Monday, June 15, 2015

Lateral Torsional Buckling

ဒီတစ်ခါ Lateral Torsional Buckling အကြောင်း ဂျူနီယာ အင်ယာ ညီ ညီမလေးတွေ နားလည်သဘောပေါက်စေဖို့ နဲနဲပြောပြချင်ပါတယ်။

Figure 1. Lateral Torsional Buckling of Steel Beam



ဒီတော့ Lateral Torsional Buckling အကြောင်းမပြောခင် Lateral Torsional Buckling ဆိုတဲ့ စကားလုံးမှာ ပါဝင်တဲ့ Torsion ဆိုတာဘာလဲနဲ့ Buckling ဆိုတာဘာလဲ ဆိုတာကို အရင်ပြောပြပါမယ်။

Torsion
Torsion ဆိုတာက Torque ဆိုတဲ့ လိမ်အားကြောင့် လည်သွားတာ (Twist ဖြစ်သွားတာ) ကိုပြောတာဖြစ်ပါတယ်။ (Torsion is the twisting of an object due to an applied torque)

Figure 2. Torsion


ဒီမှာမေးစရာရှိလာတာက Moment နဲ့ Torsion နဲ့ ဘာကွာသလဲဆိုတာပါ။ Moment လဲလည်တာပဲ၊ Torsion လဲလည်တာပါပဲ။ Unit ကလဲ Moment နဲ့ Torsion အတွက်ကအတူတူပဲ။ (Force x Distance, eg. N m)။ ဒီတော့ ဘာကွာပါလဲ?
Torsion ကို ဖြစ်စေတဲ့ Torque ဆိုတာလဲ တကယ်တော့ Moment ပါပဲ။ (Moment ဆိုတာ အားတစ်ခုနဲ့ အကွာအဝေး တစ်ခု မြှောက်တာဖြစ်ပါတယ်)။ အောက်ကပုံကိုကြည့်ပါ။ Beam တစ်ချောင်းကို X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ Moment ပေးတဲ့အခါ Z ၀င်ရိုးတစ်လျောက် Bending Moment ပေါ်စေပြီးတော့ Z ၀င်ရိုးကနေ Moment ပေးတဲ့အခါ Z ၀င်ရိုးတစ်လျောက် Torsion ပေါ်စေတာတွေ့ရမှာပါ။

(Bending Moment မှာ Action Moment နဲ့ Reaction Moment က Plane တစ်ခုထဲမှာ ရှိပြီးတော့ Torsion မှာတော့ Action Moment နဲ့ Reaction Moment တို့ဟာ မတူညီတဲ့ Plane တွေမှာ ရှိတာကို တွေ့ရမှာပါ။)

Figure 3. Moment vs Torsion


Buckling
နောက်တစ်ခုက Buckling ပါ။ Bucklingဆိုတာက Compression ကြောင့် Compressive member ဟာရုတ်တရက် ဘေးကို ကန်ထွက် ကွေးညွှတ်သွားပြီး Failure ဖြစ်သွားခြင်းကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။

Steel ဟာ Material အနေနဲ့ Compression ကိုအတော်လေးခံနိုင်ပေမယ့် Structural Member တွေအနေနဲ့ကတော့ သေးသွယ်ပါးလွှာမှုကြောင့် Tension နဲ့ယှဉ်လိုက်လျင် Compression ကိုခံနိုင်ရည် အတော်ကိုနည်းပါးလှပါတယ်။ ဥပမာ wire တစ်ချောင်းဟာ Tension အားဖြင့် အလေးဝန်တစ်ခုကို အပေါ်ကနေ ချိတ်ဆွဲခံနိုင်ပေမယ့် compression အားဖြင့် အောကကနေ ထောက်မထားခြင်းကိုတော့ ခံနိုင်မှာမဟုတ်ပါဘူး။ အလေးဝန်တင်လိုက်တာနဲ့ Wire ဟာကွေးညွတ်သွားပြီး ပြိုလဲကျသွားမှာ ဖြစ်ပါတယ်။ အဲဒီလို Straight Line ကနေအပြင်ဘက်ကို ကန်ထွက် ကွေးညွှတ်သွားတာကို Buckling လို့ခေါ်ခြင်းပဲ ဖြစ်ပါတယ်။

