CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Wednesday, August 27, 2014

အမေးအဖြေ (၉) Ground Beam & Ground Floor Slab Weight

Ground Beam & Ground Floor Slab Weight

မေး - etab မှာground floor ရဲ့Loading ကို first floor slab တွေလိုပဲတင်ရလားအစ်ကို
ဖြေ - Ground Floor slab weight ကို Ground beam ကို မထမ်းခိုင်းပါဘူး မြေကြီးကိုပဲ ထမ်းခိုင်းပါတယ်။ ဒါကြောင့် GF slab weight ကို GB ပေါ်တင်စရာမလိုပါ။ (Basement ပါလို့ဖြစ်ဖြစ်) GF slab ပါ သံချီရင်တော့ GF slab weight ကို GB ကို ထမ်းခိုင်းရမှာပါ

ဆက်စပ်မေးခွန်း
မေး - ground beam ကိုဘာအတွက်သုံးပါသလဲ ground floor မှာ only beam ဘဲသုံးပြီး slab အစားအရပ်ခေါ်ခဲကျိုးဘာလို့လောင်းပါသလဲ ဆရာ
ဖြေ - Ground beam ကို Ground Floor Level မှာ column တွေချုပ်ဖို့နဲ့ အုပ်ရိုးထမ်းဖို့အတွက် သုံးပါတယ်။ Ground Floor ကို Rc slab မလုပ်တာက Ground beam နဲ့ Footing ကို ဝန်မပိုစေချင်လို့ပါ။ Ground Floor ကြမ်းခင်း weight ကို အောက်က မြေကြီးကိုပဲ ထမ်းခိုင်းလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၈) Tension Failure & Compression Failure

Tension Failure & Compression Failure



မေး - concrete design အပေါ်မှာ လွှမ်းမိုးတယ့် tension failure နဲ့ compression failure တွေအကြောင်းကို သိလိုပါတယ်ခင်ဗျာ။ နောက်ပြီး tension control တို့ အကြောင်းတွေရောပါ့။ ဆိုလိုတာက design က tension control ဖြစ်ပြီဆိုရင် လက်ခံနိုင်တယ့် design ဖြစ်ပြီ ဆိုလို့ပါ။



ဖြေ - Beam တစ်ချောင်းကို သူရဲ့ carrying capacity အထိ loading တင်ကြည့်ရင် ပုံစံ(၂) မျိုးထဲက (၁)မျိုးနဲ့  Failure (ကျိုး) ဖြစ်နိုင်ပါတယ်။

ပထမတစ်မျိုးက (steel ratio  နည်းတဲ့အခါ အသင့်အတင့်ထည့်တဲ့အခါ) steel က အရင် yield ဖြစ်ပြီး နောက်မှ concrete က cracks တွေ ကျယ်ပြီး beam အောက်ခြေကနေ အပေါ်ထိ ပြန့်နှံ့ပြီး Failure ဖြစ်တာပါ။ ဒီလို Failure မျိုးကို Tension Failure လို့ခေါ်ပါတယ်။

ဒုတိယတစ်မျိုးက ( (steel ratio  ထည့်တာများတဲ့အခါ) steel yield မဖြစ်ခင် concrete က strain အရမ်းများပြီး ခံနိုင်ရည်အရင်ကုန်သွားပါတယ်။ အဲနောက်မှ steel က မခံနိုင်လို့ (ကျိုး) Failure ဖြစ်တဲ့အခါ Warning Sign မပြနိုင်ပဲ Failure ဖြစ်ပါတယ်။ ဒီလို Failure မျိုးကို Compression Failure လို့ခေါ်ပါတယ်။



Compression Failure က  Warning Sign မပြတဲ့အတွက် Tension Failure ကိုပဲ ရွေးချယ်ကြပါတယ်။



Steel က အရင် yield ဖြစ်မဖြစ် (Tension Failure လား  Compression Failure လား) ဆိုတာကို Balanced Steel Ratio နဲ့ဆုံးဖြတ်ပါတယ်။ Balanced Steel Ratio မှာ Steel က yield ဖြစ်တာနဲ့ concrete က သူ့ရဲ့ compressive strain limit ဖြစ်တဲ့ 0.003 ကို ရောက်တာတို့ တပြိုက်နက် ဖြစ်ပါတယ်။

ဒါကြောင့် တကယ်ထည့်တဲ့ Steel ratio က Balanced Steel Ratio ထက် ညီတာနဲ့ ငယ်တာဆိုရင် Tension Failure  ဖြစ်ပါတယ်။

Balanced Steel Ratio ထက် များတာဆိုရင်တော့ Compression  ဖြစ်ပါတယ်။



စာလေးမှာဆိုးလို့ Theory လျော့ပြီး အများနားလည်လွယ်အောင် ကြိုးစားရေးထားပါတယ်။ အသေးစိပ်ဖတ်ချင်သူများ Beam အခန်းမှာပြန်ဖတ်ပေးကြပါ။ ဖတ်ပြီး ဆွေးနွေးလိုပါက comment box မှာဆွေးနွေးနိုင်ပါတယ်။

(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၇) လူသိများပြီး အရှည်ကောက်အသိနည်းနေတဲ့ အတိုကောက်စာလုံးများ

လူသိများပြီး အရှည်ကောက်အသိနည်းနေတဲ့ အတိုကောက်စာလုံးများ

မေး - CWT ရဲ့အရှည်ကောက်သိချင်လို့ပါ အကို

ဖြေ - Cwt ရဲ့အရှည်ကို hundredweight or centum weight လို့ခေါ်ပါတယ်။ မြန်မာလို ဟန်ဒြိတ် (သို့) ဟန် လို့ခေါ်ပြီး ၁ ဟန်ကို ၁၁၂ ပေါင် ရှိပါတယ်။

အလားတူ လူသိများပြီး အရှည်ကောက်အသိနည်းနေတဲ့ အတိုကောက်စာလုံးအချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

