CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Monday, March 16, 2015

Minimum Beam Depth

Minimum Beam Depth
Don't reduce beam size more than this.
Follow ACi code specifications untill MCi.

17-3-2015(12:40PM)
MilLimetRe-Training & Design Group

Learn engineering theories…
Practice them and try to use for the help and
services of humankind whenever get a chance!
 
Millimetre - Training & Design Group

Thursday, March 12, 2015

Site Mistake (3)

Site Mistake (3)
Column & Beam
Wide Beam (coln ထက် beam width ကကြီးတဲ့ beam မျိုး) တွေကလွဲလို့ Beam သံချောင်းတွေက coln သံချောင်းအပြင် ရှိမနေရပါဘူး။
(ပုံက lap splice လုပ်ဖို့ column သံချောင်းကို crank (တွန့်) ထားပုံ ရပါတယ်။ Coln နဲ့ beam width တူတဲ့ case မျိုးမှာ coln bottom bars ကို crank လုပ်တာ အခုလိုပြဿနာမျိုးကို ဖြစ်စေပါတယ်။ Coln splice အတွက် bottom bar crank လုပ်တာနဲ့ top bar crank လုပ်တဲ့ အကြောင်းကိုသီးသန့်ရေးပါဦးမယ်)
(ဗိုလ်ဗိုလ်ကျော်)

Typical cross-section of I-beams.

Typical cross-section of I-beams.
Wide-flange I-beam.

How to find arc lenght ?





Excavation System အပိုင်း ( ၁ ) -Dr. Tin Tun

ကျွန်တော်အနေဖြင့် e-education system ဖြင့် အင်ဂျင်နီယာများနှင်သက်ဆိုင်သော ပညာရပ်များကိုမျှဝေသွား နိုင်ရန်ကြိုးစားလျက်ရှိပါသည်။ Excavation System အပိုင်း ( ၁ )
Dr. Tin Tun




Civil Engineer များသိထားရမည့်



Civil Engineer များသိထားရမည့်
Column မှာ Ties(Stirrups)လို့
ခေါ်တဲ့ သိုင်းကွင်းတွေရဲ့ Size နဲ့
Spacing ဘယ်လိုထားလို့ရပါသလဲဆိုတဲ့
မေးခွန်းအတွက် အ ခြေခံအ ဖြေ (3) ခု

နံပါတ်(1)ကျနော်တို့ကျောင်းမှာ
ရင်းနှီးခဲ့တဲ့ R.C ဘာသာရပ်က
ACI code ရဲ့ Recommendation
အောက်ပါအတိုင်းဖြစ်ပါတယ်

သက် ရောက်တဲ့ Axial Load ကို
Resist လုပ်ဖို့ထည့်ရတဲ့ Main Steel
ကို Structural Engineer က
25mm Diameter သုံးထားရင်
သူ့ကို ကားမထွက်လာပဲ တစ်စုထဲ
ဖြစ်အောင် ချည်ပေးတုပ်ပေးထားရမယ့်
သိုင်းကွင်းက အနည်းဆုံး 10mm တော့
ရှိကိုရှိသင့် တယ်လို့ဆိုထားပါတယ် . .

Ties =10mm
(for Vertical Main Bar 32mm)

Ties =14mm
(for Main Bar 36, 43, 57mm)

ကျနော်တို့နိုင် ငံကမြို့တွေမှာ တော့
High-rise Building နည်းလို့
စတားကွင်းကို 6.5mm လောက်ပဲ
အသုံးများတာ တွေ့ရပါလိမ့်မယ်

ACI-code ရဲ့ Specification နဲ့
မညီဘူးလို့ယူဆသွားမှာစိုးလို့ပါ
#Engineering_မှာပုံသေမမှတ်ပါနဲ့
#Engineering_မှာပုံရှင် မှတ်ပါ
အောက်မှာ UK code ရဲ့ Aspects
တချို့ဆက် ရှင်းပြ ပေးထားပါတယ်

ACI code ရဲ့ Ties Spacing
တွက်ချက်ပုံကို မှတ်မိမယ်ထင် ပါတယ်

Smax = 16D
D = Diameter of main bar
Smax = 48 dt
dt = Diameter of ties
B or H = the least column dimension

E.g.,- 24"x24" column with
25mm(1"dia)with 10mm ties

Smax = 16 x 1 = 16
Smax = 48 x 3/8 = 18
Smax = 24

16" c/c spacing is controlled.

