်တဲ့ သူငယ်ချင်းတွေထားပါ

# Writing Skill အတွက် လေ့လာသင့်တဲ့ link တွေကတော့

အခြားသိသင့်သောအချက်များ
Grammar ကို မကြောက်ပါနဲ့

# Grammar ဆိုတာ ဆက်သွယ်ဖို့ပါ
လေ့လာသူတွေအများစုရဲ့စိတ်ထဲမှာ ဂရမ်မာဆိုတာကြီးကို ဖိစီးတတ်ပါတယ်။ အင်္ဂလိပ်စာကို နည်းစနစ်ကျကျ စကတည်းက လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတွေမှာ တက်ခဲ့သူတွေဆိုရင်တော့ ကိစ္စမရှိဘူး။ သဘောတရား လောက်ပဲနားလည်ခဲ့သူတွေအနေနဲ့ လေ့ကျင့်ဖို့လိုတယ်ဆိုပေမယ့် များများရေး၊ များများပြောလာနိုင်ရင် အဆင် ပြေသွားပါလိမ့်မယ်။

# အပေါင်းအသင်းနည်းတာပြဿနာ
သဒ္ဒါမတတ်၊ စာမတတ်ဆိုတာကိုမေ့ထားပါ။ ဂရမ်မာနဲ့ချည်း အချိန်ကုန်နေစရာမလိုပါ။ ရေးကြည့်ပါ။ တိုတိုလေး တွေစရေးပါ။ နည်းနည်းရေးပြီး တိုးသွားကြည့်ပါ။ တစ်ယောက်တည်းမနေပါနဲ့။ ဆရာတွေကို ကိုယ်ရေးထားတာ ပြကြည့်ပါ။ ကိုယ့်လို အင်္ဂလိပ်စာဝါသနာတူသူချင်း ရေးထားတာတွေပြပြီး ဝေဖန်ဆွေးနွေးကြည့်ပါ။ တစ်ယောက်တည်းလေ့လာတာထက်၊ အများနဲ့လေ့လာတာ ပိုပြီးအကျိုးများတတ်ပါတယ်။

# သင်ရင်တတ်တယ်
ကိုယ့်ထက် ငယ်သူတွေကို ပြန်ပြီးဂရမ်မာသင်နိုင်အောင် ကြိုးစားပါ။ သင်ချင်ရင် ပြင်ဆင်မယ်။ ပြင်ဆင်ရင် တတ်တယ်။ ဆရာလုပ်တယ်ဆိုတာ ဆရာလုပ်နိုင်တဲ့အရည်အချင်းရှိမှဖြစ်တာကြောင့် ဆရာလုပ်ချင်စိတ်က သင်သွားပါလိမ့်မယ်။

# Grammar နဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့ link တွေ
Posted by ကိုတူး(မိတ္ထီလာ GTI)

Saturday, October 18, 2014

Tower Design Basis

Tower Design Basis
ခုခေတ်စားနေတဲ့ telecom tower structure design အကြောင်းလေးပါ။

telecom tower မှာ အကြမ်းအားဖြင့် 2 မျီုးခွဲလိုက်ပါတယ်။

GBT ခေါ် ground base tower

RTT ခေါ် roof top tower.

GBT ကို အရင်ပြောပါ့မယ်။
telecom tower တွေရဲ့ CME အတွက်
TIA code ကို follow လုပ်ရပါတယ်။
structure ဆို TIA 222 G ပါ။
GBT မှာ super structure နဲ့ foundation ဆိုပြီး 2 ပိုင်း ထပ်ခွဲပါတယ်။
Super structure ကို design လုပ်ရာမှာ
max wind velocity ကို အထိက စဉ်စညးပါတယ်။
မြန်မာ့ Costal အတွက် ၂၀၀ kmh
inner region အတွက် 165 kmh
EPA ခေါ်တဲ့ effective projected area ကို တွက်။
ဒိကနေ ပြီး lateral force ကို တွက်ယူပြီး
tower ရဲ့ any direction ကနေ structural design check လုပ် ရပါမယ်။
telecom super structure အင်္တက် သီးသန့် application တွေရှိပါတယ်။
MStower RISa tower စသည့်ဖြင့်ပါ။
staad sap2000 နဲ့လဲ တွက်လို့ရပါတယ်။
special application တွေက user friendly ပိုဖြစ်ပါတယ်။

superstructure calculation ကနေ
total primary moment ရမယ်။
leg တွေရဲ့ max. tension compression နဲ့ Shear value တွေ ပေးပါမယ်။
tower structure ကတော့ TIA code အတိုင်း
check လုပ်ပေး တော့ software က check ပေးမှာပါ။

super structure ကို tower supplier တွေက calculation sheets တွေနဲ့အတူ ပူးတွဲပါ လေ့ရှိတယ်။

ဒိမှာအထိက ပြောလိုတာက
foundation designပါ။
tower legs တွေ့ရဲ့ reactions နဲ့ tower moment value က foundation အတွက်
active value ပါ။

နောက် တစ်ခုက
soil test report
ပုံမှန် gravity loading structure နဲ့ မတူတာက
lateral load ပါလို့ပါ။
tia ၂၂၂ g က telecom tower တွေရဲ့ lateral load ကို စဉ်းစားရာမှာ earthquake effect ကို ပုံမှန်အားဖြင့် ထည့်မစဉ်းစားပါဘူး။ seismic ကြောင့်ဖြစ်တဲ့ base shear ဟာ wind ကြောင်ဖြစ်တဲ့ base shear ထက် ၅၀% ကျော်မှ စဉ်းစားပါတယ်။
ဆိုလိုတာက wind control ဖြစ်လို့ပါပဲ။
ဘာကြောင် seismic က အရေးမကြီးသလဲဆိုရင်
newton second law အရ
F=ma မှာ
a သည် zone တစ်ခုစီအတွက် constant ပါ။
eg. ရန်ကုန် Zone 2B ( 0.2 g)
m သည် tower ရဲ့ mass
ဒိတော့ seismic base shear သည် mass နဲ့ တိုက်ရိုက် အချီုးကျနေပါတယ်။
အသေးစိတ် seismic calculation ရှိပေမဲ့
concept ကို မြင်သာအောင် အထိက primary approach ကိုပဲ ပြောလိုက်တာပါ။

Tower weight ဟာ နဲပါတယ်။
ဒိတော့ seismic shear က wind shear ထက် နဲပါတယ်။

soil test က အရေးကြီရတဲ့ အကြောင်းရင်လေးပြောပါမယ်။

lateral ပါလာတော့
bearing check
stability check လုပ် ရပါမယ်။
bearing check ကတော့ အထူး မပြောတော့ပါဘူး။
stability check မှာ
၁ overturning check
၂ sliding check
overturning check က control ပိုဖြစ်ပါတယ်။

over turning check အတွက်
soil ရဲ့ density
water level
surgmerged condition soil density
soil fraction
soil bearing capacity.
တိုက အရေးပါ လာလို့ပါ။

overturning check လိုက်ရင်
safety factor အရ
အနဲဆုံး 1.7 over ဖြစ်နေရပါမယ်။

ဒါကြောင့်
tower foundation တွေဟာ အနဲဆုံး 2 meters အောက်မှာ ရှိနေကြရတာပါ။

နောက်မှပဲ RTT ကို သိသလောက် ဆွေးနွေးပါ့မယ်ဗျာ။
RL (YGN)
knowledge sharing ပါ။
ဆရာကြီးမဟုတ် ရပါခင်ဗျာ။
 
https://www.facebook.com/rose.locker.9

Shear Wall Basic Detailing


 
*Shear Wall Basic Detailing*

Shear Wall ရဲ့ Vertical Main
Steel က အတွင်းမှာ ရှိရပါတယ် ...
သူ့ကိုပတ်ထားတဲ့ Stirrups/ Ties
တွေက အပြင် က ပတ် ရပါတယ်

မျက်စိထဲမြင် အောင် ပြော ရ ရင်
Column ရဲ့Main Steel ကအတွင်းပါ
ပြီးမှ Ties ကွင်းကိုပတ် ရသလိုပါပဲ

Design Knowledge မပြည့်ဝတဲ့အခါ
Shear Wall ရဲ့Vertical Steel တွေ အတွင်းအပြင် မှားချည်တတ်ပါတယ်
(Ground Tank Wall နဲ့မှားတာပါ)

အမှားခံလို့မဖြစ်ပါဘူး .. [Mostly]
Shear Wall ပါတယ်ဆိုကတည်းက
အဲ့ဒီ Structure က ငလျင်/ မုန်တိုင်းကို
အဓိကစဉ်းစားထားရလို့ပါ ...
(135°seismic hook ပါသုံးရပါတယ်)

Steel/Rebar မှားချည်ထားမှတော့
ငလျင် သာ တကယ်လှုပ် ရင်
မ တွေးဝံ့စရာပါပဲ ... သံချောင်းပါတိုင်း
ခိုင် တာမဟုတ်ပါဘူး ...

ပြောင်းပြန်စဉ်းစားကြည့်ပါ
Cantilever Beam တစ်ခုမှာ
Top Steel/ Bottom Steel တွေကို
အပြင် မှာ ထားပြီး Stirrup ကွင်းတွေကို
အတွင်းက နေ ချည်ကြည့်ပါ ..

တကယ့် Force လဲ သက်ရောက်ရော
ချုပ်မယ့် စတားကွင်းတွေကအတွင်းမှာ
ဖြစ်နေ တော့ Main Steel ကအထိန်းမရှိ ပွင့်ပြီပေါ့

Shear Wall ဆိုတာ
အ ဆောက်အဦရဲ့Foundation က နေ
ဟိုး Roof Top Level ထိပါတဲ့ Wall ပါ

တနည်းအားဖြင့် (G.L)မြေကြီးမှာ
Fixed ဖြစ်နေပြီး (ပုံမှာပြထားသလို)
အ ပေါ်မှာ Supporting မရှိပဲဝဲနေတဲ့
Cantilever Beam ပုံစံပါပဲ ...
(ပုံကို အတည့်မကြည့်ပဲ ...
90° လှည့်ကြည့်ပါ)

Lateral Force တွေသက်ရောက်တဲ့ဖက်က
Tension Zone ... တစ်ဖက်က
Compression Face ပေါ့ဗျာ
ဒါပေမယ့် ငလျင် ဆိုတာ ဘယ်ဖက်က
လာမယ်ဆိုတာ မသိနိုင် တဲ့အတွက်
Face နှစ်ဖက်လုံးကို Identical Steel
အတူတူထည့်ပေးထားမှ စိတ်ချရပါတယ်

အဲ့ဒီ Vertical Steel/Rebar တွေ
မှားရင် တော့ မ တွေးရဲစရာပါပဲ
မှားတတ်တာက Under-ground Tank
Steel Detailing ဆင် နည်းနဲ့ပါ ...

