CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label Column. Show all posts
Showing posts with label Column. Show all posts

Wednesday, January 7, 2015

Short Column နဲ့ Long Column

`Short Column နဲ့ Long Column´
Storey Height က Column ရဲ့
ငယ်တဲ့အနားတစ်ဖက် (၁၅)ဆ ထက်
ပိုမြင့်သွားရင် Long Column ပါ
‪#‎ShortColumn‬ : H = 15b
‪#‎LongColumn‬ : H > 15b
London က .. W. Morgan(1958) ရဲ့ သီအိုရီပါ .. Elastic Limit Design ခေတ်ကပါ
အခုလို Ultimate Design ခေတ်မှာ
ကျနော်က တော့ Column အနားရဲ့
(၁၂)ဆထက်ကျော် ရင် Long Column
လို့ သတ်မှတ်ပါတယ် ...
‪#‎example‬
12"x12" Column with 12' Height
H = 12 x b = 12 x 12 = 144" = 12'
therefore, this is Short Column.
အများအားဖြင့် တော့ ပတ်ဝန်းကျင် မှာ
တွေ့သမျှ Column တွေဟာ Short Column
Design Category တွေပဲ ဖြစ်မှာပါ
(ကျနော်တို့ တောင်ကြီးမှာဆိုရင်
Long Column ဆိုတာ ရှားပါတယ်
လက်ညှိုးထိုးပြလို့ရတာက တော့
ကျနော်တို့နည်းပညာတက္ကသိုလ် ရဲ့
ရှေ့မျက်နှာစာက ဝင် တာနဲ့တွေ့ရတဲ့
တိုင် အလုံးကြီးတွေပါ ... ပြီးတော့
က မ္ဘောဇဘဏ်ရှေ့က တိုင် အရှည်ကြီးနှစ်ခုပါ)
12' ထက် မြင့်တဲ့ Floor Height ရှားပါတယ်
12' ထက်မြင့်ရင် လဲ Column size
ကြီးလေ့ရှိတော့ Short Column ပါပဲ
(ဥပမာ-15"x15" column ဆိုရင်
H = 12 x 15 = 180" =15' ထိမြင့်လို့
ရပြန်ပါတယ် ... Short Column ပါပဲ
ဒီမှာ Site အ ခေါ် Short Column နဲ့
Design အ ခေါ် Short Column ချင်း
မတူတာ လေး ထောက်ပြချင် ပါတယ်
Site တွေမှာက
‪#‎Footing‬ က နေ Plinth Level ထိ
တက်လာတဲ့တိုင် တိုတွေနဲ့
‪#‎Landing‬ အောက်ထိ တစ်ဖြတ်လောင်းတဲ့
တိုင် တိုလေးတွေကို Short Column
လို့ခေါ်ကြပါတယ် ... မမှားပါဘူး
ဒါပေမယ့် ... ကျန်တဲ့ Floor to Floor
Column တွေကို Long Column လို့
ထင် သွားကြတာက ... မှားပါတယ်
အ ခေါ်အ ဝေါ်မှားတာ ပြဿနာမရှိပါဘူး
ဒါပေမယ့် တိုတာ Short Column
ရှည်တာ Long Column လို့ Design မှာ
ပြောလို့မရပါဘူး ... အ ပေါ်မှာပြောခဲ့တဲ့
W. Morgan ရဲ့ Slenderness ratio15 ဆ
ဒါမှမဟုတ် ကျနော်တို့ Millimetre ရဲ့
Slenderness ratio 12 ဆ နဲ့ ခွဲခြားရ အောင် ပါ ...
Design ပိုင်းမှာ ကွာခြားတာက
#ShortColumn တွေဟာ Axially
Compression Member တွေပါ
(Lateral Force နဲ့Bending Stress
မစဉ်းစားလို့ ရပါတယ်)
#LongColumn တွေမှာ တော့
Compressive stress တွေအပြင်
Bending stressတွေပါစဉ်းစားရပါမယ်
Reference: Chapter-9
Axially Loaded Columns
W. Morgan, Senior Lecturer in
Structures, The Northern Polytechnic, London
‪#‎Short‬ Column
A column may be considered to
be short when its effective height
does not exceed 15 times its
least width, e.g. a column 12"x12"
can be considered to be short
when its effective height does
not exceed 15 ft.
‪#‎Slenderness‬ Ratio
When a column is short, it is
subjected to simple crushing
stress as in Fig. 9.13.
Fig.9.14 is shown a column of
equal height to that of Fig. 9.13,
but because of its slenderness
it would fail due to a combination
of crushing and buckling,
at a lower stress per sq. in that
which would cause failure in
the short column.
It is obvious that slenderness
of a column depends not only
on its height, but also on its
cross section, i.e. H/b.
Effective height/ Least width
Point to remember:
ကျောင်းမှာသင် တဲ့ ACI code မှာတော့
Long Column ကို SlenderColumn လို့ခေါ်ပါတယ် .. ကျနော့်ဆရာပြောသလို
တရုတ်ကြီးနဲ့ပေါက်ဖော်ကြီး အတူတူပါပဲ
ဒီတစ်လကျနော်တို့ TMT-Project မှာ
Field လာဆင်းတဲ့ Civil Third Year
ညီ/ညီမ တွေကို နေ့လည်တိုင်း
Site အ ကြောင်းရှင်းပြ နေတာရယ်
Foundation ပြီးစီးဖို့ အလုပ်များနေတာရယ်ကြောင့်
page မှာစာတွေ ပုံမှန်မတင် ဖြစ်ခဲ့ပါဘူး ...
Engineer တွေအားလုံးအလုပ်များနေမှာပါ
တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီးဖတ်တာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-MES, Taunggyi)

