CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Showing posts with label concrete. Show all posts
Showing posts with label concrete. Show all posts
Tuesday, February 11, 2020
*** #ကွန်ကရိ #Durability (၁) ***
*** #ကွန်ကရိ #Durability (၁) ***
( UNICODE အောက်မှာ ပါသည် )
လွန်ခဲ့တဲ့ တပတ်က ကွန်ကရိ Durability အကြောင်း ဆွေးနွေးကြမယ် ဆိုပြီး အစပြုခဲ့တဲ့ အချိန်မှာဘဲ " သီရိမင်္ဂလာဈေးဟောင်းဆားငွေ့ရိုက်ဒဏ်ကြောင့် ကြံ့ခိုင်မှုလျော့နည်းလာ၍ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ဖြိုဖျက်မည်" ဆိုတဲ့ သတင်းတွေ့လိုက်မိတယ်၊ မိတ်ဆွေတစ်ဦးပြောပြချက်အရ အဲဒီ အဆောက်အအုံ သက်တမ်းက ၁၈ နှစ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
#ကွန်ကရိ Durability (၂)
======================================
UNICODE
*** #ကွန်ကရိ #Durability (၁) ***
လွန်ခဲ့တဲ့ တပတ်က ကွန်ကရိ Durability အကြောင်း ဆွေးနွေးကြမယ် ဆိုပြီး အစပြုခဲ့တဲ့ အချိန်မှာဘဲ " သီရိမင်္ဂလာစျေးဟောင်းဆားငွေ့ရိုက်ဒဏ်ကြောင့် ကြံ့ခိုင်မှုလျော့နည်းလာ၍ အန္တရာယ်ရှိ အဆောက်အအုံအဖြစ်သတ်မှတ်ဖြိုဖျက်မည်" ဆိုတဲ့ သတင်းတွေ့လိုက်မိတယ်၊ မိတ်ဆွေတစ်ဦးပြောပြချက်အရ အဲဒီ အဆောက်အအုံ သက်တမ်းက ၁၈ နှစ်ပဲ ရှိသေးတယ်လို့ သိရပါတယ်။
ဒီအချက်ကိုကြည့်ခြင်းအားဖြင့် structure design မှန်ရုံ၊ Compressive strength ကောင်းရုံနဲ့ တင် ကောင်းမွန် တာရှည်ခံတဲ့ ကွန်ကရိအဆောက်အအုံ တစ်ခုဖြစ်ဖို့ မသေချာဘူးဆိုတာ သိသာထင်ရှားပါတယ်။
ဒါကြောင့် Durability အကြောင်း အချိန်ရရင် ရသလို အပိုင်းလိုက် ဆွေးနွေးသွားပါမယ်၊
(က) #ကွန်ကရိ #Durability ဆိုတာ ဘာလဲ
Concrete Durability ဆိုသည်မှာ ရာသီဥတုပြောင်းလဲခြင်း( weathering action) ၊ ဓါတုပစ္စည်းများ၏တိုက်စားခြင်း (chemical attacck) ၊ ပွတ်တိုက်ခြင်း (abrasion) အခြားသောယိုယွင်းပျက်စီးများ (other degration process) များကို ခုခံနိုင်စွမ်းရှိသည့် ကွန်ကရိ အမျိုးအစားကို ခေါ်ပါသည်။
ကွန်ကရိ durability ကို အရိုးရှင်းဆုံး အဓိပ္ပါယ်ဖွင့်ပါဟုဆိုလျင် ရာသီဥတုဒဏ်နှင့် ဓါတုပစ္စည်းတို့၏တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး မူလဒီဇိုင်းတွင်သတ်မှတ်ထားသည့် အင်ဂျင်နီယာပိုင်းဆိုင်ရာလိုအပ်ချက်များအတိုင်း သက်တမ်းပြည့် တည်ရှိနေနိုင်ခြင်းဟု ဆိုရပါမည်။
ထို့ကြောင့် durability ကောင်းသော ကွန်ကရိသည် သိသာထင်ရှားသည့် ပျက်စီးယိုယွင်းခြင်းမရှိပဲ နှစ်ကာလ ကြာရှည်စွာ ခိုင်ခန့်နေပေလိမ့်မည်၊
အဆောက်အဦ သုံးစွဲသည့် ပတ်ဝန်းကျင် အနေအထား (exposure) နှင့် သုံးစွဲမှုပေါ်မူတည်၍ လိုအပ်သည့် တာရှည်ခိုင်ခံ့မှု အတိုင်းအတာ (degree of durability) လည်း ကွဲပြားနိုင်ပါသည်၊ ဥပမာအားဖြင့် ဒီရေအတက်အကျရှိသည့်ဒေသတွင်ရှိသည့် ကွန်ကရိကြမ်းခင်းပြင်တစ်ခု၏ durability လိုအပ်ချက်သည် အခြားတစ်နေရာတွင်ရှိသည့် နေအိမ်အတွင်းရှိ ကြမ်းခင်းပြင် တစ်ခု၏ durability လိုအပ်ချက်နှင့် တူညီမည်မဟုတ်ပါ၊ ထို့အတူ မြစ်ကူးတံတားတစ်ခု၏ ပင်မတိုင်ကြီး (pier) အတွက် လိုအပ်သည့် durability သည်လည်း ထိုတံတားပေါ်တွင် ခင်းထားသည့် ကြမ်းခင်း (deck) အတွက် လိုအပ်သည့် durability နှင့် တူညီမည် မဟုတ်ပါ။
ကွန်ကရိ durability အတွက် mix design ထည့်သွင်း စဉ်းစားရမည့် အချက်များ
• ကွန်ကရိအဆောက်အအုံပေါ်တွင် ပါတ်ဝန်းကျင်မှ မည်သို့သော ထိခိုက်မှုများရှိနိုင်သနည်း၊
• ကွန်ကရိအဆောက်အအုံကို မည်သည့်အတွက် အသုံးပြုမည်နည်း၊
• ကွန်ကရိအဆောက်အအုံ၏ သက်တမ်း (lifespan) ကို မည်မျှ သတ်မှတ်ထားသနည်း၊
(ခ) ကွန်ကရိ durability ကို စဉ်းစားရာတွင် အောက်ဖေါ်ပြပါ အဓိကအကြောင်းရင်း (၃) မျိုးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါသည်။
၁) ရုပ်ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သည့် အကြောင်းရင်းများ (Physical cauces)