Ground Tank နဲ့ Retaining Wall တွေက
အလွယ်ပြောရ ရင် Floor Slab တွေကို
ထောင် ထားသလိုပါပဲ ... ဒီတော့
Slab သံချောင်းဆင် သလို Vertical
Main Steel က အပြင် .. Horizontal
Distribution Bar တွေက အတွင်း ..
မှန်ပါတယ် ... Action တူတယ်လေ

ဒါပေမယ့် ... သိထားရမှာက
Storey တစ်ထပ်စာ/နှစ်ထပ်စာပဲရှိတဲ့
Ground Tank Wall တွေ
Retaining Wall တွေဆိုတာ
Shear Wall မဟုတ်သလို ...
သံချောင်းပါတိုင်း Shear Wall လို့
ပြောလို့မရပါဘူး ....

Paper Work မှာ Design မှန် ရုံနဲ့
Structure တစ်ခုမခိုင် ခန့်နိုင် ပါဘူး
Construction Procedure မှန်မှ
အ ဆောက်အဦတစ်ခု Servicibility
အပြည့်အဝ အာမခံနိုင် မှပါ ...

ကျနော့် ဆရာထိုက် ရဲ့စကားအတိုင်း
Design တွက်တာက တွက်တာတစ်ပိုင်း
Detailing (Steel ထည့်တာက) ထည့်တာတစ်ပိုင်းပါ

R.C ရဲ့အသက်
Reinforcement တွေ
သူ့နေရာနဲ့သူရှိကြပါစေဗျာ

Reference:Design of Concrete Structures
14th Edition, Arthur H.Nilson
page 628, 18.4-Shear Walls

Horizontal Forces acting on buildings,
e.g., those due to wind or seismic action,
can be resisted by different means.

However, when heavy horizontal
loading is likely, such as would
result from #earthquake, R.C
shear walls are used.

These shear walls, in turn, act as
#cantilever beams fixed at their base
to carry loads down to foundation.

They are subjected to
(1)a variable shear
which reaches maximum at the base
(2)a bending moment
which tends to cause vertical tension
near the loaded age and
compression at the far edge
(3)a vertical compression
due to ordinary gravity loading
from the super-structure.

To allow for reversal of load,
identical reinforcement is
provided for both faces of wall.

Minimum Steel Ratio,p=0.0025
Maximum Spacing for
Horizontal Bars <18", 3h, or
Length of Wall/5
Maximum Spacing for
Vertical Bars <18", 3h, or
Length of Wall/3

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
အချိန်ပေးပြီးဖတ်တာ ကျေးဇူးပါဗျာ
Aung Myat Thu
Civil(TU-Taunggyi)
YE(MES-Taunggyi)

11:51PM, 15-10-2014
millimetretaunggyi@gmail.com
https://www.facebook.com/millimetretaunnggyi

အယူအဆအလွဲများ(၁၁) ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

ငလျင် (earthquake) နဲ့ ပတ်သက်တဲ့ အလွဲများ

လူတော်တော်များများက ငလျင်ဒဏ်ခံ အဆောက်အဦဆိုရင် ငလျင်လှုပ်ရင် လုံးဝပျက်ဆီးမှုမရှိရဘူးလို့ မှတ်ယူတတ်ကြပါတယ်။ နောက် ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးဘယ်လောက်ခံနိုင်သလဲ  ဆိုတာနဲ့ မှတ်သားထားချင်ကြပါတယ်။

ငလျင်ဒဏ်ခံအောင် ဆောက်တယ်ဆိုရာမှာ အားပျော့တဲ့ငလျင်မှာ ပျက်ဆီးမှု မရှိအောင်၊ အားအသင့်အတင့်မှာ ပျက်ဆီးမှုတွေကို ပြန်လည်ပြင်ဆင်ပြီးနေနိုင်အောင်၊ အားပြင်းတဲ့ငလျင်မှာ လူ့အသက်မဆုံးရှူံးပဲ မပြိုကျအောင် ဆိုပြီးရည်ရွယ်တာပါ။ လုံးဝပျက်ဆီးဆုံးရှူံးမှုမရှိစေရဆိုတာမျိုး မဟုတ်ပါ။ အဓိကကတော့ လူ့အသက်ကို တန်ဖိုးထားကာကွယ်တာပါ။ Engineering ပိုင်းကလူတွေအတွက် ဆက်ပြောရရင်တော့

