CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label user guide. Show all posts
Showing posts with label user guide. Show all posts

Saturday, December 9, 2017

Versionအသစ် မှာပါလာမယ့် function အသစ် (၁) (မျှားတန်ုး သို့မဟုတ် သံချောင်းတွက်မယ် )

မကြာခင်ထုတ်မည့် CE version 6 မှာပါလာမယ့် function အသစ်များအကြောင်း(၁)
 မျှားတန်းတွေတွက်ချင်လို့ပဲဖြစ်ဖြစ်

အခုလိုမျိုး သံချောင်းကိုပဲတွက်ချင်လို့ဖြစ်ဖြစ် တွက်နည်းကအတူတူပါပဲ။


အရင် version 5 မှာလည်း ပါပါတယ် ။ အခုက အရင်ကထက်ပိုပြီး result တွေပိုကောင်းအောင်
ထုတ်ပေးထားတယ် ။ version 5 မှာ total length တစ်ခုတည်းကိုသာ ရှာနိုင်ပါတယ်။ ခုက
တစ်ချောင်းခြင်းစီရဲ့အလျားတွေပါ တွက်ထုတ်ပေးနိုင်ပါပြီ ။



ဥပမာ ဒီပုံမှာရှိတဲ့ မျှားတန်းတွေကိုတွက်မယ် ဆိုပါစို့


အောက်ကပုံမှာ အတိုင်းအတာတွေကြည့်ပါ။
အတိုဆုံးက 6000 mm(No1) ၊ အရှည်ဆုံးက 14400 mm(No5) နဲ့ အချောင်းအရေအတွက်က ၅
ဒီသုံးမျိုးကို application ထဲထည့်လိုက်တာနဲ့ ကြားမှာရှိတဲ့ မျှားတန်း(No.2,3,4)တွေ ဘယ်လောက် အရှည်ရှိတယ်ဆိုတာ အဖြေထွက်ပေးပါတယ် ။ နောက်ပြီး စုစုပေါင်း အလျားကိုလည်း တခါတည်းတွက်ပေးပါတယ် ။

အတိုဆုံး = 6000 mm
အရှည်ဆုံး = 14400 mm
အချောင်းအရေတွက် = 5
အဖြေမှာ u1, u2 ,u3,u4,u5 စသဖြင့် အဖြေထုတ်ပေးပါတယ်။
မန်ဘာ ၅ချောင်းရဲ့ တစ်ချောင်းစီအလျားတန်ဖိုးပါ ။
မျှားတန်းတွေ သံချောင်းတွေမှ မဟုတ်ဘဲ သဘောတရားတူတဲ့ တွက်ချက်မူတွေမှာ အကုန်သုံးနိုင်ပါတယ် ။


တွက်နည်း
U1(အတိုဆုံးအလျား) = 6000 ,
Un (အရှည်ဆုံးအလျား)= 14400 ,
အချောင်းအရေအတွက် (n) = 5

Commom difference (d) ရှာရန်
d = (Un-U1)/(n-1)

Member တစ်ချောင်းချင်းစီရဲ့ အလျားတွက်ရန်
Un =U1+(n-1)d
U1 =U1+(1-1)d=U1
U2 =U1+(2-1)d=U1+d
U3 =U1+(3-1)d=U1+2d
U4 =U1+(4-1)d=U1+3d
U5 =U1+(5-1)d=U1+4d

စုစုပေါင်းအလျားတွက်ရန်
Sn = n/2*(U1+Un)





မိမိ တို့လုပ်ငန်းမှာ မကြာခဏတွက်ချက်နေရတာတွေကို
Application ရေးပေးဖို့ တောင်းဆိုချင်ရင် 
Viber  : 09760840106 ကို စာပို့ပြီးတောင်းဆိုနိုင်ပါတယ် ။
တောင်းဆိုတဲ့ တွက်ချက်မူတွေကို
version အသစ်တွေမှာ ပြန်ပြီးထည့်ပေးသွားပါ့မယ် ။

အားလုံးအဆင်ပြေပါစေ ။
ထွန်းအောင်ဖြိုး
TU Meikhtila

Hot News - Application ရေးတာဝါသနာပါသူများလေ့လာနိုင်ရန်
 CE analysis of rates ရေးသားနည်းကို
ဖော်ပြပေးသွားပါမည် ။


Tuesday, June 13, 2017

CE User Guide 1 - CE Pro မှာ မှတ်စုများ မျှဝေနည်း


CE Pro Version 1.5 မှာပါလာတဲ့ function တစ်ခုပါ
မိမိမှတ်ထားတဲ့ စာတွေကို User အချင်းချင်းမျှဝေနိုင်ပါပြီ
Register လုပ်ထားသူများသာ မျှဝေနိုင် ဖတ်ရှူ့နိုင်မှာဖြစ်ပါတယ်။