Reference:
Design of Concrete Structures
14th Edition, Arthur H.Nilson

နံပါတ်(2)ကျနော်တို့ကျောင်းမှာ
မသင် ခဲ့ဖူးတဲ့ UK code မှာတော့

The size of link shall be the
greater of a quarter maximum
size of longitudinal bar or 8mm.

လို့ဆိုထားပါတယ် . . .
ိဆိုလိုတာက main steel ရဲ့ 1/4
25mm(1"dia) သုံးထားရင်
သူ့ကိုထိန်းမယ့် သိုင်းကွင်းက
6.5mm(1/4") အနည်းဆုံး ရှိကို ရှိ ရပါမယ်

ကျနော်တို့နယ်မြို့တွေမှာ သုံးနေတဲ့
6.5mm stirrups/ties size တွေဟာ
ဘာ Code ရယ်လို့မဟုတ် ACIနဲ့
မကိုက်ပေမယ့်လဲ UK code နဲ့တော့
လာတူပြီး အဆင် ပြေ နေပါတယ် . .

UK code ရဲ့ Ties Spacing

Smax = 12D
D = Diameter of main bar
Smax = dt
dt = Diameter of ties
B or H = the least column dimension

E.g.,- 24"x24" column with
25mm(1"dia)with 10mm ties

Smax = 12x 1 = 12"
Smax = 0.6 x B or H = 14.4"
Smax = 240 mm = 9.4 ~ 9.5"

9.5" c/c spacing is controlled.

ကျနော်က ဒီ UK specification ကို
ပိုသ ဘောကျပါတယ် . . အထူးသဖြင့်
ACI ရဲ့ B or H ထက် 0.5 B or H ကို
ပိုစိတ်ချ လို့ပါပဲ. .*Steel Lapping
နေရာမှာ မူလ Spacing ထက် S/2
တစ်ဝက်ထပ်စိတ်ပေးဖို့သတိထားပါ

Reference:
Institution of Structural Engineer
London, United Kingdom
www.istruce.org.uk

ဒီလောက်ဆို R.C Column အတွက်
Detailing point of view အရ
Lateral Ties တစ်ခုရဲ့ Size နဲ့
Spacing ကိုခန့်မှန်းပေးလို့ရမှာပါ

နံပါတ်(3)မှာ ပြောမှာက တော့
Design Point of View အရပါ

အမြင် ရှင်းအောင် ဟိုးအရင် က
Working Stress နဲ့သုံးပြပါမယ်

Example-10x10 column
reinforced with 6No.5(5/8")
Safe Axial Load, P = ?
(a) 1/4" diameter ties/stirrups
(b) 3/8" diameter ties/stirrups
fc' = 3000 psi
fy = 50000 psi
fys= 40000 psi

(a) P = ?
P = fc'.Ac + Fy.As + Fys.Ast

Ac = Ag - As
Ac = (10x10) - (6x0.31)
Ac = 98.14 in2

fc'.Ac = (3000x98.14)
Fy.As = (50000x6x0.31)
fys.Ast = (40000x0.05)

P = 294420 + 93000 + 2000
P = 389420 lbs ~ 174 Tons

(b)
P = fc'.Ac + Fy.As + Fys.Ast

Fys.Ast = (40000x0.11)
P = 294420 + 93000 + 4400
P = 391820 lbs ~ 175 Tons

လိုရင်းက တော့ 1/4"(6.5mm)
နဲ့ချည် ရင် (174tons) ခံမယ်
3/8"(10mm) နဲ့ချည် ရင် (175ton)
ခံပါမယ်. . .ကြိုက်တာနဲ့သာချည်ပါ

The value of the building
lies on the eye of the beholder.

