Sunday, January 24, 2016

Civil နဲ့ ပတ်သက်တဲ့ အမေးအဖြေ (၁၄)

Depth of Foundation မေး - အဆောက်အဦ တွေမှာ Foundation မြေဝင်ကို ဘယ်လောက်ထားရတယ် ဆိုတာ သိချင်ပါတယ်။ ဖြေ - Foundation Depth ကို သိဖို့ဆိုရင် Foundation ကို ဘာလို့သုံးတာလဲဆိုတာလေး အရင်သိဖို့လိုပါတယ်။ Foundation က Column နဲ့ Walls ကလာတဲ့ loads (ဝန်) တွေကို သူ့အောက်က မြေကြီးဆီ transmit & distribute လုပ် (လွှဲပေးပြီး ဖြန့်ဝေပေး) ဖို့ သုံးပါတယ်။ အဲ့လို လုပ်တဲ့နေရာမှာ ၁) load က soil ရဲ့ bearing capacity ထက် မပိုရပါ။ ဆိုလိုတာက 1 ပေ ပတ်လည် 1 ton ခံနိုင်တဲ့ soil ကို 1 ပေ ပတ်လည် 1 ton ထက်ပိုတဲ့ load ပေးလို့မရပါ။ ၂) settlement (မြေထဲကျွံဝင်) လိုတာထက် မများရပါ။ Differential settlement ( Foundation တခုနဲ့တခု ခြားနားတဲ့ မြေကျွံဝင်မှု) လိုတာထက် မပိုရပါ။ နောက် Rotation မဖြစ်စေရပါ။ ၃) Overturning, Sliding အတွက် လိုအပ်တဲ့ Safety Factor ရှိရပါမယ်။ အဲ့တော့ Foundation depth ကို ဘယ်လိုရွေးမလဲ ဆိုရင် အပေါ်က ပြောတဲ့ ၃ချက် ကို ပြေလည်စေတဲ့ depth ကို ရွေးရမှာပါ။ ဒါ့အပြင် နောက်ထပ် စဉ်းစားရမယ့် အချက်တွေရှိပါတယ်။ အဲ့ဒါတွေကတော့ ၄) Top Soil အပေါ်ယံမြေတွေကုန်အောင်တော့ တူးပြီးမှ Foundation ချဖို့လိုပါမယ်။ ဘာလို့ဆို Top soil တွေက organic materials တွေပါတယ်, ပွတယ်, ကြွက်လိုမျိုး တွင်းအောင်းသတ္တဝါတွေ အလွယ်တကူ ဖောက်နိုင်တယ်။ ဒါကြောင့် Foundation က အနဲဆုံးတော့ Top soil အောက် ရောက်ဖို့လိုပါမယ်။ ၅) Scour Depth မြစ်နားချောင်းနားဆိုရင်တော့ အပေါ်ပံ မြေလွှာ top layers က အလွယ်တကူ တိုက်စားနိုင်တာ မျိုးရှိပါတယ်။နောက် top layers က မြေတွေက stable မဖြစ်(မတည်ငြိမ်)နိုင်ပါဘူး။ဒါကြောင့် Foundation depth က Scour depth ရေတိုက်စားနိုင်တဲ့ depth ကို ကျော်လွန်နိုင်ရပါမယ်။ ၆) Zone of Volume Change ကျုံ့ လိုက်ကြွလိုက် ဖြစ်ပြီး အဆောက်အဦကို ထိခိုက်စေမဲ့ အပေါ်မြေလွှာကို ကျော်တဲ့အထိလဲ Foundation ကို ချရပါမယ်။ ၇) Depth of water table Foundation က water table နဲ့နီးရင် Foundation အပေါ် pressure ကျရောင်နိုင်ပါတယ်။ ဒါကြောင့် water table depth ကိုလည်း ထည့်စဉ်းစားရပါမယ်။ နောက်ထပ် စဉ်းစားစရာ အချက်တွေလဲ ကျန်ပါသေးတယ်။ Structure တခုနဲ့ တခု အခြေအနေခြင်း သဘောသဘာဝခြင်း တူညီမှာ မဟုတ်ပါဘူး။ Engineers တွေ ဖြစ်နိုင်တဲ့ Factors တွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီးမှ Foundation Depth ကို ချရပါမယ်။ (ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system