Sunday, December 20, 2015

CE Analysis of rates - Android Software ကို ဘယ်လိုလုပ်ထားလဲ ?

အားလုံးပဲ မင်္ဂလာပါခင်ဗျာ
CE analysis of rates ဆော့ဝဲလ်ကို ဘယ်လိုလုပ်ထားတာလဲဆိုတာကို
မေးကြတဲ့သူငယ်ချင်းတွေအတွက် ကိုယ်တိုင်လေ့လာလို့ရအောင်
ပြန်ရှယ်ပေးလိုက်ပါတယ် ။
သတင်းဆော့ဝဲလ်တွေတော်တော်များများက  www.appyet.com
ကိုအသုံးပြုပြီး ပြုလုပ်ထားတာတွေ့ရပါလေ့မယ် ။
သူငယ်ချင်းတို့ကိုယ်တိုင်လည်းခု www.appyet.com/ မှာ Sign up လုပ်ပြီး
ကိုယ်ပိုင် ဆော့ဝဲလ်တစ်ခုကို ၅ မိနစ်အတွင်းဖန်တီးနိုင်ပါတယ် ။
ဒါပေမယ့် လုပ်ပုံလုပ်နည်းလေးတွေတော့သိဖို့တော့လိုတာပေါ့ ။
 လုပ်ပုံလုပ်နည်းကလည်းအရမ်းမခတ်ပါဘူး Android apk Online Generator သဘောမျိုးပါ ။
 လောလောဆယ်တော့ www.appyet.com/  မှာ Self-study လုပ်ပြီး အရင်ကလိကြည့်ကြပါဦး
CE software မှာ Calculation ပိုင်းတွေကတော့ ကျွန်တော်ဘာသာအပြင်မှာ
Notepad ထဲမှာပဲ ရေးပြီး Appyet ထဲမှာ Html အနေနဲ့ပြန်ထည့်ထားတာပါ။
android developer tools တွေ ကျွန်တော်မသုံးထားပါဘူး။
ဒီတော့ Appyet နဲ့ html တွဲသုံးချင်တဲ့သူငယ်ချင်းတွေက နောက်ထက် website တစ်ခုကိုထက်လေ့လာ
ရပါ့မယ်။ အောက်မှာပေးထားပါတယ်။




 http://www.appyet.com/


www.w3schools.com/ မှာ နမူနာကုဒ်တွေအများကြီးရှိပါတယ် ဖြေးဖြေးချင်း
လေ့လာကြည့်ပါ ။ ဒီကုဒ်တွေနဲ့ ကိုယ်လိုချင်တဲ့ ပုံစံရအောင်အပြင်မှာ notepad
နဲ့ရေးပြီးအဆင်ပြေပြီဆိုမှာ appyet ထဲက html မှာထည့်သုံးလိုက်ရင် အဆင်ပြေပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း သင်တန်းမတတ်ခဲ့ပါဘူး ။ online ကနေလေ့လာရင်း
ခုလိုလုပ်ဖြစ်တာပါ ။




http://www.w3schools.com/

ကျွန်တော့်ဖုန်း(0943195840)က ပျောက်နေလို့ ပြန်မလျောက်ဖြစ်သေးလို့
 လောလောဆယ်  09794614410  ကိုင်ပါတယ် ။ တစ်ခုခုမေးချင်ရင် ဆက်သွယ်နိုင်ပါတယ် ။

ကျေးဇူးတင်ပါတယ်
Htun Aung Phyoe [ TU meikhtila]

0 comments:

Post a Comment

Disqus Shortname

Comments system