Thursday, June 18, 2015

****Concrete Mix Design Calculation ( Intermediate Level)

****Concrete Mix Design Calculation ( Intermediate Level)
ဒီတစ်ခါတော့ ကွန်ကရိ နဲ့ ပတ်သတ်တဲ့ Mix Design တွက်ချက်နည်းပါ။ ကျနော်တို့ဟာ အရပ်ထဲမှာဆို သဲ ကျောက် ဘိလပ်မြေ ရေကို ရောပြီး လမ်းတွေနဲ့ အခြား တိုက်တာ အဆောက်အဦးတွေမှာ အသုံးပြုကြပါတယ်။ ထိုသို့ အသုံးပြုရာမှာ လိုအပ်တဲ့ ခံနိုင်ရည်အားတွေပေါ်မူတည်ပြီး အချိုးတွေဟာလည်း ကွာခြားပါတယ်။ (ဥပမာ ၁:၂:၄ တို့ အစရှိသည် အချိုးများစွာ အသုံးပြုကြပါတယ်။) သို့သော် ကျနော်တို့ ကွန်ကရိကို Specialize ထုတ်တဲ့ အခါမှာ ထိုသို့ အသုံးပြုလို့ မရတော့ပါဘူး။ သက်ဆိုင်ရာ ခံနိုင်ရည်အားများအလိုက် water cement ratio တို့ S/A ratio တို့ သဲ ကျောက် grading တို့ အစရှိသည့် အခြေခံ အချက်များပေါ်တွင် အခြေခံပြီး သဲ ကျောက် ဘိလပ်မြေ ရေ Admixture (ထပ်ပေါင်းထည့်သည့် အရာများ) ထည့်ရမည့် ပမာဏ အလေးချိန်များအား တွက်ချက်ခြင်းကို Concrete Mix Design Calculation လို့ ခေါ်ပါတယ်။ ထိုသို့ တွက်ချက်ရာမှာ သက်ဆိုင်ရာ နိုင်ငံကြီးများမှ ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆောင်ရွက်ကြရပါတယ်။ (ဥပမာ နိုင်ငံများအနေဖြင့် အမေရိကန် ဗြိတိလျှ အစရှိသည်။) ကျနော် အခု ရှင်းပြမှာကတော့ အမေရိကန် နိုင်ငံရဲ့ ACI လို့ခေါ်တဲ့ (American Concrete Institute) ACI 211.1-91 အတိုင်း လိုက်နာဆောင်ရွက်ပြီး ကျနော့် ဆရာ များ သင်ကြားပြသသည့်ဗဟုသုတ များအပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည် ဖြစ်ပါသည်။
Mix Design Calculation
Example for American Method
Concrete Mix Design တွက်ချက်ရာတွင် Volume ပေါ်တွင် အခြေခံပြီးတွက်ချက်သည့် နည်းနှင့် Weight ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်း ဟူ၍ နှစ်နည်း ရှိပါသည်။ အမေရိကန် Method သည် Volume ပေါ်တွင် အခြေခံပြီး တွက်ချက်သည့် နည်းဖြစ်သည်။ ဥပမာ အနေဖြင့် Weight ပေါ်တွင် အခြေခံပြီး တွက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အလေးချိန် အကြမ်းဖျင်းအားဖြင့် ၂၄၀၀ ကီလိုဂရမ် ရှိသည်ဆိုသည့် အချက်တွင် အခြေခံ တွက်ချက်ခြင်း ဖြစ်ပြီး Volume ဖြင့် တွက်ချက်သည့် နည်းဆိုသည်မှာ Concrete Volume One Cubic Meter တွင် အခြေခံအားဖြင့် ၁၀၀၀ လီတာ ရှိသည် ဆိုသည့် အချက်ပေါ်တွင် အခြေခံတွက်ချက်ခြင်း ဖြစ်သည်။ ကျနော်က အမေရိကန် နည်းဖြင့် တွက်ချက်သည် ဆိုသောကြောင့် Volume Method ပေါ်တွင် အခြေခံတွက်ချက်ပါမည်။ အရာဝတ္ထုတွေဟာ သူ့ရဲ့ အလေးချိန်ကို သူ့ရဲ့ သိပ်သည်းဆနှင့် စားသောအခါ သူ့ရဲ့ ထုထည်(Volume) ရရှိသည်အား သိရှိခဲ့ပြီးဖြစ်တဲ့ အချက်ပေါ်တွင် အခြေခံပါမည်။ ဥပမာ အားဖြင့် အရာဝတ္ထုဟုဆိုရာတွင် ရေအား စံထားကြည့်ပါက ရေ အလေးချိန် ၁ ကီလိုဂရမ်အား သူ့ရဲ့ သိပ်သည်းဆ ၁.၀ ဖြင့် စားပါက သူ့ရဲ့ ထုထည်အားဖြင့် ၁ လီတာ ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ရေ တစ် ကီလိုဂရမ်ဟု ပြောပါက ထုထည်သည် ၁ လီတာ ဖြစ်ရမည်။ အဘယ့်ကြောင့်ဆိုသော် သူ့ သိပ်သည်းဆသည် ၁.၀ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ဘဲ သဲ ကျောက် ဘိလပ်မြေ အစရှိသည်တို့၏ အလေးချိန်အား သူ၏ သိပ်သည်းဆနှင့် စားပါက သူ့ရဲ့ Volume (ထုသည်) ရရှိမည်ဖြစ်သည်။ထိုအချက်ပေါ်တွင် အခြေခံပြီး တွက်ချက်ပါမည်။
