CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Tuesday, August 28, 2018

ကျောင်းတော်ကြီးနဲ့ အမှတ်တရ

25.8.2018 TU meikhtila မှာ ကျွန်တော့် CE analysis လေးအား ရှင်းပြနေစဉ်။

ကျွန်တော့် မှတ်တမ်းလေး ကျွန်တော့် app မှာ အမှတ်တရတင်ခြင်းပါ ။

ဒီပွဲ မှာတွေ့ခဲ့ရတယ် အတွေ့အကြုံတွေကို နောင်အနာဂါတ် ညီငယ်ညီမတွေ အတွက် နောက်ပိုင်းမှာ ရေးသားတင်ပြပေးသွားပါ့မယ်ဗျ။လောလောဆယ်တော့ အမှတ်တရ ပုံတင်ရုံပါပဲဗျ။

ထွန်းအောင်ဖြိုး
TU Meikhtila






Monday, August 27, 2018

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၃)
Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Impact force အကြောင်းပြောပါဦး။
Impact ဆိုတာကတော့ dynamic force အမျိုးအစားပဲ။ ပစ္စည်းတစ်ခုကို အမြင့်တစ်နေရာက အရှိန်နဲ့ ပစ်ချလိုက်တဲ့အခါ အဲဒီပစ္စည်းနဲ့ မျက်နှာပြင်နဲ့ ထိတဲ့အချိန်မှာ ဖြစ်တဲ့ force ပေါ့။ အဲဒီပစ္စည်းရဲ့weight နဲ့ falling speed ကို energy အနေနဲ့ ပြောင်းလဲလိုက်တဲ့အခါမှာ static load ထက် အများကြီး အားပြင်းတဲ့ impact force ကိုဖြစ်စေတာပေါ့။ ကားနှစ်စီးအရှိန်နဲ့ တိုက်တာလည်း impact ဘဲ။ တိုက်တဲ့အရှိန်ပြင်းလေလေ impact force များလေလေ၊ ပျက်စီးမှုများလေလေပေါ့။ Asphalt Compaction မှာတော့ vertical impact force ကို အဓိက အသုံးပြုတာပေါ့။ Vibratory compactors တွေမှာတော့ weight ကတော့ drum ရဲ့ weight ပေါ့။ Impact force ရဖို့အတွက် အဲဒီ drum ကို လေထဲရောက်အောင် မပေးပြီး ပြန်ကျအောင်လုပ်ပေးရတာပေါ့။ အဲလို drum ကို အထက်အောက် ရွေ့ရှားပေးခြင်းကြောင့် ဖြစ်လာတဲ့ impact force တွေက ကတ္တရာသားပေါ်သက်ရောက်တယ်။ အဲဒီ Impact force တွေကြောင့် ကတ္တရာပေါ်မှာ အားကြီးတဲ့ pressure wave တွေဖြစ်ပေါ်စေတယ်။ Pressure wave တွေက ကတ္တရာသားရဲ့မျက်နှာပြင်ပေါ်မှာ အားအကောင်းဆုံးဖြစ်ပြီး အောက်ရောက်လာလေလေ အားပျော့လေလေဖြစ်ပြီး နောက်ဆုံးမှာ ပျက်ပြယ်သွားတယ်။
- ဒါဆို Impact force သုံးတာ vibratory compactors တွေပဲပေါ့။
ဟုတ်တယ်။ Steel Drums Static Rollers တွေက fixed static load တစ်ခုဘဲ သုံးလို့ရပြီး နဲ့ Pnuematic Tires Compactors တွေကတော့ variable static load အပြင် manipulation သို့မဟုတ် kneading force တွေပဲ သုံးလို့ရတယ်။
- Impact force များရင် မြန်မြန်ကြိတ်လို့ရမှာပေါ့။
ယေဘူယျအားဖြင့်တော့ မှန်ပါတယ်။ ဒါပေမဲ့ သတိထားရမှာက နိုင်လွန်ကတ္တရာ လမ်းကြိတ်ရာ မှာတော့ asphalt mix design တို့၊ maximum aggregate size တို့၊ layer thickness တို့ စတာတွေပေါ်မှာ အများကြီးမူတည်တယ်။ Impact force အရမ်းများရင် နိုင်လွန်ကတ္တရာထဲက ကျောက်တွေ ကျိုးကျေနိုင်တယ်။ နိုင်လွန်ကတ္တရာလမ်းအတွက် effective compaction ရဖို့အတွက် impact force နဲ့ စက်ရဲ့တခြား characteristics တွေဖြစ်တဲ့ static weight တို့ vibration တို့နဲ့ balance ဖြစ်နေရမယ်။
- Vibration force အကြောင်း ဆက်ပါဦး။
Vibration အကြောင်းပြောရင် vibration amplitude နဲ့ vibration frequency ကို အရင်နားလည်မှ ရမည်။
Vibration compactor တွေရဲ့ drum အတွင်းမှာရှိတဲ့ဝင်ရိုးမှာ eccentric weight တွေတပ်ထားတယ်။ အဲဒီ eccentric weight တပ်ထားတဲ့ ဝင်ရိုးကိုလှည့်ပေးခြင်းဖြင့် eccentric weight အပေါ်ဘက်ခြမ်းရောက်နေချိန်မှာ drum က အပေါ်ဘက်သို့တက်သွားပြီး eccentric weight အောက်ဖက်ရောက်ချိန်မှာ drum ကို ကတ္တရာပေါ်ကို ရိုက်ချစေတယ်။ အဲဒီလိုဝန်ရိုးတစ်ပတ်လည်ပြီး တစ်ချက်ရိုက်ချလိုက်တာက one impact force ဘဲ။ အဲဒီဝင်ရိုးကို speed တစ်ခုနဲ့ အဆက်မပြတ် လှည့်ပေးလိုက်ရင် တစ်မိနစ်အတွင်းမှာ ကတ္တရာသားပေါ် အချက်ရေပေါင်းများစွာ ရိုက်ပေးနိုင်တယ်။ အဲဒီဝင်ရိုးကိုလှည့်ပေးတဲ့ speed က vibration frequency လို့ခေါ်ပြီး Drum ပြန်ကျပြီး ကတ္တရာကို ရိုက်လိုက်တဲ့အချိန်မှာ ကတ္တရာထဲနစ်ဝင်သွားတဲ့ အကွာအဝေးက vibration amplitude လို့ခေါ်တယ်။ အဲဒါတွေအားလုံးကိုခြုံပြီး အလွယ်တကူ vibration force လို့သုံးတယ်။
- နားလည်လွယ်အောင် ဥပမာလေးနဲ့ ပြလို့ရရင် ပြပါဦး။