ကျနော်တို့ viber group မှာ ties ရဲ့
မူလ Spacing ကို ပြင် ချင် လို့ဆိုပြီး
ဒီမေးခွန်းဝင် ရောက်မေးမြန်းထားတဲ့
သူငယ်ချင်းများနဲ့ဂျူနီယာများအားလုံး
မိမိတို့Client ကိုပြန် ရှင်းပြတတ်ပါစေ

ကျနော်ချစ်တဲ့ Engineering မှာ
အသိပညာမျှဝေတာမင်္ဂလာတစ်ပါးပါ

Aung Myat Thu(TU-Taunggyi)
MilLimetRe-Training & Design Group

Basis of Steel Structures

Basis of Steel Structures
ကျနော်တို့လူငယ် အင် ဂျင် နီယာ
တော်တော်များများ သိကြတာက
Steel Structure နဲ့ RC structure
ပုံ(1) နဲ့ ပုံ(2) ရင်းနှီးကြပါတယ်
ပုံ(3)မှာပြထားသလို column ထဲမှာ
H-section ထည့်ပြီးလောင်းတာမျိုး
(H-column ကိုအပြင် က rebar ပြန်
ဆင်ပြီး concrete လောင်းလိုက်တာက
Composite Structure ဖြစ်သွားတယ်
ဒါကိုသတိမမူမိကြဘူး... Steel, RC,
Composite, Timber, CFT, etc.
အားလုံး Structure ဟုတ်ပေမယ့်
Theory မတူကြပါဘူး . . အ ခြေခံ
အကျဆုံး Elasticity Curve ဖြစ်တဲ့
Stress to Strain Ration က စပြီး
Curve တွေရဲ့ Behaviour မတူပါဘူး
အစိမ်းဆုံးက CFT structure လို့
ခေါ်တဲ့ Concrete-Filled-steel
Tubular structure ဆိုတာကိုပါပဲ
သူက Steel-RC composite
structure နဲ့ပြောင်းပြန်ပုံစံပါ
ပုံ(4)မှာပြထားသလို Steel က
Fromwork လိုအပြင် ဖက်မှာ
Tube ပုံစံ ရှိပြီးတော့ concrete ကို
အတွင်းက လောင်းထားတာပါ
MES မှာ JFE လို့ခေါ်တဲ့
Japan Future Engineering
steel corporation company က
CFT အ ကြောင်းစာတမ်းဖတ်ပွဲမှာမှ
မြန်မာနိုင် ငံက တံတားကြီးတချို့မှာလဲ
CFT structure သုံးထားတာသိရပါတယ်
Just structural knowledge ပါ
အခုက Steel Structure ရဲ့အ ခြေခံ
Fundamentals အချက်လေးတွေကို
Introduction ပြန်နွေးပေးချင် လို့ပါ
အရင် ဆုံးမေးခွန်း ၃ ခုတွေးကြည့်ပါ
1.What is Steel Structure?
2. Why choose steel structure?
3. Where & When use steel structure?
ကျောင်းသားကျောင်းသူတွေက
အ ဖြေကို ဆက်လေ့လာပေးပါ
လုပ်ငန်းခွင် က မသိသေးတဲ့
မျိုးဆက်သစ်များလဲ လေ့လာပါ
1.What is Steel Structure?
Steel Structure:a structure
which is made from organised
combination of structural
STEEL members designed to
carry loads and provide adequate rigidity.
Steel offers exceptional qualities
in terms of mechanical resistance.
Of the most commonly used
materials in construction, it
demonstrates the greatest
resistance for the lightest
section, both in tension and
compression.
This opens
the door for architects to a wide
choice of technical and
aestheic solutions.
ဒီတစ်ကြောင်းက တော့
စာသားလှအောင် ရေးထားတာ
တခြားနိုင် ငံမှာတော့ ဟုတ်ပါတယ်
ကျနော်တို့ဆီမှာက သိပ်ပြီးမရှိသေးဘူး
Shanghai Stadium
Shanghai Grand Theater
Tai-bei 101
World Trade Centre
CCTV
Jinmao Tower
Dubai Tower
Eiffel Tower
ကမ္ဘာမှာထင် ရှားတဲ့ Steel Structure
တချို့ကို highlight လုပ်ပါတယ်
Why use steel structure?
1-High Strength
Strength နဲ့ Weight အချိုးများတယ်
weight နည်းပြီး strength များတာကို
ဆိုလိုတာပါ . . သာမန်သိသလို RC ထက်
Steel Structure ကပိုပေါ့တယ်လေ
The high ratio of strength to
weight(Strength per unit weight)
2-Excellent ductility and
Seismic resistance
ဒါလဲ သူတို့နိုင် ငံတွေအတွက်
ပိုမှန်တဲ့ အချက်ပါပဲ . . ကျနော်တို့
နိုင် ငံမှာက တော့ Weld, Joint,
Connection တွေတော်တော်
Inspection ဝင် ဖို့လိုပါသေးတယ်
တကယ့် Equake resistance မှာ
Research အရစဉ်လိုက် ရင် တော့
Steel Structure က နံပါတ်(1)ပါ
ပြီးမှ (2)က RC structure ပါ . .
ငလျင်တော်တော်လှုပ်တဲ့
China နဲ့Japan မှာ Steel
Structure သုံးတာအများဆုံးပါပဲ
ပြီးမှ America, Russia, India
Korea, Germany နဲ့ Ukraine
3-Elasticity, Uniformity
Predictability of properties,
close to design assumption
Steel က Mill Product
စက် ရုံထုတ်ဆိုတော့ material
properties စိတ်ချ ရပါတယ်
RC မှာဆို Concrete က Cement,
Fine sand, Gravel, Water, Air
material အများကြီးရောသမပြီး
ထုတ်လုပ်တာဆိုတော့ အမယ်များတယ်
လိုချင် တဲ့ Fc'(compressive strength)
uniformly ရဖို့မလွယ်ပါဘူး . .
Steel က uniformly ရနိုင် တယ်
Strength မှန်တော့ Design နဲ့
Construction ကြားမှာ ပိုတိကျတယ်
Assumption & Reality ပိုမှန်လာမယ်
e.g.Elasticity of Steel = 29000 ksi
ဒါက သူ့ရဲ့အားသာချက်တစ်ခုပဲ
4-Ease of Fabrication and
Speed of Construction
ဒါလဲ တခြားနိုင် ငံအတွက်ပိုမှန်မယ်
ဒီမှာက fabrication ဆို သိပ်ပြီးဘာမှ
မယ်မယ် ရ ရမထုတ်နိုင် သေးဘူး
ဝယ်သုံး . . မှာသုံးနေရတုန်းပဲ
Design အရလိုချင် တဲ့ Section လဲ
Size အစုံမရ သေးလို့ရွေးသုံးရတုန်း!
3. Where & When use steel structure?
*Long-span structures
*Multi-storey & High-rise
*Buildings of heavy duty plant
*Tower
*Portal frame
*Bridges
*Infrastructures
*Deployable structures
*Mechanical structures
Steel Structure ရဲ့
Disadvantages တချို့က
1-Corrosion
2-Low Fire Resistance
3-Buckling
4-Brittle fracture
Steel Structure မှာလဲ Design
Calculation တော့ လိုက်မှီပေမယ့်
လိုချင် တဲ့ Structural Section တွေ
Steel Strength, Weld Properties,
Skillful worker, Technique တွေ
မရ သေးတော့. . .(မ ပြောတော့ပါဘူး)
Construction Engineer များက
Steel structure နဲ့ပတ်သက် ရင်
Inspection နဲ့ Connection ပိုင်းကို
အားဖြည့်တည်ဆောက်သင့် ပြီး
နောက်တက်လာမယ့် ကျနော်တို့ရဲ့
အနာဂတ် Student Engineer များက
Steel structure လောက ခေတ်မှီပြီး
အဆင့်အတန်းမြှင့်လာအောင် ပိုလေ့လာ
အားထုတ်ပေးကြပါလို့အကြံပြုရင်း . .
Learn engineering concept,
Practice them and Try to use for
the help and service of mankind
whenever get a chance to do so.
Aung Myat Thu(TU-Taunggyi)
MilLimetRe-Training & Design Group