Concrete Mix Design တွက်ချက်ဖို့ အောက်ပါ အချက်များအား ကြိုတင်စုဆောင်း ရှာဖွေရပါမည်။
Specified Strength = 35 N/mm2 (မိမိလိုချင်သည့် ခံနိုင်ရည်အား)
Required Slump = 50 mm (မိမိလိုချင်သည့် ကွန်ကရိ အပျော့အမာ)
ဓါတ်ခွဲစမ်းသပ်ခန်းမှ ရရှိစုဆောင်းရမည့် ကုန်ကြမ်းများ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
Size of Coarse Agg: = 20 mm (အသုံးပြုမည့် ကျောက်ဆိုဒ်)
Bulk Density of CA = 1600 kg/m3 ( ကျောက်၏ Bulk Density )
SG of CA = 2.64 (ကျောက်၏ သိပ်သည်းဆ)
SG of FA = 2.58 (သဲ၏ သိပ်သည်းဆ)
SG of Cement = 3.15 (ဘိလပ်မြေ၏ သိပ်သည်းဆ)
FM of FA = 2.6 (အသုံးပြုမည့် သဲ အရွယ်အစား တန်ဖိုးတစ်ခု)
ထိုအချက်တွင် ထည့်သွင်းထားသော ဂဏန်းများသည် နမူနာ ထည့်သွင်းထားခြင်းဖြစ်ပါသည်။ Mix Design တစ်ခု တွက်ချက်ရာတွင် သတ်မှတ်ထားသည့် ခံနိုင်ရည်အားတွင် အခြေခံတွက်ချက်သည် မဟုတ်ဘဲ ထို့ထက်ပိုပြီး ရရှိနိုင်မည့် (Target Means Strength) ပေါ်တွင် အခြေခံတွက်ချက်ရပါသည်။ ACI318-02 TABLE 5.3.2.1—REQUIRED AVERAGE COMPRESSIVE STRENGTH WHEN DATA ARE AVAILABLE TO ESTABLISH A STANDARD DEVIATION ဆိုတဲ့ ဇယားမှာ ဖေါ်ပြထားသည့် အတိုင်း Target Means Strength အားတွက်ချက်ရမည် ဖြစ်ပါသည်။ အောက်တွင်ကြည့်ပါ။
Target Means Strength= Specified Strength + 2.33 s - 3.5Mpa(≤35 Mpa)
Target Means Strength= Specified Strength x 0.9 + 2.33 s (> 35 Mpa)
s = Standard Deviation (အောက်ပါတွက်ချက်မှု့တွင် s တန်ဖိုးအား 5 ဟု သတ်မှတ်ပါမည်။)
အထက်ပါ အချက်များ ရရှိပါက Mix Design တစ်ခု စတင် တွက်ချက်တော့မည် ဖြစ်ပါသည်။
Target Means Strength= Specified Strength +2.33 s - 3.5Mpa (≤35 Mpa)
(သတ်မှတ်ထားသည့် Specified Strength သည် 35 Mpa ဖြစ်သောကြောင့် နံပါတ်တစ် ဖေါ်မြူလာအား အသုံးပြုခြင်း ဖြစ်သည်။)
Target Means Strength =35 + 2.33 x 5 -3.5
= 43.15 Mpa (45 Mpa)
ထို Target Means Strength 45 Mpa ရရှိရန်အတွက် အရင် Record များမှ 45 Mpa ရရှိစေရန် W/C ဘယ်လောက်တွင် 45 Mpa ရရှိသနည်းဟု ပြန်ကြည့်ရမည် ဖြစ်ပါသည်။ ( ထိုသို့ ရရှိရန် မဖြစ်ပါက ဘိလပ်မြေ ပမာဏ အမျိုးမျိုးတို့ဖြင့် Trial Mix များ ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို Trial Mix Results များပေါ်တွင် အခြေခံပြီး W/C နှင့် Strength Relation များ ဦးစွာ ရှာထားရမည်။ အောက်ပါ တွက်ချက်မှု့တွင် W/C အား 0.48 ဟု ထည့်သွင်း တွက်ချက်ပါမည်။ )
To get 45 Mpa (W/C) = 0.48 (From past Record)