Tuesday, September 16, 2014

RC Column Strength Design (အခြေခံအတွက်သာ)

RC Column Strength Design (အခြေခံအတွက်သာ)
--------------------------------------------------------------

10"x10" အရွယ်ရှိ RC တိုင်ထဲတွင် 5/8" အချင်းရှိသော သံချောင်း လေးချောင်းထည့်ထားသည်။
ကွန်ကရစ်တိုင်၏ ခံနိုင်အားကို ရှာပါ။
f'c=2500psi, fy=40000psi
(ကျွန်တော်ကတော့ ဖော်ပြပါ f'c နဲ့  fy တန်ဖိုးကို လက်ရှိ အထပ်နိမ့် ကန်ထရိုက်တိုက်များအတွက်
ခံနိုင်အားတွက်ချက်ရာတွင် အကြမ်းဖျင်းယူဆပြီး တွက်ချက်ပါသည်။)

P= RC တိုင်၏ခံနိုင်အား
်fc=ကွန်ကရစ် အမှန်တကယ်အလုပ်လုပ်သော ခံနိုင်အား (fc=0.45f'c ဖြစ်သည်။)
f'c= ပြိုကွဲသည်အထိ ကွန်ကရစ်၏ ခံနိုင်အားကုန်
fs=သံချောင်း၏ အမှန်တကယ် အလုပ်လုပ်နိုင်သော ဆွဲဆန့် ခံနိုင်အား
(ကျွန်တော်ကတော့် ကတော့ fs=20000psi ဖြင့် ယူဆပြီးတွက်လေ့ရှိသည်။)
fy=သံချောင်း၏ ဆွဲဆန့် ခံနိုင်အားကုန် ပြတ်ထွက်သည်အထိ
(ဆရာတစ်ယောက်ကတော့ အကြမ်းဖျင်းအားဖြင့် fs=2/3fy ရှိသည်ဟု
ပြောဖူးသည် အတိအကျတော့ မဟုတ်ပါ)
Ac=ကွန်ကရစ် ဧရိယာ
As=သံချောင်များ၏ ဧရိယာ
Ag=ကွန်ကရစ်နှင့်သံချောင်း မျက်နှာပြင် စုစုပေါင်း(Ag=Ac+As)

၁။Working Stress Design
ပထမဆုံး RC တိုင်၏ ခံနိုင်အားကို ရိုးရိုးပဲတွက်ကြည့် ဦးမည်။

P=Acfc+Asfs
=(10x10-4x.31)1125+4x.31x20000 (fc=0.45x2500)
=111105+24800
=135905 Lb/2240
=60.67 ton

အခု design strength ရအောင်တွက်မည်။
Design of Reinforced Concrete Structures by George Winter စာအုပ်ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက
P=0.18f'cAg+0.8Asfs
=(0.18x2500x100)+(0.8x4x.31x20000)
=45000+19840
=64840Lb/2240
=28.95 ton
ဖော်ပြပါ Method တွင် h/t တန်ဖိုး 10 ထက်ကျော်ပါက ခံနိုင်အားကို
လျော့ရမည်ဟု ဆိုထားသည်။
h= RC တိုင် အမြင့်
t= အသေးဆုံးအတိုင်းအထွာ

ဥပမာတိုင် အမြင့် 12 ပေ ရှိသည်ဆိုပါစို့ ။
h/t=144/10 =14.4 (10 ထက်ကျော်သည် ခံနိုင်အား လျော့ချရမည်။)
လျော့ချရန် ပုံသေနည်း
P=P'(1.3-0.03h/t)
=28.95(1.3-0.03x14.4)
=25.13 ton

ထို့ ကြောင့် မူလက 28.95ton ခံနိုင်သော RC တိုင်သည်
h/t အချိုး 10ကျော်သွားသဖြင့် 25.13 ton သာ ခံနိုင်ပါတော့သည်။