AG - agitating truck
DPC - damp-proof course
EIA - environmental impact assessment
QS - quantity surveyor

(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၆) Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares များ

Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် software များ

မေး -မင်္ဂလာပါအကို ကျွန်တော်ကဒီနှစ် BE ဖြေထားတာပါ။ တခုလောက်သိချင်လို့ပါခင်ဗျ။ Civil Engineer တယောက်က Etabs, Auto Cad, Sketch Up...စတဲ့ Engineering software တွေကိုအကုန်တတ်ကျွမ်းဖို့လိုအပ်ပါသလား ခင်ဗျ။
ဖြေ - Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares တွေကတော့
1) MS Office (especially excel)
စာစီ စာရိုက်ဖို့ အတွက် Microsoft word, လိုအပ်တဲ့အခါ Presentation ပြနိုင်ဖို့အတွက် PowerPoint, စာရင်းဇယားတွက်ချက်ဖို့ (eg, Quantities Survey), လက်နဲ့တွက်ရမယ့် design အချို့ကို spreadsheet တွေရေးဆွဲဖို့အတွက် Excel တို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့  Excel ကို ပိုလိုအပ်ပါတယ်။
2) Autocad or other drawing software (especially 2D drawings)
Civil သမားတစ်ယောက်က 3D ဆွဲတတ်ဖို့ထက်  working drawings တွေ details drawings တွေ ရေးဆွဲနိုင်ဖို့ 2D ကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲတတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ အများသုံးတဲ့ drawing software ကတော့ Autocad ပါ။ စင်္ကာပူမှာတော့ Revit ကို စပြောင်းနေပြီလို့ သိရပါတယ်။ ဒါကြောင့် software ကတော့ မိမိအလုပ်လုပ်မယ့် ဒေသမှာ အသုံးပြုတဲ့ software ကို တတ်ကျွမ်းဖို့ လိုပါတယ်။ Sketch Up လို 3D ဆွဲဖို့ ကတော့ မဖြစ်မနေတတ်ထားရမယ့် ထဲတော့ မပါပါဘူး။ တတ်ထားရင်လည်း မမှားပါဘူး။ ဒါပေမယ့် မိမိသွားမယ့် လမ်းကြောင်း မပျောက်သွားဖို့တော့ အရေးကြီးပါတယ်။
၃) Structural Software (essentially to get design basics and design senses whether want to go design fields or not)
ETABS လို Structural Software တစ်ခုခုကိုတော့ structure designer မလုပ်ဘူးဆိုပေမယ့် structure design စဉ်းစားပုံတွေ၊ တွက်ချက်ပုံတွေ သိထားသင့်တဲ့အတွက် တတ်ထားသင့်ပါတယ်။ Structure design သမားတွေကတော့ ETABS & SAFE, STAAD Pro & STAAD foundation ထဲက အနဲဆုံးတတွဲကို တတ်ထားဖို့လိုပါတယ်။ အခြား analysis သီးသန့်ဖြစ်ဖြစ်   analysis & design ဖြစ်ဖြစ် software တွေကို တတ်ထားရင် ကောင်းပါတယ်။
ဒါတွေကတော့ civil engineers သမား အများစုအတွက် လိုအပ်တဲ့ software တွေပါ။ ဒါပေမယ့် မိမိလုပ်ကိုင်ရမယ့် လုပ်ငန်းသဘောပေါ် မူတည်ပြီး လုပ်ငန်းခွင်မှာ ထပ်မံ အသုံးချရမယ့် software တွေ ရှိနိုင်ပါတယ် (ဥပမာ Management (schedule တွေရေးဆွဲဖို့) အတွက် Primavera စသည်)
တနေ့ကမှ internet က ရထားတဲ့ Civil Engineering Software's List ဆိုတာလေးပါ ဗဟုသုတသဘော ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၅) High-rise building & high strength concrete

High-rise building & high-strength concrete

မေး - High-rise building တွေမှာ ဘယ်လို concrete strength ကို သုံးပါသလဲ။ Concrete compressive strength ကို 28 days ကိုပဲယူပါသလား။

ဖြေ-
High-rise building အဖြစ် အမြင့်ပေဘယ်လောက်၊ ဘယ်နှယ်ထပ်ဆိုတဲ့ သတ်မှတ်ချက်က တနိုင်ငံနဲ့ တနိုင်ငံ၊ တမြို့နဲ့ တမြို့ မတူနိုင်ပါ။ ဒီ note မှာတော့ အထပ်(၅၀) အထက်ကို ရည်ရွယ်ရေးသားပါတယ်။
High-rise building တွေက high strength concrete ကို သုံးကြပါတယ်။ High strength concrete က 50-100MPA(7250-14,500psi) အတွင်းမှာ ရှိပါတယ်။  ပုံမှန်အားဖြင့် 28-day strength ကို ယူကြပေမယ့် high-rise building တွေမှာတော့ အောက်ထပ်တွေက တစ်နှစ်ကြာတာတောင် loading အပြည့်မထမ်းရတဲ့အတွက် 56 (or) 91-day test result ကို economical ဖြစ်အောင်ယူတယ်လို့ ဆိုပါတယ်။  မြန်မာပြည်မှာလည်း high-rise ဆိုတဲ့ အသံလေးတွေ ကြားလာရပြီဆိုတော့ high-rise building တွေမှာ သုံးကြတဲ့ concrete strength ကို လေ့လာသိရှိထားသင့်ပါတယ်။ဆောက်ခဲ့တဲ့ High-rise building နဲ့ သုံးခဲ့တဲ့ concrete strength တွေကို building high နဲ့အတူ ဖော်ပြပေးထားပါတယ်။
12,000 psi (82.7 MPa)
Two Prudential Plaza* Chicago 1989 (above 800 ft)
311 South Wacker Drive*Chicago 1989 (above 900 ft)
Society Center† Cleveland 1991 (above 800 ft)
One Peachtree Center* Atlanta 1991 (above 800 ft)

