Saturday, January 6, 2018

Construction Joints

Construction Joints

Construction Joint ဆိုတာ ဘာလဲ?

ကွန်ကရစ်အဆောက်အအုံတွေ ဆောက်တဲ့အခါ အဆောက်အအုံက ကြီးမားကျယ်ပြန့်မယ်ဆိုရင် ကွန်ကရစ်ကို တစ်ခါထဲနဲ့ ပြီးအောင်လောင်းဖို့ မလွယ်ပါဘူး။ အဲဒီအခါမှာ Construction Joints လို့ခေါ်တဲ့ (ကွန်ကရစ်တစ်ခါလောင်းရင် ဘယ်နေရာမှာ ရပ်နားမလဲဆိုတဲ့) ရပ်နားအဆက်တွေ သေချာ စီမံပေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုပါက အဲဒီ Construction Joints တွေကို Contraction Joints, Isolation သို့မဟုတ် Expansion Joint နေရာတွေမှာ ပြုလုပ်ပေးသင့်ပါတယ်။ (အဲဒီ Joints တွေအကြောင်း သီးခြား ရေးပါမယ်)

Construction Joint ကောင်းတစ်ခု ဘယ်လိုလုပ်မလဲ?

Construction Joint တွေ ပြုလုပ်ရာမှာ ကွန်ကရစ် အဟောင်းနဲ့ အသစ် ကောင်းစွာ မြဲမြံစေဖို့နဲ့ ရေလုံဖို့အတွက် သတိထားရမယ့် အချက်တချို့ ရှိပါတယ်။ အဲဒါတွေက ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ဟာ သန့်ရှင်းဖို့ လိုပြီး Laitance လို့ခေါ်တဲ့ ကွန်ကရစ်အနှစ်ရေကြောင့် ဖြစ်လာတဲ့ အလွှာတွေ မရှိနေဖို့ လိုအပ်ပါတယ် (ACI311.1R)။ တကယ်လို့သာ ကွန်ကရစ် အဟောင်းနဲ့ အသစ် လောင်းချိန် အနည်းငယ်သာ ကွာခြားမယ်ဆိုပါက (ကွန်ကရစ် အဟောင်းသည် မခဲမာသေးပါက) loose particles တွေ၊ ဖုန်တွေသဲတွေနဲ့ အဲဒီ အနှစ်ရည်အလွှာတွေ ဖယ်ထုတ်ပေးရပါမယ်။ ပြီးရင် ကွန်ကရစ် အသစ်ကို ထပ်လောင်းတဲ့အခါ သေချာစွာ Vibrate လုပ်ပေးပါက ကွန်ကရစ် အသစ်တွေဟာ ကောင်းစွာ ဆက်စပ်သွားမှာ ဖြစ်ပါတယ်။
ကွန်ကရစ်အဟောင်း လောင်းပြီး အချိန်အတန်ကြာပြီးမှပဲ ကွန်ကရစ်အသစ်လောင်းမယ်ဆိုပါက Joint ရဲ့ မျက်နှာပြင်ကို လိုအပ်တဲ့ preparation တွေ လုပ်ပေးရမှာ ဖြစ်ပါတယ်။

ကွန်ကရစ်က ပျော့သေးတယ်ဆိုပါက Air-Water Jet ကို အသုံးပြုခြင်းဖြင့်လည်းကောင်း၊ wire brush ကို အသုံးပြုခြင်းဖြင့်လည်းကောင်း သန့်ရှင်းရေး လုပ်ပေးရပါမယ်။ ကွန်ကရစ် မာသွားပြီဆိုရင်တော့ အားပြင်းတဲ့ high pressure water Jet တွေကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ပေးရပါမယ်။ (တခါတလေမှာ မကောင်းတဲ့ ကွန်ကရစ်သားတွေကို hacking ထိုးပြီး ဖယ်ထုတ်ပေးရပါတယ်။)

ACI 318 အရ ကွန်ကရစ် အသစ် မလောင်းခင်မှာ ကွန်ကရစ်အဟောင်းရဲ့ မျက်နှာပြင်ကို စိုစွတ်အောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲဒီ Joint နေရာမှာ ရေအများအပြား အိုင်နေလို့တော့ မရပါဘူး။ အနည်းငယ် စိုစွတ်ရုံသာ လုပ်ပေးရပါမယ်။

Joints တွေ ဘယ်နေရာမှာ ထားမလဲ?

