Thursday, December 7, 2017

Mohr Coulomb Circle နဲ့Triaxial Test တွေကို ဘာ့ကြောင့်ရှာပြီး ဘယ်နေရာမှာသုံးလဲ

soils တွေရဲ့ shear strength တွေဟာတစ်ခုနဲ့တစ်ခုမတူကြပါဘူး၊ မြေကြီး၏ခံနိုင်ရည်စွမ်းအား shear strength ကိုတွက်ချက်ဖို့အတွက် parameters တွေလိုအပ်ပါတယ်။ အဲဒီ shear strength ကိုတွက်ဖို့အတွက် Mohr-Coulomb failure criteria ရဲ့ formula ပုံသေနည်းနဲ့တွက်ရပါတယ်
shear strength at failure = c΄ + (sigma)΄tan (phi)΄
ကိုအသုံးပြုရမှာပါ။ sigma ကတော့ effective normal stress, phi ကတော့ frictional angle, c ကတော့ cohesion ကိုပြောတာပါ။ c နှင့် phi ကိုတော့ Mohr circles တွေကို failure အမှတ်တွေမှာထိပြီးဖြတ်သွားတဲ့အခါဖြစ်ပေါ်လာသော CSL (critical state line) ဟာ slope line တစ်ခုဖြစ်ပြီး အဲဒီ CSL လိုင်းနဲ့ ရေပြင်ညီ horizontal line တို့အကြား ဖြစ်ပေါ်လာသောထောင့်ကို frictional angle (phi) လို့ခေါ်ပြီး CSL line က Y-axis (shear stress) ကိုဖြတ်လို့ဖြစ်ပေါ်လာသောအမှတ်နဲ့ original point (0,0) တို့အကြား အကွာအဝေးကို c (cohesion=စီးကပ်မှု) လို့ခေါ်ပါတယ်။ sigma ကတော့ shear failure plane ပေါ်ကိုထောင့်မှန်ကျနေပါတယ်၊ sigma'3 = effective normal stress ကတော့ Mohr circles ကို CSL ကဖြတ်သွားသော tangent point ဖြစ်ပါတယ်။ အဲဒီ tangent point (x,y) တန်ဖိုးဟာ failure ရဲ့ တန်ဖိုးတွေဖြစ်ပါတယ်၊ x value ဟာ effective normal stress at failure ရဲ့တန်ဖိုးဖြစ်ပြီး y တန်ဖိုးကတော့ shear stress at failure ရဲ့တန်ဖိုးဖြစ်ပါတယ်။ total normal stress ဆိုရင်တော့ (sigma) ဖြစ်ပြီး၊ sigma အပေါ်က
( ' ) မပါရပါ၊ effective မှာသာ ( ' ) သုံးရပါတယ်။ effective normal stress = total normal stress - excess pore water pressure ။ triaxial tests မှ excess pore water pressure တန်ဖိုးတွေရယ်၊ deviator stress (= sigma'1 - sigma'3) တန်ဖိုးတွေကိုရရှိပြီး axial strain ကို X-axis ထားပြီး graph ဆွဲရင် soil မြေကြီးတွေရဲ့ softening or hardening tendency တွေကိုသိရှိပြီး soil characteristics တွေကိုသိနိုင်မှာဖြစ်ပါတယ်။ sigma'1 ကတော့ axial stress (effective vertical stress) ဖြစ်ပြီး sigma'3 ကတော့ effective confining stress ဖြစ်ပြီး (') မပါရင် total confining stress or total confining pressure လို့ခေါ်ပါတယ်။ sigma3 ကိုလည်း sigma r (radial stress or cell pressure) လို့လည်းခေါ်ကြပါတယ်။
Triaxial compression tests (CU, CD, UU) တွေကနေရလာသော p'-q plot ကနေပြီး CSL line ဆွဲလို့ရပြီး phi တန်ဖိုးရနိုင်ပါတယ်။ Triaxial tests တွေမှာတော့များသောအားဖြင့် triaxial compression test ကိုအသုံးများပြီး triaxial extension test ကိုတော့အသုံးနည်းပါတယ်။

Note; phi, sigma, shear strength, deviator stress, normal stress
တွေကိုသင်္ကေတဖြင့်ဒီနေရာမှာရေးလို့မရလို့စာလုံးပေါင်းဖြင့်ဖော်ပြပါတယ်။


Credit


Tri-Axial Test ကို အတိုဆုံးပြောရရင် Soil ရဲ့  C and Phi (Cohesion and friction angle)်ကို သိချင် လို့  လုပ်တာ လို့ ပြော လို့  ရ နိုင်ပါတယ်။ Direct Shear ကနေ C and Phi်ကို ရနိုင်ပေမဲ့  Biaxial (tri-axial) က တော့ consolidation and drain condition အမျိုးမျိုးနဲ့  run လို့ ရနိုင်ပါတယ်။ condition အမျိုးမျိုး ကတော့  Unconsolidated-Undrained UU, consolidated-Undrained CU and consolidated-drained CD တို့ ဖြစ်ပါတယ်။ UU က အမြန်ဆုံးနဲ့  ဈေးအနည်းဆုံး ဖြစ်ပြီး CDက အကြာဆုံးနဲ့ ဈေးအကြီးဆုံးဖြစ်ပါတယ်။
Tri-Axial Test ကို Soil ရဲ့  Stress-strain behavior ကို သိချင် တဲ့ အခါမှာလည်း သုံးပါတယ်။
Shear Strength and Normal Stress relation ကို ပြတဲ့ Mohr Coulomb နဲ့ ပါတ်သက်လို့ ကတော့ အတိုအားဖြင့်  quadrant လေးခု (1. Both Shear Strength and Normal Stress are positive, 2. Normal Stress is positive and Shear Strength is negative, 3. Both Shear Strength and Normal Stress are negative and 4. Normal Stress is negative and Shear Strength is positive) ဆို ပြီး ရှိပါတယ်။ 

Credit
http://www.myanmarengineer.org
 

0 comments:

Post a Comment

Disqus Shortname

Comments system