CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Saturday, April 30, 2016

Pushed Pile or Pressed Pile


Construction လုပ်ငန်းတွင် Foundation နှစ်မျိုးနှစ်စားရှိပါသည်။
(1) Shallow Foundation
(2) Deep Foundation
......ဟူ၍ ဖြစ်ပါသည်။
Deep Foundation လုပ်ငန်းတွင် Pile Foundation ကို အသုံးပြုပါသည်။ Pile Foundation တွင်လည်း....
(1) Driven Pile
(2) Pushed Pile
(3) Bored Pile
......ဟူ၍ သုံးမျိုး ထပ်မံကွဲသွားပါသည်။
**( References : CQHP-Civil Work )
အောက်တွင် Pushed Pile or Pressed Pile အကြောင်းကို ဖော်ပြပါမည်။
Pushed Pile (ဒါမှမဟုတ်) Pressed Pile
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
Pile ရိုက်ဖို့အတွက်......
နံပါတ်(၁)အနေနဲ့....Architectural Drawings, Structural Drawings, M&E Drawings စသည်ဖြင့် Drawing များစွာရှိတဲ့အထဲမှ Piling Plan Drawing နဲ့ Pile Coordinates တွေကိုအသုံးပြုရပါမယ်။
နံပါတ်(၂) က....Survey Team မှ ၄င်း Pile Coordinates တွေအတိုင်း On Ground မှာ Survey Points များပေးခြင်းပါ...အဲလို Survey Points ပေးတဲ့နေရာမှာ Survey ငုတ်လေးတွေရိုက်ပြီး နေရာသတ်မှတ်ပေးပါတယ်...Survey ငုတ်အဖြစ် 8mm or 10mm diameter bar တွေကို ပလစ်စတစ်ကြိုးလေးတွေချည်းပြီး အသုံးပြုပါတယ်...8mm or 10mm diameter bar ကို အသုံးပြုတာက Pile စက်နင်းလိုက်တဲ့အခါ အလွယ်တကူ ရွေ့ မသွားအောင်လို့ပါ...သူရဲ့အလျားကလည်း မြေပြင်အနေအထား ( မြေမာသလား...မြေပျော့သလား...ရွှံ့ တွေထူနေသလား...) ပေါ်မူတည်ပြီး 10" ...12"...18" စသည်ဖြင့်ရှိရပြီး မြေကြီးထဲ အကုန်ဝင်အောင် ရိုက်ရပါတယ်....ပလတ်စတစ်ကြိုးချည်ရတာက Rebar တွေကို မြေကြီးထဲ အကုန်ဝင်အောင်ရိုက်လိုက်တဲ့အတွက် သူ့ရဲ့ခေါင်းကိုအလွယ်တကူမမြင်ရတော့တဲ့အတွက် ရှာရလွယ်ကူစေရန် ချည်ရခြင်းဖြစ်ပါတယ်...ဒါမှ ပလစ်စတစ်ကြိုးကိုတွေ့တာနဲ့ သံချောင်းကိုတွေ့ပြီ...ဒါမှမဟုတ်...Pile ရိုက်ရမယ့် Piont ကိုတွေ့ပြီပေါ့....
နံပါတ်(၃)က....Pile အတွက် Survey Point တွေ ရပြီဆိုရင် Piling Machine နဲ့ Pile စရိုက်ပါတော့မယ်...
Pile ရိုက်တဲ့နေရာမှာ Pile တွေကို Precast Pile တွေ အသုံးပြုပြီး...
8"x8" ကို 20' အရှည်
10"x10" ကို 20' အရှည်
12"x12" ကို 40' အရှည်...
စသည်ဖြင့် design ပေါ်မူတည်ပြီး အသုံးပြုကြပါတယ်...
Pile ရိုက်တဲ့ Piling Machine မှာလည်း...
Ton 180
Ton 260
Ton 320
Ton 460....စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။
အခု ကျနော် ပြောမယ့်အဆောက်အဦးမှာ....
Precast Pile- 12"x12" ကို 40' အရှည်ကို အသုံးပြုထားပါတယ်။
Pile တစ်ချောင်းရဲ့ ထမ်းနိုင်ရမယ့် Load က 550KN ( Structure Designer က တွက်ပေးထားတဲ့ဟာပါ။ အဲဒီ 550KN ကို Pile တကယ်ရိုက်မယ်ဆိုတဲ့အချိန်ကျ Safe ဖြစ်အောင် Safety Factor 2.5 နဲ့ မြှောက်လိုက်တော့...550x2.5=1375 KN ရပါတယ်။ အဲဒီတော့ ဒီအဆောက်အဦးမှာ သုံးထားတဲ့ Pile တစ်ချောင်းချင်းစီကို 1375 KN ထိရောက်အောင် Pile စက်နဲ့ ရိုက်ရမှာပါ။ )
အခု အဆောက်အဦးမှာ သုံးတဲ့ Pile စက်က Ton 460 ကို Six Cylinder နဲ့ပါ။ ( Pile စက်များကို Ton 320, Ton 460 စသည်ဖြင့် ခေါ်ဆိုရာမှာလည်း ၄င်းစက်များရဲ့ Weight ကိုပြောဆိုခြင်းမဟုတ်ပဲ, ထိုစက်များ၏ Cylinder များက Pile များကို ရိုက်သွင်းနိုင်သောအားကို ပြောဆိုခြင်းဖြစ်သည်ကို သတိပြုပါ။ Ton 320 စက်ဆိုလျှင် Plie ချောင်းကို 320 tons ရသည်အထိ ရိုက်နိုင်ပြီး Ton 460 စက်ဆိုလျှင် 460 tons ရသည်အထိ ရိုက်နိုင်သည်ဟုဆိုလိုပါသည်။ Pile စက်များတွင် ပါဝင်သော Cylinder အရေအတွက်မှာလည်း ကွာခြားပါသည်။ Ton 460 စက်တွင် Cylinder ခြောက်လုံးပါဝင်ပြီး ၄င်းအောက်ငယ်သောစက်များမှာ Cylinder လေးလုံးပဲပါဝင်ပါတယ်။ )
Pile တကယ်ရိုက်မယ်ဆိုရင်...ယူနစ်ကွာခြားမှုတွေလည်းရှိပါသေးတယ်။ Structure Designer ကပေးထားတာက 1375 KN .... KN နဲ့
Pile စက်မှာ ပါတာက Oil Pressure (MPa) နဲ့ Ton-Force (ton).....***ပုံ တွင်ကြည့်ပါ။
အဲဒီတော့ ယူနစ်တွေမတူတော့ တူသွားအောင် KN ကို Ton-Force သို့ပြောင်းရပါမယ်။ ( Structure Designer က အစကတည်းက KN နဲ့မပေးပဲ tons နဲ့ပေးခဲ့ရင်တော့ မလိုတော့ပါဘူး )။ ကိုယ့် Calculator or Handset ထဲမှာ KN to Ton-Force ကို ပြောင်းတဲ့ unit conversion မပါလည်း ကိစ္စမရှိပါဘူး။ Online ပေါ်မှာရှာပြီး ပြောင်းလို့ရပါတယ်။ အခု အဆောက်အဦးရဲ့ Pile အတွက် 1375 KN = 140 tons ရပါပြီ.... ***ပုံတွင်ကြည့်ပါ။
ဒီနေရာမှာ ထပ်လိုလာတာက ကိုယ့် Pile စက်ရဲ့ အထက်မှာပြောခဲ့တဲ့ Oil Pressure Table လိုလာပါပြီ။ Conversion Table လို့လည်း ခေါ်ကြပါသေးတယ်။.....***ပုံတွင်ကြည့်ပါ.....
အဲဒီ Table က Pile စက်တစ်ခုနဲ့ တစ်ခုမတူညီတဲ့အတွက် Pile အဖွဲ့ကနေ မဖြစ်မနေ တောင်းယူရမှာပါ။ ဒါမှ ကိုယ့်အဆောက်အဦးရဲ့ Pile အတွက် pressure ဘယ်လောက်နဲ့ ရိုက်ရမယ်ဆိုတာ သိမှာပါ။
အခု ပြောနေတဲ့ အဆောက်အဦးရဲ့ Pile အတွက် 140 tons ရဖို့အတွက် Oil Pressure 11နဲ့ 12 ကြားကို Interpolation လုပ်ပြီး ယူရမှာပါ။Interpolation ယူလိုက်တဲ့ အခါ 11 MPa ရသည်ဟု ဆိုပါစို့။ Pile ရိုက်တဲ့အခါ Pile စက....*** ပုံတွင်ကြည့်ပါ။
Pile ရိုက်နေစဉ်အတွင်း၌ Pile Vertical Alignment ရရှိစေရန် Spirt Level သုံး၍ အမြဲတန်း check နေရမည်ကို သတိပြုပါ။
နံပါတ် (၄)က...လိုအပ်တဲ့ Design အတိုင်း Pile ရိုက်ပြီးသွားတဲ့အခါ ပိုနေရင် ဖြတ်၊ လိုနေရင် ဆက်ရမှာပါ။
အခု 140 tons အတွက် Pressure 11MPa နဲ့ ရိုက်နေရာမှာ 12"x12" - 40' အရှည်ကို အသုံးပြုထားတဲ့အတွက် မြေအဝင် 35' လောက်မှာတင် လိုအပ်တဲ့ Pressure 11 MPa ပြည့်သွားပြီဆိုလျှင် Pile ရိုက်ခြင်းကို ရပ်လိုက်ရမှာပါ။ ဒါဆိုရင် မြေပေါ်မှာ 5' ပိုနေပါပြီ။ ပိုနေတဲ့ အဲဒီ 5' ကို ဖြတ်ပစ်ရမှာပါ။.....***ပုံတွင်ကြည့်ပါ။
အကယ်၍ ပထမ 40' ကုန်သွားလို့မှ Pressure 11 MPa မပြည့်သေးဘူး, 9 MPa လောက်ပဲ ရှိသေးတယ်ဆိုရင် နောက် 40' တစ်ချောင်းနဲ့ ဆက်ပြီး ထပ်ရိုက်ရမှာပါ။....*** ပုံတွင်ကြည့်ပါ။
Pressure ပြည့်ပြီဆိုရပ်၊ ပိုတာကို ဖြတ်ပစ်။
နံပါတ်(၅)က...Pile ရိုက်နေစဉ်အတွင်း၌ Safety ကို စဉ်ဆက်မပြတ် ဂရုစိုက်ရပါမယ်။ Pile လုပ်ငန်းအတွင်း ကြီးကြပ်၊ တာဝန်ခံများမှလွဲ၍ အခြားသူများ ဝင်ရောက်ခြင်းမပြုရပါ။ Pile လုပ်သားအဖွဲ့အား Pile ချည်ရာတွင် သေချာမြဲမြံစွာ ချည်ရန်၊ Pile Crane Operator အားလည်း ရှေ့နောက်ဘယ်ညာ သေချာစွာ ကြည့်ရန်၊ Pile စက်အောက်တွင် အလုပ်,လုပ်သူများအားလည်း သေချာစွာ ဂရုစိုက်စေရန်...စသည်ဖြင့် အမြဲတမ်း သတိပေးနေရပါမယ်။
နံပါတ်(၆)က....မိမိ၏ Site တစ်ခုလုံး Pile ရိုက်ပြီးသွားလျှင် ၄င်း Pile Coordinates များအား Design တွင်ပေးထားသော Coordinates များအတိုင်း မှန်, မမှန် ပြန်လည်စစ်ဆေးရပါမည်။ အကယ်၍ Pile Coordinates များသည် ခွင့်ပြုနိုင်သော အလွဲထက်ကျော်လွန်နေပါက အစားထိုးPile များ ထပ်မံရိုက်သွင်းခြင်းဖြင့် ကုစားနိုင်ပါသည်။ Pile များ၏ ခွင့်ပြုနိုင်သော အလွဲများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(( ACI Recommendation အရ...
Pile ခေါင်း၏နေရာသည် ရည်မှန်းထားသောနေရာမှ 3" နှင့် 6" အတွင်းရှိရပါမည်။ Pile ဝင်ရိုး၏တည့်မတ်မှုသည် မြေအောက်လုံးဝမြုတ်နေသော Pile များအတွက် Pile အရှည်၏ 10% ၊ မြေပေါ်တဝက်တပျက်ပေါ်နေသော Pile များအတွက် Pile အရှည်၏ 2% အထိ သွေဖည်မှုအား ခွင့်ပြုနိုင်ပါသည်။
Pile Cap မှ ဘေးတိုက်သက်ရောက်မှုအားကို ထမ်းဆောင်နိုင်ပါက 4% အထိ ခွင့်ပြုနိုင်ပါသည်။
အကယ်၍ Pile များ၏ နေရာလွဲမှားမှုသည် အထက်ပါသတ်မှတ်ချက်များထက် ကျော်လွန်ပါက ထိုသို့လွဲမှားသည့်အတွက် Pile ပေါ်သို့ အမှန်တကယ်သက်ရောက်မည့် အလေးဝန်များကို ပြန်လည်တွက်ချက်စစ်ဆေးရန် လိုပါသည်။ သက်ရောက်သည့်အလေးဝန်သည် သတ်မှတ်အလေးဝန်ထက် 10% ပိုပါက အပို Pile ထပ်ရိုက်၍လည်းကောင်း၊ အလေးဝန်များကို Ground Beam မှတဆင့် အခြားနေရာများသို့ ဖြန့်ဝေပေးခြင်းဖြင့်လည်းကောင်း ကုစားမှုများ ပြုလုပ်ရန်လိုအပ်ပါသည်။
**References : CQHP-Civil Work ))
နံပါတ်(၇)က.... ရိုက်သွင်းပြီးသော Pile များအား သတ်မှတ်ထားသော Design
Load အတိုင်းရ,မရ Pile Load Test စမ်းခြင်းဖြစ်ပါသည်။ Load Test စမ်းလေ့ရှိသော Pile Point များမှာ Pressure ပြည့်မီအောင် ရိုက်ထားသော်လည်း မြေအဝင်နည်းသော Pile Point များဖြစ်တတ်ပါတယ်။
CQHP Guideline အရ Pushed Pile အတွက် အနည်းဆုံး Two Pile Points စမ်းသပ်ပေးရပါမယ်။ စမ်းသပ်ပေးရမယ့် Test အမျိုးအစားက
1% Static Working Load Test ( Minimum 2 Piles ) + 25% Integrity Test ဆိုပြီး သတ်မှတ်ထားပါတယ်။
*** Pressed Pile ရဲ့ အနှစ်ချုပ်က နှစ်ချက်တည်းပါ။
နံပါတ်တစ်က...Pile တစ်ချောင်းချင်းစီရဲ့ ခံနိုင်ရမယ့် Design Load ကို သိရပါမယ်။
နံပါတ်နှစ်က...Pile ရိုက်မယ့်စက်ရဲ့ Conversation Table ကိုကြည့်ပြီး Pressure ဘယ်လောက်နဲ့ ရိုက်ရမယ်ဆိုတာ သိရမယ်။ဒါပါပဲ။***
အားလုံးကိုကျေးဇူးတင်ပါတယ်.....
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဦးထိပ်ထားလျှက်.....
Chit Mg
30.4.2016