ငလျင် design (earthquake deign philosophy) ဆိုတာ
(က) အားပျော့တဲ့ငလျင် (အကြိမ်အရေများ၊ ရံဖန်ရံခါလှုပ်) မှာ အဓိကအစိတ်အပိုင်းတွေ မပျက်စီးစေရပါ၊ အဓိကမဟုတ်တဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်။
(ခ) အားအသင့်အတင့် ငလျင် (အကြိမ်အရေအသင့်အတင့်၊ 10% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြန်လည်ပြင်နိုင်ရုံ ပျက်စီးနိုင်ပါတယ်၊ ကျန်အစိတ်အပိုင်းတွေ ပျက်စီးတာပြန်လည်လဲလှယ်နိုင်ပါတယ်။
(ဂ) အားပြင်းတဲ့ငလျင် (အကြိမ်အရေရှားပါး၊ 2% per 50 yr) မှာ အဓိကအစိတ်အပိုင်းတွေ ပြင်းပြင်းထန်ထန် ပျက်စီးနိုင်ပါတယ် မပြိုကျစေရပါ။
အခုနောက်ပိုင်းတော့ ငလျင်ဒဏ်ခံမှုကို Performance level နဲ့ပြလာပါတယ်။
Performance Levels of Structure
1) Operational (အနေအထားမပျက် နေမြဲတိုင်းနေလို့ရတယ်။ လဲလှယ်လို့ရတဲ့ ဆုံးရှူံးမှု ၅% အောက်)
2) Immediate Occupancy (ချက်ချင်းနေလို့ရတယ်။ Function တော့ အဆင်ပြေချင်မှပြေမယ်။  ဆုံးရှူံးမှု ၁၅% အောက်)
3) Life Safety (ထိခိုက်မှုတွေရှိတယ်။ ပြင်ဆင်မှုတွေမလုပ်ပဲ ပြန်နေလို့မရဘူး။  ဆုံးရှူံးမှု ၃၀% အောက်)
4) Collapse Prevention (အကုန်လုံးနီးပါး ပျက်ဆီးကုန်တယ်။ ပြိုတော့မပြိုဘူး။ ဆုံးရှူံးမှု ၃၀% အထက်)
အားပျော့တဲ့ငလျင် အတွက် Operational နဲ့ Immediate Occupancy Level မှာပဲရှိရပါမယ်။
အားအသင့်အတင့် ငလျင် အတွက် Life Safety Level မှာပဲရှိရပါမယ်။
အားပြင်းတဲ့ငလျင် အတွက် Collapse Prevention Level မှာပဲရှိရပါမယ်။



ငလျင်ဒဏ်ခံနိုင်မှုကို ရစ်တာစကေးနဲ့ ဘယ်လောက်ခံနိုင်သလဲဆိုပြီး ရစ်တာစကေးနဲ့တွဲမှတ်ချင်ကြတာနဲ့ ပတ်သက်လို့တော့ အောက်ပါအကြောင်းအရာတွေကို လိပ့်ပတ်လည်အောင် ဖတ်ပေးပါ။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။  ၀ပ် ၄၀ မီးချောင်းဥပမာလိုပါပဲ  ၀ပ် ၄၀ ဆိုတာ ပမာဏ(magnitude)  နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ အနီး အဝေး အကွာ အဝေးပေါ်လိုက်ပြီး လင်းအားကကွာသွားပါတယ်။ Intensity ကွာသွားတယ်ပြောရပါမယ်။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။ အနီးစပ်ဆုံး အကြမ်းဖျင်းသာ ပြောလို့ရမှာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးမှာ အရေးကြီးပါသည်၊ ရစ်တာစကေးမှာ magnitude သာဖြစ်ပါသည်၊ intensity အနေဖြင့် မာကာလီ (Mercalli) ဘယ်လောက် ground acceleration ဘယ်လောက်ခံနိုင်ပါတယ် လို့သာ ပြောလို့ရမှာပါ။
Structure Engineer တွေ ငလျင်ဒဏ်ခံ design တွက်ရာမှာ ရစ်တာစကေးနဲ့ မပြောပါ (မတွက်ပါ)။ ငလျင်ဒဏ်ခံစားရမှု ( intensity) အနေနဲ့ သာ ခံစားရမှု အနဲအများအလိုက် နေရာအလိုက် (Ygn, Mdy စသည်) ပြင်းအား zone သတ်မှတ်ချက်အတိုင်း ground acceleration နဲ့သာတွက်ပါတယ် (တခြားနည်းများလည်းရှိပါတယ်)။ သတ်မှတ်ချက်အရ Ygn Zone IIA, Mdy ဆို Zone IV (UBC code), 0.4g နဲ့တွက်ပါတယ်။ Zone 0-4 မှာ အပြင်းဆုံး zone4 ပါ။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၀) Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

Shear wall နဲ့ ပတ်သက်တဲ့ အလွဲများ

အထပ်မြင့်အဆောက်အဦတွေမှာ (မြန်မာပြည်မှာတော့ ၆ ထပ်နဲ့အထက်ကို အရပ်အခေါ် အထပ်မြင့်လို့ သုံးနှုန်းပါတယ်။ ဒီ note မှာတော့ အရပ်သုံးကိုပဲ ရည်ညွှန်းပါတယ်) ဓာတ်လှေကားနံရံတွေကို shear wall တွေမလောင်းထားရင် ဘာလို့ shear wall မထည့်တာလဲ ဆိုပြီး shear wall မပါရင်ပဲ ဓာတ်လှေကားတပ်လို့ မဖြစ်တော့မဲ့ ပုံစံနဲ့ ပြောတတ်ကြပါတယ်။ နောက်ပြီး shear wall မပါရင်ပဲ (၈)ထပ်၊ (၁၀)ထပ် ဆောက်မရတော့မဲ့ပုံစံ (ခိုင်ခန့်မှုမရှိတော့မဲ့ပုံစံ) နဲ့ ပြောတတ်ကြတယ်။ နောက် သံကူကွန်ကရစ် wall တိုင်း shear wall လို့ အောက်မေ့တတ်ကြတယ်။