12,500 psi (86 MPa)
Trump Palace* New York City 1991 (above 600 ft)

14,000 psi (96.5 MPa)
Dain Bosworth Tower* Minneapolis 1991 (above 500 ft)
225 West Wacker Drive* Chicago 1988 (above 300 ft)

17,000 psi (117.2MPa)
Gateway Tower† Seattle 1990 (above 700 ft)

19,000 psi (131.0Mpa)
Pacific First Centre† Seattle 1989 (above 600 ft)
Two Union Square† Seattle 1988 (above 700 ft)
* Reinforced concrete frame
† Composite concrete/steel frame
** Also includes one experimental column of 17,000 psi

High-rise building တွေမှာ high strength concrete သုံးတယ်ဆိုရာမှာ အဆောက်အဦ members အားလုံးကို strength တပြေးညီ သုံးချင်မှ သုံးပါတယ်။ တချို့က column ကို strength အများဆုံးသုံးကြပါတယ်။ ပြီးတော့ slab လိုမျိုးကြတော့ standard concrete ကို သုံးတတ်ကြပါတယ်။

Reference -
Concrete Technology Today - High Strength Concrete (Portland Cement Association)
http://www.ejse.org/Archives/Fulltext/200101/01/20010101
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၄) Strength of concrete for various ages

Strength of concrete for various ages

မေး - Concrete compressive strength ကို ၂၈ ရက်မှာ ရှိတဲ့ strength (fc' at 28 days) ကို ယူကြတာသိပါတယ်။ ဒါပေမယ့် ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာနဲ့ ၂၈ရက် နောက်ပိုင်းမှာ  concrete strength က ဆက်တက်မှုရှိမရှိ သိချင်ပါတယ်။
ဖြေ - concrete strength က
3 ရက်မှာ 0.46 x 28 days strength
7 ရက်မှာ 0.71 x 28 days strength
28 ရက်မှာ 1 x 28 days strength
2 လမှာ 1.1 x  28 days strength
3 လမှာ 1.16 x  28 days strength
6 လမှာ 1.2 x  28 days strength
1 နှစ် မှာ 1.24 x  28 days strength ရှိပါတယ်။

concrete strength က ဘယ်နှယ်ရက်သားမှာ ၂၈ ရက်မှာ ရှိတဲ့ concrete ရဲ့ ဘယ်နှယ်ရာခိုင်နှုန်းရှိတယ်ဆိုတာကို ပုံမှာကြည့်နိုင်ပါတယ်။


Formula မနေနဲ့လည်း ACI က recommend ပေးထားတဲ့ formula ရှိပါတယ်။ အဲဒီ formula နဲ့ ရှာကြည့်တဲ့ အဖြေနဲ့ ပုံမှာပေးထားတာနဲ့ ကိုက်ညီပါတယ်။
fcm(t) =f28{t/(4+0.85t)}

သတိပြုရမှာက ဖော်ပြထားတာတွေက curing လုပ်တဲ့ concrete အတွက်ဖြစ်ပါတယ်။ curing မလုပ်တဲ့ concrete က ဒီအထဲမှာ အကြုံးမ၀င်ပါဘူး။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၃) Importance of "Moment of Inertia" in Structural Engineering

Importance of "Moment of Inertia" in Structural Engineering

ကျွန်တော့် Message box ကနေ moment of inertia အကြောင်း ဒီလိုမေးလာပါတယ်

မေး - အစ်ကိုရေ ကျွန်တော်သိချင်တာလေးတခုမေးချင်လို့ပါ။ ကျွန်တော် structure design တွေတွက်တော့ steel မှာ ဖြစ်ဖြစ်၊ timber မှာဖြစ်ဖြစ်၊ concrete မှာပဲဖြစ်ဖြစ် Moment of Inertia (I) ကို ထည့် တွက်ရတာလေ။ အဲ့ဒါကို ဘယ်လိုကြောင့် ထည့်တွက်ရလည်း ဆိုတာသိချင်ပါတယ်ါခင်ဗျာ။ တည်ငြိမ်ကိန်း ဆိုတဲ့ အကြောင်းအရာ ကို “ရပ်မြဲရပ်၊ တည်မြဲတည်” ဆိုတဲ့ အရာနဲ့ ဆက်စပ်လို့ မရပဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလို့ပါခင်ဗျာ

သူ့မေးခွန်းက လက်ရှိသိထားတဲ့အသိနဲ့ဖြေဖို့ ဆိုရင် သူရှင်းအောင်ပြောနိုင်မယ်မထင်တာရယ် ထပ်ဆင့်မေးလာနိုင်တဲ့မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော့်အတွက်ခက်ခဲတဲ့အတွက် ရှာဖွေ ဖတ်မှတ်ပြီး ပြောပါမယ်လို့ ပြောခဲ့ပါတယ်။
Post အနေနဲ့ တင်မှအဆင်ပြေမှာမို့ ဖတ်၊ မှတ်ပြီးတော့ အများဖတ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Moment of inertia ဆိုတာ မပြောခင် Newton's law of inertia ကို အရင်ပြောပါမယ်။  Newton's law of inertia ကဘာပြောသလဲဆိုရင်  ရပ်နေတဲ့အရာဝတ္ထုတိုင်းဟာ "ရပ်မြဲရပ်လိုတယ်၊ ရွှေ့နေတဲ့အရာဝတ္ထုတိုင်းဟာ ရွှေ့မြဲရွှေ့လိုတယ်" လို့ပြောပါတယ်။ အပြင်က ပြောင်းလဲနိုင်တဲ့ force မသက်ရောက်မချင်း အဲဒီရပ်မြဲရပ်လို၊ ရွှေ့မြဲရွှေ့လိုတာကို ထိန်းသိမ်းထားပါတယ်။