ထိုနောက် ရေထည့်ရမည့် ပမာဏအတွက် ACI 211-1 99 Table 6.3.6 တွင် ဖေါ်ပြထားသည့်အတိုင်း လေအားထည့်သွင်းအသုံးမပြုသည့် ပုံမှန်ကွန်ကရိဆိုသော အပိုဒ်တွင် အသုံးပြုမည့် Slump တန်ဖိုးနှင့် ကျောက် G Maximum Size ဆုံမှတ်တွင် ရေ ပမာဏ ရရှိမည် ဖြစ်သည်။ အောက်ပါ တွက်ချက်မှု့တွင် အသုံးပြုမည့် Slump တန်ဖိုးသည် 50mm နှင့် ကျောက် G Max 19.0 ဖြစ်သောကြောင့် ACI 211-1 99 Table 6.3.3 အရ လေထည့်သွင်း အသုံးမပြုသည့် ပုံမှန်ကွန်ကရိတွင် ထည့်ရမည့် ရေပမာဏသည် အောက်ပါအတိုင်းဖြစ်သည်။
***From ACI 211-1 99 Table 6.3.6 (Water Content) = 190kg/m3
ရေကို ဘိလပ်မြေနှင့် စားသောအခါ W/C အချိုးရသည်။ ထို့အတွက် ယခုအခါ ဘိလပ်မြေပမာဏအား လိုချင်ပါက သင်္ချာနည်းအရ ရေကို W/C ဖြင့် စားရမည်ဖြစ်သည်။
***Cement Content = 190/0.48 =395 kg/m3
ကျောက်ထည့်ရမည့် ပမာဏအားသိရှိရန်အတွက် ACI 211-1 99 အပိုဒ် 6.3.6 တွင် ပြောထားသည့် အတိုင်း ကျောက်၏ Bulk Density အား သူ၏ Bulk Volume နှင့် မြှောက်ပါက အသုံးပြုရမည့်ကျောက်ပမာဏအား ရရှိမည် ဖြစ်သည်။ Bulk Density အား မိမိ ဓါတ်ခွဲခန်းတွင် စမ်းသပ် ရှာဖွေရမည် ဖြစ်ပြီး Bulk Volume အား ရရှိစေရန်အတွက် ACI 211-1 99 Table 6.3.6 တွင် သဲ၏ FM နှင့် ကျောက်ဆိုဒ် ဆုံမှတ်တွင် အသုံးပြုရမည့် Bulk Volume အား ရရှိမည် ဖြစ်သည်။ (အောက်ပါ တွက်ချက်မှု့တွင် သဲ FM 2.6 ကျောက် Size 19.0 ဖြစ်သောကြောင့် Bulk Volume သည် 0.64 ဖြစ်သည်။)
***Coarse Aggregate Content = 0.64x 1600= 1020kg/m3
နောက်ဆုံး သဲ ပမာဏ အားတွက်ချက်ရုံသာ ကျန်တော့သည်။ သဲ တွက်ရန်အတွက် ကျနော် အပေါ်က ပြောသလို အမေရိကန်နည်းသည် Volume ပေါ်တွင် အခြေခံတွက်သောကြောင့် 1000 Litter (@1m3) မှ ဘိလပ်မြေ ရေ ကျောက် လေ ၏ Volume အား နှုတ်ပါက သဲ Volume ရရှိမည် ဖြစ်သည်။ ထို သဲ Volume အား သူ၏ SG ဖြင့် ပြန်မြှောက်ပါက သဲထည့်ရမည့် အလေးချိန်ကို ရရှိမည် ဖြစ်သည်။
***Fine Content = 1000-(Cement/SG+Water/SG+Coarse/SG+Air )
= 1000-(395/3.15+190/1+1020/2.64+20)
= 279X2.58=720kg/m3
Air Content = 2%
မှတ်ချက်။ ။ ကွန်ကရိ Volume တွင် ပုံမှန်အားဖြင့် လေ ၂ ရာခိုင်နှုန်း ပါဝင်သည်ဟု ညွှန်းဆိုထားပါသည်။ ထိုညွှန်းဆိုချက်အား မိမိ ကွန်ကရိ ဖျော်စပ်စဉ် အမှန်တကယ် ရရှိသော Results ပေါ်တွင် အခြေခံပြီးလည်း တွက်ချက်နိုင်ပါသည်။
ထို့နောက် ဖျော်စပ် အသုံးပြုရမည့် ကုန်ကြမ်းများ၏ အလေးချိန်အသီးသီးကို ရရှိမည် ဖြစ်သည်။
Mix Design Formal
Water Cement FA CA
190 395 720 1020
Adjustment of Mix Proportion အား ဆက်လက် ဖော်ပြပါမည်။
Ref : 1. ACI 211.1-91 Standard Practice for Selecting Proportions for Normal Heavyweight, and Mass Concrete
2. ACI 318-02 BUILDING CODE REQUIREMENTS FOR STRUCTURAL CONCRETE
3. ADVANCE CONCRETE TECHNOLOGY TRAINING SYLLABUS
ရကောက်
10 June 2015

0 comments:

Post a Comment

Disqus Shortname

Comments system