၁) သံကူကွန်ကရစ် wall တိုင်း shear wall မဟုတ်ပါ။ အဆောက်အဦ Basement တွေမှာ မြေကာနံရံအဖြစ်သုံးတဲ့ retaining wall  ကို shear wall လို့အမှတ်မှားကြပါတယ်။ Retaining wall က မြေကာဖို့သုံးတာပါ။ Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။ ။ Retaining wall က  Ground Floor အထိပဲပါပါတယ်။ Ground Floor အပေါ် မပါတော့ပါဘူး။ Shear wall တွေကတော့ အဆောက်အဦအပေါ်ဆုံးအထပ်ထိပါပါတယ်။

၂) Shear wall တွေကိုတော့ Earthquake နဲ့ wind ကြောင့်ဖြစ်တဲ့ Lateral force ကို ထိန်းဖို့အတွက် သုံးပါတယ်။

၃) Shear wall တွေက Frame member တွေထက် lateral force အပေါ်တုန့်ပြန်မှုအား ပိုကောင်းပါတယ်။

၎) အဆောက်အဦ အထပ်(၂၀) အတွင်းတော့ Shear wall တွေကို ရွေးချယ်စရာတစ်ခု အနေနဲ့ပဲသုံးနိုင်ပါတယ်။ ဆိုလိုချင်တာက shear wall သုံးတာနဲ့ အခြားမသုံးတာတွေနဲ့ နှိုင်းယှဉ်ပြီး သက်သာရင်သုံး မသက်သာရင် မသုံးနဲ့။ ဒါပေမယ့် အထပ်(၃၀)အထက်ဆိုရင်တော့ shear wall ပါမှသာ ကုန်ကျစရိတ်သက်သာတဲ့ အတွက်နဲ့ lateral deformation အတွက် shear wall ကို ရွေးချယ်ကြရပါလိမ့်မယ်။

၅) Shear wall ထည့်ရမယ့်နေရာကတော့ architectural design နဲ့ညှိပြီး ထည့်ရမှာဖြစ်ပါတယ်။ ဓာတ်လှေကားခန်းတွေမှာက shear wall ထည့်ဖို့ ဟန့်တားတဲ့အချက်တွေ မရှိတဲ့အတွက် shear wall လိုအပ်တဲ့အခါ အဲဒီနေရာတွေမှာထည့်ကြတာပါ။ ဓာတ်လှေကားတတ်ဆင်နိုင်ဖို့ လိုအပ်ချက် အနေနဲ့ ထည့်တာမဟုတ်ပါ။

၆) Shear wall သုံးမယ်ဆိုရင် တတ်နိုင်သမျှ များများ တနေရာထဲ စုပြုံမနေပဲ ဖြန့်ထည့်ရပါမယ်။ ဖြစ်နိုင်ရင် အချိုးညီညီကို direction နှစ်ဖက်လုံးအတွက် ထည့်ရပါမယ်။ ဒါမှ အဆောက်အဦပေါ် torsion ၀န်မပိမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ တနေရာတည်းပဲ ထည့်မယ် ဘက်မမျှဘူးဆိုရင်တော့ shear wall မပါတာထက်ကို ပိုမိုဆိုးရွားစေမှာပါ။
ဒါတွေက shear wall နဲ့ ပတ်သက်တဲ့ background ပါ။ အထပ်မြင့်လို့ပြောတဲ့ (၆)ထပ်အထက် (၁၀)ထပ်၊ (၁၂)ထပ်လောက်မှာ shear wall ထည့်ဖို့အဆင်မပြေတဲ့နေရာမျိုး၊ ထည့်လို့ရနိုင်တဲ့နေရာတွေကလည်း ပိုဆိုးရွားစေတဲ့အခါမျိုး၊ shear wall ထည့်တာက မထည့်တာထက် ကုန်ကျစရိတ်များတဲ့အခါမျိုးတွေမှာ shear wall ကိုမသုံးသင့်ပါဘူး။

(ဗိုလ်ဗိုလ်ကျော်)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၉) Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

Curing ပေးဖို့ Formwork (ပုံစံခွက်) ခွာခြင်း

ဒီမေးခွန်းကို အမေးခံရတော့ နည်းနည်းတော့ ကြောင်သွားတယ် " Curing ပေးဖို့ ဘယ်အချိန် ပုံခွာရမှာလဲတဲ့ "

Formwork (ပုံစံခွက်) မခွာပဲထားတာ curing ပေးနေတာပါပဲ။ ဒါကြောင့် curing ပေးဖို့ဆိုပြီးတော့ သက်သက်မဲ့ ပုံခွာစရာမလိုပါဘူး (အခြားရည်ရွယ်ချက်နဲ့ ခွာချင်တော့ခွာပါ)
ပုံနဲ့လွတ်နေတဲ့အပိုင်းရှိရင်တော့ အဲဒီအပိုင်းကို ရေလောင်းတာဖြစ်ဖြစ်၊ curing compound ဖြန်းတာဖြစ်ဖြစ်၊ Plastic အုပ်တာဖြစ်ဖြစ် ကြိုက်ရာနည်းသုံးပြီး curing ပေးရပါမယ်။
နောက် curing ဆိုတာကို conrete ကို ရေလောင်းတာလို့ အမှတ်မှားတာကလည်း ဒီအယူအဆအလွဲကို ဖြစ်စေတယ်လို့ ထင်ပါတယ်။
Curing ကို ဘာသာမပြန်တတ်ပါဘူး။ concrete strength ကောင်းအောင် crack မဖြစ်အောင် ကုစားပေးတာကို ဆိုလိုပါတယ်။ နည်းလမ်းတွေကတော့ အပေါ်မှာပြောသွားတာမှာ ပါသွားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၈) RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

