How to Become A Successful;Qualified and Proficient Engineer ************************** ******************** အင်ဂျင်နီယာ တစ်ယောက်ဖြစ်လာဖို့ ကျွန်တော်တို့ လွယ်လွယ်ကူကူ ရရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ ။ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာကောင်းတစ်ယောက်အ ဖြစ်
မည်သည့် အင်ဂျင်နီယာ မဆို ရပ်တည်ချင်ကြပါတယ်။ ဘဝမှာ ကျွန်တော်တို့
လိုချင်တာရဖို့ ကြိုးစားကြတဲ့နေရာမှာ အောက်ပါ အခြေခံ အသေးစိတ်
အကြောင်းအရင်းများကို ဆန်းစစ် လေ့လာပြီး မိမိမှာ မရှိသေးတာတွေကို ဖြည့်ဆည်း
ကြရမှာ ပဲဖြစ်ပါတယ်။ #Universities & Colleagues တက္ကသိုလ် / ကောလိပ်များ
အင်ဂျင်နီယာဆိုသည်မှာ သက်ဆိုင်ရာအထူးပြု မေဂျာ ဘာသာရပ်အလိုက်
နည်းပညာကျောင်းများ ကောလိပ်များ တက္ကသိုလ်များမှ အစပြု ၍ နှစ်ကာလ ကြာရှည်စွာ
သင်ယူ လေ့လာမှု ပြုကြရမှာဖြစ်ပြီး သင်ယူပြီးမြောက် ခြင်း၊
စစ်ဆေးသောစာမေးပွဲ များ အောင်မြင်ခြင်းရလဒ် အဖြစ် သက်ဆိုင်ရာ ဘွဲ့ဒီဂရီ၊
ဒီပလိုမာ၊ အောင်လက်မှတ်များ ရ ရှိလာကြမှာဖြစ်ပါတယ်။ #Training Centres လေ့လာ သင်ယူမှု ဌာနမျာ့း ကျောင်းပြီးလို့အသိမှတ်ပြု လက်မှတ်ရပြီးသည်နှင့် ရပ်တန့်မနေပဲ မိမိစိတ်ပါဝင်စားသော ဝါသနာပါသောမိမိမေဂျာနှင့်လည်းကိုက်ညီ၍ အကျိုးရှိမည်ထင်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာရပ်များကို မွမ်းမံ တက်ရောက်ရန် ပြင်ပ သင်တန်းဌာနများ မှာ အလုအယက်တိုး တက်ရောက် သင်ယူလေ့လာကြပါတယ်။ #Practice လေ့ကျင့်မှု မိမိသင်ယူလေ့လာခဲ့ဖူးသော Theory and Practical စာတွေ့ လက်တွေ သင်ခန်းစာများကိုအဖန်ဖန် ပြန်လည်လေ့ကျင့်ခြင်းပြုကြရ ပါမယ်။ စိတ်တွင်စွဲမှတ်သကဲ့ သို့ မှတ်မိနေအောင်ကျင့်ကြံအားထု တ်ကြရပါမယ်။ ပွဲမဝင်ခင် ပြင်ပ ကျင်းပ ဆိုတဲ့စကားပုံအတိုင်း အလုပ်တစ်ခုခု မဝင် ခင်မှာ ကြိုတင်ပြင်ဆင်လေ့ကျင့်ထာြး ခင်းပဲ
ဖြစ်ပါတယ်။ Practice makes better ပါ။ practice ကတော့ လူတစ်ယောက် ကို
ပိုကောင်းခြင်း ပိုတော်ခြင်း ဖြစ်စေဖို့ များစွာကူညီပေးမှာဖြစ်ပါတယ် ။ အဖန်ဖန် လေ့ကျင့်ခြင်းဟာ မှတ်မိ မှု ကိုဖြစ်စေ ပြီး ကျွမ်းကျင်မှုသို့ ဦးတည်လာပါတယ်။ #Know your Strength and Weakness မိမိရဲ့ အားသားချက်၊ အားနည်းချက်ကို သိရမယ်။ မိမိရဲ့ အားသာချက် အားနည်းချက်ဆိုသည်မှာ မိမိ ရဲ့ ပင်ကိုယ်စွမ်းရည်ကိုပြောခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်ဦးတစ်ယောက်ချင်းစီမှာပင်ကိုယ်စွမ်းရည်လေးတွေ ရှိကြပါတယ်။ စိတ်ထားကောင်းခြင်း ၊ စိတ်ထား ယုတ်ခြင်း။ မေတ္တာတရားရှေ့ထား၍သူတစ်ပါးကိုကူညီတတ်ခြင်း၊ သူတစ်ပါးကိုကူညီ ဖို့ ဆန္ဒမရှိခြင်း။ အားနာတတ်ခြင်း၊ အားမနာတတ်ခြင်း။ မျှဝေခြင်း၊ သိုသိပ်ခြင်း။ မိမိကိုယ်ကို ယုံကြည်မှု ရှိခြင်း၊ မိမိကိုယ်ကို အားမရခြင်း။ အလုပ်ကြိုးစားခြင်း။ ပျင်းရိနေခြင်း။ အကောင်းမြင်စိတ်ရှိခြင်း။ အဆိုးမြင်ဝါဒီများခြင်း။္တပရဟိတ လုပ်လိုခြင်း ။ အတ္တစိတ်ပြင်းပြခြင်း။ ဥာဏ်ကောင်းခြင်း။ ဥာဏ်ထုံခြင်း။ အလေ့အကျင့်ကောင်းများ ကျင့်ကြံခြင်း။ အလေ့အကျင့်ဆိုးများရှိနေခြင်း။ အလုပ်တခုအပေါ်တွင် အာရုံစူးစိုက် ပြီးအကောင်းဆုံးပြီးမြောက်ေ အာင်လုပ်လိုခြင်း။ ပြီးစလွယ်ပြီးပြီးရောတာဝန်ေ ကျ လုပ်ခြင်း။ စဉ်းစားတွေးခေါ်တတ်ခြင်း။ စဉ်းစားမှုစိုးစဉ်းမျှမလုပ်လိုခြင်း စသည် စသည့် အချက်များအပေါ် မိမိရဲ့အားသားချက် အားနည်းချက်ကိုဝေဖန်ပိုင်ြး ခားနိုင်ဖို့လိုပါတယ်။ မိမိကိုယ်ကို မိမိစိတ်ကို သိနေရမယ်လို့ ဆိုလိုထားခြင်းမျိုးပါ။ #Intend to your goal and plan step by step Systematically ကျောင်းပြီးတဲ့အခါ မှာ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ်ရေရှည်မှာ တစိုက်မတ်မတ် ဘာလုပ်ချင်သလဲ မိမိကိုယ်ကို အကြိမ်ကြိမ်မေးရမှာဖြစ်ပြီး မိမိရည်ရွယ်ထားတဲ့ပန်းတိုင်းကို
အတိအကျ ပမာဏ။ အချိန် အတိုင်းအတာဖြင့် ကန့်သတ် နိုင်ရပါမယ်။
မိမိအလိုရှိသောပန်းတိုင် ကို ရောက်ဖို့ စနစ်တကျ အဆင့်ဆင့် plan ချ
အစီအစဉ်ဆွဲ ထားပြီး မိမိရဲ့ plan ကိုအကောင်အထည်ဖော်ကြရပါမယ်။
နောက် ငါးနှစ်မှာ မိမိ ဘယ်အခြေ အနေ ဘယ်နေရာ ဘယ်ရာထူး ဘယ်လိုဝင်ငွေ မျိုး
ဘယ်လိုရပ်တည်မှု မျိုး ရှိ ရမယ်။ နောက်ဆယ်နှစ် မှာ ဘာ ဘယ်လို စသည်ဖြင့်
စာရွက်ဖြင့် ရေးချ သတ်မှတ်ထားပြီး အဲ ဒီစာရွက်ထဲ က မိမိရဲ့လက်ရေးကို နေ့စဉ်
ဖတ်ရှုပြီး စိတ်ခွန်အား နဲ့ ယုံကြည်မှု ကိုမွေးမြူ
တည်ဆောက်ကြရမှာပဲဖြစ်ပါတယ်။
ဖြစ်လာတာဖြစ်မလာတာက ကံအကြောင်းတရားပါ။ ကြိုးစားရမှာက မိမိ ကိုယ်တိုင်ပါ။
ဒါကြောင့် မဖြစ်နိုင်တာကိုဘေးဖယ်ထား ဖြစ်ချင်တာကိုချရေးပါ။ ဖြစ်လာအောင်
တရားသော နည်းလမ်းကောင်းတွေ ကိုကြံစည် စိတ်ကူး ပြီး လက်တွေ့လုပ်ဆောင်ပါ။ #Job Hunting/ Job finding/ Job application အလုပ်ရှာဖွေခြင်း မိမိရဲ့ ရည်ရွယ်ချက်တွေ ပြည့်ဝလာဖို့ အသက်မွေးဝမ်းကျောင်းတခုခု တော့မဖြစ်မနေလုပ်ကြရမှာပဲဖြ စ်ပါတယ်။ ဒါကြောင့်အင်ဂျင်နီယာ အများစုဟာ အသက်မွေးဝမ်းကြောင်းအလုပ် တစ်ခု မှာ ရပ်တည် လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ် ။ 1.CV(Curriculum Vitae) / Resume
မိမိရဲ ကိုယ်ရေးရာဇဝင် အထောက်အထား လျှောက်လွှာတခု ဖြစ်ပြီး
အလုပ်လျှောက်ရာတွင် အသုံးပြုလေ့ရှိပါတယ်။ အင်ဂျင်နီယာတစ်ယာက်ရဲ့ CV ဟာ
သပ်ရပ်ပြီး ဆွဲဆောင်မှု ရှိအောင် စနစ်တကျ ပြင်ဆင်ထားရှိရမှာ ဖြစ်ပြီး
အလုပ်လျှောက်သည့်အခါတိုင်းမှာ လိုအပ်သလို ပြင်ဆင်ဖြည်စွက် မွမ်းမံ ခြယ်သမှု တွေ လုပ်ကာ လျှောက်ထားကြရမှာပဲဖြစ်ပါတယ်။ CV ကောင်းတစ်စောင်ရေးနိုင်ဖို့ CV ရေးနည်း တွေ ကို အသေးစိတ် သီးခြား လေ့လာကြ ဖို့လိုပါတယ်။ 2.Cover letter Cover letter ဆိုသည်မှာ အလုပ်တစ်ခု လျှောက်ထားရာတွင် မိမိ တတ်မြောက်ထားတဲ့ ပညာရပ်တွေ၊ အလုပ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံကောင်းတွေအကြောင်း
အလေးအနက်ထားပြောဆိုတဲ့ စာတစ်စောင် ဖြစ်ပြီး ကိုယ်ရေးအကျဉ်း (CV Form) ရဲ့
ရှေ့ဆုံးစာမျက်နှာ တွဲပြီး ထည့်ပေးရတဲ့ စာတစ်စောင်ပါ။ Email ဖြင့်
အလုပ်လျှောက်လျှင် Compose mail နေရာလွတ်တွင် ရိုက်ထည့် ပေးသင့်သောစာတွေ
ပါ။ တချို့သော အလုပ်ရှင် အများစုဟာ များပြားလှ တဲ့ အလုပ်လျှောက်ထားသူများထဲ
မှ သူတို့ အင်တာဗျူး ခေါ်မယ့် လူစာရင်းကို စစ်ထုတ်ဖို့ Cover letter တွေ