Friday, April 22, 2016

သတင်းကောင်းတစ်ခု

သတင်းကောင်းတစ်ခု
ဂျပန်နိုင်ငံမှ ဗိသုကာ ပညာရှင်နှင့် Integrated Design Group တို့ပူးပေါင်းပြီး BIM Development Foundation ကို ဖွင့်လှစ်ရန် ယနေ့ (20.4.2016) တွင် သဘောတူ ဆုံးဖြတ် ခဲ့ပြီးဖြစ်သည်။ ထို Foundation အကျိုးကျေးဇူး၏ ပထမခြေလှမ်းအနေဖြင့် BIM Specialist Scholarship သင်တန်းကို (10.5.2016, 1pm ~ 4pm) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ထိုသင်တန်းတွင် ရွေးချယ်ခံရသူများအား 100% FOC ပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းဝင်ခွင့် အင်တာဗျူးကို (8.5.2016, 1pm) တွင် ပြုလုပ်မည်ဖြစ်ပါသည်။ ထိုသင်တန်းအတွက် သင်တန်းသား သင်တန်းသူ (၁၀) ဦးသာ ရွေးချယ်မည်ဖြစ်ပါသည်။ CV ကို Email ဖြင့် (30.4.2016) နောက်ဆုံးထားပြီး ပေးပို့နိုင်ပါသည်။ ရောက်ရှိလာသော CV ထဲမှ အစဉ်လိုက်လူဦးရေ (၂၀) ကို အင်တာဗျူးမည်ဖြစ်ပါသည်။

What is IQ, EQ & SQ ?