RC အဆောက်အဦဆိုတာ အုတ်ရိုး ၉" စီရတယ်။ ၄.၅" နဲ့ဆိုရင် RC တု၊ ၉" လောက် မခိုင်ဘူး။

ကျွန်တော်တို့ဆီက လွန်ခဲ့တဲ့ နှစ်(၃၀)လောက်က RC တွေစဆောက်တော့ ၉" အုတ်ရိုးတွေပဲ သုံးခဲ့ကြပါတယ်။ အဲဒီမှာပဲ နံကပ်နဲ့ကွဲလွဲတဲ့အချက်တစ်ခုအဖြစ် RC ဆိုရင် ၉" အုတ်ရိုးဆိုပြီး မှတ်သားထားခဲ့ကြရာကနေ ဒီအယူအဆ ဖြစ်ကြဟန်တူပါတယ်။
၁) နံရံတွေကို အုတ်ရိုးသုံးရာမှာ အသုံးအားဖြင့် ၀န်ထမ်းနံရံ (Load bearing Wall) နဲ့ ၀န်မထမ်းတဲ့နံရံ (Non-load bearing wall, Infill wall) ဆိုပြီး ခွဲခြားနိုင်ပါတယ်။
၂) RC အဆောက်အဦတွေမှာ ၀န်ကို ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေကထမ်းပါတယ်။ အုတ်ရိုးတွေကမထမ်းရပါဘူး။ အုတ်တိုက် (Masonry building) တွေမှာတော့ အုတ်ရိုးတွေက၀န်ကိုထမ်းရပါတယ်။
၃) ဒီလို ၀န်မထမ်းရတဲ့အတွက် အုတ်ရိုးဗြက်က ၄.၅" ၊ ၉" ထက် သူ့ဝန်သူထမ်းနိုင်အောင်ရယ်၊ ငလျင်အတွက်ဆို ဘေးတိုက်တွန်းအားခံနိုင်အောင်ရယ် စီမံပေးထားနိုင်ဖို့ ပဲလိုပါတယ်။
၎) RC မှာ အုတ်ရိုးတွေက၀န်ကိုမထမ်းရတဲ့အတွက် အုတ်ရိုးဗြက်ထူလေလေ၊ တကယ့်ဝန်ထမ်းရတဲ့ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ပိုထမ်းရလေလေပါပဲ။
၅) ဒါကြောင့် RC မှာ ၄.၅" ဆို မခိုင်ဘူးဆိုတာ မဟုတ်ပါဘူး။
၆) RC ဆိုတာ မြန်မာလို သံကူအားဖြည့်ကွန်ကရစ် လို့ ဆိုနိုင်ပါတယ်။ သံချောင်းတွေနဲ့ အားဖြည့်ထားတဲ့ ကွန်ကရစ်ဖြစ်ပြီး အဲ့လိုအားဖြည့်ထားတဲ့  ပြင်၊ ထုတ်၊ တိုင်၊ ခွာ တွေက ၀န်ကိုထမ်းတဲ့ အဓိကအစိတ်အပိုင်း (structural members) တွေဖြစ်ပါတယ်။
၆) ဒါကြောင့် အုတ်ရိုး ၄.၅" (သို့) ၉" ဖြစ်ခြင်းဟာ RC ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် ၄.၅" အုတ်ရိုးသုံးရုံနဲ့  RC တုလို့ ခေါ်လို့မရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၇) Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီကြခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၇)
Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီကြခြင်း
တနေ့က construction site တစ်ခုကိုသွားတော့ ချီကွေးဆရာတွေရဲ့ စေတနာအမှားလေးတစ်ခုကို တွေ့ခဲ့ပါတယ်။ Beam ကို stirrup ချီရာမှာ stirrup hook ကို ဘယ်၊ ညာ၊ အပေါ်၊ အောက် တလှည့်စီလှည့်ချီတာပါ။ အမှန်က hook ကို အပေါ်မှာပဲထားပြီး ဘယ်၊ ညာတလှည့်စီ ချီရမှာပါ။ Hooks ကို အောက်မှာမထားသင့်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၆) မြန်၊ ကောင်း၊ သက်သာ ရမယ်

