Friday, January 26, 2018

Steel Connection တွေအကြောင်း တစေ့တစောင်း (Part 1. Simple Connection)

ကျွန်တော် Structural Steel Connection တွေထဲက Simple Connection နဲ့ Moment Connection အကြောင်း အင်ဂျင်နီယာ ညီငယ် ညီမငယ်တွေ ဗဟုသုတရအောင် နည်းနည်း ဆွေးနွေး ပြောပြချင်ပါတယ်။ (ဝေဖန်ဆွေးနွေးစရာရှိတာ တွေကိုလဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးနိုင်ပါတယ်)

ကျွန်တော်တို့ Structural Analysis လုပ်တဲ့အခါမှာ Ideal Support Condition အခြေအနေ ၃ မျိုးရှိပါတယ်။ အဲဒါတွေက Roller, Pin နဲ့ Fixed Connection တို့ပဲ ဖြစ်ကြပါတယ်။ အောက်ကပုံတွေက Connection တွေရဲ့ သင်္ကေတတွေဖြစ်ကြပါတယ်။
Figure 1 Joints and Symbols

ပုံ (a) အရဆိုရင် Roller Support ဆိုတာက X direction မှာ ချုပ်ထားတဲ့ အားမရှိတဲ့အတွက် လွတ်လပ်စွာ ရွေ့လျားနိုင်တယ်။ Y Direction မှာက Vertical Reaction တစ်ခုရှိတယ်။ ပြီးတော့ လွတ်လပ်စွာ rotation ဖြစ်နိုင်ပါတယ်။ (တနည်းဆိုသော် Resisting Moment မရှိပါ)။ Actual Structural တွေအနေနဲ့ဆိုရင် အပူချိန်ကြောင့် Span အရှည် အပြောင်းအလဲ ဖြစ်နိုင်တဲ့ တံတားလို Structure မျိုးနဲ့ Long Span Truss တွေမှာ အသုံးပြုကြပါတယ်။

ပုံ (b) မှာတော့ Hinge Support ဖြစ်ပါတယ်။ X Direction အတိုင်းပါ မရွေ့နိုင်အောင် ချုပ်ထားပါတယ်။ အဲဒါကြောင့် X နဲ့ Y Direction တွေမှာ Reaction တွေရှိနေတာကို တွေ့ရမှာပါ။ Resistant Moment မရှိတဲ့အတွက် roller လိုပဲ လွတ်လပ်စွာ rotation ဖြစ်နိုင်ပါတယ်။

ပုံ (c) မှာတော့ Fixed Support ပါ။ ဘယ်လိုမှ လှုပ်လို့မရအောင် ချုပ်ထားတာကို တွေ့ရမှာပါ။ သူ့အတွက် X Direction ရော Y Direction မှာပါ Resistance Force တွေရှိတဲ့အပြင် rotation မဖြစ်နိုင်အောင် ချုပ်ထားတဲ့ Resisting Moment တစ်ခုကိုပါ တွေ့ရမှာပါ။

ဒီ ပို့စ်မှာ Structural Steel Connection တွေထဲက Simple Connection တွေအကြောင်းကို ကျွန်တော် နားလည်သလောက် ပြောပြသွားမှာပါ။

What is Simple Connection?

Simple Connection ဆိုတာက Moment ခံနိုင်ရည်မရှိတဲ့ Connection တွေပါ။ Analysis လုပ်တဲ့အခါ Pin Support လို့လဲ ယူဆတဲ့ Connection တွေဖြစ်ပါတယ်။ အောက်ကပုံတွေက Pin စစ်စစ်တွေ ပါတဲ့ Pure Pin Connection တွေဖြစ်ပါတယ်။

Figure 2 Pure Pin Connections

တကယ်တန်းတော့ Simple Connection စာရင်းထဲမှာ Pin စစ်စစ်တွေသာမက အခြားသော Connection ပုံစံမျိုးတွေပါ ပါဝင်ပါတယ်။ Simple Connection တွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။
Figure 3 Definition of Simple Connection

