CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Formwork. Show all posts
Showing posts with label Formwork. Show all posts

Friday, February 2, 2018

Causes of Formwork Failures (4)

Causes of Formwork Failures (4)

4) Unstable Soil, Shoring not Plumb

အောက်ခံမြေသား မပြိမ်တာမျိုး၊ ပျော့နေတဲ့ မြေသားပေါ် ထောက်မိတဲ့အခါမျိုးတွေမှာ Formwork failure ဖြစ်နိုင်ပါတယ်။
နောက် ထောက်တဲ့ဒေါက်တွေကို အောက်ခံတုံး သို့ အောက်ခံဖိနပ်ထားပြီး အဲ့ ဖိနပ်နဲ့ သေချာမတွဲထားပဲ တင်ရုံပဲ တင်ထားမိရင်လည်း Formwork failure ဖြစ်နိုင်ပါတယ်။

5) Inadequate Control of Concrete Placement
Wall လိုမျိုး လောင်းတဲ့ concrete ရဲ့ lateral pressure (ဘေးတိုက်တွန်းအား) ကိုစဉ်းစားရတဲ့ case မျိုးတွေမှာ concrete ရဲ့ အပူချိန်နဲ့ လောင်းတဲ့နှုန်းက formwork တွေပေါ်သက်ရောက်တဲ့ lateral pressure ကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။
လောင်းနေတုန်း Tempressure အပူချိန်ကျ ပြီဆိုရင် concrete လောင်းနေတဲ့ rate (နှုန်း) ကို လျော့ချဖို့လိုပါမယ်။ ဒါမှ Formwork တွေကို lateral load (ဘေးတိုက်တွန်းအား) အလွန်သက်ရောက်မှုကနေ ကာကွယ်နိုင်မှာပါ။
ဒီလိုမှ မလုပ်နိုင်ဘူးဆိုရင် Formwork failure ဖြစ်နိုင်ပါတယ်။

6) When Formwork is not at Fault
Formwork Failure ဖြစ်တိုင်း Formwork မှာ ချို့ယွင်းချက်ရှိလို့ကြောင့်ချည်း မဟုတ်ပါဘူး။
Design စဉ်းစားခဲ့စဉ်တုန်းက အခြေအနေနဲ့ လက်တွေ့ဆောက်တဲ့အခါ ကွာခြားချက်ရှိရင်လဲ ဖြစ်တတ်ပါတယ်။
ဥပမာ design တွက်တုန်းက column တိုင်တွေ အောက်မှာ Rock (ကျောက်သား) ရှိတယ်လို့ ယူဆခဲ့ပြီးမှ လက်တွေ့မှာ မရှိတာမျိုးမှာ ဖြစ်တဲ့အခါမျိုးမှာလည်း Failure ဖြစ်ပါတယ်။
တခါတလေကြပြန်တော့လည်း Formwork က အားလုံး ok တယ်ဆိုပေမယ့်လဲ ကွန်ကရစ်လောင်းတုန်း boom လက်တံပြုတ်ကြတာမျိုးကြောင့် Formwork failure ဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။
ဒါမျိုး Formwork error ကြောင့် မဟုတ်တဲ့ Failure မျိုးတွေကို ဒီအချက်က ဆိုလိုပါတယ်။

7) Lack of Attention to Formwork Details
င်္Formwork design ကို သေချာလုပ်ထားတယ် ဆိုပေမယ့်လဲ တပ်ဆင်တဲ့အခါ Details ကျတဲ့အချက်တွေ (ဥပမာ connection အဆက်တွေ ဂရုမမူမိဘဲ ချောင်နေတာမျိုးတွေ) အားနဲရင်လည်း Formwork failure ဖြစ်နိုင်ပါတယ်။

8) Improper or lack of formwork design
Formwork design မရှိတာမျိုး ရှိတဲ့ design ကလဲ မမှန်ကန်တာမျိုးကြောင့်လဲ Formwork failure ဖြစ်နိုင်ပါတယ်။