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၆)
မြန်၊ ကောင်း၊ သက်သာ ရမယ်
ဆောက်လုပ်ရေးလောကမှာ မြန်၊ ကောင်း၊ သက်သာ လိုချင်တာတွေ မြန်၊ ကောင်း၊ သက်သာ ရမယ်လို့ အာမခံနေကြတာတွေရှိပါတယ်။ တကယ်ပဲ မြန်ပြီး၊ ကောင်းပြီး သက်သာ သလားဆိုတာကို ကျွန်တော်တို့ငယ်ငယ်က ဆော့ခဲ့တဲ့ ဗိုလ်၊ ကျား၊ သေနပ် ကို ဥပမာပြုပြီး ပြောချင်ပါတယ်။
၁) ဗိုလ်ကိုရွေးရင် သေနပ်ကိုနိုင်တော့သေနပ်ရပါမယ် ကျားကိုမနိုင်တဲ့အတွက် ကျားမရပါဘူး။ အဲ့တော့ ဗိုလ်ရယ် သေနပ်ရယ် ရပါမယ်၊ ကျားကိုမရနိုင်ပါဘူး။
၂) ကျားကိုရွေးရင် ဗိုလ်ကိုနိုင်တော့ ဗိုလ်ရပါမယ် သေနပ်ကိုမနိုင်တဲ့အတွက် သေနပ်မရပါဘူး။ အဲ့တော့ ကျားရယ် ဗိုလ်ရယ် ရပါမယ်၊ သေနပ်ကိုမရနိုင်ပါဘူး။
၃) သေနပ်ကိုရွေးရင် ကျားကိုနိုင်တော့ကျားရပါမယ် ဗိုလ်ကိုမနိုင်တဲ့အတွက် ဗိုလ်မရပါဘူး။ အဲ့တော့ သေနပ်ရယ် ကျားရယ် ရပါမယ်၊ ဗိုလ်ကိုမရနိုင်ပါဘူး။
၎) အဲ့လို ဗိုလ်၊ ကျား၊ သေနပ် (၃)မျိုးမှာ ကြိုက်ရာ နှစ်ခုပဲ ရနိုင်သလို မြန်၊ ကောင်း၊ သက်သာ (၃)မျိုးမှာ ကြိုက်ရာ နှစ်ခုပဲ ရနိုင်ပါမယ်။

အယူအဆအလွဲများ(၅) ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၅)
ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။
'ငလျင်ဒဏ်ခံနိုင်အောင် RC ဆောက်ဖို့ငွေမှမရှိတာ ရှိတာလေးနဲ့ ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်လေး ဆောက်ရတာ ငလျင်လှုပ်လာလို့ပြိုတော့လည်း ဘယ်တတ်နိုင်မှာလဲ' စတဲ့ စကားမျိုးတွေ မကြာခဏကြားရပါတယ်။ အများစိတ်ထဲမှာ RC အဆောက်အဦတွေကသာ ငလျင်ဒဏ်ခံနိုင်တယ် ကျန်တဲ့အဆောက်အဦတွေက ငလျင်ဒဏ်မခံနိုင်ဘူးလို့ ထင်နေကြပါတယ်။
၁) RC အဆောက်အဦတိုင်း ငလျင်ဒဏ်မခံနိုင်ပါဘူး ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်မှသာ ငလျင်ဒဏ်ခံနိုင်မှာပါ။
၂) ဒီလိုပါပဲ အခြား ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်၊ Steel အဆောက်အဦတွေလည်း ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်ရင် ငလျင်ဒဏ်ခံနိုင်ပါတယ်။
၃) ပျဉ်ထောင်၊ နံကပ် တွေမှာ လိုအပ်တဲ့ ချုပ်တန်း (Bracing) တွေ ထည့်ပေးခြင်း၊ တွယ်ဆက်တဲ့နေရာမှာ မူလီများသုံးပြီး တောင့်တောင့်တင်းတင်းဆက်ထားခြင်း အစရှိတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
၎) အုတ်တိုက်တွေမှာဆိုရင်လည်း နံရံအုတ်ရိုးတွေကို သံချောင်းများဖြင့်အားဖြည့်တဲ့ (Reinforced Masonry) ဆောက်ခြင်း၊ သံချောင်းများဖြင့်အားဖြည့်ထားတဲ့ ၀န်မထမ်းတဲ့ တိုင်၊ ထုတ်တွေနဲ့ နံရံအုတ်ရိုးတွေကိုချုပ်တဲ့ (Confined Masonry) များနဲ့ ဆောက်ခြင်းစတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

အယူအဆအလွဲများ(၄) Steel Structure မှာ connection တိုင်းကို beam end plate သုံးပြီး moment connection ဖြစ်နေခြင်း

