CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Sand. Show all posts
Showing posts with label Sand. Show all posts

Friday, December 23, 2016

Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။



Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။
သဘာဝတရားကြီးရဲ့  ရာသီဥတုဒါဏ်တွေကြောင့် တိုက်စားခံရ သယ်ယူခံရ အနယ်ကျခံရနှင့် နှစ်ပေါင်းများစွာအကြာ ကျောက်သားတွေ ဘ၀ကနေ နောက်ဆုံးမှာ သဲဖြစ်လာတာပါ။
အဓိကအားဖြင့် silica ( silicon dioxide, SiO2 ) တွေ ဖြစ်ပါတယ်။
သဲကို သဘာဝအတိုင်း ရရှိနိုင်တာအပေါ် မူတည်ပြီး ၃မျိုး ရှိပါတယ်။
Pit sand တွင်းသဲ
River sand မြစ်သဲ
Sea sand ပင်လယ်သဲ တို့  ဖြစ်ပါတယ်။
တွင်းသဲ ဆိုတာက ကုန်းတွင်းပိုင်းမှာ သဘာဝအတိုင်း သဲထွက်ရှိတဲ့ နေရာမှာ တူးပြီး ထုတ်လုပ်တဲ့ သဲပါ။ ကုန်းတွင်းသဲမို့ လို့  ဆားဓါတ်ကင်းစင်ပါတယ်။ sharp angular grain ပါ။ ဒါပေမယ့် ကုန်းတွင်းပိုင်းမို့  clay မြေစေး organic materials စတာတွေ မပါအောင် ဂရုပြုရပါတယ်။
မြစ်သဲကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် အများဆုံး သုံးနေတဲ့ သဲအမျိုးအစားပါ။ fine rounded grain ပါ။ စီးဆင်းနေတဲ့ရေတွေ တိုက်စားမှုကြောင့် ဖြစ်ပါတယ်။ မြစ်ကမ်းစပ် သို့ မဟုတ် မြစ်ကြမ်းပြင်ကနေ ရယူပါတယ်။ ရေထဲကမို့ လို့  clean condition ဖြစ်ပါတယ်။ အရောင်က အဖြူရောင် ဖြစ်ပါတယ်။
ပင်လယ်သဲကတော့ ပင်လယ်ကမ်းစပ်တွေကနေ ပင်လယ်ကြမ်းပြင်ကနေ ရယူပါတယ်။ အရောင်က အညိုရောင်ပါ။ သူလဲ fine rounded grain ပါပဲ။ ပင်လယ်ထဲကမို့ လို့  ဆားဓါတ်ပါပါတယ်။ ဆားဓါတ်ပါလို့  လေထုထဲက moisture ကို စုပ်ယူပါတယ်။ အဲဒါကြောင့် အစိုပြန်တာ ဆွေးမြေ့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုလေ့ မရှိပါဘူး။ land fill လိုနေရာမျိုးတွေမှာ သုံးပါတယ်။
အရွယ်အစားနှင့် ပတ်သက်ပြီး
Fine sand
Coarse sand
Gravelly sand ဆိုပြီး သဲကို ၃မျိုး ခွဲပါတယ်။
1.5875 mm sieve အောက်ကျတဲ့ သဲကို fine sand လို့  ခေါ်ပါတယ်။ နူးညံ့လို့  platering အချောကိုင်ခြင်းလုပ်ငန်းမှာ သုံးပါတယ်။ ဒီမှာတော့ သဲနုလို့  ခေါ်ပါမယ်။
3.175 mm sieve အောက်ကျတဲ့ သဲကို coarse sand လို့ ခေါ်ပါတယ်။ အုတ်စီတဲ့လုပ်ငန်းမှာ သုံးပါတယ်။
7.62 mm sieve အောက်ကတဲ့ သဲကို gravelly sand လို့  ခေါ်ပါတယ်။ ကွန်ကရစ်လုပ်ငန်းတွေမှာ သုံးပါတယ်။
Coarse sand နှင့် gravelly sand ကို ဒီမှာတော့ သဲကြမ်းလို့  ခေါ်ပါမယ်။
Grading of sand ပါဝင်အရွယ်အစား အမျိုးခွဲခြင်းအရ သဲကို ဇုန် ၄ခုခွဲပါတယ်။
10mm, 4.75mm, 2.36mm, 1.18mm, 600 micron, 300 micron, 150 micron sieve တွေမှာ % passing အရ Zone I, Zone II, Zone III, Zone IV ဆိုပြီး ခွဲတာပါ။
ဥပမာအားဖြင့် သက်ဆိုင်ရာ sieve တွေအလိုက် Zone I သဲက % အားဖြင့် 100, 90-100, 60-95, 30-70, 15-34, 5-20, 0-10 ဆိုပြီး ရှိပါတယ်။
နောက်ဆုံးထုတ်ထားတဲ့ 2014 Yellow Book မှာ Grade 20 Grade 25 Grade 30 Reinforced Concrete မှာ Sand (Zone IV) လို့  ဆိုထားပါတယ်။
Finest modulus နှင့် silt content နှင့် ပတ်သက်ပြီး construction work တွေကို ခွဲထားပါသေးတယ်။
Brick work အုတ်စီလုပ်ငန်းတွေအတွက် finest modulus 1.2 to 1.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Platering အချောကိုင်လုပ်ငန်းအတွက် finest modulus 1.5 ကျော်ရမှာ ဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Concrete work ကွန်ကရစ်လုပ်ငန်းတွေအတွက် finest modulus 2.5 to 3.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Silt content ဆိုတာက သဲထဲမှာ နူန်းဘယ်လောက် ပါသလဲဆိုတဲ့ ရာခိုင်နူန်းပါ။
သဲမှာ silt တွေ clay တွေ ပါမပါ သိချင်ရင် ဖန်ခွက်တစ်ခုထဲ အနည်းငယ်ထည့် ရေထည့်ပြီး မွှေပါ။ အနည်ကျအောင် ထားလိုက်ပါ။ ကြည်သွားတဲ့အခါ ရေထဲက သဲအပေါ်မှာ silt နှင့် clay ကို အလွှာတစ်ခုအနေနှင့် တွေ့ ရပါမယ်။
သဲထဲ organic impurities တွေ ပါမပါသိချင်ရင် သဲထဲကို sodium hydroxide အရည်ကို လောင်းထည့်ပြီး မွှေပါ။ sodium hydroxide ဆိုတာ caustic soda ကိုပြောတာပါ။ အရည်က အညိုရောင်ပြောင်းသွားရင် မသန့် စင်တဲ့ ဓါတ်ပစ္စည်းတွေ ပါလို့  ဖြစ်ပါတယ်။
ဒါလေးတွေက သဲ အခြေခံလေးတွေပေါ့။
Ref; Building Materials – Sand by Ravindra Patnayaka

https://web.facebook.com/engineerkyitharmyint
Kyithar Myint 

Disqus Shortname

Comments system