ဒီတော့ Simple Connection ဆိုတာ ဘာလဲဆိုတော့ Member တစ်ခုရဲ့ Moment ကို သူဆက်မယ့် Member ဆီကို Transfer မလုပ်နိုင်တဲ့ Connection အမျိုးအစားပဲ ဖြစ်ပါတယ်။ အောက်ကပုံက Steel I Beam တစ်ချောင်းကို Steel Column တစ်ခုနဲ့ ဆက်ထားတဲ့ပုံပါ။ I Beam မှာ Flange တွေက Moment ကို Resist လုပ်ပြီးတော့ Web က Shear ကို Resist လုပ်ပါတယ်။ ဒီ Connection မှာ I Beam ရဲ့ Web ကိုသာ Steel Column နဲ့ ဆက်ထားတဲ့အတွက် I Beam ဆီက Shear ကိုပဲ Column ဆီကို Transfer လုပ်နိုင်တာ တွေ့ရပါတယ်။ တနည်းအားဖြင့်ဆိုသော် Flange တွေကို Column နဲ့ မဆက်ထားတဲ့အတွက် Flanges တွေမှာ Moment ကြောင့်ဖြစ်ပေါ်တဲ့ Tension နဲ့ Compression Force တွေကို Column ဆီကို Transfer မလုပ်နိုင်ပါဘူး။ ဒီတော့ ဒီ Connection ဟာ Horizontal Reaction နဲ့ Vertical Reaction တွေသာရှိတဲ့ Pin Support ဖြစ်ပါတယ်။ Beam အတွက်ကတော့ End Moment = 0 ဖြစ်ပါမယ်။

Figure 4 Beam Column Joint for Simple Connection

ဒီလို Connection မျိုးမှာ Beam ရဲ့ End Moment ကို "0" အနေနဲ့ ယူလို့ရပေမယ့် Column ကို Design လုပ်တဲ့အခါ Connection ရဲ့ Eccentricity ကြောင့် ဖြစ်လာတဲ့ Moment ကို ထည့်သွင်း စဉ်းစားပေးဖို့ လိုပါတယ်။ Eurocode အရဆိုရင် Beam ရဲ့ Vertical Reaction ကို Column Face ကနေ 100mm အကွာမှာ ပေးပြီး ဖြစ်လာတဲ့ Moment ကို Column Design လုပ်ရာမှာ ထည့်သွင်း စဉ်းစားပေးရပါတယ်။ အောက်က ပုံတွေမှာ ကြည့်နိုင်ပါတယ်။

Figure 5 Column Moment due to Eccentricity of Loading

Column Base Plate

နောက် ဥပမာတစ်ခု ပြောပြချင်တာက Column Base Plate ပါ။ Column Base Plate အနေနဲ့ Axial Force နဲ့ Shear ကိုသာ Transfer လုပ်နိုင်မယ်ဆိုရင် Simple Connection ဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုသော် Pin Connection အနေနဲ့ ယူဆနိုင်ပါတယ်။

Figure 6 Column Base Plate

Column Base Plate connection တွေမှာ Moment ခံနိုင်ရည်အား လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။ Plate ရဲ့ အထူအပါး၊ Anchor Bolt တွေရဲ့ Capacity၊ Bolt Spacing စသည်တို့အပေါ်မူတည်ပြီး Moment ခံနိုင်ရည် အထိုက်အလျောက်တော့ ရှိပါတယ်။ Base Plate တွေပါးတဲ့အခါ Column ရဲ့ Moment ဟာ Base Plate မှာ Bending Action ဖြစ်စေနိုင်ပါတယ်။ အောက်ကပုံမှာ ကြည့်နိုင်ပါတယ်။

Figure 7 Bending of Column Base Plate Due to Moment


အဲဒီအခါကျတော့ Base Plate Connection ရဲ့ Moment ခံနိုင်ရည်အားဟာ Base Plate ရဲ့ Bending ခံနိုင်ရည်အားအပေါ် မူတည်သွားပါမယ်။ ဒါ့အပြင် Base Plate က Flexible ဖြစ်တဲ့အတွက် Base Material အပေါ်မှာ Localized High Compression Zone တွေလဲ ဖြစ်စေပြီး Joint Rotation ကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် လွယ်လွယ်ကူကူအနေနဲ့ Moment Capacity ကို ထည့်သွင်းမစဉ်းစားပဲ Pin Joint အနေနဲ့ ယူဆတာပါ။ (Moment Connection အဖြစ်ပြောင်းချင်ရင်တော့ Stiffener Plate တွေ ထည့်ပေးဖို့လိုပါတယ်)

အောက်က ပုံတွေက Typical Simple Connections တွေရဲ့ ပုံတွေပဲဖြစ်ပါတယ်။


Figure 8 Typical Simple Connections

Simple Connection တွေအကြောင်း အသေးစိတ်ကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်။


နောက်အပိုင်းမှာတော့ Structural Steel Moment Connection အကြောင်းတွေ ဆွေးနွေးပြောပြပါမယ်။

Credit
Aung Hsu Myat
22 Feb 2015

0 comments:

Post a Comment

Disqus Shortname

Comments system