Fundamentals of Steel Structure(1)




Fundamentals of Steel Structure(1)

မသိမဖြစ် သိရမယ့် အ ခြေခံလေးများ
W-section ဆိုတာ wide-flange ကို
ပြောတာ ... flange က ကျယ်တယ်
Mostly used sections တွေပေါ့

I-beam ဆိုပြီး ကျောင်းက
Steel Manual မှာမပါဘူး
S-section ကိုပြောတာ
American Standard Beam လို့ခေါ်တယ်
web ကထူပြီး ... flange ရဲ့
thickness က sloping ဖြစ်နေတယ်

H-section ဆိုတာ အင်္ဂလိပ်အက္ခရာ
H ပုံစံလိုမျိုး square ဖြစ်နေတာကိုပြောတာ
web နဲ့ flange နဲ့က equally နီးပါးညီတယ်

Design Philosophies အရ
Steel Structure လဲ R.C လိုပဲ
Engineer တွေ ထုံးစံအရ နှစ်မျိုးရှိမယ်
(1) Working stress design
-ASD=Allowable Stress Design-
(2) Limit state design
-LRFD=Loads and Resistance factor design

ကျောင်းမှာ Reference လုပ်တာက
LRFD ပေါ့ ... နှစ်ခုလုံးက AISC လို့ခေါ်တဲ့
American Institute of Steel Construction က ထုတ်တာပဲ ..

