CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Showing posts with label support. Show all posts
Showing posts with label support. Show all posts

Saturday, December 6, 2014

Type of Support

Support Type 3 မျိုးရှိပါတယ်။
1) Pin Support
2) Roller Support
3) Fixed Support
Pin ဆိုရင် moment မရှိဘူး။ Force (Fx, Fy) တွေပဲ ရှိတယ်ဆိုတာ ကျောင်းသားဘဝကတည်းက သိကြပါတယ်။ ဒါပေမယ့် ဘာကြောင့်ဆိုတာ စဉ်းစားမိချင်မှ စဉ်းစားမိတတ်ပါတယ်။
Pin ကို Hinge လို့လဲခေါ်ပါတယ်။ Hinge ဆိုတာ တံခါးပတ္တာပါ။ တံခါးကို ဖွင့်ကြည့်ပါ တွန်းကြည့်ပါ။ တံခါးက အလိုက်တသင့် လည်လိုက်နေတာ တွေ့ပါမယ်။ ဒါဆို Hinge က Rotation ကို မဆန့်ကျင်ဘူး ခွင့်ပြုတယ်ဆိုတာ သိနိုင်ပါတယ်။ အဲ့လို ခွင့်ပြုတဲ့အတွက် သူ့မှာ Rotation ကို resist လုပ်မယ့် moment မရှိပါဘူး။ ဒါကြောင့် Hinge မှာ Moment မရှိပါ။
အဲ့လို တံခါးရွက်က အလိုက်တသင့် လိုက်လည်နေပေမယ့် သူ့ကို ရေပြင်ညီ ရွှေ့ကြည့်ပါ။ အပေါ်အောက် ရွှေ့ကြည့်ပါ။ မရွှေ့တာကို တွေ့ရပါမယ်။ အဲ့လိုမရွှေ့တဲ့အတွက် မရွှေ့အောင် resist လုပ်ရတဲ့ Horixontal နဲ့ Vertical Force (Fx, Fy) တွေ သူ့မှာရှိနေရပါတယ်။
ကျန် Support တွေကို နောက်နေ့ဆက်ပြောပါမယ်။
(ဗိုလ်ဗိုလ်ကျော်)

Disqus Shortname

Comments system