ကိုအသုံးပြုလေ့ရှိကြပါတယ်။C over letter မှာ မိမိက လျှောက်ထားသော အလုပ်အပေါ်မှာစိတ်ဝင်စားကြော င်း။
Company မှ လိုအပ်ချက်များဟာ မိမိနှင့်ကိုက်ညီကြောင်း မိမိရဲ့
ယခင်အလုပ်က တာဝန်ယူမှု များ နဲ့ အလုပ်ပြီးမြောက်စေမှုများ။ စသည်တို့
ပါအောင်ရေးရမှာဖြစ်ပါတယ်။ အလုပ်လျှောက်ရာတွင် cover letter လိုအပ်သည်
ဖြစ်စေ မလိုအပ်သည်ဖြစ်စေ International Company ကြီးတွေ မှာ အလုပ်လုပ်
လိုသူများအဖို့ အလုပ်လျှောက်ထားရာတွင် cover letter ကောင်းတစ်စောင်လောက်
စနစ်တကျ သပ်သပ်ရပ်ရပ် ရေးတတ်ပြီး ထည့်ပေး လိုက်ခြင်းဟာ ဂုဏ်သိက္ခာ
တက်စေပါတယ်။ မိမိ့်အတွက် ဆိုးကျိုးဆိုတာထက် ကောင်းကျိုးဆိုတာတွေ ပဲ
ဖြစ်စေနိုင်ပါလိမ့်မယ်။ အင်ဂျင်နီယာ ကောင်းတစ်ယောက်ဟာ အနည်းဆုံ့း cover
letter ကောင်းတစ်စောင့် တော့ ကောင်းမွန်စွာ ရေးနိုင်ရပါမယ်။ 3.Credentials
အရင်အလုပ်က ထောက်ခံ စာမျိုး အခြားသော အောင်လက်မှတ်များ အသိအမှတ်ပြု မှု
အထောက်အထားများလိုအပ်သော စာရွက်စာတမ်းများ ပင်ဖြစ်ပြီး မူရင်းများကို
မပျောက်ပျက်ရလေအောင် သိမ်းဆည်း ကြရမှာပါ။ မိတ္တူ ဆွဲ သင့်တာ ဆွဲ Scan ဖတ်
သင့်တာဖတ်ပြီး မတွန့်မကြေ ရေစို မဆုတ်ပြဲ မဟောင်းနွမ်းရလေအောင် ပလတ်စတစ်
လောင်းသင့်တာလောင်း သပ်သပ်ရပ်ရပ် ဖိုင်တခုထဲ တွင် ထည့်သင့်တာထည့်ဖြင့်
မှတ်မှတ်ရရ သိမ်းထားရမှာဖြစ်ပါတယ်။ 4.Bachelor Degree, Diploma and/or Certificates ဘွဲ့လက်မှတ်များ အောင်လက်မှတ် ဒီပလိုများဟာ မိမိရဲ့ အရည်အချင်းကိုမီးမောင်ထိုြး ပမှာဖြစ်လို့ မပျောက်ပျက် မပျက်ဆီးဖို့ အလွန် အရေးကြီးပါတယ်။ မူရင်း တွေ ကို လိမ်ညာ လှည့်ဖြားဖို့ မကြိုးစားတာအကောင်းဆုံးဖြစ် ပါလိမ့်မယ်။ 5. Working Experiences
အတွေ့အကြုံဆိုတာကတော့ ဘုရင်တစ်ပါးပဲဖြစ်ပြီး အလုပ်အတွေ့အကြုံရှိသူ က
အတွေ့အကြုံမရှိသေး သူထက် များစွာအခွင့်အလမ်း တွေ့မှာ ဖြစ်လို့
လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း
စိတ်ဓာတ်ကျဖွယ်ရာ မရှိပါ။ အတွေ့အကြုံ ကောင်းတွေ များများရနိုင်မယ့်
ပြည်တွင်း နိုင်ငံခြား company ကြီးများမှာ အလုပ်လုပ်ရ ဖို့
သေချာပြင်ဆင်ရပါလိမ့်မယ်။ Oversea Experience ယူနိုင်ရင်လည်း
အတိုင်းထက်အလွန် ပိုကောင်းပြီး အခွင့်အလမ်း နှင့် အခြေနေ အချိန်အခါ အရ မိမိ
ရဲ့ စိတ်ကူးနဲ့ ရွေးချယ်မှု ပဲဖြစ်ပါတယ်။ ငယ်ရွယ်တုန်းမှာ ငွေကြေးထက်
အတွေ့အကြုံကို ပိုရှာပါ။ အခွင့်အရေးထက် အခွင့်အလမ်းကို လေ့လာပါ။ မာနထက်
ပညာကိုကြိုးစားသင်ယူပါ။ တဖြည်းဖြည်းအချိန်အတိုင်းအတာ တစ်ခုရောက်လာတဲ့အခါမှာ လုံလောက်သောအတွေ့ အကြုံ ထိုက်သင့်သောရာထူး တာဝန်ယူ မှု နှင့် လစာ။ ရရှိလာကြမှာပဲဖြစ်ပါတယ်။ 6.Work Interview
အလုပ် ခွင် အင်တာဗျူးနဲ့တော့ မည်သူမဆို ရင်ဆိုင်ကြရမှာ ဖြစ်ပြီး
ကောင်းမွန်စွာ အဆင်ပြေပြေ ဖြေဆိုနိုင်ဖို့ သီးခြား အင်တာဗျူးဆိုင်ရာ
ဆောင်းပါးများကို လေ့လာ နိုင်ကြ မှာဖြစ်ပါတယ်။ အောက်ပါ
အချက်အလက်များဟာ စုဆောင်းထားသော မြန်မာနိုင်ငံ ရန်ကုန်မြို့အတွင်းရှိ
အလုပ်အကိုင် အေဂျင်စီများ အလုပ် အကိုင် ရှာဖွေ ရေး လူမှုစာမျက်နှာများ
အလုပ်အကိုင် အခွင့်အလမ်း ဂျာနယ် မျာ်းဖြစ်ပါတယ်။ အလုပ် လျှောက်လို
