Saturday, December 9, 2017

Versionအသစ် မှာပါလာမယ့် function အသစ် (၁) (မျှားတန်ုး သို့မဟုတ် သံချောင်းတွက်မယ် )

မကြာခင်ထုတ်မည့် CE version 6 မှာပါလာမယ့် function အသစ်များအကြောင်း(၁)
 မျှားတန်းတွေတွက်ချင်လို့ပဲဖြစ်ဖြစ်

အခုလိုမျိုး သံချောင်းကိုပဲတွက်ချင်လို့ဖြစ်ဖြစ် တွက်နည်းကအတူတူပါပဲ။


အရင် version 5 မှာလည်း ပါပါတယ် ။ အခုက အရင်ကထက်ပိုပြီး result တွေပိုကောင်းအောင်
ထုတ်ပေးထားတယ် ။ version 5 မှာ total length တစ်ခုတည်းကိုသာ ရှာနိုင်ပါတယ်။ ခုက
တစ်ချောင်းခြင်းစီရဲ့အလျားတွေပါ တွက်ထုတ်ပေးနိုင်ပါပြီ ။



ဥပမာ ဒီပုံမှာရှိတဲ့ မျှားတန်းတွေကိုတွက်မယ် ဆိုပါစို့


အောက်ကပုံမှာ အတိုင်းအတာတွေကြည့်ပါ။
အတိုဆုံးက 6000 mm(No1) ၊ အရှည်ဆုံးက 14400 mm(No5) နဲ့ အချောင်းအရေအတွက်က ၅
ဒီသုံးမျိုးကို application ထဲထည့်လိုက်တာနဲ့ ကြားမှာရှိတဲ့ မျှားတန်း(No.2,3,4)တွေ ဘယ်လောက် အရှည်ရှိတယ်ဆိုတာ အဖြေထွက်ပေးပါတယ် ။ နောက်ပြီး စုစုပေါင်း အလျားကိုလည်း တခါတည်းတွက်ပေးပါတယ် ။

အတိုဆုံး = 6000 mm
အရှည်ဆုံး = 14400 mm
အချောင်းအရေတွက် = 5
အဖြေမှာ u1, u2 ,u3,u4,u5 စသဖြင့် အဖြေထုတ်ပေးပါတယ်။
မန်ဘာ ၅ချောင်းရဲ့ တစ်ချောင်းစီအလျားတန်ဖိုးပါ ။
မျှားတန်းတွေ သံချောင်းတွေမှ မဟုတ်ဘဲ သဘောတရားတူတဲ့ တွက်ချက်မူတွေမှာ အကုန်သုံးနိုင်ပါတယ် ။


တွက်နည်း
U1(အတိုဆုံးအလျား) = 6000 ,
Un (အရှည်ဆုံးအလျား)= 14400 ,
အချောင်းအရေအတွက် (n) = 5

Commom difference (d) ရှာရန်
d = (Un-U1)/(n-1)

Member တစ်ချောင်းချင်းစီရဲ့ အလျားတွက်ရန်
Un =U1+(n-1)d
U1 =U1+(1-1)d=U1
U2 =U1+(2-1)d=U1+d
U3 =U1+(3-1)d=U1+2d
U4 =U1+(4-1)d=U1+3d
U5 =U1+(5-1)d=U1+4d

စုစုပေါင်းအလျားတွက်ရန်
Sn = n/2*(U1+Un)





မိမိ တို့လုပ်ငန်းမှာ မကြာခဏတွက်ချက်နေရတာတွေကို
Application ရေးပေးဖို့ တောင်းဆိုချင်ရင် 
Viber  : 09760840106 ကို စာပို့ပြီးတောင်းဆိုနိုင်ပါတယ် ။
တောင်းဆိုတဲ့ တွက်ချက်မူတွေကို
version အသစ်တွေမှာ ပြန်ပြီးထည့်ပေးသွားပါ့မယ် ။

အားလုံးအဆင်ပြေပါစေ ။
ထွန်းအောင်ဖြိုး
TU Meikhtila

Hot News - Application ရေးတာဝါသနာပါသူများလေ့လာနိုင်ရန်
 CE analysis of rates ရေးသားနည်းကို
ဖော်ပြပေးသွားပါမည် ။


1 comment:

  1. I got here much interesting stuff. The post is great! Thanks for sharing it! Pipeline stabilization

    ReplyDelete

Disqus Shortname

Comments system