အလွယ်ဆုံးဥပမာပြရရင် သံရိုက်တာပေါ့ဗျာ။ (ဒီဥပမာမှာ တူရဲ့ moment arm ကိုခဏမေ့ထားလိုက်ပေါ့)။ တူရဲ့ခေါင်းက static weight ပေါ့။ ဘယ်လောက်အကွာဝေးက ရိုက်မလဲ ဆိုတာက amplitude ဖြစ်ပြီး ဘယ်လောက်အကြိမ်ရေ မြန်မြန်ရိုက်မလဲဆိုတာက frequency ပေါ့။ တူရဲ့ weight များရင် သို့မဟုတ် amplitude များရင် ခပ်နက်နက်ရိုက်လို့ရတာပေါ့။ Frequency များရင် ခပ်မြန်မြန် ရိုက်တာပေါ့။
- ဆက်ပါဦး။
Vibration amplitude တွေ frequency တွေ ပေါင်းပြီးဖြစ်လာတဲ့ vibration force တွေက နိုင်လွန်ကတ္တရာသားရဲ့ မျက်နှာပြင်ပေါ်ကို pressure wave တွေအနေနဲ့ စဉ်ဆက်မပြတ် သက်ရောက်စေတယ်။ အဲလိုအဆက်မပြတ်ကျရောက်လာတဲ့ pressure wave တွေကြောင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းမှာပါတဲ့ aggregates တွေရဲ့ bonds တွေကိုကျေပျက်စေပြီး ကျောက်များကိုပိုမိုပူးကပ်စွာနေရာရွေ့စေခြင်းဖြင့် air voids တွေကိုလျော့ချပေးတယ်။ တနည်းအားဖြင့် density တက်လာစေတယ်။
- Amplitude များလေလေ vibration force များလေလေဆိုတော့ compactor တွေမှာ amplitude ပြောင်းလို့ရလား။
ရပါတယ်။ ခေတ်ပေါ် vibratory compactor တွေမှာ two amplitude system, four amplitude system, five amplitude system စသဖြင့် ရှိပါတယ်။ စက်ဝယ်ယူစဉ်ကတည်းက မိမိလိုအပ်သလို ရွေးချယ်နိုင်ပါတယ်။
- Amplitude ပြောင်းလို့ရအောင် စက်ရဲ့အတွင်းမှာ ဘယ်လိုလုပ်ထားတာလဲ။
Amplitude က eccentric weight ပေါ်မှာ မူတည်တယ်။ Eccentric weight များရင် amplitude များမယ်။ eccentric weight နည်းရင် amplitude နည်းမယ်။ အဲဒီတော့ amplitude ပြောင်းချင်ရင် eccentric ရဲ့ weight ကို ပြောင်းပေးခြင်းဖြင့် ရနိုင်တယ်။ Eccentric weight ပြောင်းပုံပြောင်းနည်းတွေက စက်ထုတ်လုပ်သူတွေပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်တယ်။
- Amplitude နဲ့ ပတ်သက်ပြီး standard range တွေရှိသလား။
ယေဘူယျအားဖြင့် Low, Medium, High ဆိုပြီး amplitude range သုံးမျိုးရှိတယ်။
Low Amplitude Range --> 0.2 ~ 0.5 mm (0.01 ~ 0.02 in)
Medium Amplitude Range --> 0.5 ~ 0.8 mm (0.02 ~ 0.03 in)
High Amplitude Range --> 0.8 mm and above (0.03in and above)
ဥပမာ medium amplitude range ရှိတဲ့ စက်ကိုသုံးပါလို့ ပြောရင် amplitude 0.5 ~ 0.8 mm (0.02 ~ 0.03 in) ကြားထဲဝင်တဲ့ စက်ကိုဘဲ သုံးရမယ်။
- Frequency များလေလေရိုက်ချက်များလေလေဆိုတော့ compactor တွေမှာ frequency ကိုရော ပြောင်းလို့ရလား။
ရပါတယ်။ ခေတ်ပေါ် vibratory compactor တွေမှာ two frequency သို့မဟုတ် variable frequency ဆိုပြီး frequency ကို range တစ်ခုအတွင်းမှာ အမျိုးမျိုးပြောင်းလို့ရတဲ့ options တွေရှိတယ်။ စက်စဝယ်ကတည်းက ရွေးလို့ရပါတယ်။ Frequency ကို eccentric weight တပ်ထားတဲ့ဝန်ရိုးကိုလည်တဲ့ speed ကိုပြောင်းလဲပေးခြင်းဖြင့် အမျိုးမျိုးပြောင်းလဲလို့ရပါတယ်။ Unit အနေနဲ့ VPM (Vibe per minute) သို့မဟုတ် Hz (Cycle/sec) အနေနဲ့ပြတယ်။
- Frequency များရင် ပိုကောင်းတာလား။ အလုပ်လုပ်တဲ့နေရာမှာ ဘယ် frequency ကို သုံးသင့်လည်း။
ဒီနေရာမှာ frequency ဆိုတာထက် ပိုပြီးအရေးကြီးတာက impact spacing ဘဲ။ ရှေ့မှာရှင်းခဲ့သလိုပဲ တစ်ချက်ခြင်းရိုက်တာက impact, နောက်တစ်ချက်ရိုက်ရင် ဒုတိယ impact ။ impact နှစ်ခုကြား အကွာအဝေးက impact spacing ။ စက်ကရပ်နေရင် အဲဒီ impact နှစ်ခုက တစ်နေရာထဲကိုဘဲ ရိုက်နေမှာ။ လမ်းကြိတ်တဲ့အချိန်မှာ စက်က speed တစ်ခုနဲ့မောင်းနေတာ။ အဲဒီတော့ impact spacing က ရိုက်တဲ့ frequency ကြိမ်နှုန်းနဲ့ စက်ရဲ့မောင်းနေတဲ့ propuslion speed ပေါ်မှာမူတည် သွားတယ်။ ဥပမာ fixed frequency 2500VPM ရှိတဲ့ စက်ကို 50 meter/min နဲ့ မောင်းရင် impact spacing က 50 impact per meter (တစ်မီတာမှာ အကြိမ်ရေ ၅၀ ရိုက်နိုင်) ဖြစ်ပြီး 100 meter/min နဲ့ မောင်းရင် impact spacing က 25 impact per meter (တစ်မီတာမှာ အကြိမ်ရေ ၂၅ ရိုက်နိုင်) ဖြစ်မယ်။ အထက်ကဥပမာရဲ့ ပြောင်းပြန်အနေနဲ့ စက်ကို constant speed ထားပြီး frequency ကို လိုက်ပြောင်းရင်လည်း impact spacing ပြောင်းသွားမယ်။