နောက်ဆက်ပြီး မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာဖြစ်ခဲ့တဲ့ Formwork failure အကြောင်းရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd

Credit
(ဗိုလ်ဗိုလ်ကျော်)

Causes of Formwork Failures (1)
https://www.facebook.com/photo.php?fbid=10204728924683544&set=a.3724889001352.2143779.1249693310&type=1

Causes of Formwork Failures (2)
https://www.facebook.com/photo.php?fbid=10204733795325307&set=a.3724889001352.2143779.1249693310&type=1

Causes of Formwork Failures (3)
https://www.facebook.com/photo.php?fbid=10204750499422899&set=a.3724889001352.2143779.1249693310&type=1

Another Post
https://www.facebook.com/bobokyaw.mdy/posts/10204699548189150


Thursday, December 31, 2015

Causes of Formwork Failures (3)


Causes of Formwork Failures (3)
2) Inadequate Bracing
Formwork တွေပြိုကျစေတဲ့ အကြောင်းရင်းတွေက ရိုးရိုးရှင်းရှင်း Vertical loading (အပေါ်ကလာတဲ့ အလေးဝန်) တွေကြောင့်ချည်းပဲ ရယ်လို့ မဟုတ်ပါဘူး။
တနေရာတည်းကို ကွန်ကရစ်တွေ စုပုံလောင်းတဲ့အခါ၊ ဒါမှမဟုတ် စက်ယန္တရားတွေ၊ ပစ္စည်းတွေ တနေရာတည်း စုပုံတဲ့အခါ load (အလေးဝန်) တွေတနေရာတည်းမှာ စုပုံကုန်ပြီး Formwork တွေပြိုကျကုန်ပါတယ်။
ဒါပေမယ့် Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အဓိကအကြောင်းက ထောက်ထားတဲ့ ဒေါက်တိုင်တွေကို ဘေးတိုက်တွန်းတဲ့အားတွေ ဖြစ်ပေါ်ရခြင်းရဲ့ ဖြစ်ပါတယ်။
Cross bracing တွေ Horizontal bracing တွေ မလုံလောက်တာက Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အများဆုံးအကြောင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။
တနေရာမှာ အသေးစားလေး Failure (ပြိုကျ) ဖြစ်ပြီးဆိုရင်ကို Bracing တွေ မလုံလောက်ရင် အဲ့တနေရာကနေ နေရာတော်တော်များများကို ဒါမှမဟုတ် အတွဲလိုက်ကြီး Formwork system တခုလုံးကို ပြိုကျသွားစေနိုင်ပါတယ်။
3) Vibration
တခါတလေတော့လဲ ယာဉ်တွေ ပစ္စည်းပစ္စယတွေ လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေ ကွန်ကရစ်ကို vibrator ထိုးတာတွေကနေ vibration (တုန်ခါမှု) တွေဖြစ်ပြီး ထောက်ထားတဲ့ ငြမ်းတွေရွှေ့ပြီး Formwork တွေပြိုနိုင်ပါသေးတယ်။
Case တခုမှာဆိုလို့ရှိရင် Roof deck (အမိုးပြင်တခု) ကို အလျော့အတင်းလုပ်ယူလို့ရတဲ့ (Extensible jacks) တွေနဲ့ diagonal bracing မပါပဲ ထောက်ထားပါတယ်။
ကွန်ကရစ်လောင်းတဲ့အခါကြတော့ ထောက်ထားတဲ့ဒေါက်တချို့က လောင်းတဲ့ပြင်ပေါ်မှာ သွားလာကြတဲ့ Concrete buggies တွေကြောင့် vibration ဖြစ်ပြီး Formwork တွေ failure ဖြစ်ပါတော့တယ်။
ဒီ case မှာ Vibration က Failure ဖြစ်ရတာရဲ့ ကနဦးအကြောင်းရင်း ဖြစ်ပေမယ့် diagonal bracing တွေမပါတာက လုံးဝပြိုကျရခြင်းရဲ့ နောက်ဆက်တွဲ အဓိကအကြောင်းတရားပဲ ဖြစ်ပါတယ်။
နောက်ဆက်ရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