၂) လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သည့် အကြောင်းရင်းများ (Mechanical cauces)
၃) ဓာတ်ပြုမှုကြောင့် ဖြစ်ပေါ်သည့် အကြောင်းရင်းများ (Chemical causes)
အထက်ပါ အဓိကအကြောင်းရင်း (၃) မျိုးကို ထပ်မံ၍ အသေးစိတ်အနေဖြင့် (၁၂) မျိုး ထပ်မံ ခွဲခြားနိုင်ပါတယ်။
၁ (က) ရေခဲမှုနှင့် အပူချိန်ပြောင်းလဲမှု တို့ကြောင့် ဖြစ်ပေါ်သည့် အကြောင်းရင်း (The action of frost, thermal movement)
၂ (က) ရုတ်တရက် ၀န်အားသက်ရောက်မှု (Impact)
၂ (ခ) ပွတ်တိုက်မှု (Abrasion)
၂ (ဂ) ရေတိုက်စားမှု (Erosion)
၂ (ဃ) ကြမ်းတမ်းသည့် ရေတိုက်စားမှုကြောင့် ကွန်ကရိမျက်နှာပြင်၌ ချိုင့်ခွက်များဖြစ်ပေါ်မှု (Cavitation)
၃ (က) ဆာလဖိတ်ဓါတ်ဆားများ တိုက်ခိုက်မှု (Sulfate attack)
၃ (ခ) ပင်လယ်ရေငန် တိုက်ခိုက်မှု (Sea water attack)
၃ (ဂ) သဲ၊ ကျောက်များတွင်ပါ၀င်သည့် ဆီလီကာနှင့် ဘိလပ်မြေတွင်ပါ၀င်သည့် အယ်လ်ကာလီ ဓါတ်ပြုမှု (Alkali-Silica Reaction [ASR])
၃ (ဃ) အားကူသံချောင်းများ သံချေးစားမှု (Corrosion of reinforcement)
စသည်တို့ဖြစ်ပါသည်။ (အောက်ဖေါ်ပြပါပုံတွင် ကြည့်ပါ)
#ကွန်ကရိ Durability (၂)
Durability ကောင်းအောင် ဘယ်လိုလုပ်မလဲ -ဆက်ရန်
Credit - U San Nwe
Wednesday, June 29, 2016
Concrete Admixtures- အပိုင်း (2) Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (2) - Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)
3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။
ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ
Fly ash ကို ကွန်ကရိဖျော်စပ်ရာတွင် အသုံးပြုရန်အတွက် ကိုက်ညီရမည့် စံချိန်စံညွှန်းများကို ASTM C618 ဖြင့်သတ်မှတ်ထားပါသည်။ Fly ash ရရှိသည့် မူလနေရာ၊ ပါဝင်သည့်သတ္တုပစ္စည်းများ ပေါင်းစပ်ဖွဲ့စည်းမှု (composition)၊ လိုအပ်သည့် ကွန်ကရိလုပ်ဆောင်ပုံ (performane) ပေါ်မူတည်၍ Fly ash ရောနှောသည့် ပမာဏမှာ cementitious material စုစုပေါင်းပမာဏ (by mass) ၏ ၅% မှ ၆၅% ထိရှိနိုင်ပါသည်။
Fly ash ၏လက္ခဏာသည် မူလကျောက်မီးသွေးပေါ် မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်၊ မည်သို့ဆိုစေ Fly ash အားလုံးတွင် အဓိကပါဝင်သည့် ဓါတ်သတ္တုများမှာ ဆီလီကွန်ဒိုင်အောက်ဆိုဒ် (SiO2 ) နှင့် ကယ်လ်စီယမ်အောက်ဆိုဒ် (CaO) တို့ ဖြစ်ပါသည်။
Fly ash ၏ ရေချိန်သပ်သည်းဆမှာ 2.35 ဖြစ်သည့်အတွက် ဘိလပ်မြေ၏ ရေချိန်သပ်သည်းဆ 3.15 ထက်ပေါ့ပါးသည်၊ အကျိုးဆက် အနေဖြင့် ကွန်ကရိ density ပိုနည်းပါသည်။
Fly ash ကို ASTM C618 တွင် Class C နှင့် Class F ဟူ၍ ၂ မျိုး ထပ်မံ ခွဲခြားထားပါသည်။
* Class F ကို anthracite ကျောက်မီးသွေး (သို့) ကတ္တရာ ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ် ပါဝင်မှုနည်းပြီး ပိုဇိုလန်သတ္တိများ ပါဝင်ပါသည်။
* Class C ကို ကတ္တရာ ပါဝင်မှုမပြည့်ဝသည့် (subbitumenous) ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ်ပါဝင်မှု များကာ ဘိလပ်မြေကဲ့သို့ သတ္တိရှိသည့် သတ္တုပစ္စည်းများနှင့် ပိုဇိုလန်သတ္တိများပါဝင်ပါသည်။
Fly Ash သုံးစွဲရခြင်း၏ ရည်ရွယ်ချက်
• ဘိလပ်မြေသုံးစွဲမှုလျှော့ချရန်
• ထုတည်ကြီးမားသော ကွန်ကရိလုပ်ငန်း (mass concrete/ thick concrete) တွင် အပူချိန်လျှောါချနိုင်ရန်
• တာရှည်ခိုင်ခံ့မှု (durability) ပိုမိုကောင်းမွန်စေရန်
ဘိလပ်မြေအစားထိုး သုံးစွဲရာမှ အကျိုးသက်ရောက်မှု
• Fly ash သည် လုံးချောပုံ ရှိသဖြင့် workability ပိုမိုကောင်းမွန်စေခြင်း
• ကွန်ကရိစိုနေစဉ် ရေစိမ့်ထွက်ခြင်း (bleeding) သက်သာစေခြင်း
• ကွန်ကရိရာစာများ တစ်ခုစီကွဲထွက်ခြင်း (segregation) ဖြစ်နိုင်ခြေနည်းခြင်း
• အိပ်ချိန် (setting time) နှင့် သက်တမ်းနု ခံနိုင်အား (early age strength)နှေးကွေးစေခြင်း