- ဟုတ်ပြီ။ impact spacing ပြောင်းသွားတော့ ဘာဖြစ်နိုင်လဲ။
တချို့ ကအလုပ် မြန်မြန်ပြီးအောင်ဆိုပြီး စက်ကိုအမြန်မောင်းကြတယ်။ စက်မောင်းသူတွေ နဲ့ ကြီးကြပ်သူအင်/ယာတွေ အနေနဲ့ သတိမမေ့ရမှာက လမ်းကြိတ်နေတယ် ဆိုတာဘဲ။ ပြိုင်ကားမောင်းနေတာမဟုတ်ဘူးဆိုတာ သိရမယ်။ impact spacing အရမ်းများသွားရင် မရိုက်မိဘဲ ကျန်တဲ့နေရာတွေက လိုအပ်တဲ့ density ရမှာမဟုတ်ဘူး။ density specification အတိုင်းမှီဖို့ဆိုရင် အခေါက်ရေများများကြိတ်ရမယ်။ Impact spacing များရင် ကတ္တရာလမ်းပေါ်မှာ အကွာအဝေးညီနေတဲ့ impact marks တွေ တွေ့ရမည်။
Impact spacing နည်းလွန်းရင် productivity ကျပြီး ridges တွေတွေ့ရမည်။
- အဲဒါဆို impact spacing ဘယ်လောက်ထားသင့်သလဲ။
အကောင်းဆုံး impact spacing တွေက mat တစ်ခုနဲ့တစ်ခု မတူနိုင်ဘူး။ ဒါပေမဲ့ smooth mat လည်းရရမယ် production လည်းကောင်းဖို့ဆိုရင် rule of thumb အနေနဲ့ 8 ~ 14 impact per foot (26 ~ 46 impact per meter) အတွင်းထားသင့်တယ်။
- Frequency နဲ့ ပတ်သက်ပြီးရော standard range တွေရှိသလား။
ရှိပါတယ်။ ယေဘူယျအားဖြင့် Low, Medium, High ဆိုပြီး frequency range သုံးမျိုးရှိတယ်။
Low Frequency Range --> 40 ~ 47 Hz (2400 ~ 2800 VPM)
Medium Frequency Range --> 47 ~ 57 Hz (2800 ~ 3400 VPM)
High Frequency Range --> 57 Hz and above (3400 VPM and above)
- စက်တွေဝယ်ယူရာမှာ ဒီအကြောင်းအရာလေးတွေနားလည်ထားရင် ပိုကောင်းမှာပေါ့နော်။
ဟုတ်တယ်။ vibration amplitude နဲ့ frequency တွေအကြောင်း သေချာနားလည်ဖို့လိုတယ်။ တော်တော်များများက compactor တွေရဲ့ characterisitics တွေ၊ အသုံးပြုတဲ့ forces တွေ၊ ဘယ်လို အခြေအနေမှာ ဘယ်လို သုံးရမယ်ဆိုတာတွေ မသိတာများတယ်။ ဒီအခြေခံအကြောင်းအရာတွေကို နားလည်မှ စက်ဝယ်ယူရာမှာလည်း မိမိလုပ်ငန်း ပရောဂျက်တွေနဲ့ ကိုက်ညီတဲ့ စက်ကို ဝယ်ယူနိုင်မှာဖြစ်တယ်။
- နိုင်လွန်ကတ္တရာလမ်းကို စခင်းတုန်းကတော့ညီတယ်။ နောက်လမ်းအသုံးပြုပြီး သိပ်မကြာခင်မှာ တွန့်လိမ်ကုန်တာက ဘာဖြစ်လို့လဲ။
တကယ်လို့အောက်ခံ အလွှာတွေဖြစ်တဲ့ subbase တို့၊ asphalt base course တို့၊ asphalt binder course တို့ကို သတ်မှတ်ထားတဲ့ density specification အတိုင်းရအောင် ကြိတ်ထားခဲ့ပြီး အပေါ် wearing course မှာဘဲ အဲလိုတွန့်လိမ်ချိုင့်ခွက်သွားတယ်ဆိုရင် အဲဒီနောက်ဆုံးအလွှာမှာ compaction အပြည့်ရအောင် မကြိတ်ခဲ့လို့ ဒါမှမဟုတ် asphalt mix design မမှန်လို့ တခုခုဘဲ။ တကယ်လို့ အောက်ကအလွှာတွေမှာလဲ compaction မပြည့်ခဲ့ရင်လည်း same results ထွက်မှာဘဲ။ တကယ်လို့ သေချာသိချင်ရင်တော့ အဲဒီလမ်းပေါ်မှာ core extraction လုပ်ပြီး lab ပို့ပြီး density စစ်လိုက်ရင် ဘယ်လောက်ခိုထားတာဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့ သိသလောက်တော့ မြန်မာနိုင်ငံမှာ နိုင်လွန်ကတ္တရာလမ်းအတွက် density specification နဲ့ roughness specification or smoothness specification တွေ မတွေ့ဖူးသေးဘူး။ အဲဒီ specs တွေမရှိတော့ လမ်းခင်းနေစဉ်နဲ့ ခင်းအပြီးမှာ ဘယ်လိုလုပ်ပြီး quality control လုပ်သလဲ မသိဘူး။ အခု အမြန်လမ်းပြန်ပြီး ပိုးနေတဲ့အခါမှာ လိုအပ်တဲ့ specifications တွေသုံးပြီး တိတိကျကျ စစ်ဆေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
- Centrifugal force တို့၊ oscillation force တို့ စတာတွေအကြောင်းလည်းပြောပြပါဦး။
နောက်အပိုင်းတွေကြရင် ပြောပြပေးပါမယ်။ အခုဆိုရင် ပြီးခဲ့တဲ့ အပိုင်း (၁) (၂) တွေနဲ့ ပေါင်းလိုက်ရင် ဘာကြောင့် နိုင်လွန်ကတ္တရာလမ်းကို ကြိတ်ရတယ်၊ ဘယ်လိုစစ်ဆေးလို့ရတယ်၊ လမ်းကြိတ်တဲ့စက် အမျိုးအစားတွေနဲ့ အသုံးပြုတဲ့ forces တွေအကြောင်း အတန်အသင့်တော့စုံသွားပါပြီ။ နောက်အပိုင်းတွေမှာ လိုအပ်တဲ့ density ရအောင် ဘယ်လိုကြိတ်ရမယ်။ Operating techniques တချို့နဲ့ compaction patterns တွေအကြောင်း ပြောကြသေးတာပေါ့။ အခုတော့ ခဏနားဦးမယ်။
Credit
ဝိုင်ကေတီ (စက်မှု)




နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၁)
Compaction Measurement and Reporting of AC pavement
- နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်ကဘာလဲ။
နိုင်လွန်ကတ္တရာလမ်းပေါ်မှာ လမ်းကြိတ်ရခြင်း၏ အဓိကရည်ရွယ်ချက်က နိုင်လွန်ကတ္တရာအတွင်းမှာရှိတဲ့ လေရဲ့ထုထည် လျော့ကျသွားအောင်လို့ဖြစ်ပါတယ်။ ပြင်ပမှ forces များကို (compactor ၏ forces များ) အသုံးပြုခြင်းဖြင့် နိုင်လွန်ကတ္တရာအရောအနှောအတွင်းပါသော aggregates ဟုခေါ်သော ကျောက်များနေရာရွေ့ပြီး ပိုမိုပူးကပ်စေခြင်းဖြင့် လေခိုပေါက်လေးများကို ကျဉ်းမြောင်းစေသည်။ ၎င်း air voids လို့ခေါ်တဲ့ လေခိုပေါက်လေးတွေရဲ့ထုထည်က နိုင်လွန်ကတ္တရာထုထည်ရဲ့ ရာခိုင်နှုန်းဘယ်လောက်ပါသလဲ ဆိုတာကိုတိုင်းတာပြီး Percent Air Voids အနေဖြင့်ဖေါ်ပြလေ့ရှိတယ်။
- အဲဒီ Percent Air Voids ကို ဘယ်လိုသိနိုင်သလဲ။
Percent Air Voids ကို ၎င်းနိုင်လွန်ကတ္တရာရဲ့ Theoretical Maximum Density (TMD) နဲ့ test specimen ရဲ့ Bulk Density ကို အသုံးပြုပြီးတွက်နိုင်တယ်။
- Percent Air Voids တွက်ဖို့ ကိုးကားရမည့် standards တွေ procedure တွေ ရှိလား။
ရှိပါတယ်။ AASHTO T269 ဒါမှမဟုတ် ASTM 3203 စတဲ့ standards တွေမှာပါတဲ့ procedures တွေအတိုင်းတွက်နိုင်တယ်။ အဲဒီထဲက procedures တွေအရဆိုရင် လမ်းကြိတ်ပြီးတဲ့ နိုင်လွန်ကတ္တရာလမ်းကနေပြီး အချင်း ၄-၆ လက်မ (၁၀၀-၁၅၀ မီလီမီတာ) ရှိတဲ့ core sample တွေကိုစက်နဲ့တူးထုတ်ပြီး ဓါတ်ခွဲခန်းပို့ပေးရတယ်။ ဓါတ်ခွဲခန်းမှာ ၎င်း core sample တွေရဲ့ Bulk Specific Gravity (Gmb) ကိုတွက်ယူရတယ်။ ရတဲ့ Bulk Specific Gravity ရယ် Theoretical Maximum Specific Gravity (Gmm) ရယ်ကို အောက်က formula ထဲမှာထည့်ပြီး Percent Air Voids ကိုရှာလို့ရတယ်။
Percent Air Voids = 100 * (Gmm - Gmb) / Gmm
အဲဒီနည်းတွေနဲ့ Percent Air Voids ကိုရှာတာက အတိကျဆုံးဖြစ်ပေမဲ့ အချိန်ကုန်ပြီး ငွေကုန်ကြေးကျများတယ်။
- Percent Air Voids နဲ့ Density ကဘာကွာလဲ။
နိုင်လွန်ကတ္တရာမှာ အဓိကစိတ်ဝင်စားတာက Percent Air Voids ဘဲ။ ဒါပေမဲ့လည်း မကြာခဏ Percent Air Voids ကို Density အနေနဲ့ interpret လုပ်ပြီးသုံးလေ့ရှိတယ်။ ဥပမာအနေနဲ့ 4% Air Voids အစား 96% of density လို့လည်းဖေါ်ပြနိုင်တယ်။
- Percent Air Voids ကိုစမ်းတာ အချိန်ကုန်ငွေကုန်များတယ်ဆိုတော့ compaction ကိုစမ်းဖို့ အခြားနည်းလမ်းတွေရှိသေးလား။
Percent Air Voids ကိုတိုက်ရိုက်မတိုင်းဘဲ density ကို Nuclear Density Gauge ကိုသုံးပြီးဖြစ်စေ၊ Non-Nuclear Density Gauge (Electrical Density Gauge) ဖြစ်တဲ့ Pavement Quality Indicator (PQI)ကိုအသုံးပြု၍ဖြစ်စေ တိုင်းတာလို့ရပါတယ်။
- အဲဒီနည်းတွေရဲ့ အားနည်းချက်၊ အားသာချက်တွေ ပြောပါဦး။
အဲဒီနည်းသုံးမျိုးဖြစ်တဲ့
1. Core Extraction Method
2. Nuclear Density Gauge Method
3. Electrical Density Gauge Method တွေမှာ တစ်ခုခြင်းစီအလိုက် အားနည်းချက်အားသာချက်တွေရှိတယ်။ အကြမ်းအားဖြင့် cold sample method က အတိကျဆုံးအဖြေထုတ်ပေးနိုင်သော်လည်း အချိန်ကုန်ငွေကုန်များတယ်။ အဲဒါကြောင့် core sample အများကြီးကောက်ဖို့ခက်ခဲတယ်။ အဖြေချက်ချင်းမရဘူး။ Nuclear density method ကျတော့ density value ကိုချက်ချင်းအဖြေထုတ်ပေးနိုင်သော်လည်း radioactive source ပါတဲ့အတွက် license လိုတယ်။ Electrical Density Gauge ဖြစ်တဲ့ PQI ကတော့ radioactive source မပါတဲ့အတွက် လိုင်စင်မလိုဘူး။ Density ကိုချက်ခြင်းထုတ်ပေးနိုင်တဲ့အပြင် Mat Temperature ကိုပါဖေါ်ပြပေးတဲ့ အားသာချက်ရှိသည်။ သို့သော် PQI ကနည်းပညာအသစ်ဖြစ်တဲ့အတွက် industry က လက်သင့်ခံနိုင်ဖို့အတွက် အချိန်ပေးရဦးမယ်။ တော်တော်များများ agencies တွေက PQI အသုံးပြုခြင်းကို လက်ခံကျင့်သုံးနေပြီဖြစ်သော်လည်း တချို့သော နိုင်ငံများနဲ့ အေဂျင်စီများက အသုံးပြုခွင့်ပေးနိုင်ရန် ဆွေးနွေးဆဲဖြစ်တယ်။ သတိပြုရမှာက Nuclear ရော၊ PQI ရော အသုံးပြုရာတွင် core sample ရဲ့ data တွေနဲ့ correlate လုပ်ပေးရတယ်။ Calibrate လုပ်ပေးရတယ်။ Proper Correlation မလုပ်ထားခဲ့ရင် results ရဲ့ accuracy ကျတယ်။
- အဲဒါဆို ဘယ်နည်းကို အသုံးပြုသင့်သလဲ။
ဘယ်နည်းအသုံးပြုရမလဲဆိုတာတော့ contract ပေါ်မှာအဓိကမူတည်တယ်။ ပုံမှန်အားဖြင့် စာချုပ်ချုပ်ရင် အသုံးပြုရမည့် compaction measurement methods နဲ့ equipment အမျိုးအစားတွေကို စာချုပ်ထဲမှာထည့်သွင်း ဖေါ်ပြလေ့ရှိတယ်။ များသောအားဖြင့် core sample method နဲ့ nuclear density method ကို တွဲသုံးခိုင်းလေ့ရှိတယ်။
- Compaction report တွေကို ဘယ်လိုပေးလေ့ရှိလဲ။
အထက်မှာပြောခဲ့သလိုဘဲ အဓိကစိတ်ဝင်စားတာတော့ Percent Air Voids ဘဲ။ ဒါပေမဲ့ report မှာကျတော့ density percentage အနေနဲ့ အောက်ကသုံးမျိုးထဲက တမျိုးမျိုးနဲ့ပေးခိုင်းလေ့ရှိတယ်။
(1) Percentage of Theoretical Maximum Density (Rice Density)
(2) Percentage of Lab Density
(3) Percentage of a control test strip density
- Percent Air Voids က ဘယ်လောက်ရှိသင့်လဲ။
အဲဒါက mix design ပေါ်မှာ မူတည်တယ်။ အသုံးများတဲ့ Dense-graded Hot Mix Asphalt မှာဆိုရင်တော့ 3% - 8% အတွင်းမှာ ရှိသင့်တယ်။ သုသေတနစာတမ်းတစ်စောင်ရဲ့အဆိုအရ air voids 7% ထက် 1% ပိုများသွားတိုင်း pavement life 10% ကျဆင်းသွားတယ်လို့ဆိုတယ်။
- Dense-graded Hot Mix Asphalt မှာ air voids 3% ထက်နည်းပြီး 8% ထက်များရင် ဘာတွေဖြစ်နိုင်လဲ။
သုသေတနစားတမ်းတွေရဲ့ တွေ့ရှိချက်တွေအရ
- Air voids များသွားရင် stiffness, tensile strength နဲ့ stability ကျသွားလေ့ရှိတယ်။
- Air voids များရင် လမ်းရဲ့ fatigue life ကျတယ်။ Air voids 1% တိုးလာတိုင်း fatigue properties 30-40% ထိလျော့ကျလေ့ရှိတယ်။ Air voids ကို 8% ကနေ 3% အထိ လျော့ချလိုက်ရင် fatigue life နှစ်ဆတက်သွားတယ်လို့ဆိုတယ်။
- Well-designed paving mixture ကို Air voids နည်းအောင် သေချာကြိတ်ခင်းထားပါက asphalt binder harden ဖြစ်နှုန်းကြာရှည်ပြီး pavement သက်တမ်းရှည်စေတယ်။ pavement maintenance cost သက်သာစေတယ်လို့ တွေ့ရတယ်။
- Air voids 8% ထက်များရင် raveling က အဓိကပြဿနာဖြစ်လာပြီး 15% ကျော်ရင် raveling ဆိုးဆိုးရွားရွားဖြစ်ပေါ်စေတယ်။
- Rutting ဖြစ်နှုန်းကတော့ Air voids နဲ့ ပြောင်းပြန်အချိုးကျတယ်။ Air voids အရမ်းနိမ့်ပါက vertical consolidation နဲ့ lateral consolidation ဆိုတဲ့ rutting type နှစ်မျိုးလုံး မြန်မြန်ဆန်ဆန်ဖြစ်လေ့ရှိတယ်။
- Compaction လုံလောက်အောင်ကြိတ်မထားသော နိုင်လွန်ကတ္တရာလမ်း(Insufficient compacted HMA ) များမှာ air voids များပြီး moisture ကြောင့် လမ်းပျက်စီးမှုမြန်ဆန်စေသည်ကို တွေ့ရတယ်။
အထက်ပါ အကြောင်းတွေ၊ တွေ့ရှိချက်တွေအရ dense-graded HMA အမျိုးအစား နိုင်လွန်ကတ္တရာလမ်းအတွက် air voids 3-8% အတွင်းထားခြင်းသည် အကောင်းဆုံးဖြစ်တယ်လို့ သုံးသပ်ထားတယ်။
ဆက်ပါဦးမည်
Credit
ဝိုင်ကေတီ (စက်မှု)
Ye Kyaw Thu

