Thursday, March 5, 2015

Site Mistake (1)

ဆိုဒ်ထဲကအလွဲတွေကို သင်ခန်းစာသဘော ပုံနဲ့တကွတင်ပေးပါမယ်။ လုပ်ငန်းခွင်ဝင်ကာစ ဆိုဒ်အင်ဂျင်နီယာတွေအတွက် အသုံးဝင်မှာပါ။ ဘယ်မှာဆိုတာ ဘယ်သူ့ဆိုဒ်ဆိုတာတွေတော့ မမေးဖို့ မေတ္တာရပ်ခံပါတယ်။ ပုံတွေကတော့ အင်တာနက်ကဖြစ်ချင်ဖြစ်မယ်၊ သူများဆိုဒ်ဖြစ်ချင်ဖြစ်မယ်၊ ကိုယ်ပိုင်ဆိုဒ်ဖြစ်ချင်ဖြစ်မယ်။ ဘယ်မှာ၊ ဘယ်သူ့ဟာဆိုတာထက် လိုက်နာရမယ့်ဟာလေးတွေကို အလွယ်ကူ ပေါ့ပေါ့ပါးပါး ပုံတွေကတဆင့် သိစေချင်လို့တင်ပေးတာပါ။ ဆက်တိုက်တင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
Site Mistake (1)
Crank
Beam သံချောင်းအချင်းချင်း ဆုံတဲ့အခါ၊ Column နဲ့ Beam သံချောင်းတွေဆုံတဲ့အခါ၊ သံချောင်းတွေ ထိတ်တိုက်မတွေ့အောင် ရှောင်ရပါတယ်။
အဲ့ဒါကို မြန်မာလို သံချောင်းတွန့်တယ်၊ ပုလင်းခေါင်းချိုးတယ် ပြောကြပါတယ်။ Eng လိုတော့ Crank လို့ဆိုပါတယ်။
နောက် Column တွေ Beam တွေ Size ပြောင်းသွားတဲ့အခါမျိုးတွေ Lap Splice လုပ်တဲ့အခါမျိုးတွေမှာလည်း Crank (တွန့်) ရပါတယ်။
အဲ့လို Crank လုပ်တဲ့အခါ Slope က ACI အရ Max 1:6 ထက်မပိုရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system