အဲဒီကနေ Engineering မှာ 'Inertia' ဆိုတာကို ပြောင်းလဲဖို့ခုခံမှု (resistance to change) အဖြစ်ယူပါတယ်။ အဲတော့ အရာဝတ္ထုတစ်ခုရဲ့ Moment of inertia ဆိုတာ အဲဒီအရာဝတ္ထုရဲ့moment ကို ခုခံမှု (resistance to moment) ပဲဖြစ်ပါတယ်။ Moment of inertia များလေလေ moment ခံနိုင်ရည်များလေလေပါပဲ။ ဒါကြောင့် beam တွေအတွက် moment ခံနိုင်ရည်များအောင် Moment of inertia  (I) တန်ဖိုးများတဲ့ H-section တွေအသုံးပြုတာပါ။

Moment of inertia ကို Equation အနေနဲ့ဆိုရင်
Rectangular section အတွက်
I(xx)=(bd^3)/12)
I(yy)=(db^3/12)
where, b=width of the section, d=depth of the section
The axes x-x and y-y are passing through the centroid and x-x axis is parallel to the width of the section and y-y axis is parallel to the depth

Circular section အတွက်ကတော့
I(xx)=I(yy)=(phi D^4)/64
where, D=diameter of the section

Beam တချောင်းတောင့်တင်းမှုအပေါ် Moment of inertia (I) ရဲ့သက်ရောက်မှုကို ပေတံတချောင်းနဲ့ ဥပမာပေးပါမယ်။ ပေတံကို beam တချောင်းလိုသဘောထားပြီး ပြားလိုက်ကွေးကြည့်ပါ။ အလွယ်တကူ ကွေးလို့ရတာကို တွေ့ရပါမယ်။ နောက် ဒေါင်လိုက်ကွေးကြည့်ပါ ခုနကလောက် မလွယ်တာကို တွေ့ရပါမယ်။ ပေတံရဲ့ ဧရိယာဟာ case ၂ခုလုံးအတွက် အတူတူပါပဲ။ ဒါဆိုဘာကများ ပြောင်းလဲသွားစေတာပါလဲ။ Moment of inertia (I) ပါပဲ။ နောက် case ရဲ့ I က ပထမ case ရဲ့ I ထက်ပိုများနေလို့ပါ။ ဒါကိုတွက်ကြည့်ကြရအောင်ပါ။



ပေတံရဲ့ width ကို 0.1"
depth ကို 1" လို့ ယူဆပါမယ်။
ဒါဆို ပထမ case အတွက်ဆိုရင်



ဒုတိယ case အတွက်ဆိုရင်




Cross sectional area တူပေမယ့် beam position မတူလို့ moment of inertia (I) မတူပုံ၊ moment ခံနိုင်ရည် မတူတာကို လေ့လာလိုက်ရပါတယ်။ ဒါကြောင့် moment of inertia(I) များအောင် ထားသိုပေးရမယ်ဆိုတာ သိနိုင်ပါတယ်။ Moment of inertia (I) ရဲ့ အရေးပါမှုကလည်း ဒီဥပမာနဲ့ ထင်ရှားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

အမေးအဖြေ (၂) Splice Locations for beams & columns

Splice Locations for beams & columns
Message box ကနေမေးထားတာကို အများဖတ်နိုင်အောင် note အနေနဲ့တင်လိုက်တာပါ။

မေး -သံချောင်း lapping ဆက်တာ top bar ဆို ဘယ်နေရာ bottom bar ဆိုဘယ်နေလဲ သိချင်ပါတယ်
ဖြေ - Beam မှာ top bar ကို mid span မှာဆက်တာ အကောင်းဆုံးဖြစ်ပြီး bottom bar ကို support နား column face ကနေ 2h (h=beam depth) အကွာမှာဆက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အကောင်းဆုံးနေရာတွေမှာပဲဆက်ဖို့ အခက်အခဲ(သံချောင်းပုတ်တာ)ရှိနိုင်တဲ့အတွက် ပုံမှာ Splice zone ဆိုပြီး Splice ဆက်ရမယ့် zone သတ်မှတ်ပေးထားပါတယ်။ အဲဒီ zone အပြင်မှာမဆက်ရပါဘူး။
Column ကတော့ ရိုးရိုးအဆောက်အဦဆိုရင် (ငလျှင်မပါရင်) ကြမ်းခင်းလောင်းပြီးအပေါ်မှာ ဆက်နိုင်ပါတယ်။ ငလျှင်ပါရင်တော့ Floor တွေရဲ့အလယ်မှာဆက်ရပါမယ်။

 

Bo Bo Kyaw
https://www.facebook.com/notes/bobo-kyaw/civil-%E1%80%94%E1%80%B2%E1%82%95%E1%80%95%E1%80%90%E1%80%B9%E1%80%9E%E1%80%80%E1%80%B9%E1%80%90%E1%80%B2%E1%80%B7-%E1%80%A1%E1%80%B1%E1%80%99%E1%80%B8%E1%80%A1%E1%80%B1%E1%80%BB%E1%80%96-%E1%81%82/10200747684475027

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁)

