Showing posts with label Aung Hsu Myat. Show all posts

Wednesday, February 14, 2018
Sunday, February 11, 2018
Wednesday, January 31, 2018
Prequalified Moment Connections
Prequalified Moment Connections
Steel Structures တွေကို Seismic Design ပြုလုပ်ရာမှာ တကယ်လို့ Intermediate Moment Frame သို့မဟုတ် Special Moment Frame တွေ အသုံးပြုမယ်ဆိုရင် Beam to Column Connections တွေကို AISC 358 မှာ သတ်မှတ်ထားတဲ့ Prequalified Moment Connections တွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ တကယ်လို့ အဲဒီ Connections တွေထဲက မဟုတ်ပဲ အခြားသော ကိုယ်စိတ်ကြိုက် Connections အမျိုးအစားတွေ အသုံးပြုချင်တယ်ဆိုရင်တော့ Testing တွေလုပ်ပြီး Connection တွေရဲ့ ခံနိုင်ရည်အားတွေကို စမ်းသပ်အတည်ပြုပြီးမှသာ အသုံးပြုခွင့် ရှိပါတယ်။ ဒါကြောင့် အင်ဂျင်နီယာတွေဟာ အဆောက်အအုံတွေကို Seismic Design ပြုလုပ်ရာမှာ Prequalified Moment Connection တွေထဲက အမျိုးအစားတစ်ခုခုကိုသာ အသုံးပြုလေ့ ရှိကြပါတယ်။ (Prequalified Moment Connection မသုံးချင်ဘူးဆိုရင်တော့ AISC 341 Section K2 မှာ သတ်မှတ်ထားတဲ့ စမ်သပ်စစ်ဆေးမှုတွေအတိုင်း စစ်ဆေးပြီးမှ အသုံးပြုရမှာ ဖြစ်ပါတယ်။)
AISC 358-10 မှာ ပြထားတဲ့ Prequalified Moment Connections တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
1. Reduced beam section (RBS)
2. Bolted unstiffened extended end plate (BUEEP)
3. Bolted stiffened extended end plate (BSEEP)
4. Bolted flange plate (BFP)
5. Welded unreinforced flange-welded web (WUF-W)
6. Kaiser bolted bracket (KBB)
7. ConXtech ConXL moment connection (ConXL)
အဲဒီ Prequalified Moment Connection တွေကို ပူးတွဲပါ ပုံတွေမှာ ကြည့်နိုင်ပါတယ်။ ဒီပုံတွေမှာ တွေ့ရတဲ့ Protected Zone ဆိုတာကတော့ အဲဒီ zone အတွင်းမှာ ဘာမှ လုပ်ခွင့်မရှိအောင် ကန့်သတ်ထားတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Protected Zone အတွင်းမှာ M&E အတွက် အပေါက်ဖောက်တာတို့ Welding ဆော်တာတို့၊ Secondary Beam လာဆက်တာတို့ အစရှိသည်တို့ကို လုပ်ခွင့် မရှိပါဘူး။
ကျေးဇူးတင်ပါတယ်။
Credit
အောင်ဆုမြတ်
9 May 2017
mmmm

Friday, January 26, 2018
စင်ကာပူမြို့ရဲ့ လမ်းစနစ်အချို့အကြောင်း
သွားရင်းလာရင်း တွေမြင်ခဲ့ရတဲ့ အတုယူသင့်တဲ့ စင်ကာပူရဲ့ လမ်းစနစ်လေးအချို့ကို နည်းနည်း ပြောပြချင်ပါတယ်။
