CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label grade. Show all posts
Showing posts with label grade. Show all posts

Monday, January 11, 2016

Grades of cement



ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန် ၃၅လမ်း အောင်ပင်လယ်ဘက်မှာ ဘိလပ်မြေကြော်ငြာ billboard ကြီးတစ်ခု တွေ့ တယ်။ ရေးထားတာမှာ ဘိလပ်မြေကို ကြော်ငြာတာမှာ 525R ဆိုလား ဘာဆိုလား ရေးထားတာ ဖတ်မိတယ်။ သတ်မှတ်ချက် တစ်ခု နေမှာပါလေလို့ ပဲ တွေးမိတယ်။ တော်တော် ကြာပါပြီ။
ဟိုတစ်နေ့ က ဘိလပ်မြေ ကုမ္မဏီတစ်ခုနှင့် စကားပြောရတယ်။ ခင်ဗျားတို့  ဘိလပ်မြေတွေက ဘာ grade တွေလဲဗျလို့  မေးမိတယ်။ ဟုတ်ကဲ့ 425 နှင့် 525 ဆိုပြီး ရှိတယ်ခင်ဗျ။ ဆရာ့ site က 425 တွေ ၀ယ်သုံးနေတယ်လို့  ဆိုပါတယ်။ အဲဒါနှင့် သေသေချာချာ ပြန်မေးရပါတော့တယ်။ ဟေ့ကောင်တွေ 425 က ဘာလဲ 525 က ဘာလဲပေါ့။ 425 က ပုံမှန် ဘိလပ်မြေခင်ဗျ။ 525 ကတော့ strength ပိုကောင်းတယ် ဆိုလား။ ဈေနည်းနည်းကွာတယ် ဆိုပါတယ်။ အဲဒါနှင့် မဖြစ်သေးပါဘူး ဆိုပြီး ပြန်ရှာဖတ်ရပါတယ်။
အဲဒီကျမှ သိတာ။ အိန္ဒိယမှာ ဘိလပ်မြေ grade တွေကို 33 43 53 ဆိုပြီး သတ်မှတ်တယ်။ ဘိလပ်မြေနှင့် သဲ၊ ၁:၃ နှင့် ရေကို အချိုးကျဖျော်စပ်ပြီး mortar သရွတ်ဖျော်တယ်။ mould လုပ်ပြီး ၂၈ရက် မှာ strength စမ်းသပ်တယ်။ ရတဲ့ strength 33 MPa 43 MPa 53 MPa ပေါ်မူတည်ပြီး ဘိလပ်မြေတွေရဲ့  grade တွေ ရှိသတဲ့။
ထို့ အတူပဲ Germany မှာ 30 35 40 45 50 55 စသဖြင့် grade တွေ ရှိသတဲ့။ strength MPa တွေ အတိုင်းဆိုပါတော့။ တရုတ်မှာ 275 325 425 525 625 725 ဆိုပြီး ဘိလပ်မြေ grade တွေ ရှိပါတယ်။ 275 က 28 MPa 325 က 33 MPa 425 က 43 MPa 525 က 53 MPA စသဖြင့် strength တွေရှိပါတယ်။ USSR မှာ 400 500 550 600 725 စသဖြင့် ရှိသတဲ့။ အဲဒါလဲ 400 က 40 MPa 500 က 50 MPa စသဖြင့်ပေါ့။ UK မှာ OPC Ordinary Portland Cement 1:3 mortar ကို 42 MPa နှင့် USA မှာ ASTM အရ OPC Ordinary Portland Cement Type I 1:2.75 mortar ကို 29 MPa နှင့် စသဖြင့် သတ်မှတ်ထားတယ်တဲ့။
ကျွန်တော်တို့  မန္တလေးမှာ သုံးနေတဲ့ local ပုဂ္ဂလိက ဘိလပ်မြေတွေက တရုတ်စက်ပစ္စည်းတွေ တရုတ် နည်းပညာတွေနှင့် လုပ်ထားတာကိုး။ အဲဒီတော့ 425 တွေ 525 တွေ လုပ်ပြီပေါ့။ ကျွန်တော်တို့ လဲ ဘိလပ်မြေနှင့် ပတ်သက်တဲ့ ကိုယ်ပိုင် standard specification တွေ မရှိဘူးလား။ မရှိလို့  သူတို့  ပြောတဲ့ 425 တွေ 525 တွေ လုပ်နေရတာလား။ အဲဒါကို မေးချင်တာ။ သူများ သတ်မှတ်စံချိန်စံနူန်းကို ယူသုံးရတယ် ဆိုတာ သိတယ် မဟုတ်လား။ ကိုယ်ပိုင် သတ်မှတ်စံချိန်စံနူန်း မရှိဘူးဆိုတဲ့ သဘော။
နောက်ပြီး ပြောထားတာက 425 ဘိလပ်မြေတွေက non-structural component တွေ ဥပမာအားဖြင့် အုတ်စီတာ၊ အချောကိုင်တွေအတွက်ပဲ ကောင်းပြီး reinforced concrete တွေအတွက်ဆို 525 ဘိလပ်မြေတွေ သုံးသင့်တယ်လို့  ဆိုပါတယ်။ အဲဒါနှင့် site က တာဝန်ခံတွေကို 425 တွေကို အုတ်စီတာ၊ အချောကိုင်တာတွေအတွက် သရွတ်ဖျော်တာတွေ အတွက်ပဲ သုံးရန် သံကူကွန်ကရစ်တွေ လောင်းရာမှာ 525 ဘိလပ်မြေတွေပဲ သုံးရန် ပြောရပါတယ်။