သူများအလုပ် ပြောင်းလို သူများနှင့် အလုပ် အကိုင် အခွင့်အလမ်းကောင်းများ
ရှာဖွေ လို သော အင်ဂျင်နီယာ ညီအစ်ကိုမောင်နှ မများအတွက် အထောက်အကူ
ဖြစ်စေရန် ဖြစ်ပါတယ်။ ၁။ Job Myanmar www.facebook.com/ JobMyanmarLocalEmploymentA gency ၂။ အိုးဝေ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်း https://m.facebook.com/ owayhr ၃။ Work.com https://m.facebook.com/ Work.com.mm ၄။ VAC https://m.facebook.com/ vacjobvacancy ၅။ Myanmar Job Today https://m.facebook.com/ myanmarjobstoday ၆။ Job centre https://m.facebook.com/ profile.php?id=143675115995 4405 ၇။ Myanmar Job search https://m.facebook.com/ Perfect.linkservice ၈။ Job seeker.com.mm https://m.facebook.com/ JobSeeker.com.mm ၉။ Job opportunities for Myanmar Engineers https://m.facebook.com/ myanmarengineeringjobs ၁၀။ Dream Job Myanmar https://m.facebook.com/ profile.php?id=190466207827 182 ၁၁။ Job opportunities in Myanmar https://m.facebook.com/ alphasearchmyanmarjobs ၁၂။ Job Link https://m.facebook.com/ LINKTOFUTURE ၁၃။ Myanmar Job Navi https://m.facebook.com/ myanmarjobnavi ၁၄။ Job Seeker Journal https://m.facebook.com/ myanmarjobseekers ၁၅။ Opportunity Journal https://m.facebook.com/ profile.php?id=185694044784 829 ၁၆။ GAS အလုပ်အကိုင် ရှာဖွေ ရေး အေဂျင်စီ https://m.facebook.com/ profile.php?id=154776783547 9615 ၁၇။ Forward Recruitment Agency https://m.facebook.com/ ForwardRecruitmentAgency အထက်ပါ လိပ်စာများအပြင် အများကြီးရှိပါလိမ့်ဦးမယ်။ အဓိက အကောင်းမွန် ဆုံးအလုပ်အကိုင်ကောင်းတွေ သာ တင်ပေး သော page များစုစည်ထားခြင်းဖြစ်ပါတယ် ။ မိမိအလုပ်ရွေးတဲ့ အခါ မိမိမှာ ရှိတဲ့ အရည်အချင်းနဲ့ ကိုက်ညီခြင်း ဝါသနာပါတဲ့ အလုပ်အမျိုးအစားဖြစ်ခြင်း လက်ရှိ ဘွဲ့ ၊ အလုပ်အကိုင်နဲ့ ဆက်စပ်မှုရှိခြင်း သွားလာရေး လွယ်ကူခြင်း လုံလောက်တဲ့ လစာပေးခြင်း ကောင်းမွန်တဲ့ လုပ်ငန်းပတ်ဝန်းကျင်ရှိခြင်း ရာထူး၊ လစာ တိုးတက်ရန် အလားအလာရှိခြင်း စသော အချက်များနှင့် ကိုက်ညီသောအလုပ်ကိုရွေးဖို့
အရေးကြီးပါတယ် ။ စဉ်းစားစရာအခြေခံ အချက်များပင်ဖြစ်ပါတယ်။ လောလောဆယ်တွင်
စားဝတ်နေရေးအတွက် ရရာအလုပ်ကိုဝင်လုပ်ဖို့ လိုကောင်း လိုမှာ ဖြစ်ပေမယ့်
တချိန်ချိန် ရေရှည် လုပ်ချင်တဲ့ လုပ်နိုင်တဲ့ အလုပ်မျိုးကိုရွေးချင်စိတ်ေ ပ်ါလာနိုင်ပါတယ်။ အလုပ်ရွေုးခြင်းဟာ အိမ်ထောင်ဖက် ရွေးခြင်းနှင့်အလားတူပါတယ်။ သင့်လျော်တဲ့ အိမ်ထောင်ဖက်ကိုရွေးနိုင်ခဲ့ လျှင် ဘဝ တစ်လျှောက်လုံး သာယာချမ်းမြေ့မယ်။ အလားတူပင် မိမိ ဝါသနာပါတဲ့ နှစ်သက်သောအလုပ်ကိုရွေးနိုင်မှ
စိတ်ချမ်းသာနိုင်ပါမယ်။ တိုးတက်မှုရမယ်။ အလုပ်ကောင်းဆိုသည်မှာ ငွေ
ရရုံသက်သက် ကိုမဆိုလို မိမိ၏ ပညာ ၊ ဝါသနာနှင့် ကိုက်ညီသောအလုပ်ကောင်းတစ်ခု ရခြင်းကြောင့် ဘဝတစ်လျှောက်လုံး စိတ်ရောကိုယ်ပါ အဆင်ပြေ ရသူများကို့်ပတ်ဝန်းကျင်တွင် တွေ့နိုင်ပါလိမ့်မယ်။ #Communication skill ဆက်သွယ်ပြောဆို ဆက်ဆံ လုပ်ကိုင် မှု စွမ်းရည် လုပ်ငန်းခွင်မှာ လူမျိုးမတူ နိုင်ငံသားမတူသူတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ
သူပြောတာ ကိုယ်နားလည်ပြီး ပြန်ပြောနိုင်ဖို့ communication ကောင်းဖို့
ကြိုးစားကြရပါတယ်။ communication မှာ အဓိက အရေးကြီးတာက Language ဖြစ်ပြီး
မိခင်ဘာသာစကားသာမက အခြားသော အသုံးဝင်ဘာသာစကားများကိုလေ့ လာသင်ယူကြရပါမယ်။ #Language Skill *Mother Language ဘာသာစကား စွမ်းရည် တွင် မိခင် စကားကိုလိမ့်ပတ်လည်အောင်ပြောနိုင်ဖို့အရေးကြီးပါတယ်။ ပြသနာ တခုဖြေရှင်းရာမှာ အခက်အခဲ ရင်ဆိုင်ရာမှာမိခင်ဘာသာစကား ဖြင့်ပြောဆိုဖြေရှင်းရသည်ရှိစေဦး
တော့ မိခင်ဘာသာစကားကိုအချက်ကျ ကျ မနှေးလွန်းမမြန်လွန်း သူတစ်ပါးနားလည်
လွယ်ပြီး စနစ်တကျ ရည်ရည်မွန်မွန် ပြောနိုင်ဖို့ လေ့ကျင့်ကြရပါမယ်။ *First Priority Language အင်္ဂလိပ် ဘာသာစကားဟာ ကမ္ဘာပေါ်ရှိနိုင်ငံအတော်များ များမှာ ကျွန်ုပ်တို့နိုင်ငံအပါအဝင်
ရုံးသုံး ဘာသာစကားအဖြစ်မရှိမဖြစ် ပြောဆိုရေးသားလေ့ရှိပါတယ်။ ထို့ကြောင့်
အင်္ဂလိပ်ဘာသာစကားကိုရအောင် လေ့လာကြရမှာဖြစ်ပါတယ်။ အင်ဂျင်နီယာဖြစ်သည့်အတွက်
အင်္ဂလိပ်ဘာသာနှင့်တော့ စိမ်းမနေပဲ အထိအတွေ့တော့ရှိပါတယ်။ လေ့ကျင့်မှု
အားနည်းခြင်းကြောင့်သာ ပြောဆို ရေးဖတ် ခက် နေရခြင်းဖြစ်ပါတယ်။ General
English Language အခြေခံသင်တန်းများအား အချိန်ပေးလေ့လာသင်ယူ ခြင်းဖြင့် ထို
skillကိုဖြည့်ဆည်းနိုင်ပါတယ်။့  အခြေခံ basic သုံးလ သို့မဟုတ် နှစ်လ သင်တန်းတက်ပြီး အချိန်များစွာရဦးမယ်ဆိုရင် တော့ intermediate အတန်းများ advanced တန်းများ ဆက်လက် လေ့လာ တက်ရောက်စေလိုပါတယ်။
intermediate level လောက်မှာ သူများနဲ့တန်းတု ပြောန်ုင်လာပြီ
ရေးနိုင်လာပြီ ဖတ်တတ်လာပြီ ဆိုရင်တော့ BBC VOA ကဲ့သို့သော
အင်္ဂလိပ်စာလေ့လာရေး website တွေ ဆက်လုပ်သင့်ပါတယ်။ American တို့ British
တို့ ရဲ့ Native speaker accentကို နားလည်နိုင်ဖို့ပြန်ပြောနို င်ဖို့ဆိုတာ ကတော့များစွာအချိန်ပေးလေ့ကျ င့်ယူရမှာဖြစ်ပါတယ်။
သူတို့ပြောသောအသံထွက် လေ့ကျင့်ခန်းများ။ CD ခွေများ။ စာအုပ်စာပေများ။
movie များကို ကြည့်ရှု လေ့လာကြဖို့ လိုပါတယ်။ ကိုယ်က သူများပြောတာနားလည်မှ
လည်းပြန်ပြောနိုင်မှာဖြစ်တာ ကြောင့် သူတို့ ရဲ့ အသံထွက် လေယူလေသိမ်း ဟန်ပန် နှင့် အဖြတ်အတောက် အနိမ့်အမြင့်အသံတွေ ကိုနားလည်နိုင်အောင်လုပ်ရမှာပဲဖြစ်တယ်။
conversation စကားပြောလေ့ကျင့်ခန်း စာတိုလေးတွေလေသူတို့
အချင်းချင်းအပြန်အလှန် မေးမြန်းဖြေဆိုကြတဲ့ စကားစုဝါကျလေးတွေကို
နားလည်အောင်နားထောင်ကြရမြှာ ဖစ်ပြီး
လက်တွေ့စကားပြောနယ်ပယ် မိမိပြောသော စကားများတွင် ညှပ်ပြောနိုင်အောင်
အသုံးချရပါမယ်။ vocabulary ကြွယ်ဝမှု ကို ကြိုးပမ်းကြရမှာဖြစ်ပြီး usage
ကိုလည်း ဖတ်မှတ် ရပါမည်။ 4skillအကုန်ရဖို့ဆိုတာ အချိန်အတိုင်းအတာတခုကိုတော့ ရင်းနှီးကြရမှာပဲ ဒါပေမယ့် basic ကတတ်မြောက်ဖို့လွယ်ပေမယ့် အထူးကျွမ်းကျင်တဲ့ proficient ဖြစ်ဖို့ရာ များစွာကြိုးစားအားထုတ်မှုမရှိပဲ ဖြစ်မလာပါဘူး။မိမိလေ့လာထား သမျှ ကိုလက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ဖို့သာကြိုးပမ်းလေ့လာကြရမှာပါ။အင်ဂျင်နီယာ ဆိုတာ ပြသနာဖြေရှင်းကြရမည့် သူများ ဖြစ်လို့ english စာ ဘာသာစကားမှာအခြေခံ အဆင့်လောက်မှာ ရပ်မနေပဲ ဆက်လက်ကျွမ်းကျင့်အဆင့်သို့ ချီတက်ကြရပါမည်။ ဖြစ်နိုင်ရင်သင်တန်းတခုတည်း မှာပဲ