ကျွန်တော့်ကို Friend List ထဲက ညီငယ်တစ်ယောက်က civil နဲ့ပတ်သက်လို့ အမေးအဖြေဆွေးနွေးခန်း ဆိုပြီး group လေးလုပ်ဖို့ အကြံပေးပါတယ်။ သူ့အကြံကကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ 'Myanmar Professional Engineers(Mdy)' group ထောင်ပြီးရှိနှင့်နေပြီးပါပြီ။ ဒါကြောင့် ဒီ group မှာပဲ သိချင်တာ ဆွေးနွေးမေးမြန်းနိုင်ကြောင်းနဲ့ မိမိသိတာကို share နိုင်ကြောင်းပြန်ပြောခဲ့ပါတယ်။ သူပြောတာတွေကလည်း ကျွန်တော်ဖြစ်ချင်တဲ့ group တည်ထောင်တဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီနေပါတယ်။ Group မှာ Members (၃၀၀) နီးပါးရှိနေပြီ ဖြစ်ပေမယ့် group တည်ထောင်တဲ့ ရည်ရွယ်ချက်တွေနဲ့ အလှမ်းကွာဝေးနေဆဲဖြစ်ပါတယ်။ ဒါကိုအားလုံးဝိုင်းကြိုးစားပေးကြဖို့ တောင်းဆိုပါရစေ။
civil နဲ့ပတ်သက်တဲ့ အမေးအဖြေ အနေနဲ့ လတ်တလောကျွန်တော်ဖြေခဲ့ရတဲ့ မေးခွန်းလေးနဲ့စလိုက်ချင်ပါတယ်။
civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁)
မေး - Rectangular Footing မှာ Longer direction steel နဲ့ Shorter direction steel ဘယ် direction က steel ကို အောက်ကထားရမလဲ
ဖြေ - အပေါ်က steel နဲ့ အောက်က steel ကွာခြားသွားတာက Effective depth (d) ပါ။ အောက်က Steel က အပေါ် steel ထက် Effective depth (d) သံလုံးတလုံးစာ (အချင်း) ပိုပါတယ်။ Rectangular Footing မှာ Longer direction steel ကို Shorter direction steel အောက်ကထားသင့်ပါတယ်။ ဘာလို့လဲ့ဆိုတော့ာ Longer direction က Shorter direction ထက် moment ပိုများတဲ့အတွက် Effective depth (d) ပိုရအောင် အောက်ကထားသင့်တာပါ။
မေး - Slab မှာဆိုရင်ကော ဘယ် steel ကို အောက်ကထားရမလဲ
ဖြေ - ဘယ်ဟာက အပေါ် ဘယ်ဟာက အောက်ဆိုတာမှာ ဘယ်ဟာက moment ပိုများပြီး effective depth (d) ပိုများအောင်ထားပေးဖို့ လိုသလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ Slab မှာ Shorter direction steel က moment ပိုများတဲ့အတွက် Bottom Layer မှာ effective depth (d) ပိုများအောင် Shorter ကို longer အောက်ထားပြီး၊ Top Layer မှာတော့ effective depth (d) ပိုများအောင် Shorter ကို longer အပေါ်ထားသင့်ပါတယ်။
မေး - Main Beam နဲ့ Secondary Beam ဆုံရင်ရော
ဖြေ - အရင်ပြောခဲ့တဲ့ idea အတိုင်း ဘယ်ဟာက moment ပိုများပြီး effective depth (d) ပိုများအောင်ထားပေးဖို့ လိုသလဲဆိုတာကို အာရုံစိုက်ရမှာပါ။ Main Beam ကို effective depth (d) ပိုများအောင်ထားပေးဖို့ လိုတဲ့အတွက် Main Beam ရဲ့ Bottom Bar က Secondary Beam ရဲ့ Bottom Bar အောက်ကရှိရမှာဖြစ်ပြီး၊ Main Beam ရဲ့ Top Bar က Secondary Beam ရဲ့ Top Bar အပေါ်ကကရှိရမှာဖြစ်ပါတယ်။
'Myanmar Professional Engineers (Mdy)' group ပါ။ Engineers အကို၊ အမ၊ ညီ၊ ညီမများ ၀င်ရောက်လှုပ်ရှားနိုင်ဖို့ ဖိတ်ခေါ်ပါတယ်။ Member မ၀င်ရောက်ခင် Group Description ကိုတော့အရင်ဖတ်ကြည့်စေချင်ပါတယ်။
Bo Bo Kyaw
https://www.facebook.com/groups/458274827576495/

Saturday, August 23, 2014

Approximate UBC Code Maximum Zone Acceleration and Magnitude

Approximate UBC Code Maximum Zone Acceleration and Magnitude

အဆောက်အဦတွေ  ငလျင်ဒဏ်ခံနိုင်အောင်  ငလျင်ကိုထည့်သွင်းတွက်ချက်တယ် ဆောက်လုပ်တယ်ဆိုရာမှာ  ငလျင်ဒဏ်ဘယ်လောက် ခံနိုင်သလဲဆိုတာကို မေးကြပါတယ်။ ဒီမှာ ခက်တာက အင်ဂျင်နီယာတွေ ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်တာက ground acceleration နဲ့ 0.4g, 0.3g စတာတွေဖြစ်ပါတယ်။ နောက် သူတို့အဓိကထားတာက စိတ်ဝင်စားတာ Earthquake ( ငလျင်) ရဲ့ Intensity ဖြစ်တဲ့  မာကာလီ (Mercalli) တွေ ground acceleration တွေ ဖြစ်ပါတယ်။
အပြင်လူတွေသိတာက  ( ငလျင်) ရဲ့ Magnitude ဖြစ်တဲ့ ရစ်တာစကေးဖြစ်ပါတယ်။ အပြင်လူတွေကို (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration နဲ့သွားပြောရင် မသိပါဘူး။
အဲတော့ အင်ဂျင်နီယာတွေ ဒီဇိုင်းမှာ ထည့်သွင်းတွက်ချက်တဲ့  (ငလျင် ရဲ့ Intensity ဖြစ်တဲ့) ground acceleration ကို အပြင်လူတွေသိတဲ့  ( ငလျင်ရဲ့ Magnitude ဖြစ်တဲ့ ) ရစ်တာစကေး နဲ့ ပြောပြနိုင်အောင် အဲဒီနှစ်ခု အကြမ်းဖျင်း ဘယ်လိုညီမျှတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ PE Structure အတွက် Reference စာအုပ်တစ်အုပ်ဖြစ်တဲ့ Michael R. Lindeburg ရေးတဲ့ "Seismic Design of Building Structures" စာအုပ်ကနေ ကူးယူဖော်ပြပေးတာပါ။




