Tuesday, September 16, 2014

RC Column Strength Design (အခြေခံအတွက်သာ)

RC Column Strength Design (အခြေခံအတွက်သာ)
--------------------------------------------------------------

10"x10" အရွယ်ရှိ RC တိုင်ထဲတွင် 5/8" အချင်းရှိသော သံချောင်း လေးချောင်းထည့်ထားသည်။
ကွန်ကရစ်တိုင်၏ ခံနိုင်အားကို ရှာပါ။
f'c=2500psi, fy=40000psi
(ကျွန်တော်ကတော့ ဖော်ပြပါ f'c နဲ့  fy တန်ဖိုးကို လက်ရှိ အထပ်နိမ့် ကန်ထရိုက်တိုက်များအတွက်
ခံနိုင်အားတွက်ချက်ရာတွင် အကြမ်းဖျင်းယူဆပြီး တွက်ချက်ပါသည်။)

P= RC တိုင်၏ခံနိုင်အား
်fc=ကွန်ကရစ် အမှန်တကယ်အလုပ်လုပ်သော ခံနိုင်အား (fc=0.45f'c ဖြစ်သည်။)
f'c= ပြိုကွဲသည်အထိ ကွန်ကရစ်၏ ခံနိုင်အားကုန်
fs=သံချောင်း၏ အမှန်တကယ် အလုပ်လုပ်နိုင်သော ဆွဲဆန့် ခံနိုင်အား
(ကျွန်တော်ကတော့် ကတော့ fs=20000psi ဖြင့် ယူဆပြီးတွက်လေ့ရှိသည်။)
fy=သံချောင်း၏ ဆွဲဆန့် ခံနိုင်အားကုန် ပြတ်ထွက်သည်အထိ
(ဆရာတစ်ယောက်ကတော့ အကြမ်းဖျင်းအားဖြင့် fs=2/3fy ရှိသည်ဟု
ပြောဖူးသည် အတိအကျတော့ မဟုတ်ပါ)
Ac=ကွန်ကရစ် ဧရိယာ
As=သံချောင်များ၏ ဧရိယာ
Ag=ကွန်ကရစ်နှင့်သံချောင်း မျက်နှာပြင် စုစုပေါင်း(Ag=Ac+As)

၁။Working Stress Design
ပထမဆုံး RC တိုင်၏ ခံနိုင်အားကို ရိုးရိုးပဲတွက်ကြည့် ဦးမည်။

P=Acfc+Asfs
=(10x10-4x.31)1125+4x.31x20000 (fc=0.45x2500)
=111105+24800
=135905 Lb/2240
=60.67 ton

အခု design strength ရအောင်တွက်မည်။
Design of Reinforced Concrete Structures by George Winter စာအုပ်ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက
P=0.18f'cAg+0.8Asfs
=(0.18x2500x100)+(0.8x4x.31x20000)
=45000+19840
=64840Lb/2240
=28.95 ton
ဖော်ပြပါ Method တွင် h/t တန်ဖိုး 10 ထက်ကျော်ပါက ခံနိုင်အားကို
လျော့ရမည်ဟု ဆိုထားသည်။
h= RC တိုင် အမြင့်
t= အသေးဆုံးအတိုင်းအထွာ

ဥပမာတိုင် အမြင့် 12 ပေ ရှိသည်ဆိုပါစို့ ။
h/t=144/10 =14.4 (10 ထက်ကျော်သည် ခံနိုင်အား လျော့ချရမည်။)
လျော့ချရန် ပုံသေနည်း
P=P'(1.3-0.03h/t)
=28.95(1.3-0.03x14.4)
=25.13 ton

ထို့ ကြောင့် မူလက 28.95ton ခံနိုင်သော RC တိုင်သည်
h/t အချိုး 10ကျော်သွားသဖြင့် 25.13 ton သာ ခံနိုင်ပါတော့သည်။

၂။Ultimate Design
ဒီ Method ကိုတော့ စာဖတ်သူများ အကျွမ်းတ၀င် ရှိမည်ဟုထင်ပါသည်။
ဦးညီလှငယ်၏ Field Reference Manual for Site Engineers and Inspectors စာအုပ် ထဲက
RC Column Design Strength ပုံသေနည်း ဖြင့်တွက်ပါက

P=0.52(0.85f'cAc+Asfy)
=0.52(0.85x2500x98.76+4x.31x40000)
=134921.8Lb/2240
=60.23ton