Causes of Formwork Failures (2)



Causes of Formwork Failures (2)

ဆောက်လုပ်ရေးကာလအတွင်းမှာ Failure (ပြိုတဲ့) ဖြစ်ရတာရဲ့ အကြောင်းအများစုက ကွန်ကရစ်လောင်းတုန်း Formwork Failures (ငြိမ်းပြိုကျတာ) ဖြစ်လို့ ဖြစ်ပါတယ်။

Formwork system တစ်ခုက သူ့အပေါ်မှာ လောင်းချမဲ့ concrete တွေကို ထမ်းထားရပြီး stable(တည်ငြိမ်) ဖြစ်တဲ့ structure တစ်ခုမဟုတ်ပါဘူး။
ဒီအချိန်မှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လို့ member တစ်ချောင်းတစ်လေ ပျက်စီးသွားရင်ကို Formwork structure တစ်ခုလုံး ပြိုလဲသွားနိုင်ပါတယ်။
ဘာပဲပြောပြော formwork design ကောင်းကောင်း လုပ်ထားမယ် နောက် construction မှာလည်း ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ်ဆိုရင်တော့ ဒီလိုအဖြစ်မျိုးကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။

Formwork failure ဖြစ်တဲ့အထဲမှာ စိတ်ဝင်စားစရာ ကောင်းတာတစ်ခု ရှိပါတယ်။
လုပ်ရမယ့်ပုံစံကလည်း ဒီပုံစံပဲ design ကလည်း ဒီပုံစံပဲ ဒါကို အမှားအယွင်းမရှိ အကြိမ်အများကြီး လုပ်လဲ လုပ်ခဲ့ဖူးပြီ။
ဒါပေမယ့် ဒီလိုမပြိုခဲ့တာက ကံကောင်းနေလို့လဲ ဖြစ်နိုင်ပါတယ်။
တကယ်တမ်းမှာ lateral bracing (ကျား) တွေ သေချာမထည့်ခဲ့ဘူး။ ဒါပေမယ့်လဲ ကံကောင်းလို့ lateral (ဘေးတိုက်တွန်းအား)ကြီးကြီးမားမား မဖြစ်ခဲ့တော့ ဘာ accident မှာမဖြစ်ခဲ့ဘူးပေါ့။
ဒါမျိုးနောက်တခါလုပ်တုန်းမှာ ကွန်ကရစ်တွေ တနေရာတည်းပုံမိတာမျိုးလို lateral force ပေါ်လာစေတဲ့အခါမျိုးမှာ ပြိုတော့တာပါပဲ။



Causes of Formwork Failures

Formwork Failures ဖြစ်စေတဲ့တဲ့အကြောင်းတွေကတော့


1) Improper Stripping and Shore Removal
အချိန်မတန်ခင် formwork တွေဖြုတ်တာ၊ ပြန်ထောက်တာ (Reshore) တွေမှာလည်း သတိလက်လွတ်လုပ်မိတဲ့ အခါ Structure ကြီးတစ်ခုလုံးကို ပြိုကျတာ ဒါမှမဟုတ် ချို့ယွင်းမှုတွေကို ဖြစ်စေပါတယ်။

၁၉၇၂ က Virgina မှာ Shore(ထောက်ထားတာ) တွေကို စောစောဖြုတ်မိတဲ့အတွက် ကြေကွဲဖွယ်ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်။
အဲ့အဆောက်အဦက ၂၆ထပ် နဲ့ Penthouse ပါပါတယ်။ Flat Plate နဲ့ Apartment building ပါ။ Basement ကတော့ ၄ထပ်ပါ။ Column layout (တိုင်ပန္နက်) က ၂၆ထပ်လုံးတူပြီး 20-20 ft ကြားဝေးပါတယ်။
Structure design က အဲ့ project complex မှာရှိတဲ့ ဆောက်ပြီးလူတောင်နေထိုင်နေတဲ့ အဆောက်အဦ(၂)လုံးနဲ့ တပုံစံတည်း အတူတူပါပဲ။