ငလျင် ရဲ့ magnitude & intensity အကြောင်းကိုလည်း အရင်ရေးဖူးတဲ့အထဲကနေ ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။
ငလျင်ရဲ့ ပမာဏနဲ့ပြင်းအား (magnitude & intensity)
ရစ်တာစကေးဘယ်လောက် ဆိုတာ ငလျင်ရဲ့ ပမာဏ(magnitude) ကိုပြောတာပါ။ ငလျင်ရဲ့ဗဟိုချက် (epicenter) နဲ့ အနီးအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။ ဥပမာ ၀ပ် ၄၀ မီးချောင်းဟာ နီးနီးဝေးဝေး ၀ပ် ၄၀ ပါပဲ။ အကွာအဝေးပေါ် လိုက်ပြီး မပြောင်းလဲပါ။
intensity ဆိုတာက ငလျင်ဒဏ်ခံစားရမှုကို ပြဆိုပါတယ်။ မာကာလီ (Mercalli) နဲ့ပြမယ်၊ ground accelerationနဲ့ပြမယ်။ ဥပမာ ၀ပ် ၄၀ မီးချောင်း နဲ့ အနီးအဝေးပေါ် မူတည်ပြီး light intensity (lumens နဲ့တိုင်းတာ) ပြောင်းလဲနေပါတယ်။
တူညီတဲ့ ငလျင်မှာ ပမာဏ(magnitude) ဥပမာရစ်တာစကေးက တူညီပြီး၊ ငလျင်ဒဏ်ခံစားရမှု (intensity ) က အကွာအဝေးပေါ် လိုက်ပြီး မတူညီပါ။
ဒါကြောင့် ငလျင်ပြင်းအား ရစ်တာစကေး ဘယ်လောက်ခံနိုင်ပါတယ် ဆိုတာ အတိအကျ ပြောမရနိုင်ပါ။

 Ref https://www.facebook.com/bobokyaw.mdy

ကြော်ငြာ

လူကြီးမင်းတို့ဧ။် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွါးရေးလုပ်ငန်းများအတွက်
ကိုယ်ပိုင် website (eg www.yourcompanyname.com)
ကိုယ်ပိုင် Android
ပြုလုပ်လိုပါက
၀၉ ၄၃၁၉၅၈၄၀(ကိုဖြိုး) ကိုဆက်သွယ်ပါ။

အဆောက်အဦ ဘေးတိုက်ဘယ်လောက် တိမ်းစောင်းလို့ ရနိုင်သလဲ ? BoBo Kyaw

  1. အဆောက်အဦ ဘေးတိုက်ဘယ်လောက် တိမ်းစောင်းလို့ ရနိုင်သလဲ ?
    ဘေးတိုက်တိမ်းစောင်းတဲ့ အရွေ့က ၃ မျိုးရှိမယ်ထင်ပါတယ်
    1) ငလျင်ကြောင့်ဖြစ်တဲ့ လှုပ်တုန်းဖြစ်မယ့် ဘေးတိုက်အရွေ့ Lateral Drift
    ဒါကို UBC code က 2% နဲ့ ကန့်သတ်ပါတယ်။
    (ဒါနဲ့ဆက်နွယ်ပြီး ငလျင်လှုပ်ရင် အဆောက်အဦနှစ်ခု ဘေးတိုက် တိုက်နိုင်မယ့် Ponding အတွက် Mnimum Separation Distance
    ကိုလည်း YCDC အထပ်မြင့်တွေမှာ Check ခိုင်းပါတယ်)
    2) Construction လုပ်ရာမှာ Formwork ပုံဆင်ပုံရိုက်ကြောင့် လွဲနိုင်တဲ့ ဘေးတိုက်လွဲနိုင်ခွင့် Horizontal tolerance ပါ
    ဒါကတော့ 10' မှာ 1/4" နဲ့ အဆောက်အဦတစ်ခုလုံးအတွက်တော့ ထောင့်တိုင်တွေအတွက် 1/2" နဲ့ ကျန်တိုင်တွေအတွက်တော့ 1" ဆိုပြီး ACI က maximum အနေနဲ့ ကန့်သတ်ထားပါတယ်
    3) အဆောက်အဦဆောက်ပြီးမှ Environmental Effect ကြောင့်နဲ့ (ဥပမာ ငလျင်ကြောင့် ရွေ့သွားတာမျိုး) ဒီအတိုင်း နေရင်း (Dead load, Live load ကြောင့်) တိမ်းစောင်းသွားတာမျိုးပေါ့။ ဒါကိုတော့ ဘယ်လောက် ကန့်သက်ထားသလဲမသိပါ။ ဆောင်းပါးတခုမှာတော့ YCDC က 5" လို့ သတ်မှတ်ထားတယ်ဆိုတာမျိုး ဖတ်ရပါတယ်။ ဒီမှာ ကိုယ်သိထားတဲ့ 1) နဲ့ 2) အရဆိုရင် 1) က Lateral Drift ပါ UBC အရ 2% ပါ။ ဒါပေမယ့် ဒါက ငလျင်လှုပ်တုန်း ရွေ့မယ့်အရွေ့ပါ တသက်လုံးရှိမယ့် အရွေ့မဟုတ်ပါ။ 2( ကတော့ Formwork ကြောင့်ဖြစ်တဲ့ error သူကတော့ တသက်လုံးရှိသွားမယ့်အရွေ့။ သူကိုတော့ ကိုးကားရမယ်ထင်ပါတယ်။ သူ့အတိုင်းဆိုရင် 1"ပါ။
    3) နဲ့ ပတ်သက်လို့ နိုင်ငံတကာစံနှုန်း အတိအကျသိသူများ ကျေးဇူးပြုပြီး ပြောပေးကြပါ။
    Comment ကနေ Ko San Nwe ပေးတဲ့ The 14 th World Conference on Earthquake Engineering October 12-17, 2008, Beijing, China " PERMISSIBLE RESIDUAL DEFORMATION LEVELS FOR BUILDING STRUCTURES CONSIDERING BOTH SAFETY AND HUMAN ELEMENTS" ဆိုတဲ့ Paper မှတော့ " findings suggest that 0.005 rad can be used as an index level for permissible residual deformation" လို့ပါပါတယ်။
    ဒါအရဆိုရင် 100' အမြင့်ဆိုရင်တောင်မှာ 0.5" လောက်ပဲပေးပါတယ်။
     