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)

နိုင်လွန်ကတ္တရာပေါ် လမ်းကြိတ်ခြင်း (၂)







Compactors များနှင့် ၎င်းတို့၏ compaction forces များ
- Compactor တွေအသုံးပြုပြီး နိုင်လွန်ကတ္တရာလမ်း ကြိတ်ရာမှာ ဘာ forces တွေကို အသုံးပြုလဲ။
Compactor တွေ အသုံးပြုပြီး compaction လုပ်ရာမှာ အသုံးပြုလေ့ရှိတဲ့ forces တွေအနေနဲ့
(1) Static
(2) manipulation
(3) impact
(4) vibration
ဆိုပြီး အကြမ်းဖြင်းလေးမျိုးရှိတယ်။ Compactor အမျိုးအစားပေါ်မူတည်ပြီး အဲဒီ forces လေးမျိုးထဲက တစ်မျိုး၊ နှစ်မျိုး၊ သုံးမျိုး ဒါမှမဟုတ် လေးမျိုးလုံးသုံးနိုင်တယ်။
Static နဲ့ manipulation force တွေက အားမပြင်းတဲ့ အမျိုးအစားဖြစ်ပြီး၊ dynamic forces တွေဖြစ်တဲ့ impact နဲ့ vibration force တွေက အားပြင်းတဲ့အမျိုးအစားတွေဖြစ်တယ်။
- Static Load ဆိုတာဘာလဲ။ ဘယ်လို compactor တွေမှာ အသုံးပြုလဲ။
Static load ကို အသုံးပြုပြီး compact လုပ်နိုင်တဲ့ compactors အမျိုးအစားတွေက (1) steel drums static rollers (2) vibratory compactors တွေနဲ့ (3) Pneumatic compactors တွေဘဲ။
Pneumatic compactor တွေကို tires compactors သို့မဟုတ် Pneumatic Tires Roller (PTR) လို့လည်းသုံးတယ်။ PTR လို့အလွယ်ခေါ်ကြတာများတယ်။
Steel drum static roller နဲ့ vibratory compactors တွေရဲ့ static load ကို static pressure အနေနဲ့ဖေါ်ပြတတ်သလို linear load အနေနဲ့လည်းဖေါ်ပြလေ့ရှိတယ်။ Static pressure ကိုသိချင်ရင် compactor မှာတပ်ထားတဲ့ steel drum ရဲ့ weight ကို အဲဒီ drum ရဲ့ကတ္တရာသားပေါ်ထိနေတဲ့ area နဲ့ အချိုးချခြင်းဖြင့်သိနိုင်တယ်။ Drum weight များရင် သို့မဟုတ် contact area နည်းရင် static pressure များမယ်။ Static pressure ကို kPa သို့မဟုတ် psi နဲ့ပြလေ့ရှိတယ်။
Linear load ကိုသိချင်ရင်တော့ drum ရဲ့ weight ကို drum ရဲ့ width နဲ့စားရမယ်။ Linear load ကို kg/cm သို့မဟုတ် pound per liner inch (PLI) ဆိုပြီးပြလေ့ရှိတယ်။ Steel drum static roller နဲ့  vibratory compactors တွေရဲ. linear load က တသမတ်တည်းရှိတယ်။
- Steel drums static rollers နဲ့ vibratory compactors တွေက ဘယ်လိုကွာတာလဲ။
Steel drums static rollers ဆိုတာက အလွယ်တကူပြောရရင် ရှေ့မှာ steel drum တစ်လုံး နဲ့ နောက်မှာ steel drums နှစ်လုံးပါပြီး စက်ရဲ့ weight ကိုသုံးပြီး ရှေ့တိုးနောက်ဆုတ် rolling လုပ်ပြီး ကြိတ်ရတဲ့ လမ်းကြိတ်စက်ဘဲ။ အဲဒါကြောင့် သူ့ကို Roller လို့ဘဲ အလွယ်တကူခေါ်ကြတယ်။
Vibratory compactors တွေမှာကျတော့ steel drum ရှေ့တစ်လုံး၊ နောက်တစ်လုံး နှစ်လုံးပါပြီး လမ်းကြိတ်ရာမှာ static load အပြင် vibratory forces တွေပါ အသုံးပြုပြီး compact လုပ်လို့ရတဲ့အတွက် သူ့ကိုကြတော့ compactor လို့ အသုံးများတယ်။ တချို့ကလည်း roller လို့ဘဲ အလွယ်တကူသုံးတုန်းဘဲ။ Drum ရှေ့နောက်တစ်လုံးစီတပ်ထားလို့ Tandem Roller လို့ လည်း ခေါ်ကြသေးတယ်။ သူ့ရဲ့သဘောသဘာဝအရ vibratory compactor လို့သုံးတာတော့ ပိုသဘာဝကြတယ်လို့ ထင်တယ်။
- ဟုတ်ပါပြီ။ ဒါဆို Static Rollers တွေမှာ static load တစ်ခုဘဲ သုံးလို့ရတာဆိုတော့ weight များလေလေ compaction ကောင်းလေလေပေါ့။
အဲဒီလိုတော့ အလွယ်တကူပြောလို့မရဘူး။ ဒီနေရာမှာ တခုသိထားရမှာက စက်တစ်စီးလုံးရဲ့ weight များတိုင်း linear load များတယ်လို့ယူဆလို့မရဘူး။ စက်ရဲ့ weight ထက် linear load ကသာ တကယ် compaction လုပ်တဲ့ force ဘဲ။ ဥပမာ စက်တခုလုံးရဲ့ weight ချင်းတူတဲ့ rollers နှစ်စီးမှာ တစ်စီးက drum weight ပိုများရင်ဖြစ်စေ၊ drum width ကျဉ်းရင်ဖြစ်စေ linear load များမယ်။ linear load များနေရင် အဲဒီစက်က compaction ပိုကောင်းတာဘဲ။
- PTR လို့ခေါ်တဲ့ တာယာရိုလာတွေမှာရော static pressure ကိုဘယ်လိုသိနိုင်လည်း။
PTR တွေမှာ တာယာ ၇-လုံး၊ ၈-လုံး၊ ၉-လုံး စသည်ဖြင့်ပါတယ်။ သူ့ရဲ့ pressure ကို သိဖို့အတွက် စက်တစ်စီးလုံးရဲ့ weight ကို တပ်ထားတဲ့တာယာအရေအတွက်နဲ့စား၊ အဲဒါဆို တာယာတလုံးပေါ်မှာ သက်ရောက်နေတဲ့ အားကိုရမယ်။ အဲဒီအားကို တာယာတစ်လုံးစီရဲ့ ကတ္တရာသားနဲ့ ထိတွေ့နေတဲ့ area နဲ့စားရင် သူရဲ့ ground pressure သို့မဟုတ် static pressure ရမယ်။ တာယာပေါ်သက်ရောက်တဲ့စက်ရဲ့weight များရင် သို့မဟုတ် တာယာရဲ့လေပေါင်ကိုတင်လိုက်ရင် contact area နည်းသွားပြီး ground pressure များလာမည်။ pressure များလာရင် ကတ္တရာသားထဲ ပိုပြီး နက်နက်သက်ရောက်နိုင်တယ်။ တမျိုးပြောရင် ကတ္တရာသားထူထူကြိတ်နိုင်တယ်။ နောက်ပိုင်းခေတ်ပေါ် PTR တွေမှာ စက်ရဲ့ weight ကို အမျိုးမျိုးပြောင်းလို့ရသလို တာယာရဲ့လေပေါင်ကိုလည်း စက်မောင်းနေစဉ် အပြောင်းအလဲလုပ်လို့ရတဲ့ air-on-the-run လို့ခေါ်တဲ့ စနစ်တွေ ထည့်ဝယ်လို့ရတယ်။ Steel drums roller တွေမှာတော့ linear load ကိုပြောင်းလို့မရပေမဲ့ PTR တွေမှာတော့ ground pressure ကို စက်ရဲ့weight ကိုပြောင်း၍၎င်း၊ တာယာရဲ့လေပေါင် ပြောင်း၍၎င်း လုပ်ငန်းလိုအပ်ချက်အရ လိုအပ်သလို ပြောင်းလဲပေးလို့ရတယ်။
Manipulation ဆိုတာကရောဘာလဲ။
- Manipulation ဆိုတာလည်း static force တမျိုးပါဘဲ။ ဒါပေမဲ့ သူကအားကို ကတ္တရာလမ်းပေါ်ထောင့်မှန်ကျ သက်ရောက်ရုံသာမကဘဲ direction မျိုးစုံကနေ သက်ရောက်စေတာဖြစ်တယ်။ ဂျုံနယ်တဲ့ သဘောသဘာဝနဲ့တူတယ်။ Manipulation force က ကတ္တရာသားကို ဘက်ပေါင်းစုံက သက်ရောက်ဖိနှိပ်စေတဲ့အတွက် ကတ္တရာသားကိုပို၍ကျစ်လစ်စေပြီး surface texture ကောင်းကိုရစေတယ့်အပြင် moisture penetration ကိုလည်း နည်းပါးစေတယ်။ Manipulation forces အသုံးပြုတဲ့ စက်တွေက PTR နဲ့ Oscillation ပါအသုံးပြုလို့ရတဲ့ vibratory Compactor တွေဖြစ်တယ်။
- Manipulation forces သုံးတဲ့စက်တွေက နိုင်လွန်ကတ္တရာလမ်းတိုင်းမှာ သုံးလို့ရလား။
Dense-graded mixes တို့၊ SMA တို့မှာတော့ ပြဿနာမရှိဘူး။ သုံးလည်းသုံးတယ်။ သုံးလည်းသုံးသင့်တယ်။ ဒါပေမဲ့ Porus asphalt (Open-Graded Friction Course OGFC) အမျိုးအစားကတ္တရာခင်းရင်တော့ manipulation forces ကိုအသုံးမပြုရဘူး။ Porous asphalt ရဲ့ ရည်ရွယ်ချက်က ရေကိုကတ္တရာအလွှာထဲကနေ ဖြတ်စီးနိုင်အောင် အသုံးပြုတာ။ air voids အရမ်းများတယ်။ OGFC placement and compaction အကြောင်း နောက်များ အလျင်းသင့်ရင် ပြောကြသေးတာပေါ့။
- တခြားကျန်သေးတဲ့ Forces အကြောင်းတွေပြောပါဦး။
နောက်ရက်မှ ဆက်ကြရအောင်ဗျာ
Credit 
ဝိုင်ကေတီ (စက်မှု)

*******CSI Detailing V2.0*******


ETABS 2017မှာ detailing toolbar ပါမလာတော့ဘူး ။CSI က detailing ကို သီးသန့် stand alone program အဖြစ်ခွဲထုတ်လိုက်ပြီး CSI Detailing V2.0 အမည်နဲ့ release လုပ်လာပါတယ်။ First release ကိုတော့ free ပေးထားတယ်။ Etabs 2016, 2017, Sap2000v20 ကို supportလုပ်ပေးထားတယ်.။click တချက်နှိပ်လိုက်ရုံနဲ့ framing plan, column detailing နဲ့Beam detailingအားလုံးကို dxf fileအဖြစ် ထုတ်ပေးမှာပါ။
Download link
https://mega.nz/…