• Fly ash ပါဝင်မှု 20% အောက်သုံးစွဲပါက သက်တမ်းရင့်ကွန်ကရိခံနိုင်အား ( later age strength) ပိုမိုကောင်းမွန်ခြင်း စသည်တို့ ဖြစ်ပါသည်။
သတိပြုရန် အချက်များ၊
Fly Ash ပါဝင်သော ကွန်ကရိသည် setting time နှေးသည့်အတွက်
- curing လုပ်ရန် အချိန်ပိုလိုသည်၊
- ရိုးရိုးဘိလပ်မြေ သုံးသော ကွန်ကရိထက် form work ပေါ်တွင် ဖိအားသက်ရောက်မှု ပိုများသည်၊
အပိုင်း (၃) တွင် ပိုဇိုလန်များ အကြောင်း ဆွေးနွေးပါမည်။
---------------------------
San Nwe 23-Jun-2016
Revision 1 . 28-Jun- 2016
----------------------------
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (1) ကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။
https://web.facebook.com/groups/myanmarprofessionalcivilengineers/permalink/1817286905159135/
Concrete Admixtures - အပိုင်း (၁)
ကျွန်တော် post မတင်နိုင်တာတော့ အတော်ကြာသွားပါပြီ။ ခုတော့ ရတဲ့အချိန်လေးထဲကနေ Concrete Admixture တွေအကြောင်း ဆွေးနွေးချင်ပါတယ်။
*********************
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (၁)
(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။
ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။
Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ
ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။
Type A: Water-reducing admixtures
Type B: Retarding admixtures
Type C: Accelerating admixtures
Type D: Water-reducing and retarding admixtures
Type E: Water-reducing and accelerating admixtures
Type F: Water-reducing, high range admixtures
Type G: Water-reducing, high range, and retarding admixtures
Type S: Specific performance admixtures
ပုံ(၃) တွင်ပြထားသည့် Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) အကြောင်း တစ်ခုချင်းစီကို အပိုင်းများခွဲ၍ ဆက်လက်ဆွေးနွေးသွားပါမည်။
အပိုင်း (၂) တွင် Mineral Admixtures များမှ Fly Ash အကြောင်း ဖတ်ရန် အောက်ပါ Link ကို နှိပ်ပါ။
+++++++++++++++++++
San Nwe 22/Jun/2016
+++++++++++++++++++
Monday, January 4, 2016
Basics but essentials to know (7) Specified Compressive Strength Vs Required Compressive Strength
Basics but essentials to know (7)
Specified Compressive Strength Vs Required Compressive Strength
ှတခါကပေါ့ Structral Design လာအပ်တော့ တွက်ရမယ့် Steel Grade တွေ Concrete Grade တွေ မေးမြန်းဆွေးနွေးတော့ (အပ်တဲ့သူက Engineer ပါ) သူက f'c ကို 3000 psi နဲ့တွက်ခိုင်းပါတယ်။ ဒါနဲ့ Concrete grade ကို ဘယ်လောက်နဲ့မှာလောင်းမှာလဲ မေးကြည့်တော့ G25 ပါတဲ့ ဒါပေမယ့် သူမှာတဲ့ Plant က ကောင်းပါတယ်တဲ့ Results တွေက 30MPa လောက်ရတယ်တဲ့ ဒါကြောင့် f'c ကို 3000 psi ဆို Ok ပါတယ်တဲ့။
Concrete ရဲ့ compressive strength ပြောမှာဆိုတော့ ပြောရမှာ အတော်တော့ရှုပ်တယ်။ ဆက်မပြောခင် နဲနဲတော့ ရှင်းထားလိုက်ဦးမယ် smile emoticon
သူက Structure Design မှာ တွက်တော့ Cylindrical နဲ့တွက်တယ်။ အပြင်မှာ လောင်းတော့ Cube Strength နဲ့ရတယ်။ တော်တော်များများကတော့ Cylindrical နဲ့ Cube ရဲ့ conversion ကိုသိပြီးဖြစ်မှာပါ။
CQHP guidelines အရ
f'c ~ 0.78 f'c cube (f'c <=3500 psi)
f'c ~ 0.8 f'c cube (3500<f'c <=5000 psi)
f'c ~ 0.81 f'c cube (5000<f'c <=6000 psi)
f'c ~ 0.83 f'c cube (f'c >6000 psi) ဖြစ်ပါတယ်။
ဒါကြောင့် G25 က Cube ဆိုရင် 25MPa=3625 psi , Cylindrical ဆိုရင်တော့ 0.78 နဲ့မြှောက်တော့ 2827 psi ရပါမယ်။ Cube 30MPa(4350 psi) ဆိုရင်တော့ Cylindrical က 3393 psi ရမှာပါ။
ဒါကြောင့် သူက G25 ဆိုပေမယ့် 30MPa လောက်ရတဲ့အတွက် f'c ကို 3000 psi နဲ့တွက်ပါလို့ ပြောတာပါ။
ဒါပေမယ့် သူပြောတာ လက်သင့်ခံလို့ရပါ့မလား.......?