Construction Joint တွေကို ဘယ်နေရာမှာ ထားမလဲဆိုတာ သေချာ စဉ်းစား ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ Construction Joints တွေဟာ Structure ရဲ့ Integrity ကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေနိုင်မယ့် နေရာမျိုးမှာပဲ ရွေးချယ်သတ်မှတ်သင့်ပါတယ်။

Beam and Slab

Beam and Slab တွေအတွက်ဆိုရင် Construction Joints တွေဟာ Main Reinforcement တွေနဲ့ ထောင့်မှန်အနေအထားအတိုင်း ရှိရမှာ ဖြစ်ပြီး ထားသင့်တဲ့ နေရာတွေက Shear Force အနည်းဆုံး ဖြစ်တဲ့နေရာ သို့မဟုတ် Point of Contraflexure လို့ခေါ်တဲ့ Negative moment ကနေ Positive Moment ပြောင်းတဲ့ အမှတ်နေရာတွေဖြစ်ပါတယ်။ ဒါကြောင့် Joints တွေကို mid span သို့မဟုတ် Middle third of the Span (Span ကို သုံးပိုင်းပိုင်းရင် span ရဲ့ အလယ်ဘက်ကျတဲ့ သုံးပုံတစ်ပုံ အစိတ်အပိုင်းအတွင်း) ထားပေးလေ့ ရှိကြပါတယ်။ Beam နဲ့ Girder ဆုံတဲ့ နေရာတွေမှာ ဆိုရင်တော့ ACI 318 အရ Girder ပေါ်က Construction Joint ဟာ Beam ကနေ Beam အကျယ် ၂ ဆ အကွာအဝေးမှာ ထားပေးဖို့ လိုအပ်ပါတယ်။

Beam နဲ့ Slab တွေမှာ Horizontal Construction Joint တွေထားဖို့ကတော့ recommend မပေးကြပါဘူး။ ပုံမှန်အားဖြင့် Beam နဲ့ Slab တွေကို တစ်ဆက်ထဲ monolithically လောင်းကြတာ များပါတယ်။ ဒါပေမယ့် Beam တွေ Girder တွေ ရဲ့ Depth အလွန်များတဲ့အခါမျိုးမှာ Beam တွေကို Slab Soffit level အထိ အရင်လောင်းပြီး အဲဒီအပေါ်မှာ Slab ကို Separate operation အနေနဲ့ လောင်းနိုင်ပါတယ်။ (Hunter 1953 က recommends ပေးထားတာ ဖြစ်ပါတယ်)။ ဒီလိုအခြေအနေမျိုးမှာ Surface ၂ ခုရဲ့ကြားမှာ Horizontal Shear ကြောင့် slip ဖြစ်နိုင်တဲ့အတွက် ACI 318 အရ လုံလောက်တဲ့ Shear transfer ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ Shear Transfer ကိုတော့ ကွန်ကရစ် အဟောင်းနဲ့ အသစ်ကြားက friction (ပွတ်တိုက်မှု) နဲ့ ဒီ Joint ကို ဖြတ်သွားတဲ့ Reinforcement တွေရဲ့ Dowel Action တွေကနေ ရရှိပါမယ်။ Shear key တွေကိုတော့ spalling ဖြစ်နိုင်တဲ့အတွက် ထားဖို့ မသင့်တော်ပါဘူး။ (Fintel 1974) တကယ်လို့သာ ကွန်ကရစ်လောင်းတာကို သေချာစွာ လုပ်ခဲ့မယ်ဆိုပါက ကွန်ကရစ်အဟောင်းနဲ့ အသစ်အကြားဖြစ်ပေါ်တဲ့ တွဲဆက်မှု (Bond) နဲ့ Cross Reinforcements တွေရဲ့ Dowel Actions တွေဟာ လိုအပ်တဲ့ Shear Transfer ကို ဖြစ်ပေါ်စေဖို့ လုံလောက်မှာ ဖြစ်ပါတယ်။

Column and Wall

Column နဲ့ Wall တွေမှာ ဆိုရင် Construciton Joint တွေကို Beam နဲ့ Slab ရဲ့ အောက်ခြေနေရာ Soffit level မှာ ထားလေ့ရှိပါတယ်။ ပြီးရင် Beam နဲ့ Slab လောင်းပြီးပါက သူ့ရဲ့ အပေါ်မှာ Column အတွက် Construction Joint လုပ်ပေးရမှာ ဖြစ်ပါတယ်။

Reference ACI 224.3R-95 (Reapproved 2001)

Aung Hsu Myat
.

11 June 2016


0 comments:

Post a Comment

Disqus Shortname

Comments system