basic intermediate နဲ့ advanced ကိုအဆင့်ဆင့်တက်ရောက်ပြီး ပြင်းပြစွာ
ကြိုးစားအားထုတ်ကြ ဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်ဘာသာစကား ဟာ
လူတိုင်းအတွက်နယ်ပယ်အသီးသီး မှာ အရေးကြီးဆုံးသော communication language ဖြစ်သောကြောင့်ပါ။့  *Second Language မိမိလုပ်မည့်အလုပ်နှင့် ကိုက်ညီသော ဂျပန်။ ကိုရီးယား။ တရုတ်။ မလေးရှား။ ထိုင်း။ စသည့် ဒုတိ ယ ဘာသာစကားတစ်ခုခုကိုလေ့လာသင် ယူခြင်းဖြင့်လည်း
ဖြည့်ဆည်းထားနိုင်ပါတယ်။ ဘာသာစုံလေ့လာသင်ယူဖို့ တော့မလိုအပ်ဘူးပေါ့။(
ခြွင်းချက် မိမိက ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတိုင်ပင်ခံ သို့မဟုတ်
ဘာသာပြန် သူ သို့မဟုတ် ဘာသာရေးအကြီးအကဲ လုပ်မည်ဆိုလျှင်တော့တစ်မျိုးပေါ့
) မိမိတို့ က အင်ဂျင်နီယာ ပဲ လုပ်မှာဖြစ်တဲ့အတွက် မိမိအတွက် အမှန်တကယ်
လိုအပ်မည်ထင်တဲ့ ဘာသာစကား တစ်ခုခုကိုသာ 4Skills ကျွမ်းကျင် အောင် အခြေခံ
အဆင့်လောက်တော့ တက်ထား သင့်ပါတယ်။ ယနေ့အခါ တွင် ဘာသာစကား
သင်တန်းများကိုလည်းမိမိ ပတ်ဝန်းကျင်တွင် အလွယ်တကူ များစွာတွေ့ရှိနိုင်ပြီ
ဖြစ်ပါတယ်။ #Interpersonal skill လူရာ ဝင်ဆံ့ မှုစွမ်းရည်
အလုပ်တခု လုပ်ရာမှာ interpersonal skill ကအရေးကြီးပါတယ်။ communication
skill တစ်ခုဖြစ်ပြီး မိမိရဲ လုပ်ဖော်ကိုင် ဖက် ရာထူးကြီးငယ် တို့ နှင်
လိုက်လျောညီထွေ စွာ ပေါင်းသင်းနေထိုင် ဆက်ဆံ တတ်ခြင်းဖြစ် လို့ ဒီ
ကျွမ်းကျင်မှု ကလည်းအလုပ်လုပ်ရာမှာ အရေးကြီး ပါတယ်။ လေ့လာရမယ့် အချက်တခု
ဖြစ်နေပါတယ်။ #Team work စုပေါင်းအလုပ်လုပ်ခြင်း
ကျွန်ုပ်တို့ အင်ဂျင်နီယာများဟာ စီမံ ကိန်းတစ်ခု ကိုရေးဆွဲအကောင်ထည်ဖော
်ဆောင်ရွက်တဲ့အခါမှာ တစ်ဦးတစ်ယောက်တည်း သီးခြား ဆောင်ရွက် လို့ မရပဲ အဖွဲ့
အစည်းနှင့်ပေါင်းသင်းညှိနှို င်း
ဆောင်ရွက်ရတာ ဖြစ်လို့ ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်ဆိုသည့် 
အတိုင်း Team work စိတ်ဓာတ် ရှိဖို့ လိုအပ်ပါတယ်။ အသင်းအဖွဲ့
စုပေါင်းစိတ်ဓာတ်ရှိပါမှလည်း လုပ်ငန်းအောင်မြင်ပြီးမြောက်နိုင်မှာမို့ communication skill တခု အဖြစ် လိုအပ်တာပါ။ #Leading skill ဦးဆောင်နိုင်မှု စွမ်းရည်
ထိုအသင်းအဖွဲ့တစ်ခုလုံးကို ခေါင်းဆောင်တဲ့ ဦးဆောင်တဲ ခေါင်းဆောင် Leader
ဆိုတာရှိပါတယ်။ Company ပြီးတခုလုံးရဲ့ ခေါင်းဆောင်ဟာ boss သူဠေးဖြစ်ပြီး
Department တခုချင်းအလိုက် ခွဲခြမ်းစိတ်ဖြာရာမှာ
အသီးသီးသောခေါင်းဆောင်များရှိကြပါတယ်။ ခေါင်းဆောင်ဖြစ်ဖို့ လွယ်ကူပါတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ေ တာ့မလွယ်ကူပါဘူး။ အများကြီးကြိုးစားပြီးမှခေါ င်းဆောင်ကောင်းနေရာကိုရတာပါ ။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ေ နာက်လိုက်ကောင်းတစ်ယောက်ဖြစ်ရန်လိုအပ်ပါတယ်။ ဆိုလိုတာက ခေါင်းဆောင်နေရာမရောက်သေးခင် နောက်လိုက်နေရာမှာနောက်လိုက်ကောင်းတစ်ဦးဖြစ်အောင်ကျင့် ကြံနေထိုင်တာပါ။အလုပ်လုပ်တဲ့အခါအောက်ခြေ အခြေခံ အဆင့်မှ စလုပ်တတ်မှလည်း အခြေခံပြီးအမြင့်ရောက်တဲ့အခါ အလွယ်တကူ ပြုတ်မကျ တတ်တာမျိုးပါ။ ဒါကြောင့် အင်ဂျင်နီယာငယ်များဟာ တစ်နေ့မှာဦးစီးဦးဆောင်ပြု ရမယ့် ခေါင်းဆောင်နေရာရောက်ရှိလာမှာဖြစ်လို့ ခေါင်းဆောင်ဆိုတာထက်ခေါင်းေ ဆာင်ကောင်း