How to use CSI Detailing v2.0 video
https://www.youtube.com/watch?v=b7gqNsSovMU

Friday, August 17, 2018

လမ်း၊တံတားအင်ဂျင်နီယာဆိုင်ရာ ဗဟုသုတ



Basic concept လေးပါ။ မေးတဲ့သူလဲရှိလို့ တင်ပေးလိုက်တယ်။ PE exam တွေမှာ မေးထားတာလဲ တွေ့မိပါတယ်။ Simplify လုပ်ပီး ပေါ့ပေါ့ပါးပါးဘဲ စဉ်းစားကြည့်ပါမယ်။
- Girder တစ်ချောင်းအပေါ်ကို ကားဘီးဖြတ်သွားရင် Max moment တန်းဘိုးကိုရှာဖို့ အရင်ဆုံး AASHTO ကသတ်မှတ်ထားတဲ့ HS loading အမျိုးအစားဆိုပါတော့။ သူ့မှာ axle ဘီးဝန်ရိုး - ၃ ခုပါပါတယ်။HS15-44,HS20-44 နဲ့ HS25 ဆိုပီးရှိပါတယ်။H-type loading အမျိုးအစားမှာ axle ဘီးဝန်ရိုး - ၂ခုပါပါတယ် H15-44, H20-44 စသဖြင့်ရှိပါတယ်။ 44 ဆိုတာ AASHTO က ၁၉၄၄ ခုနှစ်မှာ adopted အတည်ပြုထားတာဖြစ်ပါတယ်။ ဒုတိယကမာစစ်ပြီးတဲ့အချိန် အမေရိကန်ပြည်ထောင်စုမှာ စက်မှုလုပ်ငန်းတွေဖွံ့ဖြိုးလာပြီး Heavy Truck တွေ တံတားပေါ် ဖြတ်သန်းနိုင်ဖို့ HS25 Class load ကို Upgrade လုပ်လိုက်တာပါ။
- ဒီဇိုင်းတွက်ချက်ရင် ရှေ့ဘီး axle နဲ့ အလယ်ဘီး axle ကို ၁၄ ပေအကွာ၊ အလယ်ဘီးဝင်ရိုးနဲ့ နောက်ဘီးဝန်ရိုးကို ၁၄ ပေကနေ ၃၀ ပေအထိ maximum stress ဖြစ်တဲ့အထိ ယူပါဆိုပီး AASHTO ကသတ်မှတ်ထားတယ်။ အခုပြထားတဲ့ပုံမှာတော့ ၁၄ ပေ - ၁၄ ပေစီဘဲယူထားပါတယ်။
- Girder တစ်ချောင်းပေါ်ကို axle load ဖြတ်တဲ့အခါမှာ ဒီဇိုင်းတွက်တဲ့သူ အဖို့ ဒီဇိုင်းတွက်ဖို့ max moment ကိုရှာဖို့လိုပါတယ်။ HS 25 class က HS20-44 ရဲ့ axle load ကို ၂၅% ထပ်တိုးထားတာပါ။ HS 20-44 axle wheel load ကို ၁.၂၅ နဲ့မြှောက်ရင် HS25 class ရဲ့တန်ဘိုးရပါတယ်။ HS20-44 ရဲ့ (ပုံ-၃ ကို ကြည့်ကြည့်ပါ 1kip=1000lb) ရှေ့ဘီးတစ်ဘီးက ပေါင် ၄၀၀၀၊ အလယ်ဘီးတစ်ဘီးက ပေါင် ၁၆၀၀၀ နဲ့ နောက်ဘီးတစ်ဘီးက ပေါင် ၁၆၀၀၀ စီရှိပါတယ်။ ၂၅% ထပ်ဆောင်းလိုက်ရင် HS 25 class ရဲ့ ရှေ့ဘီးတန်ဘိုးက ပေါင် ၅၀၀၀၊ အလယ်ဘီးတန်ဘိုး ပေါင် ၂၀၀၀၀ နဲ့ နောက်ဘီးတန်ဘိုး ပေါင် ၂၀၀၀၀ စီရပါတယ်။ ဒါကြောင့်မို့ HS 25 class load ရဲ့ ရှေ့ဘီးဝန်ရိုးဘီးနှစ်ဘီးအတွက် ဆိုရင် ပေါင် ၁၀၀၀၀၊ အလယ်ဘီးဝန်ရိုးနှစ်ဘီးအတွက် ပေါင် ၄၀၀၀၀ နဲ့ နောက်ဘီးဝန်ရိုးနှစ်ဘီးအတွက် ပေါင် ၄၀၀၀၀ ရှိပါတယ်။ တစ်တန်ကို ပေါင် ၂၀၀၀(short ton) နဲ့တွက်ရင်((10000+40000+40000)/2000) = 45 tons) HS25 class vehicle ရဲ့ ယာဉ်တစ်စီးအလေးချိန်က ၄၅ တန် 45tons/vehicle ရှိပါတယ်။
-maximum moment ကိုရှာဖို့ရန် အရင်ဆုံး ရှေ့ဘီး၊ အလယ်ဘီးနဲ့နောက်ဘီးမှာရှိတဲ့ wheel line load တွေရဲ့ load တွေသွားစုနေတဲ့ Resultant load ရဲ့ c.g(center of gravity) တည်နေရာကို ရှာဖို့လိုပါတယ်။ resultant load ရဲ့ တည်နေရာကိုရှာဖို့ ဘီးတစ်ဘီးနေရာကနေ moment လည်လိုက်ရင် ရပါတယ်။ Resultant load တန်ဘိုးက ဘီး ၃ ဘီးရဲ့ load တန်ဘိုးကို live load distribution factore နဲ့ မြှောက်ထားတဲ့ စုစုပေါင်းတန်ဘိုးဖြစ်ပါတယ်။ resultant load ရဲ့ position (ပုံ-၁ မှာပြထားတဲ့ x တန်ဘိုး) ရှာရမှာဖြစ်တဲ့အတွက် မသိကိန်းတစ်လုံးတည်းရှိပါတယ်။ Determinate ဖြစ်ပါတယ်။ moment လည်ပီးရှာလိုက်ရင် ပုံ-၁ မှာပြထားတဲ့ Resultant loadရဲ့ တည်နေရာ နောက်ဘီးကနေ resultant load ရဲ့ position အကွာအဝေး x တန်ဘိုးကိုရပါတယ်။
-ပုံ-၁ မှာ ဘီး-၃ ဘီးရဲ့ resultant load ဟာ နောက်ဘီးကနေ 9.33 ft မှာ သက်ရောက်နေပါတယ်။ အလယ်ဘီးနဲ့ resultant load ရဲ့ အကွာအဝေးကို လိုချင်ရင် 14 - 9.33=4.67 ft မှာ resultant load ကသက်ရောက်နေတာဖြစ်ပါတယ်။ ရရှိလာတဲ့ 4.67 ft ကို တစ်ဝက်ဝက်(4.74/2 = 2.33 ပုံ-၁ မှာ Girder တစ်ဝက်အနီလိုင်းရဲ့ ဘယ်ဘက်နဲ့ညာဘက်တစ်ဝက်စီခွဲထားပါတယ်) ပီးရင် girder mid span ရဲ့ တစ်ဝက်မှာ တစ်ဖက်ကို တစ်ဝက်စီထားလိုက်ရင် HS loading တွေရဲ့ maximum live load moment တန်ဘိုးကိုရပါတယ်။ Staad pro နဲ့ တွက်လဲဒီတန်ဘိုးဘဲရပါတယ်။ စမ်းကြည့်လို့ရပါတယ်။
-ဘီးကြောင့်ဖြစ်တဲ့ maximum live load shear ကို လက်တွက်နဲ့တွက်ချင်ရင် ပုံ-၂ မှာပြထားတဲ့အတိုင်း girder ရဲ့ support နေရာမှာ နောက်ဘီးကိုထားလိုက်ရင် maximum live load shear တန် ဘိုးကိုရပါတယ်။ staad နဲ့တွက်လဲ ဒီတန်ဘိုးပါဘဲ။