စင်ကာပူ နိုင်ငံဟာ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံလေးဖြစ်ပြီးတော့ area အနေနဲ့ 276.5 စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြ ဧရိယာက 231.2 စတုရန်းမိုင်ရှိတဲ့အတွက် ရန်ကုန်မြို့နဲ့ မတိမ်းမယိမ်း အကျယ်အ၀န်းရှိတယ်လို့ ဆိုရမှာပါ။ 2014 စာရင်းဇယားတွေအရ စင်ကာပူမှာ လူဦးရေ 5.47 သန်းရှိပြီးတော့ LTA စာရင်းဇယားတွေအရ မော်တော်ဆိုင်ကယ် ၁ သိန်းခွဲ ခန့် အပါအ၀င် စုစုပေါင်း မော်တော်ယာဉ် အရေအတွက် တစ်သန်းနီးပါး (971,871 as of June 2014) ရှိပါတယ်။ ဒါ့အပြင် Malaysia Registered Car များလဲ နေ့စဉ် ၀င်ရောက်လျက် ရှိပါတယ်။ (အဲ ရန်ကုန်မှာတော့ registered မော်တော်ယာဉ် အရေအတွက်က ၄ သိန်းကျော်လို့ သိရပါတယ်။ သို့သော် အဲဒီ မော်တော်ယာဉ် အားလုံးတော့ ရန်ကုန်မှာ ရှိတာမဟုတ်ပါ။) သို့သော်လည်းပဲ တစ်ခါတစ်ရံ Accident ဖြစ်လို့ ဖြစ်တဲ့ လမ်းပိတ်ဆို့မှုမျိုးမှအပ ဆိုးရွားလှတဲ့ ကားကြပ်မှုမျိုးကို စင်ကာပူမှာ မတွေ့မြင်ရပါ။ ကုန်းမြေ ဧရိယာ ရှားပါးပေမယ့် လမ်းတွေအတွက် လုံလောက်တဲ့ ဧရိယာ ပမာဏ စီမံပေးထားတာကို တွေ့ရပါတယ်။ နောက်ပြီး ကားပါကင်လဲ လုံလောက်စွာ စီမံပေးထားတာ တွေ့ရပါတယ်။
Expressway များ
ဒီပုံက စင်ကာပူမြို့ရဲ့ Expressway Map ဖြစ်ပါတယ်။ Expressway တွေ တစ်မြို့လုံးကို လွှမ်းခြုံထားတာ တွေ့ရပါတယ်။ 2014 LTA စာရင်းဇယားတွေအရ စင်ကာပူနိုင်ငံမှာ Expressway 164km အပါအ၀င် စုစုပေါင်း လမ်းအရှည် 3452 km ရှိပါတယ်။
figure 1
ဒီဓါတ်ပုံက Expressway ပေါ် Bus ကားနဲ့ ဖြတ်သန်းသွားလာခဲ့ချိန်မှာ ရိုက်ထားတာပါ။ ဒီပုံမှာ လမ်းရဲ့ ဘယ်ဘက်မှာ ကျယ်ဝန်းတဲ့ road shoulder တွေတွှေ့ရသလို လမ်းခွဲတဲ့နေရာမှာလဲ အ၀ါရောင် ရောင်ပြန်နဲ့ပြထားတဲ့ Crush Cushion ဆင်ထားတာ တွေ့ရမှာပါ။ Crush Barrier များကိုလဲ လမ်းဘေးဝဲယာနဲ့ လမ်းလယ်ကျွန်းတောက်လျှောက်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ လမ်း ယောင်ယောင်လေးကွေ့သွားတဲ့ နေရာမှာလဲ အချက်ပြ ရောင်ပြန်ဆိုင်းဘုတ်များ တပ်ဆင်ထားတာ တွေ့ရပါတယ်။
Figure 2
Crush Cushion ဆိုတာကတော့ တကယ်လို့ ယာဉ်တိုက်မှု ဖြစ်ခဲ့ရင် အပျက်အစီး သက်သာစေဖို့ တပ်ဆင်ပေးတဲ့ အရာဖြစ်ပါတယ်။ အောက်က ပုံတွေက စင်ကာပူက Expressway ပေါ်မှာ တပ်ဆင် အသုံးပြုတဲ့ Crush Cushion ပုံတွေဖြစ်ပါတယ်။ (ရန်ကုန်မှာတော့ ကွန်ကရစ်တုံးတွေ ပြီးစလွယ်ချထားပြီး လူကြီးမင်းတွေကလဲ လူ့အသက်တွေထက် သူတို့ရဲ့ ကွန်ကရစ်တုံးတွေကို ပိုတန်ဖိုးထားတာကို ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။)
Figure 4
Road Junction များ