Kyithar Myint 
Kyithar Myint 
 

Thursday, December 31, 2015

သံချောင်း grade (or Yield Strength) ဘယ်လောက်သုံးခိုင်းထာားလဲ



အဆောက်အဦတစ်ခုကို Structure Design တွက်ချက်မှုတွေနဲ့ဆောက်တဲ့အခါမှပေါ့။ တော်တော်များများကပေါ့ သံချောင်းဆိုဒ်ဘယ်နှယ်လုံးသုံးထားတယ်။ ဘယ်ဆိုဒ်သုံးထားတယ်ဆိုတာကိုပဲ အာရုံစိုက်ကြလေ့ရှိပါတယ်။
Designer က သံချောင်း grade (or Yield Strength) ဘယ်လောက်ကို သုံးထားခိုင်းသလဲဆိုတာကိုတော့ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။
နောက် concrete ဆိုလည်း Concrete grade ဘယ်လောက်သုံးခိုင်းသလဲဆိုတာထက် ထိုင်းဆင်တွေ၊ Crown တွေ၊ AAA တွေစသဖြင့် ဘိလပ်မြေတံဆိပ်တွေပေါ်ပဲ အာရုံရောက်နေတတ်ပါတယ်။ Concrete အကြောင်းကတော့ ရေးဖူးပြီးသားဆိုတော့ Steel အကြောင်းပဲ ဆက်ပြောချင်ပါတယ်။
အထပ်မြင့်အဆောက်အဦတွေဖြစ်လာရင် Steel နဲ့ Concrete ကို grade မြှင့်သုံးမှ အဆင်ပြေမယ့်အနေအထားတွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကိုယ်သုံးနေကြ grade တွေ Market က အလွယ်တကူရတဲ့ Steel တွေသုံးနေတဲ့အလေ့အထကနေ Designer နဲ့တိုင်ပင်ပြီး သူပေးတဲ့ grade အတိုင်းသုံးရပါမယ်။ ဒါမှသာ တွက်တာနဲ့ ဆောက်တာနဲ့ တူညီတဲ့ grade တွေဖြစ်ပြီး တွက်ချက်ထားတဲ့အတိုင်း ခိုင်ခံ့မှုရရှိမှာ ဖြစ်ပါတယ်။
ဒီမှာ Market မှာ ဝင်တာက အများစုက china တွေပဲဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီမှာ သူတို့က HRB400, HRB460, HRB500 စသဖြင့် Grade ကိုဖော်ပြထားကြပါတယ်။ သံအစည်းတွေမှာ ပုံမှာပြထားတဲ့ Label card လေးတွေပါလာပါတယ်။ တချို့လည်း ဆိုင်တွေက လက်လီပြန်ဖြန့်တော့ ပါမလာတော့ တွေ့ဖူးချင်မှ တွေ့ဖူးပါမယ်။ (ဘာမှမပြောဘဲဝယ်ရင်တော့ HRB400 တွေပဲဖြစ်ပါမယ်။ သူက Market မှာအသုံးအများဆုံးဖြစ်ပါတယ်။)
အဲ့ဒီမှာ HRB400 က Yield strength 400MPa, HRB460 က Yield strength 460MPa, HRB500 က Yield strength 500MPa စသဖြင့်ရှိပါတယ်လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။
(Grade တွေကတော့ ပြည့်တာများပါတယ်။ ဆိုဒ်(Diameter) တွေကတော့ တံဆိပ်မျိုးစုံ နဲတာနဲ့ များတာပဲကွာမယ်။ အကုန်လျော့မယ်ထင်ပါတယ် smile emoticon )
အဲ့ဒီမှာမှ HRB400E, HRB500E ဆိုပြီးတော့လည်းရှိပါသေးတယ်။ E က Earthquake ကိုဆိုလိုတာလို့ Internet မှာရှာဖတ်ကြည့်တော့ သိရပါတယ်။
ဒီ China Standard တွေနဲ့ပတ်သက်လို့ ကျွန်တော်လည်း သိပ်မသိပါဘူး။ ဒါတွနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ဝေမျှပေးကြပါဦး။
(ဗိုလ်ဗိုလ်ကျော်)

Disqus Shortname

Comments system