Thursday, December 31, 2015

Causes of Formwork Failures (3)


Causes of Formwork Failures (3)
2) Inadequate Bracing
Formwork တွေပြိုကျစေတဲ့ အကြောင်းရင်းတွေက ရိုးရိုးရှင်းရှင်း Vertical loading (အပေါ်ကလာတဲ့ အလေးဝန်) တွေကြောင့်ချည်းပဲ ရယ်လို့ မဟုတ်ပါဘူး။
တနေရာတည်းကို ကွန်ကရစ်တွေ စုပုံလောင်းတဲ့အခါ၊ ဒါမှမဟုတ် စက်ယန္တရားတွေ၊ ပစ္စည်းတွေ တနေရာတည်း စုပုံတဲ့အခါ load (အလေးဝန်) တွေတနေရာတည်းမှာ စုပုံကုန်ပြီး Formwork တွေပြိုကျကုန်ပါတယ်။
ဒါပေမယ့် Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အဓိကအကြောင်းက ထောက်ထားတဲ့ ဒေါက်တိုင်တွေကို ဘေးတိုက်တွန်းတဲ့အားတွေ ဖြစ်ပေါ်ရခြင်းရဲ့ ဖြစ်ပါတယ်။
Cross bracing တွေ Horizontal bracing တွေ မလုံလောက်တာက Formwork တွေ failure (ပြိုကျ) ဖြစ်ရတာရဲ့ အများဆုံးအကြောင်းတွေထဲက တစ်ချက်ဖြစ်ပါတယ်။
တနေရာမှာ အသေးစားလေး Failure (ပြိုကျ) ဖြစ်ပြီးဆိုရင်ကို Bracing တွေ မလုံလောက်ရင် အဲ့တနေရာကနေ နေရာတော်တော်များများကို ဒါမှမဟုတ် အတွဲလိုက်ကြီး Formwork system တခုလုံးကို ပြိုကျသွားစေနိုင်ပါတယ်။
3) Vibration
တခါတလေတော့လဲ ယာဉ်တွေ ပစ္စည်းပစ္စယတွေ လူတွေရဲ့ လှုပ်ရှားသွားလာမှုတွေ ကွန်ကရစ်ကို vibrator ထိုးတာတွေကနေ vibration (တုန်ခါမှု) တွေဖြစ်ပြီး ထောက်ထားတဲ့ ငြမ်းတွေရွှေ့ပြီး Formwork တွေပြိုနိုင်ပါသေးတယ်။
Case တခုမှာဆိုလို့ရှိရင် Roof deck (အမိုးပြင်တခု) ကို အလျော့အတင်းလုပ်ယူလို့ရတဲ့ (Extensible jacks) တွေနဲ့ diagonal bracing မပါပဲ ထောက်ထားပါတယ်။
ကွန်ကရစ်လောင်းတဲ့အခါကြတော့ ထောက်ထားတဲ့ဒေါက်တချို့က လောင်းတဲ့ပြင်ပေါ်မှာ သွားလာကြတဲ့ Concrete buggies တွေကြောင့် vibration ဖြစ်ပြီး Formwork တွေ failure ဖြစ်ပါတော့တယ်။
ဒီ case မှာ Vibration က Failure ဖြစ်ရတာရဲ့ ကနဦးအကြောင်းရင်း ဖြစ်ပေမယ့် diagonal bracing တွေမပါတာက လုံးဝပြိုကျရခြင်းရဲ့ နောက်ဆက်တွဲ အဓိကအကြောင်းတရားပဲ ဖြစ်ပါတယ်။
နောက်ဆက်ရေးပါဦးမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system