R.C Design Philosophies
(1) Working Stress Design နဲ့
(2) Ultimate Strength Design လိုပေါ့ ... နှစ်ခုလုံး ACI code တွေပဲ ..
စသဖြင့် ... စသဖြင့် ...

ဆရာ့ကိုဂါရဝပြု၍ဆက်ရေးပါမည်
Millimetre(10:45PM, 19.2.2015)

Thursday, March 5, 2015

Site Mistake (2)

Site Mistake (2)
Rc Column & Retaining Wall
Retaining wall အုတ်ရိုးက Rc column ထဲက ဝင်မနေရပါဘူး။ နောက် အုတ်ရိုးစီတဲ့ မဆလာတွေလည်း တိုင်ထဲမှာရှိမနေရပါဘူး။ သံချောင်းမှာ ပေကျန်နေတဲ့ အင်ဂတေချိုးတွေကိုလည်း ဖယ်ရှားရပါမယ်။
(ဗိုလ်ဗိုလ်ကျော်)

Site Mistake (1)

ဆိုဒ်ထဲကအလွဲတွေကို သင်ခန်းစာသဘော ပုံနဲ့တကွတင်ပေးပါမယ်။ လုပ်ငန်းခွင်ဝင်ကာစ ဆိုဒ်အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ။ ဘယ်မှာဆိုတာ ဘယ်သူ့ဆိုဒ်ဆိုတာတွေတော့ မမေးဖို့ မေတ္တာရပ်ခံပါတယ်။ ပုံတွေကတော့ အင်တာနက်ကဖြစ်ချင်ဖြစ်မယ်၊ သူများဆိုဒ်ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ပိုင်ဆိုဒ်ဖြစ်ချင်ဖြစ်မယ်။ ဘယ်မှာ၊ ဘယ်သူ့ဟာဆိုတာထက် လိုက်နာရမယ့်ဟာလေးတွေကို အလွယ်ကူ ပေါ့ပေါ့ပါးပါး ပုံတွေကတဆင့် သိစေချင်လို့တင်ပေးတာပါ။ ဆက်တိုက်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
Site Mistake (1)
Crank
Beam သံချောင်းအချင်းချင်း ဆုံတဲ့အခါ၊ Column နဲ့ Beam သံချောင်းတွေဆုံတဲ့အခါ၊ သံချောင်းတွေ ထိတ်တိုက်မတွေ့အောင် ရှောင်ရပါတယ်။
အဲ့ဒါကို မြန်မာလို သံချောင်းတွန့်တယ်၊ ပုလင်းခေါင်းချိုးတယ် ပြောကြပါတယ်။ Eng လိုတော့ Crank လို့ဆိုပါတယ်။
နောက် Column တွေ Beam တွေ Size ပြောင်းသွားတဲ့အခါမျိုးတွေ Lap Splice လုပ်တဲ့အခါမျိုးတွေမှာလည်း Crank (တွန့်) ရပါတယ်။
အဲ့လို Crank လုပ်တဲ့အခါ Slope က ACI အရ Max 1:6 ထက်မပိုရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၀)

Ground Beam(မြေညီထပ်ထုတ်) များမှာ မြေကြီးတွန်းကန်အား(Upward Pressure)ရှိခြင်းကြောင့် Floor Beam (အပေါ်ထပ်ထုတ်) များနှင့်မတူ ပြောင်းပြန် (+ve, -ve) moments ရှိသည်ဟု မှတ်ယူနေခြင်း

Lateral Load (Seismic, Wind, etc) ကို မစဉ်းစားဘဲ ဖယ်ထားပါမယ်။

အပေါ်က loading ထမ်းရတဲ့ beams တစ်ချောင်းရဲ့ crack (အက်ကွဲကြောင်း) ဖြစ်တဲ့ပုံစံကို ပုံ(၁) မှာ မြင်နိုင်ပါတယ်။



Fig; 1
Support (တိုင်) နားမှာ အပေါ်ဘက် crack ဖြစ်တယ်။ အလယ်နားမှာတော့ အောက်ဘက် crack ဖြစ်ပါတယ်။

