Wednesday, August 27, 2014

အမေးအဖြေ (၃) Importance of "Moment of Inertia" in Structural Engineering

Importance of "Moment of Inertia" in Structural Engineering

ကျွန်တော့် Message box ကနေ moment of inertia အကြောင်း ဒီလိုမေးလာပါတယ်

မေး - အစ်ကိုရေ ကျွန်တော်သိချင်တာလေးတခုမေးချင်လို့ပါ။ ကျွန်တော် structure design တွေတွက်တော့ steel မှာ ဖြစ်ဖြစ်၊ timber မှာဖြစ်ဖြစ်၊ concrete မှာပဲဖြစ်ဖြစ် Moment of Inertia (I) ကို ထည့် တွက်ရတာလေ။ အဲ့ဒါကို ဘယ်လိုကြောင့် ထည့်တွက်ရလည်း ဆိုတာသိချင်ပါတယ်ါခင်ဗျာ။ တည်ငြိမ်ကိန်း ဆိုတဲ့ အကြောင်းအရာ ကို “ရပ်မြဲရပ်၊ တည်မြဲတည်” ဆိုတဲ့ အရာနဲ့ ဆက်စပ်လို့ မရပဲ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေလို့ပါခင်ဗျာ

သူ့မေးခွန်းက လက်ရှိသိထားတဲ့အသိနဲ့ဖြေဖို့ ဆိုရင် သူရှင်းအောင်ပြောနိုင်မယ်မထင်တာရယ် ထပ်ဆင့်မေးလာနိုင်တဲ့မေးခွန်းတွေကို ဖြေနိုင်ဖို့ ကျွန်တော့်အတွက်ခက်ခဲတဲ့အတွက် ရှာဖွေ ဖတ်မှတ်ပြီး ပြောပါမယ်လို့ ပြောခဲ့ပါတယ်။
Post အနေနဲ့ တင်မှအဆင်ပြေမှာမို့ ဖတ်၊ မှတ်ပြီးတော့ အများဖတ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Moment of inertia ဆိုတာ မပြောခင် Newton's law of inertia ကို အရင်ပြောပါမယ်။  Newton's law of inertia ကဘာပြောသလဲဆိုရင်  ရပ်နေတဲ့အရာဝတ္ထုတိုင်းဟာ "ရပ်မြဲရပ်လိုတယ်၊ ရွှေ့နေတဲ့အရာဝတ္ထုတိုင်းဟာ ရွှေ့မြဲရွှေ့လိုတယ်" လို့ပြောပါတယ်။ အပြင်က ပြောင်းလဲနိုင်တဲ့ force မသက်ရောက်မချင်း အဲဒီရပ်မြဲရပ်လို၊ ရွှေ့မြဲရွှေ့လိုတာကို ထိန်းသိမ်းထားပါတယ်။

အဲဒီကနေ Engineering မှာ 'Inertia' ဆိုတာကို ပြောင်းလဲဖို့ခုခံမှု (resistance to change) အဖြစ်ယူပါတယ်။ အဲတော့ အရာဝတ္ထုတစ်ခုရဲ့ Moment of inertia ဆိုတာ အဲဒီအရာဝတ္ထုရဲ့moment ကို ခုခံမှု (resistance to moment) ပဲဖြစ်ပါတယ်။ Moment of inertia များလေလေ moment ခံနိုင်ရည်များလေလေပါပဲ။ ဒါကြောင့် beam တွေအတွက် moment ခံနိုင်ရည်များအောင် Moment of inertia  (I) တန်ဖိုးများတဲ့ H-section တွေအသုံးပြုတာပါ။

Moment of inertia ကို Equation အနေနဲ့ဆိုရင်
Rectangular section အတွက်
I(xx)=(bd^3)/12)
I(yy)=(db^3/12)
where, b=width of the section, d=depth of the section
The axes x-x and y-y are passing through the centroid and x-x axis is parallel to the width of the section and y-y axis is parallel to the depth

Circular section အတွက်ကတော့
I(xx)=I(yy)=(phi D^4)/64
where, D=diameter of the section

Beam တချောင်းတောင့်တင်းမှုအပေါ် Moment of inertia (I) ရဲ့သက်ရောက်မှုကို ပေတံတချောင်းနဲ့ ဥပမာပေးပါမယ်။ ပေတံကို beam တချောင်းလိုသဘောထားပြီး ပြားလိုက်ကွေးကြည့်ပါ။ အလွယ်တကူ ကွေးလို့ရတာကို တွေ့ရပါမယ်။ နောက် ဒေါင်လိုက်ကွေးကြည့်ပါ ခုနကလောက် မလွယ်တာကို တွေ့ရပါမယ်။ ပေတံရဲ့ ဧရိယာဟာ case ၂ခုလုံးအတွက် အတူတူပါပဲ။ ဒါဆိုဘာကများ ပြောင်းလဲသွားစေတာပါလဲ။ Moment of inertia (I) ပါပဲ။ နောက် case ရဲ့ I က ပထမ case ရဲ့ I ထက်ပိုများနေလို့ပါ။ ဒါကိုတွက်ကြည့်ကြရအောင်ပါ။



ပေတံရဲ့ width ကို 0.1"
depth ကို 1" လို့ ယူဆပါမယ်။
ဒါဆို ပထမ case အတွက်ဆိုရင်



ဒုတိယ case အတွက်ဆိုရင်




Cross sectional area တူပေမယ့် beam position မတူလို့ moment of inertia (I) မတူပုံ၊ moment ခံနိုင်ရည် မတူတာကို လေ့လာလိုက်ရပါတယ်။ ဒါကြောင့် moment of inertia(I) များအောင် ထားသိုပေးရမယ်ဆိုတာ သိနိုင်ပါတယ်။ Moment of inertia (I) ရဲ့ အရေးပါမှုကလည်း ဒီဥပမာနဲ့ ထင်ရှားပါပြီ။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system