     Ref https://www.facebook.com/bobokyaw.mdy

    ကြော်ငြာ

    လူကြီးမင်းတို့ဧ။် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွါးရေးလုပ်ငန်းများအတွက်
    ကိုယ်ပိုင် website (eg www.yourcompanyname.com)
    ကိုယ်ပိုင် Android
    ပြုလုပ်လိုပါက
    ၀၉ ၄၃၁၉၅၈၄၀(ကိုဖြိုး) ကိုဆက်သွယ်ပါ။

"Traffic Jam နှင့် Ring Road များ"

Phdဘွဲ့ရ (၉)ဦး ME ဘွဲ့ရ (၁၉၅)ဦး BEနှင့်AGTI အင်ဂျင်နီယာ(၃၀၀၀)ကျော်တို့ တာဝန်ထမ်းဆောင်နေသော ကျွန်တော်တို့ ဌာနတွင် Civil, Mechanical, Electrical, Architecture ဘာသာရပ်အလိုက် လွန်စွာထူးချွန်သောပညာရှင်များရှိပါသည်။ ပညာရှင်များသည် ၄င်းတို့၏ တက်ကျွမ်းမှု များကို Research များ ၊ Plan များ ၊ Proposal များရေးဆွဲ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲမပြတ် တင်ပြနေကြပါသည်။ နိုင်ငံ့အတွက် ကြိုးစားနေကြပါသည်။

၂၀၀၇ ခုနှစ် အတွင်းကဂျပန်နိုင်ငံမှ Training Programme  မှ ပြန်ရောက် လာသော ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ လမ်း၊တံတားအင်ဂျင်နီယာတစ်ဦးသည် နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် ရန်ကုန်မြို့၏ Traffic Jamကိုဖြေရှင်းရန်အတွက် Inner Ring Road နှင့် Outer Ring Road များကိုစိတ်ကူးရေးဆွဲ၍ တင်ပြခဲ့ဘူးပါသည်။ သို့သော် အကောင်အထည်မဖော်နိုင်ခဲ့ပါ။

"၂၀၀၇ တွင် တင်ပြခဲ့သည့် အဆိုပြုပုံ"




၂၀၁၃ တွင် ဂျပန်နိုင်ငံ JICA ၏ အကူအညီဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး Plan ရေးဆွဲရာတွင် Nippon Koeiသို့ မိမိဌာနမှ ၂၀၀၇ ခုနှစ်ကရေးဆွဲခဲ့သော Ring Road များကို ပြသခဲ့ရာထိုRing Road များကိုအခြေခံ၍ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး Plan တွင် အောက်ဖော်ပြပါ Outer Ring နှင့် Inner Ring များရေးဆွဲခဲ့ပါသည်။



Ring Roads ဆိုသည်မှာမီးပွိုင့်များ၊ လမ်းဆုံများ Junction များမရှိရဘဲတဆက်တည်းမောင်းနှင်နိုင်ရမည်ဖြစ်၍ Inner Ring Road မှာ Elevated Ring Road ဆောင်ရွက်မှ Function ဖြစ်ပါမည်။ ဤသည်ကိုလည်းဂျပန်နိုင်ငံ YUEX မှ Elevated Ring Road First Phase ကိုရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ဆက်သွယ်နိုင်ရန် အောက်ပါအတိုင်း
Scenario I ရေးဆွဲပါသည်။









Scenario I ၏ နောက်ဆက်တွဲဆောင်ရွက်ရမည်မှာ Feasibility Study ဆောင်ရွက်ရမည်ဖြစ်ရာ …

Ref https://www.facebook.com/md.kyawlinn


ကြော်ငြာ

လူကြီးမင်းတို့ဧ။် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွါးရေးလုပ်ငန်းများအတွက်
ကိုယ်ပိုင် website (eg www.yourcompanyname.com)
ကိုယ်ပိုင် Android
ပြုလုပ်လိုပါက
၀၉ ၄၃၁၉၅၈၄၀(ကိုဖြိုး) ကိုဆက်သွယ်ပါ။

Saturday, August 16, 2014

တံတားတည်ဆောက်ခြင်းအတတ်ပညာ (၁)

ကမ္ဘာပေါ်တွင်  လူသားရယ်လို့ ပေါ်ပေါက်လာသောကျောက်ခေတ်ကာလမှာပင် ကမ္ဘာဦးလူသားတို့သည် တံတားကိုစတင်တည်ထောင်ခဲ့ကြသည်။ တကယ့်အဖြစ်မှာ - ကမ္ဘာပေါ်တွင် ကျောက်ခေတ်လူသားတို့ အင်ဂျင်နီယာအတတ်ပညာကို စတင် အသုံးပြုခဲ့ကြသည်မှာတံတားဆောက်လုပ်ခြင်းဖြစ်သည်။ ထိုအချိန်တွင် အိမ်ယာ အတတ်ပညာမရှိသေး။ ကျောက်ဂူတွင်နေကြသည်။ မီးကိုမတွေ့ရှိသေး။ အစိမ်းစားသောအချိန်တွင် သားကောင်သည် ချောက်ကမ္ဘား၏ တစ်ဖက်ကမ်းတွင် ရှိသည်ကိုသိသော လူသားများက ချောက်ကမ္ဘားထိပ်ကသစ်ပင်ကိုခုတ်၍ တဖက် ချောက်ကမ္ဘားထိပ်သို့ လဲကျအောင် ဆောင်ရွက်ပြီးထိုသစ်ပင်ပေါ်မှ ဖြတ်ကူး အမဲလိုက်ခဲ့ကြသည်။ ကမ္ဘာ့ပထမဆုံးအင်ဂျင်နီယာအတတ်ပညာ (တံတားထိုးခြင်း) ဖြစ်ပါသည်။






