Thursday, December 31, 2015

Causes of Formwork Failures (1) Introduction



Causes of Formwork Failures (1)
Introduction

20.6.2015 နေ့လည် ၂ နာရီကျော်လောက်က မင်္ဂလာမန္တလေး အိမ်ယာစီမံကိန်းက Pullman hotel ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းတုန်း ထောက်ထားတဲ့ ငြမ်းတွေ (Falsework, Formwork) တွေ ပြိုကြပါတယ်။
အဲ့ဖြစ်စဉ်ကြောင့် သေဆုံးသူ(၂)ဦး၊ ဆေးရုံမှာအတွင်းအပြင်လူနာ(၂၀)ဦး ရှိခဲ့ပါတယ်။
ဒီလိုကြွေကွဲစရာဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် နောက်နောက်ဒါမျိုးထပ်မကြုံကြိုက်ရလေအောင် နောင်ရှောင်ကျဉ်နိုင်ဖို့ ဖြစ်ပွားရတဲ့အကြောင်းအရင်း စုံစမ်းဖော်ထုတ်နိုင်ဖို့လိုအပ်ပါတယ်။
အခုအချိန်မှာ အားလုံးလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး Awareness ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဒီလို Formwork Failures တွေဖြစ်ရတဲ့ အကြောင်းအရင်းတွေ သိရှိထားနိုင်ဖို့အတွက် ဖတ်မှတ်ထားတာလေး ပြန်ဝေမျှပါမယ်။
Formwork
Formwork ဆိုတာ concrete လောင်းဖို့အတွက် mold (မို) တခုဆိုတာထက် Temporary structure (ယာယီအဆောက်အအုံ) တခုလို့ပြောရင် ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ဘာလို့ဆို သူတို့က သူတို့ own weight (ကိုယ်ပိုင်အလေးဝန်) အပြင် ကွန်ကရစ်တွေ၊ လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်တွေကို ထမ်းထားရပါတယ်။
Formwok တည်ဆောက်သူတွေမှာ ရည်မှန်းချက်(၃)ချက်ရှိပါတယ်။ အဲ့ဒါတွေကတော့
1) Quality
လိုချင်တဲ့ size(ဆိုဒ်)၊ shape (ပုံသဏ္ဍန်း)၊ position(အနေအထား)၊ finish(ကွန်ကရစ်မျက်နှာပြင်အသွင်အပြင်) ရအောင်ဆောင်ရွက်ပါမယ်
2) Safety
Formwork တွေက သူတို့ယာယီထမ်းထားရမဲ့ dead load (ကိုယ်ပိုင်အလေးချိန်၊ ကွန်ကရစ်အလေးချိန်)၊ live load (လူတွေ၊ စက်ယန္တရားတွေရဲ့ အလေးချိန်) တွေကို ထမ်းထားနိုင်ရပါမယ်။ မပြိုကျစေရပါဘူး။ လူတွေကိုအသက်အန္တရာယ်မဖြစ်စေရပါဘူး။
3) Economy
အချိန်ကုန်သက်သာစေရပါမယ်။ ငွေကုန်သက်သာစေရပါမယ်။
Formwork တွေကို ဒီဇိုင်းလုပ်တဲ့အခါနဲ့ တည်ဆောက်တဲ့အခါမှာ quality နဲ့ safety ကို မထိခိုက်စေပဲ maximum economy (အသက်သာဆုံး) ဖြစ်အောင် ရည်ရွယ်ဆောင်ရွက်ကြပါတယ်။
Formwork တွေ Failure(ပြို) ရတဲ့အကြောင်းအရင်းကို နောက်ဆက်ရေးပါမယ်
Ref: Formwork for Concrete,6th edition by M. K. Hurd
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system