Monday, January 11, 2016

Grades of cement



ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတဲ့အချိန် ၃၅လမ်း အောင်ပင်လယ်ဘက်မှာ ဘိလပ်မြေကြော်ငြာ billboard ကြီးတစ်ခု တွေ့ တယ်။ ရေးထားတာမှာ ဘိလပ်မြေကို ကြော်ငြာတာမှာ 525R ဆိုလား ဘာဆိုလား ရေးထားတာ ဖတ်မိတယ်။ သတ်မှတ်ချက် တစ်ခု နေမှာပါလေလို့ ပဲ တွေးမိတယ်။ တော်တော် ကြာပါပြီ။
ဟိုတစ်နေ့ က ဘိလပ်မြေ ကုမ္မဏီတစ်ခုနှင့် စကားပြောရတယ်။ ခင်ဗျားတို့  ဘိလပ်မြေတွေက ဘာ grade တွေလဲဗျလို့  မေးမိတယ်။ ဟုတ်ကဲ့ 425 နှင့် 525 ဆိုပြီး ရှိတယ်ခင်ဗျ။ ဆရာ့ site က 425 တွေ ၀ယ်သုံးနေတယ်လို့  ဆိုပါတယ်။ အဲဒါနှင့် သေသေချာချာ ပြန်မေးရပါတော့တယ်။ ဟေ့ကောင်တွေ 425 က ဘာလဲ 525 က ဘာလဲပေါ့။ 425 က ပုံမှန် ဘိလပ်မြေခင်ဗျ။ 525 ကတော့ strength ပိုကောင်းတယ် ဆိုလား။ ဈေနည်းနည်းကွာတယ် ဆိုပါတယ်။ အဲဒါနှင့် မဖြစ်သေးပါဘူး ဆိုပြီး ပြန်ရှာဖတ်ရပါတယ်။
အဲဒီကျမှ သိတာ။ အိန္ဒိယမှာ ဘိလပ်မြေ grade တွေကို 33 43 53 ဆိုပြီး သတ်မှတ်တယ်။ ဘိလပ်မြေနှင့် သဲ၊ ၁:၃ နှင့် ရေကို အချိုးကျဖျော်စပ်ပြီး mortar သရွတ်ဖျော်တယ်။ mould လုပ်ပြီး ၂၈ရက် မှာ strength စမ်းသပ်တယ်။ ရတဲ့ strength 33 MPa 43 MPa 53 MPa ပေါ်မူတည်ပြီး ဘိလပ်မြေတွေရဲ့  grade တွေ ရှိသတဲ့။
ထို့ အတူပဲ Germany မှာ 30 35 40 45 50 55 စသဖြင့် grade တွေ ရှိသတဲ့။ strength MPa တွေ အတိုင်းဆိုပါတော့။ တရုတ်မှာ 275 325 425 525 625 725 ဆိုပြီး ဘိလပ်မြေ grade တွေ ရှိပါတယ်။ 275 က 28 MPa 325 က 33 MPa 425 က 43 MPa 525 က 53 MPA စသဖြင့် strength တွေရှိပါတယ်။ USSR မှာ 400 500 550 600 725 စသဖြင့် ရှိသတဲ့။ အဲဒါလဲ 400 က 40 MPa 500 က 50 MPa စသဖြင့်ပေါ့။ UK မှာ OPC Ordinary Portland Cement 1:3 mortar ကို 42 MPa နှင့် USA မှာ ASTM အရ OPC Ordinary Portland Cement Type I 1:2.75 mortar ကို 29 MPa နှင့် စသဖြင့် သတ်မှတ်ထားတယ်တဲ့။
ကျွန်တော်တို့  မန္တလေးမှာ သုံးနေတဲ့ local ပုဂ္ဂလိက ဘိလပ်မြေတွေက တရုတ်စက်ပစ္စည်းတွေ တရုတ် နည်းပညာတွေနှင့် လုပ်ထားတာကိုး။ အဲဒီတော့ 425 တွေ 525 တွေ လုပ်ပြီပေါ့။ ကျွန်တော်တို့ လဲ ဘိလပ်မြေနှင့် ပတ်သက်တဲ့ ကိုယ်ပိုင် standard specification တွေ မရှိဘူးလား။ မရှိလို့  သူတို့  ပြောတဲ့ 425 တွေ 525 တွေ လုပ်နေရတာလား။ အဲဒါကို မေးချင်တာ။ သူများ သတ်မှတ်စံချိန်စံနူန်းကို ယူသုံးရတယ် ဆိုတာ သိတယ် မဟုတ်လား။ ကိုယ်ပိုင် သတ်မှတ်စံချိန်စံနူန်း မရှိဘူးဆိုတဲ့ သဘော။
နောက်ပြီး ပြောထားတာက 425 ဘိလပ်မြေတွေက non-structural component တွေ ဥပမာအားဖြင့် အုတ်စီတာ၊ အချောကိုင်တွေအတွက်ပဲ ကောင်းပြီး reinforced concrete တွေအတွက်ဆို 525 ဘိလပ်မြေတွေ သုံးသင့်တယ်လို့  ဆိုပါတယ်။ အဲဒါနှင့် site က တာဝန်ခံတွေကို 425 တွေကို အုတ်စီတာ၊ အချောကိုင်တာတွေအတွက် သရွတ်ဖျော်တာတွေ အတွက်ပဲ သုံးရန် သံကူကွန်ကရစ်တွေ လောင်းရာမှာ 525 ဘိလပ်မြေတွေပဲ သုံးရန် ပြောရပါတယ်။


Kyithar Myint 
Kyithar Myint 
 

0 comments:

Post a Comment

Disqus Shortname

Comments system