မရပါဘူး grin emoticon
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Design တွက်တဲ့ Strength က Specified Compressive Strength ။ ဒီ Strength ကို လက်တွေ့ Structure မှာရကိုရရမှာပါ။ အဲ့အတွက် Concrete mix design လုပ်ရင် Specified Strength (f'c ) ထက်ပိုထားရပါတယ်။ အဲ့လိုပိုရမယ့် ပမာဏကလည်း Sample Mould တုံးတွေ အများကြီးယူ Standard Deviation တွေရှာပြီး လုပ်ရတာပါ။ Standard Deviation ရပြီဆိုရင် ပုံမှာပြထားတဲ့ Table အတိုင်း Mix Design လုပ်ရမယ့် f'c ထက်ပိုယူရမယ့် Required average compressive strength (f'cr) ကို ရပါပြီ။
Standard Deviation မရနိုင်ဘူးဆိုရင်တော့ ACI Section 5.3.2.2 မှာ
f'c<3000 psi ဆို f'c+1000 psi
3000<=f'c<=5000 psi ဆို f'c+1200 psi
f'c>5000 psi ဆို 1.1f'c+700 psi
ဆိုပြီး ပိုဆောင်းခိုင်းပါတယ်။
အဲ့တော့ Site မှာလောင်းရမယ့် Concrete mix design target strength က Deign specified strength ထက်များကိုများနေရမှာပါ။ သူများတယ်ဆိုပြီး Sample moulds လေး 3, 4 တုံးလောက်နဲ့ Design strength ကို မြှင့်လို့မရပါဘူး။
(ဗိုလ်ဗိုလ်ကျော်)
Thursday, December 31, 2015
Basics but essentials to know (5) Prestressed Concrete (Introduction)
Basics but essentials to know (5)
Prestressed Concrete
(Introduction)
Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ပေးရပါတယ်။ ဒါကို Prestressing လုပ်တယ်လို့ဆိုနိုင်ပါတယ်။
Concrete က Compression ကိုခံနိုင်ရည်ရှိပါတယ်။ Tension ခံနိုင်ရည်ကတော့ compression ခံနိုင်ရည်နဲ့ နှိုင်းယှဉ်ရင် အတော်လေးနဲပါးပါတယ်။
Prestressed concrete မှာ အဲ့လိုခံနိုင်ရည်အားနဲတဲ့ Tension ကို နည်းအောင် လုပ်ဖို့အတွက် Member ကို Tension ရဲ့ဆန့်ကျင်ဘက် Compression ကို ကြိုပေးထားပါတယ်။
အဲ့တော့ Loading ထမ်းရလို့ Tension လာတဲ့အခါ ကြိုပေးထားတဲ့ compression နဲ့ကြေသွားအောင် မရှိအောင်မလုပ်နိုင်တောင် Tension ကိုနဲပါးအောင်လျော့ချပေးနိုင်ပါတယ်။
အဲ့လို compression ကြိုပေးတာကို Prestressing လုပ်င်္ပြီးရနိုင်ပါတယ်။ ဒီလို Prestressing (compression ကြိုပေး) လုပ်ထားတဲ့ Concrete ကို Prestressed Concrete လို့ခေါ်ပါတယ်။
Prestressed concrete ရဲ့ အသုံးတည့်မှုကို ပုံနဲ့တွဲပြီး လေ့လာကြည့်ပါမယ်။
ပုံ(a) မှာကြည့်ကြည့်ပါ။ Reinforcement မပါတဲ့ beam တချောင်းကို အလယ်တည့်တည့်ကနေ Pt load "W" သက်ရောက်ထားပါတယ်။
Loading ကြောင့် Elastic range အတွင်းမှာပဲ Stress ဖြစ်မယ်ဆိုရင် Midspan မှာရှိမယ့် linear လိုက်ရှိမယ့် Stress ကို ပုံ(a) အစွန်မှာ ကြည့်နိုင်ပါတယ်။ အပေါ်ပိုင်းက compression အောက်ပိုင်းက tension ကိုခံစားရပါမယ်။
ပုံ(b) မှာကြည့်ပါ။ အဲ့မှာ Prestressing force (P) ကို Beam အလယ်မှာ သက်ရောက်လိုက်ပါတယ်။ အဲ့ force ကြောင့်ဖြစ်မယ့် Stress က compression ပါ။
နောက် ပုံ(a) လို loading သက်ရောက်လိုက်တဲ့အခါ bottom မှာ နဂိုသက်ရောက်ထားတဲ့ compression နဲ့ loading ကြောင့်ဖြစ်တဲ့ tesnsion ကြေသွားတာကို သရုပ်ပြပုံမှာတွေ့နိုင်ပါတယ်။
ပုံ(c), (d), (e) ကိုတော့ မရှင်းတော့ပါဘူး။ ပုံတွေကြည့်ရင် နားလည်လွယ်ပါတယ်။
Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ရာမှာ နည်းနှစ်နည်းရှိပါတယ်။
ပထမနည်းက Pretensioning လို့ခေါ်ပါတယ်။ Concrete မလောင်းခင် Steel ကို ကြိုတင် tension (ဆွဲဆန့်) ပေးထားတာပါ။ လောင်းပြီးလိုချင်တဲ့အတိုင်းအတာ တစ်ခုရောက်မှ tension ပေးထားတာကနေ ပြန်လွှတ်ပေးပါတယ်။
ဒုတိယနည်းက Post-tensioning လို့ခေါ်ပါတယ်။ Concrete လောင်းမယ့်အထဲ Steel ချောင်းတွေ ထည့်ထားပြီး Concrete လောင်းပြီးမှ အဲဒီ Steel တွေကို tension ပေးတာပါ။
(Photo credit : Design of Concrete Structures, Arthur H. Nilson)
(ဗိုလ်ဗိုလ်ကျော်)
Differences Between Cement and Concrete
There are some misconceptions among so many that cement and concrete are same. There are some major differences between cement and concrete. The differences are shown by a cement vs concrete  table below. You can also know about the differences between concrete and mortar here.