နောက်တစ်ခု ပြောချင်တာက Road Junction တွေအကြောင်းပါ။ အောက်ကပုံကတော့ Road Junction တစ်ခုရဲ့ ပုံပါ။ LTA ကထုတ်တဲ့ Code of Practice on Street Work Proposal ထဲကနေ ထုတ်နှုတ်ယူထားခြင်းဖြစ်ပါတယ်။ (အသေးစိတ်သိချင်ရင်တော့ ဒီလင့်မှာ ရယူနိုင်ပါတယ်။http://www.lta.gov.sg/content/dam/ltaweb/corp/Industry/files/COP-Appendices/RT-COP-V1.1.pdf)
Figure 5
Road Junction တွေမှာ ကွေ့ကြောအတွက် လမ်းသီးသန့် ထားပေးတာ တွေ့ရပါတယ်။ ပုံအရ 2 lane road တွေမှာ Junction ရောက်ခါနီး ကွေ့ကြောအတွက် အပို Lane နှစ်ခု ထပ်ထားထားတဲ့အတွက် 4 Lane road ဖြစ်သွားပါတယ်။ ဒီလိုစီမံထားခြင်းအားဖြင့် တည့်တည့်သွားမယ့် ကားတွေနဲ့ ကွေ့ကြောကိုသွားမယ့်ကားတွေ လမ်းသီးခြားစီ နေရာယူကြလို့ မလိုလားအပ်တဲ့ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေပါတယ်။
အောက်ကဓါတ်ပုံက ကျနော့် ဆိုဒ်နားက Road Junction တစ်ခုပုံပါ။
Figure 6
Bus Stop and Bus Bay
နောက်တစ် ချက် ပြောချင်တာပ Bus ကား မှတ်တိုင်တွေပါ။ Bus ကားမှတ်တိုင်တွေမှာ Bus ကားတွေရပ်ဖို့ (Bus Bay လို့ခေါ်တဲ့)နေရာသီးသန့် လုပ်ထား ပေးထားပါတယ်။ အဲဒီလို လုပ်ထားခြင်းကြောင့် Bus Stop မှာ Bus ကား ရပ်တဲ့အခါ လမ်းပိတ်ဆို့မှုတွေ မဖြစ်ပေါ်စေတော့ပါ။ အောက်ကပုံကတော့ Bus မှတ်တိုင် (Bus Bay) တစ်ခု ပုံဖြစ်ပါတယ်။
Figure 8
ဒီဓါတ်ပုံမှာ တစ်ခုတွေ့ရတာက ကားလမ်းမှာ Lane တစ်ခုစီသာ ရှိပေမယ့် လမ်းလယ်မှာ (လမ်းလယ်ကျွန်း) Median Kerb ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။ (ရန်ကုန်မှာတော့ ကမ္ဘာအေးဘုရားလမ်းလို ၆ လမ်းသွား လမ်းမှာတောင် လမ်းလယ် Median Kerb မလုပ်ထားတာ တွေ့ခဲ့ရပါတယ်။)
လမ်းပန်း ဆက်သွယ်ရေးဟာ လူမှုရေး စီးပွားရေးတွေကို များစွာ အကျိုးသက်ရောက်စေပါတယ်။ အခုလဲ ရန်ကုန်မှာ ပြည်သူပြည်သား များစွာဟာ စနစ်မကျတဲ့ လမ်းစနစ်တွေပေါ်မှာ အချိန်ပေါင်းများစွာ မလိုလားအပ်ပဲ ဆုံးရှုံးနေတဲ့အပြင် များပြားလှတဲ့ Accident တွေကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေရတာကိုလည်း ၀မ်းနည်းစွာ တွေ့မြင်နေရပါတယ်။လမ်းပေါ်မှာ အချိန်မကုန်စေဖို့နဲ့ အသက်အန္တရာယ်ကင်းစေဖို့ စနစ်ကျတဲ့ လမ်းစနစ်တခု အမြန်ပြောင်းလဲဖို့လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
LTA ရဲ့ Standard Detail of Road Elements တွေကို ဒီလင့်မှာ ဒေါင်းလုဒ် ရယူနိုင်ပါတယ်။
Credit
Aung Hsu Myat
16 Jan 2015
Saturday, January 6, 2018
Construction Joints
Construction Joints
Construction Joint ဆိုတာ ဘာလဲ?
ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)
Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?
Construction Joint တွေ ပြုလုပ်ရာမှာ ကွန်ကရစ် အဟောင်းနဲ့ အသစ် ကောင်းစွာ မြဲမြံစေဖို့နဲ့ ရေလုံဖို့အတွက် သတိထားရမယ့် အချက်တချို့ ရှိပါတယ်။ အဲဒါတွေက ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ဟာ သန့်ရှင်းဖို့ လိုပြီး Laitance လို့ခေါ်တဲ့ ကွန်ကရစ်အနှစ်ရေကြောင့် ဖြစ်လာတဲ့ အလွှာတွေ မရှိနေဖို့ လိုအပ်ပါတယ် (ACI311.1R)။ တကယ်လို့သာ ကွန်ကရစ် အဟောင်းနဲ့ အသစ် လောင်းချိန် အနည်းငယ်သာ ကွာခြားမယ်ဆိုပါက (ကွန်ကရစ် အဟောင်းသည် မခဲမာသေးပါက) loose particles တွေ၊ ဖုန်တွေသဲတွေနဲ့ အဲဒီ အနှစ်ရည်အလွှာတွေ ဖယ်ထုတ်ပေးရပါမယ်။ ပြီးရင် ကွန်ကရစ် အသစ်ကို ထပ်လောင်းတဲ့အခါ သေချာစွာ Vibrate လုပ်ပေးပါက ကွန်ကရစ် အသစ်တွေဟာ ကောင်းစွာ ဆက်စပ်သွားမှာ ဖြစ်ပါတယ်။
ကွန်ကရစ်အဟောင်း လောင်းပြီး အချိန်အတန်ကြာပြီးမှပဲ ကွန်ကရစ်အသစ်လောင်းမယ်ဆိုပါက Joint ရဲ့ မျက်နှာပြင်ကို လိုအပ်တဲ့ preparation တွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။
ကွန်ကရစ်က ပျော့သေးတယ်ဆိုပါက Air-Water Jet ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ wire brush ကို အသုံးပြုခြင်းဖြင့်လည်းကောင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ကွန်ကရစ် မာသွားပြီဆိုရင်တော့ အားပြင်းတဲ့ high pressure water Jet တွေကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးရပါမယ်။ (တခါတလေမှာ မကောင်းတဲ့ ကွန်ကရစ်သားတွေကို hacking ထိုးပြီး ဖယ်ထုတ်ပေးရပါတယ်။)
ACI 318 အရ ကွန်ကရစ် အသစ် မလောင်းခင်မှာ ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ကို စိုစွတ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီ Joint နေရာမှာ ရေအများအပြား အိုင်နေလို့တော့ မရပါဘူး။ အနည်းငယ် စိုစွတ်ရုံသာ လုပ်ပေးရပါမယ်။
Joints တွေ ဘယ်နေရာမှာ ထားမလဲ?