၂။Ultimate Design
ဒီ Method ကိုတော့ စာဖတ်သူများ အကျွမ်းတ၀င် ရှိမည်ဟုထင်ပါသည်။
ဦးညီလှငယ်၏ Field Reference Manual for Site Engineers and Inspectors စာအုပ် ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက

P=0.52(0.85f'cAc+Asfy)
=0.52(0.85x2500x98.76+4x.31x40000)
=134921.8Lb/2240
=60.23ton

အခုဆက်ပြီး Working Stress Design နဲ့ Ultimate Design
ကွာခြားပုံကို ဆက်ပြောချင်ပါတယ်။
Working Stress Design ရဲ့ အားသားချက်က တွက်ရတာ
ပိုလွယ်ကူပါတယ် safe ပို ဖြစ်ပါတယ်။
အားနည်းချက်ကတော့ ကုန်ကျစရိတ် ပိုများပါတယ်။
Ultimate Design ကတော့ ကုန်ကျစရိတ်ပို သက်သာအောင် concrete နဲ့ 
သံချောင်းတို့ ရဲ့ ultimate တန်ဖိုးကို အသုံးချ တွက်ချက်တာဖြစ်ပါတယ်။
အပေါ်က တွက်ချက်ထားတဲ့ ခံနိုင်အားကို စစ်ကြည့်ပါ
(Working Stress Design နဲ့ တွက်တုန်းက 28.95 ton ပဲခံမယ့် RC တိုင်က
Ultimate Design နဲ့ တွက်ချက်ကြည့်ရာ 60.23ton ခံနိုင်တယ်လို့  ယူဆလို့ ရပါတယ်)
ဒီဘက်ခေတ်မှာတော့ Ultimate Design ကိုသာ အသုံးများပါတော့တယ်။

ဖော်ပြပါ RC တိုင်သည် retangular ဖြစ်ပြီး အခုတွက်ချက်ဖော်ပြမှုသည်
compressive load ခံနိုင်အား သီးသန့် ကိုသာ တွက်ချက်ဖော်ပြခြင်းဖြစ်ပါသည်။
shear နှင့် tension မပါသေးပါ။

calculation ပိုင်းတွင် အမှားအယွင်းပါပါက ခွင့်လွတ်ပေးစေလိုပါသည်။
ကျွန်တော်အခု RC Column Design & Analysis အတွက် Android Application ရေးထားပါသည်။
Ultimate Design ကိုသာ အသုံးပြုထားပါသည်။
File Size က KB အဆင့်ပဲ ရှိပါသည်။ စိတ်ဝင်စားပါက http://mmewp.org/?p=439 တွင် Download ဆွဲနိုင်ပါသည်။
အသုံးမပြုမီ အင်္ဂလိပ်လိုဖော်ပြထားသော အညွန်းစာများကို သေချာ ဖတ်စေလိုပါသည်။

ဂျူနီယာ တစ်ယောက်ဖြစ်သဖြင့် အမှားအယွင်းများပါပါက သည်းခံခွင့်လွတ်စေလိုပါသည်။
စီနီယာများ၏ လမ်းညွန်မှုကိုလည်း ခံယူလိုပါသည်။
ဂျူနီယာများ၏ ဝေဖန်မှုကိုလည်း ကြားလိုပါသည်။

အချိန်ရရင် RC Beam Design အကြောင်းဆက်ရေးပါဦးမည်။

မှီငြမ်း - Design of Reinforced Concrete Structures by George Winter
Field Reference Manual for Site Engineers and Inspectors
by U Nyi Hla Nge
Online Wikipedia

Written by Engr Tin Ko Ko (Founder @ Myanmar Engineering Web Portal)

အထူးသတိပြုရန်

Ko Bobo Kyaw's Comment

(ဒီ Formula က axial load ကို (0.1h) coln အနားရဲ့ 10% ထိပဲ Eccentric လွဲခွင့်ရှိပါတယ်။ Moment ကို pu x 0.1h အထိပဲ ရှိလို့ရတယ်လို့ဆိုလိုပါတယ်။ တကယ့် အဆောက်အဦတွေမှာတော့ Moment က ဒီပမာဏထက်များမှာဖြစ်ပါတယ်။ Lateral load ပါတဲ့ seismic နဲ့ wind ပါလာရင် ပိုများပါမယ်။ coln loading ကို catchment areas နဲ့ တွက်ပြီး ဒီ Formulas တွေအတိုင်းတွက်ပြီး သုံးမိမှာစိုးလို့ သတိပေးတာပါ။ Moment မရှိနိုင်တဲ့ structure မျိုးမှာတော့ ဒီအတိုင်းတွက်ပြီးသုံးနိုင်ပါတယ်)

Disqus Shortname

Comments system