Cement
Concrete
  • Cement is made of limestone and clay.
  • Concrete is made of cement, rocks, sand and water.
  • Cement is a binding agent or glue.
  • Concrete is an actual construction material.
  • Cement can only be mixed in small batches.
  • Concrete can be mixed in large quantity.
  • Cement is not strong and cannot be used in sidewalks and for walls.
  • Concrete is strong and is excellent for walls, foundations and sidewalks.
  • Color and drying time can be altered by slightly altering the chemical compounds.
  • Color can only be changed by using a tint.
  • Cement is used in concrete and mortar.
  • Concrete is the final product.
  • Cement was created before concrete.
  • Concrete was developed after cement.
  • Thawing and freezing resistant portland cements help concrete to fight these factors under adverse climate.
  • Concrete is highly exposed to freezing and thawing under adverse climate if normal cement . If it is exposed, air entraining admixtures need to be added.
  • Cement contains 10% to 15% of the total concrete volume.
  • In the concrete mixture, aggregate contains about 60% to 75%, water 15% to 20% and the remaining is cement.
Monday, July 13, 2015
*** Self Compacting Concrete (SCC)***
*** Self Compacting Concrete (SCC)***
SCC က တဖြည်းဖြည်းခေတ်စားလာနေတဲ့ နည်းစံနစ်အသစ်တစ်ခုပါ။ ဒီနည်းစံနစ်ကို 1980 ပြည့်လွန်နှစ်များက ဂျပန်နိုင်ငံမှာ Mr. Okamura ဆိုသူကစတင်လေ့လာခဲ့ပြီး တိုကျိုတက္ကသိုလ်မှာ Mr. Ozawa ဦးဆောင်တဲ့ အဖွဲ့ က ဆက်လက် သုတေသနပြုခဲ့ကြပါတယ်။ 1988 ရောက်မှ
“High Perfoemance Concrete” ဆိုတဲ့ အမည်နဲ့ စတင်အသုံးပြုခဲ့ပါတယ်။
SCC ရဲ့ ထူးခြားချက်ကတော့ superplasticizer နဲ့  stabilizer တွေကို ကွန်ကရိဖျော်စပ်ရာမှာ ထပ်ထည့်ပြီး အလွန်ပျော့ပြောင်းချောမွေ့ ပြီးစီးဆင်းမှုကောင်းတဲ့ ကွန်ကရိကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် vibrator သုံးဖို့ မလိုဘဲ formwork အတွင်းပိုင်း နေရာအားလုံးမှာ segregation မဖြစ်စေဘဲ self weight ကြောင့် compaction အလုံအလောက်ရနိုင်ပါတယ်။ Strenght အနေနဲ့ကတော့ 24 နာရီအတွင်း 30-40 N/mm² (Grade 30 to 40) အထိရနိုင်ပါတယ်။
ယခုအခါမှာတော့ နိုင်ငံတော်တော်များများမှာ SCC ကိုသုံးစွဲမှုများလာတယ်လို့လေ့လာ သိရှိရပါတယ်။
ကျွန်တော်တို့  မြန်မာပြည်မှာ သုံးဖို့ အတွက်တော့  ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် အချိန်အတော်ကြာအောင် စောင့်ရဦးမယ်ထင်ပါတယ်။ နည်းပညာပိုင်းနေနဲ့တော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
SCC အကြောင်း စိတ်ဝင်စားသူများရင် သီးခြားခေါင်းစဉ်တစ်ခုအဖြစ် အချိန်ရတဲ့အခါ အကျယ်ထပ်ရေးဖို့ ကျိုးစားပါမယ် ကို Chamm Shwin ရေ့ ။
San Nwe Jun 3, 2015
******************************************************
San Nwe
Thursday, June 18, 2015
****Concrete Mix Design Calculation ( Intermediate Level)
****Concrete Mix Design Calculation ( Intermediate Level)
ဒီတစ်ခါတော့ ကွန်ကရိ နဲ့ ပတ်သတ်တဲ့ Mix Design တွက်ချက်နည်းပါ။ ကျနော်တို့ဟာ အရပ်ထဲမှာဆို သဲ ကျောက် ဘိလပ်မြေ ရေကို ရောပြီး လမ်းတွေနဲ့ အခြား တိုက်တာ အဆောက်အဦးတွေမှာ အသုံးပြုကြပါတယ်။ ထိုသို့ အသုံးပြုရာမှာ လိုအပ်တဲ့ ခံနိုင်ရည်အားတွေပေါ်မူတည်ပြီး အချိုးတွေဟာလည်း ကွာခြားပါတယ်။ (ဥပမာ ၁:၂:၄ တို့ အစရှိသည် အချိုးများစွာ အသုံးပြုကြပါတယ်။) သို့သော် ကျနော်တို့ ကွန်ကရိကို Specialize ထုတ်တဲ့ အခါမှာ ထိုသို့ အသုံးပြုလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ ခံနိုင်ရည်အားများအလိုက် water cement ratio တို့ S/A ratio တို့ သဲ ကျောက် grading တို့ အစရှိသည့် အခြေခံ အချက်များပေါ်တွင် အခြေခံပြီး သဲ ကျောက် ဘိလပ်မြေ ရေ Admixture (ထပ်ပေါင်းထည့်သည့် အရာများ) ထည့်ရမည့် ပမာဏ အလေးချိန်များအား တွက်ချက်ခြင်းကို Concrete Mix Design Calculation လို့ ခေါ်ပါတယ်။ ထိုသို့ တွက်ချက်ရာမှာ သက်ဆိုင်ရာ နိုင်ငံကြီးများမှ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရပါတယ်။ (ဥပမာ နိုင်ငံများအနေဖြင့် အမေရိကန် ဗြိတိလျှ အစရှိသည်။) ကျနော် အခု ရှင်းပြမှာကတော့ အမေရိကန် နိုင်ငံရဲ့ ACI လို့ခေါ်တဲ့ (American Concrete Institute) ACI 211.1-91 အတိုင်း လိုက်နာဆောင်ရွက်ပြီး ကျနော့် ဆရာ များ သင်ကြားပြသသည့်ဗဟုသုတ များအပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည် ဖြစ်ပါသည်။
Mix Design Calculation
Example for American Method
Concrete Mix Design တွက်ချက်ရာတွင် Volume ပေါ်တွင် အခြေခံပြီးတွက်ချက်သည့် နည်းနှင့် Weight ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်း ဟူ၍ နှစ်နည်း ရှိပါသည်။ အမေရိကန် Method သည် Volume ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်းဖြစ်သည်။ ဥပမာ အနေဖြင့် Weight ပေါ်တွင် အခြေခံပြီး တွက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အလေးချိန် အကြမ်းဖျင်းအားဖြင့် ၂၄၀၀ ကီလိုဂရမ် ရှိသည်ဆိုသည့် အချက်တွင် အခြေခံ တွက်ချက်ခြင်း ဖြစ်ပြီး Volume ဖြင့် တွက်ချက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အခြေခံအားဖြင့် ၁၀၀၀ လီတာ ရှိသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။ ကျနော်က အမေရိကန် နည်းဖြင့် တွက်ချက်သည် ဆိုသောကြောင့် Volume Method ပေါ်တွင် အခြေခံတွက်ချက်ပါမည်။ အရာဝတ္ထုတွေဟာ သူ့ရဲ့ အလေးချိန်ကို သူ့ရဲ့ သိပ်သည်းဆနှင့် စားသောအခါ သူ့ရဲ့ ထုထည်(Volume) ရရှိသည်အား သိရှိခဲ့ပြီးဖြစ်တဲ့ အချက်ပေါ်တွင် အခြေခံပါမည်။ ဥပမာ အားဖြင့် အရာဝတ္ထုဟုဆိုရာတွင် ရေအား စံထားကြည့်ပါက ရေ အလေးချိန် ၁ ကီလိုဂရမ်အား သူ့ရဲ့ သိပ်သည်းဆ ၁.၀ ဖြင့် စားပါက သူ့ရဲ့ ထုထည်အားဖြင့် ၁ လီတာ ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေ တစ် ကီလိုဂရမ်ဟု ပြောပါက ထုထည်သည် ၁ လီတာ ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူ့ သိပ်သည်းဆသည် ၁.၀ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဘဲ သဲ ကျောက် ဘိလပ်မြေ အစရှိသည်တို့၏ အလေးချိန်အား သူ၏ သိပ်သည်းဆနှင့် စားပါက သူ့ရဲ့ Volume (ထုသည်) ရရှိမည်ဖြစ်သည်။ထိုအချက်ပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည်။
Concrete Mix Design တွက်ချက်ဖို့ အောက်ပါ အချက်များအား ကြိုတင်စုဆောင်း ရှာဖွေရပါမည်။
Specified Strength = 35 N/mm2 (မိမိလိုချင်သည့် ခံနိုင်ရည်အား)
Required Slump = 50 mm (မိမိလိုချင်သည့် ကွန်ကရိ အပျော့အမာ)
ဓါတ်ခွဲစမ်းသပ်ခန်းမှ ရရှိစုဆောင်းရမည့် ကုန်ကြမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
Size of Coarse Agg: = 20 mm (အသုံးပြုမည့် ကျောက်ဆိုဒ်)
Bulk Density of CA = 1600 kg/m3 ( ကျောက်၏ Bulk Density )
SG of CA = 2.64 (ကျောက်၏ သိပ်သည်းဆ)
SG of FA = 2.58 (သဲ၏ သိပ်သည်းဆ)
SG of Cement = 3.15 (ဘိလပ်မြေ၏ သိပ်သည်းဆ)
FM of FA = 2.6 (အသုံးပြုမည့် သဲ အရွယ်အစား တန်ဖိုးတစ်ခု)