Construction Joint တွေကို ဘယ်နေရာမှာ ထားမလဲဆိုတာ သေချာ စဉ်းစား ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Construction Joints တွေဟာ Structure ရဲ့ Integrity ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်မယ့် နေရာမျိုးမှာပဲ ရွေးချယ်သတ်မှတ်သင့်ပါတယ်။
Beam and Slab
Beam and Slab တွေအတွက်ဆိုရင် Construction Joints တွေဟာ Main Reinforcement တွေနဲ့ ထောင့်မှန်အနေအထားအတိုင်း ရှိရမှာ ဖြစ်ပြီး ထားသင့်တဲ့ နေရာတွေက Shear Force အနည်းဆုံး ဖြစ်တဲ့နေရာ သို့မဟုတ် Point of Contraflexure လို့ခေါ်တဲ့ Negative moment ကနေ Positive Moment ပြောင်းတဲ့ အမှတ်နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် Joints တွေကို mid span သို့မဟုတ် Middle third of the Span (Span ကို သုံးပိုင်းပိုင်းရင် span ရဲ့ အလယ်ဘက်ကျတဲ့ သုံးပုံတစ်ပုံ အစိတ်အပိုင်းအတွင်း) ထားပေးလေ့ ရှိကြပါတယ်။ Beam နဲ့ Girder ဆုံတဲ့ နေရာတွေမှာ ဆိုရင်တော့ ACI 318 အရ Girder ပေါ်က Construction Joint ဟာ Beam ကနေ Beam အကျယ် ၂ ဆ အကွာအဝေးမှာ ထားပေးဖို့ လိုအပ်ပါတယ်။
Beam နဲ့ Slab တွေမှာ Horizontal Construction Joint တွေထားဖို့ကတော့ recommend မပေးကြပါဘူး။ ပုံမှန်အားဖြင့် Beam နဲ့ Slab တွေကို တစ်ဆက်ထဲ monolithically လောင်းကြတာ များပါတယ်။ ဒါပေမယ့် Beam တွေ Girder တွေ ရဲ့ Depth အလွန်များတဲ့အခါမျိုးမှာ Beam တွေကို Slab Soffit level အထိ အရင်လောင်းပြီး အဲဒီအပေါ်မှာ Slab ကို Separate operation အနေနဲ့ လောင်းနိုင်ပါတယ်။ (Hunter 1953 က recommends ပေးထားတာ ဖြစ်ပါတယ်)။ ဒီလိုအခြေအနေမျိုးမှာ Surface ၂ ခုရဲ့ကြားမှာ Horizontal Shear ကြောင့် slip ဖြစ်နိုင်တဲ့အတွက် ACI 318 အရ လုံလောက်တဲ့ Shear transfer ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ Shear Transfer ကိုတော့ ကွန်ကရစ် အဟောင်းနဲ့ အသစ်ကြားက friction (ပွတ်တိုက်မှု) နဲ့ ဒီ Joint ကို ဖြတ်သွားတဲ့ Reinforcement တွေရဲ့ Dowel Action တွေကနေ ရရှိပါမယ်။ Shear key တွေကိုတော့ spalling ဖြစ်နိုင်တဲ့အတွက် ထားဖို့ မသင့်တော်ပါဘူး။ (Fintel 1974) တကယ်လို့သာ ကွန်ကရစ်လောင်းတာကို သေချာစွာ လုပ်ခဲ့မယ်ဆိုပါက ကွန်ကရစ်အဟောင်းနဲ့ အသစ်အကြားဖြစ်ပေါ်တဲ့ တွဲဆက်မှု (Bond) နဲ့ Cross Reinforcements တွေရဲ့ Dowel Actions တွေဟာ လိုအပ်တဲ့ Shear Transfer ကို ဖြစ်ပေါ်စေဖို့ လုံလောက်မှာ ဖြစ်ပါတယ်။
Column and Wall
Column နဲ့ Wall တွေမှာ ဆိုရင် Construciton Joint တွေကို Beam နဲ့ Slab ရဲ့ အောက်ခြေနေရာ Soffit level မှာ ထားလေ့ရှိပါတယ်။ ပြီးရင် Beam နဲ့ Slab လောင်းပြီးပါက သူ့ရဲ့ အပေါ်မှာ Column အတွက် Construction Joint လုပ်ပေးရမှာ ဖြစ်ပါတယ်။
Reference ACI 224.3R-95 (Reapproved 2001)
Aung Hsu Myat
.
11 June 2016

Northridge Earthquake
Northridge Earthquake
Northridge Earthquake 1994 ဟာ အမေရိကန် အင်ဂျင်နီယာတွေ၊ အထူးသဖြင့် Structural Steel Engineers လောကမှာ အလွန်ထင်ရှားခဲ့တဲ့ ငလျင်တစ်ခုဖြစ်ပါတယ်။
ဒီငလျင်ဟာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လစ် ဒေသ၊ ဆန်ဖာနန်ဒို တောင်ကြားကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။
Moment magnitude scale အနေနဲ့ 6.7 ရှိပြီး
Ground acceleration ကတော့ 1.8g အထိ ရှိခဲ့ပါတယ်။
Northridge Earthquake ဟာ ဘာကြောင့် အင်ဂျင်နီယာတွေကြား ထင်ရှားခဲ့ပါသလဲ?