အခုဆက်ပြီး Working Stress Design နဲ့ Ultimate Design
ကွာခြားပုံကို ဆက်ပြောချင်ပါတယ်။
Working Stress Design ရဲ့ အားသားချက်က တွက်ရတာ
ပိုလွယ်ကူပါတယ် safe ပို ဖြစ်ပါတယ်။
အားနည်းချက်ကတော့ ကုန်ကျစရိတ် ပိုများပါတယ်။
Ultimate Design ကတော့ ကုန်ကျစရိတ်ပို သက်သာအောင် concrete နဲ့ 
သံချောင်းတို့ ရဲ့ ultimate တန်ဖိုးကို အသုံးချ တွက်ချက်တာဖြစ်ပါတယ်။
အပေါ်က တွက်ချက်ထားတဲ့ ခံနိုင်အားကို စစ်ကြည့်ပါ
(Working Stress Design နဲ့ တွက်တုန်းက 28.95 ton ပဲခံမယ့် RC တိုင်က
Ultimate Design နဲ့ တွက်ချက်ကြည့်ရာ 60.23ton ခံနိုင်တယ်လို့  ယူဆလို့ ရပါတယ်)
ဒီဘက်ခေတ်မှာတော့ Ultimate Design ကိုသာ အသုံးများပါတော့တယ်။

ဖော်ပြပါ RC တိုင်သည် retangular ဖြစ်ပြီး အခုတွက်ချက်ဖော်ပြမှုသည်
compressive load ခံနိုင်အား သီးသန့် ကိုသာ တွက်ချက်ဖော်ပြခြင်းဖြစ်ပါသည်။
shear နှင့် tension မပါသေးပါ။

calculation ပိုင်းတွင် အမှားအယွင်းပါပါက ခွင့်လွတ်ပေးစေလိုပါသည်။
ကျွန်တော်အခု RC Column Design & Analysis အတွက် Android Application ရေးထားပါသည်။
Ultimate Design ကိုသာ အသုံးပြုထားပါသည်။
File Size က KB အဆင့်ပဲ ရှိပါသည်။ စိတ်ဝင်စားပါက http://mmewp.org/?p=439 တွင် Download ဆွဲနိုင်ပါသည်။
အသုံးမပြုမီ အင်္ဂလိပ်လိုဖော်ပြထားသော အညွန်းစာများကို သေချာ ဖတ်စေလိုပါသည်။

ဂျူနီယာ တစ်ယောက်ဖြစ်သဖြင့် အမှားအယွင်းများပါပါက သည်းခံခွင့်လွတ်စေလိုပါသည်။
စီနီယာများ၏ လမ်းညွန်မှုကိုလည်း ခံယူလိုပါသည်။
ဂျူနီယာများ၏ ဝေဖန်မှုကိုလည်း ကြားလိုပါသည်။

အချိန်ရရင် RC Beam Design အကြောင်းဆက်ရေးပါဦးမည်။

မှီငြမ်း - Design of Reinforced Concrete Structures by George Winter
Field Reference Manual for Site Engineers and Inspectors
by U Nyi Hla Nge
Online Wikipedia

Written by Engr Tin Ko Ko (Founder @ Myanmar Engineering Web Portal)

အထူးသတိပြုရန်

Ko Bobo Kyaw's Comment

(ဒီ Formula က axial load ကို (0.1h) coln အနားရဲ့ 10% ထိပဲ Eccentric လွဲခွင့်ရှိပါတယ်။ Moment ကို pu x 0.1h အထိပဲ ရှိလို့ရတယ်လို့ဆိုလိုပါတယ်။ တကယ့် အဆောက်အဦတွေမှာတော့ Moment က ဒီပမာဏထက်များမှာဖြစ်ပါတယ်။ Lateral load ပါတဲ့ seismic နဲ့ wind ပါလာရင် ပိုများပါမယ်။ coln loading ကို catchment areas နဲ့ တွက်ပြီး ဒီ Formulas တွေအတိုင်းတွက်ပြီး သုံးမိမှာစိုးလို့ သတိပေးတာပါ။ Moment မရှိနိုင်တဲ့ structure မျိုးမှာတော့ ဒီအတိုင်းတွက်ပြီးသုံးနိုင်ပါတယ်)

0 comments:

Post a Comment

Disqus Shortname

Comments system