ထိုအချက်တွင် ထည့်သွင်းထားသော ဂဏန်းများသည် နမူနာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။ Mix Design တစ်ခု တွက်ချက်ရာတွင် သတ်မှတ်ထားသည့် ခံနိုင်ရည်အားတွင် အခြေခံတွက်ချက်သည် မဟုတ်ဘဲ ထို့ထက်ပိုပြီး ရရှိနိုင်မည့် (Target Means Strength) ပေါ်တွင် အခြေခံတွက်ချက်ရပါသည်။ ACI318-02 TABLE 5.3.2.1—REQUIRED AVERAGE COMPRESSIVE STRENGTH WHEN DATA ARE AVAILABLE TO ESTABLISH A STANDARD DEVIATION ဆိုတဲ့ ဇယားမှာ ဖေါ်ပြထားသည့် အတိုင်း Target Means Strength အားတွက်ချက်ရမည် ဖြစ်ပါသည်။ အောက်တွင်ကြည့်ပါ။
Target Means Strength= Specified Strength + 2.33 s - 3.5Mpa(≤35 Mpa)
Target Means Strength= Specified Strength x 0.9 + 2.33 s (> 35 Mpa)
s = Standard Deviation (အောက်ပါတွက်ချက်မှု့တွင် s တန်ဖိုးအား 5 ဟု သတ်မှတ်ပါမည်။)
အထက်ပါ အချက်များ ရရှိပါက Mix Design တစ်ခု စတင် တွက်ချက်တော့မည် ဖြစ်ပါသည်။
Target Means Strength= Specified Strength +2.33 s - 3.5Mpa (≤35 Mpa)
(သတ်မှတ်ထားသည့် Specified Strength သည် 35 Mpa ဖြစ်သောကြောင့် နံပါတ်တစ် ဖေါ်မြူလာအား အသုံးပြုခြင်း ဖြစ်သည်။)
Target Means Strength =35 + 2.33 x 5 -3.5
= 43.15 Mpa (45 Mpa)
ထို Target Means Strength 45 Mpa ရရှိရန်အတွက် အရင် Record များမှ 45 Mpa ရရှိစေရန် W/C ဘယ်လောက်တွင် 45 Mpa ရရှိသနည်းဟု ပြန်ကြည့်ရမည် ဖြစ်ပါသည်။ ( ထိုသို့ ရရှိရန် မဖြစ်ပါက ဘိလပ်မြေ ပမာဏ အမျိုးမျိုးတို့ဖြင့် Trial Mix များ ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို Trial Mix Results များပေါ်တွင် အခြေခံပြီး W/C နှင့် Strength Relation များ ဦးစွာ ရှာထားရမည်။ အောက်ပါ တွက်ချက်မှု့တွင် W/C အား 0.48 ဟု ထည့်သွင်း တွက်ချက်ပါမည်။ )
To get 45 Mpa (W/C) = 0.48 (From past Record)
ထိုနောက် ရေထည့်ရမည့် ပမာဏအတွက် ACI 211-1 99 Table 6.3.6 တွင် ဖေါ်ပြထားသည့်အတိုင်း လေအားထည့်သွင်းအသုံးမပြုသည့် ပုံမှန်ကွန်ကရိဆိုသော အပိုဒ်တွင် အသုံးပြုမည့် Slump တန်ဖိုးနှင့် ကျောက် G Maximum Size ဆုံမှတ်တွင် ရေ ပမာဏ ရရှိမည် ဖြစ်သည်။ အောက်ပါ တွက်ချက်မှု့တွင် အသုံးပြုမည့် Slump တန်ဖိုးသည် 50mm နှင့် ကျောက် G Max 19.0 ဖြစ်သောကြောင့် ACI 211-1 99 Table 6.3.3 အရ လေထည့်သွင်း အသုံးမပြုသည့် ပုံမှန်ကွန်ကရိတွင် ထည့်ရမည့် ရေပမာဏသည် အောက်ပါအတိုင်းဖြစ်သည်။
***From ACI 211-1 99 Table 6.3.6 (Water Content) = 190kg/m3
ရေကို ဘိလပ်မြေနှင့် စားသောအခါ W/C အချိုးရသည်။ ထို့အတွက် ယခုအခါ ဘိလပ်မြေပမာဏအား လိုချင်ပါက သင်္ချာနည်းအရ ရေကို W/C ဖြင့် စားရမည်ဖြစ်သည်။
***Cement Content = 190/0.48 =395 kg/m3
ကျောက်ထည့်ရမည့် ပမာဏအားသိရှိရန်အတွက် ACI 211-1 99 အပိုဒ် 6.3.6 တွင် ပြောထားသည့် အတိုင်း ကျောက်၏ Bulk Density အား သူ၏ Bulk Volume နှင့် မြှောက်ပါက အသုံးပြုရမည့်ကျောက်ပမာဏအား ရရှိမည် ဖြစ်သည်။ Bulk Density အား မိမိ ဓါတ်ခွဲခန်းတွင် စမ်းသပ် ရှာဖွေရမည် ဖြစ်ပြီး Bulk Volume အား ရရှိစေရန်အတွက် ACI 211-1 99 Table 6.3.6 တွင် သဲ၏ FM နှင့် ကျောက်ဆိုဒ် ဆုံမှတ်တွင် အသုံးပြုရမည့် Bulk Volume အား ရရှိမည် ဖြစ်သည်။ (အောက်ပါ တွက်ချက်မှု့တွင် သဲ FM 2.6 ကျောက် Size 19.0 ဖြစ်သောကြောင့် Bulk Volume သည် 0.64 ဖြစ်သည်။)
***Coarse Aggregate Content = 0.64x 1600= 1020kg/m3
နောက်ဆုံး သဲ ပမာဏ အားတွက်ချက်ရုံသာ ကျန်တော့သည်။ သဲ တွက်ရန်အတွက် ကျနော် အပေါ်က ပြောသလို အမေရိကန်နည်းသည် Volume ပေါ်တွင် အခြေခံတွက်သောကြောင့် 1000 Litter (@1m3) မှ ဘိလပ်မြေ ရေ ကျောက် လေ ၏ Volume အား နှုတ်ပါက သဲ Volume ရရှိမည် ဖြစ်သည်။ ထို သဲ Volume အား သူ၏ SG ဖြင့် ပြန်မြှောက်ပါက သဲထည့်ရမည့် အလေးချိန်ကို ရရှိမည် ဖြစ်သည်။
***Fine Content = 1000-(Cement/SG+Water/SG+Coarse/SG+Air )
= 1000-(395/3.15+190/1+1020/2.64+20)
= 279X2.58=720kg/m3