အသုံးပြုနည်း

ပုံ ၁
မှတ်စုတွေမျှဝေမယ် ကိုနှိပ်ပါ


ပုံ ၂ Register လုပ်ပြီးသားသူတွေက အရင် မှတ်ပုံတင်ထားတဲ့ အကောင့်နဲ့ စကားဝှက် 
ရိုက်ပြီး ၀င်နိုင်ပါတယ် ။ မှတ်ပုံမတင်ထားရသေးရင် မှတ်ပုံတင်လိုတဲ့ မိမိ gmail account နဲ့
password ( gmail password မသုံးပဲ password အသစ်နဲ့ မှတ်ပုံတင်နိုင်ပါတယ်) ရိုက်ထည့်ပြီး
Sign Up လုပ်ပါ ( အင်တာနက်ဖွင့်ထားရန်လိုသည်)


.

ပုံ ၃ 
ဝင်ပြီးရင်တော့ ခုလိုမြင်ရပါလေ့မယ် ။ တင်ထားတဲ့စာတွေလည်းဖတ်နိုင်သလို
မိမိက မျှဝေချင်ရင်လည်း အောက်ဆုံးက ပုံမှာပြထားတဲ့ ခဲတံပုံလေးနဲက အ၀ါရောင်
လေးကိုနှိပ်ပါ
 

ပုံ၎
ခေါင်းစဉ် နဲ့ အကြောင်းအရာကို ရေးရန်
အောက်မှာပြထားတဲ့အတိုင်ပေါ်လာပါလေ့မည်။
ပြီးရင် အောက်ဆုံးက အမှန်ခြစ်လေး ကိုနှိပ်ပြီး တင်နိုင်ပါတယ်။



ကျွန်တော်က application ရေးပြီး အသုံးပြုနည်း မရေးပေးသေးတော့
တချို့က သုံးဖို့အခတ်အခဲဖြစ်နိုင်ပါတယ်။
တစ်ခုချင်းရေးပေးသွားပါ့မယ် ။
CE pro မှာ function တွေအများကြီးပါလာမှာပါ 
Version မြင့်လေ ပိုစုံလာလေဖြစ်မှာပါ။ သုံးလက်စလူတွေက သိပြီးသားဆို အဆင်ပြေပေမယ့်
User အသစ်တွေက မျက်စိလည်နိုင်ပါတယ်။ ဒါကြောင့်ရေးပေးလိုက်တာပါ။
Download မဆွဲရသေးသူများက ဒီမှာဆွဲနိုင်ပါတယ်
အားလုံးအဆင်ပြေပါစေ 
ထွန်းအောင်ဖြိုး


Wednesday, July 27, 2016

Etabs 2015 activation problems

Etabs 2015 activation problems : etabs 2015 ကိုcrack file သုံးပြီး ဖွင့်တာ ၁၀ ရက်လောက်ကြာတော့ဖွင့်မရ ဖြစ်တဲ့အခါ Computer ရဲ့ date ကို တစ်နှစ်နောက်ပြန်ဆုတ်ပြီး တစ်နှစ်စာ licensing
 ပြန်ယူနိုင်ပါတယ်။
မသိသေးတဲ့သူများအတွက်ပြန်လည်မျှဝေပါသည်။
ထွန်းအောင်ဖြိုး

Friday, July 15, 2016

ETabs သင်ခန်းစာ Video file များ ဒေါင်းလုပ်ဆွဲနည်း

Download this video ( 21.17 MB) - CE User Guide

http://www.clipconverter.cc/ ကို အသုံးပြုပြီး
Video ဖိုင်တွေကို ဒေါင်းလုပ်ဆွဲရမည့်နည်းကို တင်ပေးလိုက်ပါတယ်။
ခုနည်းလေးက Video file size အရမ်းကြီးနေလို့
file size ကို အသေးပြောင်းပြီး Download ဆွဲနိုင်အောင်လို့ပါ။
အရမ်းသေးတဲ့ ဖိုင်ကိုတော့ မရွေးစေချင်ပါဘူး ။
ဖိုင်ဆိုက် အရမ်းသေးရင်လည်း သင်ခန်းစာကို ကောင်းကောင်းလေ့လာလို့
ရနိုင်မှာမဟုတ်ပါဘူး ။
ခု drive.google.com မှာတင်တဲ့ video file ကို နမူလုပ်ပြီး Download ဆွဲပြထားပါတယ် ။
youtube က video တွေကိုလည်း အဲ့တိုင်းDownload ဆွဲနိုင်ပါတယ်
http://htunaungphyoe-civil.blogspot.com/2016/07/youtube-video-download.html

အားလုံးအဆင်ပြေပါစေ
ထွန်းအောင်ဖြိုး

Disqus Shortname

Comments system