Credit Thet Lwin




Bentonite muds (သို့) မြေဖယောင်း

Bentonite muds (သို့) မြေဖယောင်း

- Bored pile တူးတဲ့အချိန်မှာ တွင်းနံရံမပြိုဖို့ရန်အတွက် တွင်းနံရံတွေကို Bentonite လို့ခေါ်တဲ့ ရွံ့စေးနဲ့ မံလိုက်တဲ့သဘောဘဲ။ Bentonite က တွင်းနံရံကို ထိန်းမထားနိုင်ရင် တွင်းအောက်ပိုင်းမှာ တွင်းပြိုတာတွေဖြစ်နိုင်တာကြောင့် တွင်းဟာ ကျယ်သွားတာ/ ကျဉ်းသွားတာတွေ ဖြစ်နိုင်ပါတယ်။ bentonite ရဲ့ သိပ်သည်းဆ specific gravity က concrete ရဲ့ သိပ်သည်းဆ specific gravity ထက် နည်းလို့ လောင်းတဲ့ကွန်ကရစ်တွေက တွင်းအောက်မှာနေရာယူပြီး ထည့်လိုက်တဲ့ bentonite slurry အရည်ကို အပေါ်ကို တွန်းပို့ပြီးတော့ နေရာယူလာတာပါ။ မြေဖယောင်းရဲ့ သိပ်သည်းဆဟာ 1.04 to 1.07 လောက်မှာ ရှိတက်ပြီး ရေရဲ့ သိပ်သည်းဆက 1 ပါ။ ရေထက် သိပ်သည်းဆပိုပါတယ်။ တွင်းပြိုလို့ အနာအဆာဖြစ်သွားရင် တာဝန်ယူလုပ်ကိုင်ရတဲ့ site engineer အတွက် တာဝန်ကြီးနိုင်ပါတယ်။ တွင်းပြို လို့ကျဉ်းသွားတဲ့နေရာတွေမှာ ဘိုးပိုင်ရဲ့ သတ်မှတ်ထားတဲ့ design cross section area နည်းသွားတဲ့အတွက် ဘိုးပိုင်မှာ အနာဖြစ်သွားမှာပါ။ တွင်းကျယ်သွားလို့ ဘေးဘက်တွေကို ကွန်ကရစ်ဝင်သွားရင် အဲ့နေရာမှာ ဘိုးပိုင်က သတ်မှတ်ချက်ထက်ပိုကြီးသွားပြီလို့ ယူဆနိုင်ပါတယ်။ Sonic integrity Test (SIT) စစ်ရင် bored pile ရဲ့ အပြစ်အနာအဆာ defect ကို စစ်ကြည့်လို့ရပါတယ်။
- Bentonite muds ကိုဖျော်ရင်လဲ သူ့အတွက် သတ်မှတ်ချက်တွေရှိပါတယ်။ ရောရမည့် အချိုးတွေရှိပါတယ်။ သတ်မှတ်ချက်ထဲ ၀င်နေဖို့ရန် လိုပါတယ်။ Density or specific gravity (သိပ်သည်းဆ)၊ Viscosity (စေးပျစ်မှု)၊ သဲပါဝင်မှု( Sand Content) နဲ့ PH value တို့ ဖြစ်ပါတယ်။ ပုံ-၁ မှာကြည့်ပါ (Reference from Ministry of construction bridge Manual)။ Site မှာ Q/C ပိုင်းတာဝန်ယူနေရတဲ့ site engr တွေ ပိုသိပါတယ်။ Test လုပ်တဲ့အပိုင်းတွေတော့ ချန်ခဲ့လိုက်ပါမယ်။
- တူးနေစဉ်ရော တူးနေတဲ့ အချိန်ရော အပေါ်မှာပြောထားတဲ့ သတ်မှတ်ချက်တွေရှိ/မရှိ စစ်ဆေးနေဖို့လိုပါတယ်။ သုံးပီးသား slurry မှာ သဲက သတ်မှတ်တဲ့ % ရှိမရှိ စစ်ဆေးဖို့ရန်လိုပါတယ်။ သတ်မှတ် % ထက်ပိုလာရင် သဲတွေကိုဖယ်ပေးဖို့လိုပါတယ်။ သဲက သတ်မှတ်ချက် ထက်ပိုများသွားရင် slurry အရည်အသွေးရယ်ကိုကျစေပြီး viscosity (စေးပျစ်မှု)ကိုကျဆင်းစေနိုင်ပါတယ်။
-Bored hole ထဲကို ကွန်ကရစ်လောင်းတဲ့အခါမှာလဲ အတွေ့အကြုံရယ်၊ တွက်ချက်မှုရယ်နဲ့ တွင်းကျယ်သွားတာ၊ တွင်းသိမ်သွားတာတွေကို ချိန်ဆနိုင်ပါတယ်။ တွက်ချက်ပြီးတော့ လောင်းထည့်လိုက်တဲ့ ကွန်ကရစ်ထုထည်ကဒီလောက် အောက်က ကွန်ကရစ်က level မတက်လာဘူးဆိုရင် အောက်မှာ တွင်းကဖောင်းသွားလို့ပါ။ လောင်းလိုက်တဲ့ကွန်ကရစ်က ဒီလောက် ကွန်ကရစ် level က သတ်မှတ်တာထက် ပိုနေရင် အောက်မှာ တွင်းသိမ်သွားပါပြီ ။ တူးမည့်နေရာက အောက်ဘက်မှာ သဲဆန်တဲ့မြေကြောများလား၊ ရွှံ့ဆန်တဲ့ နုန်းမြေတွေများလားဆိုတာ ချိန်ဆဖို့ရန်လိုပါတယ်။ soil test က field log sheet ကိုကြည့်ပြီးလဲ ခန့်မှန်းနိုင်ပါတယ်။
-Q/C နဲ့ site engr တွေပိုသိမှာပါ။ မေးထားတဲ့သူလဲရှိ၊ ကိုယ်သိတာလေးကို ပြန်ရှယ်ပေးတာပါ။
- Bored pile ကို ကွန်ကရစ်လောင်းမယ်ဆိုလဲ သတ်မှတ် level ထက် ၁.၅ မီတာလောက်အထိပိုလောင်းပေးဖို့ လိုပါတယ်။ ဒါမှ အောက်က ကွန်ကရစ်နဲ့ bentonite ရောနေတဲ့မသန့်တဲ့ အပိုင်းက အပိုလောင်းထားတဲ့ ၁.၅ မီတာထဲမှာပါသွားမှာပါ။ ပိုင်ချိုးလိုက်တဲ့အချိန်မှာ မသန့်တဲ့အပိုင်းက ချိုးတဲ့အထဲပါသွားပြီး သန့်တဲ့အပိုင်းဘဲ အောက်မှာကျန်ခဲ့မှာဖြစ်ပါတယ်။
သင်ဆရာ/မြင်ဆရာများကို ဦးထိပ်လျက်....
Credit
Thet Lwin



Disqus Shortname

Comments system