Air Content = 2%
မှတ်ချက်။ ။ ကွန်ကရိ Volume တွင် ပုံမှန်အားဖြင့် လေ ၂ ရာခိုင်နှုန်း ပါဝင်သည်ဟု ညွှန်းဆိုထားပါသည်။ ထိုညွှန်းဆိုချက်အား မိမိ ကွန်ကရိ ဖျော်စပ်စဉ် အမှန်တကယ် ရရှိသော Results ပေါ်တွင် အခြေခံပြီးလည်း တွက်ချက်နိုင်ပါသည်။
ထို့နောက် ဖျော်စပ် အသုံးပြုရမည့် ကုန်ကြမ်းများ၏ အလေးချိန်အသီးသီးကို ရရှိမည် ဖြစ်သည်။
Mix Design Formal
Water Cement FA CA
190 395 720 1020
Adjustment of Mix Proportion အား ဆက်လက် ဖော်ပြပါမည်။
Ref : 1. ACI 211.1-91 Standard Practice for Selecting Proportions for Normal Heavyweight, and Mass Concrete
2. ACI 318-02 BUILDING CODE REQUIREMENTS FOR STRUCTURAL CONCRETE
3. ADVANCE CONCRETE TECHNOLOGY TRAINING SYLLABUS
ရကောက်
10 June 2015
Friday, May 22, 2015
ရောထွေးနေတာလေးတွေ ရှင်းကြည့်ခြင်း(၃)
Prestressed concrete & Precast concrete
ဒီနှစ်ခုက ရှင်းတော့ ရှင်းပါတယ်။ ဒါပေမယ့် တချို့လည်းရှုပ်နေလို့ ရှင်းကြည့်တာပါ :-)
Prestressed concrete ဖြစ်ဖို့ concrete member ကို prestress force သက်ရောက်ပေးရပါတယ်။ အဲလိုသက်ရောက်ဖို့ နည်းနှစ်နည်းရှိပါတယ်။
(Prestress သက်ရောက်တယ်ဆိုတာ Tension ဖြစ်မယ့်နေရာမှာ ကြိုပြီး compression ပေးထားတာပါ။ ဒါမှ Tesion ပေါ်လာရင် Tensile stress တွေ ကြေအောင် ဒါမှမဟုတ် လျော့နည်းအောင်လုပ်နိုင်မှာပါ။)
ပထမနည်းက Pretensioning လို့ခေါ်ပါတယ်။ Concrete မလောင်းခင် Steel ကို ကြိုတင် tension (ဆွဲဆန့်) ပေးထားတာပါ။ လောင်းပြီးလိုချင်တဲ့အတိုင်းအတာ တစ်ခုရောက်မှ tension ပေးထားတာကနေ ပြန်လွှတ်ပေးပါတယ်။
ဒုတိယနည်းက Post-tensioning လို့ခေါ်ပါတယ်။ Concrete လောင်းမယ့်အထဲ Steel ချောင်းတွေ ထည့်ထားပြီး Concrete လောင်းပြီးမှ အဲဒီ Steel တွေကို tension ပေးတာပါ။
Precast concrete ဆိုတာကတော့ Cast in place (နေရာတင်) မလောင်းဘဲ ကြိုလောင်းပြီးမှ member ကို install လုပ်ရတာပါ။
Prestress ကို cast in place လည်းလောင်းလို့ရသလို precast လည်းရပါတယ်။
တံတားတွေမှာတော့ prestressed ကို precast လုပ်ကြတော့ prestressed တိုင်း precast လုပ်ကြတယ်ထင်ပုံရပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Thursday, November 27, 2014
Ready mixed concrete grade
Ready mixed concrete မှာ M20, M25, M30 စသဖြင့်ရှိပါတယ်။ အဲဒီမှာ ဥပမာ M20 ဆိုရ့ာမှာ M က mix ကို ဆိုလိုပါတယ် 25 ကတော့ 28 days cube strength 25 MPa (N/mm2) လို့ ဆိုလိုပါတယ်။ 1MPa ဟာ 145.04 Psi နဲ့ ညီမျှပါတယ်။ (M အစား G ကို သုံးတာကိုလည်း တွေ့ရပါတယ်)
ဒီမှာသတိပြုရမှာက Structural Designer က 28 days မှာ ရှိတဲ့ concrete ရဲ့ cylinder strength (f'c )ကို ပြောပါတယ်။ Concrete ရောင်းတဲ့သူတွေကတော့ 28 days cube strength (f'c cube) ကို ပြောပါတယ်။ ဒီနှစ်ခုရဲ့ ဆက်သွယ်ချက်ကတော့
CQHP guidelines အရ
f'c ~ 0.78 f'c cube (f'c <=3500 psi)
f'c ~ 0.8 f'c cube (3500<f'c <=5000 psi)
f'c ~ 0.81 f'c cube (5000<f'c <=6000 psi)
f'c ~ 0.83 f'c cube (f'c >6000 psi) ဖြစ်ပါတယ်။
ဒါကြောင့် concrete မှာရာမှာ Structural Designer ကပေးတဲ့ f'c တန်ဖိုးကို f'c cube ပြောင်းကြည့်ပြီးမှ ကိုက်ညီတဲ့ grade ကို မှာရမှာပါ။
Grade နဲ့ concrete အရည်အသွေး သတ်မှတ်ချက်တွေကတော့
Ordinary concrete - M10, M15, M20
Standard Concrete - M25, M30, M35, M40, M45. M50, M55
High strength concrete - M60, M65, M70, M75, M80 ဖြစ်ပါတယ်။
mix proportions ကတော့ M10, M15, M20 and M25 ဆိုရင် အကြမ်းဖျင်း (1:3:6), (1:2:4), (1:1.5:3), (1:1:2) တို့နဲ့ အကြမ်းဖျင်း အသီးသီးညီမျှတယ်လို့ သိရပါတယ်။
Disqus Shortname
Comments system