1. Understanding IQ, EQ and SQ..

Understanding IQ, EQ and SQ..
Physical Intelligence: Wise nutrition, Consistence balance exercises Proper rest, relaxation, stress management and preventing. Mental intelligent:Continuous, systematic, disciplined study and education Cultivation of self awareness, learning by teaching and doing. Emotional intelligent:Self awareness, Personal motivation, Self regulation, Empathy, Social skill. Spiritual Intelligence: Integrity ( Character building ) ,Meaning ( Purpose of life ),Voice( Self Enlightenment and motivate to other ) . IQ: Intelligence Quotient which measures rational thought abilities, is considered a critical ‘trait’ for leadership. IQ associated learning is step-by-step rule based learning. To be successful, you don’t have to be the smartest guy in the room, but you have to be smart enough. What ‘smart enough’ is depends on what kind of organization that you’re leading. EQ: Emotional intelligence is the ability to assess, access and control your emotions, and those of others. Basically, if you have emotional intelligence, you have the ability to perceive, understand, use, and manage emotions.There are lots of arguments about whether this is “real” intelligence, but most of us know people who are good at this and can see that there is something to it. Again, EQ is considered a requisite for success in leadership. SQ: Social intelligence is the ability to understand, manage, and navigate complex social networks. It is also called ‘interpersonal intelligence.’ Leaders of global organizations and project managers of virtual teams require this SQ to be successful. Some assert that autistic children have low social intelligence. As the world has grown more complex, as organizations have grown, changed, evolved, this intelligence has become more important. Perhaps the most controversial of the ‘Q’s', spiritual intelligence is defined as “the adaptive use of spiritual information to facilitate everyday problem solving and goal attainment." 5 components of spiritual intelligence: The capacity to transcend the physical and material. The ability to experience heightened states of consciousness. The ability to sanctify everyday experience. The ability to utilize spiritual resources to solve problems. The capacity to be virtuous.

2. IQ, EQ, SQ, PQ : What is it?

IQ, EQ, SQ, PQ : What is it?
Each of us has certain strengths and natural styles. We have all met (and perhaps are) the person who is incredibly book smart, but who has absolutely no common sense. We all know the incredibly smart arrogant emotional bully. Being too much of one of these, and not enough of the others makes you a “flat tire.” You can be successful–up to a point. Depending on your job (scientist, lawyer, teacher, executive) you need more of one and less of the others. To be successful in almost any job, however, you need some of all of these. EQ and IQ might be the Yin and Yang of leadership, but there are many other factors in play. The core of leadership comprises multiple intelligences — cognitive, spiritual, moral, behavioural, and emotional. Cognitive intelligence is the ability to understand information, imagine possibilities, use intuition, solve problems and make decisions. Spiritual intelligence is the ability to understand that human beings have a need for meaning, value and a sense of worth in what they do. Moral intelligence is the ability to differentiate right from wrong according to universal principles. Behavioural intelligence is the ability to act appropriately according to different situations. Emotional intelligence is the ability to understand the needs and feelings of oneself and other people, manage one’s feelings, and respond to others in appropriate ways.

3. A New Paradigm of Intelligence...

A New Paradigm of Intelligence...
One who has developed intelligence has a great capacity to receive information, process it and analyse it. They are able to think in an abstract way, and also learn significant lessons from experience. However, research has shown that intelligence is not sufficient. The most intelligent people are not always the most successful and happy people in the world. Interestingly, they aren’t necessarily the people that change the world either (although some of them have). Psychologists and neuroscientists are increasingly talking about the need for Emotional Quotient (EQ). According to them, EQ is a basic requirement for successful utilization of IQ. Those with high EQ’s are able to effectively handle their own emotions, and simultaneously interact and relate with others successfully. Animals and humans have a tendency to act irrationally when certain emotions arise in their consciousness. In times of stress, anger and anxiety, intelligence is difficult to access. Thus, EQ deals with the human side of life and how we effectively function in the environments surrounding us. To some extent computers have the power of IQ. One could argue that animals have the power of IQ and EQ. So what sets humans apart? This is where the notion of SQ comes in – Spiritual Quotient. IQ and EQ help us in our present situations, but SQ is all about transformation. The spiritualist has the power to question on a deeper level – who am I, what are my needs, what goals should I be pursuing, and what will really make me happy. They may seem like simple questions, but if we analyse ourselves, how many times are we busily engaged in pursuing things without really questioning whether they are necessary, fulfilling and really adding value? Our lives are often centered around asking the question ‘how’, but SQ is all about asking the question ‘why’.

4. Values for Living...

Values for Living...
SQ replaces the ego with the soul, both as the seat of personal identity, and as the governor of IQ and EQ. SQ therefore exercises IQ and EQ from the soul, at the subject-pole of attention, instead of from the ego, at the object-pole of attention. When IQ (thought) and EQ (emotion) are governed by SQ (spirit), thoughts and emotions are transformed in quality and given a whole new purpose. Once these factors are analyzed and related to each other, it becomes clear that mental, physical and social factors all contribute to the holistic health of a person in the form of IQ, EQ and SQ. It can also be concluded that the health of whole human society depends on an individual’s health and the social factors. Health, education and moral institutions can combine to create a healthy atmosphere for the entire human society. Intellectual Quality is how we use our minds and how we think, not our ability to think or the measurement of our thinking in relation to the "norm".Emotional Quality how we react or respond to events and situations in our lives. It how we manage our emotions moment by moment, day after day. Social Quality is how we connect with and relate to others. It is how a student engages with other people in his or her environment.

5. Intelligence Quotient (IQ) - Is about thinking

Intelligence Quotient (IQ) - Is about thinking
IQ measures our cognitive ability but academic or cognitive intelligence alone offers little preparation for the emotional challenges we all have to face in the course of our daily lives. Measuring IQ alone is not enough; measuring the whole is more accurate and conclusive, IQ and EQ and SQ - a holistic approach.

6. Emotional Quotient (EQ) - Is about feeling

Emotional Quotient (EQ) - Is about feeling
EQ is a term used to represent other factors that can lead to healthy relationships and the ability to respond appropriately and positively to every day life. It is about recognising emotions and managing them. Emotions without a physical expression are collections of thoughts. Talking about emotions means we have to have an understanding and a language for feelings then we have to be able to articulate our feelings. EQ is about understanding ourselves, how we relate to others and how others perceive us. EQ also helps us to understand how others are feeling and enables us to develop more fulfilling and deeper relationships. All this is essential if we are to be able to manage and resolve conflict as and when it arises as well as functioning collaboratively and collectively in everyday situations.

7. Spiritual Quotient (SQ) - Is about being

Spiritual Quotient (SQ) - Is about being
SQ is very difficult to define. But it needs to be clear it is not about organised religion. SQ is about questions more than answers. It lives in stories, poetry, metaphor, uncertainty and paradox. One of the biggest qualities of SQ is wisdom. Ingredients of SQ are values such as courage, integrity, intuition, compassion, empathy and knowing the limits of your knowledge. SQ can also mean unlearning what others have taught you; questioning life issues; thinking laterally or outside the box; seeing situations and issues differently; having a greater understanding of all possibilities. Spirituality is an essential component of a holistic approach to life, its finds expression in creativity and all art forms and is the bit that adheres together our conscious intellect and our intelligent action. Spirituality sustains us from within when all else fails; spirituality allows us to dream, aspire and raise ourselves up.

8. Values for Living

Values for Living
Circle time, personal, social & emotional sessions (PSE) and class discussions should all make time for discussing some of the following: feelings, people who care for us, acts of kindness, support mechanisms, world disasters, death and values. This list is not exhaustive. Choose a value for the week both at home and in school and children are praised and given recognition for displaying this value. Peace Honesty Patience Courage Trust Respect Love Caring Happiness Kindness Friendship Tolerance Freedom Hope Of course all the above applies to all children but especially to gifted and talented children who do not always have mature levels of EQ and SQ. It's important we nurture such children in order that they are well-balanced and happy human beings.

9. Spiritual Intelligence Questionnaire

Spiritual Intelligence Questionnaire
Spiritual Intelligence can be seen as an extension of social and emotional intelligence. It is difficult to quantify but the following questionnaire is an attempt to assist us in getting in touch with others, the universe and ourselves. You as parents might want to compete this questionnaire as a starting point for exploring the issues surrounding the understanding of Spiritual Intelligence. Mark your score on a scale of 1-5 where 5 means you completely agree with the statement and 1 means you totally disagree. 1. My life has a sense of complete and positive purpose to it. 2. I feel a great connection to and often feel 'at one' with the universe and/or God. 3. I understand and have a deep knowledge of myself. I do what I say and express this in my being. 4. I am known for my playful, irrepressible and bubbling sense of humour and childlike (but not childish) view of the world. 5. I am deeply at peace with myself. 6. Other life forms generate in me a sense of awe, wonder, love and respect. 7. I achieve the right balance of appropriate caring for others. 8. I enjoy serving all people to the best of my ability and at every opportunity. 9. I am amazed at my capacity for wonder. Scoring 4's and 5's indicates a high SQ (spiritual quotient) Scoring 1's and 2's indicates a low SQ (spiritual quotient)
http://www.speakingtree.in/allslides/what-is-iq-eq-sq

ဉာဏ်ရည်ထက်မြက်မှုငါးရပ် အကြောင်း

ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ရေးသားသော

ဉာဏ်ရည်ထက်မြက်မှုငါးရပ် အကြောင်းသေချာဖတ်ကြည့်စေချင်ပါတယ်။ ကောင်းမွန်၊မှန်ကန်တယ်လို့
ူဆလို့ပြန်လည်မျှဝေလိုက်ပါတယ်။.........


လူတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို သာမန်အားဖြင့် (IQ) နဲ့တိုင်းထွာလေ့ရှိပါတယ်။ အပြည့် အစုံကတော့ Intelligence Quotient (IQ) ဖြစ်တယ်။ လူတစ်ဦးရဲ့ ဉာဏ်ရည်ထက်မြက်မှုကို စနစ်တ ကျတိုင်းထွာပြီး ရလာတဲ့အဖြေ Quotient ကို ရည်ညွှန်းပြီးသတ်မှတ်ထားတာ ဖြစ်ပါတယ်။

လွယ်လွယ်ပြောရရင် ဉာဏ်ရည်ထက်မြက်သူကို တော်တဲ့သူလို့သတ်မှတ်ကြတယ်။ IQ မြင့်တဲ့သူဟာ တော်တယ်။ IQ နိမ့်တဲ့သူဟာ ညံ့တယ်လို့ပဲ ယူဆကြတယ်။ နိုင်ငံခြားမှာတော့ IQ ကို စနစ်တကျတိုင်း ထွာမှုတွေလုပ်ကြတယ်။

မြန်မာပြည်မှာတော့ ကျွန်တော်သိသလောက် စနစ်တကျလုပ်ထားတာမရှိ ဘူး။ လူတစ်ဦးတစ်ယောက်ရဲ့ IQ ဟာ ပျမ်းမျှခြင်း ၈၀ နဲ့ ၁၂၀ အကြားရှိကြတယ်။ ၁၂၀ ထက်များရင် သိပ်ထူးချွန်တယ်လို့ သတ်မှတ်ပြီး ၈၀ ထက်နည်းရင်တော့ ဉာဏ်ရည်နိမ့်တယ်လို့ ပြောလေ့ရှိကြ တယ်။ IQ ဟာ ဗီဇအပေါ်အခြေခံတယ်။ တစ်နည်းပြောရရင် မိဘမျိုးရိုးအပေါ် မူတည်ပါတယ်။

IQ ဖွံ့ဖြိုးမှုဟာ မွေးတဲ့အချိန်ကအစပြုပြီး အသက် ၁၁ နှစ်နဲ့ ၁၂ နှစ်မှာ မြင့်တက်လာပြီး နောက်ပိုင်းမှာ တိုးတက်မှုမရှိတော့တာ တွေ့ရပါတယ်။ တစ်နည်းပြောရင် IQ ဟာ မွေးရာပါအရည်အချင်းတစ်ရပ် ဖြစ်ပါတယ်။

IQ ကိုတစ်ဖက်က Mental Intelligence ဉာဏ်ရည်ထက်မြက်မှုလို့ ဆိုကြတယ်။ သမားရိုးကျပညာ ရေးစနစ်ဟာ IQ ကိုသာ အာရုံစိုက်တာတွေ့ရတယ်။ ကျောင်းစာမှာတော်ဖို့ မိဘတွေရော၊ ဆရာ၊ ဆရာမတွေပါ တိုက်တွန်းတယ်။ စာတော်ခြင်းတစ်ခုတည်းကိုသာ အလေးထားကြတယ်။ ဒါကြောင့် လည်း အားကစားမလုပ်ဖို့၊ အနုပညာမလိုက်စားဖို့၊ ပေါင်းသင်းဆက်ဆံမှုမှာ အာရုံမစိုက်ဖို့တိုက်တွန်း ပြီးစာတော်ခြင်းဆိုတဲ့ တစ်လမ်းသွားဖွံ့ဖြိုးမှုကို အားပေးခဲ့ကြတယ်။

အခုခေတ်မှာတော့ ဉာဏ်ရည်ထက်မြက်မှု ငါးမျိုးရှိတယ်လို့ လက်ခံလာကြတယ်။ လူတစ်ယောက်ဟာ အောင်မြင်တဲ့သူဖြစ်ဖို့ ဒီဉာဏ်ရည်ထက်မြက်မှုငါးမျိုးကို ပြုစုဖို့လိုအပ်တယ်လို့ လက်ခံလာခဲ့တယ်။

ပထမဆုံးဉာဏ်ရည်ထက်မြက်မှုကတော့ Physical Intelligence (PQ) ဖြစ်ပါတယ်။ ရုတ်တရက် ကြည့်ရင် (PI) ဖြစ်သင့်တယ်လို့ ထင်ကြမှာပါပဲ။ ဒါပေမယ့်စောစောက ကျွန်တော်တင်ပြခဲ့သလို Quotient ဆိုတဲ့ရလဒ်အဖြေကို ရည်ညွှန်းတာပါ။ PQ ကအမှန်တော့ ကျန်းမာရေးနဲ့ဆိုင်တယ်။ လူတစ် ယောက်ဟာ ကျန်းမာဖို့လိုအပ်တယ်။ မကျန်းမာရင် ကျန်တာဘာမျှလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါ ကြောင့်ကျွန်တော်က လူငယ်တွေအအနေနဲ့ PQ ကိုအာရုံစိုက်စေချင်တယ်။ မိဘတွေအတွက်လည်း စဉ်းစားသင့်ပါတယ်။ ကလေးတွေကို အားကစားလုပ်ဖို့ အားပေးရမယ်။ ကျောင်းတွေမှာလည်း အားက စားကိုထိထိရောက်ရောက် လုပ်ပေးနိုင်ဖို့ အရေးကြီးလှပါတယ်။

တစ်ချိန်တုန်းက အားကစားကို အားမပေးခဲ့ဘူး။ မလိုအပ်တဲ့ စိုးရိမ်မှုတွေကြောင့် အားကစားလုပ်တာ တွေကို အဟန့်အတားပြုခဲ့တယ်။ ဒါကြောင့်ကျွန်တော်ကတော့ လူငယ်တွေအတွက် အားကစားမြှင့် တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်။ တစ်ခါကကျွန်တော်တင်ပြခဲ့သလို အားကစားလုပ်ခြင်းဟာ ကာယဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်ကိုလေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မှုစတဲ့ အကျိုးတရားတွေဟာ ရေတွက်လို့မရနိုင်ပါဘူး။ အားကစားလို့ပြောတဲ့နေ ရာမှာလည်း ငွေကုန်ကြေးကျများတဲ့ အားကစားမျိုးကိုသာမဟုတ်ဘဲ လူတိုင်းလက်လှမ်းမီတဲ့ အားက စားတွေ အများကြီးရှိပါတယ်။

ဒုတိယဉာဏ်ရည်ထက်မြက်မှုက စောစောကအသေးစိတ်တင်ပြပြီးဖြစ် တဲ့ Mental Intelligence (IQ) ဖြစ်ပါတယ်။

တတိယဉာဏ်ရည်ထက်မြက်မှုက Emotional Intelligence (EQ) ဖြစ်ပါတယ်။

EQ ကမိမိအကြောင်း၊ မိမိရဲ့ခံစားမှု၊ မိမိရဲ့စိတ်ကို သိသလိုမိမိနဲ့ ထိတွေ့ဆက်ဆံနေတဲ့သူတွေအကြောင်းကိုလည်း သိ အောင်ကြိုးစားနိုင်ခြင်း ဖြစ်ပါတယ်။ EQ မြင့်မားတဲ့သူဟာ ကိုယ်ချင်းစာစိတ်ရှိတဲ့သူ ဖြစ်ပါတယ်။ အကောင်းဆုံးသာဓကက ဆရာကြီး Gandhi ဖြစ်ပါတယ်။ သူကသူ့ရဲ့တပည့်တွေနဲ့အတူ ဘူတာရုံတစ် ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်တစ်ဖက် ကျွတ်ကျခဲ့တယ်။ ဖိနပ်ကျွတ် တာကိုသိသိချင်း ဆရာကြီးက ကျန်တဲ့တစ်ဖက်ကိုယူပြီး ကျသွားတဲ့ဖိနပ်နဲ့ အနီးဆုံးရောက်အောင် ပစ်လိုက်တယ်။ သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲလို့ပြောတော့ အခုဆိုရင် ကောက်ရတဲ့သူက ဖိနပ်တစ်ရန်အပြည့်ရပြီလို့ ပြန်ပြောခဲ့တယ်။ IQ မြင့်မားတဲ့သူတွေတိုင်း EQ မမြင့်ကြပါဘူး။ IQ မြင့်ပေမယ့် EQ နိမ့်တဲ့သူတွေ အများကြီးရှိတာတွေ့ရတယ်။။ မိမိရဲ့ခံစားမှုတွေ သာရှေ့တန်းတင်ပြီး တစ်ဖက်သားရဲ့အကြောင်း ထည့်မတွက်တတ်တဲ့သူတွေ အများကြီးရှိနေတာ ဝမ်းနည်းစရာတွေ့ရပါတယ်။