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၄)
Steel Structure မှာ connection တိုင်းကို beam end plate သုံးပြီး moment connection ဖြစ်နေခြင်း
ကျွန်တော်တို့ဆီမှာ Steel structure အဆောက်အဦဆောက်ရင် beam နဲ့ beam connection လုပ်ရာမှာ၊ beam နဲ့ column connection လုပ်ရာမှာ beam ထိပ်ကို plate ပြားကပ်ပြီး connection လုပ်တဲ့ beam end plate connection တစ်ခုတည်းကိုပဲ သုံးကြတာ 90% အထက်မှာ ရှိပါတယ်။ အဲ့တော့ connection တိုင်းဟာ moment connection တွေဖြစ်ကုန်ပါတယ်။ Moment ကို transmit မလုပ်သင့်တဲ့နေရာတွေမှာလည်း သုံးမိနေပါတယ်။
၁) Connection type ၂ မျိုးရှိပါတယ်။ Moment transmit မလုပ်ပဲ shear ပဲ transmit လုပ်တဲ့ Framed connection (Shear connection) နဲ့ moment ရော shear ရော transmit လုပ်တဲ့ Moment connection ဆိုပြီးတော့ပါ။
၂) H-beam ရဲ့ flange က moment ကို transmit လုပ်ပါတယ်။ Web က shear ကို transmit လုပ်ပါတယ်။ ဒါကြောင့် connection ကို bolts သုံးသုံး၊ welding သုံးသုံး Framed connection (Shear connection) လိုချင်ရင် flange ကို connection မပေးရဘဲ moment connection မှာကြမှ flange ကို connection ပေးရမှာပါ။
၃) Simply support လို့ယူဆရင်၊ moment ကို transmit မလုပ်စေချင်ရင် Framed connection (Shear connection)ကို သုံးပါတယ်။ Continuous ဖြစ်တယ်၊ rigid ဖြစ်တယ်လို့ ယူဆချင်ရင်တော့ moment connection ကိုသုံးရမှာပါ။
၎) Moment connection က detailed စဉ်းစားရမယ့်အချက်တွေပိုများပါတယ် (horizontal stiffener တွေ၊ stiffener plate တွေအစရှိတာတွေ)။ Column flange ကို သွားပြီး connection လုပ်ရာမှာ သိပ်မထောင်းသာပေမယ့် column web ကို connection လုပ်တာမျိုး၊ beam to beam connection လုပ်ရာမှာ အထူးပြုလုပ်ရမယ့်အရာတွေများပါတယ်။
၅) အဲ့ဒီလို အထူးပြုလုပ်ချက်တွေမပါပဲ beam ထိပ်ကို plate ပြားကပ်ပြီး connection လုပ်တဲ့ beam end plate connection နဲ့column web ကို connection လုပ်တာမျိုး၊ beam to beam connection လုပ်တာမျိုးကို မသုံးသင့်ဘူးလို့မြင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃) Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၃)
Foundation မြေ၀င်နက်နက်တူးထားလို့ အထပ်များများဆောက်လို့ရတယ်။
အဆောက်အဦအဟောင်းတွေကို ထပ်တိုးဆောက်ချင်တဲ့အိမ်ရှင်တွေ ပြောလေ့ရှိပါတယ် "အဆောက်အဦဆောက်တုန်းက Foundation ကို (၈ပေလောက်) အနက်ကြီးချထားလို့ နောက်တစ်ထပ်တက်လို့ ရပါတယ်" တဲ့။ Footing size (ခွာဆိုဒ်) အကျယ်အ၀န်းမေးတော့ သူတို့မသိပါဘူး။ Foundation နက်တော့ မြေကြီးခံနိုင်ရည်ကောင်းတဲ့အတွက် load ခံနိုင်ရည်ပိုရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဒီတချက်တည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
၁) Foundation မြေ၀င်ကို ဘယ်နှယ်ထပ်အတွက် ဘယ်လောက်ဆိုပြီး အသေသတ်မှတ်ထားလို့ မရပါဘူး။ နောက်ပြီး "၂ထပ်တုန်းက ၆ပေတူးတယ်၊ ၃ထပ်တုန်းက ၇ပေတူးတယ်၊ အခု ၈ထပ်ဆောက်မယ်ဆိုတော့ ၁၂ပေလောက်တူးရမယ်ထင်တယ်" လို့ မှန်းလို့ မရပါဘူး။။
၂) Foundation အတွကသင့်တော်တဲ့ Depth (အနက်) ကို မြေကြီးစမ်းလို့ရတဲ့ Result က ဘယ်နှယ်ပေမှာ မြေကြီးခံနိုင်အား ဘယ်လောက်ရှိတယ်ဆိုတာကနေ သင့်တော်တဲ့ မြေကြီးခံနိုင်အားရှိတဲ့ သင့်တော်တဲ့အနက်ကို ယူပါတယ်။ Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာကိုတော့ Column တိုင်ကနေ Footing ကထမ်းရမယ့် load ကို မြေကြီးခံနိင်ရည်နဲ့စားရင် ရပါပြီ။
ဥပမာ Footing ကထမ်းရမယ့် load က ၂၅တန်ရှိတယ်၊ ၇ပေအနက်မှာရှိတဲ့ မြေကြီးခံနိုင်အား (Safe Bearing Capacity) က ၁တန်ရှိတယ်ဆိုပါစို့။ Footing ကို ၇ပေအနက်တူးမယ်ဆိုရင် Footing အတွက်လိုအပ်တဲ့ အကျယ်အ၀န်း ဧရိယာက Load ကို မြေကြီးခံနိုင်အား (Safe Bearing Capacity)နဲ့စားဆိုတော့ ၂၅ ကို ၁ နဲ့စားတဲ့အဖြေ ၂၅စတုရန်းပေ ဖြစ်ပါတယ်။ ဒီတော့ ၅ပေပတ်လည်ဆိုရပါပြီ။
၃) Footing တစ်ခုက ထမ်းဆောင်နိုင်တဲ့ Load ၀န်က်ု မြေကြီးခံနိုင်အား (Safe Bearing Capacity) နဲ့ Footing အကျယ်အ၀န်း ဧရိယာနဲ့ မြှောက်ရင်ရတယ်ဆိုတာ သိနိုင်ပါပြီ။ ဒါကြောင့် Foundation အနက် (တနည်းအားဖြင့် မြေကြီးခံနိုင်အား Safe Bearing Capacity) ပဲပြောနေပြီး သူ့ရဲ့မြှောက်ဖော်ကိန်း Footing အကျယ်အ၀န်း ဧရိယာမသိရင် မပြည့်စုံတော့ အဖြေရှာဆုံးဖြတ်လို့ မရနိုင်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

Disqus Shortname

Comments system