Wednesday, August 27, 2014

အမေးအဖြေ (၆) Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares များ

Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် software များ

မေး -မင်္ဂလာပါအကို ကျွန်တော်ကဒီနှစ် BE ဖြေထားတာပါ။ တခုလောက်သိချင်လို့ပါခင်ဗျ။ Civil Engineer တယောက်က Etabs, Auto Cad, Sketch Up...စတဲ့ Engineering software တွေကိုအကုန်တတ်ကျွမ်းဖို့လိုအပ်ပါသလား ခင်ဗျ။
ဖြေ - Civil Engineer တစ်ယောက် တတ်ကျွမ်းထားရမယ့် softwares တွေကတော့
1) MS Office (especially excel)
စာစီ စာရိုက်ဖို့ အတွက် Microsoft word, လိုအပ်တဲ့အခါ Presentation ပြနိုင်ဖို့အတွက် PowerPoint, စာရင်းဇယားတွက်ချက်ဖို့ (eg, Quantities Survey), လက်နဲ့တွက်ရမယ့် design အချို့ကို spreadsheet တွေရေးဆွဲဖို့အတွက် Excel တို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့  Excel ကို ပိုလိုအပ်ပါတယ်။
2) Autocad or other drawing software (especially 2D drawings)
Civil သမားတစ်ယောက်က 3D ဆွဲတတ်ဖို့ထက်  working drawings တွေ details drawings တွေ ရေးဆွဲနိုင်ဖို့ 2D ကို ကျွမ်းကျွမ်းကျင်ကျင် ဆွဲတတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည်မှာ အများသုံးတဲ့ drawing software ကတော့ Autocad ပါ။ စင်္ကာပူမှာတော့ Revit ကို စပြောင်းနေပြီလို့ သိရပါတယ်။ ဒါကြောင့် software ကတော့ မိမိအလုပ်လုပ်မယ့် ဒေသမှာ အသုံးပြုတဲ့ software ကို တတ်ကျွမ်းဖို့ လိုပါတယ်။ Sketch Up လို 3D ဆွဲဖို့ ကတော့ မဖြစ်မနေတတ်ထားရမယ့် ထဲတော့ မပါပါဘူး။ တတ်ထားရင်လည်း မမှားပါဘူး။ ဒါပေမယ့် မိမိသွားမယ့် လမ်းကြောင်း မပျောက်သွားဖို့တော့ အရေးကြီးပါတယ်။
၃) Structural Software (essentially to get design basics and design senses whether want to go design fields or not)
ETABS လို Structural Software တစ်ခုခုကိုတော့ structure designer မလုပ်ဘူးဆိုပေမယ့် structure design စဉ်းစားပုံတွေ၊ တွက်ချက်ပုံတွေ သိထားသင့်တဲ့အတွက် တတ်ထားသင့်ပါတယ်။ Structure design သမားတွေကတော့ ETABS & SAFE, STAAD Pro & STAAD foundation ထဲက အနဲဆုံးတတွဲကို တတ်ထားဖို့လိုပါတယ်။ အခြား analysis သီးသန့်ဖြစ်ဖြစ်   analysis & design ဖြစ်ဖြစ် software တွေကို တတ်ထားရင် ကောင်းပါတယ်။
ဒါတွေကတော့ civil engineers သမား အများစုအတွက် လိုအပ်တဲ့ software တွေပါ။ ဒါပေမယ့် မိမိလုပ်ကိုင်ရမယ့် လုပ်ငန်းသဘောပေါ် မူတည်ပြီး လုပ်ငန်းခွင်မှာ ထပ်မံ အသုံးချရမယ့် software တွေ ရှိနိုင်ပါတယ် (ဥပမာ Management (schedule တွေရေးဆွဲဖို့) အတွက် Primavera စသည်)
တနေ့ကမှ internet က ရထားတဲ့ Civil Engineering Software's List ဆိုတာလေးပါ ဗဟုသုတသဘော ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system