နောက်ပိုင်းလူ့ယဉ်ကျေးမှုများထွန်းကားလာသောအချိန်တွင် တံတားအတတ်ပညာသည်လည်း မြင့်တက်လာခဲ့ပြီးသစ်ဖြင့်တံတားထိုးခြင်း၊ အုတ်ဖြင့် တံတားထိုးခြင်းတို့ကိုဆောင်ရွက်လာကြပါသည်။ ကမ္ဘာပေါ်တွင် ယူဖရေးတီး(စ်)နှင့် တိုက်ဂရစ်မြစ်ဝှမ်းဒေသများတွင် အစောဆုံး မြစ်ချောင်းများကို ဖြတ်၍ တံတားထိုးခဲ့ကြပြီး မြန်မာနိုင်ငံတွင် ဗိဿ      နိုးခေတ်၊ ပျူခေတ်များမှစ၍ အုတ်ဖြင့် တံတားတည်ဆောက်ခြင်းဆောင်ရွက်ခဲ့ကြသည်။
 ရောမခေတ် BC ၇၀ခန့်တွင် သဘာဝပိုလိုဇန်ကို ထုံး၊ ရေတို့ဖြင့်ရောစပ်ပြီးကျောက်တုံးများဖြင့် Arch Bridge များတည်ဆောက်ခဲ့ကြသည်။ ယခုတိုင် Rome တွင် ရှေးဟောင်းတံတား (၆)စင်းကိုထိန်းသိမ်းထားရှိပါသည်။


BC 27 က တည်ဆောက်ခဲ့သော Italy နိုင်ငံ Rimini မြို့ရှိ Ponte de Tiberio Bridg


၁၁၇၆ ခုနှစ်ကတည်ဆောက်ခဲ့သော Old London Bridge


၁၃၃၃ ခုနှစ်ကတည်ဆောက်ခဲ့သောဆွစ်ဇာလန်နိုင်ငံ ၊ လူဇန်မြို့ရှိ Charpel Bridge (204m Long)


၁၃၀၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံမှ Pont Valentreတံတား


၁၅၉၁ ခုနှစ်ကတည်ဆောက်ခဲ့သောအီတလီနိုင်ငံဗင်းနစ်မြို့ရှိ Rialto Bridge


၁၅၇၈ ခုနှစ်ကတည်ဆောက်ခဲ့သော ပြင်သစ်နိုင်ငံပဲရစ်မြို့ရှိ Pont Neufတံတား


၁၇၅၀တွင် တည်ဆောက်ခဲ့သောလန်ဒန်မြို့ရှိ Westminster Bridge
(သံမဏိများစတင်၍ ထည့်သွင်းအသုံးပြုခဲ့သောတံတား)


၁၈၄၅ ခုနှစ်၊ ဂျာမဏီနိုင်ငံGottash Valley တွင် တည်ဆောက်ထားသော Arch Bridge
(reinforcing bar ကို စတင်၍ ထည့်သွင်းထားပါသည်)

လူတို့၏ ယဉ်ကျေးမှုများမြင့်တက်လာသည်နှင့်အမျှ တံတားအတတ်ပညာ တို့သည်လည်း မြင့်မားလာခဲ့ပါသည် ။ ထို့ပြင် ………

Credit https://web.facebook.com/notes/kyaw-linn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC-%E1%81%81/250336238507597/

တံတားတည်ဆောက်ခြင်းအတတ်ပညာ (၂)


        ထို့ပြင် တံတားတည်ဆောက်ရာတွင်လည်း အခက်အခဲအတားအဆီး (Hazard)ကို ကျော်ဖြတ်ရန် ရည်ရွယ်သည်သာမက အမြင်လှပတင့်တယ်ခန့်ညားရန် ဦးစားပေး တည်ဆောက်လာကြပါသည်။ သက်ဆိုင်ရာမြို့တော်ဝန်များက မိမိမြို့ဖွံ့ဖြိုးတိုးတက် လှပရေးအတွက် ခေတ်မှီလှပသော တံတားများဖြင့် တန်ဆာဆင်ကြသကဲ့သို့ မြို့လူထု ကလည်း အဆိုပါ တ့တားကြီးများဖြင့် ဂုဏ်ယူလေ့ရှိပါသည်။ ဥပမာ ။ Sanfransisco မြို့မှ Golden Gate တံတား၊ အိုဆာကာမြို့အနီးမှ Akashi Kaikyo တံတား၊ လန်ဒန်မြို့၏ သိမ်းမြစ်တံတား၊ မြန်မာပြည်မှ စစ်ကိုင်းတံတား၊ မော်လမြိုင်တံတား၊ ကလေးဝတံတား၊ ပခုက္ကူတံတားအစရှိသည့်တံတားများကိုလည်း မြို့လူထုကနှစ်သစ်မြတ်နိုးကြသလို တံတားတည်ဆောက်ခဲ့သော အင်ဂျင်နီယာများကိုလည်း သူရဲကောင်းသဖွယ် သဘောထားဂုဏ်ပြုကြပါသည်။
        မြို့တော်ဝန်များက သူ့ထက်ငါအပြိုင်တံတားများဖြင့် အလှဆင်ကြရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် တံတား Design များသည် တံတားဗိသုကာ လက်ရာများနှင့် အပြိုင် ပုံစံထုတ်လာခဲ့ကြပါသည်။



























မြို့ခံလူထုတို့သည် မိမိတို့၏မြို့တော်အမှတ်လက္ခဏာ (Landmark) ဖြစ်သော တံတားကြီးများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် တာဝန်ရှိပါသည်။

https://www.facebook.com/notes/md-kyawlinn/%E1%80%90%E1%80%B6%E1%80%90%E1%80%AC%E1%80%B8%E1%80%90%E1%80%8A%E1%80%B9%E1%80%B1%E1%80%86%E1%80%AC%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%90%E1%80%90%E1%80%B9%E1%80%95%E1%80%8A%E1%80%AC-%E1%81%82/252041198337101

Disqus Shortname

Comments system