အောက်က loading လာတဲ့  beams တစ်ချောင်းရဲ့ crack (အက်ကွဲကြောင်း) ဖြစ်တဲ့ပုံစံကို ပုံ(၂) မှာ မြင်နိုင်ပါတယ်။


Fig; 2Fig; 2
အပေါ်က loading ထမ်းရတဲ့ beams နဲ့ ပြောင်းပြန်ပါ။ Support (တိုင်) နားမှာ အောက်ဘက် crack ဖြစ်တယ်။ အလယ်နားမှာတော့ အပေါ်ဘက် crack ဖြစ်ပါတယ်။

Floor Beam ဆိုတာက အပေါ်ကလာတဲ့ loading ကို ထမ်းရပါတယ်။
Ground Beam ကလည်း အပေါ်ကလာတဲ့ loading ပဲ ထမ်းရပါတယ်။ Ground Beam တွေက loading က မြေကြီးဆီမသွားပါဘူး တိုင်တွေဆီသွားပါတယ် (နောက်တိုင်ကနေတဆင့် Foundation ကိုသွားပါတယ်)။

ဒါကြောင့် Ground beam တွေက မြေကြီးရဲ့ တွန်းကန်အား (Upward Pressure) ကိုမခံပါဘူး။ ဒါကြောင့် သူ့အတွက် crack ဖြစ်တဲ့ပုံစံတွေ +ve, -ve moments ပုံစံတွေက Floor Beam နဲ့အတူတူပါပဲ။
Upward Pressure ခံရတဲ့ Beam ပုံစံတွေကတော့ Foundation တွေမှာသုံးတဲ့  Strap, Strip Beam တွေမှာ တွေ့နိုင်ပါတယ်။
ပုံ(၂) မှာ အောက်က beam က Strip Beam ဖြစ်ပြီးတော့ အပေါ်က အဝါရောင် beam က Ground Beam ဖြစ်ပါတယ်။ အဲ့ဒီ beam နှစ်ခုရဲ့ မတူညီတဲ့ behavior ကို ပုံမှာလေ့လာနိုင်ပါတယ်။
(www.buildinghow.com မှပုံများကို ယူသုံးပါသည်)
(ဗိုလ်ဗိုလ်ကျော်)

အယူအဆအလွဲများ(၁၉)

Floor (ကြမ်းခင်း) ကွန်ကရစ်များကို ဂရုစိုက်ပြီး column (တိုင်)  ကွန်ကရစ်များကို အလေးထားမှုနည်းနေခြင်း
ကြားဖူးမှာပေါ့ ဒီနေ့ဘယ်အလွှာ ကွန်ကရစ်လောင်းမှာမို့ ဘယ်လိုတွေ အလုပ်များကြောင်း၊ Ready mixed concrete ကို ဘယ်လောက် grade နဲ့မှာလောင်းကြောင်း စသဖြင့်ပေါ့လေ။
Floor concrete လောင်းတာ ဂရုစိုက်တာ ကောင်းပါတယ်။ ဒါပေမယ့် တိုင်တွေကိုတော့ ဖြစ်သလိုလူနဲ့ဖျော်ပြီးတော့ Floor မှာ ဘယ်လောက် concrete grade ကောင်းကောင်းနဲ့ လောင်းပေမယ့်လည်း တိုင်တွေကိုတော့ 1:2:4 ကနေမတက်တော့ပါဘူး။
Floor လောင်းရင်တော့ Engineers တွေ သေချာဂရုစိုက်ကြပေမယ့် တိုင်တွေကတော့ ဂရုစိုကမှုအားနည်းပြီး အဖာရာဗလာပွနဲ့လဲ ဖြစ်ချင်ဖြစ်နေတတ်ပါတယ်။
နောက် Floor လောင်းပြီးရင် ရေမှန်မှန်လောင်းပြီး curing ပေးဖို့ သတိရပေမယ့် column တွေကိုတော့ curing ပေးဖို့မေ့နေတတ်ကြပါတယ်။
၁) အဆောက်အဦတစ်ခုမှာ Load Path က ဒီလိုရှိပါတယ်။  Slab ကနေ load တွေက beam ကိုရောက်ပါတယ်။ Beams တွေကနေမှ Column ကိုရောက်ပါတယ်။ နောက် Column ကနေ Foundation ရောက်ပြီး နောက်ဆုံးတော့ မြေကြီးကို ရောက်ပါတယ်။
၂) ဒီတော့ အထပ်မြင့်လေ column တွေအတွက် concrete strength လိုအပ်ချက်က မြင့်လေလေပါပဲ။ Column ဆိုတာက အထပ်မြင့်လေ အပေါ်က loading ကို ပိုထမ်းရလေလေကိုး။ Beam (ထုတ်) တွေ Slab (ကြမ်းခင်း) တွေကတော့ (ယေဘုယျအားဖြင့်) တထပ်စာကို တထပ်ချင်းထမ်းရတာလေ။
၃) ဒါကြောင့် အထပ်မြင့်တွေမှာ Column ကို high strength conrete ပေးပြီး Floor (Beam + Slab) တွေကိုတော့ Normal ပေးတတ်ပါတယ်။ ဆိုလိုတာက Column တွေကို Floor (Beam + Slab) တွေထက် Concrete strength ပိုပေးလေ့ရှိတယ်ဆိုတာပါ။]၄) ပြောရရင် Column တွေက Floor (Beam + Slab) တွေထက် ပိုအရေးကြီးတယ်ဆိုတာပါ။
(ဗိုလ်ဗိုလ်ကျော်)