တစ်ခုတော့ရှိပါတယ်။ IQ ဟာမွေးရာပါဖြစ်ပေမယ့် EQ ကတော့ပြုစုလို့ရတဲ့ အရည်အချင်းတစ်ရပ် ဖြစ်တယ်။ ဘဝမှာအောင်မြင်ဖို့ IQ တစ်ခုတည်းအားကိုးလို့မဖြစ်ဘူး။ EQ ရှိမှပြည့်စုံမှာ။ တစ်ဖက်က တော့ EQ သာရှိပြီး IQ နိမ့်နေရင်လည်း အဆင်မပြေပြန်ဘူး။

စတုတ္ထဉာဏ်ရည်ထက်မြက်မှုက ယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သက်ပါတယ်။ တစ်နည်းပြောရရင် Spiritual Intelligence (SQ) ဖြစ်တယ်။ အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံမှာ SQ အထူးလိုအပ်နေ တယ်လို့ ကျွန်တော်ထင်တယ်။ ယုံကြည်ကိုးကွယ်မှုဟာ မိမိတစ်ဦးချင်းနဲ့ဆိုင်တယ်

မိမိရဲ့ယုံကြည်ကိုးကွယ်မှုကို မြတ်နိုးဖို့လိုအပ်သလို တစ်ဖက်သားရဲ့ ယုံကြည်ကိုးကွယ်မှုကို လေးစားဖို့ လိုတယ်။ ယုံကြည်ကိုးကွယ်မှုဆိုတာဟာ အင်မတန်မှ သိမ်မွေ့တဲ့၊ လေးနက်တဲ့အရာတစ်ခုဖြစ်တယ်။ ကျွန်တော်ဟာဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေကို ယုံယုံကြည် ကြည်နဲ့ လိုက်နာကျင့်သုံးနေသလို အခြားဘာသာဝင်တစ်ဦးရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း အသိအ မှတ်ပြုရမယ်။

မိမိဘာသာကောင်းတယ်။ တခြားဘာသာမကောင်းဘူးဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ဘူး။ အစွန်း တရားတွေကို ရှောင်ရှားဖို့သိပ်လိုအပ်နေပါတယ်။ အခုလိုပြောတာကို လက်မခံတဲ့သူတွေရှိမှာ သေချာ ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မြင့်မြတ်တဲ့အတွေးအခေါ်၊ အယူအဆတွေ လူတွေမှာရှိကြ တယ်။ ရှိနိုင်တယ်လို့ ယူဆမိပါတယ်။

နောက်ဆုံး ဉာဏ်ရည်ထက်မြက်မှုက မျက်မှောက်ခေတ် (၂၁) ရာစုမှာပိုပြီး အရေးကြီးလာတာတွေ့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံလာကြတယ်။ ပူးပေါင်းဆက်ဆံမှုဆိုတာကို လက်ခံလာကြတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံခြားသား တွေပိုင်ဆိုင်တဲ့လုပ်ငန်းတွေ မြန်မာပြည်မှာ တည်ထောင်လာကြတယ်။ အခုလိုလုပ်ငန်းတွေလုပ်ဖို့ စီစဉ်တဲ့အခါ မြန်မာတိုင်းရင်းသားတွေကို ရှာဖွေကြတယ်။ အကူအညီတောင်းကြတယ်။ ဒီလိုပဲ မြန်မာပိုင်ကုမ္ပဏီတွေကလည်း နိုင်ငံခြားဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားလာတာ တွေ့တယ်။ အခုလို ဆောင်ရွက်တာက နိုင်ငံခြားတိုင်းပြည်တွေရဲ့ အခြေအနေကို သိအောင်ရယ်၊ ပြည်တွင်းအခြေအနေ တွေ နားလည်သဘောပေါက်အောင် Cultural Intelligence (CQ) လို့ခေါ်တဲ့ ယဉ်ကျေးမှုနဲ့ ပတ်သက် တဲ့ဉာဏ်ရည်ထက်မြက်မှုကို ပြုစုဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ယဉ်ကျေးမှုမတူသူတွေနဲ့ ဆက်ဆံတဲ့အခါ (CQ) ဟာအလွန်အရေးကြီးပါတယ်။ (CQ) မြင့်မားတဲ့သူ ဟာ မိမိရဲ့ယဉ်ကျေးမှုကိုမြတ်နိုးသလို တစ်ဖက်သားရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားဖို့လိုတယ်။ လက်နဲ့ထမင်းစားတဲ့ ကျွန်တော်တို့ မြန်မာတွေအနေနဲ့ တူနဲ့စားတဲ့ တရုတ်လူမျိုး၊ ဇွန်း၊ ခရင်းသုံးတဲ့ အနောက်တိုင်းရင်းသားတွေရဲ့ အလေ့အထကို ဂရိုစိုက်ရမယ်။ (CQ) မြင့်မားတဲ့သူဟာ ယဉ်ကျေးမှုမ တူတဲ့ အခြေအနေမှာ လိုက်လျောညီထွေစွာ လှုပ်ရှားနိုင်သူဖြစ်တယ်။ ဝင်ဆံ့တယ်။ နားလည်တယ်။ အသိအမှတ်ပြုတယ်။

ဉာဏ်ရည်ထက်မြက်မှုတစ်ရပ်ကို အကျဉ်းချုံးတင်ပြရရင် PQ, IQ, EQ, SQ နဲ့ CQ တို့ဖြစ်တယ်။ ဒီဉာဏ်ရည်ထက်မြက်မှု ငါးခုဟာလူတစ်ယောက်အတွက် အလွန်အရေးပါလှပါတယ်။ PQ မြင့်မားမှု ဟာ အသက်ရှင်သန်ရေးနဲ့ပတ်သက်ပြီး IQ ဟာ သင်ယူ၊ ခံယူမှုနဲ့ဆိုင်ပါတယ်။ EQ ကတော့ မေတ္တာ တရားနဲ့ဆိုင်ပြီး SQ ကတော့ လူတစ်ဦးရဲ့လေးနက်တဲ့ အမွေအနှစ်နဲ့ ဆိုင်တယ်။ CQ ကတော့ မတူညီ မှုကို အားယူနိုင်တဲ့ အားပဲဖြစ်ပါတယ်။

ကျွန်တော်ကတော့ အခွင့်အရေးရတိုင်း လူငယ်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးမြင့်မားစေလိုတယ်။ အောင်မြင်တဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါကြောင့်လည်း အခွင့်အရေးရတိုင်း ဟောပြောပွဲတွေလုပ်ပေး ခဲ့၊ စာတွေရေးခဲ့တယ်။ အမှန်တော့ လူငယ်တွေသာမက လူလတ်၊ လူကြီးအားလုံး ဉာဏ်ရည်ထက် မြက်မှုငါးရပ်ကို ပြည့်စုံနိုင်ပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

သြဂုတ် (၄) ရက်၊ ၂၀၁၄ ခုနှစ်
မြန်မာ့အလင်းသတင်းစာမှ

EQ နဲ့ IQ အကြောင်း(Posted By Dr.Aung Myo)