Figure 4. Buckling Example of Wire

အောက်ကပုံတွေက Column Buckling ဖြစ်တဲ့ ပုံအချို့ပဲ ဖြစ်ပါတယ်။

Figure 5. Buckling of Steel Columns

Steel beam တစ်ခုမှာ failure ဖြစ်နိုင်ခြေ နည်းလမ်း ၂ ခု ရှိပါတယ်။ အဲဒါတွေက yielding failure ရယ် buckling failure ရယ် ဖြစ်ပါတယ်။ yielding failure က compression side ရော tension side ရော yielding ဖြစ်လာပြီး ဖြစ်တဲ့ Failure ပါ။ buckling ကတော့ compression force ကြောင့် compression side မှာဖြစ်တဲ့ failure ဖြစ်ပါတယ်။

Buckling failure မှာ Local buckling failure နဲ့ Lateral Torsional buckling ဆိုပြီးတော့ ထပ်ပြီးရှိပါသေးတယ်။ Local buckling က steel member တွေရဲ့ thickness မလုံလောက်တဲ့အခါ ဖြစ်တဲ့ failure မျိုးဖြစ်ပါတယ်။ (rolled steel U Beam တွေနဲ့ W Section တွေက အများအားဖြင့် Local Buckling Failure မဖြစ်အောင် ထုတ်လုပ်ထားကြပါတယ်။

Custom made section တွေနဲ့ Built up section တွေမှာဆိုရင်တော့ Local Buckling ကို စစ်ရမှာဖြစ်ပါတယ်။
အောက်က ပုံတွေက Local Buckling ဖြစ်တဲ့ ဥပမာ တစ်ချို့ ဖြစ်ပါတယ်။

Figure 6. Local Buckling


Lateral Torsional Buckling ဆိုတာ ဘာလဲ?
Lateral Torsional Buckling ဆိုတာကတော့ Beam တစ်ချောင်းရဲ့ Flange ဟာ Compression Force ကိုခံရတဲ့အခါ အဲဒီ Compression ကြောင့် ဘေးဘက်ကိုကန်ထွက်သွားတဲ့ (Buckling ဖြစ်သွားတဲ့) အခြေအနေကိုခေါ်ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို ဘေးကို ကန်ထွက်သွားချိန်မှာ Tension Flange က ပြန်ဆွဲထားတဲ့အတွက် Section အနေနဲ့ Rotation ဖြစ်ပေါ်လာပါတယ်။

 
Figure. 7 Lateral Torsional Buckling Failure of Steel Beam


အောက်ကပုံမှာ Simply Supported I beam တစ်ချောင်းမှာLoad ကျတဲ့အခါ Neutral Axis ရဲ့ အပေါ်ဘက်ခြမ်းက Compressive ခံရပြီးတော့ အောက်ဘက်ခြမ်းက Tension ကိုခံရပါတယ်။ အဲဒီ Compressive Force ခံရတဲ့ Top Flange ကိုဘေးဘက်ကနေမချုပ်ထားခဲ့ရင် Compressive Force ကြောင့် ဘေးဘက်ကိုကန်ထွက်သွားနိုင်ပါတယ်။ သို့သော်လည်းပဲ Tension Flange ကနေ ပြန်ချုပ်ထားတဲ့အတွက် ကန်ထွက်ချင်တိုင်းကန်ထွက်ခွင့်မရပဲ Section မှာ Rotation ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် Lateral Torsional Buckling လို့ခေါ်ရခြင်းဖြစ်ပါတယ်။

Figure 8. Lateral Torsional Buckling


ဒီတော့ Lateral Torsional Buckling မဖြစ်အောင် ဘယ်လိုလုပ်မလဲ?