"Steel နဲ့ Concrete ဘယ်ဟာက Compression ဒဏ်ပိုခံနိုင်သလဲ"

"Steel နဲ့ Concrete ဘယ်ဟာက Compression ဒဏ်ပိုခံနိုင်သလဲ" လို့ အလုပ်ခန့်ဖို့ အင်တာဗျူးမှာ မေးတော့ အမေးခံရတဲ့သူတိုင်းက တညီတညာတည်း ဖြေတာက
"Concrete" ပါတဲ့…
ုဟုတ်ကဲ့ သူတို့အားလုံး မှားပါတယ်…
သူတို့ဘယ်လိုသင်ခဲ့ရသလဲ မသိဘူး။ ကြည့်ရတာ "Concrete က compression ခံနိုင်တယ် tension ကြ compression ခံနိုင်ရည်ရဲ့ 10 ပုံ 1ပုံလောက်ပဲ ခံနိုင်တဲ့အတွက် Tension အတွက် Steel ထည့်တယ်" လို့ မှတ်ထားရာကနေ Steel ကို Tension အတွက်ပဲထည့်တော့ Compression မှာ Steel ထက် Concrete က ပိုတယ်လို့ မှတ်သွားကြပုံ ရပါတယ်။

တကယ်တော့ Steel က Tension ခံနိုင်သလောက် Compression ခံနိုင်ပါတယ်။ ဒါကြောင့် Steel ရဲ့ compression ခံနိုင်ရည်က Concrete ရဲ့ Compression ခံနိုင်ရည်ထက် 10ဆခန့်ပိုပါတယ်။
ဒါကို ကျောင်းသားဘဝကတည်းက သိခဲ့ပါတယ်။ ဒါက ကျွန်တော် တော်လို့မဟုတ်ပါ။ သင်တဲ့ဆရာ ( Saya Htun Wytu) တော်လို့ပါ။
ဆရာက သင်ကတည်းက "Concrete က compression ခံနိုင်တယ် tension ကြ compression ခံနိုင်ရည်ရဲ့ 10 ပုံ 1ပုံလောက်ပဲ ခံနိုင်တဲ့အတွက် Tension အတွက် Steel ထည့်တယ်" "Steel ကတော့ Tension ခံနိုင်သလောက် Compression ခံနိုင်ပါတယ်"
" Steel ရဲ့ compression ခံနိုင်ရည်က Concrete ရဲ့ Compression ခံနိုင်ရည်ထက် 10ဆဝန်းကျင် ပိုတယ်"
Steel ရဲ့ Tension ခံနိုင်ရည်ကတော့ Concrete ရဲ့ Tension ခံနိုင်ရည်ထက် အဆ 100 ဝန်းကျင်ပိုတယ်"
ဒီလို ပြည့်ပြည့်စုံစုံပြောခဲ့တာကိုး
သူတို့ကို မသိရကောင်းမလားလို့ အပြစ်မတင်တော့ပါဘူး။
သူတို့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ဘူးလေ…

BoBo Kyaw

Disqus Shortname

Comments system