EQ နဲ့ IQ အကြောင်း(Posted By Dr.Aung Myo)
...........................
ကျနော်တို့ ငယ်ငယ်က I.Q ဆိုတဲ့ ဝေါဟာရ တော်တော် ခေတ်စားတာ မှတ်မိသေးတယ်။
I.Q ဆိုတာ Intelligent Quotient ဥာဏ်ရည်ကို တိုင်းတာတဲ့ အညွှန်းကိန်းပေါ့။
I.Q မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့ .. စာတော်တဲ့သူ။ ကျောင်းမှာ ထူးချွန်တဲ့သူဆို ရင် I.Q မြင့်တယ်တယ်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်။ ၁၅ နှစ် လောက်ကစပြီး E.Q ဆိုတာ ခေတ်စားလာတယ်။ E.Q ဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။ ဘာလို့လဲဆိုတော့ အောင်မြင်တဲ့ သူတွေ ရဲ့  I.Q ရော၊ E.Q ရော တိုင်းကြည့်တဲ့ အခါ I.Q မြင့်တဲ့သူတွေထက် E.Q မြင့်တဲ့သူတွေဟာ ဘ၀မှာ ပို အောင်မြင်တာ တွေ့ရတယ်။
ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ် ရင့်ကျက်၊ ခိုင်မာမှုက ပိုအရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။
လွန်ခဲ့တဲ့ တစ်ပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ E.Q အကြောင်းရေးထားတာ တော်တော် သဘောကျတယ်။ သူက E.Q ဆိုတာ ဘာလဲလို့ ပြောရုံတင် မကဘူး။ E.Q မြင့်အောင် ဘယ်လို လေ့ကျင့်နိုင်တယ်ဆိုတာ ပြေပြထားတာ။ အကျဉ်းချုပ်ကို အောက်မှာ ဖတ်ကြည့်ပါ... “အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့ သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။ တကယ်တော့ E.Q လို့ ခေါ်တဲ့  မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။ တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့ ။ E.Q မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ့ အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။ E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့် ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့ ..စွမ်းရည်တွေကတော့ .. (၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့ အားသာချက်၊ အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆို တာ ကို သိတာ.. (၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်) မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နို်င်တာ) (၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ. (၄) Empathy: သူတပါးရဲ့ စိတ် ခံစား ချက် ကို နားလည်တာ. (၅) Social skill: အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး ကိုယ် လို ချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့ အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု က
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့ စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ မြင့်နေတာ တော့ ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ ရပါတယ်။ လေ့ကျင့်ဖို့ နည်းတွေကတော့ ...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “
ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့ နည်းကတော့ စွမ်းရည်တစ်ခုမှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။ နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။ အမှတ် (၃)နဲ့ (၅) ကတော့  ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။ တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။
E.Q ကောင်းအောင်......
ကျနော် E.Q အကြောင်း ရေးတဲ့ စာ ပေါ်မှာ comment တစ်ခုရေးထားတာ ဖတ် ရတယ်။ ဘာရေးထားသလဲ ဆိုတော့ ..” သဘောကတော့ E.Q ပဲကျင့်လို့ ရတယ်။ I.Q နိမ့်ရင်တော့ ဘာမှလုပ်လို့ မရဘူးပေါ့နော်”..တဲ့ ။ စိတ်ဝင်စားစရာ ကောင်းတဲ့  comment လေးဗျ ။ သူပြောမှ I.Q အကြောင်း ဆက်တွေးမိလို့ ရေးထားတာပါ... ကျနော်တို့ က I.Q လို့ ဆို ရင် ကျောင်းမှာ စာတော်တာ၊ ကျောင်းသင် ဘာသာရပ် မှာ ထူးချွန်တာ နဲ့ ပဲ ဆက်စပ်တွေးလေ့ရှိကြတယ်။ I.Q ကောင်းတဲ့ သူလို့ ပြောလိုက်ရင် ကျနော် စမြင်တဲ့ သူက အိုင်းစတိုင်း ပေါ့။ ဥာဏ် ကြီးရှင် ကြီးပေါ့ ။ ဘောလုံး မှာ အင်မတန် ထူးချွန် တဲ့ပီလီ တို့ ၊အခု ခေတ် ဆို မက်ဆီ တို့ ။ ဂီတ မှာ ကမ္ဘာကျော်တဲ့  မိုက်ကယ်ဂျက်ဆင်တို့ ၊ မက်ဒေါနားတို့  ကို I.Q နဲ့ ဆက်စပ်ပြီး မတွေးဖြစ်ဘူး။ တကယ်တော့ သူတို့ လဲ I.Q မြင့့်  တဲ့သူတွေပဲ။ ဘာလို့ လဲ ဆိုတော့  Intelligence ဥာဏ်ကောင်းတယ်၊တနည်း စွမ်းဆောင်ရည် ကောင်းတယ် ဆို တာ ခွဲ ခြမ်း စိတ် ဖြာနိုင်တဲ့ ဥာဏ် စွမ်းရည်(Analytical Intelligence) တခု ထဲ မဟုတ်ဘူးတဲ့။ Intelligence ဥာဏ် စွမ်းရည် မှာ အနဲ ဆုံး ၇ မျိုးလောက်တောင် ရှိသတဲ့။ ဆရာ ကို တာ ရေးတဲ့  “ဖြန့် ထွက်တွေးခြင်း နဲ့ အခြားစာတန်းများ “ စာအုပ်ထဲ က Howard Gardner ရဲ့ Theory of multiple Intelligence ကို ကိုးကားပြီး ရေးထားတဲ့ စာပုဒ်ကို ဖတ် ကြည့် စေချင်တယ်..
“ဟိုးဝဒ်ဂါဒနာ ဟူသော ဟားဘတ် ပညာကျောင်းမှ ပါမောက္ခ ကြီးက တိုင်းတာလို့ ရသော ဥာဏ်စွမ်းရည် (၇) မျိုး ရှိသည်ဟု ပြောကြားကြောင်း၊
ထို ခုနှစ်မျိုးမှာ......
၁။ ပထမ တစ်မျိုးမှာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရည် (Analytical Intelligence) ဖြစ်ပြီး စာမေးပွဲများ၊အိုင်ကျူများနှုင့် တိုင်းတာကြောင်း။
၂။ဒုတိယ တစ်မျိုးမှာ ပုံဖော်နိုင်စွမ်းရည် (Pattern Intelligence) ဖြစ်ပြီး အရာဝထ္တုများ၏ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီထွင်နိုင်ခြင်းများဖြစ်ကြောင်း။ သချာင်္ပညာရှင်များ၊ ကွန်ပျုတာပရိုဂရမ်များ၊အနုပညာရှင်များ ရှိသော စွမ်းရည်မျိုးဖြစ်ကြောင်း။သူတို့မှာ ပုံဖော်စွမ်းအင်၌ စွမ်းရည်မြင့်မားလှသော်လည်း သာမန်အတန်းတင် စာမေးပွဲများ၌ ကျနိုင်ကြောင်း၊
၃။တတိယ တစ်မျိုးမှာ ကာယစွမ်းရည် (physical intelligence) ဖြစ်ပြီး ဘောလုံးသမားများ ၊ရေကုးသမားများ၊ဂေါက်သမားတို့တွင် ရှိတတ်၍ သူတို့တွင် အခြားစွမ်းရည် ရှိချင်မှ ရှိမှာ ဖြစ်ကြောင်း။
၎။ (Musical intelligence)-ဂီတ အနုပညာစွမ်းရည်..
၅။ပဉ္စမ တစ်မျိုးမှာ လက်တွေ့စွမ်းရည် (Practical Intelligence) ဖြစ်ပြီး တီဗွီတစ်လုံးကို လမ်းညွှန်လွှာ မပါပဲ ဖြုတ်၍ ပြန်တပ်နိုင်သော စွမ်းရည်တစ်မျိုး ဖြစ်ကြောင်း၊ အစိတ်အပိုင်းနာမည်ကို ခေါ်တတ်ချင်မှ ခေါ်တတ်မှာ ဖြစ်ကြောင်း။
၆။ဆဌမ တစ်မျိုးမှာ ခံစားသိနိုင်စွမ်းရည် (Intrapersonal Intelligence) ဖြစ်ပြီး ငြိမ်ငြိမ် သက်သက် နေတတ်၊မျှဝေခံစားတတ်၍ ကဗျာဆရာများ၊အတိုင်ပင်ခံ (Counsellors) များ ဖြစ်လာတတ်ကြောင်း။
၇။သတ္တမ တစ်မျိုးမှာ သဟာယ စွမ်းရည် (Interpersonal Intelligence) ဖြစ်ပြီး အများနှင့်လုပ်တတ်၊နေတတ်၊ကိစ္စပြီးမြောက်အောင် ဆောင်ရွက်တတ်သော မန်နေဂျာများတွင် ရှိရမည့် စွမ်းရည်မျိုးဖြစ်ကြောင်း။”
ဆရာ ကိုတာရဲ့ စာအုပ်ထဲမှာ ပဲ ဆက်ရေးထားတာ က..” ချားလ်စ်ဟန်ဒီ က ၂၁ ရာစုမှာ ကျောင်းသားတွေ ရဲ့ စွမ်းရည် ကို ခွဲခြမ်း နိုင်တဲ့ စွမ်းရည် (Analytical Intelligence) တစ်ခု ထဲ (စာမေးပွဲ တစ်ခု တည်း) နဲ့  ဆန်ကာချ နေတဲ့ ကိစ္စ ကတော့  တယ် မနိပ်လှ ဘူး ဟု ပြောပါ သည် “ တဲ့ ။
အဲဒီ စာကနေ ကျနော် ဆက် တွေး ကြည့် မိတယ်။ ...ကိုစိုးသူတို့ ၊ ဖြူဖြူကျော်သိန်း တို့ ၊ ဆရာမ ဂျူး ၊ဆရာ ဖေမြင့်တို့ ဆရာ ၀န် တွေ ပေမယ့် သူတို့ ရဲ့ Intelligence က အနုပညာ ဖန်တီး တဲ့ ဘက်မှာ အားသန်တော့  အဲဒီ ဘက်မှာ မြှုပ်နှံ လုပ်ကြတော့ နိုင်ငံကျော် အနုပညာရှင် တွေ။ စာပေ ပညာရှင်တွေ အဖြစ် အောင်မြင် ထူးချွန် နေကြတာနေမှာ ..လို့ ။ ဆရာ မောင်စိန်ဝင်း(ပုတီကုန်း)၊ ဆရာ အော်ပီကျယ်တို့  ဆိုရင် အင်ဂျင်နီယာတွေပါပဲ။ သူတို အားသန် တဲ့  စွမ်းဆောင် ရည် Intelligence ကို ရှာတွေ့  ပြီး အဲဒါကို ဖွံ့ ဖြိုး အောင် လုပ်ခဲ့ ကြလို့သာ အောင်မြင်ကြတာ..လို့ ။
တကယ်တော့ ကျနော် တို့ မှာ မွေးကတည်းက ကိုယ်အားသန်တဲ့ Intelligence ဥာဏ် စွမ်းဆောင်ရည် လို့ ခေါ်တဲ့  ” ဇ “လေးတွေ ပါလာပုံရတယ်။ ကိုယ်ရဲ့ Intelligence က ဘာလဲ ဆိုတာ မြင်အောင် ကြည့် ပြီး ဖွံ့ ဖြိုး အောင် လေ့ကျင့် နိုင် ရင် ထူးချွန် အောင်မြင်သူတွေ ဖြစ် လာမှာပဲ။ ကျနော့ မိတ်ဆွေ၊သူငယ်ချင်းတို့ ရော ..ဥာဏ်စွမ်းရည် (၇) မျိုး ထဲက ကိုယ်ရဲ့ တကယ့် စွမ်း ရည် ဟာ ဘယ်ဟာဖြစ် မယ်ထင်သလဲ။ ကိုယ့် ညီ၊ညီမတွေ။ သား၊သမီးတွေမှာလည်း သူတို့ ရဲ့  Intelligence က ဘာဖြစ်မယ်ထင် သလဲ။ အဲဒီ Intelligence ကို ဖွံ့ ဖြိုး အောင် လုပ် ပေး ဖို့  က ထူးချွန် အောင် မြင် ဖို့ အတွက် အရေးကြီးတယ် မဟုတ်လား ဗျာ...
ဒေါက်တာ အောင်မျိုး