Floor တခုကို 7 ရက်နဲ့ ရာသီဥတုအတွက်ထပ်ဆောင်း ၁ရက်နဲ့ ကွန်ကရစ်လောင်းဆိုပြီး ပထမ ၂၁ထပ်ကို အဲ့ပုံစံနဲ့တက်ပါတယ်။
Form(ပုံ) ကို အောက်က 7 ရက်သားရှိတဲ့ ကြမ်းခင်းကထမ်းထားပါတယ်။အဲ့ကြမ်းခင်းကိုလည်း အောက်က 14ရက်သားရှိတဲ့ ကြမ်းခင်းကနေ ထောက်ထားပါတယ်။

အဲ့နောက်မှာ အလုပ်ကို အရှိန်မြှင့်ပြီးလုပ်လာပါတယ်။
အဲ့လိုအရှိန်မြှင့်ပြီးနောက် 24 ထပ်လောင်းပြီးတဲ့အချိန်မှာ ပြိုပါတော့တယ်။
24 ထပ် ကို 5ရက်သားရှိတဲ့ 23ထပ်က ထမ်းထားပါတယ်။ အလုပ်သမားတွေက 23ထပ်ကို ထောက်ထားတဲ့ Shore (ဒေါက်) တွေကို ဖြုတ်လိုက်ပါတယ်။
Structure Designer ပေးထားတာက လောင်းတဲ့ ကြမ်းပြင်အောက် 2ထပ်စာအပြည့် Shore ထောက်ပြီး 1ထပ်ကိုတော့ Reshore (ပြန်ထောက်) ခိုင်းထားတာပါ။
Overload ခံရတဲ့ 23ထပ်က column အနားတဝိုက်မှာ Shear failure ဖြစ်ပြီး ပြိုပါတယ်။ အဲ့နောက် အဆောက်အဦတခုလုံးပါဆွဲချပြီး အားလုံးပြိုပါတော့တယ်။
ဒီဖြစ်ရပ်မှာ လူ(၁၄)ဦး သေဆုံးခဲ့ရပါတယ်။
နောက်ဆက်ရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)


Causes of Formwork Failures (1) Introduction



Causes of Formwork Failures (1)
Introduction

20.6.2015 နေ့လည် ၂ နာရီကျော်လောက်က မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းတုန်း ထောက်ထားတဲ့ ငြမ်းတွေ (Falsework, Formwork) တွေ ပြိုကြပါတယ်။
အဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ(၂)ဦး၊ ဆေးရုံမှာအတွင်းအပြင်လူနာ(၂၀)ဦး ရှိခဲ့ပါတယ်။
ဒီလိုကြွေကွဲစရာဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် နောက်နောက်ဒါမျိုးထပ်မကြုံကြိုက်ရလေအောင် နောင်ရှောင်ကျဉ်နိုင်ဖို့ ဖြစ်ပွားရတဲ့အကြောင်းအရင်း စုံစမ်းဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။
အခုအချိန်မှာ အားလုံးလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး Awareness ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီလို Formwork Failures တွေဖြစ်ရတဲ့ အကြောင်းအရင်းတွေ သိရှိထားနိုင်ဖို့အတွက် ဖတ်မှတ်ထားတာလေး ပြန်ဝေမျှပါမယ်။
Formwork
Formwork ဆိုတာ concrete လောင်းဖို့အတွက် mold (မို) တခုဆိုတာထက် Temporary structure (ယာယီအဆောက်အအုံ) တခုလို့ပြောရင် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ဘာလို့ဆို သူတို့က သူတို့ own weight (ကိုယ်ပိုင်အလေးဝန်) အပြင် ကွန်ကရစ်တွေ၊ လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်တွေကို ထမ်းထားရပါတယ်။
Formwok တည်ဆောက်သူတွေမှာ ရည်မှန်းချက်(၃)ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့
1) Quality
လိုချင်တဲ့ size(ဆိုဒ်)၊ shape (ပုံသဏ္ဍန်း)၊ position(အနေအထား)၊ finish(ကွန်ကရစ်မျက်နှာပြင်အသွင်အပြင်) ရအောင်ဆောင်ရွက်ပါမယ်
2) Safety
Formwork တွေက သူတို့ယာယီထမ်းထားရမဲ့ dead load (ကိုယ်ပိုင်အလေးချိန်၊ ကွန်ကရစ်အလေးချိန်)၊ live load (လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်) တွေကို ထမ်းထားနိုင်ရပါမယ်။ မပြိုကျစေရပါဘူး။ လူတွေကိုအသက်အန္တရာယ်မဖြစ်စေရပါဘူး။
3) Economy
အချိန်ကုန်သက်သာစေရပါမယ်။ ငွေကုန်သက်သာစေရပါမယ်။
Formwork တွေကို ဒီဇိုင်းလုပ်တဲ့အခါနဲ့ တည်ဆောက်တဲ့အခါမှာ quality နဲ့ safety ကို မထိခိုက်စေပဲ maximum economy (အသက်သာဆုံး) ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ကြပါတယ်။
Formwork တွေ Failure(ပြို) ရတဲ့အကြောင်းအရင်းကို နောက်ဆက်ရေးပါမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