Northridge ငလျင် ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒေသဟာ တကယ်တော့ လူနေထူထပ်တဲ့ ဒေသမဟုတ်ပါဘူး၊ ဒါပေမယ့် ဒေသတွင်း ၃ ထပ် ၄ ထပ် steel structures commercial အဆောက်အအုံတွေရှိကြပါတယ်။ (အထပ်မြင့်တွေ များရင်တော့ ပိုဆိုးမှာပါ)
အဲဒီ အချိန်ကာလတုန်းက Steel Structures တွေကို moment frame တွေနဲ့ တည်ဆောက်ကြပြီး ငလျင်မကြာခဏ ဖြစ်ပေါ်သည့်တိုင် ဒီ steel moment frame structures တွေမှာ ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမားမဖြစ်ခဲ့တဲ့အတွက် အင်ဂျင်နီယာတွေဟာ steel moment frame structures တွေသည် ငလျင်ဒဏ် ကောင်းစွာခံနိုင်သည် ဟု ထင်ခဲ့ကြ၊ သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
Northridge ငလျင် ဖြစ်သွားပြီးတဲ့နောက် steel structures တွေရဲ့ ပျက်စီးမှုတွေကို လေ့လာကြည့်ကြပါတယ်။ steel moment frame အဆောက်အအုံတစ်လုံးကို စစ်ဆေးတဲ့နေရာမှာ အပြင်ပန်းအားဖြင့် ပျက်စီးမှုအနည်းငယ်သာတွေ့ခဲ့ရပြီး အချို့အဆောက်အအုံတွေက အနည်းငယ် တိမ်းစောင်းနေတာကို တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ cladding တွေ၊ ceiling တွေကို ဖယ်ရှားပြီး အတွင်းဘက် structures တွေရဲ့ အခြေအနေကို ဆက်လက်လေ့လာကြပါတယ်။
အဲဒီလို လေ့လာတဲ့အခါ Moment Connections တွေမှာ ဆိုးရွားစွာ ပျက်စီးနေတာတွေ တွေ့ခဲ့ကြပါတယ်။ ဒါနဲ့ အဆောက်အအုံတစ်ခုလုံးရဲ့ bram to column moment connections တွေကို ဆက်လက်လေ့လာတဲ့အခါ အခြားသော Moment connections တွေမှာလဲ crack တွေ ဖြစ်ပေါ်နေတာ တွေ့ကြရပါတော့တယ်။
အဲဒီအဆောက်အအုံမှာ သုံးစွဲထားတဲ့ Moment connections တွေက Building Code က ခွင့်ပြုထားတဲ့အတိုင်းပဲ ပြုလုပ်ထားတာဖြစ်ပါတယ်။
ဒါနဲ့ အင်ဂျင်နီယာတွေဟာ အခြားသော steel moment frame အဆောက်အအုံတွေက moment connections တွေကိုလဲ ဆက်လက်လေ့လာကြပါတယ်။ ဒီနေရာမှာ steel structures တွေကို fire proofing တွေ သုတ်လိမ်းထားကြတဲ့အတွက် connections တွေရဲ့အခြေအနေကို လေ့လာရာမှာ အဲဒီ fire proofing တွေကို အရင် ဖယ်ရှားရတာဖြစ်ပြီး အဆောက်အအုံ တစ်လုံးစီမှာ moment connections တွေ များစွာရှိကြတဲ့အတွက် ဒီ fire proofing တွေကို ဖယ်ရှားရတဲ့ ကုန်ကျစရိတ် မသေးလှပါဘူး။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လေ့လာကြတဲ့အခါ အဆောက်အအုံတိုင်းရဲ့ moment connections အများစုဟာ failure ဖြစ်ပေါ်နေတာ တွေ့ခဲ့ကြရပါတယ်။