Monday, April 18, 2016

ခန့် မှန်းတွက်ချက်မှုတွေ ဘာကြောင့်မှားကြသလဲ ( Why estimates goes wrong )



Why estimates goes wrong
ခန့် မှန်းတွက်ချက်မှုတွေ ဘာကြောင့်မှားကြသလဲ
အဆောက်အအုံတည်ဆောင်ရေးလုပ်ငန်းတွေ အတွက် ကြိုတင်ခန့် မှန်းတွက်ချက်ကြတဲ့ estimate တွေဟာ အောက်ပါအချက်တွေပေါ် မူတည်ပြီး မှားနိုင်ပါတယ်တဲ့။
(1) Unusual / bad benchmarking 
ဆင်တူတဲ့ အဆောက်အအုံပဲဆိုပြီး တွက်ချက်တည်ဆောက်ပြီးသား အဆောက်အအုံတစ်ခုရဲ့  estimate ကို နမူနာ ယူလိုက်မိတာ။ အဆောက်အအုံ တူပေမယ့် ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင် ဒေသအခြေအနေတွေ မတူညီတော့ ကုန်ကျတာက မတူနိုင်ဘူးပေါ့။
(2) Unclear / Incomplete design 
ပုံစံတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ အသေးစိတ် ပြီးစီးအောင် မရေးဆွဲပဲ လိုအပ်တဲ့ အချက်အလက်တစ်ချို့ ကို အကြမ်းဖြည်းပဲ ခန့် မှန်း တွက်ချက်ကြတာ။
(3) Untested Innovations / Techniques 
အဆင်ပြေမပြေ သေသေချာချာ မသိနိုင်သေးတဲ့ နည်းလမ်းအသစ်လေးတွေကို သုံးကြည့်တာ။ အတတ်ဆန်းကြည့်တာပေါ့။ ပုံမှန်လုပ်နေတာတွေနှင့် မတူတော့ ကုန်ကျငွေလဲ မတူနိုင်ဘူး ဆိုပါတော့။
(4) Contractors desperation
ကန်ထရိုက်တာက လုပ်ငန်းရချင်ဇောနှင့် အရဲစွန့် ပြီး ဈေးနူန်းတွေကို လျှော့ပြီး တွက်ချက်တာ။ အစထဲက လျှော့ထားတဲ့ estimate ဆိုမှတော့ တကယ်ဆောက်တဲ့အချိန် ကုန်ကျတာနှင့် မတူနိုင်တော့ဘူး။
(5) Pressure of over reduction by client
အိမ်ရှင်အများစုကတော့ ကုန်ကျငွေကို လျှော့ချင်မှာပဲ။ အဲဒီအတွက် ဖိအား အမြဲပေးပါမယ်။ အဲဒါက ထုံးစံပါ။ အဲဒီဖိအားကို မခံနိုင်လို့  လျှော့မိရာက တကယ်ကုန်ကျတဲ့ ငွေနှင့် မကိုက်တော့တာ။
(6) Not Employing a Qualified Quantity Surveyor
ကျွမ်းကျင်ပြီး အရည်အချင်းရှိတဲ့ ခန့် မှန်းတွက်ချက်သူ estimator ကို မခိုင်းခဲ့တာ။ အဲဒီတော့ estimate က မှားတော့မပေါ့။
(7) Unexpected Environmental situations
မမျှော်မှန်းထားတဲ့ သဘာဝပတ်ဝန်းကျင် အခြေအနေ ဥပမာအားဖြင့် မုန်တိုင်း ဘာညာ တိုက်မယ် ရေကြီးရေလျှံမယ် ဆောက်လုပ်ရေး လုပ်ငန်းခွင် အပျက်အစီးတွေ ရှိမယ် လုပ်ငန်းတွေ နှောင့်နှေးမယ်။ အဲဒါတွေအတွက် ထည့်သွင်း မတွက်ချက်ထားတော့ တွက်ချက်ထားတာနှင့် မတူနိုင်တော့ဘူး။
(8) Human Incursions / Nuisance
ဆောက်လုပ်ရေးလုပ်ငန်းခွင် နေရာတွေမှာ လူတွေက ကျူးကျော်ဝင်ရောက် နေထိုင်ကြမယ်။ အနှောင့်အယှက်ပေးမယ်။ အဲဒါတွေကို ဖြေရှင်းရမယ်။ အချိန်တွေကုန်မယ်။ ငွေတွေ ကုန်မယ်။
(9) Market Fluctuations
ဈေးကွက်မတည်မငြိမ်ဖြစ်မှုကြောင့် ဆောက်လုပ်ရေးပစ္စည်း ဈေးနူန်းတွေ အတက်အကျရှိမယ်။ ဥပမာ ပွင့်လင်းရာသီနှင့် မိုးတွင်း ဈေးနူန်းတွေ မတူနိုင်ဘူး။ ဈေးနူန်းကျတာက ကိစ္စမရှိဘူး။ တက်ဈေးမိရင်တော့ နာပြီ။
(10) Change in Specifications
လုပ်ငန်းလုပ်နေစဉ်မှာ လုပ်ငန်းစံနူန်းသတ်မှတ်ချက်တွေ အပြောင်းအလဲရှိတာ။ စံနူန်းသတ်မှတ်ချက်တွေ ပြောင်းတော့ လုပ်ရတာတွေလဲ ပြောင်းပြီး ကုန်ကျငွေလဲ ပြောင်းပြီ။
(11) Redesigning or remodelling
ပုံစံတွေ ပြောင်းတာ ဥပမာအားဖြင့် အခန်းက ကျည်းတယ် ချဲ့ ချင်တယ်တို့  မျက်နှာစာမှာ အဲဒါလေး ထည့်လိုက်ရင် ပိုကြည့်ကောင်းသွားမယ် ဆိုတာတွေက ကုန်ကျငွေကို ပြောင်းလဲစေပါတယ်။
(12) Procurement Timing 
လုပ်ရမယ့်အလုပ်တွေ ၀ယ်ရမယ့် ပစ္စည်းတွေက သူ့ အချိန်နှင့် သူလုပ်ရတာပါ။ ချိန်ခါမကိုက် လုပ်မိလို့  တွက်ချက်ထားတဲ့ အတိုင်း မဟုတ်တော့တာ။
(13) Not buying in bulk
ပစ္စည်းတွေ ၀ယ်ယူရာမှာ လိုအပ်ချက်အတိုင်း အရေအတွက်နှင့် မ၀ယ်မိတာကလဲ လုပ်ငန်းကို ထိခိုက်နိုင်ပြီး ခန့် မှန်းတွက်ချက်ထားတာနှင့် ကွဲလွဲနိုင်ပါတယ်။ ဥပမာ တိကာတိုင်းကာ ၀ယ်ယူတာမျိုး။
(14) Inadequate or wrong measurement of plan
လုပ်ငန်းအစီအစဉ်တွေ မှားတာ မပြည့်စုံတာကြောင့်လဲ မှားယွင်းတဲ့ estimate တွေ ရနိုင်ပါတယ်။
(15) Wastage
တကယ်တန်းပြောရရင် estimate တွက်ချက်စဉ်မှာ wastage အလေအလွင့်တွေ ထည့်သွင်းတွက်ချက်ပြီးသားပါ။ ဒါပေမယ့် လုပ်ငန်းခွင်မှာ အလေအလွင့်တွေက တွက်ချက်ထားတာထက် ပိုများလာနိုင်တာမျိုးလဲ ရှိပါသေးတယ်တဲ့။
(16) Accidents
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မတော်တဆမှုတွေ ဖြစ်မယ် ဆိုပါက ပစ္စည်းတွေ ဆုံးရှုံးမယ်။ လူတွေ ထိခိုက်ဒါဏ်ရာရမယ်။ အခန့် မသင့်ရင် အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်။ accident ဆိုမှတော့ ရှင်းပေတော့ပဲ။ ရှင်းရပြီ ဆိုမှတော့ ကုန်ပြီပေါ့။
(17) Improper or absence of statutory legal documentations
အဆောက်အအုံ ဆောက်လုပ်ရေးနှင့် ပတ်သက်တဲ့ လိုအပ်တဲ့ ခွင့်ပြုချက် စာရွက်စာတမ်းတွေ မမှန်ကန်တာ ပြည့်ပြည့်စုံစုံ မရှိတာကြောင့် စစ်ဆေးတွေ့ ရှိခဲ့ပါက ဒါဏ်ရိုက် အရေးယူခံရတာတွေ လုပ်ငန်းရပ်တန့် ရတာတွေ ရှိပါမယ်။ 
(18) Dispute on Property
ပိုင်ဆိုင်မှု အငြင်းပွားတာမျိုး ရှိတဲ့ မြေကွက်မှန်းမသိပဲ ဆောက်လုပ်ရေးလုပ်ငန်း လုပ်လိုက်မိတယ်။ ပြဿနာတက်တော့ သွားရော။
(19) Theft of materials on site
လုပ်ငန်းခွင် site က ပစ္စည်းတွေ ခိုးဝှက်သူတွေ ရှိတာ။ ပစ္စည်း အပျောက်အရှ ရှိတော့ တွက်ချက်ထားတာထက် ပိုကုန်မယ်။
(20) Logistics and Preliminaries, process hundles
သယ်ယူပို့ ဆောင်ရေးလုပ်ငန်းတွေ အကြိုလုပ်ငန်းစဉ်တွေမှာ လုပ်ငန်းတွေ အခက်အခဲရှိတာတွေကြောင့်လဲ မမျှော်မှန်းထားတဲ့ အပိုကုန်ကျမှုတွေ ရှိနိုင်ပါတယ်တဲ့။
estimate တွက်ချက်တဲ့အခါ အဲဒါလေးတွေ ကြိုတင် တွေးထားပြီး တွက်ချက်မယ်ဆိုရင် လုပ်ငန်းခွင်မှာလဲ အဲဒါလေးတွေ သတိထား ဂရုစိုက် ကာကွယ်မယ်ဆိုရင် လုံးဝ ကြိုတင် မတွေးထားတာထက် စာရင်တော့ ပိုအန္တရာယ်ကင်းတာပေါ့။ ဆောက်လုပ်ရေးလုပ်ငန်းရှင်၊ ကန်ထရိုက်တာ၊ အင်ဂျင်နီယာများ estimate မှားယွင်းတွက်ချက်မိမှု ပြဿနာများနှင့် ကင်းဝေးကြပါစေ။