ဖြစ်ဖို့ ကြိုတင် ပြင်ဆင်ထားရပါတော့မယ်။ အနိမ့်ဆုံးတော့ လက်ရှိ
အချိန်မှာမိမိကိုယ်ကို ဦးဆောင်နိုင်ရမှာဖြစ်ပြီး တာဝန်ယူတတ်
တာဝန်သိတတ်ဖို့ လိုပါလိမ့်မယ်။ ခက်ခဲ တဲ့ အလုပ် တချို့ ကို Risk ယူပြီး
အကောင်းမွန် ဆုံးဖြစ်အောင် လုပ် ကြည့် လေ့ကျင့်ကြည့်ခြင်းဟာ မိမိရဲ့
အရည်အသွေးနဲ့ အရည်အချင်းကို အဆင့်တစ်ဆင့်တိုးတက် လာစေမှာဖြစ်ပါတယ်။
ဘယ်သူမှတော့အမှားနဲ့မကင်းနိုင်ကြတော့အမှားပေါင်းမြောက် များစွာလုပ်မိမှာ ဖြစ်ပေမယ့် ဒီအမှားတွေ ကနေ သင်ခန်းစာ ယူပြီး ဦးဆောင်မှု အရည်အသွေး တွေ တိုးတက်လာအောင် လေ့ကျင့်ကြရပါမယ်။ #Consideration Cause and Effect အကြောင်းရင်းနှင့်အကျိုးဆက် ကို တွေးခေါ်ဆင်ခြင်ခြင်း အင်ဂျင်နီယာ ပညာရပ်မှာအကြောင်းရင်းနှင့် အကျိုးဆက်ဆိုတာရှိပါတယ်။ engineering machine & Equipment တခုချင်းစီမှာလည်းအကြောင်းမဲ့ တပ်ဆင်ထားခြင်းမျိုးမရှိပါ။
ယင်း ပစ္စည်း တခုချင်းစီရဲ့ cause and effect ကို သေချာလေ့လာဖို့
လိုအပ်ပါတယ်။ ထို့ကဲ့သို့ နည်းပညာရပ်များ လေ့လာရာတွင် လေးစားရသော Senior
Engineer ကြီးတစ်ဦးဖြစ်သူ ဆရာကောင်းထက်ညွန့်၏ ဆုံးမစကားတစ်ချို့ ကို
တိုက်ရိုက် ဖော်ပြပါမယ်။ " အင်ဂျင်နီယာပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုမည့် သူတစ်ဦး၏
ဝင်ငွေသည် ဘာသာရပ် တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်မှု အပေါ်တွင် မှုတည်သည်။
ကျွမ်းကျင်မှု အဆင့်မြင့်လေ ဝင်ငွေများလေ ဖြစ်သည်။ ကျွမ်းကျင်စွာ
တတ်မြောက်ရန်အတွက် အထောက်အကူပြုပစ္စည်းများနှင့်  လေ့ကျင့်ချိန်သည် အဓိကကြသည့် အရာနှစ်ခုဖြစ်သည်။ လေ့ကျင့်ချိန်များလေ ရလဒ်ကောင်းလေဖြစ်သည်။
Florida State University မှ Dr. K. Anders Ericsson သုတေသနတွေ့ရှိချက်အရ
ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်ရန်အတွက် အထောက်အကူပြုပစ္စည်းများ
သာမက ထက်ထက်သန်သန် လေ့ကျင့်ချိန် နာရီပေါင်း တစ်သောင်းကျော် လိုအပ်ကြောင်း
ဖော်ပြထားသည်။ သင်ယူခြင်းနှင့် သက်ဆိုင်သည့် အမှန်တရားတစ်ခုမှာ
မည်သည့်ပညာရပ်ကိုမဆို သင်ခါစ၌ အရမ်း ခက်ခဲသည်ဟု ထင်မှတ်ကြပြီး
အဟန့်အတားတစ်ခုကို ဖြတ်ကျော်ပြီးနောက် သင်ကြားခြင်း၊ လေ့ကျင့်ခြင်း တို့သည်
နှစ်သက်စရာ ကောင်းသည့်အရာများ ဖြစ်လာတတ်ကြသည်။ အင်္ဂလိပ်လို “frustration
barrier” ဟုခေါ်သည်။ လူတိုင်းလိုလို ထိုအတားအဆီးကို မကျော်လွှားနိုင်ခင်မှာ
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်များ နှင့်
ဖြတ်သန်းကြရလေ့ရှိသည်။ ထိုအတားအဆီးများကို လွယ်ကူစွာ
ကျော်ဖြတ်နိုင်ရန်အတွက် ဤစာအုပ်သည် အထောက် အကူကောင်း တစ်ခုဖြစ်မည်ဟု
ယုံကြည်မျှော်လင့်မိပါသည်။ စာရေးသူကိုယ်တိုင် ကျင့်သုံးခဲ့သည့်
လေ့လာနည်းအချို့ကို စာဖတ်သူများအတွက် စကားလက်ဆောင် ပါးချင်ပါသည်။