ဒီနေရာမှာ Northridge Earthquake မတိုင်မီက Moment connection တွေရဲ့အကြောင်းကို အနည်းငယ်ပြောချင်ပါတယ်။ Building Code မှာ ပုံ ၁ မှာ ပြထားတဲ့ Beam to column connection ပုံစံကို အသုံးပြုဖို့ သတိမှတ်ထားပါတယ်။ ဒီ moment connection အမျိုးအစားမှာ beam ရဲ့ web ကို column နဲ့ bolts တွေအသုံးပြု ဆက်ထားပြီး Beam ရဲ့ flange ကိုတော့ column နဲ့ CJP weld နဲ့ ဆက်ထားပါတယ်။ CJP weld တွေ ပြုလုပ်ဖို့အတွက် Flange ရဲ့ အောက်မှာ backing bar တွေ ခံရပြီး beam ရဲ့ web မှာလဲ welding ဆော်လို့ရအောင် weld access hole တွေ ပြုလုပ်ပေးရပါတယ်။
Building code မှာဒီ connection အမျိုးအစားကို seismic design အတွက် အသုံးပြုနိုင်တယ်လို့ ပြောထားပြီး တကယ်လို့ အခြားသော connections design တွေကို အသုံးပြုမယ်ဆိုပါက capacity ကို ၂၅ ရာခိုင်နှုန်း ပိုတွက်ဖို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် အင်ဂျင်နီယာအများစုဟာ moment frames တွေကို တည်ဆောက်ရာမှာ ဒီ connection ကိုပဲ အလွယ်တကူ ယူသုံးကြပါတယ်။
Northridge earthquake လဲ ပြီးရော ဒီ connections အများစု failure ဖြစ်တာကို တွေ့ရတာပါပဲ။ တကယ်တော့ ဒါဟာ Building Code failure သို့မဟုတ်၊ Engineering failure လို့ သတ်မှတ်လို့ရတဲ့ အခြေအနေပါပဲ။
အကျိုးဆက်အနေနဲ့ Northridge Earthquake ကြောင့် Emergency Building Code Changes တွေ ပြုလုပ်ခဲ့ရပြီး SAC ဆိုတဲ့ programme ကို ဒေါ်လာ ၁၂ သန်း အကုန်အကျခံကာ ၆ နှစ်တိုင် ပြုလုပ်လေ့လာခဲ့ကြပါတယ်။ SAC ဆိုတာက အဲဒီ Programme မှာ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်း ၃ ခုရဲ့ အစ စကားလုံးလေးတွေဖြစ်ပါတယ်။
အဲဒီနောက်တော့ special နဲ့ intermediate moment frame တွေမှာ အသုံးပြုနိုင်တဲ့ prequalified Moment Connections တွေကို သတ်မှတ်ပြဌာန်း ခဲ့ကြပါတယ်။ AISC 358-10 မှာဖြစ်ပါတယ်။ (AISC 358 ဆိုတာ Northridge Earthquake ကြောင့် ပေါ်ပေါက်လာတာပါ။
သင်ခန်းစာယူစရာအနေနဲ့....
ဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ပြီးတာနဲ့ အဲဒီလို ဖြစ်ရပ်ဆိုးမျိုး နောက်တစ်ခါ ထပ်မံ မကြုံတွေ့စေဖို့ ပညာရှင်တွေကို အချိန်ကုန်ငွေကုန်ခံ လေ့လာစေကာ ဥပဒေပြဌာန်းချက်များကို ပြောင်းလဲကြရတာ ဖြစ်ပါတယ်...
အဲ... မြန်မာနိုင်ငံမှာတော့ MNBC ဆိုတဲ့ Building Code ကို ၂၀၁၂ ခုနှစ်ထဲက ကော်ပီကူး.. အဲလေ .. ယောင်လို့... ရေးဆွဲခဲ့ကြပေမယ့်
ခုချိန်ထိ...
ဘယ်ဆီကို ရောက်လို့နေတယ် မသိတော့ပါဘူး....
လက်တွေ့မှာတော့ အများစု မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဘာ standard မှ မရှိ လုပ်ချင်ရာ လုပ်နေကြဆဲ....
Catastrophe waiting to happen လို့ပဲ ခေါ်ရလေမလား Wating for Catastrophe to happen လို့ပဲ ဆိုရလေမလားပါပဲ....