Kyithar Myint

Ref;http://buildingcontractorsecrets.com/why-estimates-goes-wrong201510why-estimate-goes-wrong/

https://web.facebook.com/engineerkyitharmyint/posts/1020586714686573





Having the right estimate helps the contractor and clients in their planning and helps to reduce tension alot during construction. Variations eats deep into budgets and can really destabilises entire projects when is on the negative side.
(1)Unusual/ bad benchmarking-This is when you’ve done similar projects before and you use exact rates to cost the proposed ones not minding no two projects can be exactly the same. Topography, nature of soil etc can mess up your benchmarking.
(2)Unclear/Incomplete designs- The drawings when not adequately detailed may leads to assumptions of materials require. Often these assumptions are bloated and in other cases grossly inadequate.
(3)Untested Innovations/Techniques- Various techniques are used in construction with additional innovations, the estimator may be ignorant of some processes in constructionmethods which can cause serious oversite in estimating.
(4)Contractors desperation- Quest for job may make a contractor to quote a very low cost for a project just o escape financial lack/loosing the job to other competitors. This will surely bounce back and affect the entire project. An estimator and contractor that must cut costs by reducingonly rates without change in materials may run into such problems.
(5)Pressure of over reduction by client-In the bid to save money yet still maintaining good quality and standard, many clients puts pressure on their contractors to reduce the cost of construction beyond reasonable/acceptable level. Out of ignorance on anybody’s part the client request may be acceeded to by an unscrupulous contractor/estimator which will cause bitterness and dissapointments afterwards as project progresses.
(6)Not employing a Qualified Quantity Surveyor before and after project construction- Qs’es are not only needed before construction, as work progresses they are useful for guiding our expenses, deployment of materials, payments of workers,proper records on financial activities and variations etc. Overall they help guide and keep you focus on your project, as they help to notify you of financial implications of every decision taken concerning the project before it is executed.
(7)Unexpected Environmental situations-Environmental factors can slow the wheel of progress on site and ultimately affect cost. Consider flooding which can slow the work,destroy some materials and jerk up the cost of construction.
(8)Human Incursions/Nuisance-Construction time can be affected when social miscreants disturbs construction. Settling them may take unexpected delays, material could be lost which will affect the cost.
(9)Market fluctuations-Of course prices of materials especially cement fluctuates alot in this part of the world. There are more construction activities in the dry season, hence higher demands on construction materials which also raises the cost of these materials. If you already have a lower markup, the estimate will no longer be adequate, variations must be added which will overshoot the initial budget.
(10)Change in specifications-As project progresses, design changes and clients new requirements will affect the estimate no matter how small the changes.
(11)Redesigning or Remodelling-Again when you adjust initial designs like internal walls been shifted to make some rooms more spacious or redesigning the elevations can cause a big difference in cost of construction.
(12)Procurement Timing-You must procure some materials intime to avoid higher cost.
(13) Not buying in bulk or purchasing ore than required can also affect your estimate greatly.
(14)Inadequate or wrong measurement of plan-If there are errors in reading the plan or attention not being paid to details during construction, the estimate will run into problems.
(15)Wastages-Though there should be room in the estimate to cater for wastages , however without proper management on site you may record wastages that will affect the estimate.
(16)Accidents-Insurance will have to cover for accidents onsite if there is any but for anyone without insurance and there is an unexpected occurences the project will have to suffer the bills.
(17)Improper or absence of statutory legal documentations- If right approvals aren’t gotten or there are issues this may cause stoppage of work, paying penalties etc which will also affects the estimate.
(18)Dispute on Property-For a project that will be disturbed by legal problems this will ultimately affect total cost of construction due to delays etc
(19)Theft of materials on site
(20)Logistics and Preliminaries,process hurdles

Disqus Shortname

Comments system