နည်းပညာဝေါဟာရများ (technical terms)၏ ဖွင့်ဆိုချက်များကို
အဓိပ္ပာယ်နှင့်တကွ နားလည် သဘောပေါက်အောင် မဖြစ်မနေ ကြိုးစားသင့်သည်။
အဓိပ္ပာယ်တစ်မျိုးအတွက် နည်းပညာဝေါဟာရ အမျိုးမျိုး ပြောင်းလဲ
သုံးနှုန်းပုံကို သတိပြုသင့်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ကို မျက်လုံးထဲတွင်
ပုံပေါ်လာအောင် စိတ်ကူးဖြင့် ပုံဖော်ကြည့်သည့် အလေ့အကျင့်ကို ပျိုးထောင်ပါ။
(၅) Engineering system များအားလုံးတွင် အကြောင်းမဲ့ တပ်ဆင်ထားသည့်
အရာဟူ၍ တစ်ခုမျှ မရှိပေ။ တပ်ဆင်ထားသည့် အရာအားလုံးနှင့် နေရာများသည်
လိုအပ်ချက်ကို လိုက်၍ စနစ်တကျ ဒီဇိုင်းလုပ်ထားသည့် ရွေးချယ်မှုများသာ
ဖြစ်ပါသည်။ (၇) အခြေခံမှ စ၍ အဆင့်ဆင့် နားလည်နိုင်အောင် ကြိုးစားပါ။
Basic system များကို နားလည်အောင် ကြိုးစားပြီးမှ modify လုပ်ထားသည့်
system များ နှင့် အဆင့်မြင့်သည့် system များကို ဆက်လက် လေ့လာပါ။ " ဟူ၍ ဖြစ်ပါတယ်။ #Concentration မိမိ အလုပ်အပေါ်မှာ အာရုံစူးစိုက်နိုင်ခြင်း
မိမိ လုပ်သောအသက်မွေးဝမ်း ကျောင်းပညာရပ် အလုပ်အပေါ် မှာ မိမိဝါသနာပါမှ မိမိ
မြတ်နိုးနို်င်မှာလည်း ဖြစ်ပါတယ်။ ဝါသနာပါတယ် မြတ်နိုးတယ်ဆိုတာလည်း
မိမိက အလုပ်ထဲ မှာ အမြဲ တက်ကြွနေခြင်းမျိုးဖြစ်ပြီး
အလုပ်လုပ်ရတာကို ပင်ပန်းတယ်လို့တော့င် မမြင်ပဲ မြတ်နိုးတတ်ဖိုးထားကာ
စိန်ခေါ်မှု တွေကိုအမြဲ ကြိုလင့်နေသူဖြစ်ပါတယ်။ အစကတည်းက မိမိ
ဝါသနာပါရာအလုပ်ကိုလျှောက်ထားခဲ့
ခြင်းကြောင့် မိမိ အလုပ်အပေါ် မြတ်နိုးတတ်ခြင်း။ သစ္စာ ရှိခြင်း
တန်ဖိုးထားခြင်း တက်ကြွခြင်းတို့ ဖြင့် အလုပ်မှာပျော်နေကြသူများဖြစ်ပါတယ်။ ထိုသူများဟာ မိမိလုပ်တဲ့ အသေးအဖွဲကိစ္စ လေးမှ အစ ကြီးမားသောလုပ်ငန်းတာဝန်များကိုအာရုံစူးစိုက်လာပြီးကော င်းသထက် ကောင်းအောင်လုပ်လာနိုင်ခြင်းဖြစ်ပါတယ်။
ထိုကဲ့ သို့သောသူများဟာ အမြင့်ရောက်လွယ်ပါတယ်။ ရာထူးတိုးလွယ် ခြင်း။ မိမိ
ရာထူးအလိုက် ဝင်ငွေမြင့်မားခြင်းနှင့် မိမိ မြတ်နိုးတဲ့အလုပ်ကိုလုပ်ရလို့ အစဉ် စိတ်ချမ်းသာခြင်း တို့ကို အကျိုးရှိစွာ ရရှိပိုင်ဆိုင် ကြပါတော့တယ်။ #Management & Strategies စီမံခန့်ခွဲမှု နှင့် နည်းဗျူဟာ
မိမိရဲ့ အချိန်။ အလုပ် ။ နောက်လိုက် ။ ဝင်ငွေ စသည်တို့ကို စီမံ ခန့်ခွဲ
နိုင်ဖို့ လိုအပ်ပါတယ်။ စီမံ ခန့်ခွဲမှု ဆိုသည်မှာ ယနေ့ခေတ် တွင်
အထူးထင်ရှားလာပြီး အင်ဂျင်နီယာ လောကကို စိန်ခေါ်လာပါတော့တယ်။ Project
Management, Time Management, Human Resource management, Money management
and self management တို့ကဲ့သို့သော ထိရောက် တဲ့ နည်းဗျူဟာများကိုလေ့လာ
သင်ယူကြရမည်ဖြစ်ပြီး apply လက်တွေ့အသုံးချ နိုင်ရမှာဖြစ်ပါတယ်။ Management
ကောင်းတဲလူက အများကိုဦးဆောင်နိုင်မှာဖြ စ်လို့ management ကောင်းခြင်းဟာ အင်ဂျင်နီယာတစ်ယောက်ချင်းစီ အတွက် လိုကိုလိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ #Always Think Positive ideas/ get positive outcomes အစဉ် အမြဲ အတွေးကောင်း အမြင်ကောင်း များတွေးတောနေခြင်း ရလဒ်ကောင်းများ ထွက်ရှိခြင်း
0 comments:
Post a Comment