Steel Beam တစ်ချောင်းကို Lateral Torsional Buckling မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့ Compressive Flange ကိုဘေးဘက်ကနေ Laterally Support လုပ်ပေးဖို့လိုပါတယ်။

ANSI/AISC 360-10 Design Requirement အရဆိုရင် Lateral Torsional Buckling လုံးဝမပေါ်စေချင်ရင် (Lb) ဆိုတဲ့ Lateral Support တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးဟာ LP  ဆိုတဲ့ တန်ဖိုးတစ်ခုထက် နည်းဖို့ လိုအပ်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ Steel Beam ဟာသူ့ရဲ့ Moment Capacity အပြည့်ကိုထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ Compression Flange ရဲ့ support တစ်ခုနဲ့တစ်ခုအကြားအကွာအဝေး Lb ဟာLp ထက်ကို ကြီးသွားတဲ့အခါ Beam မှာ Lateral Torsional Buckling ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီအခါ Beam ဟာသူ့ရဲ့ Full Moment Capacity ကိုခံနိုင်ရည် ရှိတော့မှာမဟုတ်ပါဘူး။

တကယ်လို့ Unbraced Length Lb ဟာ Limit တစ်ခု ဖြစ်တဲ့ Lr ထက် ပိုများသွားရင် Beam ဟာ Elastic Failure ဖြစ်သွားမှာ ဖြစ်ပါတယ်။ Elastic Failure ဆိုတာက Steel ၏ခံနိုင်ရည်အား မည်မျှပင် ကောင်းစေကာမူ Beam အပေါ် သက်ရောက်တဲ့ Load တစ်ခုမှာ Failure ဖြစ်တာဖြစ်ပါတယ်။ (Steel ရဲ့ Yield Strength နဲ့ သက်ဆိုင်မှု မရှိတော့ပါ။ ဆိုလိုသည်မှာ Grade ပိုမြင့်တဲ့ Steel သုံးလဲ ခံနိုင်ရည်အား တက်လာတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် LbဟာLrထက်ကိုပိုများတဲ့ Beam တွေရဲ့ ခံနိုင်ရည်အားကိုတွက်ထုတ်တဲ့ Formula မှာ Fy တန်ဖိုးမပါတော့တာကိုတွေ့ရမှာပါ) Lp နဲ့ Lr ကို အောက်ပါအတိုင်း ရှာနိုင်ပါတယ်။


အောက်ကပုံကဒီအကြောင်းလေးကိုရှင်းလင်းသရုပ်ပြထားတဲ့ Graph တစ်ခုဖြစ်ပါတယ်။


Figure 9. Graph for Lateral torsional Buckling

AISC Formulas for Lateral Torsional Buckling



အချုပ်အားဖြင့်ဆိုသော် Steel I beam တွေကို Full Moment Capacity ရရှိစေဖို့ Compressive Flange ကို လုံလောက်တဲ့ Restraint တွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ Simple beam တွေမှာ Compressive flange က အပေါ်ဘက်မှာ ရှိတဲ့အတွက် Slab က Lateral Restraint အနေနဲ့ ထမ်းဆောင်နိုင်ပေမယ့် Cantilever Beam တွေဆိုရင် Compressive Flange က အောက်ဘက်ကိုရောက်သွားချိန်မှာ အဲဒီ Flange တွေအတွက် လုံလောက်တဲ့ Lateral Restraint တွေလုပ်ပေးဖို့လိုအပ်ပါတယ်။

Aung Hsu Myat
15 March 2015


ANSI/AISC 360-2005 ကိုတော့ ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

ANSI/AISC 360-2010 ကိုတော့ ဒီလင့်မှာ ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

0 comments:

Post a Comment

Disqus Shortname

Comments system