Thursday, November 27, 2014

Falsework, Formwork, Shuttering & Scaffolding

Falsework, Formwork, Shuttering & Scaffolding 

ဒီဝေါဟာရတွေက တခုနဲ့တခု ရောရောထွေးထွေးနဲ့ တူသလိုလို မတူသလိုလို ဖြစ်တတ်ပါတယ်။

ဒါတွေအားလုံးရဲ့ တူညီတဲ့အချက်က ယာယီလုပ်ငန်း(temporary) အတွက် ဆိုတာပါ။

Falsework, Formwork, Scaffolding, Shoring ဆိုပြီး ကွဲပြားသွားရတာကို အဓိက သူတို့ရဲ့အသုံးပြုမှု (purposes) ကိုကြည့်ပါမယ်။ သံသုံးမလား၊ အသားသုံးမလား၊ prop တိုင်နဲ့လား၊ ဘာလား စတဲ့သုံးမယ့်ပစ္စည်းတွေ၊ သုံးမယ့်ပုံစံတွေကို မကြည့်ပါဘူး။ ဒါတွေက တခုနဲ့တခု တူညီနိုင်ပါတယ်။ ဒါပေမယ့် သုံးရတဲ့ ရည်ရွယ်ချက် (purposes) ကိုကြည့်ပြီး ဝေါဟာရတွေ ကွဲပြားခြားနားသွားပါတယ်။

Falsework > အမြဲတမ်းရှိမယ့် Structure (Permanent Structure) တစ်ခုကို ဆောက်လုပ်နေဆဲမှာ သူ့ကိုယ်တိုင်ရပ်တည်နိုင်တဲ့အချိန်ထိ ယာယီထောက်ပံ့ပေးထားတဲ့ Structure (Temporary Structure) ကို Falsework လို့ခေါ်ပါတယ်။

Formwork, Shuttering > Formwork ကတော့ concrete သွန်းလောင်းမယ့် mould ကို Formwork (ပုံစံခွက်) လို့ခေါ်ပါတယ်။  Mould ကိုမှ အထပ်သားတို့ သံပြားတို့ကပ်တာကို Shuttering လို့ခေါ်ပါတယ်။

တခါတရံတော့ Formwork တွေကို Falsework တွေက ထောက်မပေးထားပါတယ်။

Scaffolding > ဆောက်လုပ်ဆဲကာလမှာ လူတွေသွားလာ အလုပ်လုပ်ဖို့ Scaffolding ကိုရည်ရွယ်ဆောက်လုပ်ပါတယ်။

Disqus Shortname

Comments system